ဖြစ်ရလေခြင်း ....
ဖြစ်နေကြ မဟုတ်တာတွေ ဖြစ်တဲ့ အခါ ထူးဆန်းတယ် လို့  ဆိုကြတယ် ။ ဒီလို ထူးဆန်းတာလေးတွေက သနားစရာ ဖြစ်ရတဲ့ အခါ ဖြစ်ရလေခြင်းရယ် လို့  မှတ်ယူ ကြတယ် ။ ခုတခါ လည်း ဒီလို ဖြစ်ရလေခြင်း တွေကို ထပ်မံ စုစည်းတင်ပြပေးလိုက်ပါတယ်။
တရုပ်ပြည်သူ့ သမ္မတ နိုင်ငံ အရှေ့ မြောက်ဖက်ပိုင်း Liaoning ပြည်နယ်၊ Shenyang မြို့ ရှိ Shengjing ဆေးရုံ မှာ ၂၀၁၀ မတ်လ ၂၂ ရက်နေ့ က တွေ့ ရတဲ့ အသက် ၆ နှစ်သားလေး တယောက် ဟာ၊ မွေးရာပါ ခြေချောင်းလက်ချောင်း စုစုပေါင် ၃၁ ချောင်း ပါရှိပြီး ၊ ခွဲစိပ် ကုသဖို့  စီစဉ် စောင့်ဆိုင်း နေစဉ်က တွေ့ ရတဲ့ ပုံများ ပါ ။
သူ့ ရဲ့  ညာဘက်လက်ချောင်းမှာ လက်မ အပွားလေး အပါအဝင် လက်ချောင်း ၈ ချောင်း နဲ့  ဘယ်ဘက်မှာ လက်ချောင်း ၇ ချောင်း ရှိနေပါတယ် ။
ခြေချောင်းတွေဟာလည်း တဖက်ကို ၈ ချောင်းစီ ပါဝင်နေတာ မို့  အားလုံးစုစုပေါင်း ၃၁ ချောင်းရှိပါတယ် ။ အရင်က ကမ္ဘာ့ စံချိန်တင်ထား ခဲ့ တာကတော့ ခြေချောင်း လက်ချောင်း စုစုပေါင်း ၂၅ ချောင်း ဖြစ်ပါတယ် ။
အဲ့လို လက်ချောင်းခြေချောင်းအပို အပွားများထွက်နေခြင်းကို polydactyly လို့ ခေါ်ပြီး သူက autosomal dominant မျိုးရိုးဗီဇ ရောဂါ တမျိုးဖြစ်ပါတယ် ၊ တချို့ မှာ ကျတော့ လက်ချောင်းခြေချောင်းများ ပူးကပ်နေတတ်ကြပြီး syndactyly လို့ ခေါ်ပါတယ် ။ ဒီလို ပိုနေတာ၊ ပူးကပ်နေတာတွေကို ပလပ်စတစ်ဆာဂျရီ ခေါ် အနုစိပ် ခွဲစိပ်ကုသနိုင်ပါတယ် ။
ဒီနေရာမှ ရတဲ့ အကြောင်းအရာပါ ။
....................................................................................
ဒီအောက်က ပုံ မှာတော့ ခွဲစိပ်ဆရာဝန်တဦး သူ ကိုယ်တိုင် အခွဲအစိပ်ခံရဖို့  ဖြစ်လာတဲ့ အချိန်မှာ သူ့ ကို ခွဲစိပ်ပေးမဲ့သူမရှိတဲ့ အတွက် သူကိုယ်တိုင် လူနာ လုပ်ပြီး သူကိုယ်တိုင်ပဲ ဆရာဝန် လုပ်ကာ ကိုယ့် ကိုယ်ကိုယ်ပြန်လည် ခွဲစိပ် ကုသလိုက်ရတဲ့ အဖြစ်အပျက်တခုပါပဲ ။ ဒီအကြောင်း က ၁၉၆၁ ခုနှစ် က ရုရှားနိုင်ငံ မှာ တကယ်ဖြစ်ခဲ့တာပါ ။
အသက် ၂၇ နှစ်ရှိတဲ့  ခွဲစိပ်ဆရာဝန် Leonid Rogozov ဟာ ၁၉၅၉ ခုမှာ ဆရာဝန်ဘွဲ့  ရရှိပြီး နောက် အန်တာတိက ဝင်ရိုးစွန်း လေ့လာရေး Novolazarevskaya station မှာ တာဝန်ထမ်းဆောင် နေစဉ် ၊ ၁၉၆၁ ခုနှစ် ဧပြီလ ၂၉ ရက် ရုရှားနိုင်ငံ ရဲ့  ဆောင်းတွင်း ရာသီဥတုဆိုးဝါးနေတဲ့ တည မှာ သူ့  ရဲ့ ဝမ်းဗိုက် ညာဘက် အောက်ပိုင်းမှာ ရုတ်တရက် နာကျင်လာပြီး အော့အန်ကာ အဖျားတက် လာပါတယ် ။ ဒါကြောင့် သူ့ တကိုယ်လုံး နာကျင် နှုန်းနယ်နေပြီး လှုပ်ရှားဖို့  အားအင်ချိနဲ့ လာပါတယ် ။ သူ့ ကိုယ်သူ ပြန်လည်စစ်ဆေးချက် အရာ အူအတက် ရုတ်တရက် ယောင်ယမ်းခြင်း(acute appendicitis ) လို့  ရောဂါ အမည် တပ် နိုင်တဲ့ အတွက် အလျင်အမြန် ခွဲစိပ်ကုသမှု ခံယူဖို့  လိုအပ်နေပါတယ် ။ သူတာဝန်ထမ်းဆောင်နေတဲ့ အရပ်မှာ ဆရာဝန်ရယ်လို့ သူတယောက်သာ ရှိပြီး ရာသီဥတုဟာလည်း အင်မတန်ဆိုးဝါးနေတာမို့  သူ့ ကို၊ စိတ်ချရမဲ့ ဆေးရုံထိဟယ်လီကော်ပတာ နဲ့ သယ်ဆောင်သွားဖို့ အစီအစဉ် ကလည်း ဘယ်လို မှ မဖြစ်နိုင်ခဲ့ပါဘူး ။ ဒါကြောင့်မို့  မခွဲ မဖြစ် တဲ့ သူ့  အခြေအနေအရ သူ့  ကိုယ်သူ ပဲ ခွဲစိပ်ဖို့  ဆုံးဖြတ်လိုက်တယ် ။ သူ့ ကို အကူအညီ ပေးမဲ့ သူတွေ ထဲ မှာလည်း ဆေးဘက်ဆိုင်ရာ နားလည် ကျွမ်းကျင်သူ တဦးမှ ရှိ မနေတဲ့ အတွက် အင်ဂျင်နီယာ တဦး နဲ့ မိုးလေဝသ ပညာရှင် တဦးက သူ့ ခွဲစိပ်မှု ကို ကူညီ ခဲ့ပါတယ် ။
သူ့ ဗိုက်ပေါ် မှာ ထုံဆေး ထိုးကာ မှန်တစ်ချပ်တင်ပြီး သူ့ ကိုယ်သူ ခွဲစိတ်မှု ကို စခဲ့ပါတယ် ။ဝမ်းဗိုက် အရေပြား ပေါ်မှာ ဓါးနဲ့ ၁၂ စင်တီမီတာ အရှည်မျှ ခွဲလိုက်ပါတယ် ၊ နာရီဝက်လောက် အကြာမှာတော့ သူ့ မှာ အားအင်ကုန်ခမ်းလာ ပြီး နာကျင်မှုကြောင့် ရှော့ခ် ရလု နီးပါး ဖြစ်ခဲ့ ရလို့  နားနေရပါသေးတယ် ။ ဒီနောက် အားမလျှော့ ပဲ ဆက်လက် ခွဲစိပ်ခဲ့ရာ မှာ စုစုပေါင်း ၁ နာရီ ၄၅ မိနစ် အကြာမှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ် ။ ခွဲပြီး ၅ ရက် အကြာမှာ အဖျားကျပြီး ပုံမှန် အခြေအနေပြန်ရောက်လာကာ ၇ ရက် အကြာ မှာ အနာကျက်လို့  ချုပ်ရိုးဖြေ နိုင်ခဲ့ ပါတယ် ။
Dr. Leonid Rogozov
တောင်ဝှေးလဲတာ ဖိုးသူတော် ကယ်နိုင်ပေမဲ့ ဖိုးသူတော် လဲတဲ့ အခါကျ တောင်ဝှေးက မကယ်နိုင် ဆိုသလို ပါပဲ ။ သူဟာ လူနာတွေ အများကြီးကို ခွဲစိတ်ကုသ အသက်ကယ်နေခဲ့ ပေမဲ့လည်း သူခွဲစိပ်ခံဖို့  အချိန်မတော့ ကယ်မဲ့သူ မရှိ ခဲ့ ပါဘူး ။ ဒါပေမဲ့ စိတ်မလျှော့ပဲ သတ္တိရှိရှိနဲ့  ဒီလို ခက်ခက်ခဲခဲ ကိုယ်တိုင် ပြန်ခွဲစိပ်ကုသ နိုင်ခဲ့တာကြောင့် သူ့ ကို သူရဲကောင်း ဆရာဝန် ရယ်လို့  ရုရှားနိုင်ငံသားများက ဂုဏ်ပြု ခေါ်ဆို ခဲ့ကြပါတယ် ။
ဒီနေရာ မှ ရယူထားတဲ့ အကြောင်းအရာပါ ။
ဖြစ်ရလေခြင်း .... တွေကို ဆက်လက်ဖတ်လိုပါက ဒီနေရာတွေမှာ (၁) (၂) (၃) (၄) ရှိပါတယ်
14 comments:
အံ့သြစရာတွေ ချည်းပဲ ကမ္ဘာက. . .
မြန်မာအယူအဆ က တော့လက်ပွားလေးတွေပါရင် လာဘ်ကောင်းတယ်ဆိုလား ဘာဆိုလား သူ့ဟာကတော့ လွန်လွန်းပါတယ်အေ ဂြိုဟ်သားလားမသိ ဒါမှမဟုတ် ဖားဘဝကလာတာလားဟင် မကိ ဟိဟိ
တော်ပါသေးရဲ့...လက်ချောင်း ခြေချောင်းပဲ ပွါးလို့.....
တခြားဟာတွေပါပွါးနေရင်..လန့်ကုန်ကြမှာ (ဥပမာ..နှာခေါင်း)
အပိုပါတယ်ဆိုတာ ဘယ်ဟာမှ မကောင်း
ဒါပေမဲ့.. ဦးနှောက်တော့ အပိုပါရင် ကောင်းမလားမသိဘူးနော်..
သိချင်စမ်းတယ်..
ကိရေ.. အဲတာဆို လက်ခလယ် ကဘယ်ဟာဖစ်မလဲ လက်ညှိုးက ဘယ်တချောင်းလဲ... ဖိနပ်ကိုရော... ဘာဖိနပ်စီးမလဲ.... အင်း ဂွကျစရာကြီးနော်... အဟီး
ဖတ်ရတာ ဗဟုသုတရမိပါတယ် အစ်မရေ။ ၀ဋ်နာကံနာလို့ သဘောထားရမှာပေါ့နော်။ “ကိုယ်ပြုသောကံ ပဲတင့်သံ ကိုယ့်ထံပြန်လာမယ်” ဆိုသလို အပြစ်ကင်းစွာ နားလည်တတ်အောင် ကြိုးစားရအုံးမယ်။ တစ်ခုပြဿနာဖြစ် သူများအပြစ်တင်နေတတ်တာတွေ အတတ်နိုင်ဆုံး ကင်းစင်အောင် ကြိုးစားရအုံးမယ်။ အစ်မကြီးမြန်မာပြည်ပြန်သွားတော့ ကျွန်တော့်ဆီက အားနာပါးနာ စာဖတ်မယ့်သူ မရှိတော့ဘူး။ ဒီလိုပါပဲ အချိန်တန်ရင် ခွဲခွါရတာ ဓမ္မတာမို့ လက်ပြရင်ပြုံးပြနှုတ်ဆက်ရအုံးမှာပေါ့။ ရောက်တဲ့အရပ်မှာ ပျော်ရွှင်စွာနဲ့ အဆင်ပြေ သာယာပါစေ အစ်မရေ။
တော် တော် သမာဓိ အား ကောင်း ပါတယ်။
ကိုယ့်  ဖာကိုယ် ခွဲနိုင်တာ လေ ။
သတိရ လို့  ပြောအုံးမယ် ။ ဆရာတော်ကြီး တစ်ပါး ..
ဘုန်းဘုန်း အရှင်ဆေကိန္ဒ ပါ၊ နှာခေါင်း ကို ခွဲတော့ 
မေ့ ဆေး ထုံဆေး မသုံးပဲ အစိမ်း အတိုင်း တရား မှတ်ပြီး
အခွဲ ခံ ခဲ့ တယ် တဲ့ ဗျာ။
ဖြစ်ရလေခြင်းနော်.. သူတို့ခမြာ သနားပါတယ်..။
အီး
ဒုက္ခ ဒုက္ခ
အသည်းယားလိုက်တာ
ကိုယ့်ကိုကိုယ်လဲ ဘယ်လို အားအင်မျိုးနဲ့ ခွဲလဲ မသိဘူးနော်
း(
ဘုရား ဘုရား.....အူယားစရာပါလားနော်....
ခြေထောက်လေးတွေကိုကြည့်ပြီးထူးဆန်းသွားတယ်..။
ကိုယ့်ကိုယ်ကိုခွဲစိပ်တဲ့သူကိုကြည့်ပြီးအုံသြသွားတယ်..။
ဘယ်လိုနှလုံးသားမျိုးပါလိမ့်...........
ခင်တဲ့
သဒ္ဓါ
ဖလားးးးးးးး ဖလားးးးးးးးးး မယ့်ကီ့ရေ...
ထူးဆန်းပါ့ဗျာာာာာာာာာာ နော့်။
တော်လဲတော်... သတ္တိလဲကောင်း... အာဂဆရာဝန်ဘဲ
ကိုယ့်ကိုကိုယ့် ပြန်ခွဲစိတ်တဲ့ ဆရာဝန် သိပ်တော်တာပဲနော်..
မမရေ..နေကောင်းလား..မတွေ့တာကြာလို့..။
Post a Comment