* ကိုယ့်အိမ်ထောင်ဖက်ကို ချစ်တယ်လို့ ပြောလိုက်လို့ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* သားသမီးလေးတွေကို သိပ်လိမ္မာတာပဲလို့ ချီးမွမ်းလိုက်မိလို့ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* ဆိုက္ကားဆရာကို ရေတစ်ခွက် တိုက်လိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* တန်းစီနေခိုက်မှာ ကိုယ့်ရှေ့က တစ်ယောက်တစ်လေ ကြားဖြတ်ဝင်တာကို သည်းခံလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* အစ်ကို အစ်မတွေဆီကို သတိရကြောင်း ဖုန်းလေးနဲ့လှမ်းပြော ၊ စာလေးနဲ့လှမ်းပြောလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* မမာနေတဲ့ အပေါင်းအသင်းဆီ စားစရာလေး တစ်ခုခု သွားပို့လိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* အိုမင်းမစွမ်းသူ တစ်ယောက်အတွက် ကိုယ့်နေရာကို ဖယ်ပေးလိုက်လို့ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* အများအကျိုးအတွက် ဆောင်ရွက်ပေးသူတစ်ယောက်ကို အားပေးစကားဆိုလိုက်မိလို့ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* ဟင်းချက်စရာကို တောင်းထဲထည့်ပေးလိုက်တဲ့ ဈေးသည်ကို ကျေးဇူးတင်ပါတရ်ဗျာ/ရှင်လို့ ပြောလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* အိမ်မှာမွေးထားတဲ့ ခွေးကလေးနဲ့ ခုန်ပေါက် ကစားလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* ကိုယ့်လက်အောက်က အလုပ်ပင်ပန်းနေတဲ့ အမှုထမ်းကို ရက်တွက်မဖြတ်ဘဲ တစ်ရက်တာ အနားပေးလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပြီး နောက်တစ်ခါ အလားတူ အမှားမျိုး မကျူးလွန်ဖြစ်အောင် ဆင်ခြင်သုံးသပ်လိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
* ဒီ ဘာမဟုတ်တဲ့ ထောက်ထားမှုလေးတွေကိုပဲ ကြုံရင် ကြုံသလို လုပ်ရင်းနဲ့ ဘ၀ကို ရင်ဆိုင်ဖြတ်သန်းသွားလိုက်လို့လဲ ဘာမှ နစ်နာ မသွားနိုင်ပါဘူးနော် ။
Sandy Ezrine ရေးတဲ့ It couldn't hurt ကို ဆရာအတ္တကျော်က ဆီလျှော်အောင်ဘာသာပြန်ပေးထားတဲ့ စာစုလေးတွေပါ ။ ကျွန်တော်တို့ ဘ၀မှာလဲ ဒါလေးတွေက နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတာပါ ။ ကိုယ့်မျက်စိအောက်မှာပဲ ဖြစ်ပေါ်နေတဲ့ ဒီအရာလေးတွေကို ထောက်ထားသင့်ပါရက်နဲ့ လောဘ ၊ အတ္တ ၊ မာန တို့ကြောင့် လစ်လျှူရှုဖြစ်နေတာလဲ အားလုံးလိုလိုပါပဲ ။ ဒါကြောင့် ဒါမျိုးလေးတွေကို သူငယ်ချင်းတွေ အနေနဲ့ မြန်မာလူမျိုးပီပီ ထောက်ထားညှာတာလိုက်လို့ ဘာမှ နစ်နာသွားနိုင်ပါသလဲ...?
နတ်သဘင်မှအရူးလေးတယောက်ရဲ့ အတွေးအခေါ်လေးတွေ ကြိုက်လို့  ပြန်ပြီးမျှဝေပေးလိုက်တာပါ။
ဒီလွယ်လွယ်ကူကူ ကိစ္စလေးတွေကိုတောင် လူအတော်များများက လိုက်လုပ်နိုင်ဖို့ သိပ်မလွယ်ကြဘူးနော်။ ဪ..လူ့ စိတ်..
ငါပြောသလိုလုပ်..ငါလုပ်သလို မလုပ်နဲ့ ဆိုတာ ဒါမျိုးတွေလား ။ ။ ။ ? ? ?
ဒီရောက်ကတည်းက အလုပ်ကိုတပါတ်မှာ ၆ရက်..တရက်ကို ၁၆ နာရီ အလုပ်ချိန်ကို မလုပ်ချင်လုပ်ချင်၊လုပ်နေရတာဘယ်ဝဋ်ကျွေးလည်းမသိပါ။ တနင်္ဂနွေတရက်ဘဲအနားရတယ် ။
ဒီရှားရှားပါပါး နားတဲ့ တရက်မှာ များသောအားဖြင့် တယောက်ထဲဟိုပတ်ဒီပတ် လျှောက်သွားနေကြပါ။လေပြင်းမုန်တိုင်းကျတဲ့ ရက်တောင် အလွတ်မပေးတတ်ဘူး။ အဟဲ အိမ်နဲ့ သိပ်ဓါတ်မတည့်လို့ နဲ့ တူပါတယ်။ဒါမှမဟုတ်၊ခြေထောက်မှာဗွေပါလို့လားမသိပါ။အိမ်မှာမကပ်ချင်ဘူးလေ။ ခုတလော သွားပတ်တတ်တဲ့နေရာလေးကတော့ MRT မြေအောက်ကြွက်တွင်းမှ အရောင်းဆိုင်တန်းတွေပါ ။မိုးလုံ၊လေလုံ၊ နွေဆိုလဲ အဲယားကွန်းအပြည့်နဲ့မို့ အေးအေးဆေးဆေး။စားသောက်ဆိုင်တွေလဲအစုံ ၊ခေတ်လူငယ်ကြိုက်ပစ္စည်းလဲအစုံရ ၊ဈေးလဲ သက်သာတဲ့ ဆိုင်တွေအများကြီးရှိလို့ လေ ။ပေါချောင်ကောင်းကြိုက်သူ အီဖေကိုယ် အကြိုက်နေရာလေးတခုပေါ့။
ဒီနေ့ တော့ဒီကြွက်တွင်းထဲ အရိုးရှာဖို့  တာဝန်တခုနဲ့ ရောက်ခဲ့ သေးတယ် ။(အဟဲ စကားဝှက်ပါ ။သက်ဆိုင်သူတယောက်ဘဲ ဒီအဓိပ္ပါယ်ကိုသိမှာပါ ။ဒီအကြောင်းနောက်မှအဖြေပြောပြမယ်နော်)။
ဒါပေမဲ့ ခြေသာတိုရော ။ အရိုးနဲ့တူတာဆိုလို့ ငဖေါင်ရိုးတောင်မတွေ့ မိဘူး( ဒီကလူတွေ အစားသောင်းကျန်းလို့  ဝကစ်ကစ်လေးတွေများတယ် ) ။ဒီတော့တွေ့ တာ မြင်တာလေးတွေဘဲ ထဲ့ ပေးလိုက်ရတယ် ။ ဒီကအခြေခံလူတန်းစားတွေ ။ လူငယ်လေးတွေ အားလပ်ရက်တွေကို ဘယ်လို အသုံးချကြသလဲ ဆိုတဲ့  အကြောင်းများထဲက တစေ့တစောင်းလေးတွေပါ..
ဒီအထဲမှာကြည့်ခဲ့ရတဲ့မျက်လှည့်ပွဲလေးက အတော်လေးကောင်းတယ် ။ဒါပေမဲ့ ရိုက်ထားတာ ၁၀ မိနစ်စာ .ပေရှည်သွားလို့နဲ့ တူပါရဲ့  ဘယ်လိုမှ upload လုပ်မရလို့  မတင်ပေးလိုက်ရဘူး။ သိတဲ့ လူတွေ ပြောပြကြပါအုံး။
ဒါကြောင့် တင်လို့ ရတဲ့ အတိုအထွာလေးဘဲ ထဲ့ပေးလိုက်တာ စိတ်မရှိပါနဲ့ နော်..
ဒီနေ့ နေလို့ သိပ်မကောင်းလို့  စာမရေးဘဲ နားမလို့ စိတ်ကူးထားတာ ။ သူငယ်ချင်းယောက်ပို့ လာတဲ့ မေးလ်ဖွင့်ကြည့် ရင်း ဒီပုံတွေတွေ့ လိုက်ရတော့ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့  အတော်လေးခံစားမိလို့  တဆင့်ပြန်ပြီးဖေါက်သည်ချလိုက်ပါတယ်။
ဘုရားရုပ်တုတော် ဆင်းတုတော်တွေကို ဘာလို့ ဒီလိုဖျက်ဆီးပစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သိချင်လာပါတယ် ။ဘာသာရေးအဓိကရုဏ်းတခုခုဖြစ်စေချင်လို့  တမင်သက်သက် ဒီပုံတွေ youtube ပေါ်မှတကမ္ဘာလုံးကို ပြသတာလား ။ ဒါမှမဟုတ် ဒီဘုရားကျောင်းအဆောက်အဦ ဟာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆောက်ထားလို့  ဖြိုဖျက်ပစ်တာလား ။၊?????
သိတဲ့ သူများရှိရင် ပြောပြ ရှင်းပြပေးစေလိုပါတယ် ။ တဖက်သပ်အမြင်နဲ့  မတွေးကြဘဲ နှစ်ဦးနှစ်ဖက်ရှုထောင့် မှကြည့် ပြီး အဖြေရှာနိုင်ဖို့ မျှော်လင့်လျှက်....
ပြီးခဲ့တဲ့ ၄ရက်လောက်က သတင်းစာထဲ အမှတ်တမဲ့ ဖတ်လိုက်ရတဲ့ သတင်းလေးတပုဒ်..အင်္ဂလန်နိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေး နဲ့  ၁၅ နှစ်အရွယ် ကျောင်းသူလေးတို့ မှ သမီးလေးတယောက်မွေးဖွားခဲ့ ကြတဲ့ အကြောင်းပါ ။ ဪ~ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့  ကလေးသာသာလေးတွေက ကလေးပေါက်စလေး မွေးပြီးနောက် ပညာ မစုံမလင်နဲ့  သူတို့ တတွေ ဘာတွေလုပ်ကိုင်ပြီးဒီအိမ်ထောင်တခုကို ဘယ်ပုံဘယ်နည်း ရှေ့  ခရီးဆက်ကြမလဲလို့  တွေးတောမိပါသေးတယ် ။
ဒီနေ့ မနက် အဲဒီသတင်းရဲ့ နောက်ဆက်တွဲ သတင်းကို ဖတ်လိုက်ရတော့ အတော်လေးဘဲ အံ့သြခြင်းကြီးစွာနဲ့ ဘုရားတ မိလိုက်ပါတယ်။
သတင်းလေးက ဒီလိုပါ။
Alfie Pattern ၁၃နှစ်သား ကျောင်းသားလေး နဲ့  Chantelle Steadman ၁၅ နှစ်အရွယ် ကျောင်းသူလေးတို့ မှ ဒီ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ မှာ ၇ပေါင်၁၃အောင်စ ရှိတဲ့  သမီးလေး တယောက်ကို မွေးခဲ့ ပါတယ် ။ သတင်းဓါတ်ပုံတွေထဲမှာ Alfie က အတော်လေးကို ညှက်ပြီး ၊Chantelle ကတော့  ၁၅နှစ်အသက်အရွယ်ထက်ပိုပြီးရင့်ယော်နေသလိုပါဘဲ ။ နောက်တပုံ မှာတော့ ဒီ ၁၃နှစ်သား လေးဟာ သူ့သမီးမွေးကင်းစလေးကို ပေါင်ပေါ်တင်ပြီး သူကတော့ playstation game လေးဆော့ နေပါတယ် ။
အင်းလေ ရှေးလူကြီးတွေဆိုခဲ့ ကြတဲ့  ဒန့် ကျွဲပင် ဒန်းစီးကြတဲ့ ခေတ် အမှန်တကယ် ရောက်နေပြီဘဲ ။
ပြောရင်းဆိုရင်း လမ်းလွဲတော့မယ် ။ သတင်းထူးအကြောင်း ဆက်ပြောမယ် ။
အခုတော့  အဲဒီ ကလေးအဖေ ရာထူးလိုချင်တဲ့  နောက်ထက် ကလေးသာသာ ကောင်လေး၂ ယောက်ထပ်ပေါ်လာပြန်ပြီ . ၁၆ နှစ်သား Richard Goodsell ဆိုသူနဲ့  ၁၄နှစ်သား Tyler Barker ဆိုသူ တို့ ဟာ သူတို့ လဲ အဲဒီကလေးပေါက်စလေးရဲ့  အဖေဖြစ်နိုင်ခြေရှိပါတယ်တဲ့ လေ ။ဘာလို့ လဲဆိုတော့  သူတို့ တတွေလဲ အဲဒီဇာတ်လမ်းထဲက မင်းသမီးလေးနဲ့  အတူတူ ညအိပ်ပြီးဟိုဒင်းအဟွာတွေ ဖြစ်ခဲ့ကြပါတယ်တဲ့ ။ကဲ ဘယ်လောက်ဆိုးလိုက်ကြတဲ့  သူတို့ ဆီက ဆယ်ကျော်သက်တွေလဲ ။ ပြီးတော့  ဒီမင်းသမီးလေးက အတော်ပွေဆိုဘဲ။
အခု လူသိရှင်ကြား ၃ယောက်အပြင် နောက်ထပ် ပုရိသတ် ၅ ယောက်နဲ့  ဇာတ်လမ်းတွေ လုပ်ထားသေးသတဲ့  ။
အခုတော့ သပွတ်အူ ဇာတ်လမ်းတွေရှုပ်ပြီး တကဲ့ ကလေးအဖေအစစ်ကို DNA ခေါ် သွေးစစ်ပြီး မျိုးရိုးဗီဇ နည်းနဲ့  အဖြေရှာဖို့  စီစဉ်နေကြကြောင်းပါ ။
အင်း ။ တိုးတက်ခေတ်မှီပြီး အရမ်းလွတ်လပ်သွားတော့ လဲ ဗရမ်းဗတာတွေ ဖြစ်ကြတာ အတော်များပါတယ် ။
အိမ်ထောင်ပြု ၊ဘုရားတည် ၊ဆေးမှင်စုပ်ထိုး ဤ ၃ချက်မပိုင်လျှင်နောင်ပြင်ရန်ခက်တဲ့ အမျိုး ၊ဆိုတာတွေလဲ
အခုခေတ်ကြီးမှာ မမှန်ကန်တော့ သလိုပါဘဲ ။
အခုခေတ်လူတွေ အလွယ်တကူ အိမ်ထောင်ပြု ပြီး ၊ အလွယ်တကူကွဲကြ၊ပြဲကြ တာတွေ ပိုပြီးများလာပါတယ်။ဒီထိုင်ဝမ်မှာဆို လင်မယားကွဲနှုန်းဟာ တနှစ်ထက်တနှစ် ပိုများလာနေပြီး မနှစ်က စစ်တမ်းကောက်ချက်တွေအရကမ္ဘာမှာ နံပတ် ၃ နေရာ ချိတ်တယ်လို့  သိထားခဲ့ ဘူးပါတယ် ။ဗမာပြည်မှာတော့ ဒီလို စစ်တမ်းဇယားတွေမရှိတော့ တမျိုးကောင်းပါတယ် ။ ရိုးမြေကျ လို့ ဘဲ မှတ်ယူကြပေါ့နော်
ဘုရားတည် ။ ဒါကတော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ခုထိတော့ မှန်နေသေးပေမဲ့  ဟိုဒင်းအဟွာတွေကဟိုဟာခွာဒီဟာခွာနဲ့  ဘုရားကိုလဲ ချမ်းသာမပေးတဲ့ သတင်းတွေ ကြားနေရတော့  ဒီသဘောဘဲဆောင်နေမယ်လို့ ထင်ပါတယ်။
ဆေးမှင်ရည်စုပ်ထိုးဆိုတာလဲ အခုခေတ်မှာ ထိုးပြီးသားဆေးမှင်ကြောင်တွေကို လေဆာနဲ့ ပြန်ဖျက်ယူလို့ ရနေပါပြီ ။
ဒီတော့ ဒီတော့ တဖြေးဖြေးယိုယွင်းလာကြတဲ့  ယနေ့ ခေတ်လူမှုရေးတချို့ ကို ကောင်းမွန်တဲ့  ရှေးစဉ်လာမပျက်အောင် စောင့်ထိန်းကြဖို့  လူတိုင်းမှာတာဝန်မကင်းကြဘူးလို့  ထင်ပါတယ် ။ ဈေးသုံးလဲ မလွယ်နဲ့  ရှေးထုံးလဲ မပါယ်နဲ့  ဆိုတာ ဒီနေရာမှာ အသုံးတည့် မလားလို့  လျှာရှည်ပြီးကွန့် ကြည့် တာပါ ။
ဈေးသုံးလွယ်တော့  လဒခေတ်မှာသူ့ အမျိုးကလွဲရင် မွဲတတ်သည်။
ရှေးထုံးပါယ်တော့  DNA နဲ့ တွေ့ ပြီး အရှက် ကွဲတတ်သည် ။။ မှားရင်ပြင်ပေးကြပါနော်။။ ဒါမှမဟုတ်လိုအပ်တာဖြည့်စွက်ပေးကြပါ ။
ဒီ သတင်း နဲ့  ပုံတွေကို http://www.telegraph.co.uk/news/newstopics/ မှ ရယူထားခြင်းဖြစ်ပါတယ်။
ဒီလို လူလားမမြောက်ကြသေးတဲ့  အလားတူ ဆယ်ကျော်သက်ရွယ်လေးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ခိုင်မြဲအောင် ရပ်တည်နေနိုင်ကြပါစေ
ချစ်သူများနေ့ မှာ အဖေါ်စုံတဲ့သူတွေ ပျော်ရွှင်နေကြချိန် ...အဖေါ်မဲ့နေတဲ့သူတွေရော ...ပျော်လို့မရနိုင်ဘူးလား ???
သူ့ အတွက် ရင်ခုန်နေရတာတွေ သူမသိနိုင်ပေမဲ့ လည်း ကိစ္စမရှိပါဘူးလေ ။ ချစ်တဲ့ သူနဲ့ အတူပျော်ခဲ့ ဖူးတဲ့  အချိန်လေးတွေ .. အတိတ်မှ ရင်ခုန်ခဲ့ ဖူးရတာလေးတွေ ..အဲဒီအချိန်လေး တွေက ပြောခဲ့ ဖူးတဲ့  အကြောင်းလေးတွေ ..သွားခဲ့ဖူးတဲ့နေရာလေးတွေ... အတူဆိုခဲ့ ကြဖူးတဲ့ သီချင်းလေးတွေ ပြန်လည် ကြားယောင် မြင်ယောင်ပြီးတော့ သူ့ အတွက် ကိုယ့်ရင်ခုန်သံတွေ ဘယ်သူမှမကြားစေရပါဘူ.... မင်းတယောက်ကလွဲရင်ပေါ့  ။ မင်းပျော်သလိုသာ နေပါ ။အဝေးကနေချစ်နေရရုံလေးနဲ့ တင်ငါ ကျေနပ်ပါတယ် ။။
မျိုကြီးရဲ့  ဖြေးဖြေးပြော ဆိုတဲ့  သီချင်းလေးကို ဒီတခေါက် မြန်မာပြည်ပြန်ရောက်မှ ကြားဘူးတယ် ။ထွက်တာကြာနေပြီ ဆိုပေမဲ့  အဆက်အစပ် မရှိလှလို့  နားမထောင်မိခဲ့တဲ့  သီချင်းဟောင်းလေးတပုဒ်ပါ ။ခုကြမှ မြန်မာပြည်ပြန်ရောက်တုံး ချစ်တဲ့ ညီမငယ်တို့ နဲ့  Karaok နဲ့  IC stage show တွေရောက်ဖြစ်တော့မှ စပြီးကြားဖူးခဲ့ တာ ။ ဒီနေ့ လဲ ပြန်လည် ဖြည့်စွက်ထားတာလေးတွေ့ လိုက်လို့  သဘောကျတာနဲ့  ဒီနေရာမှ ဆားချက်တင်ပြလိုက်ရခြင်း ဖြစ်ကြောင်း ဝန်ခံ အပ်ပါတယ် ။
ကျားနဲ့ ဆင် လယ်ပြင်မှာတွေ့ ချင်ရဲ့ လို့ 
သူတချိန်က ပြောင်လှောင်သလို ဆိုဖူးခဲ့ 
မင်းက ကျားပါ ၊ ခြင်္သေ့ မှ မဟုတ်တာ
ငါကလည်း ဆင်ပေါ့ တောဘုရင် မဖြစ်ချင်ပါဘူး
ဆင်ဝှေ့ ရန်ရှောင် စကားလုံးများနဲ့ 
စကားနဲ ရန်စဲ အမှားနဲ အောင်
လေပြေထိုးရတာတွေ မင်းမှတ်မိမယ်မထင်ဘူးကွဲ့ ။
ဆင်ခမျာ အကောင်ကြီးပေမဲ့ ၊ ဥာဏ်ပညာနဲစွာနဲ့
ပြောတိုင်းယုံ စုံလုံးကန်း တွေးဆနိုင်စွမ်းမရှိ ခက်လှပါဘိ။
ကျားငစဉ်းလဲလို့  လူတွေက သမုတ်ကြတာ
အဟုတ်မမှတ်ပါ ။ ပုံပြင်ထဲက ဇာတ်လမ်းသာမို့ 
ပြောသမျှယုံ ကြုံတာတောင်မသိ
ဪ မိုက်လှပါဘိ ။
(အမြဲတမ်း အနိုင်ရချင်တဲ့  ကျားမလေးသို့  )
Thalassemia သာလာစီးမီးယား ခေါ်သွေးရောဂါတမျိုးအကြောင်း
သွေးထဲမှာ အဓိက ပါဝင်တဲ့  သွေးနီဥ (RBC ) ။သွေးဖြူဥ(WBC )။ သွေးခဲခြင်းဆောင်ရွက်တဲ့  သွေးမျှင်(platelet) ၃ မျိုးထဲမှမျိုးရိုးဗီဇလိုက်ပြီးအဖြစ်များတဲ့ သွေးနီဥနဲ့ ပတ်သက်တဲ့ ရောဂါ တမျိုးအကြောင်း ပြောပြချင်ပါတယ် ။
ဒီရောဂါဟာ Electropoiesis ခေါ်တဲ့ သွေးထုတ်လုပ်ခြင်း
ပုံမမှန်လို့ သွေးနီဥထဲမှ ဟေမိုဂလိုဗင် Haemoglobin( Hb ) ဓါတ်လျော့နဲ ပြီး Anaemia သွေးအားနည်းခြင်းကိုဖြစ်စေတာပါ ။Hb မှာ
Hb A1(ပုံမှန် လူတွေမှာသူက 95 -98 % ရှိပါ တယ်)
Hb A2 ( ပုံမှန် 1.5- 3.5 % ရှိတယ်။ဒီထက်ပိုများနေရင် heterogenous beta Thalassemia လို့  ပြောလို့ ရပါတယ်)
Hb F (ပုံမှန် <2% style="mso-spacerun:yes"> beta Thalassemia မှာ သူက 90%ထိ များ နေတတ်ပါတယ် )။
Hb C, Hb H နဲ့  Hb S ( ပုံမှန်လူတွေမှာ မပါဝင်ပါ)
ဆိုပြီးရှိပါတယ် ။အသေးစိတ်သိလိုရင်တော့  Electrophoresis ထပ်လုပ်ပြီး ခွဲခြားနိုင်ပါတယ်။
တကယ်လို့  Blood for Complete Picture (CP) စစ်လိုက်လို့  Hb နဲနေရင် ၊ပြီးတော့ MCV ဟာလဲ ၆၀% ထက်နဲနေရင် Electrophoresis ဆက်စမ်းသပ်မှ Hbရဲ့ 
အမျိုးအစားကို ခွဲခြားနိုင်မှာပါ။ဒါကိုကြည့်မှ ရောဂါ အကြီး ၊ အသေး ခန့် မှန်းလို့ ရမှာပါ။တချို့ လူနာတွေမှာMCV ဟာ ပုံမှန်အရေအတွက်ရှိနေတတ်တယ်
ပုံမှန်လူတွေမှာ Hb အရည်အတွက် ဟာ အမျိုးသားအတွက် 13.6
Hb ထဲမှာ ဓါတ် ၂ မျိုးခွဲနိုင်ပါသေးတယ် Haem နဲ့  Globin(Protein) တမျိုးပါ။ Haem ထဲမှာ သံဓါတ် (Iron-Fe) တွေရှိပါတယ် ။ များသောအားဖြင့် သွေးအားနည်းရောဂါ မှာ အဲဒီ သံဓါတ်တွေ လျော့နဲ နေတတ်ကြပါတယ် ။ ဒါပေမဲ့ အခုပြောမဲ့  Thalassemia မှာတော့  သွေးနီဥပေါက်ကွဲမှုကြောင့် haem ထဲမှ သံဓါတ်တွေ ဟာ သွေးရည်ကြည်ထဲမှာ ပမာဏများလာရပါတယ် ။ နောက်အကြောင်းတမျိုးက ဒီရောဂါ ရှိသူမှာ မကြာခဏသွေးသွင်းကုသမှုယူနေရတဲ့ အတွက် သွေးနီဥပျက်စီးလို့  ဖြစ်ပေါ်လာရတဲ့  သံဓါတ်တွေပေါ့ ။ ဒါကြောင့် ဒီရောဂါရှိတဲ့ သူတွေဟာ သံဓါတ်ပါတဲ့  အားဆေးများ ။ အစားအသောက်များ
(ဥပမာ အသည်း၊ နီရဲသော အသား ။ ဝမ်းတွင်းကလီစာ။ ဥ များ )ကို အလွန်အကျွံ မစားဘဲ တတ်နိုင်သလောက်ရှောင်ရပါတယ် ( သံဓါတ် သိပ်များရင်ဖြစ်တတ်တဲ့ ရောဂါ Iron Overload ( Hemosiderosis ) ရဲ့ လက္ခဏာ များကိုနောက်ပိုင်းမှာ သီးခြားရေးပြပါမယ်။
ဒီThalassemia ကို အဓိကအားဖြင့်  အပြင်းစား ၊ အပျော့စား ၂ မျိုး ခွဲထားပါတယ် ။ Major နဲ့  Minor ပေါ့  ။ ပြီးတော့ တခါ Hb အမျိုးအစားလိုက်ပြီး ဘီတာ သာလာဆီးမီးယား(Beta Thalassemai) နဲ့  အယ်လ်ဖါသာလာဆီးမီးယား( Alfa Thalassemia)ဆိုပြီး ခေါ်ကြပါသေးတယ် ။ အကြမ်းဖျင်းပြောရရင် beta က ရောဂါ ပိုပြင်းထန်လို့  major ပေါ့ (ဒါက သူ့ ရဲ့  မိဘ ၂ဦးစလုံး major ဖြစ်နေရင် ။
ဒါမှမဟုတ် မိဘ တပါးကmajor ,တပါးက minor ။ ဆိုရင် မွေးလာတဲ့  ခလေး မှာ major ဖြစ်ဖို့ 
အခွင့်အလန်းပိုရှိတယ် )
မိဘတဦးတည်းက major ဖြစ်ပြီး နောက်တဦးက ပုံမှန် လူဆိုရင် မွေးလာတဲ့ ခလေး တွေထဲမှာ major ဖြစ်ဖို့  အခွင့်အလန်း တဝက်မှ ၁/၄ ပုံ ထိဘဲ ကျန်ပါတယ် ။ တချို့ တဝက်ဟာလဲ လုံးဝလူကောင်းပကတိ ဖြစ်နိုင်ပါတယ် ။ minor ထဲမှာလဲ alpha thalassemia minor မှာ လုံးဝရောဂါလက္ခဏာ မပြတဲ့  type 2 ဆိုတာရှိပါသေးတယ်
အသေးစိတ်ပြောရရင် နားရှုပ်ကုန်မှာ စိုးလို့ အကြမ်းဖျင်းလောက်ဘဲ ပြောပါမယ်။
နောက်တမျိုးပိုဆိုးတာက alfa, beta ၂ခုလုံးမပါဘဲ gamma chain သာပါတဲ့ Bart’s Hb (မိဘ၂ဦးလုံးမှာတဦးကalfa ချို့ တဲ့ ပြီးနောက်တဦးက beta ချို့ တဲ့ပြီးကလေးမှာ alfa တခုမှမပါလာရင်) ဒီ ကလေး ဟာအတော် ကံဆိုးပါတယ် ။အောက်စီဂျင်ဓါတ်လုံးဝ မသယ်ဆောင်နိုင်လို့  ရက်ပိုင်းလောက်ဘဲ
အသက်ရှင်နေနိုင်တယ်။
Alpha thalassemia minor ကို မိဘတဦးတည်းဆီကဘဲ အမွေရထားတဲ့  သူတွေ တချို့ လဲ ဘာရောဂါလက္ခဏာမှမပြပါဘူး ။ တချို့ လဲ လက္ခဏာ သိပ်မပြင်းထန်လို့ လူ တန်းစေ့အသက်ရှည်နိုင်ကြပါတယ်။
ရောဂါလက္ခဏာများ
သွေးအားနဲတဲ့ လက္ခဏာတွေကို လူတိုင်းနီးပါးသိကြားဖူးနေကြမှာပါ။
မောတယ် ၊ ရင်တုန်တယ် ၊ နှလုံးခုန်ချက် မမှန်ဘူး ။ ခေါင်းမူးတယ် ၊ အစားအသောက်ပျက်တယ် ၊ အားလျော့ ပြီးလှုပ်ရှားချင်စိတ်မရှိ။ပျော့ခွေနေတယ် ။ဒါက ပုံမှန်တွေ့ နေကျ လက္ခဏာတွေ။
ပိုဆိုးတဲ့ အခါကျရင် အသားဝါမယ် ၊ ဘေလုံးကြီးလာမယ်။ အသည်းကြီးမယ် ခြောက်မယ် ။နှလုံးပွမယ် ။ကြီးမယ်။အရိုးပွပြီး အရိုးကျိုးလွယ်မယ်။ခြေထောက်အနာတွေပေါက်မယ်။သည်းခြေကျောက်တည်မယ် ။
ဒါက ရောဂါရှိနေသူ ခလေးတဦးပုံပါ။ ကြည့် လိုက်ရုံနဲ့ ဒီရောဂါဆိုတာ သိသာထင်ရှားလှ
ပါတယ်။
ကုသခြင်း
သွေးသွင်း ကုသခြင်းမှလွဲလို့  ထူးထူးထွေထွေ ရွေးချယ်စရာ နည်းလမ်းမရှိပါဘူး
Hb ရှိသင့် တဲ့  ပမာဏကို သာမန်လူကောင်းတွေအတိုင်း စံချိန်အပြည့် ထားလို့ တော့မရနိုင်ပါဘူး ။ ဒါပေမဲ့  Hb များနိုင်သမျှ များနိုင်ရင် အကောင်းဆုံးပါ ။ အနည်းဆုံး
ဘေလုံးကြီးနေတဲ့  ခလေးတွေမှာဆိုရင်ဘေလုံးထဲမှာ ရှိတဲ့  Microphage ခေါ် ဆဲလ်များက သွေးနီဥ အကောင်းတွေကို ဝါးမြို ဖျက်ဆီးတတ်ကြလို့  အဲဒီ ကြီးနေတဲ့ ဘေလုံးကို ဖြတ်ထုတ်ခြင်း ( Splenectomy ) ဖြင့် သွေးနီဥများအချိန်မတိုင်ခင်ပျက်စီးမှုမှ တားဆီးပေးနိုင်ပါတယ်.။ ဒါပေမဲ့ ဒီဘေလုံးထုတ်ထားပြီးသားသူတွေမှာ ကိုယ်ပိုင်ခုခံနိုင်တဲ့ စွမ်းအား ( Immunity ) ကျဆင်းနေတတ်လို့  ပြင်ပမှ ကူးစက်ရောဂါများအလွယ်တကူ မဝင်နိုင်အောင် ဂရုစိုက်ရပါမယ် ။
သွေးသွင်းခြင်းမှ ဖြစ်ပေါ်တတ်သောနောက်ဆက်တွဲ ပြသနာများ။
သွေးမတည့် လို့  Allergy ဖြစ်တာ ။ Shock ဖြစ်တာတွေက ကြားဖူးနေကျတွေပေါ့ သွေးအုပ်စုခြင်းမတူတာကို သေချာမစစ်ဆေးဘဲ သွေးမှားသွင်းလို့  ဒုက္ခရောက်ကြတာ ဖြစ်တတ်ပါတယ် ၊ဒါက ပေါ့ ဆမှု ကြောင့်လေ ၊၊ လုံးဝ မဖြစ်သင့်ဘူး ။
တချို့ ကျတော့ သွေးအုပ်စုခြင်းတူပေမဲ့  အဲဒီသွေးလှူသူ Donor ရဲ့  သွေးထဲမှသွေးဖြူဥထဲမှာပါတဲ့  ဓါတ်တချို့ (ဥပမာ miA )့ ကို Recipient လက်ခံသူ မှ မတည့်တာတွေ လည်းဖြစ်တတ်တယ်။ဒါကြောင့်သွေးသွင်းဆဲနှင့်သွင်းပြီး ချိန်မှာ ချမ်းတုန်ခြင်း ၊ ဖျားခြင်း၊ ယားယံခြင်းတို့  နဲစေရန် Antihistamine ပါတဲ့  ထိုးဆေး(ဘာမီတွန် လို ဆေးမျိုး) ကို သွေးမသွင်းမီ ကြိုတင်ပေးကြပါတယ် ။ ဖြစ်နိုင်ရင်တော့  Washed RBCs( WBC,Platelet ဖယ်ထုတ်ပြီးသားသွေး) ကို ဒါရိုက်သွင်းရရင် ဒီလို ဘေးထွက်ဆိုးကျိုးလေးတွေ နဲစေတာပေါ့။ နောက်တခုကောင်းချက် က သွင်းရတဲ့ သွေးရဲ့ ပမာဏ နဲ သွားလို့  နှလုံးထဲ အရည်များပြီးကြီးနေတဲ့ လူတွေအတွက် ပိုသင့်တော်ပါတယ် ။
တချို့ တလေလည်း Donor သွေးရည်ကြည်ထဲမှ ပါလာတဲ့  ခုခံမှုဓါတ် Antibodyကြောင့်
လက်ခံသူ ရဲ့  သွေးနီဥများ ဟာမကြာမီအချိန်ပိုင်းအတွင်းပေါက်ကွဲပျက်စီးရလို့ 
ခေါင်းကိုက်ခြင်း ။ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ရင်ဘတ်အောင့်ခြင်း၊အသက်ရှူကြပ်ခြင်းများဖြစ်တတ်ပြီး ။
ပြင်းထန်ရင်တော့ နာရီပိုင်းအတွင်း shock ရပြီး အသက်အန္တရာယ်ရှိတဲ့ အထိ
ဖြစ်တတ်တယ်။တခါတလေလည်း လှူသူရဲ့ သွေးမှတဆင့်  ကူးစက်ရောဂါ များရတတ်ကြတယ်
( လူတွေအကြောက်ဆုံး က AIDS , Hepatitis B & C စသဖြင့်ပေါ့ ။ ဗမာပြည်မှာတော့ ဒီနည်းနဲ့ 
ငှက် ရောဂါပိုးကူးစက်ခံရသူများ မနဲလှပါဘူး )
နောက်တမျိုးကတော့ မကြာခဏသွေးသွင်းကုသမှုခံယူနေရတဲ့ အတွက် သွေးထဲမှာ သံဓါတ်များလွန်ကဲခြင်း(Iron Overload) ရှိလာရပါတယ် ။အဲဒါကို ဆေးပညာ အရ Hemosiderosis သို့ မဟုတ် Hemochromatosis လို့ ခေါ်ပါတယ်။ တချို့ တလေမှာ သာလာဆီးမီးယားရောဂါလဲမရှိ ၊ မကြာခဏသွေးသွင်းကုသမှုခံယူရခြင်းလဲမရှိဘဲနှင့် တခြားမျိုရိုးဗီဇ ရောဂါတခု အနေနဲ့ ဖြစ်နေရတာပါ ၊
ပုံမှန်လူတဦးရဲ့  သွေးထဲမှာ သံဓါတ် (Fe ) 50 – 150 microgm/dl , Normal Serum Ferritin 18 – 300 ng/ml range အတွင်း ရှိရမှာ ဖြစ်ပါတယ် ။ သာလာဆီးမီးယားရောဂါအပြင် သိုင်းရွိုက်ဂလင်း ပုံမှန်ထက်ပိုတက်ကြွမှု ရောဂါ။ အသည်းအဖုအကြိတ်ရောဂါ ၊ သားငန်ကြိတ် ။ ရင်သား ကင်ဆာ။ လူကီးမီးယား သွေးကင်ဆာ အစရှိ တဲ့ ရောဂါတွေမှာလဲ သံဓါတ်လွန်ကဲ ခြင်းများကိုတွေ့ ရပါတယ် ။ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ် သွေးထဲ မှာ သံဓါတ်လွန်ကဲမှု သိပ်များရင် မကောင်းဘူးပေါ့
အသည်းကြွတ်ခြောက်ခြင်း ။ အရေပြားမှာ ကြေးနီရောင် အကွက်ပေါ်ထွက်ခြင်း။ ဆီးချို ဖြစ်ခြင်း ။ နှလုံးကြွက်သားထိခိုက်ခြင်း ။ နှလုံးခုန်ချက်မမှန်ခြင်း။ အဆစ်အမြစ် ကိုက်ခဲခြင်း ။ဝမ်းဗိုက် ကြွက်သားအောင့်ခြင် ။ လိင်အင်္ဂါဖွံ့ ဖြိုးမှု ထိခိုက်ပြီး လိင်ဖက်ဆိုင်ရာ ဝေဒနာများခံစားရနိုင်ပါတယ်
သံဓါတ် လွန်ကဲခြင်း အတွက် ကုသမှု။
အရင်တုံးကတော့ သွေးပြန်ကြောထဲမှနေပြီး သွေး 500 Cc ကို တပါတ်တကြိမ် ဖေါက်ထုတ် သံဓါတ် 250 mg ကိုလျော့ နဲ စေတယ်ဆိုကြတယ် ။ ဒါပေမဲ့  နဂို ကတည်းမှ သွေးအားနည်းနေသူတွေဆီမှ ဖေါက်ထုတ်နေရမယ်ဆိုရင် ပိုဆိုးတော့မပေါ့  ။ နောက်ပိုင်းမှာတော့  သွေးထဲမှ သံဓါတ်ချပေးတဲ့  ထိုးဆေး ၊ သောက်ဆေးများထုတ်လုပ်နိုင်လာကြလို့  ဒီသွေးဖေါက်ထုတ်တဲ့ နည်းကို မသုံးကြတော့ပါဘူး ။
ထိုးဆေး Deferoxamine ကို 20- 40 mg/Kg/24 hr နှုံးနဲ့  တွက်ချက်ပြီး အရေပြားအောက်သို့  ထိုးခြင်း ၊ အကြောဆေးသွင်းခြင်းတို့ ဖြင့်  ကုသနိုင်ပါတယ် ။ဒါမှမဟုတ် သောက်ဆေး Desferal , Kelfer(deferiprone)ကို တနေ့  500 မှ 1000 mg နှုံးနဲ့  ပုံမှန်သောက်သုံးရမှာပါ ။
ဒီလိုမျိုး ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်းလိုက်နာ နေထိုင် ဆောင်ရွက်ပေးရင် minor လို အငယ်စား ဒီရောဂါ ခံစားနေရသူများဟာလဲ လူကောင်းပကတိနှင့် မခြား သက်တန်းစေ့ နေနိုင်ကြောင်း ပြောပြချင်ပါတယ် ။
(ရေးစရာ သွေးရောဂါတွေ တပုံကြီးထဲမှာမှ ဘာလို့  ဒီသာလာဆီးမီးယားအကြောင်းကိုမှ ရွေးပြီးရေးရတာလဲ ဆိုတာ သက်ဆိုင်သူတွေ ဖတ်ဖြစ်ပြီး မသိဘူး လို့  မဖြစ်ရအောင်ပါ ။ မရှင်းလင်းတာ ၊ သိလိုတာရှိရင်လဲ ဆွေးနွေးနိုင်ပါတယ်။စိတ်ရှည်ရှည်ထားပြီးအဆုံးထိဖတ်တာ ကျေးဇူးတင်ပါတယ် )
တချိန်တခါက ရူးရမလောက် စွဲလန်းခဲ့ ဘူးတဲ့ သူတယောက် ။
အဲဒီအချိန်တွေတုန်းက ပြုံးမြမြ မင်းရဲ့ အရိပ် ကြောင့် ၊
ငါ့ ရင်ထဲ စိတ်ထဲ ဦးဏှောက်ထဲ မှာ မိုက်မဲစွာစွဲ လန်း
မင်းမှမင်း တယောက်ထဲပါဘဲလေ။
အချစ်ဆိုတဲ့  ဒီအရာကို ဖွဲ့ ဆိုကျူးတဲ့  အဓိပ္ပါယ်များစွာတွေမှာ
ရင်ခုန်ခြင်း၊ ချိုမြိန်ခြင်း ၊အေးမြခြင်း၊ ပူလောင်ခြင်း၊ပျော်ရွှင်ခြင်း ၊
ကြေကွဲခြင်း ၊ ပေးဆပ်ခြင်း ၊ရယူခြင်း…ခြင်းပေါင်းများစွာနဲ့ 
ဒင်းအကြောင်းတွေ ဖွဲ့ မကုန်နိုင်ခဲ့ပါဘူး။
တိတ်တိတ်လေးချစ်တာတို့  ကြိတ်မှိတ်ပြီးချစ်တာတို့ ၊
ဇွတ်အတင်းချစ်တာတို့ မလွတ်မကင်းချစ်တာတို့ ၊
သောင်းပြောင်းထွေလာ ချစ်နည်းအဖြာဖြာမှာ၊
ကိုယ်မင်းကို ဘယ်ပုံနည်းနဲ့  ချစ်ခဲ့ မိတာပါလိမ့်။
ရူးသွပ်စွာချစ်ရခြင်းမှာ ဥပက္ခာပြုတာ ခံခဲ့ရပြီး
ပေးဆပ်ခြင်းနဲ့ ဘဲချစ်ပါရစေလို့ ဟိုတချိန်ကထင်ခဲ့တယ် ။
အပြောကျယ်တဲ့ ချစ်ပင်လယ်ကြောမှာ ပဲ့ မရှိတဲ့ လှေငယ်တစင်းလို
ကိုယ့် ဘဝ စုန်ဆန်မြောခဲ့ ဘူးတာပေါ့။
ခုတော့သိပြီလေ ၊ မကြင်နာရင် ဝေးဝေးနေပါ .ငါ့ဘဝနဲ့ ငါ အေးဆေးစွာနေပါရစေ ၊
မခင်တွယ်ချင်ရင်လဲ နေပါတော့ မင်းနဲ့ ငါဟာ တစိမ်းတွေပါဘဲ ။
ဒါပေမဲ့  …. ငါမင်းကို မမုန်းရက်ပါဘူး ။
နောက်ဆုံးထွက်သက်အထိ
ပြုံးပြုံးလေးနဲ့ ဆက်ချစ်မှာပါ နောက်နောင်ဘဝပေါင်းများစွာပေါ့ ။
(ခေါင်းစဉ်မရှိသော….. စာတခု ကဗျာတခု ရေးပြီဆိုရင် သူ့ အကြောင်းနဲ့ ဆီလျှော်မဲ့ ခေါင်းစဉ်လေးတော့ ရှိရမယ်ပေါ့ ။။ ရင်ဘတ်ထဲမှာ ဗလာဖြစ်နေသူယောက် ။ စိတ်ရူးပေါက်ပေါက်နဲ့ ရေးချမိတဲ့  ဒီစာပုဒ်လေးခမျာမတော့ ခေါင်းစဉ်မရှိရှာပါဘူး ။ဒါကြောင့် ဒီစာကိုရေးတဲ့ အရူးတယောက်ရဲ့ တာဝန်မဲ့ပေါ့ဆမှုလို့ ဆိုချင်ပါက လဲ ကြိုက်သလိုသာ ပြောကြပါတော့ )