“တန်ရင်ဆေး၊ လွန်ရင်ဘေး ”လို့ ဆိုရိုးစကား ရှိပါတယ် ၊ဆေးဆိုတာ လိုအပ်တဲ့ အချိန်မှာ လိုအပ်သလောက်အချိန်အဆ အတိုင်း သာ သောက်သုံးသင့်ပါတယ် ။ဆေးဆိုတာ ပဲကြီးလှော်ဝါးသလိုမျိုး အဆက်မပြတ် ဝါးနေရတာမျိုး မဟုတ်ကြောင်း လူတိုင်းသိကြမှာပါ။ ဆရာဝန်ပေးထား ပြောထားတဲ့  အတိုင်းသောက်နေတာပဲ ၊ ဘာလို့ ဒီလို တခြား ဆိုးကျိုးတွေ ဖြစ်ရတာလည်း လို့  စောဒက တက်လိုသူများ ရှိကောင်း ရှိကြပါလိမ့်မယ်။ ဆေးအတိုင်း အဆ ပမာဏ လွန်ကဲခြင်း ( Overdose ) ဆိုတာနဲ့  ဘေးထွက်ဆိုးကျိုး(Side effect) ဆိုတာ က မတူပါဘူး ။ အကောင်းနဲ့အဆိုးဆိုတာ အမြဲ ဒွန်တွဲနေတတ်တာမို့  ဆေးသောက်လို့  ရောဂါ ပျောက်ကင်းရသလို ၊ ဒီဆေးကြောင့်ပဲ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုး များလည်း ရစေတတ်ပါတယ် ။ ပေါ့စေလိုလို့  ကြောင်ရုပ်ထိုး ၊ဆေးအတွက်နဲ့လေး ဆိုသလိုပါပဲ ။ ဒါကြောင့် လူသုံးများနေတဲ့ ယနေ့ ခေတ်ပေါ် ခေတ်မှီ ဆေးဝါး အသစ်တွေ ၊ရဲ့ ကောင်းကျိုး နဲ့  ဘေးထွက် ဆိုးကျိုး လေးတွေ အကြောင်း လက်ဆင့်ကမ်း အနည်းအကျဉ်း ပြောပြချင်ပါတယ် ၊။ သာမန်အားဖြင့်တော့ အကိုက်အခဲပျောက်ဆေး ကြောင့် အစာအိမ်ထိခိုက်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးကို လူတိုင်းလိုလို သိနေကြ ပြီးသားပါ။ ဒါပေမဲ့ မထင်မှတ်ပဲ ဖြစ်လေ့ရှိတဲ့ ဆိုးကျိုးလေးတွေ တချို့က စိတ်ဝင်စားစရာ ကောင်းတာမျိုးဖြစ်နေလို့  ၊ ထပ်ဆင့်တင်ပြပေးခြင်းပါ ။
(၁) အရသာ နှင့် အခြားအာရုံများ ပျက်ပြားခြင်း ။ ( Loss of Sense of Taste and other senses)
သွေးတိုးရောဂါ နှင့် နှလုံးအရည်များပြီး နှလုံးထိခိုက်ပျက်စီးသောရောဂါ (congestive heart failure ) တို့ အတွက် အသုံးများ သော Vasotec , Renitec , (generic name enalapril) အစရှိတဲ့ဆေး ဟာ ဘေးထွက်ဆိုးကျိုးအဖြစ် အနံ့  ၊အရသာ ၊ အမြင် ၊ အကြား စတဲ့  အာရုံတွေကို ထိခိုက် ပျက်ပြားစေပါတယ် ။ အနံ့  ခံစားမှု ပျက်စီးတယ် (Anosmia) ၊ နားအူစေတယ် (tinnitus) ။ အမြင်အာရုံဝေဝါးစေတယ် (blurred vision ) ။ အဲ့  လို အသေးစားထိခိုက်မှုတွေ ရှိလာပြီဆိုရင် ကြီးမားတဲ့  ထိခိုက်မှုများ လည်း ဖြစ်ပေါ်နေ ပြီင်္ လို့  မှန်း ဆ နိုင်ပါတယ် ။
----------------------------------------------------------------------------
(၂)ကော်ဖီနှစ်ရောင် သွေးအန်ခြင်း ။
သွေးထဲမှာ ပါဝင်နေတဲ့  platelets ခေါ် သွေးခဲ စေတဲ့ဓါတ်များ စုပြီး ခဲခြင်းကြောင့်  ဖြစ်လာလေ့ရှိသော နှလုံး သွေးကြော ပိတ်ခြင်း နှင့် လေဖြတ် လေဖြန်း ရောဂါ များ ကို ကြိုတင် ကာကွယ်ရန် အလို့ ငှာ အသုံးများ လာကြ တဲ့ PLAVIX ( clopidogrel ) ခေါ် ဆေးတမျိုး ဟာ ဘေးထွက်ဆိုးကျိုး အနေနဲ့ သွေးယိုစီးခြင်း၊ ဖြစ်စေတတ်တဲ့အတွက် ၊ အစာအိမ်အနာ နဲ့  အစာအိမ်ရောဂါရှိသူ များ သတိထား သုံးစွဲရမှာ ဖြစ်ပါတယ် ။ ဒီဆေးဟာ အစာအိမ်နှင့် အူလမ်းကြောင်း တို့  အပြင် အခြား နေရာများမှာ ပါ သွေးယိုစီးစေတတ် တဲ့ အတွက် ချောင်းဆို သွေးပါခြင်း ၊ သွေးအန်ခြင်းများရှိလာပါက ဆရာဝန် ထံ အမြန်ဆုံး ပြသသင့်ပါတယ် ။ ဒါ့အပြင် ခန္ဓကိုယ် ယားယံ ခြင်း ၊ အရေပြားပေါ်မှာ ခရမ်းနီရောင် အစက် အပျောက်များ ပေါ်လာခြင်း ၊ အနီအပိန့် များ ပေါ်ထွက်ခြင်း ၊ ဝမ်းလျှောခြင်း အစရှိ တဲ့  လက္ခဏာ များလည်း ဖြစ်ပေါ်စေတတ်ပါတယ်
ဒီနေရာ မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ် ။
-----------------------------------------------------------------------------------------
(၃) အမြင်ဝေဝါးခြင်း ၊ အမြင်ပြာခြင်း ။
ဒီဆေးကိုတော့ အမျိုးသား ကြီးတွေ အတော်များများ ကြားဖူး ၊ သုံးဖူးကြမှာပါ ။ Viagra (generic name sildenafil citrate), ဆိုတာ လေ ။ အပြာနုရောင် ဆေးပြား လေးထောင့် မကျ တကျလေး ။ ညီပုလေး ထ မလာရင် ( erectile dysfunction ) သုံးကြတဲ့ဆေး ပေါ့ ။ အဲ့ဒီဆေးရဲ့  ဘေးထွက်ဆိုးကျိုးက အမြင်ဝေဝါး ခြင်း ( blurred vision ) နဲ့  အပြာရောင် အမြင်ရခြင်း ( blue vision ) တို့ ပါ ။ .ဘာကြောင့် ဒီလိုဖြစ်ရတာလည်းဆိုတော့ ၊ ဒီ ဆေးပြာလေးက မျက်စိရဲ့ အာရုံကြောမကြီး ( optic nerve ) ကို သွားတဲ့  သွေးလှည့်ပတ်မှုကို ပြတ်တောက်စေခြင်းကြောင့်ဖြစ်ပါ တယ် ။ အဲ့ဒါကို nonarteritic ischemic optic neuropathy (NAION) လို့လည်း ခေါ်ဆိုပါတယ် ။
အသေးစိပ် က ဒီမှာ ရှိပါတယ်။
-----------------------------------------------------------------------------------------
(၄) နို့ အုံကြီးထွားခြင်း( Enlarge Breast) ။
အမျိုးသား တော်တော်များများဟာ လူလတ်ပိုင်းရောက်တာနဲ့ ဆံပင်ကျွတ် ပြီး ထိပ်ပြောင်လာတတ်ကြပါတယ် ။ (နောက်ပြောင်ခြင်း သည်းခံပါ ၊ ဆိုတာ ပေါ့ ၊ သဘာဝ ကြီးက တရားပါတယ် နော် ။) အဲ့ဒီအတွက်ကြောင့် ဆံပင် ပေါက်ဆေး တွေ သုံးစွဲကြတဲ့အထဲမှာ PROPECIA ခေါ် တဲ့ဆေး တမျိုးကို အသုံးများ လာပါတယ် ။ အဲ့ဒီဆေးဟာ
testosterone နဲ့  estrogen ဆိုတဲ့  ဟော်မုန်းတွေကို မြင့်တက်စေတဲအတွက် gynecomastia လို့ ခေါ်တဲ့ နို့ အုံကြီးထွားခြင်း ဘေးထွက်ဆိုးကျိုး ကို ရစေနိုင်ပါတယ် ။ ဒါ့အပြင် အဆီဓါတ်တွေများစေလို့  လူက ဝ လာပြီး ဟိုစိတ်ဒီစိတ်( ကာမ စိတ် libido ကို ဆိုလိုတာပါ) တွေလျော့စေပါတယ် ။ (ဘုန်းကညာ တပါး လုံးရာက ဖေါင်း လာတယ် ဆိုရမယ် ပေါ့ )
ဒီထက်ပိုသိချင်ရင် ဒီမှာဆက်ဖတ်ပါ။
---------------------------------------------------------------------------------------------
(၅) ဥ အရွယ် အစား သေးငယ်လာခြင်း( Decrease in Balls' Size )
အပေါ်က အချက်နဲ့  ခပ်ဆင်ဆင်ပါ ။ ဟော်မုန်းလျော့နဲလို့ ဖြည့်ဆည်းပေးရတဲ့ Hormone Repalcement Therapy(HRT) ထဲမှာ အမျိုးသား လိင်ဆိုင်ရာ ဟော်မုန်း Testosterone ကို ပြန်လည် ဖြည့်ဆည်းပေးတဲ့ ဆေးကြောင့် ဆီးကြိတ်ကင်ဆာ ဖြစ်စေတတ်တဲ့ အပြင်၊ ဥ အရွယ်သေးငယ်သွားခြင်း (decrease in their testicles size) ၊ ငယ်ရွယ်သူ အမျိုးသားများရဲ့  သုတ်ပိုး အရေအတွက် လျော့နည်းပြီး သားသမီး မရ နိုင်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုး များ ရစေတတ်ပါတယ် ။( အကောင်းနဲ့  အဆိုး ကိုယ့်ဘာသာ ရွေးယူကြပါတော့ )
များများဖတ်ချင် ဒီမှာ ရှိတယ် ။
-----------------------------------------------------------------------------------
(၆)ကင်ဆာ၊လေဖြတ်၊စိတ်ရူးသွပ်ခြင်းများ ။ Cancer, Stroke, Dementia and Much More
EvaMist ( estradiol ) လို့ ခေါ်တဲ့ estrogen ဟော်မုန်း ပါဝင်တဲ့ ဆေးတမျိုးကတော့ အမျိုးသမီးတွေ သွေးဆုံးကိုင်တဲ့ အခါမျိုး (menopause symptoms ) မှာ သုံးပါတယ် ။ ဓမ္မတာ ကုန်လွန်တော့မယ် အသက်အရွယ်ရောက်လာတဲ့  အမျိုးသမီးတချို့ မှာ အမဓါတ် ဟော်မုန်းတွေ လျော့နည်းသွားတဲ့  အခါမျိုးမှာ ပူလိုက်အေးလိုက် ၊အထူးသဖြင့် မျက်နှာမှာနီမြန်း ( facial flush ) ပြီး ၊ ရင်တုန်တယ် ။ စိတ်ဂယောက် ဂယက်ဖြစ်တတ်တယ် ။ အဲ့ လို ခံစားမှုတွေ ပြင်းထန်တဲ့ သူမျိုးကို ဟော်မုန်း အစားထိုး ဖြည့်ဆည်းပေးရတယ် ။ ဒါပေမဲ့ ဒီဆေးရဲ့  ဘေးထွက်ဆိုးကျိုး အနေနဲ့  ကင်ဆာရောဂါ ၊ လေဖြတ်ခြင်းရောဂါ ။ သွေးခဲ ခြင်း နဲ့  dementia ခေါ်တဲ့ စိတ်ရူးသွပ်ခြင်း မျိုးတွေ ရှိတတ်ပါတယ် ။
များများသိလိုက ဒီမှာဆက် ကြည့် ပါ ။
-----------------------------------------------------------------------------------------
(၇) မှတ်ညာဏ် ချို့ ယွင်း သတိမေ့လျော့စေတတ်ခြင်း( Amnesia )
Mirapex (generic name pramipexole) လို့ခေါ်တဲ့ဆေးကို ၁၉၉၇ ခုလောက်မှ စပြီး ပါကင်ဆန်ရောဂါ( Parkinson's disease ) အတွက် အသုံးပြုခဲ့ ကြပါတယ် ၊ ပါကင်ဆန်ရောဂါဆိုတာကတော့ အသက်အရွယ်ကြီးသူတချို့  ရဲ့ ဦးနှောက် ဆဲလ်တွေထဲမှာ Dopamine ဓါတ်ချို့ တဲ့မှုကြောင့်  ခြေ တုန် ၊လက်တုန် နဲ့  အာရုံကြော များ ချို့ ယွင်းတဲ့ ရောဂါ တမျိုးပါ ။ ဒါကြောင့် သူ့ ကို အလွယ်တကူ ဖြင့် Restless Leg Syndrome (RLS) လို့ လည်းခေါ်ဆိုကြပါသေးတယ် ။ အဲဒီဆေး Mirapex ရဲ့  ဘေးထွက်ဆိုးကျိုး ကတော့ မှတ်ညာဏ် ချို့ ယွင်း သတိမေ့လျော့စေတတ်ခြင်း ( amnesia) ပါ ။ ဒါ့ အပြင် cholesterol အဆီဓါတ် လျှော့ချပေးတဲ့  ဆေးတမျိုး ဖြစ်တဲ့ Lipitor ၊ statins ကြောင့်လည်း အဆိုပါ သတိမေ့လျှော့တတ်ခြင်း ကို ဖြစ်စေတတ်ပါတယ် ။ Duane Graveline,ဆိုတဲ့ အာကာသယာဉ်မှူးဟောင်းတဦးဟာ Lipitor. ဆေးကို သောက်နေရာမှ တနေ့ ၊ အပြင်ထွက်လမ်း ခဏလျှောက်ပြီး အိမ် ပြန် အလာ မှာ သူ့ ရဲ့  မိန်းမ ကို လုံးဝ မမှတ်မိတော့တဲ့ အထိ ဖြစ်သွားခဲ့ဖူးပါတယ် ။
ဒီနေရာမှာ ဆက်ဖတ်နိုင်ပါတယ်
-------------------------------------------------------------------------------------------
(၈) မိမိကိုယ် မိမိ သတ်သေခြင်း ။
Chantix: ခေါ်တဲ့  ဆေးလိပ်ဖြတ်ဆေး တမျိုး ကြောင့်ဖြစ်စေတဲ့ ဘေးထွက်ဆိုးကျိုး က ပိုဆို ပါသေးတယ်
ဘာလို့လည်း ဆိုတော့ မိမိကိုယ်မိမိ သတ်သေခြင်း မျိုးအထိ ဖြစ်စေနိုင်လို့ပါပဲ ။ ဆေးလိပ်မပြတ်မီ အသက်ထွက် ကိန်းရှိနိုင်တာမို့  ကြိုက်ရာရွေးကြပေါ့လေ ။
" Smoking can kill you, but trying to stop can be deadly as well ”
အကြောင်းစုံ သိလိုက ဤနေရာသို့  ကြွရောက်ကြပါရန်
----------------------------------------------------------------------------------------
(၉) ထင်ယောင်မှားခြင်းနှင့် စိတ်ရောဂါများ ( Hallucinations , Psychosis )
မူးယစ်ဆေးဝါးထဲမှာ အကျုံးဝင်တဲ့ LSD ခေါ်စိတ်ကြွဆေးမျိုး ။ morphine လို့ လူသိများတဲ့ ဘိန်းဓါတ်ပါတဲ့ အနာအကျင်ပျောက်ဆေးတမျိုး ၊ အစရှိတဲ့ဆေးတွေဟာ အမြင်နဲ့ အကြားအာရုံများ ကို ထင်ယောင်ထင်မှားဖြစ်စေတတ် တာကို လူအများသိကြပြီး ဖြစ်ပါတယ် ။ ဒါပေမဲ့ Lariam ( mefloquine) လို့ ခေါ်တဲ့ ငှက်ဖျားဖြတ်ဆေးကတော့ ဒီလို ထင်ယောင်မှား ဖြစ်စေတတ်တယ် ဆိုတာကို အမေရိကန်နိုင်ငံရှိ Walter Reed Army Institute of Research မှ စစ်ဆေးတွေ့ ရှိခဲ့ကြရတာကတော့ အမေရိကန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များ နှင့် သူတို့ ရဲ့ စစ်သား အများ အပြားဟာ ကမ္ဘာ အနှံ့သွားရောက် တာဝန်ထမ်းဆောင်စဉ်အချိန်မှာ ငှက်ဖျားကာကွယ်ရေး အနေနဲ့ ဒီဆေးကို သုံးစွဲ ခဲ့ရာမှ စိတ်ဂယောက်ဂယက်ချောက်ခြား မှုတွေကြောင့် အချင်းချင်း မကြာခဏ သတ်ကြ ၊ ခိုက်ရန်ဖြစ်ပွားကြ ဖြစ် လာကြ တာကို သတိပြု မိရာမှ စပြီး သိရှိလာတဲ့ ဘေးထွက်ဆိုးကျိုး တခုဖြစ်ပါတယ် ။ ဒီဆေးကိုသုံးစွဲရာမှ စိတ်ကျခြင်း၊ ထင်ယောင်မှားခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း ၊ အပါအဝင် စိတ်ရောဂါများခံစားခဲ့ကြရ တဲ့ အကြောင်းကို ဆေးထုတ်လုပ်တဲ့  ကုမ္ပဏီမှ မှတ်တမ်း ၃၀၀၀ ကျော်မျှ တင်ထား ခဲ့ပါတယ် ။ ၂၀၀၃ ခုနှစ်က ကိန်းဂဏန်းပါ ။
ဒါကိုကြည့်ခြင်းဖြင့် ကိုကို စစ်သားများ ဘာကြောင့် တိုက်ချင် သတ်ချင် ဖြစ်ရတယ်ဆိုတာ သဘောပေါက်ကြမှာပါ။
ဒီမှာ အသေးစိတ် ...
http://oddee.com/item_96885.aspx
အကောင်းများတွေ့ ပြီး အဆိုးများ ဝေး နိုင်ကြပါစေ ...
24 comments:
မရောက်သေးဘူးလားအေ.....
Kiki ရေ ဒီတခါတော့ ဦးဦးဖျားဖျား လာဖတ်သွားပါတယ်။ ဆေးနဲ့ ပတ်သက်ပြီး အကျိုးကိုပဲ သိကြတာ များလို့ အပြစ်တွေကို သတိထားမိအောင် အခုလို ပညာပေးပို့စ်လေး တင်တာ သိပ်ကောင်းပါတယ်။
enalapril က မမ အကြာကြီး သောက်ခဲ့ရသေးတယ် Ki ရေ ခုလဲ သွေးတိုးကျဆေးက အမြဲလိုလို သောက်နေရတာ
ဒီစာလေး အတွက် ကျေးဇူး ပါ ki
သူတို့ကဘာဥတွေဥလို့...ဥအရွယ်အစားသေးသွားတာတုန်း
မကိရေ.နောက်သိချင်တာလေးတွေမေးရင်လဲဖြေပေးပါဦး.ခုလဲအသေးစိတ်ထပ်ပြန်ဖတ်ပါမည် ခုလိုရေးပြတာ အထူးကျေးဇူးတင်ပါတယ် ကျနော်လဲ ဆေးခြောက်မျိုးနေစဉ်သောက်နေရလို့ပါ.
ကျေးဇူး သိပ်များတဲ့ ပို့ (စ)လေးပါ။
သဘာဝထက်လွန်ချင်ရင်၊ သဘာဝ ကို အန်တု ဆန့် ကျင်
ချင် သူများ အတွက် သတိပြုစရာ အချက် များ လို့ 
မြင်ပါတယ်။
ဆေးမသောက်ရလေ ကောင်းလေပါပဲ
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ပါ မကီရေ အဆင်ပြေပါစေဗျာ
ဆင်ခြင်နိုင်ဖို့ ဗဟုသုတအတွက် မှတ်သားရပါတယ်
ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ
မှတ်သားမိပါတယ်။ ပို့စ်လဲ ဆုံးရော တစ်ခုပဲကျန်ပါတယ်။ ညီပုလေး ဆိုမှသတိထားမိတယ်။ ဆေးလိပ်ဖြတ်ဆေးက ဆေးလိပ်သောက်သထက်တောင် ဆိုးသည်ကော။ အင်း ကျန်တာတော့ မေ့ကုန်ပြီး။ ၂၀၀၉ ကနေ ၂၀၁၀ ဖြစ်သွားပြီး အသက်တစ်နှစ်ပိုကြီးလာပြီးနော်။
အရမ်းအကျိုးရှိတဲ့ပို့စ်လေးပဲ
ကျမအမေက နေ့တိုင်းသွေးကျဆေး
နှလုံးဆေး အမျိုးစုံသောက်နေရတာပါ
ဖွားကီ ဘယ်တွေပျောက် ဆေးပညာတွေ သတိထားပြီး ဖတ်သွားတယ် သတိထားဦးမှ
လေးစားလျက်
တောင်ပေါ်သား
ကွိကွိစ်ရေ...
ဆေးတွေအများကြီးသောက်ရတာ ကြောက်စ်စရာဂျီးနော်...
ဖတ်ရတာ ကျေးဇူးးးးးး
ခင်မင်တဲ့
ဏီလင်းညို
ဟဟ ညီပုလေး နဲ့ ဥ
ဥနဲ့ ညီပုလေး ခွဲမရ တွဲလျှက်ပဲ
ပုံလေးကြည့်ပြီးရီရသေးတယ် အမား လုပ်ချက်တော့
ဖတ်ပြီးအကျိုးရှိလိုက်တာအမားရာ
အိမ်ထောင်သည် ပူပူနွေးနွေးဆိုတော့ လေ့လာလိုက်စားရအုန်းမယ် အမားရ
ဟာ။။။တကယ်ကောင်းတဲ့ ပို့စ်ဗျာ။ ကျေးဇူးတင်ပါတယ်။
တအားဗဟုသုတရစေတဲ့ ပိုစ်လေးပါပဲ..
လာလည်သွားပါတယ်ဗျာ အကျိုးရှိတဲ့ ပို့စ်လေးပါဘဲ
အလွန်အကျိုးများတဲ့ ပို့စ်ပါဘဲ ကီကီရေ.. သတိထားစရာ မှတ်သားစရာတွေ ပါဘဲ..
မှတ်သားစရာပါပဲဗျာ...
မှတ်သာသွားတယ်။ ဆေးလဲတော်ရုံသောက်ဘူး။ ဆေးသောက်ရတာ ကြောက်လို့ ဆေးထိုးရင် ပြေးတယ်။ :)
Great news, everyone! Today all of us covetous of needs quest of some sanctuary of mend and harmony.
Completele the only is [url=http://thecutestsiteintheworld.com]this[/url] site.
last week our group held a similar discussion about this topic and you show something we have not covered yet, thanks.
- Lora
Find and pick some good points from you and it helps me to solve a problem, thanks.
- Henry
Maybe I`ll be Captain Obvious, but... it's only few days to New Year last, so let's be happy!
Hoho3ho!)
Post a Comment