တဂ်ကြပြန်ပြီ ..ကိုနေညိုရင့် ရဲ့  နောင် အနှစ် ၂၀ ကြာသော် ...တဲ့ ။
အနိစ္စ ဒုက္ခ အနတ္တ ။ ဘယ် အရာမှ မမြဲ ကြတာ ။ မသိတာလည်းမဟုတ်။ အိုရမယ် ၊ နာရမယ် ၊သေရမယ် ။သေချင်းတရားက လက်တကမ်းမှာ အမြဲ ရှိနေတာ ။ ဒီ အနှစ် ၂၀ အတွင်းမှာ သေမင်းက မျက်စေ့နောက်လို့ မခေါ်ချင်သေးဘူး၊ ကိုယ့်အလှည့် ကျမလာ သေးဘူး ဆိုရင်တော့ အသေအချာ ပြောပြနိုင်တာ ဟာဖြင့်ယခု လက်ရှိ အသက်အရွယ်ထက် ၂၀ နှစ်တောင် ပိုကြီးရင့်သွားမှာပေါ့။ ရုပ်ခန္ဓာ အရ မအိုချင်လို့ မရဘူး ။ ဒါပေမဲ့  စိတ်သဏ္ဍန် ဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဓါတ် စွမ်းအား လေ့ကျင့်မှုအပေါ် အများကြီး တည်နေတယ် ။အဟက် ..စိတ်ပျို ကိုယ်နု ။မအိုသေးတဲ့ သူ အပြိုလေးနဲ့ တူ ။ အဲလေ ။ ထားပါတော့ ဒါတွေ ။ ဆရာကြီး ကိုင်ရိုတောင်မသိဘူး ။နောင်အနှစ် ၂၀ မှာ ဘာတွေ ဖြစ်နေမလဲ ။
အဟက် ဒါပေမဲ့ ပြင်ညာရှိ တို့ ပြေးကြည့် လိုက်တာ ။ခွေး အလိုက်ခံ ရလို့ .နောက်တခါ ဖြေးဖြေးလေး သွားကြည့်လိုက်တယ် ။
တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ ၊ ကိုအူ နှင့် ကိုလူထွင်း တို့လေးဦးအား ရာဇဝတ်မှု ( နိုင်ဂံဒေါ် ပုန်းကန်မှု ) ဖြင့်
သေဒဏ်ပေးရန် ပြင်ဆင်နေသည်။
{ ဒီပုံပြင် ပြော ပြ နေချိန် တွင် ဗမာနိုင်ဂံ ကြီးမှာ အလွန်ပင် သာယာ ဝပြော ပြီး လူတကာ က လာရောက် အခြေချ နေထိုင် လိုကြသော အချိန် ဖြစ် သကဲ့ သို့  လှည်း နေ လှေအောင်း မြင်းဇောင်း မကျန် ရှိ ရှိ သမျှ လူ အများ မှာ အင်းဂလစ်ရှ် စကားကို သာ အဓိက ဘာသာစကား အဖြစ် သုံးစွဲ ပြောဆိုနေကြသော သကာလ ဖြစ်ပါသည်။}
အိုး အသင် ဘလောဂ်လောကကြီး.. ဘာတွေဖြစ်ကုန်ကြပါသနည်း ။
ကူးစက်မြန်ရောဂါတွေများ အတော်ကြောက်ဖို့ ကောင်းနေပါပကောလား
ဟိုလူက ဒီလူပေါ်တက် ၊ ဒီလူက ဟိုလူပေါ်တက် ၊ ကြံကြံဖန်ဖန်တွေ ရှာကြံပြီးတက် ၊
အတက် မတော် ၊ အရှက်ပေါ် ၊ အဲဒါလဲ ဆက်ပြီးတက် ၊
အတက် မတတ် ၊အရှက်ပြတ် ၊ အဲဒါလဲ ဆက်ဆက်ပြီးတက် ၊
ရောဂါဇစ်မြစ်ရှာကြည့် တော့လဲ ဘာမှန်းရေရေ ရာရာ မရှိ ။
ရောဂါ မသိ ၊ ဆေး မရှိ ။ အတော် ခက်ပါ၏ ။
( စကားလုံး အဓိပ္ပါယ် ရှင်းလင်းချက် ... တက်= တက်ဂ် = Tag )
လာပြန် လေပြီ နောက် တရောဂါ ..
အမောင် တောင်ပေါ်သားလေး ရဲ့  တက် ဝါးလုံးရှည်ကြီးနဲ့  အရမ်းခံ လိုက်ရတဲ့ အထဲ မှာကံမကောင်းသူတွေ အတက်ခံ လိုက်ရပြန် လေပြီ ။ အဲဒီတော့ ဘာဖြစ်သလဲ ၊ ဘာမှ ဖြစ်ဖူးလေ ။
ဘာတွေရေးရမှန်း မသိ ဖြစ်နေတုံးမှာ ရေးစရာ အကြောင်းအရာလေး hint ပေးသွားသူ ၊ မောင်တောင်ပေါ် မြောက်ပေါ်လေးကိုဘဲ ရှာကြံပြီး ကျေးဇူး တင်လိုက်ပါတယ် ။ အဟက် .. တပြားမှ မကုန်တဲ့ ကျေးဇူးတွေ စွပ်တင်ပြစ်လိုက် ပါတယ် ။
ဘာတဲ့  ဒီ တခေါက် ရောဂါ နာမယ်က .. နိုင်ဂံဂျားပြန်တဦး၏ ငြီးချင်း ဆိုလား ။
ငြီးတယ် ။ ညီးတယ် ။ ညဉ်းတယ် ။ သံတူကြောင်းကွဲလေးတွေ ပါဘဲ ။ ဘယ်တခု ကို ဆိုလို သလဲ တော့ အသေအချာမသိပါဘူး ။သီချင်း ငြီး နေတယ် ။နားညီးတယ် ။ တပွမ်ပွမ်နဲ့  ညဉ်းညူ နေတယ် ။ အဓိပ္ပါယ်တွေ က မတူကြ ဘူးနော် ။
ပြီးတော့ မြန်မာ ဘလောဂ်ခေတ်ကြီးမှာ သတ်ပုံ စာလုံးပေါင်း တွေကို တည်းဖြတ်ပေးမဲ့ သူ မရှိကြတော့ ။ဖတ်ရင် အသံ ၊ရေးရင် အမှန် တင် မကတော့ပါဘူး ။ရေးချင်ရာရေး ရေးချင်သလိုရေး ပေါင်းချင်သလိုပေါင်း ( စာလုံး ပေါင်းတာကို ဆိုလိုပါတယ် ။လဒတွေ နဲ့ ပေါင်းသင်းတာကို ထဲ့ မပြောပါဘူး ) ။ အားလုံး က understand ( အန်ဒါစကပ် လုပ်ပြီး နားလည်သဘောပေါက် နေကြပြီး ဖြစ်ပါတယ် ) ။
ဥပမာ ... သူငယ်ချင်း = သယ်ရင်း ၊ ဘော်ဘော်ကြီး ။ ။ ပိုက်ဆံ = ပိုက်ပိုက်
ကိုယ်တို့ ငယ်စဉ် အခါက မြန်မာစာတွေ သင်ပေးခဲ့ ဖူးတဲ့  ဆရာ/မ တွေသာ သိရင် ယူကြုံး မရ ဖြစ်ကြ မှာ အမှန်ပါဘဲ ။
ခေတ်ကြီးကလည်း မတူတော့ ပေဘူးလေ ။ ရောမ ပြည်ရောက် ရောမ သားလို ကျင့်ကြရတာပေါ့ ။
ကဲ road map ကြီးလွဲ ခါနီးနေပြီ ။ ကိုယ့်ဖက်ပါအောင် ပြန်ဆွဲလိုက်အုံး မှ ပါဘဲ ။ လာလေ့ ။
ခုလည်း ကြည့် လေ ( နိုင်ဂံဂျားပြန်တဦး၏ ငြီးချင်း ) နိုင်ဂံဂျား= နိုင်ငံခြား ဒီလောက်တော့ အားလုံး သဘောပေါက်ပြီးသားဘဲ မဟုတ်လား ။
နိုင်ငံခြား ဆိုတာ ကိုယ့်အမိနိုင်ငံ နဲ့  မြေခြား ရေခြား နယ်နိမိတ်ချင်း ခြားနားသွားတဲ့  တခြားနိုင်ငံတခု( အဟိ ရှင်းရှင်းလေးကိုရှုပ်အောင်လုပ်နေတာ)၊
လူတွေက ဘာလို့ နိုင်ငံခြား ကိုသွားကြတာလဲ ။ ဒါလဲရှင်းပါတယ် ။အကြောင်းအမျိုးမျိုးကြောင့်ပေါ့ ။ တချို့ က မနေချင်လို့ သွားတယ် ။ တချို့ က ကိုယ့်ပြည် ကိုယ် နေချင် ပေမဲ့  ဆက်နေဖို့  မဖြစ် နိုင်တော့လို့ ။ တချို့  က အလုပ် လုပ်ဖို့ ၊ကျောင်းတက်ဖို့ ၊ ပိုက်ပိုက်ရှာဖို့  ၊ပညာ ရှာဖို့ ။ ကြင်ယာရှာဖို့  ။ထွက်သွားတဲ့လူတွေထဲ မှာလဲ အခြေ အနေခြင်း အကျိုးပေးတာခြင်း ဘယ်တူနိုင်ပါ့မလဲနော် ။ ဟိုမှာ ကိုယ့်ဆွေမျိုး မိတ်ဆွေ ကူညီမဲ့ သူ ကျောထောက်နောက်ခံ ရှိပြီးသားသူတွေ အတွက်ကတော့ ဒီလောက်ကြီး ခက်ခဲ ပင်ပန်းစွာ မ ရုန်းကန် ရပေမဲ့ ၊ တယောက်ထဲ ဘာမှ မပါ ဘလာသက်သက် သူများဆီ မှာ အကြွေးယူ စရိတ်အကုန်ခံ ပြီး စွန့် စားထွက်ခွာလာရသူတွေ အတွက်တော့ အတော်လေး ပင်ပန်းကြရပါတယ်။ အခက်အခဲ ကိုယ်စီ ရှိကြတာပါဘဲ။ ရေမြေ ၊ ဘာသာစကား၊ဓလေ့ မတူတဲ့ တစိမ်းတွေ ကြား တကောင်ကြွက် မျက်နှာငယ်ဘဝ နဲ့  မရေရာတဲ့ ရှေ့ ရေးတွေ ကို စမ်းတဝါးဝါး လျှောက်ခဲ့ ကြရတာတွေ ကိုယ်တွေ့ ကြုံ ဖူးတဲ့သူ အချင်းချင်းမှဘဲ ကိုယ်ချင်းစာနာ တတ်ကြမှာပါ ။
ဒီတော့လည်း မြန်မာပြည်ကြီးအတွင်းမှာဘဲ ရှိနေ ကျန်နေခဲ့ ကြတဲ့ သူတွေ က နိုင်ငံခြားသွား နေ အလုပ်လုပ်နေကြသူတွေ ကိုနိဗ္ဗာန် ရောက်နေတဲ့အတိုင်း အထင်ရှိနေကြတာတွေ ကို အပြစ်မတင်ရက်ပါဘူးလေ။ကိုယ့်အကြောင်းကိုယ်ပြောပါမယ် ဆိုတော့ တချို့ အပိုင်းအစလေးတွေကိုလည်း ပြောပြီးသားဖြစ်နေတာတွေ ရှိတော့သက်ဆိုင်ရာ နေရာလေး ၁ ၂ မှာ သွားကြည့် လို့ ရပါတယ် နော်။
အကြွေး နှင့် စတဲ့ ကိုယ့်ဘဝ= သုည အနှုတ်( zero minus )
ကျောင်းပြီး ဘွဲ့ ရ ဟိုရုတ်ရုတ် ဒီရုတ်ရုတ်နဲ့  ဂုတ်ကနဲ ပါသွားမစိုးလို့  မာတာမိခင်က အကြံပေးတယ် ..နိုင်ငံခြား ထွက်တော့တဲ့ ။ ဆက်နေလဲ ခုလောက်ဆို ၆၅ နှစ်နဲ့တိုးမှာ ရာနှုန်းအပြည့်ပေါ့။
ဒါကြောင့်  အစီအစဉ်မရှိဘဲ ထွက်လာတယ် ၊အိမ်နဲ့ ဦးဆုံး အကြိမ်ခွဲလာရတာ ။ ဘဝတူချင်းဆိုတော့ ခံစားပေးနိုင်ကြမှာပါ ။ခရီးစရိတ် ။ EC လျော်ဖို့ ငွေ ။ မျက်နှာငယ်စွာ ကိုင်ရမဲ့  PP နီနီလေး ရဖို့  ပွဲစား စရိတ် ။ အားလုံးပေါင်းလိုက်တော့ မာတာပီတုရဲ့  ၂ကျပ်သား အကွင်းလေး ၂ကွင်း ရှောသွားခဲ့တယ် ။ဒါက စိတ်ထဲမှာဦးစွာ ကျခဲ့ရတဲ့ မျက်ရည် တစက်ပါ ။ ကိုယ့်ဘဝရဲ့ ဦးဆုံး နဲ့ အဝေးဆုံး တကိုယ်တော် ခရီး စထွက် လာတဲ့အချိန် မှာ ခေါင်းစိမ်းကြီး ရဲ့ တခြမ်းသာသာ ပဲ လက်ထဲပါခဲ့တာ ။
စဉ်းစားကြည့်ကြနော် ။ ဒီလို တရားဝင် လဲလှယ် ပေးလိုက်တဲ့ ငွေကလေး တပဲတပြားလောက်နဲ့  ရောက်ရောက်ချင်းအလုပ်မရှိခင် ဘယ်လို နေ၊ စား၊ သုံး ပြီး အသက်ဆက်ကြရမလဲ ဆိုတာလေ
စိန်စီသောည စိန်မှုံကြဲ နေကြရတဲ့  လက်တဆုပ် လူတန်းစားတွေ ဘယ်လိုလုပ် သိနိုင်ကြပါ့မလဲ ။ခေါက်ဆွဲခြောက်ပြုတ်တထုပ် ၊ ကြက်ဥတလုံးနဲ့ တရက်စာ ဖြေရှင်းခဲ့ရတဲ့ ရက်ပေါင်းများစွာ လည်း ဘယ်သူမှ သိကြမယ် မထင်ပါ ။ ကိုယ်သင်ထား တတ်ထား တဲ့ ပညာ ဆိုတာကြီးကို ချောင်ထဲ ထိုးထားပြီး ဘာမှ မဆိုင်တဲ့  သမာအာဇီဝ ရရာအလုပ်လေးတွေ ပြောင်းလဲလုပ်ပြီး တင်ထားခဲ့တဲ့ အကြွေးလေးတွေ ဆပ်ချင်ဇောနဲ့  နေ့ မနား ညမအိပ် လုပ်ခဲ့ရတာတွေ ကိုရော ၊ဘယ်သူသိမလဲ ။ စကားမပေါက်လို့  ခိုင်းတာ တမျိုး လုပ်တာ တခြားနဲ့  အထက်က လူ မျိုးခြားတယောက်ရဲ့  ဆူပူ ကြိမ်းမောင်းခံခဲ့ ရတာတွေ ကိုရော ၊ ဘယ်သူမှ မသိခဲ့ ပေမဲ့  ကိုယ့်ရင်ထဲ မှာခုထိ နာကျဉ်း နေဆဲပါ ။
ဒီရောက် ခါစ မှတ်ပုံတင် မရမှီ စပ်ကြား သမုဒ္ဒရာ ဝမ်း တထွာရဲ့ တဝက်လောက် အတွက် လျှာမြက်ပေါက် ခါနီး ဆဲဆဲလေးမှာရရာလေး ကျုံးလုပ်ရပါတယ် ။ ဒီဇာတ်လမ်းကို ဘယ်သူ့ မှ မပြော ဖြစ်ဘဲ ကိုယ့်ရင်ထဲ သိမ်းထားခဲ့တာ ဆယ်စုနှစ် တခုကျော်ခဲ့ ပါပြီ ။အိမ်က အမေ သိရင်လည်းစိတ် မကောင်းဖြစ်မှာ စိုးလို့ ပါ ။ခုတော့ မှ နောင်လာနောက်သားတွေ ကြားဖူး နားဝရှိအောင် ရှေးတုံး က အဖြစ်မှန် လေးတွေကို ပြုံပင် လို သဘောထားပြီး ဖတ်ကြပေါ့နော် ။
တိုင်းတပါးမှာ ကျွန် အဖြစ်လုပ်ရတဲ့ ပထမဦးဆုံး အလုပ်လေး ကတော့ ဗြူတီ ပါလာ တခုမှာပါ။
ဆိုင်ပိုင်ရှင်မကြီးက ဗမာပြန် ဝဝ ကြီးပေါ့။ အပြောလေးကတော့ ချိုနေတာဘဲလေ ။ အဲဒီအချိန်က တရုပ်နှစ်သစ်ကူး နီးနေတဲ့ အချိန် သိကြတဲ့အတိုင်း ဒီက လူတွေ ကျားမ မရွေး အလှပြင်ကြတာ ။ ဆံပင် ကောက်တယ် ၊ ဖြောင့်တယ် ။လျှော်တယ်၊ဆေးဆိုးတယ် ၊ အစုံပါဘဲ ။ ရောက်ခါစ နေတဲ့  အခန်းကျဉ်းလေးက သူ့ ဆိုင် အပေါ်ထပ်မှာလေ ။ ဒီတော့ သူ့ဆိုင်မှာဝိုင်းလုပ်ပေးဖို့  ပြောတာနဲ့  အိုကေပေါ့ ။ ဘယ်ရမလဲ ၊ ခိုးစားတာမှ မဟုတ် ၊ လုပ်မယ်ပေါ့ ။ ခက်တာက တသက်နဲ့တကိုယ် သူများကို ခေါင်းလုပ်ပေးဖို့ မပြောနဲ့  ကိုယ့်ခေါင်းတောင် ကိုယ် ဖြောင့်အောင်ဖီးဖူးတာမဟုတ် ၊ သူက (သဌေးမ ပေါ့လေ ) သင်ပေးပါတယ် ။ခေါင်းလျှော်ပုံ လျှော်နည်း ။ နှိပ်နည်း တွေ။ အဟက် လက်အချိန် အဆ မသိတော့တအားနဲ့  ဖိကုပ်မိတာ ၊ နှိပ်မိတာ ၊ ပြီးတော့ မိန်းမကြီးတယောက်ကို ခေါင်းလျှော်ပေးတုံး ရေ အပူ အအေး စပ်ဖွင့်တာ ခလုပ်မှားနှိပ်မိလို့  အဲဒီမိန်းမကြီးရဲ့ ခေါင်း ရေပူလောင်သွားတာ ။ဒီမိန်းမကြီးရဲ့ လက်ညှိုးငေါက်ငေါက် ထိုးပြီး အဆဲခံခဲ့ ရတာ ။
အဲဒီ အချိန်တုံး ကတော့ အတော်လေး ခံရခက် ခဲ့ ဖူးပါတယ် ။ မနေတော့ဘူး ဆို ပြီး အမေ့ဆီ ပြန်ပြေးတော့မလို့ ပါဘဲ။ ဒါပေမဲ့ ဒီကို လာဖို့ လုပ်ပေးရတဲ့ ကြားပွဲစား ဆိုတဲ့ သူတွေကိုပေးရမှာနဲ့ ကုန်ကျစရိတ် က အကြွေးတွေ အများကြီး ဆပ်စရာရှိနေလို့  ဒီ မုန်းစရာ ငွေအသပြာ မျက်နှာကြီး ပြန်မြင်ယောင်ပြီး စိတ်ကို မနည်းတင်းထားခဲ့ ရပါတယ် ။အမေကတော့ ဘယ်ပြန်တောင်းပါ့မလဲနော်။ ဒါပေမဲ့ မိဘက ကိုယ့်အတွက် ကျွေမွေး ပြုစု ၊ပညာသင်ပေး၊ ဥစ္စာပေးနဲ့  ဆပ်မကုန်တဲ့ ကျေးဇူးတွေ ကို တတ်နိုင်သလောက် ပေးဆပ်ချင်နေတဲ့ စိတ်နဲ့ လည်းဖြေသိမ့်ရ ၊ အားတင်းခဲ့ ရ တာပါ။ ည ည ဆိုရင်တော့ အခန်းကျဉ်းလေး ထဲ လူ ၄ယောက် စု အိပ်ရတော့ သူများ မသိရလေအောင် ကြိတ်ပြီး ငိုခဲ့ ရတဲ့  အကြိမ်ပေါင်းလည်း မရေမတွက် နိုင်ခဲ့ ပါဘူး ။လက်ချောင်းတွေလဲ တနေလုံးရေနဲ့ထိနေရတော့ ပဲကြီးရေစိမ် လို ပွပြီးတွန့် နေတာလေ ။ အဟက် ။အဲဒီအချိန်က လိမ်းစရာ lotion ( အသံထွက်အတိုင်း ဗမာလိုရေးရင် အထင်လွဲ မစိုးလို့  အင်းဂလိပ် လိုဘဲ ရေးလိုက်မိတယ်..နားလည်ပေးကြပါ )အဲဒီ အရည်ကြီး ဝယ်သုံး ဖို့ ရာတောင် လက်ထဲမှာ ဗလာဗလာ အသပြာ မရှိရှာ လို့  ဟင်းချက်တဲ့  အဆီ
ကြီးတွေ လိမ်းလိုက်သေးတယ် ။ အခန်းဖေါ်တွေ မသိအောင် လိမ်းရတာလေ ။ တော်ကြာ တောသား အပြောခံရမှာလဲ စိုးသေးတယ်ပေါ့။
။ ပြောရအုံးမယ် ။ ဒီရောက်လို့ ကိုယ့် ပထမဦးဆုံး လုပ်အားခ စရတဲ့ နေ့ က ၊ ရီရမလား ငိုရမလားမသိ ၊ ခေါင်းပုံ အဖြတ်ခံရ တာတော့ သိလိုက်ပါတယ်။ ဒီသူဌေးမ ကလည်း ဗမာပြည်က ပြန်လာတဲ့  သူ အချင်းချင်း လုပ်ရက်တာလေ။တပတ် လုံး လုံးလက် အရေခွံတွန့် အောင်လုပ်လိုက်ရတဲ့ လုပ်အားခ NTD 500 ဆိုတာ အစိမ်းလေး ၁၅ ဒေါ်လာ စာဘဲ ရှိပါသဗျို့  ။ပြီးတော့ ရုပ်ရှင် တပွဲ လိုက်ပြတယ်။ ထမင်းကျွေးတယ်ပေါ့ ။ဘာဘဲ ဖြစ်ဖြစ်လေ ချွေးနဲစာလေးမို့  အမှတ်တရ တော့ ရှိနေပါသေးတယ် ။
ဒုတိယ အလုပ် ကတော့ စက်ရုံသေးလေးတခု မှာ အမဝမ်းကွဲ တယောက်က အလုပ်သွင်းပေးတယ် ။ အင်္ကျီ
ချုပ်တဲ့စက်ရုံလေး ။ဒါလည်း စိတ် ညစ်ပြီးလုပ်ရတာပါဘဲ ။ တသက်လုံး ကိုယ့်အဝတ် ပေါက်လို့  ပြဲလို့ တောင် ကိုယ့်ဟာကိုယ် မချုပ် ၊ အမ အလတ်လေးက စိတ်ရှည်လက်ရှည် ချုပ်ပေးခဲ့တာ ၊ ဒီရောက်တော့ စက်ကြီးတွေနဲ့ ဖြတ်ရ ။ ချုပ်ရတာလေ ။ မလုပ်တတ် လုပ်တတ် နဲ့ ငိုက်သာသွားလို့ ကတော့ လက် အပြတ်ဘဲ ဆရာ ။ချုပ်ရိုးကြောင်းကလည်း အမူးသမား ၂ကောင်ယိမ်းထိုးနေတဲ့ အတိုင်း ဟိုရွဲ့  ဒီစောင်း တွေလေ ။ ဒီတော့ သူဌေးမ က လက်သယ် ရှာ တယ်ပေါ့လေ ။ တရားခံ တွေ့ တော့ အပြစ်ပေးတာ ။ နင်ဒီနေရာမှာ မလုပ်နဲ့ တော့ တဲ့ ။ ပိုပြီး ပင်ပန်းတဲ့ နေရာကို ရွှေ့ ပေးလိုက်တယ် ။ အဝတ် ပိတ်စ အလိပ်ကြီးတွေ ကို ထမ်းရတာ ။ ပြီးရင် စားပွဲပေါ် တင် ။ ဟိုဘက် ဒီဘက် ညီအောင်ဖြန့်  ထပ်ပေးပြီး ညှပ်တဲ့ နေရာ မှာ အဆင်သင့် စီပေးရတာ ။ စ စချင်း လုပ်ရတဲ့  တပတ်လုံး တကိုယ်လုံး ကိုက်ခဲ ပြီး ည ကျမှ အမေထဲ့ ပေးလိုက်တဲ့  တေဇောဘမ်း ပရုပ်ဆီတွေ လိမ်းအိပ်ရတာ ။တကဲ့  ကို ပင်ပမ်း ခြင်းကြီးစွာနဲ့ဖြတ်ကျော်ခဲ့ရတဲ့ အချိန် များပေါ့ ။ ဒီကြားထဲ ညနေပိုင်း အလုပ်ဆင်းတော့ အိမ် အမြန်ပြန်ပြေး ရေချိုး ထမင်းစား ( များသော အားဖြင့် ခေါက်ဆွဲအခြောက်ထုပ် ပြုပ် ) ပြီးရင် နေတဲ့ ရပ်ကွက်လေးထဲ က ဗမာပြန် ဆရာဝန်မ တယောက် ဖွင့်ထားတဲ့  ကိုယ်ပိုင်ဆေးခန်း( တကယ်ဆို ကိုယ်ပိုင်တာ မဟုတ် ၊ သူပိုင်တာပါ) မှာ ကူညီလုပ်ကိုင်ပေးရ ပါတယ် ။ မှတ်မှတ် ရ ရ တလ ၈၀၀၀ ရတယ်ပေါ့ (ဘယ်လောက်မှ မရှိပါ ။ အဲဒီ အချိန်လောက်က 1US$=40 NTD လောက် ပဲ ရှိတာပါ) အလုပ် ၂ခု အသေအကျေ လုပ်တာတောင် ရတာ နဲ့  စားတာ ။ အိမ်လခ ၊ခရီးစရိတ် ၊ ဘာညာ ကွိကွ ဆို လက်ထဲ ဘာမှ မစုမိပါဘူး ။ဒီကလူ ကို ပေးစရာရှိ တဲ့ အကြွေးကိုလဲ အရစ်ကျ ဆပ်နေရသေးတာ ဆိုတော့ ၂ နှစ် နီးပါးလောက် ကြာမှ ဘဲ နဲနဲချင်း စပြီးစုရ ပါတယ် ။
နောက် တတိယ အလုပ်...ဒီအကြောင်းကိုတော့ နောက်များမှဘဲ ဆက်ရေးပြ ပါတော့မယ် ။ ခုတောင် အတော်လေး ရှည်လျား ထွေပြား နေပြီမို့  ဒီလောက်နဲ့ ဘဲ ရပ်နားထားပြီး လုပ်စရာ ရှိနေသေးတဲ့ ကျွန်အလုပ်လေး ကို ဝမ်းရေးအတွက် ဆက်လက်လုပ်လိုက် ပါအုံးမယ် ။
( ကိုတောင်ပေါ်သားလည်း ဘလောဂ်ရေး တာ ခဏ နားအုံးမယ်လို့ ဆိုထားတော့ ရောယောင်ပြီး တခန်းရပ်ထားလိုက် ပါရစေ။ သူ ထပ် လာမအော်ခဲ့ ရင်တော့ ဒီလောက်ပါဘဲပေါ့ ။ )
တချို့  လူကြီးတွေက ပြောတယ် ဘုရားဖြောင့်အောင်ရှစ်ခိုးလို့ မရလို့ ဆိုပြီး မြန်မာပြည်ကိုလွမ်းတဲ့  ကိုရင်ဂို့  သီချင်းကြီးကို ပိတ်ခိုင်း နေလို့  ပိတ်ပေးလိုက်ရပါတယ် ။တော်တော်ကြာ ကားပြာကြီး အခမဲ့ စီးနေရမစိုးလို့  သူတို့ မကြိုက်တာတွေ မဖွင့်ရဲ ပါဘုး . :))
ပြောလိုမှ မပြီသေဘူ ခက်တော တာဘဲ ဒီ အကေ ရှာ တယောက်
သူ ဘဲ နဲ မကြည် လို စိတ်ညစ်တယ် ဆိုပြီ သူတယောက်တည် ရူ လို အာ မရ ။ သူ ဘော်ဘော် မကြီ ကိုပါ လိုက်ရူခိုင် နေလို ပါ။ သူတော်ချင် သတင် လွေလွေ စိတ်တူလို ပေါင်ရ သင်ရ ခင်ရ မင်ရခြင် ဖြစ်တာပေါ ။ သူ စိတ်ကျေ နပ်အောင် ဒီလို အရူစာတွေ ကိုရေ ပြီ တင်ပေ ရမတဲ ။ ဒီတော လည် မရေ မဖြစ် ရေပေ လိုက်ရပါတယ် ။ ငါတော သေချင်တာဘဲ အကေရှာရယ်
သူ ကို သိချင် လိုသူမျာ ဒီနေရာလေ မှာ သွာ ကြည်နိုင် ပါတယ်။ စလုံမှာ တကောင်ထည် နေတဲ ခြင်သေ လို သူ ကိုယ် သူ ပြောနေပါတယ် ။
ငယ်ငယ်ရွယ်ရွယ် သနာ ကမာနဲ ဒီလို ဖြစ်သွာ ရတာပါ။
一場婚宴竟然成了悲劇!新郎被親友連續用紅酒跟啤酒混著灌酒,新郎送客回家後嘔吐不止,被老婆發現昏倒沙發上,猝死送醫不治。
結婚典禮上,新人繞場敬酒接受親友的祝福,這是台灣婚禮上的習俗!交情不好,看桌上的紅酒一杯接著一杯倒,每一杯都要呼乾啦!台北市一名吳姓男子就在婚宴上被眾多親友連續用紅酒跟啤酒混合著灌酒,總共喝了一瓶半的紅酒,加上十幾杯啤酒。不常喝酒的新郎,敬完酒就搖搖晃晃回到家,突然沒有了心跳。
第一時間趕到的救護人員在部落格上描述現場狀況,新娘看著昏倒的新郎早就哭花了新娘妝,問家人怎麼回事,只知道新郎在婚禮被灌了很多酒。但再怎麼急救,也都於事無補。
醫師檢驗發現新郎酒測值高達0.93,研判是喝酒過量引發的心因性疾病,導致新郎猝死!傷心的新娘只能站在急診室外無助的哭泣。大囍之日變成忌日,家人怎麼也無法接受。家人不願多談,而新娘也已經搬回娘家。這對新人愛情長跑四年,在內湖築起愛的小屋,原本以為幸福快樂的日子就要在公寓裡上演,但新郎因為被灌了太多酒猝死,新娘下半輩子的幸福不知道該跟誰討。(記者林承志、葉子杰報導)
လာပြန်ပြီ ဒီအပျိုကြီး ခုတလော ယောက်ကျားယူခြင်စိတ်ပေါက်နေတယ်လို့ တော့ အထင်လွဲတာ မစောလိုက်ကြပါနဲ့အုံး ။
ထင်လည်းထင်ခြင်စရာပါဘဲ ။ ရေးလိုက်ရင် ဒီအကြောင်းတွေကနေ မထွက်တော့ဘုးလို့ ။
ဒီလိုပါ ။ ပေါက်ပေါက်ရှာရှာ စိတ်နဲ့စပ်စု တော့လည်း ပေါက်ပေါက်ရှာရှာသတင်းတွေဘဲ မြင်မိပါတယ်။
ဒီကနေ့  သီတင်းစာ ထဲက သတင်းလေးတခု ပြန်ပြီးဖေါက်သည်ချမလို့ပါ ( ဆားချက်တယ်လို့  တချို့ က ခေါ်ကြပါတယ် ။ ကိုယ်ကတော့ မနေ့ က ဆားလည်း ငံတာတွေ မစားရပါဘဲနှင့်  ဟို သတင်းဒီဘလောဂ်တွေ ဖတ်ရင်း အလိုလို သွေးတိုးနေလို့  ဒီဆားချက်တယ် ဆိုတာကြီိး နဲနဲတော့ လန့် နေပါတယ်)။
ဒီလိုပါ ။
သတို့ သားနဲ့ သတို့ သမီးတို့ ဟာ သမီးရည်းစား အဖြစ် ၄ နှစ်ကျော် ချစ်ကြိုက် ခဲ့ ကြပြီး အခု မင်္ဂလာဆောင်တယ်ပေါ့ ။
တရုပ်တို့  ထုံးစံအတိုင်း မနေ့ က မင်္ဂလာ `ဧည့်ခံပွဲလုပ်တယ်ပေါ့နော် ။ အားလုံး သိကြပြီးတဲ့ အတိုင်း ဒီက ဧည့် ခံပွဲတွေမှာ အရက်က မပါ မပြီးတာလေ ။
သတို့ သမီးကလည်း အဝတ်ကို ၃ ခါ ၊ ၄ ခါလောက် ပြေး ပြေးပြီးလဲ ရသေးတာ ။ ဘာလို့ လဲ တော့ မသိပါဘူး ။ ( ဟီး ..ဒါကြောင့်  မယူချင်တာ )။
ပြီးအခါကျတော့ ထမင်းဝိုင်းပေါ့ ။ အင်း လေ၊ ပြောတော့သာ ထမင်းဝိုင်းပါ ။ စားကြတာလဲ ထမင်းတစေ့ မှ မပါဘူး ။ ဟင်းတွေချည်းပါဘဲ ။ စားသောက်လို့  ဝိုင်းတဝက်လောက်ကစပြီး သတို့ သားနဲ့ သတို့ သမီးတို့ ဟာ နှစ်ဖက် မိဘတွေနဲ့အတူ လာတဲ့ ဧည့် သည်ဝိုင်းတွေကို အရက်ခွက်လေးတွေ ကိုယ်စီကိုင်ပြီး လိုက်လံ နှုတ်ဆက်ရပါတယ် ။
အဲဒီမှာ ဇာတ်လမ်းက စတာပါ ။ ဒီကံကောင်းလှပြီလို့ ထင်ရတဲ့သတို့ သား Mr Wu က အရက်ကို အမြဲသောက်လေ့ မရှိပါဘုးတဲ့။ (သတင်းစာ မှာရေးထားတာကို တတ်သလိုနဲ့  ပြန်ရွှီးပါတယ် )။ ဒီလို နဲ့ သူ့ ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဂုဏ်ပြုအထိမ်းအမှတ် ခွက်သေးသေးလေးနဲ့ သောက်ရင်း ၊cheers လုပ်ရင်း မသိမသာ ရေချိန်လွန်သွားပါတယ် ။အားလုံးပေါင်း သူသောက်မိလိုက်တာက red wine တပုလင်းခွဲ နဲ့ ဘီယာ ၁၀ ခွက်ကျော်လောက် ဝင်ပြီးတော့ ဒရိမ်းဒရိုင်နဲ့  အိမ်ပြန်ရောက်တယ်ပေါ့ ။
အိမ်ရောက်လို့ မှ မကြာမီ သူသတိလစ်သွားတယ်တဲ့ ။ အသက်မရှု ၊ နှလုံး မခုန် တော့ဘုး ပေါ့ ။ အဲဒီတော့မှ သတို့ သမီးက ငိုကြီးချက်မ နဲ့ ( အင်း ငိုတာများ ဘာလို့  ချက်ကို မ ထားရ တာလဲတော့ မသိဘူး ။ ဒီလိုဘဲ ပြောသံကြားဖူးနေလို့  ရေးလိုက်မိတာ ) 119 အရေးပေါ် ကား ဖုံးဆက် ။ EMS က လူတွေ သူ့ အိမ်ရောက်တော့ အသက်မရှု၊ နှလုံးမခုန်တော့ CPR အရေးပေါ် ပြုစုပြီး ဆေးရုံ ပို့ တာပေါ့နော်။ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့  သတို့ သားရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့ ပါဘူး ။ အနိစ္စ သဘောနဲ့ ကိစ္စရှော သွားရှာပါတယ်။
( ဒီမှာ မူးရင် မမောင်းရ ၊ မောင်းရင် မမူးရ ၊ အရက်စစ်ဆေးတဲ့ ပမာဏ ဟာ 0.27 ကျော်ရင် ကား၊ ဆိုင်ကယ် မောင်းတဲ့ သူ ဟာတရားဥပဒေ အရ အပြစ်ရှိပါတယ်။ဒါဏ်ငွေ 16000 NTD ထိုင်ဝမ်ဒေါ်လာ နှင့် အထက်၊ သို့ မဟုတ် ထောင်ဒါဏ် အထိ အပြစ်ပေးခြင်းခံရ နိုင်ပါတယ် )
အရက် က မကောင်းကြောင်း၊ ဆိုးကျိုး အမျိုးမျိုး ပေးတတ်ကြောင်း အားလုံး သိထားကြမှာပါ ။
ထုံး စံ ဆိုတာကြီးကလည်း လူ့ ဘောင်ကို ဘယ်လို ထိန်းချုပ်ပြီးသတ်မှတ် ထားကြသလဲ တော့မသိပါဘူး ။
မြန်မာ ဓလေ့ ထုံးစံမှာတော့ ဒီ သူရာမေရယ မဇ္ဇ ပမာဒ ဌာနာ ဝေရာမဏိ သိက္ခာ ပဒံ သမာဒိယာမိ ။ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကျဉ်ပါမည် ဘုရား လို့  အာမဘန္တေ ခံ ကြလေ့ ရှိပါတယ် ။ မင်္ဂလာ ဆွမ်းကျွေးတာမှာ ဘယ်သူမှ အရက်နဲ့  ဧည့်ခံလေ့ မရှိပါဘူးနော် ။
ဒါတွေကတော့ ဓလေ့တို့  ထုံးစံတို့ ကြောင့်ပေါ့ ။
တချို့ လည်း ကြိုက်လို့  သောက်တယ် ၊ တချို့ လည်း အားနာလို့  သောက်ရတယ် ။ ပြီး စီးပွားရေးကိစ္စ တွေ ဆွေးနွေးကြတဲ့ အချိန် ဧည့်ခံကြရင် အရက် မပါလို့ မပြီးဘူးလေ ။လူမှုရေး၊ စီးပွားရေး တွေ အရပေါ့ ။ အကြောင်းအမျိုးမျိုး ရှာပြီး ပြပြီး သောက်ကြရတယ်ပေါ့။
ခု ဇာတ်လမ်းမှာ တော့  ဘာအကြောင်းကြောင့် ဖြစ်ဖြစ် သတို့ သား အသစ် စက်စက် လေး အသက်ဆုံးရှုံး သွားရတယ်ပေါ့။
ကျန်ရစ်တဲ့  ကံဆိုးသူ သတို့ သမီင်္းလေး ကတော့ မုဆိုး မအသစ်စက်စက်လေးဘဝကို ညမကူးဘဲ ပြောင်းသွားရပြီပေါ့.။
ဒါဟာလည်း အရက် ကြောင့် ဖြစ်ရတဲ့ ကြေကွဲစရာလေးတခုပါ။
ဒီက လူတွေရဲ့ ဓလေ့  ထုံးစံ နှင့် အရက် ယဉ်ကျေးမှု ကို သိလိုရင်တော့ အရင်က တင်ပြဘူး ခဲ့တဲ့ ဒီနေရာလေးမှာ ကြည့်ရှု နိုင်ပါတယ်။
ဪ .. ခုတလော ဘာလို့ လူတွေက သူများပေါင်ကိုယ်လှန်ထောင်း ကိုယ့်ပေါင်သူများလှန်ထောင်း ဖြစ်နေကြပါလိမ့်နော် ။ ဒါဟာလဲ ကူးစက်ရောဂါ တမျိုးပေဘဲ။ကာကွယ်ဆေးလေး ဘာလေး ဖေါ်အုံးမှ ပါ။ နို့ မို့ ဆို ဝက်တုပ်ကွေးထက် ပို ဆိုးတယ် ဖြစ်နေ မစိုးလို့ ပါ။
ကိုလူထွေး၊ ကိုလူထွင်း လို့  လူတွေသိနေကြတဲ့ မထွေးတထွေး (တံတွေး တခါထွေးရင် ဒါဏ်ငွေ ဘယ်နှစ်ထောင် ထိဖူးလို့လဲတော့ မသိ ၊ မြိုရခက် ထွေးရခက် ဖြစ်နေတဲ့  မောင်လူထွေး) တို့  က သူ့ ဟာသူ လျှောက်ထွေး ပြီးလို့  မှ အားမရ ။အကျွနုပ် အား အတင်းထွေးထုတ် ခိုင်းနေပါ သဖြင့် ရှိတာလေး ထွေးထုတ် ပြလိုက်ပါ၏ ။
NICK တဲ့ nick name ပေါ့။ လူ တဦးကို ချစ်စနိုး ဒါမှ မဟုတ် မုန်းစနိုး နဲ့  ခေါ်ကြတဲ့ နာမယ် နောက် တမျိုး ပေါ့ နော် ။
Nick ဆိုတာ ဘာမှန်း သေချာ မသိသေးလို့  အဟမ်း.. ဒစ်ရှင်နရီကြီး ပြန်ကြည့် မိပါတယ် ။ နောက် အဓိပ္ပါယ်လေးတွေ ရှိသေးတယ်တဲ့ လေ ။ ကျန်းမာရေး လို့ အဓိပ္ပါယ်ရတယ် ။ နောက် တခုကတော့ မာရ် နတ် တဦး ကို လည်း Nick လို့ ခေါ်တယ် ဆိုဘဲ။
ဒါဆို.... ကိုလူထွေး = မာရ် နတ် တဦး ။ ကို နေညိုရင့် = အနားသား မာရ်နတ် တဦး .. အဲသလိုမျိုး အီကွေးရှင်း ချလို့  ရမလား မသိဘူးနော် ။ ဘာ လောဂျစ် လဲ တော့ မသိ ။ ခုတလော ဂျစ်ကန် နေတဲ့  လောဂျစ် လို့ ဘဲ မှတ်လိုက် ကြပါ။
တန်းစီပြောပြလောက်အောင် နာမည်ကောင်း နာမည် ဆိုး ချစ်စနိုးတွေ ကလည်း မောင်ဖိုးစိန် လို များများ မရှိပါဘူး ။
ကျောင်းမှာ မှတ်ပုံတင်မှာ လူ သိရှင်ကြား တရားဝင် ခေါ်ဆို ကြတဲ့  နာမည် တလုံး အပြင် တခြား အလွယ်တကူ ၊အိမ်မှာ ကျောင်းမှာ ပတ်ဝန်းကျင်က ရင်းနှီးသူ တွေ ခေါ် ကြတာ က ..
ကိကီ တဲ့ ။ ကိုယ့် အထက်က အမလတ် ( ခုတော့ ...မရှိရှာတော့ပါဘူး ။ ကိုယ်တို့  မိသားစုကို အပြီးတိုင် ခွဲသွားခဲ့ တာ ၂နှစ်နီးပါး ရှိတော့မယ်) ။ အဲဒီ အမလတ် ကို ကုကူ လို့ ခေါ်တော့ ကိုယ်ကလည်း အော်တို ငုတ်တုတ် ကိကီ ဖြစ်လာ တယ် ဟု ယူဆရ ပါသည်ပေါ့ ။ က ကာ ၊ကုကူ ၊ကိကီ ၊ကယ်ကဲ ၊ကော့ကော်၊ ကံကား ။အဟဲ ငယ်ငယ်တုံး က မြန်မာစာ ထဲ မှာ သင်ခဲ့ ရတာလေ ။ ကကြီး ခခွေး စရေး ရတုံးကပေါ့ ။
အမေ ကတော့ ချစ်စနိုး နဲ့ ကိ လို့ ခေါ်တယ်။တခါတလေ လည်း သမီးလေး လို့ ခေါ်ပါတယ် ။
အဖေ ကတော့ စိတ်လိုရင် သမီးကိကီ တဲ့ ။ ငါ့ သမီးတဲ့ ။( သူက ကားစုတ်တွေ နှိက်တာ ပြင်တာ သိပ်ဝါသနာ ပါတယ်လေ ။ အိမ်မှာ မွေးထားတာ က သမီး ၅ ယောက် ၊ ကိုယ်တယောက်ပဲ သူကားနှိုက်ရင် ဘေးမှာ ဟိုဒီ စပ်စုတတ် ၊ ဝိုင်းလုပ်ပေးတတ် ၊ တကယ်ဆိုရင် ဝိုင်းရှုပ်ပေးတယ် လို့ ပြောရင် ပို မှန်တယ် ။ဒီတော့ အဖေ က ခိုင်းချင်ရင် ငါ့ သမီး လို့  ခေါ်တတ်တယ် ။ အဟက် အီဖေစကိုယ် ကလည်း စိတ်လိုရင် တော့ ဘာမဆို လုပ်ပေးတတ်တယ် ။ စိတ်မလိုရင်တော့ မကြားချင်ယောင်ဆောင်တာ ။ ၃ ခါလောက် ငါ့ သမီးက ခေါ်လို့ မကြားရင်တော့ သူက နောက် တမျိုးပြောင်းခေါ်တတ်ပါတယ် ဟိုကောင်မ တဲ့  ။အဲ့ ဒီ အချိန်ဆို သူ့ ကို ဘုကြည့် ပြန် ကြည့်လိုက် ။ဘေးဘီ လှည့်ကြည့် လိုက် လုပ်ပြီး ဟာ အဖေ ..ဘယ်သူ့ ခေါ်နေတာလဲ ။ အိမ် မှာ ဘယ်အချိန်က ဟိုကောင်မ ရောက်နေတာလဲ လို့ ပြန်ချော်တောငေါ့ရတယ် ။ အဲလို ကောင်မလို့  အခေါ်ခံရတာ အမုန်းဆုံးဘဲ ။အဲဒါဆို သူ့  ပုံ မှန် ငါ့ သမီး ပြန်ဖြစ်တာပေါ့ ။
ခင်တဲ့ ငယ်ပေါင်း သူငယ်ချင်း တွေ ကတော့  ငကိ တဲ့ ။ ငကွိ တဲ့ ။
တချို့ လည်း ခေါ်ကြသေး ကစ်ကစ် တဲ့  ။ ဘာတွေ ကစ်လဲတော့မသိ ။ဖလိုင်းကစ်လား ။ ဖရီးကစ်လား။
နောက်ပြီးဒီရောက်တော့မှ နာမယ်တခု ထပ်တိုးပါ၏ ။အမေရှမ်း၊ အဖေ ဗမာ ကမွေးဖွားလာတဲ့  အူကြောင်ကြား တယောက် ခု တရုပ်ပြည်ကို အမှတ်မထင်ရောက်လာပြီးမှ တရုပ်နာမယ်ကြီးတလုံး ထပ်တိုးလာပါတယ် ။Lin Pi Yu တဲ့လေ ။ ဒါက nick name တော့မဟုတ်ပါဘူး ။
林 老大 တဲ့ ။ 小林 တဲ့ ။ ဒါ ကတော့ လုပ်ဖေါ် ကိုင်ဘက် ဆရာမလေးတွေ က ခေါ်ကြတာပေါ့ ။
သူ့ အကြောင်း သေချာ သိချင်ရင်တော့  အောက်က လင့် ခ်လေးမှာ သွားကြည့် ပေးကြပါနော် ။ နှစ်ခါ ရေးရတာ လက်ညောင်းလို့ ပါ ။ မှင်ချွေတာရေး လေ ။ :) ။
http://www.blogger.com/post-edit.g?blogID=2079092592498290820&postID=3716001317269726888
ခုတလော စိတ်မကြည် မလင်ဖြစ်နေကြသူ မောင်နှစ်မ မိတ်ဆွေများ ဘဝ အမောလေးတွေ ကို ဟာသလေးနှောပြီး စိတ်ဖြေကြရရင် ကောင်းမယ် လို့  စဉ်းစားမိတဲ့  အတွက် ဒီကာတွန်းလေး ကြည့် မိတဲ့ အချိန် စက္ကန့် ပိုင်းလေးမှာ ဘဲ ဖြစ်ဖြစ် ပြုံး မိရင် တောင် ကျေနပ်ပါတယ် ။ ဘာလို့ လဲ ဆိုတော့ မကျေနပ်ချက်တွေ စုပြီးထွက်ပေါက်မရှိတဲ့ နေရာတခုမှာ ပိတ်လှောင်ထားတာ ကြာတာတဲ့ အခါ ပေါက်ကွဲမှုတွေ က ပိုပြီး ပြင်းထန်လာတတ်ကြတယ် မဟုတ်လား
http://www.youtube.com/watch?v=tHJKKdEo8TQ&NR=1
မဟုတ်မှန်းသိပေမဲ့  စိတ်လှည့်စားတာ ညာခံရတာချင်း အတူတူ ဒီလို အညာလေးတွေ ကမှ ပျော်စရာ ကောင်း လိမ့် မယ် ထင်ပါတယ်။
အမေနေ့  ကျော်လွန်ပြီးမှ အမေ အကြောင်း ပို့ စ်တင်နေရသလားလို့  ထင်ချင်လည်းထင်ပါ။
အဖိနှိပ်ခံ မြန်မာပြည်သား အားလုံးရဲ့  အမေ အတွက် ကိုယ့်ရင်ထဲက ဆုတောင်းလေးတခုပါ။
ကိုယ့်ဘာသာ ကိုယ်ဆုတောင်းတာ ဘာဖြစ်သလဲ ။
Type rest of the post here
Hey Lay
ဟဲလေးရဲ့  ကြင်ယာဘက် နဲ့  နှစ်နားညီ
(ဒီသီချင်းလေးနားထောင်ရင်းနဲ့ ဒီစာလေးကို ဖတ်ပါက ပို၍ အနက်အဓိပ္ပါယ် ပေါ်လွင်မှာမို့  အပေါ်က PLAY လေးကို အရင် နှိပ်ပါနော်)
သူငယ်ချင်းတယောက်ဆီမှရတဲ့ မေးလ်လေးထဲက အကြောင်းအရာလေး ဖတ်လိုက်မိတော့
အိမ်ထောင်ဘက်ရွေးတဲ့  စံချိန် စံညွှန်းများ (ရှေးထုံးလည်းမပါယ်နှင့် ဈေးသုံးလဲ မလွယ်နှင့် ) ဆိုတာဒါတွေလည်းပါမယ်လို့ ထင်လိုက်မိပါတယ် ။
ဒါတွေအားလုံး ပြည့်စုံ ကိုက်ညီမှ အိမ်ထောင်ပြုရ / ပြုကြမယ်ဆိုရင်တော့ ဒီလောကကြီးတခုလုံး အတွက် နောက်မျိုးဆက်သစ်များ အတော့ကို ရှားပါးပြီး ၊ ငှက်ပျောပင် ၊ ငှက်ပျောတုံး များလည်း အရောင်းသွက်ကုန် ၊ ရှားပါးကုန် ဖြစ်နေလောက်ပါပြီ။
ဒီတော့ လည်း သတ်မှတ်ချက် (Criteria )ကို အရေးကြီးတဲ့  major နဲ့  သိပ်အရေးမကြီးတဲ့ minor ဆိုပြီး 2 major+ 1 minor ။။ ဒါမှမဟုတ် 1 major +3 minor လောက်နဲ့  စံချိန် စံညွှန်းလောက် နဲ့ ရွေ့းချယ်ကြရရင်ကောင်းလေမလားလို့  ။
အပျိုကြီး လူပျိုကြီးဘဝမှ အမြန် လွတ်မြောက်လိုသူများ စနစ်သစ် စံညွှန်းကို စတင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။
အိမ်ထောင်ရေးနှင့်ပက်သက်၍ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ဆုံးမမှုများရှိကြပါသည် ။
" ကုန်ရှူံးတော့တစ်ခေါက် ၊ လင်ကုန်ရှူံးတော့ တစ်သက်လုံးမှောက် "
" အိမ်ထောင်မှုဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးချက်မပိုင်လျှင် နောင်ပြင်နိုင်ခက်သည့်အမျိုး "
ဟူ၍ လူကြီးမိဘတို့က ဆိုဆုံးမပညာပေးလေ့ရှိပါသည် ။ဘ၀တစ်သက်တာ သေတပန်သက်တဆုံး
လက်တွဲသွားရမည်ဖြစ်သည့်အတွက် စိတ်ချမ်းသာကိုယ်ချမ်းသာနှင့်အိမ်ထောင်သည်ဘ၀ပြည့်ဝစွာ
ခံစားစံစားကြရလေအောင် အိမ်ထောင်ဘက်ကို အထူးသတိထား၍ ရွေးချယ်ကြလေ့ရှိပါသည် ။
လင်ကောင်းမယားကောင်းရရှိရေးအတွက် အုပ်ထိမ်းသူမိဘတို့သည်လည်းကောင်း ၊ လူပျို အပျိုတို့သည်
လည်းကောင်း အောက်ပါအချက်များကိုအလေးအနက်ထား၍ ရွေးချယ်ကြလေ့ရှိပါသည် ။
မိန်းကလေးဘက်က ယောက်ျားလေးနှင့်ပက်သက်၍ အောက်ပါအချက်များကို အဓိကထား
စဉ်းစားပြီး ရွေးချယ်လေ့ ရှိကြပါသည် ။(ကျား တွင်ရှိအပ်သော စံညွှန်း)
၁- အရက်မသောက် ၊ ဖဲမရိုက် ၊ အပျော်အပါးမလိုက်စားတတ်သူ
၂- အမြော်အမြင်ကြီးမားပြီး အဆင်အခြင်တရားနှင့်ပြည့်စုံသူ
၃- မျိုးရိုးဇာတိ မြင့်မား၍ ရုပ်ရည်ရူပကာယ တင့်တယ်ခံ့ညားသူ
၎- ပစ္စည်းဥစ္စာမကြွယ်ဝသော်လည်း သားမယားကို ရှာဖွေကျွေးမွေးနိုင်သော အရည်အချင်းရှိသူ
၅- စကားအရာ ချိုသာနူးညံ့သိမ်မွေ့ပြီး ကိုယ်ချင်းစာတရား ထားတတ်သူ
၆- အနာရောဂါကင်းစင်သူ
၇- သက်မွေးဝမ်းကျောင်းအတတ်ပညာ တစ်ခုခုတတ်သူ
၈- သားမယားအပေါ်၌ လင်ဝတ္တရားနှင့် ညီနိုင်သူ
၉- မိမိထက်အသက်အရွယ် ( ၅ ) နှစ်ထက်မကြီး ( ၃ ) နှစ်ထက်မငယ်သူ
၁၀- အမျိုးဘာသာတူ၍ အချစ်စစ်အချစ်မှန်ရှိကာ သာယာသောအိမ်ထောင်ရေးကို ဖန်တီးတတ်သူ
ထိုနည်းတူ ယောက်ျားလေးကလည်း မိန်းကလေးနှင့်ပက်သက်၍ အောက်ပါအချက်များကို
အဓိကထားပြီး ရွေးချယ်လေ့ရှိကြပါသည် ။( မ တွင် ရှိအပ်သော စံညွှန်း )
၁- အနာရောဂါကင်းစင်သူ
၂- မျိုးရိုးဇာတိကောင်းပြီး ရုပ်ရည်ရူပကာယ တင့်တယ်လှပသူ
၃- သိမ်မွေ့နူးညံ့သော ဣနြေ္ဒသိက္ခာရှိသူ
၎- စကားအရာချိုသော သာယာသူ
၅- မယားဝတ္တရားနှင့်အညီ လင်ပေါ်၌ ပြုစုလုပ်ကျွေးနိုင်သူ
၆- အိမ်တွင်းမှုအတတ်ပညာကို ပြည့်စုံစွာတတ်မြောက်သူ
၇- ပညာအမြော်အမြင်ရှိပြီး အကြင်နာတရားထားတတ်သူ
၈- အမျိုးဘာသာတူကာ အချစ်စစ်အချစ်မှန်ရှိပြီး သာယာသောအိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်နိုင်သူ
၉- အပျော်အပါးကင်း၍ စီးသောရေဆည်သောကန်ဇင်းဖြစ်ပြီး အိမ်ထောင်ရေးကိုလုံခြုံစွာ ထိန်းသိမ်းတတ်သူ
၁၀- လော်လီမှု လျှပ်ပေါ်မှု ကင်းသူ
၁၁- လင်နှင့်သားသမီးတို့ကို မိခင်ပမာ ပြုစုလုပ်ကျွေးနိုင်သူ
စသော အင်္ဂါအရည်အချင်းများကို ကြည့်၍ ရွေးချယ်ကြလေ့ရှိသည် ။
( မနုသီလ ဓမ္မသတ်ကျမ်း )
ဒီမနက်အိပ်ရာထ သတင်းစာဖွင့်ကြည့်တော့ ဦးဆုံးမြင်လိုက်ရတဲ့ သတင်းနဲ့ပုံကြောင့် အူယားလာတာကြောင့် မနက်စာတောင်မစားဖြစ်သေးပါဘူး ။ အယားပြေအောင် ဆားချက်ချင်တဲ့အတွက်ကြောင့် ဝေငှပေးလိုက်တာပါ။
南投埔里一位僧人,日前夜晚上廁所時,才坐上馬桶一下子,突然覺得一陣刺痛,站起來發現下體流血,回頭往馬桶裡面一看嚇了一跳,原來有一條錦蛇,緊急送醫後,還好沒有生命危險。消防隊員獲報,有蛇卡在馬桶裡面,緊急到場處理。
အဲဒီ နန်ထို ဖူလီ ဆိုတဲ့ အရပ်ဒေသ ဟာ ဒီထိုင်ဝမ်ကျွန်းနိုင်ငံလေးရဲ့ အရှေ့ အလယ်ပိုင်းမှာရှိပြီး တောတောင်ထူထပ် ပြီး ငလျှင်ကြော အပေါ်တဲ့ တဲ့ မှာ ကျရောက်နေတဲ့အတွက် မြေငလျှင် မကြာခဏလှုပ်ခြင်း ။ မုန်တိုင်းကျတိုင်း ။ မိုးများတဲ့ အချိန်တိုင်း တောင်ပြို မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ အမြဲကျရောက်တတ်တဲ့ ဒေသ တခုပါ ။ လွန်ခဲ့ တဲ့ ၁၀ နှစ်လောက်က လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ ရတဲ့  921 ငလျှင်ကြီးဟာလဲ ဒီဒေသကို အကြီးအကျယ် ပျက်စီးစေခဲ့ပါတယ်။
သဘာဝ ကပ်ဆိုးတွေ မရှိတဲ့အချိန်မှာကြည့်ရရင်တော့ အလွန် သာယာလှပ ပါတယ် ။ လည်ပတ်စရာ တွေတပုံကြီးပေါ့။
အခုလဲ ရာသီဥတု စပြီးပူလာလို့ နဲ့ တူပါတယ် ။ ကိုရွှေမြွေလေးတွေလည်း အေးချမ်းတဲ့ အရပ်ကို ရှာဖွေ နေထိုင်ကြရတာပေါ့နော ။ နေစရာရှားလို့  အိမ်သာ ကမုတ်ထဲ ဝင်ခွေနေတာလေ ။ အိမ်ရှင်ကတော့ ဘယ်သိပါ့မလဲ ၊ မခေါ်ဘဲရောက်လာတဲ့ ရွှေဧည့် သည်က အထဲမှာ အမြိုင့် သားနဲ့  ။ညကြီးမိုးချုပ် ဒီလူကြီးလဲ အန္တရာယ် မလွယ်နိုင်လို့ အိမ်သာဒေဝ လုပ်တဲ့အချိန် အရေးကြီးတဲ့ ဟိုနေရာမှာ ပူကနဲဖြစ်ပြီး သွေးစိမ်းရှင်ရှင် ထွက်တော့မှ အောက် ငုံ့ ကြည့်အမိ ။သကောင့်သား အခွေလိုက်တွေ့ တော့မှ လန့် ဖျန့် ပြီး မီးသတ်ကိုဖုံးဆက် ။ သူလဲ ဆေးရုံပြေးရတာပေါ့ ။ တော်ပါသေးတယ် ။ လူက အသက်အန္တရာယ် မရှိဘဲ ပြီးသွားလို့ ။
မိတ်ဆွေတို့ လည်း အန္တရာယ်မလွယ်နိုင်လို့ ရှင်းတော့ ပြုတော့မယ် ဆိုရင် ဘေးဘီ အထက်အောက် သေချာကြည့် ရှုပြီးမှ လုပ်စရာရှိတာ ဆက်လုပ်ကြဖို့  အသိပေးအပ်ပါတယ်။
ဒီ video အပိုင်းအစလေးကို ကြည့် လိုက်ရတဲ့ အချိန်မှာ အတော်လေးရင်မောသွားမိတယ် ။ဒီ ရှိုးပြတဲ့ နေရာက ဖေါ်ပြမထားတော့ ဘယ်နေရာမှန်း အတိအကျ မသိပါဘူး ။ ဒါပေမဲ့ နောက်ဖက်က background ကိုကြည့် ရတာတော့ Las Vegas မှာနဲ့ တူပါရဲ့ ။
အဌိဋာရုံတွေကို မှ မြင်ချင်ကြည့် ချင်တဲ့လူတွေရဲ့ စိတ်ဓါတ်တွေကြောင့် လား ။ သူတို့ ဆီက လူတွေရဲ့ ဟီးရိုးလုပ်ချင်စိတ်လား ။ ဒါမှ မဟုတ် မိုက်ရူးရဲတယ် ခေါ်ရမလား ။ဒီလို စတန့် ထွင်နည်းများစွာ ကသူတို့ ဆီမှာ သိပ်အထူးအဆန်းတော့ မဟုတ်တော့ပါဘူးထင်ပါရဲ့ ။ အောင်မြင်သွားရင် လက်ခုပ် လက်ဝါးတီးပြီး ချီးမွမ်းထောပနာပြုကြတယ်ပေါ့။ မအောင်မြင်ရင်တော့လဲ ကဲ့ ရဲ့ ခြင်းတော့ ရှိကြမယ်မထင်ဘူး။ ဟီးရိုးမဖြစ်ဘဲ ဇီးရိုး ပြားပြားလေးဖြစ်သွားမှာနော် ။ဒါပေမဲ့  ခုလို လုပ်တာကတော့  အတော်လေး မိုက်ရူးရဲဆန်ရာကျသလိုထင်မိတယ်။
အမှန်ကို ဝန်ခံရရင် ကိုယ်တိုင်ကလည်း ရှေ့ ဘာများဆက်ဖြစ်မလဲဆိုတဲ့ စိတ်နဲ့ ဆက်ကြည့် နေမိပါတယ်။
တခုခုသာ မှားယွင်းလိုက်ရင်တော့ ဘုရား ဘုရား..။ ဒီလို လုပ်ပြလိုက်လို့ ရော ..ဘယ်သူ့ အတွက်များအကျိုးဖြစ်ထွန်းစေမှာလဲနော် ။လူတွေအတွက် အကျိုးဖြစ်စေမဲ့ အရာတခုခုကို ။တီထွင်မှုတခုခုကို ၊ စမ်းသပ်လုပ်ပြရင်း မတော်တဆ တခုခုဖြစ်သွားခဲ့တယ် ဆိုရင်တော့ ဖြေသာစရာရှိပါသေးရဲ့ .။
ဪ.. လူတွေ လူတွေ ...ကဲ ..အသင်ရော ..တကယ်လို့  အဲလို ပြကွက်မျိုး ၊ ပိုက်ဆံ ပေးစရာမလိုတဲ့  ဖရီးရှိုး အလကားကြည့်ရမဲ့  ပြကွက်မျိုး ၊ သင့်ရဲ့ ရှေ့ မှောက်မှာ အဆင်သင့် ရှိနေပြီဆိုပါတော့၊ ဆက်ကြည့် မလား ၊ ဒါမှမဟုတ် မကြည့်ဘဲ လှည့်ထွက်သွားမလား ။ အဟက်.. ၉၉ ရာခိုင်နှုန်းကတော့ ဆက်ကြည့် ကြမယ်ထင်ပါတယ် ။