Killing Field In China - Contest in speedy cooking
ဪ...ဒီပုံလေးကြည့်ပြီးစိတ်မကောင်း ဖြစ်ရသေးတယ်။ လူတွေ၊ လူတွေ ကိုယ့်ပါးစပ်နဲ့ လျှာတဖျားခဏတာ အရသာခံဖို့ အတွက်နဲ့  သတ္တဝါတွေကို အရင်ညှင်းဆဲပြီးသတ်ဖြတ်ရတယ်လို့ နော် ။
ဗုဒ္ဓဘာသာအနေနဲ့ ပြောရရင် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းကြဖို့ ပါ။ အဲဒီထဲက ဦးဆုံးတပါးဖြစ်တဲ့ ပါဏာတိပါတာ-သူတပါးအသက်သတ်ခြင်း မှရှောင်ကျဉ်ဖို့  အရေးကြီးပါတယ် ။ ကိုယ်ကိုယ်တိုင်ကလည်းပါရမီရှင်တဦးမဟုတ်သေးတော့ တပါတ်တခါမွေးရက်မှာ သက်သတ်လွတ်စားရုံကလွဲလို့  အစဉ်အမြဲလည်း အသားမစားဘဲ မနေနိုင်သေးပါ။ သတိလက်လွတ်ဖြစ်တဲ့ အခိုက်အတန့် လေးမှာ ကိုယ့်လာကိုက်တဲ့ ခြင်လေး ။ပိုးကောင်လေးတွေ ကို သတ်မိတဲ့အခါတွေလည်းရှိပါတယ် ။
ဒါပေမဲ့ ခုလို သူတပါးအသက်ကို ရက်ရက်စက်စက် အရင်ညှင်းဆဲပြီးမှ သတ်တာမျိုး တွေ့ လိုက်ရတော့ ကြည့် နေရင်းနဲ့ ကြက်သီးတောင်ထမိပါတယ် ။
အရင်က ထိုင်ပေမြို့ ထဲ ဝမ့်ဟွာ ညဈေး မှာ တိုးရစ်တွေအလာများတဲ့ နေရာတခုမှာ အဲဒီလို ဆန်ဆန်မြင်ကွင်းမျိုးလေးတွေ တွေ့ ခဲ့ဖူးပါတယ် ။ မြွေ နဲ့ လိပ်ကလေးတွေကို အရှင်လတ်လတ် ဗိုက်ခွဲပြီးထွက်လာတဲ့ သွေးစိမ်းရှင်ရှင်ကို အရက်နဲ့ ရောပြီးသောက်ဖို့ ရောင်းတဲ့ ဆိုင်တွေ ။ အားတိုးဆေးဆိုပြီးကြော်ငြာရောင်းနေတဲ့ ဆိုင်တွေ အများကြီးရှိခဲ့ ဘူးပါတယ် ။ အခုဆိုရင်တော့ လူမြင်ကွင်းမှာ ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေ မလုပ်ရ ဆိုပြီး အစိုးရက တားဆီးပိတ်ပင်ထားတဲ့ အတွက် ဒီပြကွင်းတွေ မရှိတော့ပါဘုး ။
အခုမြင်ရတာကတော့ တရုပ်ပြည်မကြီးက အချက်အပြုတ်ပြိုင်ပွဲတခုပေါ့ ။ အမြန်အချက်ပြိုင်ကြတယ်ပေါ့နော်။
ခုဆိုရင် ကိုယ်တို့ အမိမြန်မာပြည်ကြီးမှာလည်း တရုပ်ယဉ်ကျေးမှုတွေ တစတစနဲ့ မသိမသာ လေး နေရာယူစပြုနေပြီမို့  ဒီလိုပြိုင်ပွဲမျိုးတွေ တနေ့ နေ့ မှာ ဖြစ်ပေါ်မလာစေဖို့  ဆုတောင်းယုံကလွဲပြီး ဘာများတတ်နိုင်ကြပါမလဲ နော် ။
ဤ ပါဏာတိပါတာ ကံမှ လွဲရပါလို ၏ အရှင်ဘုရား ။
တော်လှန်ရေး နေ့ မတ်လ ၂၇ ရက် နေ့  ၊ အမှတ်တမဲ့ပါဘဲ ။ ကိုယ့်ကြွေးပူနဲ့ ကိုယ်ဆိုတော့ ။ညနေက အမေ့ သတိရလို့  အိမ်ကို ဖုံးဆက်တော့ တူမလေး လာကိုင်တော့ အထူးအဆန်း ။ ဟဲ့  နင်တို့ကျောင်းမတက်ရဘူးလား လို့ မေးတော့ မှ ဒီနေ့  ကျောင်းပိတ်တယ်တဲ့  ။တပ်မတော်နေ့ တဲ့ ။
ကိုယ်တောင် နဲနဲ ကြောင်သွားတယ် ။ အရင် က တော့ တော်လှန်ရေးနေ့ လို့ ဘဲ စိတ်ထဲ စွဲခဲ့ဘူးတာကိုး။ဘယ်အချိန်က စပြီးတပ်မတော် နေ့ ဖြစ်သွားမှန်း သမိုင်းမကြေခဲ့ တော့လည်း မသိလိုက်မိဘူး ။တော်လှန်ရေးဘဲ စိတ်ထဲ စွဲ နေဘူးတာ ။ ( တကယ်ပြောတာပါ )
ဒီတော့မှ တချက်သတိထားမိလိုက်တယ် ။ ရွှေမြန်မာပြည်က ရွှေသူငယ်ချင်းလေးတွေ အားလုံး ။အားလုံး ကို ဒီနေ့  တနေ့ လုံး အုတ်လမ်းပေါ်တက်ကြတာ မတွေ့ မိပါဘူးလို့ လေ ။ တော်လှန်ရေးနေ့  အထူးစပါယ်ရှယ် အစီအစဉ်အရကိုးနတ်ရှင် ကြီးတွေလည်း အားလုံးဒေါင်းနေကြပါလားလို့  ။မူးပြီးဒေါင်းကုန်ကြသလားတော့မသိကြောင်းပါ။အင်း ၊ ဒီလိုသာ အုတ်လိုင်းပေါ်တက် လျှောက်လို့  မရတာ ကြာရင်တော့  အုတ်ကြားမြက်ပေါက် ကုန်ကြတော့မှာဘဲလို့ တွေးမိရင်း ... ရင်လေးမိပါသေးတယ်။
အားလုံးသိပြီးကြတာမို့  ဘာမှထူးထူးထွေထွေမပြောလိုပါဘူး။(ကိုယ်တိုင်ကလည်းသေချာ မမှတ်မိတော့လို့ပါ)
။ဖိနှိပ်ခံလူတန်းစားက ဖိနှိပ်ခံရတာတွေ မတရားမှုတွေ မခံနိုင်ကြတဲ့ အဆုံး ဖိနှိပ်နေတဲ့ သူတွေကို ဖီဆန်ပြီးလွတ်မြောက်ရာ ရှာကြတဲ့ အခါ၊ဒီလူတန်းစားနှစ်မျိုးအကြား မလွဲမရှောင်သာ ဖြစ်ပွားရတဲ့ ပဋိပက္ခ တိုက်ပွဲ များကို တော်လှန်ရေးလို့ ခေါ်ဆိုရမယ် ထင်ပါတယ် (ဒါကတော့ ကိုယ်နားလည်သဘောပေါက်သလို ပြန် ဖေါ်ထားတဲ့ အဓိပ္ပါယ် သတ်မှတ်မှု သက်သက်သာဖြစ်ပါတယ် ။ မှားနေရင်တော့ အမှန်ကို ဝေဖန် ထောက်ပြပေးကြပါနော် )
အခုပြောပြမဲ့ အကြောင်းလေးကတော့ ဘာမှ ကြီးကြီးကျယ်ကျယ်တော်လှန်ရေးကြီး တခုတော့မဟုတ်ခဲ့ပေမဲ့ ကိုယ့်နဲ့သက်ဆိုင်ခဲ့တဲ့ အသေးစားတိုက်ပွဲ တော်လှန်ရေးလေးတခုပါ ။ ဘာလက်နက်ကြီး လက်နက်ငယ်မှ မလိုလိုက်တဲ့ ဒီ တော်လှန်ရေးလေးအကြောင်း ခုချိန်မှာပြန်ပြီး စမြုံ့ ပြန်ရတာ အတော်လေး အရသာ ရှိလှပါတယ်။
ကိုယ်တို့ လို အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်တိုင်းပြည် ကိုယ်မနေရဘဲ မိဝေးဘဝေး သူတပါးတိုင်းပြည် လာပြီး ဘဝ ကို ရင်ဆိုင် ဖြတ်သန်း ဖို့  အလုပ် လာလုပ် နေရတဲ့ အဖိနှိပ်ခံလူတန်းစား တနည်းအားဖြင့် ပြောရရင် ကျွန်လူတန်းစား တွေ အမိမြန်မာပြည်ကြီးရဲ့ စည်းဝိုင်းအပြင်ဘက်မှာ ခုချိန်မှာဆို သန်းနဲ့ ချီပြီးရှိနေကြပါပြီ ။
ဒီလို နိုင်ငံရပ်ခြားမှာ လာပြီးရုန်းကန်လှုပ်ရှားနေရတဲ့  လူတွေ ထဲ မှာ လူတိုင်းရာနှုန်းပြည့် အဆင်ပြေနေကြတာမဟုတ်ပါဘူး ။ မသိတဲ့ သူတွေကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင် ပိုက်ဆံတွေ အများကြီးရတယ်လို့ ဘဲ အထင်မှတ်နေကြတာ ။ မျက်ရည်တွေ အများကြီးကျခဲ့ ရတာတွေတော့  ကိုယ်ကလွဲလို့ တခြားသူတွေ သိကြမယ်မထင်ပါဘူး။
ခုလဲ ဒီကိုယ်တွေ့ ဇာတ်လမ်းလေး ပြန် အမှတ်ရမိလို့ ပါ။ ဒီလိုလေ ဒီလို ။ မှတ်မိသလောက်ပြန်ပြောရတာပေါ့ .
ဒီနိုင်ငံရောက်ခါစ စကားမတတ် ၊ စာမတတ် နဲ့  အတော်လေး ဒုက္ခ ရောက် ။သောကဝေ ခဲ့ ရတာ ။ဘာလို့လဲဆိုတော့ ကြောက်စိတ် ဆိုတာကြီးကြောင့်ပါ ။ ကိုယ်တို့ ငယ်ငယ်တုန်းက ပညာရေးစနစ်ကြီးမှာ One way teaching , Teaspoon feeding ဆန်ဆန်တွေဘဲရှိခဲ့ ကြတာ ။ ဆရာမက အတန်းထဲ ရောက်တာနဲ့  သင်ရိုးညွှန်တမ်းအရ ပါတဲ့စာတွေ တလစပ် ရွတ် ၊ ကိုယ်တို့ ကလဲ ဘုမသိ ဘမသိ အလျှင်မီအောင် မနဲအမှီလိုက်ရေး။ အချိန်စေ့လို့  ဆရာမ အတန်းအပြင်ရောက်သွားမှ အချင်းချင်း မမှီလို့ လွတ်သွားတဲ့ ကွက်လပ်ပေါင်းများစွာ လိုက်ဖြည့်ကြနဲ့  ၊ ပြီးတော့ မှန်တာရော မှားတာရော မသိ နားမလည်တာတွေရော နှုတ်တိုက် အလွတ်ကျက်ပြီး အတန်းတွေ တက်လာကြရတာလေ ။ Discussion လို ၊ ဆရာ နဲ့ ကျောင်းသားတွေနဲ့  အပြန်အလှန် ဆွေနွေးဖလှယ် ပညာ သင်ယူခဲ့ ကြရတာ မဟုတ်ခဲ့ပါဘူး ။ သင်လိုက်တဲ့ အရာတခုကို လက်တွေ့ဘဝမှာ ဘယ်လို Apply လုပ် ၊အသုံးပြုလို့ ရတယ်ဆိုတာလဲ သေချာ မသိခဲ့ ကြပါဘူး ။ဒီတော့ အတွေးအခေါ်ပိုင်းတွေ မှာ သူများတတွေနဲ့  ယှဉ်လိုက်ရင် အနဲနဲ့ အများတော့ နောက်ကျ ကျန်နေခဲ့ ကြတာပေါ့ ။
ပြီးတော့  ဆွေးနွေးမှုတွေ အပိုင်းတွေ မရှိကြတော့ လူကြားထဲ ။ လူရှေ့ မှာ ထွက်ပြောဖို့  ။ဆွေးနွေးဖို့ ကို ရှက်ကြောက် နေကြတတ်တာ များပါတယ် ။ အဲဒီ စိတ် က လူတော မတိုးဝံ့ တဲ့  စိတ်လို ဖြစ်သွားတတ် ပြီး နောင် လူအများနဲ့ ပေါင်းသင်းဆက်ဆံ အလုပ်လုပ်တဲ့ အခါ တပန်းရှုံး နေတတ်တာပေါ့ လေ ။
ဒီလိုနဲ့  ဒီမှာ နေတာ ။ လုပ်တာ ၄ -၅ နှစ်လောက် ကြာတော့ ။ကိုယ့် ပါတ်ဝန်းကျင်က လူတွေ ။ဒီကလူတွေ နေပုံ။ပြောပုံ ။လုပ်ကိုင်ကြပုံတွေ နဲ့ ရင်းနှီးသလောက်ရှိပြီး သူတို့ ရဲ့  အလုပ် လုပ်တာ ။ ဆက်ဆံတာတွေ မှတ်သင့်တာတွေလိုက် အတုယူ တတ်လာတော့ ( ရှင်းရှင်းပြောရရင် လူရည် နဲနဲလည်လာတာပေါ့ )နေရာတကာ လိုက်ကြောက်နေတတ်တဲ့ စိတ်က အတော်လေး နဲပါးသွားပါတယ် ( လူပါးဝချင်တဲ့ စိတ်တောင် တခါတရံ ဖြစ်လာတတ်လို့  မနဲထိန်းနေရတယ် )။ ကိုယ့်ဖက်က မှန်နေရင် လုပ်ရဲ ပြောရဲတဲ့ စိတ်တခု ရလိုက်တာ အမြတ်ပါဘဲ။
ဒီကအလုပ်သမားတွေဟာလည်း ဒီနိုင်ငံရဲ့  အလုပ်သမားစည်းမျဉ်းဥပဒေ အရ သူ့ အခွင့်အရေး သူခံစားခွင့်ရှိကြပါတယ်။ တချို့ အလုပ်ပိုင်ရှင် သူဌေး ကလည်း လူလည်ကျပြီး လက်တလုံးခြား သူ့ ဖက်သူယက်တဲ့နေရာလေးတွေလည်း ရှိတတ်တာပေါ့လေ ။ အလုပ်ရှင်နဲ့ အလုပ်သမား ( ခပ်ရိုင်းရိုင်းပြောရရင်တော့ သခင်နဲ့ ကျွန်ပေါ့ လေ ) ကြားထဲ ပဋိပက္ခတ်လေးတွေ ရှိတတ်ကြတာ ဓမ္မတာ ပါဘဲ ။ လူတွေက ကိုယ့်အတွက်ကိုယ်အရင်စဉ်းစားတတ်ကြတာမို့ ကိုယ်ဖက်ကနာမယ်ထင်ရင် မလုပ်ချင်ကြဘူး ။တဖက်ကလည်းကိုယ့်အတွက်ပိုပိုသာသာကျန်အောင်လိုချင်နေတတ်ကြတာ မဟုတ်လား။အင်း ဒီတော့ ဒီတော့ ဒီလို အဖြစ်မျိုးလေးကိုယ်တိုင်ကြုံတွေ့ ခဲ့ ရတော့တာပါဘဲ။
အခုလက်ရှိ လုပ်နေတဲ့ နေရာလေးကို မရောက်ခင်က YangMai လို့ ခေါ်တဲ့ မြို့ လေးမှာလုပ်နေစဉ်အခါမှာပေါ့။ အဲဒီဆေးရုံ က ပုဂ္ဂလိကပိုင်အလတ်တန်းစားလေးပါ ။ဒါပေမဲ့ သူက high way လမ်းမကြီးနဲ့ သိပ်မဝေးဘူး ။ high way ကနေ ခွဲထွက်ဆင်းလိုက်ရင် တမိနစ်စာတောင် မမောင်းရတဲ့ အကွာအဝေးလေးမှာ ရှိနေတာ ဆိုတော့ ယာဉ်တိုက် ကားတိုက်မှု ၊ အနီးနားမှာရှိနေတဲ့  Industrial Zone မှ အလုပ်သမားတွေ ထိခိုက်ဒါဏ်ရာ ရကြရင် အဲဒီဆေးရုံကို ပို့ ကြတာများတယ် ။ ဒီတော့ လူနာများ၊ အလုပ်များတယ်ပေါ့ ။ အဲဒီ သူဌေးက ဒီမြို့ငယ်လေး တခုတည်းမှာတင် ဆေးရုံ ၂ခု ရှိနေပြီးသားလေ ။
ဒီအချိန်မှာဘဲ ဒီထိုင်ဝမ်ကျွန်းနိုင်ငံလေးမှာ အနှစ်၁၀၀ အတွင်း အကြီးမားဆုံး မြေငလျှင်ကြီးတခု ၁၉၉၉- ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ မှာ လှုပ်ခဲ့ တယ် ။ လူပေါင်း ၃၀၀၀ လောက်သေကျေပြီးအပျက်အစီးနဲ့ အိုးအိမ်မဲ့တွေ အများကြီးဖြစ်ခဲ့ရတယ် ။ပြည်တွင်းပြည်ပက အကူအညီတွေ ချက်ချင်းရောက်လာကူညီကြတယ်ပေါ့ ။မှတ်မိသလောက်ပြောရရင် ဂျပန်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ ဟာ နောက်တနေ့ မှာဘဲ ဦးဆုံးရောက်လာတဲ့ ပြည်ပ ကယ်ဆယ်ရေးအဖွဲ့ ပါ။နောက်ပိုင်းမှာတော့ အနောက်တိုင်းအတော်များများက လာရောက်ကူညီပေးကြပါတယ် ။အလှူငွေတွေလဲ ပြည်တွင်းထဲမှာချက်ချင်း အစိုးရပိုင်းရော ။ပုဂ္ဂလိကပိုင်းဆိုင်ရာတွေရော ပေးပို့ ကြတာ အချိန်ပိုင်းနဲ့အမျှ ရုပ်မြင်သံကြားတွေထဲ ထုတ်လွှင့် ကြေငြာပေးနေကြတာ ။အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။
ဆေးရုံတွေက လည်းကျန်းမာရေးဝန်ထမ်းတွေ လုပ်အားပေး ကယ်ဆယ်ရေးအဖွဲ့ တွေ လွှတ်ကြတယ် ။ ကိုယ်တောင် သွားချင်လို့ စာရင်းသွားပေးတာ အမျိုးသားတွေဘဲ သွားရမယ်ဆိုလို့  သွားခွင့်မရလိုက်ဘူး ။ဒီတော့ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြရတာပေါ့ ။( ဒီငလျှင်အကြောင်းနဲ့ပတ်သက်ပြီး နောက်မှ သပ်သပ် တင်ပြပေးပါမယ် )။ ဒီလိုနဲ့  တတိယမြောက်နေ့ ကျတော့ သတင်းထဲ ကြားလိုက်ရတာ ..ကိုယ်တို့ ဆေးရုံနာမယ်နဲ့  ထိုင်ဝမ်ဒေါ်လာ သောင်း ၃၀၀ အလှုထဲ့ ဝင်ကြောင်းပေါ့လေ ။ တချို့  နာမယ်ကြီး ကုမ္ပဏီကြီး ။စက်ရုံကြီးတွေဆိုရင် ဒီထက်မက သောင်းထောင်ပေါင်းများစွာလှူကြတယ်ပေါ့ ။ ဒါပေမဲ့ နောက်မှာ ဆက်ပြောတာ အလုပ်သမားတွေရဲ့ တရက်စာလုပ်ခငွေ လို့ ထဲ့ ပြောတော့ စိတ်ထဲ မရှင်းလို့  ဆရာမ တယောက်ကို မေးကြည့်တော့မှ နားလည်တော့တယ် ။ ရွာသားအလှူ သူကြီးကောင်းမှု ပါလားလို့  ။ ရှိသမျှ အလုပ်သမားတွေရဲ့  တနေ့ စာလုပ်ခငွေ ကို ကာယကံရှင်က လှူဖို့  စိတ် ရှိတယ် ၊ မရှိဘူး အရင် မမေးမမြန်းဘဲနဲ့ ၊ နှုတ်ပြီး ။ဖြတ်ပြီး ၊ အဲဒီပိုက်ဆံတွေနဲ့ ပိုင်ရှင် သူဌေးတွေ က မျက်နှာလုပ် လှူကြတဲ့  အလှူ ကြီးပေါ့လေ ။တကယ်ဆိုရင်ဖြစ်သင့်တာ က ကိုယ်စေတနာရှိသလောက် အလှူငွေထည့်ကြပါဆိုပြီး ကောက်ခံပြီးမှ လှူတယ်လို့ ဖြစ်ရမှာပေါ့ ။
ဒီတော့ မမေးမြန်း မပြောဆိုဘဲ အလုပ်သမားတိုင်းရဲ့ တနေ့ တာ လုပ်ခငွေကို ဖြတ်တောက်ပြီး မျက်နှာလို မျက်နှာရ လှူတဲ့ အလှု မှန်းသိလိုက်ရတော့ စိတ်ထဲ တမျိုးဖြစ်သွားတယ် ။ ဒီ တရက်လုပ်ခ ငွေလေးကို နှမြောလို့ လဲ မဟုတ်ပါဘူး ။ ဒီထက်မကတာလဲ ကိုယ်လှူခဲ့ ဖူးတာဘဲလေ ။ ဒီက သူဌေးတွေ မျက်နှာလုပ် လူလည်ကျ တာကို မကျေနပ် ဖြစ်မိတာပါ ။ ဒါကြောင့် နေ့ လည် အလုပ်နဲနဲပါးတဲ့ အချိန် သူဌေးရဲ့ ရုံခန်းထဲ ထိ သွားပြီး အကျိုးအကြောင်း ပြောပြဖြစ်တယ် ။အလှူလုပ်တယ်ဆိုတာ ကိုယ်က စိတ်ထဲက ရက်ရောစွာနဲ့  စေတနာအပြည့် နဲ့လှူရတဲ့ အကြောင်း ။ခုလို တရက်လုပ်ခ ဖြတ်ပြီးလှူတယ်ဆိုတာ အနိုင်ထက်စီးသဘော သက်ရောက်နေတဲ
့အကြောင်းပြော ပြတယ် ။ သူက အစပထမတော့ သဘောမပေါက်ဘူး ။ကိုယ်စိတ်ဆိုးလို့ လာ ရစ်နေတယ်လို့ထင်နေတာ။ ဒါနဲ့ အခြေအတင် ပြောကြရင်း စကားသံနဲနဲကျယ်လာလို့  သူ့ ရဲ့  စက်ကပ်ကျေး ( secretary မလေး) ကတောင် အနားမှာရစ်သီ ရစ်သီနဲ့ လာပြီး အခြေအနေလာကြည့် နေသေးရဲ့ ။ ဒီတော့မှ သူဌေးငတိ က စက်ကပ်ကျေးကို ကော်ဖီ နဲ့  စားစရာယူလာခိုင်းပြီး ကိုယ့် ကိုလည်းစိတ်မဆိုးဖို့  ။သူလည်းဒီလောက်ထိ ရှည်ရှည်ဝေးဝေး မစဉ်းစားမိလို့  ဒီလို လုပ်တဲ့ အကြောင်း ရှင်းပြပါတယ် ။ ဒီတော့ မှ ကိုယ်လည်းစိတ်ပြန်လျှော့ပြီး ငါတို့  ဗမာတွေ ၊ဗုဒ္ဓဘာသာကိုးကွယ်တဲ့ သူတွေ အလှူအတန်းရက်ရောကြတဲ့ အကြောင်း ။ ခု ကိစ္စကလည်းမလှူချင်လို့ လာပြောတာ မဟုတ်ကြောင်း ။ သူတို့ ရဲ့ တဖက်သပ်ဆန်တာကို မကြိုက်လို့  သိစေချင်တဲ့ သဘောနဲ့ပြောရခြင်းဖြစ်တဲ့ အကြောင်း ။ ပြောပြပြီး ကို့ယ့်အလုပ်ကိုယ်လုပ်ဆက်လုပ်ဖို့  သူ့ ရုံးခန်းကနေ ကျေနပ်စွာ ထွက်ခွာခဲ့ ပါတယ် ။ဘာလို့လဲ ဆိုတော့ ဒီ သူဌေးငတိ ကိုယ့်ကို ပြန်ပြောလိုက်တဲ့ စကားလေးတခွန်းကြောင့်ပါဘဲ။
ဒါက ဒီရောက်ပြီးပထမ ဦးဆုံးအကြိမ် အလုပ်ရှင်အပေါ် ကိုယ့်ရဲ့ မကျေနပ်မှုကို ဖေါ်ထုတ် အရေးဆို မှုတခုပါ ။
ကိုယ့် ဘက်က မှန်တယ်ထင်ရင် ကြောက်မနေဘဲ ပြောမှ နောက်တကြိမ် ဒီလို ထပ်ပြီးအနိုင်ကျင့် မခံရအောင် ။ နဂါးမှန်းသိအောင် တခါတလေ အမောက်ထောင်ပြရတဲ့  အခြေအနေလေးတွေ ရှိတယ်ဆိုတဲ့ အကြောင်းလေးပါ။
(နောက်ရက်မှဆက်ပြီး ဒီသဌေးငတိနဲ့  အရစ်တက်ရတဲ့ အကြောင်းဆက်ပါမယ် ။ခုလောလောဆယ်တော့ လက်ရှိ အကြွေးလေး ပြတ်အောင် လုပ်ရအုံးမှာမို့ ပါ ။) :))
Find more videos like this on FOREVER FRIENDS
ဒီလိုလုပ်တာ ကောင်းကြသေးရဲ့ လား
အခု နေ့ လည် စာ စားတာ.. ထုံးစံအတိုင်း ကွန်ရှေ့ ထိုင် ထမင်းစားရင်းနဲ့ လက်ကလည်းအငြိမ်မနေ ..ဟိုခလုပ် ဒီခလုပ်လျှောက်နှိပ်နေမိတာ မှားပါတယ် ။။ ဒီလို ဒေါသထွက်စရာ ပြကွက်တခု မြင်လိုက်ရတော့ စားလက်စ ထမင်းတောင် ဆက်မစားနိုင်လောက်အောင်ကို စိတ်တို မိတာနဲ့  ချက်ချင်းဘဲ ပြန်လည် တင်ပြလိုက်တာပါ..
လောကကြီးမှာ လူတွေ ဘယ်လို ဖြစ်ကုန်ကြပါလိမ့် ။ ကိုယ့်ယုံကြည်ရာ ကိုယ့်ဘာသာ အယူဝါဒတွေကို ကိုယ့်ဟာကိုယ် မကြည်ညိုချင်ရင်လည်း အေးအေးဆေးဆေးနေသင့်ပါတယ် ။သူများတွေ ကိုးကွယ် အထွဋ်အမြတ်ထားတဲ့  ဘာသာကို ဒီလို လုံးဝ(လုံးဝ ) မပြုလုပ်သင့် ကြပါဘူး ။
ဗုဒ္ဓ မြတ်စွာဘုရားရဲ့  ပုံတော်ကို ဒီလိုမျိုး အစော်ကားခံရတာ အတော် အသည်းနာဖို့ ကောင်းလှပါတယ် ။
ဒါတွေ ဒီလိုတွေ မဖြစ်သင့်ဘူး ။လုံးဝ လုံးဝ လုံးဝ ကို မဖြစ်သင့်ဘူး။
ရေးရင်း ဒေါသတွေ အလိပ်လိုက်တက်လာလို့  ဘာမှ ဆက်မရေးနိုင်တော့ ပါ ။
နောက်မှ ဆက်လက်ဆွေးနွေးပါရစေတော့ ။။ မျှဝေ ခံစားပေးကြပါ ။ ဒီလို ဆက်လက်မဖြစ်ရလေအောင် ဘယ်လို တားဆီးသင့်ပါသလည်း။
ဒီပုံလေးတွေကတော့ တရုပ်ပြည်က ဗမာတန်းပေါ့ ( ကမ္ဘာတဝှမ်း နိုင်ငံတွေ အတော်များများမှာ တရုပ်တန်း( ချိုင်းနားတောင်း) ..
ဆိုတာရှိနေကြတယ်လေ ။ ဒါပေမဲ့ ဗမာတန်းဆိုတာတော့ရှားတယ်ပေါ့ )
ဒီပုံတွေမှာမြင်ရတဲ့  နေရာလေးကတော့  တနင်္ဂနွေနေ့  လူအစည်ဆုံးလို့ ပြောလို့ ရတဲ့  ဝှာရှင်းကျဲ ( Hwa Shin Street ) ပါ ။
ထိုင်ပေမြို့ ရဲ့  ကျုံးဟို မြို့ နယ်လေးမှာ ။ ဗမာပြည်ကပြန်လာတဲ့ လူတွေ စုနေကြတဲ့ ရပ်ကွက်လေးတခုပါ ၊
လူဦးရေပေါင်း သုံးသောင်းလောက်ရှိတယ်ပြောတယ်။
ဒီလမ်းလေးမှာ တနင်္ဂနွေတရက်ဆို မနက်မှညနေအထိ စားသောက်ဆိုင်တွေမှာ လူအစည်ဆုံးလေ။
ဗမာ၊ရှမ်း၊ တရုပ်၊ကုလား၊ယိုးဒယား စာ အတော် စုံအောင်ရပါတယ် ။ မုန့် ဟင်းခါး ။အုန်းနို့ ခေါက်ဆွဲ ။လက်သုတ်စုံ
ကြာဆံဟင်းခါး ၊ ရှမ်းခေါက်ဆွဲ ၊ကြေးအိုး၊ ဆီချက် ၊အကြော်စုံ ။ ဘူးသီးကြော် ။မန္တလေးပဲကြော် ။ဗယာကြော်
၊စမူဆာကြော် ၊ လဖက်ရည် က အစ ၊မလိုင်၊ နံပြား ၊ပလာတာ ၊အာလူး ပူရီ ။ ဒန်ပေါက်၊ ဗမာ ဟင်းမျိုးစုံ ။
( အင်းပြောရင်းဆိုရင်းတောင်စားချင်လာပြီ)။
ပြီးတော့ ဗမာပြန်ဆရာဝန်တွေ ဖွင့် ထားတဲ့  ဆေးခန်းတွေ ၃-၄ ခု ၊dental , OG, Internal Medicine Clinic လေးတွေ..
ဗမာပြည်ကိုငွေလွှဲချင်ရင်၊ ပါဆယ်ထုပ်ပို့ ချင်ရင်လဲ ဗမာဖြစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ကနေတဆင့် ပို့ လို့ ရတယ်လေ ။
ပြီးတော့ မကြာခင်မှာကျရောက်တော့မဲ့ သင်္ကြန်ပွဲနဲ့  တခြား ပွဲတော်ရက်ကြီးတွေ..ဥပမာ သီတင်းကျွတ်မီးထွန်းပွဲ ၊လိုမျိုးလေးတွေ
ဆိုရင်လည်း ဒီနေရာလေး. ၊ လမ်း လေးကို ဟိုဘက် ဒီဘက် ထိပ် ပိတ်ပြီး အလယ် မှာ ကျင်းပကြတာများပ်ါတယ် ။ ဒီလမ်းနဲ့ တဆက်တည်း
မှာရှိတဲ့  ကျုံးရှောက်ကျဲ မှာလည်း ဗမာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တခု ရှိပါသေးတယ်
ဒါကြောင့်  ဒီနေရာလေးကို တရုပ်ပြည်က ဗမာတန်းလို့ ခေါ်ရင်လဲ မမှားပါဘူး ...
ဗမာပြည်နဲ့ ဝေးနေရပေမဲ့  ဗမာပြည်ရဲ့  အငွေ့ အသက်လေးတွေ ရနေသေးလို့  အားရက်တိုင်း ဒီနေရာလေး ရောက်ဖြစ်ပါတယ်။
အလွမ်းပြေ ..စိတ်ဖြေစရာ နေရာလေး တခုပါ ။
codebase="http://download.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=6,0,40,0"
WIDTH="525" HEIGHT="350" id="myMovieName">
ပျင်းနေလို့  ကစားဖေါ်လေးတကောင် မွေးထားတယ် ။ သူ့ ကို သိပ်တော့  မ စ ကြနဲ့ နော် ။ စိတ်မထင်ရင် ကိုက်တတ်တယ် ။
အဟဲ မျောက်ကိုက်တဲ့ နေရာ ရွှေချရတယ် လို့ တော့ ကြားဘူးတာဘဲ .. ဘာလို့ လဲတော့ မသိပါဘူး ။ သိချင်ရင် စမ်းကြည့် ကျပေါ့။
တခုခုဖြစ်ရင်တော့ ကိုယ့်ဟာကိုယ် ကြည့်ရှင်းကျ.....:) ။ဆေးဖိုးထက်ဝါးခ က ပိုဈေးကြီးတယ် ... :))
အလိုလေး .....သူရဲကားထဲကဇာတ်ဝင်ခန်းလား
လူမှားတွဲမိမယ်နော်.... |
|
မိဘတွေ ရဲ့  သားသမီးပေါ်ထားရှိတဲ့ မေတ္တာတွေ
တချို့ က ဒါကို ဝတ္တရားအရလို့  အထင်မှတ်နေကြပါတယ် ။
မိဘတိုင်းက ကိုယ့်သားသမီး တွေကို
ကိုယ့်ဝမ်းကိုယ် အငတ်ခံ ပြီး ကိုယ့်သားသမီးတွေ
လူအလည်ပုံမှာမျက်နှာ မငယ်ရလေအောင် ၊
အတတ်နိုင်ဆုံး ပြုလုပ်ပေးခဲ့ ကြတာပါ။
လူလားမြောက်တဲ့ အထိ ကျွေးမွေး စောင့်ရှောက် ။
ရှေ့ လျှောက်ရမဲ့ ဘဝတခုလုံး အတွက်
အစစ အရာရာ စီမံ ပေးခဲ့ ကြတာတွေဟာလဲ
မကျွေးချင်ရင် ၊ မပေးချင်ရင်
အသိခေါက်ခက် အဝင်နက်တဲ့ သားသမီးများ
ခလုပ်ထိမှ အမိတ တတ်ကြတဲ့  သားသမီးများ ။
ရလေ လိုလေ လောဘတွေနဲ့  မိဘကို ဒုက္ခ မျိုးစုံ ပေးနေကြတဲ့  သားသမီးများ ။
ပန်းသီးပင်ကြီးနဲ့ တူတဲ့  မိဘ ...
တဖြေးဖြေးကြီးပြင်းလာတဲ့  ကောင်လေး ...သားဆိုးလေး နဲ့  တူပါတယ်။
ငယ်စဉ်တည်းက သူ့ အတွက် ပျော်စရာ ၊ အပန်းဖြေစရာ မျိုးစုံ ပေးခဲ့ တဲ့ 
ဒီပန်းသီးပင်ကြီးအတွက် သူ ကြီးပြင်း အရွယ်ရောက်လာတဲ့ အချိန်ထိ
ဘာတခုမှ လုပ်ပေးခဲ့ ခြင်းမရှိ ခဲ့ဘူး။
လိုတဲ့ အချိန်မှာမှလာပြီး ကစားတယ်။
ဒုက္ခ ရောက်တဲ့ အချိန်မှ လာပြီး တိုင်တည်
အကူအညီတောင်းတယ် ။
သူ့ ဘဝကောင်းစားဖို့  အဝေးမှာသွားပြီး ဥစ္စာရှာဖို့ 
ပန်းသီးပင်ကြီးရဲ့  ပင်စည်ကို ခုတ်လှဲ ပြီး အသုံးချ သွားလိုက်သေးရဲ့ ။
စာဖတ်နေသူ မိတ်ဆွေရော...
အခုလို ဒီကောင်လေး ( ကြီးလာတော့ ဒီလူကြီးပေါ့ )
သူ့ လိုနေရာ မှာဆိုရင်ဘယ်လို ဆုံးဖြတ် မှာလဲ ။
သစ်ပင်ကြီးကို လှဲဖြတ် ခုတ်ထစ်ပြီး
ကိုယ်လိုရာ ကိုယ့်ခရီး ဆက် မှာလား
နောက်ဆုံးတော့လဲ ငုတ်တို သာသာ ကျန်တော့တဲ့ မသန် မစွမ်း
ဒီ အပင်အိုကြီးဆီ မှာဘဲ ပြန်လာ ။ ဘဝ အမောတွေ ဖြေ ရရင်
မိဘ သစ်ပင်အို ငုတ်တိုတိုလေးက အပြုံးမပျက်ဝတ္တရားမပျက် ၊
အသင့် ကို ဆီးကြို ပြုစု နေအုံး မယ် ဆိုတာတော့ သေချာပါတယ်။
ဒါကြောင့်......
ဒီလောကကြီးမှာ ဆန်ရေ ဆိုတာလည်း လိုအပ်ပါတယ်။
အချိန်အခါလေးပေးနေတုန်း
ပြုစုခွင့်လေးရနေတုန်း
ကိုယ့်ရဲ့  ကျေးဇူးရှင် မိဘ တွေကို တတ် နိုင်သလောက်
ကျေးဇူးဆပ်ဖို့  သတိလေးရကြရင် ဖြင့်
ဘယ်လောက် ချမ်းမြေ့ စရာကောင်းလိုက်မလဲ နော်။
ပုံတိုင်းမှာ တရုပ်လိုရော၊ အင်္ဂလိပ်လို ပါ အဓိပ္ပါယ် ရှင်းလင်းပြီးသားမို့ လို့ 
တပုံ ချင်းစီကို ဘာသာပြန် ပေးစရာ မလိုတော့ဘူး လို့ ထင်ပါတယ် ။
သူငယ်ချင်းတယောက်ပေးပို့ လာတဲ့  ပုံလေးများကို
ခံစားပြီး ပြန်လည် ဖြည့်စွက်ဖေါ်ပြလိုက်ပါတယ် ။
ဒီထက်မက နက်နဲလှတဲ့  အဓိပ္ပါယ် တွေလဲ ဒီပုံလေးကို ဖန်တီးရေးဆွဲ သူဆီမှာ ရှိနေမှာပါ။
ခုရေးပြထားတာကတော့ ဒီပုံပြင်လေးကိုကြည့်ပြီး ဖတ်ပြီးတော့
ဖြစ်ပေါ်လာတဲ့  ကိုယ့်ခံစားချက် သက်သက်သာ ဖြစ်ပါတယ်။
ကိုယ် ကိုယ်တိုင်လည်း ဒီပုံပြင်လေးထဲက သားဆိုးလို ဖြစ်နေပြီလားလို့ ပါ။
ဘာလို့ လည်းဆိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တချိန်ကတည်း က
အခြေအနေအရ .....
သူ့ ပင်စည်ကို ခုတ်ဖြတ် အဝေးထိရွက်လွှင့်နေခဲ့ရလို့ ပါဘဲ။
ခုတော့ လောကကြီးအကြောင်း သိသင့်သလောက် သိရပါပြီ။
အဆိုးနဲ့  အကောင်း ခွဲခြား နားလည်တတ်ပါပြီ။
မိဘရိပ်ဟာ အအေးချမ်းဆုံး ၊ အငြိမ်းချမ်းဆုံးဆိုတာ
သိရပါပြီ ။အချိန်တွေ မနှောင်းသေးဘူးလို့  ထင်ပါတယ် ။
ငုတ်တိုအဖြစ်နဲ့ တူတဲ့  အမေ့ရင်ခွင်ဆီ ပြန်ပြီး နားခိုချင်နေမိပြီ လေ။
အမေ.... ကျန်းမာနေကောင်းပြီး
အဝေးရောက် သားဆိုး သမီးဆိုးလေးတွေ မကြာခင် တရက်မှာ
အားလုံးပြန်ဆုံ အမောဖြေဖို့၊
ကျေးဇူးပြု ၍ စောင့်နေပေးပါ နော် ။။