အေးချမ်းတဲ့ အမေ့အိမ် ။ ဝေးတနေရာက အမေ့အိမ် ။ အရာအားလုံး အဆင်ပြေ ၊ ပူပင်ကြောင့်ကျ ကင်းရှင်းစွာ နဲ့  ငြိမ်းချမ်းစွာ နေခဲ့  ရတဲ့ အမေ့အိမ် ။ ဝေးဝေးနေမှ တမ်းတ နေမိတဲ့ အမေ့အိမ် ။ အားငယ်စိတ်တွေ ၊ အဆင်မပြေ မှုတွေ တွေ့ ကြုံ ရ တော့မှ အားကိုးတကြီး မျှော်လင့် ခြင်းများစွာ နဲ့  အပြေး ပြန်လာချင်တဲ့ အမေ့အိမ် ။ တနေ့ နေ့ တော့ ပြန်ရမယ် လို့  အားတင်းပြီး ကျရောက်လာသမျှ ဒုက္ခတွေကို ခါးစည်းခံကာ ရှေ့ ဆက်လျှောက်ဖို့  အားအင်သစ်တွေ ပေးခဲ့တဲ့ အမေ့အိမ် ။ အမေ့အိမ်သို့  ပြန်ရတော့မည် ။ ဒီတော့ ဒီနေရာ မှာ ကိုယ့်ချစ်သူကို ထားခဲ့ရပါတော့မည် ။
( ဤစာပိုဒ်လေးအား ဖတ်နေစဉ် သီချင်းဖွင့်နားထောင်နိုင်ပါသည် ။ ချစ်သူအတွက် ကိုယ့်အကြိုက် သီချင်းလေးတပုဒ် ထားခဲ့ပေးပါသည် ။ ဖိုင်းယားဖေါက်စ် နဲ့ ဒီပို့ စ် ဖွင့်မှ အဆင်ပြေမည် ထင်ပါသည် )
အချိန်တန်တော့ အိမ်ပြန်ရမှာပေါ့ ဆိုတဲ့ စကား လက်ကိုင်ထားပြီး ၊ တရွေ့ ရွေ့ ကုန်ဆုံးနေတဲ့ ပစ္စုပ္ပန် အချိန်များမှာ ရုန်းရင်းကန်ရင်းနဲ့ ပဲ အတိတ်ကို အရိပ်တွေလို ချန်ထားခဲ့ရပေပြီ ။ ၊ ဘဝ ဒုက္ခဝဲဂယက်ထဲ အချိန်အတော်ကြာအောင် တဝဲလည်လည် နဲ့  ပေါ်ချည် မြှုတ်ချည် လူးလာဆန်ခတ်ကူးခတ်နေရခြင်းမှာ ခြေကုန်လက်ပန်းလည်းကျ ၊ စိတ် ရော ကိုယ်မှာပါ ဒါဏ်ရာဗလပွ နဲ့  ၊အောင့် သက် ကို မြှင်းမြှင်းရှူပါလို့  အိမ်အပြန်လမ်းကို လျှောက်လှမ်းရပါတော့မည် ။
လူ့ စိတ် ဆိုသည်မှာလည်း ခက်လှပါဘိ ။ ရတာ မလို ၊ လိုတာ မရ ။ခုလိုအိမ် ပြန်ရတော့မည် ဆိုတော့လည်း နောက်ဆံတငင်ငင် ဖြစ်မိရပါသေးသည်မို့  ကိုယ့်ကိုယ်ကိုယ်ပင် အားမလို အားမရ နှင့် စမ်းစစ်မိလိုက်ပါသည်။သည်တော့လည်း ကိုယ့်ချစ်သူ သူ့ အကြောင်းကို ချန်လှပ်ထား၍ မဖြစ်တော့ပြီ ။
တကိုယ်တည်းအနေကြာလာခဲ့ပြီဖြစ်တဲ့ ဤတိုင်းပြည်ဝယ် ရောက်ကာစအချိန်မှာ လို အားငယ် စိတ်ပျက်ခြင်းများ အလွန်အကျွံမရှိခဲ့တော့သည်မှာ အမှန်ပင် ။နေ့ စဉ် လုပ်နေကြ လုပ်ငန်း တာဝန်များကို စက်ရုပ်တရုပ်သဖွယ် လုပ်ကိုင်နေကြရသော ဤပတ်ဝန်းကျင်မှ လူအများ နည်းတူ ၊ ပုံမှန် အလုပ်တက်ဆင်း ရင်းဖြင့် ကိုယ့် အချိန်များကို ကုန်လွန်စေခဲ့ရသည် ။ စနေ တနင်္ဂနွေ လို အားလပ်ရက်များတွေမှာ မိတ်ဆွေ အပေါင်းအသင်းအနည်းငယ်နှင့် ဟိုဟို သည်သည် သွားလာ လည်ပတ်ရင်း ၊ စားသောက်ကြရင်း ၊ ဖြင့်လည်း ပျော်ရွှင်ဘွယ်ရာ အချိန်များ ဖန်တီးဖြစ်ခဲ့ကြသည် ။ သူ တို့  လူမျိုး များ၏ စကားပုံ အဆိုအရ “ ပျော်လျှက်နဲ့ လည်း ဒီတရက်ကို ဖြတ်သန်းရတယ် ။ ဝမ်းနည်းလျှက် နဲ့လည်း ဒီတရက်ကို ဖြတ်သန်းရတာမို့  ဒီအချိန်တွေကို ပျော်ရွှင်စွာ နဲ့ ပဲ ဖြတ်သန်းကြပါစို့ ” ဆိုကြသည်။
လူဆိုသည်မှာ ငြီးငွေ့ လွယ်သော သတ္တဝါ တမျိုး ဟု ကိုယ်ယူဆထားခဲ့သည် ။ အကြောင်းမှာတော့ တိုးတက်ပြီးသော နိုင်ငံ အတော်များများမှာ ရုပ်ဝတ္တု ပစ္စည်းများ အဟောသိကံ ဖြစ်လေ့ရှိကြသည် ။ ယနေ့ မှာ အသစ်ဖြစ် ၊ အသစ်ထွက်ရှိသော ပစ္စည်း တခု မှာ မနက်ဖြန် အတွက် အဟောင်းတခု အနေနဲ့  ရှိကြရတော့မည်မှာ မလွဲဧကန်ဖြစ်ပေသည် ။ သို့  အတွက် အသစ် အသစ်တို့ နောက် လိုက်နေရင်းဖြင့် လိုက်၍ မမှီဖြစ်နေကြရသည်မှာ လည်း မထူးဆန်းသည့် သဘောတရားပင် ဖြစ်ပေသည် ။ ကြာလာတော့ ခြေကုန်လက်ပန်းကျရင်းဖြင့် စိတ်ပျက်မိတတ် ပေတော့သည် ။ ဤအရာများသည် ကိုယ့်အတွက် မရှိမဖြစ်လိုအပ်ချက်များမဟုတ် ဆိုသည်ကို နားလည်လာမိသည်။
ဒီလို အချိန်မှာ အပေါင်းအသင်းတချို့ ၏ မိတ်ဆက် ပေးမှုဖြင့် သူ နှင့် စတင် သိကျွမ်းခဲ့ရပေသည် ။၂၀၀၇ ခုနှစ်ရဲ့  ဧပြီလ အတွင်းတွင် ဖြစ်ပါသည် ။ စစချင်းတော့ သူ့ ကို ဘယ်လို မှ ခင်မင် ပေါင်းသင်း မိလို့  မရ ။ ရင်းနှီးမှု မရှိသေးသဖြင့် ခပ်တန်းတန်း မေးထူးခေါ်ပြော အဆင့်မှာ ပင် အတန်ကြာနေမိခဲ့သည်လေ ။ သူကလည်း မာနကြီး တခွဲသားနှင့် မို့  တခါတရံတွင် တယောက်နှင့်တယောက် ပြောဆိုနေရင်းဖြင့် အခန့် မသင့် ၊စိတ်ဆိုး စိတ်တို မိသည့် အကြိမ်ပေါင်းလည်း မနည်းတော့ပါ ၊ သူကလည်း သူပေပဲ ။ မကြာခဏ ဆိုသလို မျက်နှာ အပြောင်းအလဲ မြန်လွန်းလှသည် ။ အရောင်အမျိုးမျိုးဆိုးတတ်သည် ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း ကိုယ့်ထက်သာလွန်သဖြင့် ချစ်သူ ခင်သူပေါလှသည် ။ ရောက်ရာ အရပ်မှာ သူငယ်ချင်း အပေါင်းအသင်း ဖွဲ့ တတ်သည်။ မာကြောင်း သာကြောင်း များ အပြင် အလ္လာပ သလ္လာပ များ လည်း ပြောမဆုံးပေါင် တော့ သုံးထောင် မို့  ၊ သူ့ မျက်နှာမှာ အမြဲ တက်ကြွ လန်းဆန်း နေခဲ့ သည် ။
ဒီလို နဲ့ မေ့မေ့ပျောက်ပျောက် အချိန်နဲ့တင် တနှစ်ကျော်မျှကြာသွားခဲ့သည် ။တကယ့်ကို တစိမ်းပြင်ပြင် နေခဲ့ကြသည် ။တရက်မှာတော့ အလုပ် ထဲမှ အဆင် မပြေမှု တွေကြောင့် ကိုယ့်စိတ်တွေ အတော်လေး ထွေနေခဲ့ရာမှ မိတ်ဆွေတယောက်အိမ် အသွားမှာ သူ့ ကို အမှတ်မထင် ပြန်ဆုံတွေ့ ခဲ့မိသည် ။မှတ်မှတ်ရရ (၂၀၀၈ အောက်တိုဘာလ ၃၀ ရက် ) နေ့ မှာ ဖြစ်ပါသည် ။ သူ့ မျက်နှာ ကို ကိုယ်စာဖတ်ကြည့်တော့ သူ့  စိတ်သဘောထား မဆိုးလှကြောင်း ထင်မိလေသည် ။ ဒီလို နဲ့ သူတလှည့်  ကိုယ်တလှည့် အပြန်အလှန် စကားဖလှယ် မိကြသည် ၊ ရယ်စရာ များ အကြောင်း ပြောမိလျှင်လည်း သူကလေးတယောက်လို့  အားရပါးရ တဟားဟား ရယ်တတ်လေသည်၊ သူ့ အပျော်အား ကိုယ့်အပေါ်ကူးစက်စေသည် ။ ထိုအချိန်မှာ ကိုယ်တယောက်သူရဲ့  အေး မြ နေတဲ့ မျက်နှာကြည်ပပ လေးကို ငေးကြည့်နေမိတတ်သည်။ အလွမ်း အဆွေးကြိုက်သောကိုယ်တယောက် စာတိုပေစ အလွမ်းစာ ကဗျာတွေ၊ အနှောက်အသွားမလွတ်သော စာတွေ မတတ်တခေါက် ရေးစပ်နေရင်လည်း သူ မျက်လုံး ရီဝေဝေ နဲ့ ကိုယ့်မျက်နှာကို ငေးကြည့်ရင်း သက်ပြင်း မျှင်းမျှင်း ချတတ်လေသည်။
အလုပ်အားရက် များတွင် ခါတိုင်းလို အပြင်ထွက် ၊ ဈေးပတ် ၊ ပေါက်ကရ လျှောက်ဝယ်ခြင်းများ ပြုလုပ်လိုစိတ်အလျဉ်း မရှိတော့။ အာရုဏ်တက် မနက် မနက်ပေါင်းများစွာမှာ ကိုယ်နိုးထ ချိန်တိုင်း သူ့ ကို ဦးဆုံးသတိရမိသည်။ ပျော်ရွှင်စွာ ဖြင့် နှုတ်ဆက်လေ့ရှိသည်။ အချိန်ရလျှင် စကားဖေါင်ဖွဲ့ လေ့ရှိသည် ၊ ကိုယ့်အရေး သူ့  အရေး ၊အလ္လာပ သလ္လာပ မှ အစ လုမှုရေး ၊ တိုင်းရေးပြည်ရေး အဆုံး ရောက်တတ်ရာရာ ပြောဆိုရသည်မှာလည်း မမောနိုင် မပန်းနိုင် ၊ အတောမသတ်နိုင်သည် မို့  အလုပ်ချိန်နောက်ကျတတ်သည် များလည်း ရှိတတ်သေးသည် ။ ဒါကို ရိပ်မိလေသည်လားမသိ ၊ဤလို အချိန်မျိုးတွင် ချစ်သူက ကိုယ့်အတွက် ငဲ့ညှာပြီး မပြောမဆိုနှင့် စကားစ ဖြတ်သွားတတ်သည် ။ ကိုယ့်မှာတော့ သူ့ ကို တန်းတန်းစွဲ မခွဲနိုင် မခွာရက်မို့  ၊ဤသို့  တုံးတိတိ အဆက်ဖြတ်လိုက်သည့် နေ့ များတွင် လုပ်ငန်းခွင်ထဲ ထိ စိတ်အလိုမကျ ဖြစ်တတ်မိသေးသည် ။ ဪ .. သံယောဇဉ်တွယ်မိတော့ လည်း အတက်အကျ ၊ နိမ့်လိုက် မြင့်လိုက် ၊ ရင်ထဲ ဖိုလှိုက် ၊ အေးကနဲ ၊ နွေးကနဲ ဖြင့် ချားရဟတ်ကြီးစီးရသည့်  နှယ် ခံစားချက် မျိုးစုံကို တပြိုင်နက် ပေးနိုင်စွမ်းသော ကိုယ့်ချစ်သူ ပါတကား ။
ကိုယ်နဲ့ သူ ၊ တရားဝင်ချစ်သူတွေဖြစ်လာကြပြီးနောက် မိတ်ဆွေများသော ချစ်သူရဲ့ ကောင်းမှုဖြင့် ကိုယ့်အတွက် မိတ်ဆွေအပေါင်းအသင်းများ တိုးပွားလာခဲ့သည် ဆိုတာကိုတော့ ငြင်းဆိုမရ ။ ပျင်းရိဘွယ်ရာ ခြောက်သွေ့ လှသော ကိုယ့်ဘဝမှ သူ့ ကြောင့် စိုပြေသာယာ လာခဲ့ ရသည် ။ ထမင်းစားချိန် ရသမျှ အချိန်တိုလေး အတွင်းမှာ ပင် ၊ ချစ်သူ နှင့် မခွဲနိုင် မခွာရက် ၊ သူ့ မျက်နှာလေး ကို ကိုယ် အရိပ်တကြည့်ကြည့်နေလာခဲ့သည် ။ သူ့  အဝတ်အစား အပြင်အဆင် မှ အစ ၊ သူ နှင့် လိုက်ဖက်မည့် ဒီဇိုင်း ပုံစံသစ် အဆောင်အယောင် များကို ကိုယ်ဂရုတစိုက် ရွေးချယ်ဆင်မြန်း ပေးတတ်သည် ။ သူ့ အပေါင်းအသင်းများ အလည်တွင် သူ့ ကို မျက်နှာမငယ်စေချင်လှပါ ။ သူ့ မျက်နှာတော် ညှိုးနေလျှင် ကိုယ်မနေတတ် မထိုင်တတ် ဖြစ်ရသည် ။ ကိုယ့်ဘဝမှာ သူသာလျှင် အရေးကြီးဆုံး ဖြစ်မှန်းမသိ ဖြစ်လာပေတော့သည် ။ ဂဂျီဂဂျောင်ကျတတ်သော သူ့ အတွက် တခါတရံတွင် ကိုယ်စိတ်ပျက်မိသော်လည်း ချစ်လွန်း၍ အပြစ်မတင်မိပါလေ ။ ငယ်စဉ်ကတည်းက အိမ်သားများနှင့် အပေါင်းအသင်းများအပေါ်တွင် စိတ်မရှည်တတ်သော ကိုယ်တယောက် သူ နှင့်ကျမှ စိတ်ရှည်သည်မှာ နှစ်ပြန်မက ။ စကားအပြောအဆိုမှာလည်း အေးဆေးနူးညံ့လာခဲ့သည် ။ အချစ်သည် အရာရာကို ပြောင်းလဲနိုင်စွမ်းရှိပေတော့သည်။
ပျော်စရာ အချိန်လေးများသည် ရယ်ကာ မောကာ ပြုံးရွှင်စွာ ဖြင့် အကုန်လွယ်လွန်းလှပေသည်။ တွေ့ ကြုံ ဆုံကွဲ ဖြစ်မြဲ ဓမ္မတာ ဆိုသည့် သင်္ခါရတရားသဘောကို နားလည် ပေမင့် တမင်ဥပက္ခာပြုထား မိသည့် ကိုယ့်အား အချိန်တန်တော့ အိမ်ပြန်ဖို့  အချက်ပေးခေါင်းလောင်းသံ မြည်လာတော့သည် ။ မသိကျိုးကျွန်ပြုပြီး အိပ်ချင်ယောင်ဆောင်နေမိသေးသည် ။ ဒါပေမဲ့ ကျေးဇူးတရားကို သိတတ်နားလည်ဖို့ ရင်ထဲက အသိတရားတွေကတော့ နိုးကြားနေတော့ အိပ်ချင်ယောင်ဆောင်နေတဲ့ ကိုယ့်ကို နှိုးရ မခက် လှကြောင်း ကိုယ်တိုင် သိလိုက်မိသည် ။
မတတ်သာလို့  ခပ်ခွာခွာ နေရတော့ပေမဲ့ မုန်းလို့ တော့ မဟုတ်ဖူး ဆို တာ ကို ကိုယ့်ချစ်သူတယောက် နားလည်ပေးစေချင်ပါသည် ။ တခဏ ခွဲခွာရခြင်းလား သို့ မဟုတ် ထာဝရ ခွဲခွာရခြင်းလား ဆိုတာ ကိုယ်သေချာ မသိသေးပေမဲ့ ကိုယ် သူ့ ကို အသည်းထဲ ထိ စွဲမြဲစွာ ချစ်နေမည်ဆိုတာကိုတော့ သူတယောက် သိစေချင်ပါသည် ။ကိုယ့်ရဲ့ ပျင်းရိငြီးငွေ့ ဘွယ်ရာ အချိန်လေးများကို ပျော်ရွှင်ဘွယ်များအဖြစ် ပြုစား ပေးနိုင်ခဲ့သော ချစ်သူနှင့် သူ့  အပေါင်းအသင်းများ အားလုံး ကို ကိုယ့် တစ်သက်တာ ဘဝမှာ မေ့နိုင်လိမ့်မည် မဟုတ်ပါလေ ။ ကိုယ်နဲ့ အနေဝေးပြီး အထီးကျန်နေခဲ့မည့် ကိုယ့်ချစ်သူအား ကိုယ်တို့ ၏ အပေါင်းအသင်းများက ဆက်လက် အားပေး ဖေးကူပေးကြလိမ့်မည် ဟု မျှော်လင့် နေမိပါသည် ။
ကံမကုန်ကြသေးရင်တော့ တချိန်ချိန်မှာ ကိုယ်တို့  ပျော်ရွှင်စွာ ပြန်လည်တွေ့ ဆုံရဖို့  မျှော်လင့်ရင်းနဲ့ နှုတ်ဆက်ခဲ့ပါတယ် ချစ်သူရယ် ။
ကိုယ့်ချစ်သူ ... သူ့ အကြောင်း ကို သိလိုပါက အောက်ပါလိပ်စာ တွင် စုံစမ်းနိုင်ပါသည် ။ ချစ်မိတ်ဆွေ အပေါင်းအသင်းများကိုလည်း ထာဝရ ကျေးဇူးတင်နေပါသည် ။
30 comments:
နာမယ် ဖွားကိ ဟင်းးဟင်းးး တကယ်များလားလို့ သူ့ချစ်သူက အဟွန့်နော် တီတီတို့အိမ်ရောက်နေတယ် သိလား မအားဘူးနော် အပြေးလာတယ် ပြန်ဘီ ဘိုင်
ကိကိ
ပြန်တော့မလို့လား
မြန်မာပြည်ထဲ လဲ ဘလော့ ရေးလို့ ရတယ်လေ
တိတ်တိတ်လေး ရေး ပေါ့
အစအစ အရာအရာ အဆင်ပြေပါစေ
ဟုတ်ပါတယ်လေ. . .
အချိန်တန်တော့လည်း အိမ်ပြန်ရမှာပါပဲ။
အရာရာ အဆင်ပြေပါစေ။
မကိ
ရန်ကုန်ပြန်မလို့လား
း))
ပျော်ရွှင်ဖွယ် အိမ်ပြန်ခရီးလေးဖြစ်ပါစေ ..
ပျော်ရွှင်ခြင်းတွေ ဆီးကြိုနေပါစေနော် .. ချစ်သူလေးပါ တပါတည်းခေါ်သွားလေ
အဆင်ပြေမှာပါ .. ပျော်ရွှင်ချမ်းမြေ့ပါစေ ..း))
မမကိ တစ်ရက်လောက် ထမင်းသွားစားရအောင်လား..။
ချစ်သူလေးကိုပါ ခေါ်သွားပါ မမကိရယ်..။
ရန်ကင်းမှာ ချစ်သူလေးကို အဆင်ပြေပြေ အသုံးပြုလို့ရပါတယ် မမရယ်..။
အချိန်တန် အိမ်ပြန်တာ ပျော်စရာပေါ့ မမရယ်..။
အချိန်မရွေးပြန်လာလို့ရတာပဲ မဟုတ်လား..။
စိတ်မညစ်ပါနဲ့။
အစဉ်လေးစားခင်မင်လျှက်နော်။
သတိရနေမယ်နော်။
အစ်မရေ
ရွှေပြည်ကြီးမှာ အစစ အဆင်ပြေ ချောမွေ့ပါစေနော်..
ချစ်သူနဲ့ စိတ်သွားတိုင်းကိုယ်ပါ..
သူ့မျက်နှာကို ကြည့်ချင်တဲ့အချိန်တိုင်း
ကြည့်ခွင့်ရနိုင်ပါစေရှင်..
လွမ်းနေမိမှာတော့ သေချာပါရဲ့..
မကိ ဘယ်လိုလဲ ရှက်ဂျူးများ မှားနေသလား
ရွှေစင်ဦး
ဂွီးးး..စထဲက ထင်နေတာ... လပ်ပတွတ်လား..... ဖွဘွတ်စ်လား... ကော်နက်ရှင်လား.... တခုခုထဲက ပါရမယ်.... ငါတွက်တာ မလွဲလောက်ဘူးဆိုပြီး ပြုံးပြုံးကြီးဖတ်နေတာ....
ကတောက်.....
လွဲဖြစ်အောင် လွဲလိုက်သေးတယ်ကွာ.....
(သူက လဘော့ကို ပြောဒါကိုး..... ဟွန်းးးးး)
မကိကို အမြဲသတိရနေမယ်.....
မင်းဘယ်ပြေးမလဲ..မရွှေကိ
ဒီလိုသွားလို့ ရကြေးလား..ဟင်း...ဟင်း...ဟင်းးးးးးး
တွေ့ကြသေးတာပေါ့
မမကိရယ်
ချစ်သူလေးနဲ့ အပေါင်းပါတွေကို အပြီးပြတ်ကြီးတော့ ခွဲမသွားပါနဲ့နော်။ မကြာမကြာ ပြန်လာကြည့်ပေးပါ။ မမကိ ချစ်သူနဲ့အတူတူ ပူးတေတို့က မမကိကို မျှော်နေကြမှာပါ.....
ဖွားကိ သတိရှိပါစေ အဟေးး
ချစ်သူကိုတော့ မခွဲသွားနဲ့ လက်ရှိ ချစ်သူကို ဖွက်ထားပြီး နောက်တယောက် ရှာပေါ့ဗျာ
လေးစားလျက်
တောင်ပေါ်သား
ကိရယ်... လွမ်းအောင်လည်းရေးတတ်တယ်... အမျိုးမျိုးတတ်နိုင်တဲ့ကိ... ရီစရာလေးတွေကနေ အလွမ်းလေးရေးတော့လည်း ဖတ်လို့ကောင်းတာဘဲ
အချိန်တန်ရင်တော့လည်းအိမ်ပြန်ကြရမှာပဲလေ။
မကိတစ်ယောက်အိမ်အပြန်ရွှေပြည်ကြီးမှာ
အစစအရာရာအဆင်ပြေပါစေဗျာ။
ကိုယ့်မြေကိုယ်ပြန်ရမယ်ဆိုတော့လည်းဝမ်းသာစရာ
ပါလားမကိရယ်..။ချစ်တဲ့သူနဲ့လည်းအတူတူရှိစေချင်
ပြန်တယ်..။ဘ၀မှာအခုလိုမျိုးခွဲခွါမှုမျိုးတွေဘယ်လောက်
ရှိကြအုံးမလဲမသိဘူးနော်မကိ....။ခံနိုင်ရည်ဘယ်လောက်
ရှိရှိရင်ထဲကအလွမ်းတွေပျောက်ဖို့ဆိုတာ...ခက်သားလား..
ခင်တဲ့
သဒ္ဓါ
စ ကတဲ က ထင် သားပဲ။
တစ်ခု ခု တီထွင် တော့  မယ် ဆိုတာ ။
အခု အဲ့ ဒီ ချစ်သူ နဲ့  မတွေ့  ရတော့ လို့ 
လူသတ် ချင် နေတာ မှုတ်လား..။
မြန်မာပြည်ပြန်မယ်လား...
ပျော်ရွှင်သာယာသောခရီးဖြစ်ပါစေခင်ဗျာ...
ရွှေပြည်ကြီးကိုပြန်ရောက်လည်း ချစ်သူလေးကိုတော့
မခွဲနဲပေါ့ဗျ။
ဖွားကိေ၇ အကြောင်းလေးတော့ ပြန်ကြားအုံးနော် ...
ဘာပဲပြောပြောဗျာ လက်ရှိကျွန်တော်တို့ အရွယ်မှာ အချစ်မရှိရင်တော်တော်ကို ပျင်းခြောက်နိုင်လှတယ်။ ချစ်ရသူရှိရင်လဲ ပင်ပန်းပါသေးတယ်။ သစ္စာရှိတဲ့ချစ်သူရှိမှစိတ်ချမ်းသာနိုင်တာ။ သူငါ့ကိုသစ္စာရှိနေပါလားဆိုတဲ့အတွေးနဲ့ အရာအားလုံး အဆင်ပြေအောင်နေတက်ထိုင်တက်လာတယ်။ ဟုတ်ချင်မှဟုတ်မှာပါ ကျွန်တော်ထင်တာပြောတာ။ အစ်မကြီးကီ ချစ်သူလဲ အစ်မကြီးအပေါ် သစ္စာရှိရှိနေသူတစ်ယောက် ဖြစ်ပါစေလို့ ကိုယ်ချင်းစာမိတာလေး ဆုတောင်းပေးတာပါ။ လက်ရှိဖြစ်ပျက်နေတာတော့ သိဘူးလေ။ ကိုယ်ချစ်ရသူက သစ္စာမရှိပဲ Two-Way ဆိုတဲ့ အဖြစ်မျိုးလောက် အစော်ကားခံရတဲ့အလုပ် မရှိဘူးထင်တယ်နော်။ မုန်းချင်မုန်းသွားတာတော်သေးနော်။ မမုန်းပဲ နှစ်ယောက်ပြိုင်ထားခံရတာလောက် စိတ်ညစ်စရာမရှိဘူး အစ်မရေ။ ပို့စ်နဲ့တော့ ဘာမှဆိုင်ဘူးနော် ဟီးဟီး။ လက်ရှိကိုယ့်အဖြစ်လေးနဲ့ ကြုံတော့ ရင်ဖွင့်သွားတာပါ။ ငါ့ အစ်မကြီးတစ်ယောက်တော့ အမျိုးကောင်းသားလေး တစ်ယောက်နဲ့ ဆုံဆည်းပိုင်ဆိုင်နိုင်ပါစေနော်။
ခင်လျှက်-
အဟုတ်ထင်လို့ ၀င်ကြည့်မိပါတယ် လက်စပ်သတ်တော့
မယ်ကိက ဘလောဂ့် ပရိုမိုရှင်းလုပ်တာကို ဟို ဟို ဟို
အတဲ့လူခံပေါ့ကွာလည်သူစားစတမ်းပေါ့ ဟုတ်လား
ချစ်တတ်သူတိုင်းပျော်ရွှင်ချမ်းမြေ့ပါတယ်ဗျာ..
မမကိကိရေ....အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေနော်....ဒီချစ်သူလေးကတော့ မမကိကိ အပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး....ညီမလေးတို့တွေကိုလည်း သတိရနေပါနော်....
ဂျင်ဂျင်း
အမေနဲ့ ချစ်သူကို မိတ်ဆက်ပေးလိုက်လေ မကိ..
... အခွင့်ရတဲ့ အခါတော့ စာလေးတွေ ရေးပါဦး.. အားလုံးလိုပဲ တို့လဲ လွမ်းနေမှာပါ.ယယ
မိုးစက်ပွင့်
မကွိစ်ရေ.......
မြန်မာပြည်အပြီးပြန်တာလားဗျာ.......??
ဟိုကနေလည်း........ရေးလို့ရပါတယ်ဗျာ.....။
ဖြစ်နိုင်ရင်..ဆက်ရေးပါဦးနော့်........။
ခင်မင်တဲ့
ဏီလင်းညို
ထိုင်ဝမ်က ဘလော့ဂါ တစ်ယောက် လျော့သွားရပြီပေါ့။
အကြောင်းသိတွေမို့လို့ ဒါ ပြန်ခါနီး ကြွား နေတာထင်ထားရဲ့နဲ့ သွားနှိပ်မိလိုက်သေးတယ် ခံ လိုက်ရတယ်ပေါ့။ ပြန်ခါနီးတောင် အားလုံးကို ပျော်ရွှင်စေတဲ့ မကီလည်း အစစအရာရာ အဆင်ပြေပါစေဗျာ။ ကောင်းသော သာယာသော ခရီးလမ်းလေး ဖြစ်ပါစေ။
မကိရေ ရောက်လာပြီးပျောက်သွားတယ်..
ပြန်လာဦးနော်..။ သတိရနေတယ်
ကိရေ...
အချိန်ရရင် အဆင်ပြေရင် စာတွေရေးပါ..လို့
မိုးမင်းကြီး
ကိကိရေ ဒီပို့စ်ကို အခုမှ ဖတ်ဖြစ်တယ်။ မြန်မာပြည်ပြန်တာ ချစ်သူနဲ့ ခွဲစရာမှမဟုတ်တာ။ အချိန်ပေးနိုင်မှု နည်းသွားတာပဲ ကွာမှာပါ။ ဘလော့ဂ်တော့ မမသီရိပြောသလို ဆက်ရေးလို့ရပါတယ်။ ကိကိရေ ကျွန်မလည်း မအားတာနဲ့ ဘယ်သူ့ဘလော့ဂ်ကိုမှ မရောက်ဖြစ်ဘူး။ မြန်မာပြည်မှာ အဆင်ပြေပါစေလို့ ဆုတောင်းနေပါတယ်။
Post a Comment