ပျင်းပျင်းရှိနေတာ နဲ့  ( ဘလော့ရေးဖို့ တောင် ပျင်းနေတာ မို့  ) ဟိုဝင် ဒီထွက် ဟိုကြည့် ဒီကြည့် ၊ အချိန်မကုန် ကုန်အောင် လုပ်နေမိတယ် ။ စိတ်ဝင်စားစရာ အကြောင်းလေးတွေ နဲ့  အပျင်းပြေ စေတဲ့ အကြောင်းလေးတွေ တွေ့ မိတာ နဲ့  ဆားချက်ဖြစ်ပါတယ် ။ သူငယ်ပြန်တယ်ပဲ ပြောပြော .. ငယ်ငယ်က ကစားခဲ့ဖူးတဲ့ ဒီလို ဝင်္ကဘာလေးတွေ တွေ့ တိုင်း ခဲတန်တချောင်းနဲ့ ဟိုဝင်ဒီဝင်ခြစ်လိုက်၊ လမ်းပိတ်နေရင် နောက်ကြောင်းပြန်လှည့်လိုက်နဲ့ မမောနိုင် မပန်းနိုင် ဆော့ခဲ့ဘူးတာ ကို ပြန်သတိရ မိတယ် ။ ဒါပေမဲ့ တကယ့် လက်တွေ့  ဘဝ ကြီးမှာတော့ ခုလို လွယ်လွယ်ကူကူ နဲ့  နောက်ကြောင်းပြန်လှည့်မရ တဲ့ အခြေအနေတွေ များလွန်းလှ တော့ မျက်စိရှင်ရှင်ထား ဝေးဝေးကို ကျော်ကြည့် မြင်ကြည့် နိုင်ကာ မှ ဖြစ်တယ် ဆိုတဲ့ အသိတွေ လည်း အခါခါ ရခဲ့ဖူးပါပြီ ။
အမျိုးသားကို အမျိုးသားရေးရာ ။ အမျိုးသမီးကို အမျိုးသမီးရေးရာ ..အဲ့လေ .. အိမ်သာ ရောက်အောင် ပို့ ပေးသွားကြပါအုံး နော် ။ သူတို့ ကြည့်ရတာ အတော် အနေရခက်နေကြပုံပဲ ၊ ဘိုက်နာနေကြတယ် ။
အတိတ်မှ ပုံရိပ်တွေ ကလည်း ပြန်ယူလို့  မရတော့ပေမဲ့ ဦးနှောက်ထဲ မှာ စွဲစွဲမြဲမြဲ ထင်ကျန်နေရစ် ခဲ့တတ်တာတွေ ရှိပါသေးတယ် ။ ပျော်ရွှင်လှပ ချိုမြိန် လှတဲ့ ပုံရိပ်တွေကို အခါခါ ပြန်လည် တွေးတော ကြည်နူးမိတတ်လိုပေမဲ့ ခါးသီးဘွယ်ရာ အနိဠာရုံ အရိပ်များစွာ ကိုတော့ တမင်တကာ မေ့ထားရတတ်တာတွေလည်း မနဲလှဘူးပေါ့ ။
ဒီအရိပ်လိုပဲ... အရိပ်က တခုထဲ ပေမဲ့ အရိပ်ကို ဖြစ်စေတဲ့  အကြောင်းတွေက တခုမက ရှိနိုင်တယ် ။ ဒါ ဘယ်သူ့ အရိပ်လည်းဆိုတာ ဘယ်သူသိနိုင်မလည်း ။ ကိုယ့်ဘက်ကိုယ်ဆွဲတွေးရရင်တော့ ကိုယ့်အရိပ်လို့ ပြောကြမဲ့သူတွေချည်းပါပဲ ။ ကောင်းတယ်ဆို ရင် ငါ့အရိပ် ၊ မကောင်းဘူးဆို နင့် အရိပ်လို့  အပြစ်ပုံချ လို့ လည်း ရပါတယ် ။ ကိုယ့်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အမြဲပြန်လည် ချောက်လှန့် နေမဲ့ အရိပ်မဲကြီးများ အရိပ်ဆိုးကြီးများ မကျန်နေကြရအောင် ကောင်းတာလုပ် ၊ မှန်တာပြော ၊ ဟုတ်တာလုပ် ၊မတရားမှုတွေ ကိုတွန်းလှန်နိုင်ကြမယ်ဆိုရင် အရိပ်တိုင်းက လှပနေမှာ ဖြစ်ပါတယ်။
ဒီလိုသတ္တဝါ ပုံလေးတွေဆွဲပြီး နိုင်ငံကို ကိုယ်စားပြုကြတယ် ။
သားပိုက်ကောင်ဆိုတာ သြစတြေးလျနိုင်ငံ ကို ကိုယ်စားပြုတယ် ။ဆင်ဆိုရင် ယိုးဒယားနိုင်ငံ ၊သမင်တွေက အာဖရိက ၊ပင်ဒါဝက်ဝံက တရုပ်ပြည်ကြီး ၊ ဂေါ်ဇီလာ ဆို ဂျပန် စသဖြင့်ပေါ့လေ
ဒီလိုဆိုတော့ မြန်မာပြည်ကို လူသိများစေတဲ့ သတ်တဝါ တကောင် ကို ဒီလို ပုံစံပြု လို့  ရမလား မသိ ။
ဒါပေမဲ့ သူတို့ က ဘုရားနဲ့ တရားနဲ့ နေတတ်ကြပါသေးတယ် တဲ့.. .း)
“တပည့်တော်တို့  အမိုက်အမဲများကို ခွင့်လွှတ်တော်မူပါ အရှင်ဘုရား ”....
အိမ်း..ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ ...ဘုရားရှင်ကတော့ ခွင့်လွှတ်မှာဖြစ်ပေမဲ့ ..ခွင့်မလွှတ်နိုင်သူတွေလည်း အများကြီး ရှိနေမယ် ဆိုတာ ......
အောက်ဆုံး၂ ပုံက လွဲ၍ အပေါ်က ပုံများကို ဒီနေရာမှ ရယူပါတယ် ။အောက်ဆုံး၂ ပုံကို ဂူဂဲလ်အကူအညီ နဲ့ရယူပါတယ် ။
16 comments:
ဘုရားကလည်း ခွင့်လွှတ်လို့ မရပါဘူး။ ဒါ့ကြောင့် ငရဲဆိုတာ ရှိနေတာပေါ့။ ဘာသာရေးအရ ပြောတာပါ။
တရားဥပဒေအရတော့ ဘယ်လာ လွတ်မလဲ ဝေးသေး။
မအယ်
တရားဥပဒေအရလည်း ခွင့်မလွှတ်ဘူး၊ ဘာသာရေးအရ လည်း ခွင့်မလွှတ်ဘူး၊ လူမှူရေးအရလည်း ခွင့်မလွှတ်ဘူး ဘာအရေးကမှ ခွင့်မလွှတ်နိုင်ဘူး .... ဒါဘဲ .....
အဟီး. . .
မကိ လုပ်လိုက်ရင် အသစ်တွေချည်းပဲ။
ဂွတ်. .
မမကီ...
မပြော ချင်နေတာနဲ့  အတော်ပဲ။
သူတို့ က တစ်ဘဝ စံ သမားတွေလေ၊ သံသယာ ကို
ယုံကြည် လက္ခံ ထား တဲ့  သူတွေ မဟုတ်ကြပါဘူး ၊
ကျွန်တော် တို့  အား လုံးလဲ သူတို့ နဲ့  အကြွေး
ပါလာ လို့  ဆပ်နေရတာ မဟုတ်လား။
အရိပ် ကတော့  လှည်းဘီး လို ပဲ နောက်ကလိုက်
နေ တတ်တော့  အင်း.... အဲ့ ဒီ လှည်း တက်နင်း
သွား တာပဲ ကောင်း တော့ တယ်။
ဒီဝင်္ကပါနဲ့တော့ အလုပ်ရှုပ်ဦးတော့မှာပဲ ..း)
အိုင်ဒီယာကောင်းတယ်ဗျာ..
ဟဟ....တို့အစ်မကတော့ လုပ်ချလိုက်ပြန်ပြီး))
မကိရေ..
ရွံ့စရာသတ္တ၀ါအဖြစ်နဲ့ဘယ်လောက်ထိဒုက္ခတွေပေး
နေအုံးမလဲမသိဘူးနော်..။
ခင်တဲ့
ညီမသဒ္ဓါ
ဖွားကိ..အထူးတဆန်းလေးတွေ
လာကြည့်သွားဒယ်။
အတွေးအရေးလေးတွေက အရမ်းထိတယ်ဗျာ။
ဘုရား တရားလုပ်လဲ ခွင့်မလွှတ်ဘူး။ ဘာပဲဖြစ်ဖြစ်ခွင့်မလွှတ်ဘူး။
ဒါဗြဲ....။
ဒုတိယပုံ ကြိုက်တယ် မှန်လိုက်လေ... ကိုယ့်ဘက်ကကြည့်တော့ ဇောက်ထိုးသူ့ဟာနဲ့ သူကတော့ အတည့်.....
အဘ၀တ်ထားတဲ့ ပိတ်ဖြူစတော့ အားနာစရာကြီး သူလဲ ဖြူချင်ရှာသေးသားကိုး... အင်းဟင်...
ကိကိလေးရေ့ 
လာဖတ်သွားတယ်နော်။
လုလု
သူတင်လိုက်သမျှအဆန်းကြီးဘဲ... တတ်လဲတတ်နိုင်တယ်
အမှန်တွေပဲမို့လို့ စာကြောင်းတိုင်း သဘောကျတယ်။ ကျနော်တို့ နိင်ငံကို ကိုယ်စားပြုတဲ့ သူက မကီဘလော့ရဲ့ ဆိုဒ်ဘား မှာ ပုံတင်ထားတယ်လေ။ နိင်ငံခြားသားတွေက မြန်မာပြည်ဆိုရင် မသိပေမယ့် အောင်ဆန်းစုကြည် လို့ပြောရင် ချက်ချင်း သိကြတာ မကီလည်း ကြုံဖူးမှာပေါ့။
မကီရေ အစစအရာရာ ဂရုစိုက်ပါ။
ဘောလုံးပွဲကြည့်နေလို့ တိရစ္ဆာန်ပုံတွေ ခုမှလာကြည့်ဖြစ်တယ်.....
ကိုကြီးကျောက် ပြောသလိုပဲ ကိုကြီးကျောက် ပြောသလိုပဲ ဟိဟိ :P
Post a Comment