စာမရေးဖြစ်တာ ကြာလှပေါ့.... မြန်မာပြည် ပြန်ရောက်တော့ အင်တာနက်လိုင်း မရှိတာကြောင့် တကြောင်း.. လိုင်း ရှိပြန်တော့ ကွန်နက်ရှင် မကောင်းတာကတကြောင်း ၊ ရေးချင်စိတ်မရှိတာက တကြောင်း .. အကြောင်း အမျိုးမျိုး ရှာ ပြီး ကိုယ့်ဘလော့လေးကို ပစ်ထား မိခဲ့ ပြန်ပါတယ် ။ ခုလည်း စာ ရှည်ရှည် ရေးဖို့  အားမရှိပြန် .. စိတ်မရှိပြန်တာကြောင့် ကိုယ်တတ်နိုင်တဲ့ ဖက်ကနေပြီး မျက်နှာမွဲ ဆင်းရဲ လှတဲ့ ကျေးရွာ လူထု တချို့  ဆီ ကို သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြတဲ့ သူငယ်ချင်း တစု နဲ့ တနိုင် လုပ်အားပေး ဆေးကုပေးခဲ့ကြတဲ့ ပုံရိပ်အချို့ ကို ဖေါ်ပြရင်း အမှတ်တရ ကဗျာ မဆန် စာ မမှန် စာ ကြောင်း တိုလေး နဲ့ ပဲ အဆုံးသတ်လိုက်ပါတော့မယ်.. (တချို့လူနာ တွေများ... ခွဲစိတ်ဖို့ လိုအပ်နေတာ မြို့ ကြီး ဆေးရုံဆီ မသွားနိုင်လို့ ..ခန်မှန်း ခရီး စရိတ်၊ ခွဲစိတ်ကုသစရိတ် ပါ လှူခဲ့ကြရပါတယ် ။ ရေမလျှံတဲ့နေရာ မှာ ရေလှူရတဲ့ ကုသိုလ်မျိုးမို့  စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။။)
တတ်သည့်ပညာ မနေသာ၍
မေတ္တာ ဂရုဏာ စေတနာ ဆောင်း ၊ လုပ်အားပေါင်းကာ၊
ဆံထုံးလည်းစိုက် ဆီလည်းစိုက်ကြ
လက်လှမ်းမှီရာ ကျေးရွာများမှာ
မွဲတေထွေပြား ရောဂါများလှ
ကျန်းမာရေးခက် ဝမ်းရေးခက်သည့်
တို့ တိုင်းရင်းသား ပြည်သူများ တွက်
တနိုင်ဝန်ထမ်း တို့ လက်ကမ်းမည် ၊
ရေရှည် တည်တံ့ ပါစေသား..
မေတ္တာဖြင့်...
ကိကိ..