၅၄ တက္ကသိုလ်ရိပ်သာလမ်း ၊
ရာဇဝင်နဲ့ အစဉ်အလာ ကြီးမြတ်လှတဲ့ ၂ထပ်အိမ်ကြီးထဲမှာ ၊
ယနေ့ ထိတိုင် အချုပ်နှောင်ခံနေရတဲ့သူက
ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကြီး ပိုင်ရှင် ။
ပြည်သူချစ်တဲ့  အဖဗိုလ်ချုပ်အောင်ဆန်းသမီး ၊
အဖေ့ခြေရာနင်းတဲ့ အဖေ့သမီး ၊
သူ့ တိုင်းပြည် နဲ့ လူမျိုး ကို ချစ်တဲ့ ၊ သစ္စာရှိတဲ့ ၊
အဖိနှိပ်ခံ ပြည်သူတရပ်လုံးကချစ်တဲ့ ၊
မြန်မာပြည်ကြီး ဒီမိုကရေစီ ရရှိဖို့  ၊
သူ့ ဘဝကြီးတခုလုံးကို ပေးဆပ်ခဲ့တဲ့၊ ပေးဆပ်နေတဲ့
ဒေါ်အောင်ဆန်းစုကြည် ။
၅၄ တက္ကသိုလ်ရိပ်သာလမ်း ၊
တချိန်က သာယာစိုပြေ အေးချမ်းခဲ့၊
တချိန်က ရဲရဲတောက် မိန့်ခွန်းတွေချွေခဲ့ ၊
တချိန်က သောင်းသောင်းဖြဖြ လူထုတွေ စုဝေးခဲ့ ၊
ခုချိန်မတော့ သံဆူးကြိုးအထပ်ထပ်ကာရံ ၊
စစ်ခွေးတွေ အုပ်စုလိုက် ကာရံ ၊
ယက်တောလိုလူ နောက်တခါ ရေကူးဝင်လာမလား ၊
ဒါမျိုးအဖြစ် နောက်အသစ် ဖြစ်ချင်ဖြစ်လေမလား၊
သူခိုးဝင်လို့ အိမ်ရှင်ထောင်ကျ ၊
ဘယ်နိုင်ငံမှ မရှိဘူး ညစ်ညူးတဲ့ ဥပဒေ နဲ့ ဖိနှိပ်လို့ ထား ။
၅၄ တက္ကသိုလ်ရိပ်သာလမ်း ၊
တချိန်က ခန်းနားကြီးမြတ်လှတဲ့ ၂ထပ်အိမ်ကြီး ၊
ခုတော့ ဇရာကြောင့်လည်း ဟောင်းနွမ်းယိုင်နဲ့
သဘာဝဘေးဒါဏ်ကြောင့် ခေါင်က မိုးယို ၊
ဒါပေမဲ့ အလံမလဲ ကြံ့ ကြံ့ ခိုင် နေဆဲ ၊
မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့ရာ ၊
ဒီမိုကရေစီ အရေးတွက် ရဲရဲဝံ့ဝံ့ ဆက်လက်တိုက်ပွဲဝင်နေသူ အမေ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ၊
အချုပ်ခြံဝင်း လည်း ပြိုပျက်ယွင်းနေရပြီပေါ့ ၊
ချုံ နွယ် ပိတ်ပေါင်း ၊ထူထဲထဲ နဲ့ ၊ ဒီခြံမြေ ဒီစံအိမ်အား
ပြုပြင် ရှင်းလင်း ဖို့  တောင် ၊ မလွယ်ပါဘူး ၊
တအူတုံဆင်း မောင်နှစ်မအရင်းပေမဲ့၊
စိတ်ဓါတ်ချင်း မိုးနဲ့မြေခြား ၊
အစ်ကို ဖြစ်သူ မယားတရူး ၊ စည်းစိမ်ရူး ကြောင့် ၊
အိမ်ပြင်စေဖို့  မပြင်စေဖို့  ၊ ကန့်ကွက်စာတင်သွင်း ၊ပယ်ချ၊ ဆိုင်းငံ့ ..
ရှုံ့ ချည် နှပ်ချည် ၊ ပေါ်လစီမှာလည်း ထူးလှပါဘိ ၊
၅၄ တက္ကသိုလ်ရိပ်သာလမ်း ၊
လွတ်လပ်ရေး ဗိသုကာကြီးရဲ့  နေအိမ်ပြင်ဖို့ 
ဘယ်ဗိသုကာ ရှင်မှ မစွမ်းဆောင် နိုင်ကြသေးသမို့ 
တို့ အားလုံး ရဲ့ အမေ ၊
ဒီ တမိုးမှာလည်း မိုးရေယို ၊ စိုလို့ များ ရွှဲနေဦးမှာ လား ၊
မိုးအေးလို့  အအေးပါတ် ၊ ကျန်းမာရေးထိခိုက် နေမှာလား ၊
စိုးရိမ်စိတ် နဲ့ တွေးပူနေမိပါသေးရဲ့  ။
အမေ့ အသက် ၆၅ ၊ ပြည့်တဲ့ ဒီနေ့ ၊ ၂၀၁၀၊ ၁၉ ရက် ဇွန်လ မှာ ၊
တို့ အားလုံးရဲ့  သတ္တိရှင် အမေ ၊
သက်တော်ရှည်၍ ကျန်းမာ ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည် ။
အမေ့ ဆန္ဒ လိုအင် များလည်း အမြန်ဆုံး ပြည့်ဝအောင်မြင်ရပါကြောင်း ဆုမွန် အပေါင်း ထပ်တောင်းလိုက်ရပါသည် ။
ငြိမ်းချမ်း အေးမြ အမေ့အိမ်ရိပ်မှာ ချစ်သားသမီး များ စုစည်းစွာ နဲ့၊
သာယာ တိုးတက် နေရမဲ့ရက်များ ၊ မနှေးအမြန် ရောက်စေရန်လည်း ၊
တောင်းဆုချွေလိုက်ရပါသည် ။
၆.၆.၂၀၁၀ က မိုးသည်းထန်စွာ ရွာသွန်းပြီး နောက်တနေ့ မှာ အဝေးမှ လှမ်းမြင်ခဲ့ရတဲ့  အမေ့အိမ်အိုကြီး ၊ ပြုပြင်ဆဲ မှ ထပ်မံရပ်တန့်ထားခြင်းခံနေရတဲ့ မြင်ကွင်း အား ၊ရင်နင့်စွာ မှတ်တမ်းတင်ထားရင်း ၊ ၁၉.၆.၂၀၁၀ မှာကျရောက်သော အမေဒေါ်စု မွေးနေ့ အတွက် ဆုတောင်းလွှာ ..
11 comments:
ဟုတ်တယ် အမ ရေ့ ...
ကွယ်ရာ တွယ်ရာ အရိပ်မဲ့  နေတဲ့ 
ကျွန်တော် တို့  လူထု ကြီး ရဲ့  နှလုံးသည်းပွတ်
ထဲက အာဇာနီ တစ်ယောက်၊ အစား ထိုးမရနိုင်တဲ့ 
အဖေ တူ ခေါင်း ဆောင် တစ်ယောက်၊ အမှန်တရား
ရဲ့  မီးရှုး တန်ဆောင် ပါပဲ ။
အင်း.. အနိုင်း မဲ့  လို့ ပဲ ပြောရတော့ မယ်.. လို့ ။
အန်တီစု မွေးနေ့ ထပ်ရောက်လာပြန်ပြီနော် ...
အန်တီစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ ..
လေးစားရပါသောဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ... မတရားချုပ်နှောင်ခံရမှုမှ အမြန်လွတ်မြောက်ရပါစေ
အမေစုရဲ့ ယနေ့မှသည် အမြန်ဆုံး အချုပ်အနှောင်မှ လွပ်မြောက်ပါစေလို့ ဆုတောင်းရင်း ဤဂုဏ်ပြု ကဗျာလေးကို အမေစုအတွက် လာရောက်ဖတ်ကြား သွားပါတယ်ဗျာ ...
အမေစု (၆၅)နှစ်မြောက်မွေးနေ့မှစပြီး ကျန်းမာစွာနဲ့
အသက်ရာကျော်ရှည်ပါစေ....။
မတရားသဖြင့်အနှောင်အဖွဲ့မှအမြန်ဆုံးလွတ်ကင်းနိုင်ပြီး
အမေချစ်တဲ့မိသားစုနဲ့မွေးနေ့ပွဲကိုအမြန်ဆုံးဆင်နွှဲနိုင်
ပါစေ....။
အမေနဲ့အနေဝေးနေပေမဲ့အမှန်တရားကိုချစ်မြတ်နိုးတဲ့
အားလုံးရဲ့ရင်ထဲအသည်းထဲမှာအမေ့အတွက်ဆုတောင်း မေတ္တာပို့နေရင်းမျက်ရည်ကျနေရတယ်အမေ...
မွေးနေ့ဂုဏ်ပြုကဗျာလေးကိုဖတ်ရင်း ထပ်ဆင့်ဂုဏ်ပြု
ပါရစေ..။
ခင်တဲ့
ညီမသဒ္ဓါ
It's very nice and touching poem. Happy Birthday Auntie Su!!!
ပြည်သူချစ်တဲ့ ပြည်သူ့ဘက်တော်သား၊ ကမ္ဘာကပါ လေးစား ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ မတရားသော ချုပ်နှောင်ခြင်းမှ အမြန်ဆုံး လွတ်မြောက်ပါစေ....။
အမေထက် အမေ့ရဲ့အဖေကို ပိုချစ်ပါတယ်။
ကိကိရေ အခုမှ ဘလော့ဂ်လည်ဖြစ်တယ်။ ကဗျာလေးကို ထပ်တူထပ်မျှခံစားသွားပါတယ်။
မကိရေ
ထပ်တူထပ်မျှ ခံစားရပါတယ် အမြန်ဆုံး လွတ်မြောက်ပါစေ ကျန်းမာပါစေ
sso
သွေးမတော်သားမစပ်တဲ့ သူတစ်ယောက်ကို အခုလို ဂုဏ်ပြုဆုတောင်းပေးနိုင်ရင် ၉ လလွယ် ၁၀ လဖွားပေးခဲ့တဲ့ မွေးမိခင်ကိုလည်း အခုလို အမှတ်တရများစွာနဲ့ ရေးစပ်သီကုံးပြီး ဆုတောင်းမေတ္တာတွေနဲ့ တစ်ပုံကြီး ပို့ပေးနိုင်ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်ဗျာ...
justice
Post a Comment