မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့ ။ ငယ်ငယ်တုန်းက အဓိပ္ပါယ် သေချာ နားမလည်တော့ တမျိုး အထင်မှတ် မှားခဲ့တယ် ၊ မသာ ကို တစ်ခေါက်သွားပို့ ပြီးရင် မကောင်းဆိုးဝါးကောင်တွေ ကပ်နေမစိုးလို့  ဘုန်းကြီးကျောင်း ဆယ်ခေါက်သွားမှ အဲ့ဒီ မကောင်းဆိုးဝါးကောင်တွေ ပျောက်တယ် လို့  လေ ။ အယူတိမ်းလို့  နတ်စိမ်း မဖြစ်တာ ကံကောင်း ။ နောက်မှ အဓိပ္ပါယ် သေချာ သိတော့ မိုး နဲ့ မြေလို ကွာခြား နေပါလား လို့  ကိုယ့် ကိုယ်ကိုယ် အပြစ်တင် မိတယ် ။ တကယ်ဆိုရင် တော့ မသာတခေါက် ပို့ လို့ ရတဲ့  အကျိုး ကုသိုလ် ဟာ ဘုရားပုထိုး ကျောင်းသွား တာ ဆယ်ခေါက်စာ နဲ့  ညီမျှပါတယ်တဲ့ ။ ဒါကြောင့် သာရေးကိစ္စ တွေကို မသွားဖြစ်ရင်သာ နေရမယ်။(အိုက်တင်တခွဲသားနဲ့ ဟန်ဆောင်ပြုံးပြီး ပြိုင်ဆိုင်နေကြတဲ့ မင်္ဂလာဆောင် ဧည့်ခံပွဲများဆို တတ်နိုင်သလောက် ရှောင်ခဲ့တယ် ) ။ နာရေးကိစ္စတွေ ကိုတော့ အတတ်နိုင်ဆုံး သွားတဲ့ အကျင့်တခု ဖြစ်လာရတာ ကြာပါပြီ ။ အသုဘ ရှုတယ်ဆိုတာ သံဝေဂ တရားရစရာတွေ အပြည့်ပဲမို့  ငယ်ငယ်က အသုဘ ဆိုတာ သွားကြည့်ဖို့  လိုက်ပို့ ဖို့  မပြောနဲ့  အသုဘ သတင်းမေးဖို့  သွားကြတဲ့ အဖေတို့  အမေတို့ နဲ့ တောင် လိုက်ဖို့  ကြောက်ခဲ့ သလောက် ၊ ခုဆိုရင် နာရေး ကိစ္စတွေကို မရောက် ရောက်အောင်သွားတတ်ပါတယ် ။လွန်ခဲ့တဲ့ ၂ နှစ် မြန်မာပြည် ပြန်တဲ့ အချိန် ခဏလေး အတွင်းမှာ အသုဘ ၃ ခေါက်ရောက်ဖြစ်ခဲ့တယ် ။ရေဝေး နှစ်ခေါက် ၊ ထိန်ပင် တစ်ခေါက်ပေါ့ ။ကိုယ့်အလှည့် ဘယ်တော့ရောက်မလည်းဆိုတဲ့ အတွေးတွေလည်း အခေါက်တိုင်းတွေး မိခဲ့တယ် ။
ဒါ့အပြင် ခေတ်နဲ့  အညီ အသုဘ ပို့ ရခြင်း ဒုက္ခ ဆိုတာ ဒီလိုပါလားလို့  သေချာ သိရတော့တယ် ။ နေရခက် တဲ့ ဒီခေတ်အခါကြီး မှာ သေတာကမှ ကောင်းအုံးမယ်လို့  အတွေးတွေ ရှိခဲ့ ဖူးပါတယ် ။ ဟုတ်ပါရဲ့  ။ သေသွားပြီးတဲ့ သူတယောက် ကတော့ ဝဋ်ကျွတ်သွားတယ်ပေါ့လေ ။ သူဘာမှ မသိတော့ ၊ မခံစား ရပေတော့ ဘူးပေါ့ ။ ဒါပေမဲ့ မသေပဲ ကျန်နေရစ်ရသူတွေ သေဖို့  အလှည့်ကျ ပါမစ်စောင့်နေရင်း ကွယ်လွန်သူချန်ခဲ့ တဲ့ ၊ လွှဲထားခဲ့တဲ့ တာဝန်တွေကို ဆက်ပြီး လက်လွှဲယူ နေရတာ ၊ အတော်လေး စိတ် မသက်မသာ ဖြစ်ရပါတယ် ။ တပူပေါ် နှစ်ပူဆင့်တယ် ဆိုတာတောင် နည်းသေးတယ် ဆိုရမလိုပါပဲ ။ကျန်ရစ်သူမိသားစုမှာ သူ နေမကောင်းစဉ်ပြုစု ကုသရတဲ့ စရိတ်စက ၊ ဒီခန္ဓာကိုယ်ကြီးကို မြေကျတဲ့ အထိ ကုန်ကျရတဲ့ စရိတ်စက ဆိုတာတွေ က နှစ်ပူဆင့်ရုံတင်မက ၊ တချို့ များဆို အိမ်ပေါင် ယာပေါင်၊ အိမ်ရောင်း ယာရောင်း နဲ့  ဘဝ ပျက်သွားခဲ့ကြတာတွေလည်း ရှိပါသေးရဲ့  ။
လူဆိုတာ သေမျိုးချည်းပဲ မို့  သေရတာ ဟာ မဆန်းပါဘူုး ။ဒါပေမဲ့ ကိုယ့်တိုင်းပြည်မှာ လူလိုနေပြီး လူလိုသေရဖို့  အခွင့်အရေးကို လူတိုင်း ၊လူတိုင်း တန်းတူ မရနိုင်ကြတာတွေ က ဆန်းနေပါတယ် ။ စိတ်သဏ္ဍန် မရှိတော့တဲ့  ကျန်ရစ်နေတဲ့ ရုပ်ခန္ဓာ ကြီး ကို လည်း လဒစား၊ ကျီးထိုး၊ ခွေးဆ၊ွဲ ဒီအတိုင်းပစ်ထားလို့  မရပါဘူး ။ လူပီသအောင် လူလိုသူလို စီမံပေးရမှာပါ ။( နာဂစ်မှ တွေ့ ကြုံ ကြားသိရတာများကို လူစိတ်ရှိသူတွေ မေ့ လို့ရမှာ မဟုတ်ကြဘူး လို့  ယုံကြည်ပါတယ် ) ။ ဒီတော့ ကျန်ရစ်ခဲ့တဲ့ ရုပ်ကလပ်ကို လူကျင့်ဝတ္တရား နဲ့  အညီ ။ ကိုးကွယ်ရာဘာသာ ထုံးစံဓလေ့များနဲ့ အညီ သင့်တင့် လျှောက်ပတ်ရာ အရပ်တခုမှာ သဂြိုလ်ပေးခြင်းအမှု ကိစ္စကို ဆောင်ရွက်ပေးကြရမှာပါ ။ ရှေးယခင် ( နှစ် ၂၀ တောင် မပြည့်ခဲ့သေးတဲ့ အချိန်ထိမှာတော့ ရန်ကုန်မြို့ ကြီးမှာ ရှိနေတဲ့  ရွှေဂုံသူ ရွှေဂုံသားတို့  ဘဝ နိဂုံးမှာ လှဲလျှောင်းနားခို စရာ နေရာ သုဿန် သင်္ချိုင်းများဟာ မြို့ နဲ့  မဝေးကြတဲ့ နေရာတွေမှာ ရှိခဲ့ကြပါတယ် ။ ကြံတော ၊ နာနတ်တော ၊ တာမွေ ၊ ပြီးတော့  ကိုးမိုင် တရုပ်သင်္ချိုင်း တွေ အစရှိသဖြင့်ပေါ့ ။ဒီနေရာတွေဟာ သွားရ လာရ အဆင်ပြေနေပါတယ် ။ကားခတွေလည်းခုလို မတရားကြီး ဈေးမကြီးသေးပါဘူး။ ဒါကြောင့် အချိန်ခါ မရွေး လိုက်လံ ပို့ ဆောင် အသုဘ ရှု ဖို့  ။ လူမှုရေး အရ ကြည့် ရင်လည်း ဝတ္တရား မပျက်ကွက် စေတဲ့ သဘောနဲ့ ဖြစ်ဖြစ် ၊ ကွယ်လွန်သူတို့ ရဲ့  နောက်ဆုံးခရီးကို လိုက်လံ ပို့ ဆောင် ပေးလေ့ရှိခဲ့ကြ ပါတယ်လေ ။ လူချစ်လူခင်များတဲ့ နာမည်ကြီးသူများနဲ့ နိုင်ငံကျော်အနုပညာရှင်များရဲ့ ဈာပန မျိုးဆို တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး စည်ကားခဲ့ ကြတယ် ။တခါတရံများဆို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ရေခဲတိုက်မှ စပြီး အသံလွှင့်ရုံ နောက်ဖက်မှာ ရှိခဲ့တဲ့ကြံတော သုသာန်ထိ အသုဘ ပို့ ကားတန်းကြီးများ ရှည်လျား ခဲ့တယ် ။
နောက်ပိုင်းတော့ တိုးချဲ့လာတဲ့  မြို့ အနေအထားကြောင့် သင်္ချိုင်း တွေကို အလှမ်းဝေးတဲ့ မြို့ ပြင်ပ သို့  ရွှေ့ ပြောင်း ကြရပါတယ် ။ ဒါကလည်း သိပ် အကြောင်းမဟုတ်သေးပါဘူး ။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ပါ ။ခေတ်နဲ့ အညီ ခေတ်မှီ ရွှေမြို့ တော်ကြီး အဖြစ်တတပ်တအား တည်ဆောက်ကြတဲ့ စီမံကိန်းတွေထဲ မှာ သင်္ချိုင်းရွှေ့ ပြောင်းရေး ဟာလည်း တခုအပါအဝင်ပေါ့ ။ မှတ်မှတ်ရရ ပဲ ဆိုရမလား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ လားတော့ မသိ ၊ ဒါဟာလည်း ၈၈ ခုနှစ်အုံကြွမှု ကြီး အပြီး ၊ လှုပ်ရှားမှု အများဆုံးလို့  စံတင်ရလောက်တဲ့  ပစ္စည်းမဲ့ လူတန်းစားတွေ ကို မြို့ပြင်ထုတ်တဲ့ စီမံကိန်းတွေ နဲ့တူတူ တချိန်တည်းမှာ ကားစိမ်းစိမ်းကြီးတွေ နဲ့ ညသန်းခေါင်မှာ သင်္ချိုင်းပြောင်းရွှေ့ တာလည်း ပါခဲ့တယ် ။( ပြောင်းရွှေ့ တဲ့ အချိန်တုံးက ကြုံတွေ့ ရတဲ့  အံ့သြစရာ အဖြစ်ကို နောက်ကြုံမှ သပ်သပ်ပြောပြပါအုံးမယ် ) ။ ဒီလိုနဲ့ ပဲ သုသန်ပြင်တစ ဟာ ရေဝေး ၊ ထိန်ပင် ။ စတဲ့ နေရာတွေ မှာ တည်ရှိခဲ့ရတော့ ပါတယ် ။ သူတို့ ၂ ခုဟာ ရွှေမြို့ တော်ကြီးရဲ့  အဓိက တစပြင် ပေါ့ ။ အဲဒါကို ကိုယ်မြှုပ်ချင်တဲ့ နေရာ ကိုယ်တိုင်ရွေးချယ်လို့ မရပါဘူး ။ ရန်ကုန် အရှေ့ ပိုင်း ကလူတွေအတွက် ရေဝေး နဲ့  အနောက်ပိုင်း အတွက် ထိန်ပင် ဆိုပြီး သတ်မှတ်ထားပါတယ် ။ လိုချင်တဲ့ အရပ်မှာ မြှုပ်ချင် သင်္ဂြုလ်ချင်တယ်ဆိုရင်တော့ ထုံးစံအတိုင်း နားလည်မှု တွေနဲ့ ခြင်္သေ့တွေကို လမ်းခင်းရင်တော့ ဖြစ်တာပေါ့လေ ။
ဒီလို မြို့ပြင်ဖက်ဝေးလံတဲ့ နေရာတွေရောက်သွားကြတော့ ကျန်ရစ်တဲ့ ရုပ်ကလပ်ကို သယ်ယူပို့ ဆောင်ရေးက အဓိက ပြသနာ ဖြစ်လာရတော့ တာပါပဲ ။ရန်ကုန်မြို့ ရှိ အသီးသီးသော ဆေးရုံများမှ ၊ဒါမှမဟုတ် ကိုယ့်အိမ်မှာဆုံးပါးသွားသူများရဲ့ ရုပ်ကလပ်တွေကို သက်ဆိုင်ရာ ရေခဲတိုက်တွေဆီ ပို့ရတဲ့ ခရီးစရိတ် ၊ ဟာ သောင်းနဲ့ချီပါတယ် ။ ဒါကို မတတ်နိုင်ကြတဲ့ လူတွေ ၊မျက်နှာမွဲ နင်းပြားတွေ ၊ တနေ့စာ တနေ့ တောင် အလျဉ်မမီနိုင်ကြတဲ့ အလုပ်သမားတွေ ၊ယုတ်စွအဆုံး အစိုးရဝန်ထမ်းတွေ အများကြီး ရှိနေကြတယ် ၊ ဒါကြောင့် နေရတာခက်တဲ့ အပြင် သေရတာလည်းခက်လှ တဲ့ သူတို့တတွေရဲ့  ဒုက္ခများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်း ပေးဖို့ အတွက် နာရေးကူညီမှုအသင်းကြီးကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း မှာစာရေးဆရာ ၊ ဒါရိုက်တာကြီး ဘဘ ဦးသုခရဲ့ လမ်းညွှန်မှု ဖြင့် ဦးကျော်သူ( အကယ်ဒမီ ရုပ်ရှင်မင်းသား) နဲ့ စေတနာရှင်များက ဝိုင်းဝန်းတည်ထောင်ခဲ့ပြီး ဆင်းရဲချမ်းသာနှင့် လူမျိုးဘာသာမရွေးဘဲ နာရေးကိစ္စများအတွက် အခမဲ့ ပို့ဆောင်သဂြုင်္ိဟ်ပေးခဲ့ပါတယ် ။ဒီအဖွဲ့ကြီး အနေနဲ့ လည်း ၂၀၀၇ ခုနှစ် မတ်လမှာ သုခကုသိုလ်ဖြစ် ဆေးခန်းများကိုပါ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့တယ် ။ လေးစားမိပါတယ် ဦးကျော်သူ ။
စေတနာ အရင်းခံပြီး ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံ ၊ အနစ်နာ ခံ လုပ်ဆောင်ပေးနေကြတဲ့ နာရေးကူညီမှု အသင်းကြီးရဲ့ လိုအပ်မှု များကို စေတနာရှင် ပြည်သူများ ပြည်တွင်း ပြည်ပမှ အလှုရှင်များက ထက်သန်စွာ ပေးလှူ ခဲ့ကြတာနဲ့ အမျှ ဒီအသင်းကြီးရဲ့  ဂုဏ်သတင်းဟာ ကောင်းသော ကျော်ကြား မှုများနဲ့  သတင်းမွှေးလာခဲ့တာ သဘာဝကျပါတယ် ၊ ဒါကို မနာလို မရှုစိမ့် ၊ သူတွေ ရှိလာရတာဟာတော့ အတော်လေး အံ့သြစရာ ကောင်းလှတယ်ပေါ့ ။ တကယ်ဆိုရင် တိုင်းပြည်ရဲ့  အစိုးရ အဖွဲ့  အစည်းများမှ လုပ်ဆောင်ပေးသင့်တဲ့ ဒီလို ကိစ္စရပ်များကို ၊မိမိကိုယ်တိုင် မစွမ်းဆောင်နိုင်တဲ့ လိုအပ်ချက်များအား ပရဟိတစေတနာ အဖွဲ့ အစည်းများမှ ပံ့ပိုးပေးနေတာတွေကို လက်ခံ ကြိုဆို သင့်တယ် မဟုတ်ပါလား ။ ခုတော့ ရန်သူသဖွယ် မှတ်ယူနေသလားလို့  ထင်ရလောက်အောင်ကိုပါပဲ နည်းမျိုးစုံ နဲ့ ပြသနာ မျိုးစုံ ဖန်တီး နှောက်ယှက် နေပါတော့တယ် ။ ဒီ နာရေးကူညီမှု အဖွဲ့ ကြီးရဲ့  အခမဲ့ အသုဘ ပို့ ဆောင်တဲ့ အလုပ်ကို သူတို့ ဝင်ရောက် ချယ်လှယ်ခဲ့တယ် ။ အခကြေးငွေ ယူတဲ့ သူတို့အသုဘ ယာဉ်ကို မသုံးရင် လူသေကို သင်္ချိုင်း ပို့ ဖို့  လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ယူဖို့  ကြံ့ ကြာစေခဲ့တယ် ။နောက်ထပ်တမျိုး တိုး တာက ၊နာရေးကူညီမှု အသင်းကြီးပိုင် နိဗ္ဗန်ယာဉ်တွေ ကို မြို့ ထဲ ည မအိပ်စေရဘူးတဲ့လေ ။ရေဝေးသုသာန် နယ်မြေထဲ ရွှေ့ ပြောင်းပေးခဲ့  ရပါတယ်။ တယ်လည်းခက်ပါလားကွယ် ။.ေၾသာ္ဒုကၡပါလား မနာလို မစ ၦရိယ ။ မစားရတဲ ့ အမဲ သဲနဲ ့ပက္တာလား ။အာဏာရှင်က မေတ္တာ ရှင်တွေ ကို မသိစိတ်နဲ့ရော သိသိကြီးနဲ့ ပါ ကြောက်တာလား ။
ခုလည်းနောက်တမျိုး ၊ ကုသိုလ်ဖြစ်ဆေးခန်ကို နည်းမျိုးစုံ ရမယ်ရှာပြီး တရားစွဲ နှောက်ယှက် ဦးမယ် တဲ့လေ ။ကြံဖန် ရမယ်ရှာတာက ဆေးခန်းရှေ့ မှာ ရေမြောင်းမတူးလို့ ဆေးခန်းဖွင့်ဖို့  အမိန့် မချပေးပဲ ၊ အမိန့် မရှိ ဆေးခန်းဖွင့်လို့ ပါတဲ့ ။ အရပ်ထဲက လမ်း ၊ တံတား ။ ရေမြောင်းတွေဆိုတာ ကို တူးဖေါ်ဆောက်လုပ်တာဝန်ရှိသူတွေ ဟာ အစိုးရ စည်ပင်သာယာရဲ့  လုပ်ငန်း တာဝန် မဟုတ်ပါပဲလား ။ ဆေးခန်းကို အားကိုးတကြီးလာပြကြတဲ့ လူနာတွေ ကို မျက်နှာလွှဲ ခဲပစ် နေရတော့ မှာလား ၊။ သူတို့  ပိုင်ရာ ဆိုင်ရာ လူကြီးတွေဖွင့်ထားတဲ့ နာမယ်ကြီးဆေးရုံကြီးတခုဆို လိုင်စင်မရခင် နှစ်များစွာကတည်းက ခန်းခန်းနားနားကြီးဖွင့်ထားလို့ ရတာကို ကျ ဘယ်သူမှ တရားမစွဲရဲပါလား ။
သာရေးလည်းမရ ၊ နာရေးလည်းမရ ။ နေရခက် ၊ သေရခက် ။ဆိုတော့ ဝေရမလား ၊ ကြွေရမလား လို့ တောင် မဆုံးဖြတ်တတ်တော့ ပါဘူး ။ နာတာလေးတော့ ခွင့်ပြုကွယ် ..ခွင့်ပြုစေချင်ပါတယ် ။
(ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက် နှင့် နာရေးကူညီမှု အသင်းကြီးမှ စေတနာရှင်များရဲ့  ကုသိုလ်ဖြစ် လုပ်ဆောင်မှု များ အတွက် ဤစာလေးရေးပြီး အမှတ်တရ ဂုဏ်ပြု ပါတယ် ။ အမှန် တရား များ ၊ အောင်မြင်စွာ ရှင်သန်နိုင်ကြပါစေ )
ဒီနေရာလေး ၁ ၂ ၃ များ မှ ဒီသတင်းရ လို့ ပါ ။
အနာခံမှ အသာစံရ ဆိုတဲ့  စကားလေး လူတိုင်းသိကြမယ် ၊ အင်္ဂလိပ် တွေလည်း ပြောကြတယ် No Pain , No Gain ! တဲ့  ။အဓိပ္ပါယ်လေးက ရှင်းပါတယ် ။ ဒါတွေက ယျေဘူယျ ကျတဲ့ အခြေအနေတွေ မှာ မှန်နေတာပေါ့ လေ ။ သေချာစဉ်းစားကြည့်ရင် မှန်သလို မှားသလို နဲ့  တွေတွေ ဝေဝေ ဖြစ်မိလို့  ကိုယ့် ဦးနှောက် က ဇောက်ထိုး များ ဖြစ်နေပြီလားလို့  ကိုယ့်ဟာကိုယ်လည်း မကြာခဏ ထင်မိသား ရယ် ။အနာခံမှ အသာစံ ရ လို့ ဆိုတော့ ၊ အနာ မခံရင် အသာမစံရတော့ ဘူးးပေါ့။ အနာခံတိုင်း ရော ၊ အသာစံ နေနိုင်ကြရဲ့ လား ။ အသာ စံချင်လို့  အနာခံ နေကြတာလား ။အသာစံ နေတဲ့သူတွေ တိုင်း ဟာလည်း ၊ အနာခံ ခဲ့ ကြ လို့ လား ၊။ အကျိုးလိုလို့  ညောင်ရေလောင်း ဆိုတဲ့ စကား အရ အကျိုးရှိမှ ပေါင်းကြတဲ့သူတွေ ကရော .. အနာခံပြီး လုပ်နေကြတာလား ။ဗေဒင် ယတြာ ကိန်းခမ်းတွေ နဲ့ အသာစံရအောင်လုပ်နေကြသူတွေ ကရော.. ။ သို့ လော ၊ သို့ လော နဲ့ ကိုယ့်မေးခွန်း ကိုယ်ပြန်ရှုပ် နေပြန်ပြီ idiot ရေ ။
ဒီတော့ ယျေဘူယျ ကျတာလေးတွေကိုပဲ တွေးပြီး ရေးပါတယ် ။ နှလုံးသားကို အဓိပ္ပါယ်ဖေါ်ဆောင်ရတာ ခက်ခဲလို့  ပုံလေးကိုပဲ လွယ်လွယ်တွေး ပြီး ရေးပါမယ် ။ ကိုယ့်အယူအဆ နဲ့ ကိုယ်တော့ မှန်တယ်ထင်နေကြတာပါပဲ ။ တခြားသူတဦးက နောက်ရှုထောင့် တခုက ကြည့်ပြန်ရင်လည်း မတူညီတဲ့ အတွေးတွေ ရကြမှာပါ ။
လူတိုင်း လူတိုင်း ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်လမ်း ကိုယ်လျှောက် နေကြရတယ် ။ကိုယ့်ဒုက္ခနဲ့ ကိုယ် ပေါ့ ။ မသေမချင်း ပန်းတိုင်မရောက်မချင်း လျှောက်ကြရတဲ့ ရှည်လျှားထွေပြားတဲ့ ဒီဘဝလမ်းမှာပါ ။
အချောင်ခိုချင်တဲ့ မောင်ခွေးတကောင် သူများလို ဒုက္ခများများမခံချင်ဘူး ။ တန်ခိုးရှင်ထံ ဆုတောင်းတယ် ။ဒုက္ခလေးလေးကြီး ပေါ့အောင် ဝိတ်လျှော့ ခြင်တယ်တဲ့လေ ၊ လူလည်ကြီး သားသမီးပါလား ၊
ပါမစ်ရပြီ ။ ဖြတ်တယ် ကွာ။ ဟဲ ဟဲ ၊ ဟို ငတုံးတွေ ငါ့လောက် ဥာဏ်မရှိကြဘူး ။မောင်ခွေးက သူ့ မှာရှိတဲ့ ဓါး အားကိုးနဲ့ ခပ်မိုက်မိုက်ပဲ ။
အင်း အခုမှပဲ ပေါ့ပေါ့ ပါးပါး ဖြစ်သွားတယ် ။ တယ်တော်တဲ့ ငါပါလား ။
ဒုက္ခဝိတ်ကြီး လျော့သွားတော့ ပိုခရီးတွင်တယ်ပေါ့ ။
သူများတကာ မနိုင်ဝန်တွေ ခါးချိအောင်ထမ်းနေရချိန်မှာ မောင်ခွေးက ပေါ့ပါးစွာနဲ့ အီးဇီးဂိုးရင်း ။
ဒါနဲ့ တင် မကျေနပ်နိုင်သေးဘူး ။ သူများတွေလောက် မရှိတဲ့ ဒုက္ခသေးသေးလေးတောင် သူမခံစားချင်ဘူး ။နောက်ထပ် အခွင့်အရေးတခု ထပ်တောင်းဆိုတယ် ။ ရလေလိုလေ အိုတစ္ဆေ ။
သိပ်မရှိတဲ့ ဒုက္ခ ကို ပို နဲအောင် ထပ်ဖြတ် ။ ထပ်ဖြတ် ။
ဒီလိုနဲ့ သူ့ ဝန်တော်တော် ပေါ့သွားတယ် ။ ဒုက္ခနဲသွားအောင် ပါမစ်ထုတ်ပေး တဲ့ တန်ခိုးရှင်ကြီးကို ကျေးဇူးတင်သတဲ့ ။
သူများတကာ မနိုင့်တနိုင်ဝန်တွေ ထမ်းပြီး ပင်ပင်ပန်းပန်းလျှောက်နေတဲ့ အချိန် သူကတော့ သီချင်းလေးတအေးအေး နဲ့  ။
ဟမ် ... အခုမှ ဒုက္ခ တကဲ့ ဒုက္ခ ၊ ရှေ့ မှာ ဂျောက်ကမ်းပါး ၊ ဘဝ ကို အလွယ်တကူ ဖြတ်လာခဲ့သူ မောင်ခွေးတယောက် မဖြေရှင်းတတ်ပါ ဘယ်လိုလုပ်ရပါ့ ။ နောက်ကျန်နေရစ်သူတွေ သူ့ ကို မှီလာပြီ ။
ဖြေးဖြေးမှန်မှန်နဲ့ လျှောက်လာတဲ့သူတွေ ဒီ ဒုက္ခ ကို အလွယ်တကူ ကျော်လွှားသွားနိုင်ကြပြီလေ ။
အတွေ့ အကြုံ မရှိတဲ့  မောင်ခွေးတယောက် ဒီ ပြသနာလေးကို မဖြေရှင်း နိုင် ခဲ့ဘူး ။ ဘယ်သူမပြု မိမိမှုပါပဲ ။
ရေသာခို အချောင်လိုက်မိခဲ့တဲ့ မောင်ခွေး နောင်မှ တ တယ် ။ နောင်တ တဲ့ ။ ဒါကြောင့် အနာခံ မှ အသာစံရတယ် ဆိုကြတာပေါ့ ။ ကိုယ်တိုင်လည်း ဒုတိယ မောင်ခွေး မဖြစ်လိုပါ ။ ဒါကြောင့် လုပ်သင့် လုပ်ထိုက် တာ ကို သာတယ် နာတယ် သဘောမထားပဲ လုပ်ရ မှာ ပါ ။
No Pain , No Gain . Accept the PAIN .Future will become as your AIM .
လက်တဲ့စမ်းပြီးရေးကြည့် ပါတယ် ။( အတွေးတခု က မပြီးပြတ်သေးဘူး ၊ နောက်အတွေးတခု က ကြားဖြတ်ဝင်လာသေးတယ် ၊ ပြောရဦးမယ် ။ လူတွေက ယိုင်းပင်းကူညီချင်စိတ်တွေ မရှိကြတော့တာလား ၊ သူတို့ နည်းဟန်နဲ့ ဂျောက်ကမ်းပါးကြီး ကူးလို့ရနေရဲ့သားနဲ့ ၊ကူးပြီးသွားတဲ့ သူတွေ ထဲက တဦးတယောက်ကမှ မောင်ခွေးကို ဟိုဘက်ထိ ဘာလို့ မခေါ်ဆောင်သွားကြတာ ပါလိမ့်နော် ။ ကိုယ့် အသားလည်း ပဲ့ပါ မသွားပါဘူး ၊ ခဏလေးလောက် စောင့်ခေါ်လို့ မရနိုင်လောက် အောင်ကိုပဲ အချိန်တွေက အရေးကြီး တန်ဘိုး ရှိနေပြီ ထင်ပါရဲ့  ။ ဒါမှ မဟုတ် လူအချင်းချင်း ကူညီယိုင်းပင်းရမဲ့ ပရဟိတ စိတ်တွေ ခမ်းခြောက်ကုန်ကြပြီ ထင်ပါရဲ့  )
သြော် ဘာလိုလို နဲ့ ဘလောဂ်ရေးတာ ဒီနေ့  တနှစ်မြောက်တဲ့  နေ့ ပါလားလေ ။ ဒီတော့လည်း ဘာမှ မထူးခြားတဲ့ ဒီနေ့ မှာ တစုံတခု ကို အမှတ် တရလေး ဖြစ်ခဲ့စေ လိုတဲ့ အတွက် ရေးသားပါတယ် ။ အနာခံ ပြီး အသာမစံ ရသော ကျွန်ုပ်ရဲ့ သူရဲကောင်းတယောက် အပါအဝင် တခြားသော အနစ်နာခံခဲ့သူများ ၊ အနစ်နာ ခံနေဆဲ သူများ အတွက် မရေမရာ အတွေးများ ကိုတော့ မဖျောက်နိုင်သေးပါဘူး ။ အနာခံမှ အသာစံရ ဆိုတာ လူသားအားလုံးအတွက် မှန်ကန်သော ဆိုစကားလေး ဖြစ်ပါရစေ လို့ မျှော်လင့်  နေဆဲပါ ။
ပုံကလေးများကို သူငယ်ချင်းတယောက် ပို့ ပေးတဲ့ forward mail ထဲမှ ယူသုံးထားခြင်းဖြစ်ပါတယ်။ မူလ ပုံရေးဆွဲသူကို လည်း ကျေးဇူးတင်ပါတယ် ။ သူ့ အမည်နဲ့  လိပ်စာမသိပါ၍ ဖေါ်မပြပေးနိုင်တဲ့ အတွက် ခွင့်ပြု နားလည်ပေးစေလိုပါတယ် ။
လက်ထပ်ထိမ်းမြား မင်္ဂလာဆောင်ခြင်း ဆိုတာ သွေးသားမတော် အမျိုးသား နဲ့ အမျိုးသမီးတို့ အတူတကွ ပေါင်းသင်း နေထိုင်ကြဖို့  အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကို အသိပေး ပြုလုပ်ကြတဲ့ ပွဲတခု ပါ ။ ကမ္ဘာနိုင်ငံအသီးသီး က လူမျိုးပေါင်းများစွာ တို့  မှာ သက်ဆိုင်ရာ ဓလေ့ထုံးစံတွေ နဲ့ အညီ လက်ထပ်ထိမ်းမြားခြင်းကို ရိုးရာ မပျက် ကျင်းပကြပါတယ် ။ မင်္ဂလာ သူတို့ သား နဲ့  မင်္ဂလာ သူတို့ သမီး တို့ဟာ နှစ်ဖက်လူကြီး မိဘဆွေမျိုးများ ၊ ဒါမှ မဟုတ် တရားရုံးရှေ့ နေများ၊ ခရိယာန်ဘာသာဝင်တို့ ဆိုရင်လည်း ဆိုင်ရာဘုရားရှစ်ခိုးကျောင်းမှ ဘုန်းတော်ကြီးများ ရဲ့ ရှေ့ မှာ ၊ ကျမ်းသစ္စာ ကျိမ်ဆိုခြင်း ၊ လက်မှတ်ရေးထိုးခြင်း၊ ကတိခံဝန်ချက်များနဲ့  ရွတ်ဆိုခြင်းတို့  အပြီးမှာ လင်မယား အရာမြောက်သွားကြပါတယ် ။ ( အာဝါဟ ဝိဝါဟ နောက်ဆက်တွဲ ကတော့ ဥာဏ်ရှိသလို ဆက်လက် စဉ်းစားကြပါတော့း) ) ။
ခုပြောပြမဲ့ အဖြစ်လေးကတော့ သူတို့ သား ၊သူတို့ သမီး မပါတဲ့ မင်္ဂလာဆောင်ပွဲလေး အကြောင်းပါ ။ Lim Ching Shin(林欽信)လို့ ခေါ်တဲ့လူငယ်လေးရယ် ၊Lien Wei Htein( 連尉婷) လို့ ခေါ်တဲ့ အမျိုးသမီးငယ်လေးတို့ ဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက စားအတု ကစားအတူ ကျောင်းသွားအတူ ကြီးပြင်းလာခဲ့ကြတာပါ ။အချိန်တန် အရွယ်ရောက်တော့ သူငယ်ချင်း ဘဝ မှ ချစ်သူတွေ ဖြစ်လာကြပါတယ် ။ ဒီလို ချစ်ခင်လာကြတာ ချစ်သက်တမ်း ၁၀ နှစ် ရှိလာ ပြီ မို့ ၊နှစ်ဖက်မိဘတွေ ကလည်း သဘောတူညီထားကြပြီး ဖြစ်လို့  ရှေ့ နှစ်ခါကျရင် မင်္ဂလာ ဆောင်ကြဖို့  အစီအစဉ်တွေ လုပ်ထားကြပြီး ဖြစ်ပါတယ် ။
သူတို့ ချစ်သူနှစ်ဦး ပျော်ရွှင်စွာ နေလာလိုက်ကြတာ ပြီးခဲ့တဲ့ ၁၀ လပိုင်း ၁၀ ရက်နေ့ ( 雙十節 ) ထိုင်ဝမ်နိုင်ငံ ရဲ့ အမျိုးသားနေ့ အားလပ်ရက် မှာ ငယ်သူငယ်ချင်းတွေ နဲ့ အတူ ထုံးစံအတိုင်း အလည်ခရီးထွက်ခဲ့ကြပါတယ် ။ မြောက်ပိုင်းမှာ ရှိတဲ့ ထိုင်ပေမြို့ ကနေပြီးတော့ တောင်ပိုင်းရှိ ကောင်းရှုံ မြို့  ကို အပျော်ခရီးသွားဘတ်စ်ကားကြီးနဲ့ပေါ့ ။ ဒီလိုနဲ့ ၃၈၅.၃ ကီလိုမီတာ အရောက် ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားရင်း ခရီးသည် ၇ ယောက်သေဆုံးပြီး ၂၁ ယောက် ဒါဏ်ရာရ တဲ့ ကံဆိုးသူများထဲ မှာ သူတို့  သမီးရည်းစား နှစ်ယောက်လုံး သေဆုံးသွားခဲ့ ရပါတယ် ။
သူတို့ နောက်ဆုံးမရဏ ခရီးသွားခဲ့ကြတဲ့ ဘတ်စ်ကား ပေါ့ ။ ၂ပတ် ၃ ပတ် ဂျွမ်းပစ်ပြီး မှောက်သွားတာ ဆိုပေမဲ့ ။ကြည့်ရတာ သိပ်မပျက်စီးသလိုပါဘဲ ...
မနေ့က ၂ရ ရက်နေ့ အောက်တိုဘာ ၊သူတို့  နှစ်ဦးရဲ့ အသုဘ အခန်းအနားလုပ်တဲ့ အခါမှာ ကျန်ရစ်သူ နှစ်ဖက်လူကြီး မိဘများက သူတို့  နှစ်ဦး လူ့ ဘဝမှာ ဖြစ်စေချင်ခဲ့တဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့  သူတို့ ရဲ့ ဝိ ဥာဉ် နှစ်ခု ကို ထိမ်းမြား မင်္ဂလာ ပြုပေးခဲ့ကြပါတယ် ။ တရုပ်လိုကတော့ အဲ့လို ဝိဥာဉ် နဲ့  မင်္ဂလာ ဆောင်ခြင်းကို 冥婚儀式 လို့ ခေါ်ကြတယ် ။
တကယ့် တကယ်ကျတော့ ရော နောက်ဘဝတပါးရောက်နေကြတဲ့ ဒီ ချစ်သူနှစ်ဦး မှာ အတူဆုံ နေနိုင်ကြရဲ့ လား လို့ တော့ မသိနိုင်ပါဘူး ပေါ့လေ ။ သူတို့  ဓလေ့ထုံးစံ အယူအဆတွေ အရတော့ ဝိဥာဉ်တွေ ဟာလည်း ထိမ်းမြား မင်္ဂလာဆောင် လို့ ရကြပါသတဲ့ ၊ ဝိဥာဉ် ချစ်သူ ဆိုတာ တကယ်ရှိနေကြတာလား ။ ဒီလိုဆိုရင်တော့ ဒီဘန္တ ကမ္ဘာကြီး ပျက်သွားလည်း အရေးမဟုတ်တော့ သလိုပါပဲ ။ဒီဘဝမပေါင်းရလည်း နောက်ဘဝပေါင်းလို့ ရသေးတယ်ဆိုပါလား ။နိပ်ဟ ၊( အကောင်းမြင် ဝါဒ နဲ့ တွေးကြည့်မိတာပါ ၊နောင်ဘဝကောင်းဖို့  ခုဘဝတည်းက ကောင်းတာ လုပ်ရမယ်ဆိုတဲ့ တရားသဘောတွေက ပိုအဓိပ္ပါယ်ရှိတယ်မို့ လား )
遊覽車翻覆雙亡 青梅竹馬的愛侶冥婚
NOWnews 更新日期:"2009/10/27 14:08" 地方中心/台北報導
林欽信與連尉婷這對愛侶是國小同學,10月10日與國小同學搭乘遊覽車前往小琉球遊玩,不幸途中發生車禍雙雙罹難。原本兩人計畫明年即將步入禮堂,如今卻意外死亡讓家屬悲慟不已,為了完成兩人生前的願望,家屬幫他們辦了一場簡單的婚禮,由雙方的弟妹代替交換戒指及向父母行禮,完成冥婚儀式。
ဒီနေရာက ရတဲ့ သတင်းလေးပါ ...
လောကကြီးထဲမှာ ထူးခြားအံ့သြဘွယ်အဖြစ်တွေ အများကြီးရှိနေကြတယ် ။တချို့ က ကိုယ်တွေ့ မှ၊လက်တွေ့ မှ ယုံတယ်တဲ့  ။ ကြားစကားနဲ့ မယုံဘူးတဲ့ ။သိပ္ပံနည်းကျကျသာ တွေးခေါ်တယ်တဲ့  ။ ဒီလို သက်သေပြစရာ မရှိခဲ့တဲ့ အဖြစ်မှန်တွေ ဆိုရင် ရှေး ဒဏ္ဍာရီ အနေနဲ့ သာ ကျန်နေခဲ့ ကြရတဲ့  အရာတွေလည်း မနည်းမနော ရှိခဲ့ မှာပါဘဲ ။ ရှေးကမ္ဘာဦးအစက ဒိုင်နိုဆောကြီးတွေ ရှိခဲ့တာ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သုတေသနပညာရှင်တွေက ပြန်လည်ဖေါ်ထုတ်ပေးနိုင်ခဲ့ကြလို့  သက်သေပြစရာ မှတ်တမ်းဝင် အထောက်အထားတွေနဲ့တကွ တင်ပြနိုင်ခဲ့ ကြလို့  အများက လက်ခံ ခဲ့ကြတာပါ ။ မြန်မာ နိုင်ငံကြီးမှာလည်း ထူးခြား အံ့သြဘွယ်ရာ တွေ အများကြီး ရှိခဲ့ပါတယ် ။ ရှိနေပါတယ် ။ ဒါတွေကို စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာမှာ မြန်မာ ဟေ့လို့ ဟစ်ကြွေးနိုင်စရာ တွေ အများကြီး ရှိလိမ့်မယ်လို့ ထင်ပါတယ် ။ဒီအထဲက မှ ထူးခြားဖြစ်စဉ် မှတ်တမ်းတိုလေး forward mail ထဲကရလာတာကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ၊ ( ဆားချက်တယ် လို့ ဆိုကြတယ် ဆိုရင် ဆားတမျိုးထပ်တိုးရအောင်လို့ ပဲ သဘောထားပေးပါ )
ရန်ကုန်ု မြို့  ကျောက်မြောင်း ၊ သီတာလမ်း နှင့်အင်းဝလမ်းဒေါင့် အမှတ် ၄၃ နေ မောင်ထွန်းထွန်းနိုင် ဟာ ၁၃၇၁ တော်သလင်းလဆန်း ၁၂ ရက်နေ့  ( ၃၁/၈/ ၂၀၀၉ ) ညနေ ၅ နာရီ အချိန် မှာ . ပြည်မြို့  တိုင်းပြည်လုံးချမ်းသာ ဆုတောင်းပြည့် ဆယ်ထပ်ရုပ်ရှင်တော်မြတ်ကြီး၏ အရှေ့ ဖက် အောင်မြေ ရှုခင်းသာ လက်ရန်းမှ နေ၍ ဘုရားကြီးအား ဖူးမြှော်ရာ မှာ ဘုရားရှင်တော်မြတ်ကြီး ၏ မျက်ခုန်းတော် ၊ မျက်လုံးတော်များ လှုပ်ခပ်ခြင်း၊နှုတ်ခမ်းတော်များ လှုပ်ရှားပြီး တရားတော်မြတ် မြွက်ကြားသကဲ့ သို့ ဖြစ်ပေါ် နေခြင်း အစရှိတဲ့ ထူးခြား အံ့သြဘွယ်ရာများကို ဖူးမြှော်ရပါသဖြင့် ၄င်းရဲ့  လက်ကိုင်ဖုန်း နဲ့  မှတ်တမ်းတင်ထားခဲ့ ပါတယ် ၊အဲဒီ အများပြည်သူ ကြည်ညို ဖူးမြှော်နိုင်ရန် ပြုလုပ်ပေးထားသော ဗီဒီယို မှတ်တမ်းတိုလေးကို ထပ်ဆင့် မျှဝေပေးလိုက်ပါတယ် ။ လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးထားခြင်းဖြစ်တာမို့  ပုံများ သိပ်ကြည်လင်ပြတ်သားမှု မရှိပေမဲ့  လည်း သေသေချာချာ ပုံကြီးချဲ့  ဖူးမြှော်ပါက တကယ့် ကို ကြည်ညို စရာ၊ အံ့သြစရာ ကောင်းလှပါတယ် ။ဖူးမြှော် ကြည့်လိုက်ကြပါအုံး ။
ပုထုဇနော ဥမ္မတကော တဲ့  ။ လူတွေဟာ အရူးတွေချည်းပါပဲ ။ တနည်းမဟုတ် တနည်း အမျိုးမျိုး အဖုံဖုံ ရူးသွပ်နေကြတယ် ဆိုရင် အသင့်ကို စောင်းပြောနေတယ် ဆိုပြီး စိတ်ကွက်သွားလေမလား ။ ကိုယ့်မျက်ချေး ကိုယ်မမြင်ဆိုကြတယ်မဟုတ်လား ။ ကိုယ့်ကိုယ်ကိုယ် ရူးနေပါတယ် ဆိုပြီးလက်ခံချင်ကြတဲ့သူတွေ ဘယ်လောက်များ ရှိနေနိုင်မလည်း ။ လူကောင်းတွေ မပြောနဲ့  တကယ့် ရူးသွပ်နေကြသူတွေတောင် ကိုယ့်ဟာကိုယ် ရူးနေပါတယ် လို့ သိပ်လက်မခံချင်ကြတာ ပဲလေ ။ အရူးဆိုပြီး ခေါ်လိုက်လို့  အသုံးအနှုန်း မယဉ်ကျေးဖူးလို့ ထင်သူများအတွက် ၊ စာသံပေသံနဲ့  နားဝင်ပီယံ ဖြစ်အောင် ခေါ်ကြတာလည်းရှိသေးတယ် ၊ စိတ္တဇဝေဒနာရှင် တဲ့  ။ သဘောကတော့ အတူတူပါပဲ ။ ဒီတော့ ရေးရလွယ်အောင် အရူးဆိုတဲ့ စကားလုံးပဲ သုံးမိတာ နားလည်ပေးစေလိုပါတယ် ။တခုခု ကို Crazy ဖြစ်နေတဲ့ သူ ကိုလည်း ရူး ဆိုတဲ့ နာမဝိသေသနလေး နဲ့  တွဲခေါ်ကြတာမျိုး လည်းရှပါတယ် ။ စာပေရူး ၊ ဂီတရူး ၊အစရှိသဖြင့်ပေါ့နော် ။ ဒါတွေကျတော့ နားထောင်လို့ အကောင်းသား ရယ် ။ အခေါ်ခံရသူတွေကလည်း ဒီလောက်ကြီး ဒေါသထွက် စိတ်ကွက်ကြလိမ့်မယ် မထင်မိဘူး ။ ဒါပေမဲ့ ဝမ်းတွင်းရူး ၊ ဥစ္စာရူး ၊ တဏှာရူး ၊ အချစ်ရူး ၊ နဲ့  အာဏာ ရူး .....ဒါမျိုးတွေ ကျတော့ အခေါ်ခံ ရသူတွေ က သိပ်နှစ်သက်ကြလိမ့်မယ် မထင်ပါဘုး ။
ဒီဘလောဂ် နာမယ်တပ်ထားတာ Idiot .. ဝမ်းတွင်းရူးတဲ့ ။ကိုယ့်အတွေးအခေါ် အယူအဆတွေက အများနဲ့ သိပ်ပြီး သဟဇာတ မဖြစ်လှတာမို့  ဒီနာမည်ကို ပေးထားတာပါ ။ (မာတာမိခင် ကျေးဇူးရှင်အား ပြစ်မှား လိုခြင်း အလျဉ်းမရှိပါ ) ။ အရူးဆိုပေမဲ့  တချို့ အရူးက ဆေးကုလို့ ရပါတယ် ။ ဝမ်းတွင်းရူးကျတော့ ဆေးကုရ ခက်တယ် ။ အာဏာရူး ဆိုရင်ရော .....အင်း .. အနာသိရင်ဆေးရှိတယ် ဆိုကြပေမဲ့ ဆေးကုမရတဲ့ ရောဂါတွေလည်း အများကြီးရှိတာပါပဲလား ။ ဆေးပညာ အခေါ်အရ Schizophrenia ခေါ်တဲ့ စိတ်ကစဥ့် ကလျား ရောဂါ ဆိုရင် .. မျိုးရိုးလိုက်ပြီး အတော် ဆိုးဝါးတဲ့ စိတ်ရောဂါ တမျိုး ၊ ရောဂါ အလျဉ်းမပျောက်ပေမဲ့  သက်သာအောင် ထိန်းချုပ်ကုသလို့ ရနိုင်ပါသေးတယ် ။ ကုရာနတ္တိ ဆေးမရှိ တဲ့ ရောဂါတွေ ရှိသလို၊..... ဆေးကုလို့ ရပေမဲ့ ကုစရာဆေးမရှိတဲ့ ရောဂါတွေ နဲ့ရောဂါသည်တွေ လည်း အများကြီးဆိုတာ ယုံမလား.....
ခုပြောချင်တဲ့ အကြောင်းအရာလေးကတော့ ရောဂါ သိပြီးသား ၊ ကုသလို့ အလျဉ်းပျောက်ဖို့  အခြေအနေ မရှိသေးပေမဲ့  တီထွင်သူပညာရှင်များရဲ့  စွမ်းပကားကြောင့် ရောဂါကုဖို့  ဆေးမျိုးလည်း ရှာဖွေလို့ တွေ့ ရှိပြီး ကမ္ဘာနဲ့  အဝှမ်း တိုက်ဖျက် ကုသပေးနေကြတဲ့ AIDS ရောဂါ နဲ့ ရောဂါသည်တွေ အကြောင်းပါ ။ ရောဂါ အသေးစိတ် နဲ့ ကုသပုံ အသေးစိတ်ကို တင်ပြလိုခြင်းမဟုတ်ပါ ၊ ရောဂါ နဲ့  ကုသပုံတွေ ကို သိချင်ရင်တော့ ဒီနေရာလေးတွေ (၁) နဲ့ ကျန်းမာရေး ပညာပေးဆိုဒ်တွေမှာ ဆက်လက် ကြည့်ရှု နိုင်ပါတယ် ၊အခုအကြောင်းအရာမှာ အမိ ရွှေပြည်ကြီးထဲမှ ဒီရောဂါဝေဒနာ ခံစားနေရသူများအတွက် နိုင်ငံတော်ရဲ့  ကျန်းမာရေးစောင့်ရှောက်မှုများ ကို သိလိုက်ရလို့  အတော်လေးကို စိတ်မကောင်း ဝမ်းနည်းမိရလို့  ပေါက်ကွဲမိတဲ့  ခံစားချက်များ ကို မျှဝေခြင်းသာဖြစ်ပါတယ် ။
ဒီရောဂါ ကူးစက်ပုံ ကိုလည်း အားလုံးသိပြီးဖြစ်ကြမှာပါ ။ အဓိက အနေနဲ့ ရောဂါရှိသူရဲ့ သွေး နဲ့  သူတို့ရဲ့  လိင်အင်္ဂါ အမြှေးပါး၊သုက်ပိုးရည်၊နို့ ရည် တို့ မှ တဆင့် ကူးစက်ပါတယ် ။ ဒါကြောင့် ဆေးထိုးအပ်မျှသုံးကြသူများ( Drug abuse)၊မုတ်ဆိတ်ရိတ်ဒါး မျှသုံးကြသူများ ၊ လိင်တူဆက်ဆံသူ (Homosexual )၊ လိင်ကွဲ ဆက်ဆံသူ( Bisexual )၊ နို့ တိုက် Breast feeding မိခင်များ အနေနဲ့ အထူးဂရုပြု ကြရမှာ ဖြစ်ပါတယ် ။ ဒီလိုကူးစက်ပုံသိရင် ကာကွယ်ပုံက အထူးတလည်ပြောနေစရာတောင် မလိုအပ်ဖူးလို့ထင်ပါတယ် ။ဒီရောဂါဖြစ်တဲ့ သူဆိုရင် လူတော်တော်များများက ရွံကြောက်ကြီး ဖြစ်နေကြတာ ။ အထင်မြင်သေးတတ်ကြတာ တွေက ရောဂါအကြောင်း သိပ်နားမလည်ကြသေးလို့ ဖြစ်မှာပါ ။ ရောဂါဖြစ်သူတိုင်းဟာ ကိုယ်တိုင် လျှပ်ပေါ်လော်လီကြလို့  ဖြစ်ရတာ မဟုတ်ပါဘူး ။ တချို့ လည်း ရောဂါရှိသူရဲ့ သွေးကို သွင်းမိရင်း၊ သွားနှုတ်ရင်း၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန် ဆရာမတွေ၊ဓါတ်ခွဲခန်းပညာရှင်တွေ ကိုယ်တိုင်လဲ ရောဂါပိုးရှိနေတဲ့သွေးပါတဲ့ ဒါး၊ အပ်၊ သူတို့ကိုယ်ခန္ဒာမှ အရည်များ မတော်တဆ ထိရှဒါဏ်ရာမှ တဆင့် ကူးစက်ခံခဲ့ ရသူများလည်း ရှိပါတယ် ။ ရောဂါသည် မိခင်မှ ကလေးသို့ ကူးစက်တာလည်း ကလေးမှာ ဘာ အပြစ်မှ မရှိပဲ အမွေဆိုး ရခဲ့တာပါ
။မြန်မာတပြည်လုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် AIDS ရောဂါ ခံစားနေရသူပေါင်း ၂၅၀၀၀၀ အနက် ဆေးကုသမှု ခံယူနိုင်တဲ့  လူနာပေါင်းမှာ ၁၅၀၀၀ ခန့်သာ ရှိပါတယ် ။ အစိုးရမဟုတ်သော အဖွဲ့ အစည်း NGO မှ အကူအညီရသူများမှာ ၄၀၀၀ ခန့်သာ ရှိပါတယ် ။ (အစိုးရ ထုတ်ပြန်ချက်ကတော့ ရောဂါဖြစ်သူပေါင်း ၇သောင်းမျှသာ ရှိပြီး ကူးစက်ဖြစ်ပွားနှုန်းမှာလည်းကျဆင်းလာနေပါပြီတဲ့ လေ။ :) )ဒီ ရောဂါကြောင့် သေဆုံးရသူအရေအတွက်မှာလည်း တနေ့ ထက်တနေ့  မြင့်မား လာတဲ့အတွက် ယခုနစ်မှာ ၂၅၀၀၀ ခန့်  ရှိမယ်လို့  ခန့် မှန်းထားကြပါတယ် ။ဒီရောဂါဆိုးကြီးကူးစက်ခံစားနေကြရသူတွေမှာ ၂၀၀၇ ခုနှစ်စာရင်းအရ တကမ္ဘာ လုံးမှာ ၃.၂ သန်းကျော်ရှိပြီး တနှစ်မှာ ၂.၁ သန်းမျှ သေဆုံးနေကြပါတယ် ။ အဲဒီထဲမှာ ကလေး ဦးရေ ၃သိန်း၃သောင်းကျော်ရှိနေပါတယ် ။ အမေရိကန် ပြည်ထောင်စု တခုထဲမှာတောင် တနှစ်ကို လူနာသစ် ၅၆၀၀၀ ကျော်ရှိပြီး ၁သောင်းကျော် သေဆုံး နေပါတယ် ။ ဒီအတွက် ဒီရောဂါ ကာကွယ်ရေး နဲ့  တိုက်ဖျက်ရေး ၊ ကုသရေးတွေ ကို ကမ္ဘာ့ နိုင်ငံတိုင်းလိုလို အရေးပေးဆောင်ရွက်နေကြတာပါ ။ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးမှု ၊ လူမှုရေး ပိုင်းဆိုင်ရာ ကူညီမှုတွှေလည်း လိုအပ်ပါတယ် ။ အတော်နက်နဲ ကျယ်ပြန့် တဲ့  အတိုင်းအတာ နဲ့ ရေရှည် စီမံကိန်းတွေ ချပြီး လုပ်ဆောင် ကြရမဲ့  ရောဂါကြီးပါ ။
တိုးတက်တဲ့ နိုင်ငံကြီးတွေက သုတေသနတွေ အမျိုးစုံလုပ်ပြီး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ ကြလို့  ခုဆို ရင် ဒီ AIDS ရောဂါ ပိုးအတွက် အစွမ်းထက်တဲ့ ဆေးဝါးများ ပေါ်ထွက်နေပြီ ဖြစ်ပါတယ် ။ဘယ်လို ဆေးတွေ ရှိနေပြီလည်းဆိုတာ သိရအောင်လို့  အနည်းအကျဉ်းဖေါ်ပြပေးလိုက်ပါတယ် ။
Antiretroviral drugs (ARV)လို့ အတိုကောက်ခေါ်ကြပါတယ်
-Nucleoside/Nucleotide Reverse Transcriptase Inhibitors (NRTIs):အုပ်စု ထဲမှ
-AZT or ZDV (zidovudine)-lamivudine (Epivir )
-abacavir (Ziagen )
-stavudine (Zerit )
- zalcitabine(Hivid)
- tenofovir( Viread)
ဒါ့အပြင် Non-Nucleoside Reverse Transcriptase Inhibitors (NNRTIs):အုပ်စုမှာ
-delavirdine (Rescriptor )
-efavirenz (Sustiva )
-etravirine(Intelence)
-nevirapine (Viramune)
Protease Inhibitors (PIs):အုပ်စုမှ
-amprenavir (Agenerase)
-fosamprenavir (Lexiva ) အပါအဝင် ဆေး ၁၀ မျိုး
Fusion or Entry Inhibitors: အုပ်စုမှ
-enfuvirtide (Fuzeon)
-maraviroc(Celsentri )
Integrase Inhibitors:အုပ်စုမှ
raltegravir(Isentress) ။
အစရှိသဖြင့် ဆေးအမျိုးအစား အားလုံးပေါင်း ၃၀ ကျော်ရှိပါတယ် ။ ဆေး အသုံးပြုပုံ အသေးစိတ် ကိုတော့ (ဒီမှာ) ကြည့်လို့ရပါတယ် ။ အဲဒီ အမျိုးပေါင်းများစွာထဲ မှ မြန်မာပြည်မှာ သုံးစွဲနေကြတဲ့ဆေးကတော့ AZT ခေါ် ZDV (zidovudine) ဖြစ်ပါတယ် ။ အဲဒီဆေးတွဲရဲ့  တန်ဖိုးမှာ တလစာ ရောဂါ ပထမအဆင့်အတွက် (၂၅၀၀၀ မှ ၃၀၀၀၀) ကျပ် နဲ့  ဒုတိယအဆင့်( ၅၀၀၀၀ )ကျပ်ခန့် ရှိပြီး ပြည်တွင်း ကုမ့ဏီ လေးငါးခု အပြင် ဆေးဆိုင် မှာ လိုသမျှ ဝယ်ယူ ရရှိနိုင်ပါတယ် ။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းရှိ ရောဂါဝေဒနာသည် အများစုမှာ ဒီလို ဈေးကြီးတဲ့  ဆေးတွေကို ဝယ်ယူသုံးစွဲဖို့ မတတ်နိုင်ကြတာကြောင့် အသက်ဆုံးရှုံး ခဲ့ရသူပေါင်း မနည်းလှပါဘူး ။
နိုင်ငံတ်ာကြီးရဲ့  တာဝန်ရှိ ခေါင်းဆောင်ကြီးများနှင့် ကျန်းမာရေး အဖွဲ့ က သူ့ တိုင်းသူပြည်သားတွေ အတွက် လုံလောက်တဲ့ ကုသမှု ကို မပေးနိုင်တဲ့ အတွက် NGO အဖွဲ့ အစည်းများ ၊လူမှုရေး သက်သက် ဆောင်ရွက်ပေး နေကြတဲ့  ပုဂ္ဂလိက အဖွဲံများမှ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေကြတာလည်း အားလုံး အသိပါ ...ဒီအထဲမှာ ဆိုရင် NLD အဖွဲ့ မှ မဖြူဖြူသင်း ဟာလည်း ရောဂါသည်တွေ ကို စေတနာ အပြည့် နဲ့  ကာယ ဥာဏ ရှိသမျှ ကူညီ ဆောင်ရွက်ပေးနေသူ တဦး ဖြစ်ပါတယ် ။ ဒီလို လုပ်ပေးလို့  အာဏာရှင်တွေရဲ့  အရေးယူမှု ၊ မျက်လုံးဒေါက်ထောက်ကြည့် ခြင်း ခံနေရမှု တွေ ကို မကြောက် မရွံ့  ၊ သူ့ ခံယူချက်အတိုင်း လုပ်သင့်တာ များကို ဆက်လက်လုပ်ဆောင်ပေးနေဆဲပါ ။ ( မဖြူု ဖြူသင်းနဲ့  ပတ်သက်တဲ့ အကြောင်းလေး ကို ဒီ ပို့ စ်လေး မှာ ဖေါ်ပြခဲ့ ဖူးပါတယ် )ဒါပေမဲ့ ရိုးရိုး သာမန်လူတဦးရဲ့ ဆောင်ရွက်ပေးနိုင်မှု ဟာ အတိုင်းအတာလေး တခုလောက်သာ တတ်နိုင်တာမို့  ။လူတိုင်း လူတိုင်း ကိုယ်ပိုင်အသိတွေနဲ့  ရောဂါ မပြန့်ပွားရေး၊ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင် ကြရမှာ ဖြစ်ပါတယ် ။ရွေပြည်သူ ရွှေပြည်သား ဆင်းရဲသား မျက်နှာမွဲ ရောဂါသည်များရဲ့  အသက်တချောင်းစီဟာ ဘယ်လောက် ဝမ်းနည်းစွာ ၊ တန်ဖိုး မဲ့စွာနဲ့ ဆုံးပါးခဲ့ ရပါတယ် ဆိုတာ ကို သိချင်ရင် အောက်မှ ဗီဒီယို လေးကိုသာ ကြည့်ကြပါတော့လေ ။
http://www.voanews.com/burmese/2009-10-23-voa5.cfm
အနာ မသိ ဆေးမရှိတဲ့ ။ အနာသိလျှင်ဆေးရှိသည်ပေါ့ ။ ဒါပေမဲ့ ဆေးမရှိလို့(ဝယ်စရာ ငွေအသပြာမရှိလို့ ဆေးမရှိခြင်း ) ရောဂါ မကု နိုင်ကြတဲ့  အတွက် ကုရာ နတ္တိ ဆေးမရှိ ဟု ဆိုရလျှင် လွန်ပါမည်လား ။
များပြားလှစွာသော ကင်ဆာရောဂါများထဲမှ အတော်များများဖြစ်လေ့ဖြစ်ထရှိသော အူမကြီးကင်ဆာ အကြောင်းကို ကိုဇော်(ခြေလှမ်းသစ်) က သိလိုပါတယ် ဆိုလို့  လက်လှမ်းမီသလောက် အကျဉ်းချုံ့ လေး ရေးပြ လိုက်ပါတယ် ၊ကိုယ်တိုင်ကလည်း အစာအိမ်၊အူလမ်းကြောင်းဆိုင်ရာ အထူးကု မဟုတ် တဲ့ အပြင် ထိစပ်မှု သိပ်မရှိတာ ၅ နှစ်ကျော် ကြာခဲ့ ပြီမို့  ဒီ ဘာသာရပ်အကြောင်းကို အချက်အလက်တွေ ပြန်ရှာနေရတာနဲ့ အချိန်အနည်းငယ် ကြာသွားပါတယ်။ဒါပေမဲ့ ပြန်လည်လေ့ကျင့်ခန်းသဘောမျိုး နဲ့ စာတွေ ပြန်ဖတ်ဖြစ်တဲ့ အတွက် ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်လေ။(ဒီစာတွေ ရေးဖို့  ပြန်ဖတ်နေတဲ့  အချိန်မှာတောင် အရင်က နာမယ်ကျော် ရုပ်ရှင်မင်းသားကြီး (ဦး) ဝင်းဦး တယောက်လည်း ဒီအူမကြီးကင်ဆာရောဂါ နဲ့ ကွယ်လွန်သွား တဲ့  အကြောင်းကို ပြန်ပြီး သတိရနေမိပါသေးရဲ့  )။ အသေးစိတ် တွေ ကိုတော့ သက်ဆိုင်ရာ ကျန်းမာရေးပညာပေး ဆိုဒ်တွေမှာ ဖတ်ရှု လေ့လာနိုင်ပါတယ် ။
အူမကြီး ရဲ့  တည်ရှိပုံ နဲ့  အမည် အခေါ်အဝေါ်လေးများ ကတော့ ဒီ ပုံပါ အတိုင်းပါ ။ အူလမ်းကြောင်းရဲ့ တာဝန် ဟာ အစာအိမ်ထဲ မှ ချေဖျက်ပေးလိုက်တဲ့ အစားအစာများမှ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့  အဟာရ များကို သွေးကြောများအတွင်းရောက်အောင် စုပ်ယူ ပြီး ပို့ ဆောင်ပေးခြင်းပါ ။ ပြီးတော့ မလိုအပ်ပဲ ကျန်နေတဲ့ စုပ်ယူခြင်း မပြုလုပ်နိုင်တဲ့  အစာဟောင်းတွေ ကို မစင် ၊ အညစ်အကြေးအဖြစ် စအို မှ တဆင့် စွန့် ထုတ် ပေးပါတယ် ။ သူ့ ရဲ့  အသေးစိတ် တည်ဆောက်ပုံ၊ သွေးကြော၊ အာရုံကြော များ ၊ လုပ်ငန်းတာဝန်များ၊ အကြောင်းကို တော့ မရေးပြတော့ပါဘူး ။
အူမကြီးကင်ဆာမှာ တွေ့ ရှိရမဲ့ ရောဂါလက္ခဏာများ ကတော့ စစချင်းဦးဆုံးမှာ တော့ ဘာမှ သိသာထင်ရှားမှု မရှိပါဘူး ။ ဒါကြောင့် ရောဂါ ကို စောစီးစွာ ဖေါ်ထုတ်နိုင်ဖို့  အတော်လေးခက်တယ် ။ ဘာလို့ လည်းဆိုတော့ နေထိုင်မကောင်းရလောက်အောင် ရောဂါလက္ခဏာ မရှိဘဲ နဲ့  ဘယ်သူမှ ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးမှုတွေကို ပုံမှန်စစ်ဆေးတဲ့  အလေ့အကျင့် မရှိကြသေးလို့ပါဘဲ ။ဒါကြောင့် ဒီလို နေထိုင်မကောင်း ဖြစ်လာမှ စစ်ဆေး အဖြေရှာ မိတော့ အခြေအနေ လွန်မှ သိကြရတာ မျိုး ဖြစ်ကုန်ကြရတာပါ ။ဒါကြောင့် အောက်ပါ လက္ခဏာ များ သင့်ထံမှာ ရှိနေပြီဆိုရင် အမြန်ဆုံး စစ်ဆေး ဖို့  လိုအပ်လှ ပါတယ် ။
(၁)- ဝမ်းသွားနေကျ အလေ့အထ ပြောင်းလဲ လာခြင်း ။ ရက်သတ္တပါတ် များစွာမှာ ဝမ်းက မာလိုက် ပျော့ပြဲလိုက် ၊ ဝမ်းချုပ်လိုက် ၊ ဝမ်းပျက် ဝမ်းလျှော ဖြစ်လိုက် နဲ့  အမျိုးမျိုး ဖြစ်လာ တတ်ပါတယ်။
(၂) -ဝမ်းထဲမှာ သွေးစသွေးန များ ပါလာတတ်ပါတယ် ။ စအိုဝမှ သွေးယို သလို ဆိုတော့ တချို့  ကလည်း လိပ်ခေါင်း လို့  အထင်ရောက်တတ်ကြ ပါတယ်။
(၃)-ဗိုက်ရစ်ပြီး ၊ ဗိုက်အောင့် ဗိုက်နာ လေထိုးလေနာလိုမျိုး ခံစားရတတ်ပါတယ်။
(၄)-ဝမ်းသွားပြီးပေမဲ့  အကုန်မစင်ပဲ ကျန်နေသလိုမျိုး ခံစားရတတ်တယ် ။
(၄)-လူတကိုယ်လုံး အားမရှိသလို နုံး ပြီး ပင်ပန်းနွမ်းနယ် လွယ်တယ် ။
(၅)-အကြောင်း မရှိပဲနဲ့ ကိုယ်ခန္ဓာ အလေးချိန် လျော့ နည်းလာတတ်တယ် ။ တဖြေးဖြေးပိန်ချုံးလာတတ်တယ် ။
ဒီ ရောဂါ ဖြစ်နိုင်ခြေ ရှိသူများ ( Risk Factors) ကတော့ အသက်၅၀ ကျော်ပြီး သွေးသားအရင်းအခြာ ထဲမှာ ဒီရောဂါ ဖြစ်သူရှိပါက ၇၅ % မှာ ဒီလို ရောဂါ ဖြစ်တတ်ပါတယ် ၊ဒါကြောင့် သွေးသားရင်းချာထဲမှာ ဒီရောဂါ ဖြစ်ဖူးခဲ့ သူ ဆိုရင် သူနဲ့ ပတ်သက်တဲ့ ဆေးစစ်ခြင်းတွေကို အချိန်မှန် လုပ်သင့်ပါတယ် ။ အမေရိကန် နိုင်ငံမှာ အူမကြီးကင်ဆာ ရောဂါ အသစ်အနေနဲ့  တနှစ်ကို ၁သိန်း၆၀၀၀ မျှ ရှိပြီး ယူကေ မှာတော့ ၃၅၀၀၀ မျှ ရှိတယ် လို့ ဆိုပါတယ် ။
စားလေ့ရှိတဲ့ အစားအသောက်မှာ အသားချည်းပဲ အဓိကစားသူ ။အမျှင်များတဲ့  ဟင်းသီးဟင်းရွက် high fiber diet စားလေ့ မရှိသူ ၊တွေမှာ ဒီ ကင်ဆာ ဖြစ်ဖို့ ပိုများပါတယ် ။ ကယ်လ်စီယမ်(Calcium) ။ ဆဲလီနီယမ် (Selenium) ၊ သွေးနီဥ ဖြစ်ဖို့ လိုအပ်သော ဖေါလစ်အက်စစ်(Folic Acid) အစရှိတာ တွေဟာ အူမကြီးကင်ဆာ မဖြစ်ဖို့  အထောက်အကူ အနည်းငယ်ပေးတယ်လို့ လည်း ဆိုပါတယ်။
ဒါ့အပြင် အက်စ်ပရင်လိုမျိုး အကိုက်အခဲ ပျောက်ဆေး( aspirin-like painkillers ) နဲ့  ဟော်မုန်း ကုသမှု တချို့  (hormone replacement therapy) များဟာလည်း ဒီရောဂါ ကို ကာကွယ်ပေးနိုင်ကြတယ် လို့ ယူဆကြပါတယ် ။ဒါပေမဲ့  ဒီဟာတွေက ကိုယ့်စိတ်ထင်တိုင်းအတိုင်းအဆ မရှိ သုံးလို့ မရပါဘူး ။တန်ရင်ဆေး၊လွန်ရင်ဘေး ဆိုတာလေးကို သတိပြုရပါမယ်၊ ဒါကြောင့် တတ် ကျွှမ်းနားလည်တဲ့  ဆရာဝန် နဲ့ သေချာ စမ်းသပ် ဆွေးနွေးပြီးမှ အသုံးပြု သင့်ပါတယ်။
ဖြစ်ပွားစေတဲ့  အကြောင်းရင်းများ -ခုထိ အဓိက အကြောင်းရင်းကို သေချာရှင်းလင်းစွာ မသိကြသေးပါ ။ ဒါပေမဲ့  အူမကြီးနဲ့  စအို အတွင်းနံရံတွေမှာ ပေါ်လာတတ်ကြတဲ့  မှိုပွင့် လို ပုံစံ နဲ့ အသားပိုအလုံး(Polyps) များ ကြောင့် အများဆုံး ဖြစ်နိုင်ခြေရှိပါတယ် ။ဒါကြောင့် သူ့ ကို အကြို ကင်ဆာ အသားလုံးလို့  ( precancerous cells (polyps) on the inside lining of the colon )လည်း ခေါ်ဆိုကြပါတယ် ။ တချို့ ကျတော့ အဖုလုံးလေးအနေနဲ့ မထွက်လာပဲ အူနံရံ မျက်နှာပြင်အတိုင်း တပြေးတည်း ပြားနေကြပါတယ် ။ ဒါကြောင့် သူ့ ကျတော့ ကြည့်ရင် သိပ်မသိသာလှပါဘူး ။
အမျိုးလိုက်ပြီး မျိုးရိုးဗီဇဆဲလ်များ ပြောင်းလဲ သွားမှု (Inherited gene mutations ) ကြောင့် လည်း ဖြစ်စေတတ်ပါတယ် ။ ရာခိုင်နှုန်းတော့  နဲတယ် လို့ ဆိုကြတယ် ။ အဲ့ ဒီအထဲ မှာတော့ အောက်ပါအတိုင်း ၂မျိုး ရှိပါတယ်။
(က)- Familial adenomatous polyposis (FAP). သူကတော့ အမျိုးလိုက်ပြီး ဖြစ်တဲ့ အသားပို လုံး လေးပါ ။ အသက် ၄၀ မတိုင်မီ မှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်
(ခ) - နောက်တမျိုး က အသားပိုလုံးမပေါက်ပဲ အမျိုး လိုက်တဲ့  အူမ ကင်ဆာပေါ့ ၊ Hereditary nonpolyposis colorectal cancer (HNPCC). သူ့ ကို အခြားကင်ဆာများ (ကျောက်ကပ် ၊အသည်း၊ အစာအိမ်၊ သားအိမ်၊ ဥအိမ် ကင်ဆာ အစရှိတာတွေ)နဲ့ တွဲဖက်ပြီးတွေ့ ရတတ်သေးတာမို့ Lynch syndrome လို့ လည်း ခေါ်ကြသေးတယ် ။
နောက်ပြီး Crohn's disease ,ulcerative colitis လို့ ခေါ်တဲ့  အူမကြီး အနာဖြစ်ပြီးယောင်ရမ်း ခြင်း ရောဂါ ရှိခဲ့ဖူးသူတွေမှာ လည်း ကင်ဆာ ဖြစ်လာနိုင်ပါတယ် ။
ဒါကြောင့် သွေးနီးတဲ့  အမျိုးထဲမှာ(မိဘ နှင့် မောင်နှမ ရင်းချာ များ) အူမကြီးကင်ဆာ ဖြစ်ဖူးသူ ရှိပါက အထူးသတိထား သင့်ပါတယ် ။ ဒါ့အပြင်အဝလွန်သူ ၊လှုပ်ရှားသွားလာမှု နည်းပါးသူ ၊ ဆီးချိုရောဂါရှိသူ ၊ဆေးလိပ်သောက်သူ၊ အရက်သောက်သူ၊ အခြားကင်ဆာကြောင့် ဝမ်းဗိုက်မှာ ဓါတ်ကင်ကုသမှု ခံယူခဲ့ ဖူးသူ အစရှိသူတွေမှာ အူမကြီးကင်ဆာ ပိုမို ဖြစ်နိုင်ခြေရှိပါတယ် ။ လူမျိုး အနေနဲ့  အာဖရိကန် နဲ့  အမေရိကန် လူမျိုးတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ် ။ ဒါကြောင့် သူတို့မှာ ပုံမှန် စမ်းသပ်စစ်ဆေးခြင်းများ လို ပါတယ် ။ ဒါမှ ရောဂါကို စောစီးစွာ သိရပြီး လိုအပ်တဲ့  အချိန်မီ ကုသမှုတွေ ရယူနိုင်မှာ ဖြစ်ပါတယ် ။
ဘယ်လို စစ်ဆေးကြမလဲ ။
ဝမ်းထဲသွေးပါရင် ဝမ်းကို ဦးဆုံး စစ်ပါ ။ Stool for Occult Blood( OB ) လို့ ခေါ်ပါတယ်။
colonoscopy ခေါ်တဲ့  မှန်ပြောင်းနဲ့  စစ်ဆေးပါ ။အဲ့ ဒီနည်းက ပိုသင့်တော်ပါတယ် ။အထဲက အလုံးအဖုတွေကို ဒါရိုက် မြင်နိုင်ပြီး biopsy အသားစယူ၍ စစ်ဆေးခြင်းကိုပါ တပြိုင်နက် လုပ်လို့ရတယ်ပေါ့ ။ အသားပိုလုံးတွေ့ ရင်လည်း တလက်စတည်း နဲ့  ဖြတ်လို့ ရပါတယ် ။
ပြီးတော့ Barium Enema ခေါ်တဲ့  ဆေးသွင်းပြီးဓါတ်မှန်ရိုက်တာ ၊CT Scan ရိုက်တာ ၊ Ultrasound အစရှိတဲ့  စစ်ဆေးမှု တွေလည်း လုပ်လို့  ရပါသေးတယ် ။
ဒါ့အပြင် tumor marker အဖြစ် သတ်မှတ်ထား တဲ့  သွေးတချို့  ကိုစစ်ဆေးခြင်းဖြင့် တချို့ ကင်ဆာ များကို သိရှိနိုင်ပါတယ် ။ သွေးရည်ကြည်ထဲမှာပါတဲ့ Carcinoembryonic antigen (CEA) ကိုစစ်ဆေးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်နေခြင်းရှိ မရှိ ခန့်မှန်းနိုင်ပါတယ် ။ တခြားသော သွေးစစ်ခြင်းတွေ အနေနဲ့  CA 19-9 , AFP, Galactosyl Transferase II , ဓါတ်များကိုစစ်ဆေးခြင်းဖြင့်လည်း ခန့်မှန်းနိုင်ပါတယ် ။ ဘာလို့လည်းဆိုတော့ ဒီသွေး အဖြေများဟာ တခြားသော ကင်ဆာများ ဖြစ်ကြတဲ့  အသည်း ၊အစာအိမ် ၊ သရက်ရွက် ၊သားအိမ်၊ ဥအိမ် ၊အဆုပ် ၊) အစရှိတာတွေမှာလည်း ပုံမှန် ထက် များပြားနေတတ်ကြလို့ ပါဘဲ။
ဖြစ်ပွားစေတဲ့  အကြောင်းရင်းများ မှာတော့ -ခုထိ အဓိက အကြောင်းရင်းကို သေချာရှင်းလင်းစွာ မသိကြသေးပါ ။ ဒါပေမဲ့  အူမကြီးနဲ့  စအို အတွင်းနံရံတွေမှာ ပေါ်လာတတ်ကြတဲ့  မှိုပွင့် လို ပုံစံ နဲ့ အသားပိုအလုံး(Polyps) များ ကြောင့် အများဆုံး ဖြစ်နိုင်ခြေရှိပါတယ် ။ဒါကြောင့် သူ့ ကို အကြို ကင်ဆာ အသားလုံးလို့  ( precancerous cells (polyps) on the inside lining of the colon )လည်း ခေါ်ဆိုကြပါတယ် ။ တချို့ ကျတော့ အဖုလုံးလေးအနေနဲ့ မထွက်လာပဲ အူနံရံ မျက်နှာပြင်အတိုင်း တပြေးတည်း ပြားနေကြပါတယ် ။ ဒါကြောင့် သူ့ ကျတော့ ကြည့်ရင် သိပ်မသိသာလှပါဘူး ။
အမျိုးလိုက်ပြီး မျိုးရိုးဗီဇဆဲလ်များ ပြောင်းလဲ သွားမှု (Inherited gene mutations ) ကြောင့် လည်း ဖြစ်တတ်ပါတယ်။
ရောဂါ အနု အရင့် (Stages ) ။ ဒီ အဆင့်တွေပေါ်တည်ပြီး ရောဂါကုသမှု နဲ့  အကျိုးသက်ရောက်မှု များ ကွာခြားပါတယ် ။ အနာရှိရင် ဆေးသိတယ် ဆိုပေမဲ့  အချိန်လွန်ပြီး ရောဂါကျွမ်း နေပြီးတော့ မှ ကုသမှု ခံယူရင်တော့ အောင်မြင်မှု နည်းပါးမှာပါ ။ဒီတော့ ဒီရောဂါကို အဆင့်  ဘယ်နှစ်မျိုး ခွဲခြားထားသလည်း လို့ အကြမ်းဖြင်း ပြောရရင် Stage 0 to I , II(A,B) , III(A,B,C) , IV ဆို ပြီး ၅ ဆင့် ခွဲထားပါတယ် ။
ရောဂါဖြစ်နေပြီဆိုရင် ဘယ်လို ကုသကြမလည်း ။ ဒီကင်ဆာ က ဆေးထိုး ၊ဆေးစားရုံနဲ့ မပျောက်ကင်းနိုင်တဲ့ အတွက် အဓိက ကျတဲ့  ကုသမှု ကတော့ ခွဲစိပ်ကုသခြင်းပါဘဲ ။ တကယ်လို့ ရောဂါ နုစဉ်မှာ စောစော စီးစီးသိရလို့  စောစောခွဲစိပ်မှု ခံယူနိုင်ရင်များသောအားဖြင့် ပျောက်ကင်းနိုင်ပါတယ် ။ခွဲစိပ်ရာမှာ ရောဂါပြန့်ပွားနေတဲ့ ကင်ဆာ အကြိတ်ကို အတတ်နိုင်ဆုံး ခွဲစိတ် ဖြတ်တောက်ပြီး ကျန်နေတဲ့ အူမကြီး အပိုင်း နောက်မှာ ယာယီ သို့ မဟုတ် အမြဲတမ်းသုံး ဖို့ မစင်စွန့်ပေါက် ကို တည်ဆောက်ပေးရပါတယ် ၊သူ့ မှာ မစင်အိတ်( colostomy bag) နဲ့ ဆက်သွယ်ပြီး မစင်ကိုစွန့် ထုတ်ပေးရပါတယ် ။မစင်အိတ် ဆိုတာဒီအောက်ကပုံမှာ ပြထားတဲ့ အတိုင်းပါ ။
နောက်တဆင့် အနေနဲ့  Chemotherapy ခေါ် ကင်ဆာဆေးများသွင်းပြီးကုသခြင်း ၊Radiotherapy ခေါ် အဏုမြူ ဓါတ်ရောင်ခြည်ပေးပြီးကုသခြင်း အစရှိတာတွေ ကို ခွဲစိပ်မှု အပြီးမှာ ဆက်လက်ပြုလုပ်ပေးရပါတယ်။ တချို့ တလေမှာ အရမ်းနောက်ကျပြီးမှ သိရတဲ့ အခါ ခွဲစိပ်ကုသဖို့ မဖြစ်နိုင်တော့ရင်တော့ ဒီလို ဆေးသွင်း ၊ဓါတ်ကင် တာတွေလောက်ပဲ တတ်နိုင်ပါတော့တယ် ။
ရောဂါအဆင့် နှင့် အသက်ရှင်နေနိုင်နှုန်း ။
တနိုင်ငံနဲ့ တနိုင်ငံ သတ်မှတ်ချက်များမတူကြ ပါ ။ အကြမ်းအားဖြင့် အမေရိကန် မှာ ၅နှစ်အသက်ရှင်နေနိုင်နှုန်း ( 5 years survival rate) ၆၂ % ရှိပြီး ဥရောပ မှာ ၄၂% သာရှိပါတယ် ။ ရောဂါနူစဉ် ခွဲစိပ်ကုသမှုခံယူနိုင်ပါက အဆင့် ၁ မှာ ၉၃% ထိရှိနိုင် ပြီး အဆင့် ၃ ရောက်သွားပါက ၅၉% သာ ရှိပါတော့တယ် ။
ဒါကြောင့် ခုဆိုရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိသူများ အတွက် စမ်းသပ်မှု များအနေနဲ့  တချို့ တွေ့ ရှိချက်များ ကို လုပ်ဆောင်နေဆဲပါ ။ Aspirin ဆေးကို သတ်မှတ်ထားတဲ့ ပမာဏ တိုက်ကျွေးခြင်းဖြင့် အူမကြီးကင်ဆာကြိတ်ကြီးထွားမှု နှုန်းကို နှေးကွေးစေတယ်လို့  သုတေသနပြုလုပ် တွေ့ ရှိ ရကြောင်း သိရပါတယ် ။ ဒါ့အပြင် ဗီတာမင် ဒီ နဲ့  ကယ်လ်ဆီယမ် တို့ ကို စားသုံးခြင်းဖြင့်လည်း အဲ့ ဒီ ကင်ဆာဖြစ်ပွားမှု နှုန်း ၇၂ % လျှော့နည်းစေတဲ့ အကြောင်း တွေ့ ရှိ ထားပါတယ် ။ ဒါပေမဲ့  သေချာအောင် မပြောနိုင်သေးလို့  ကိုယ့်ဟာကိုယ် အရမ်း ကာရော လျှောက်မသောက်သင့်ပါဘူး ။
'ဒါ့အပြင် ကာကွယ်ဆေး အနေနဲ့  Trovax ဆိုတဲ့ ဆေးတမျိုးကို ၂၀၀၆ ခုနှစ်က စမ်းသပ်တွေ့ ရှိထားပါတယ် ။ ဒါပေမဲ့  စမ်းသပ်မှု အဆင့် အနေနဲ့ပဲ ရှိနေသေးတာမို့  အများသုံး ထုတ်လုပ်နိုင်ဖို့  အတွက် လောလောဆယ် မှာ မရနိုင်သေးပါဘူး ။
ဒါကြောင့် ရောဂါတခုခု ဖြစ်လာမဲ့ အခြေအနေရှိရင် အချိန်မဆွဲပဲ တတ်သိနားလည်သော ဆရာဝန်များနဲ့  စနစ်တကျ စစ်ဆေးကုသ ဖို့  အရေးကြီးပါတယ်။
စာဖတ်သူ မိတ်ဆွေ အပေါင်းတို့ လည်း ဒီလိုရောဂါများမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင် နေထိုင်နိုင်ကြပါစေ..
ွှ့ဤနေရာများ ၁ ၂ ၃ မှ အချက်အလက်များကို ရယူ တင်ပြပါသည် ။
( ဒီပို့ စ်လေးကို ရေးပြီး တင်လိုက်တဲ့  အချိန်မှာ ဘယ်လိုက ဘယ်လို ဖြစ်မှန်းမသိ ကွန်ပူတာကြီး ဂေါက်သွားပြီး လူလည်းဂေါက်သွားပါသောကြောင့် နောက်တကြိမ် စ ဆုံး ပြန်ရေးလိုက်ရပါတယ် ။ တချို့ နေရာများမှာ အထားအသိုများ အစီအစဉ် မကျ ဖြစ်ပြီး စာဖတ်ရတာ အဆင်မပြေရင် နားလည်ပေးကြပါရန် )
E အကြောင်းတွေ ပဲ မွှန်နေတယ်လို့ ဆိုတဲ့  ဆရာလေး ကိုတောင်ပေါ်သား ဆက်ဖတ်ရန် E ဇာတ်လမ်းလေး ထပ်ဖြည့်ပေးလိုက်တယ်နော် ။
ခုခေတ်ကြီးထဲမှာ ပြည်မြန်မာမှာ ရွှေပြည်သူ ရွှေပြည်သား အများအပြား ပြည်ပ ထွက်ပြီး ပညာရှာကြ ၊ ဥစ္စာ ရှာကြ ၊( တချို့ လည်း ကြင်ယာ ရှာဖို့ ) ၊ တချို့ က ရှော့ပင်းထွက်ဖို့  ။ တချို့  က ဘုရားဖူး ၊ တချို့  က လိပ်ဥလည်းတူး ဖို့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ပေါ့လေ ။
ဒီ အထဲက ဥစ္စာ စီးပွား ရှာဖို့ ထွက်လာကြတဲ့  သူ အကြောင်းဘဲ ပြောချင်ပါတယ် ။ ကိုယ့် အကြောင်း နဲ့ ဆိုင်တဲ့  ကိုယ့်အကြောင်းထဲက တကြောင်းပေါ့နော် ။သူများအကြောင်းကို မကောင်းတာ ပြောရင် အတင်း လို့ ဆိုကြတယ် ။ ကိုယ့်အကြောင်းကိုယ် မကောင်းကြောင်း ပြောတော့ အတင်း မဟုတ်တော့ဘူး ။ သတင်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်လေ ။
ကိုယ် နုံကြောင်း အ ၊ ကြောင်းပြော ပြန်ရင်တော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ၊ ဒါမှ မဟုတ် ကိုယ့်ငချဉ် ကိုယ်ချဉ်တာလား တခုခုပေါ့နော် ။ ဒီလိုရှိတယ်လေ ဒီလို ...
လူတိုင်း လူတိုင်း နီးပါး လောက်က ပြည်ပ ထွက် အလုပ် လုပ်ရင် သတ်မှတ်ထားတဲ့ အခွန် တော်ငွေတွေ နဲ့ နိုင်ငံတော်ကို ပြန်လည် ကျေးဇူးဆပ်ကြရတယ်လေ ။ ၈% တို့ ၊ ၁၀ % တို့ ပေါ့ ။ ပိုတဲ့ ပိုက်ပိုက် လေးတွေ လည်း မိဘ၊ မောင်နှမ ၊ ဆွေမျိုး များ ဆီ ကို ကိုယ့် အသိစိတ် နဲ့ ကိုယ် ၊ ဒါမှ မဟုတ် ဝတ္တရား အရ ၊ ဒါမှ မဟုတ် မလုပ်မဖြစ်တဲ့ အခြေအနေ အကြောင်း ကြောင်းတွေ ကြောင့် ပြန် ပြီး ပေးပို့ ကြတာပေါ့ ။
ကိုယ် ထွက်လာခါ နီးမှာ သူငယ်ချင်းတယောက်က အကြံတော် အပေးကောင်းတာနဲ့  မြန်မာ့ နိုင်ငံခြားငွေ ကူးသန်း ရောင်းဝယ်ရေး ဘဏ် မှာ ဂျွိုင့် အကောင့် တခု ဖွင့်ထား ခဲ့တယ် ။ အမေ့နာမယ် နဲ့ တွဲထားတယ်ပေါ့လေ ။နားမလည်သေးတဲ့ အချိန်ဖြစ်လို့  အိမ် က အမေ သုံးပါစေတော့ ဆိုပြီး ရှိစု မဲ့ စု လေးထဲကနေ အစိမ်းလေးတွေ အသွင်ပြောင်းပြီး ပို့ လိုက်ပါတယ် ။ အဲဒီအချိန် ကလည်း တယ်လီဖုန်းလျှောက်ရင် ၊ မြန်မာပြည်ကြီး ထဲ မှာ ဘာညာ ကွိကွ ဝယ်ရင် အစိမ်းတို့  ။ ဆီ ( အက်ဖ်အီးစီ ) တို့ နဲ့ မှ ရတယ် လို့  ဆိုတော့ လဲ အရေးအကြောင်း သုံးရ ၊ပြုရအောင်ပေါ့ လို့  လွယ်လွယ်လေး တွေးလိုက် မိတာ ကိုး ။( ဟွန်ဒီ ဆိုတဲ့  ဝေါဟာရ နဲ့  အသုံးဝင်ပုံ ။ အသုံးတည့်ပုံ တွေ အကြောင်း အဲဒီ အချိန်က လုံးဝ နားမလည် သေးတာမို့ ၊ ရိုးရိုးကြီးဘဲ တွေးပြီး အဲဒီ ဘဏ်ကြီးကို အဟုတ်ကြီးထင်ပြီး ပုံအပ်မိပါတယ်။ ဟဲ ဟဲ .. စာကြီး ပေကြီးများ ဖြစ်လေ မလားဆိုပြီး ... ကြီး ... တွေ တွင်တွင်သုံး ကြည့်လိုက်တာ ဖတ်လို့  အတော် ခက်မယ်နော် ။ )
ဒီလိုနဲ့  အတိုး မရှိ ၊ မပေး၊ မရ ၊ တဲ့ ကိုယ်တို့  အမိတိုင်းပြည်ထဲက နိုင်ငံခြားငွေ စုတဲ့  ဘဏ် ဆိုတာ ကြီးထဲမှာ အဲဒီ စိမ်းစိမ်းလေးတွေ သွားအိပ်ခိုင်းထား မိတယ်ပေါ့ ။အံမလေး ။သူ တို့ ကိုတောင် ကြံဖန် ပြီး ပြန်ကျေးဇူး တင်ရပါအုံးမယ် ။ ထိန်းသိမ်းစောင့်ရှောက်ခ မပေးရတာဘဲ ။
ဒီလိုနဲ့ ၂ နှစ်ကျော် ကြာသွားခဲ့ တယ် ။ ဦးဆုံး အကြိမ် အိမ်ပြန်ဖြစ်တာ ကလည်း ပျော်ရွှင်စွာ ပြန်ရတာ မဟုတ် ။ အဖေ ရုတ်တရက် ဆုံးသွားတာနဲ့  ဗြုန်းစားကြီး ပေါ့ ။ နိုင်ငံခြားက ပြန်တယ်ဆိုတော့ ရွာ အဝင်ဂိတ် မှာ ထုံးစံအတိုင်း ရစ်တယ်ပေါ့ ။( လွန်ခဲ့ သော ၁၀ နှစ်ကျော် အချိန် က ပါ ) ။ ခွင့်စာ တို့  ၊ အခွန် ဆောင်ပြီးကြောင်း စာရွက်တို့  ။ ဘာတွေမှန်းမသိ ။ ရုတ်တရက်ဆိုတော့ ခွင့်စာလည်း မယူ လာမိ ။ အခွန်ကတော့ ဘာရယ်မှန်း မသိ ၊ မသိစိတ်ကဘဲ ကြိုသိ နေလို့ လား မပြောတတ် ။ အဲဒီ အချိန် မတိုင် မှီ တလလောက် ကဘဲ လိမ်မာစွာ နဲ့ တနှစ်စာ ကြိုတင်ဆောင်ထားပြီး အသင့် ရှိနေတာ။ ဒီလိုနဲ့  ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ ဆိုတဲ့ အဆို အရ အောင်မြင်စွာ အိမ်ပြန်ရောက်လာတယ်ပေါ့လေ ။
အဖေ့ ကိစ္စတွေ ပြီးတော့ ၊ ခွင့်ကလည်း ၂ ပါတ်ဘဲ ရတော့ ၊ အမေ စိတ်ပြေလက်ပျောက် ဖြစ်အောင် ကိုယ်ဆီ လာနေဖို့  ကမန်းကတန်း စီစဉ် ရတယ်။ တပါတ် အလို မှာ အမေ့ အတွက် လက်မှတ် ဝယ်မယ်ပေါ့ ။
ဒေါသ ကုမ္မာရ ဇာတ်လမ်းကခုမှ စ ပါတယ် ။ လက်မှတ် ဝယ်ဖို့  အစိမ်းလိုတယ်တဲ့ ၊၊ အင် ။။ အို ။ ဘယ်လိုပါလိမ့် ။အစိမ်းမရှိသူ ဘယ်လို ဝယ်ကြမလဲ ဆိုတော့ ဒီလိုဘဲ အပြင်မှာ ပြန်လဲ ပြီးဝယ်ကြပါတယ် တဲ့  ။
အမေ က အကြံပေးတယ် ။ သူ့ ဟို ဂျွိုင့် ကြီးကောက်ပြီးထဲ့ ထားတာ လဲ ဖုံး တခါ ဝယ်ပြီးတည်း က ဘာမှ မသုံး ဖြစ် ။ အဲ ဒီ ထဲ ကနေ ဝယ်လိုက် ပါလား တဲ့ လေ ။ အင်း ဒီလိုတော့လည်း ဟုတ်ပေသားဘဲ ၊ အဲဒီထဲ မှာ အလကား သွားအိပ်နေတဲ့  စိမ်းစိမ်းကောင်လေးတွေ ၊ကြာလေ အဖိုးမဲ့  အဖွားမဲ့ ဖြစ် နေ မစိုးလို့ ကျောက်တိုင်ကြီး ရှေ့ က ဖေါရိန်း အိပ်စ်ချိန်း ဘဏ်ကြီး ဆီ အပြေးအလွှားသွား ပေါ့ ။ အသွင်း နေရာ က လူ ရှင်း နေတယ် ။ အထုတ် နေရာက လူကြိတ် ကြိတ် တိုးနေတယ် ။
အထဲ က မ မ တွေကတော့ အပြင်က လူတွေ ဘယ်လောက် များများ ၊ ဆင်မယဉ်သာ ဟန်လေးနဲ့ ဗျား ။ အဲဒီထဲ က ဆင်မလေး တယောက်ကို အတင်းပြူးပြဲ ရှာပြီး မေးကြည့်တော့ ငွေ ထုတ်ဖို့  အကြောင်းအရာ ။ သုံးမဲ့ နေရာ လျှောက်လွှာ တင်ပါ တဲ့  ။
အင်းလေ ။ သူ တို့ ထုံး စံ။ တင်ဆိုလည်း တင်ရတာပေါ့ ။ လျှောက်လွှာ ဆိုတော့ ပုံစံတော့ ရှိရမှာပေါ့လေ ။
ဒါနဲ့ အမ လတ်က( အဲဒီအချိန် သူ ရှိနေသေး တယ် ။ သူက စေ့စပ် သေချာတယ် ၊ ရုံး အလုပ် လုပ် နေကြ ဆိုတော့ ရုံး အထာတွေ အားလုံး နော ကျေ ပြီးသား ။ကိုယ် ပြည်တော်ပြန်တိုင်း သူဘဲ အမျိုးစုံ လိုက်လုပ်ပေးလေ့ ရှိတာ ၊ လွမ်းမိပါတယ် အမရယ် ) ။ အမလတ်က သူ့ ဖိုင်တွဲ ထဲ အဆင်သင့် ယူလာတဲ့  ဖူးလ်စကပ် ပေပါ ဝါကျင်ကျင်လေးတွေ နဲ့ လျှောက်လွှာ ရေးရမဲ့ ပုံစံ နမူ နာ ကို နံရံ မှာ ကပ်ထားတာ တွေ အပြည့် အစုံ ကူးရေး ပြီး ၊ ကိုယ့် လက်မှတ်ထိုးပေါ့ နော် ။ ပြီးတော့ ဆင်မလေး တကောင် ဆီ တင် ပေါ့ ။
မန်နေဂျာ ကြီးနဲ့  အထက်က လူ တွေ အဆင့်ဆင့် လက်မှတ် ထိုး ရမှာ ဆိုတော့ နောက် ၃ ရက် နေမှ ပြန်လာပါတဲ့  ၊ ဒါတောင် အစိမ်းလေးကို cash အနေနဲ့  ပြန် ထုတ်ပေးမှာ မဟုတ်ဖူး နော် ။ ချက်လက်မှတ် လို စာရွက်လေးပဲ ထုတ်ပေးပြီး လေယာဉ်လက်မှတ်ရောင်းတဲ့ နေရာမှာ သွား ဝယ်ရမှာတဲ့ ။
ဒီတော့ အမက မုန့်ဘိုး ၊ပဲဖိုး ၊ ဘာညာ ကွိကွ ပေး လိုက်မယ်ပေါ့ ။ ဒီတော့ ဘေး က ကိုယ်လည်း ဘာမှ အထာ မပေါက် ။ အမ ကိုတောင် စိတ်ဆိုးပြီး ပြော မိသေးတယ် ။ ဒါ သူတို့ လုပ်ရမဲ့ အလုပ်ပဲ ၊ ဘာလို့ ပေး ရ မှာလည်းပေါ့ ။ ကိုယ့် အမက လည်း အရွဲ့ တိုက်ပြီး .. အဲဒါ ဆို နင့်ဟာနင် စောင့်ကြည့်ပေါ့ တဲ့  ။ တဇွတ်ထိုး ကိုယ် နဲ့  ရွဲ့ တဲ့ အမ တို့  ဘယ်သူ နိုင်မလည်း စောင့်ကြည့်အုံး မဟဲ့ လို့ ။လျှောက်လွှာတင်ပြီးပြန်ခဲ့တယ် ။
၃ ရက်ဆို တာ ဘာမှ လည်းမကြာပါဘုး ။ ဟို ဒီ ကိစ္စ တွေလုပ်ရင်းနဲ့  ချိန်းထားတဲ့ နေ့  အဲဒီ ရုံးကို တခေါက်ထပ်သွားပေါ့ ။ ရောက်တော့ တနေရာ ထပ်ညွှန်လိုက်တယ်လေ ။ သူ့  ရုံးကြီး ရဲ့ ဘေး အနောက်ဖက် ကို ကွေ့ ပတ် သွားတော့  အနီရောင် ရုံး အိုလေး တရုံး ရောက်ရော ။ နောက်ထပ် ဆင်မလေးတယောက် ရှာပြီး အကျိုးအကြောင်း မေးရတာပေါ့ ။ တနာရီ လောက် စောင့်တော့ အဲဒီ ဆင်မလေး ပြန်ရောက်လာတယ် ။ ဒီဘက်ရုံး က မန်နေဂျာ ဒီ မနက် အစည်းအဝေး ရှိ နေလို့  ၊အမ တို့  လျှောက်လွှာ က လက်မှတ် မထိုး ရသေး ပါဘူး တဲ့  ။ နေ့ လည် ၂ နာရီ ကျော်မှ တခါ ပြန်လာပါ တဲ့ .။ အမလတ် က ပြုံး ပြီး ကိုယ့်ကို လှည့်ကြည့်တယ်။
ခေါင်းမာတဲ့ ကိုယ်ကလည်း အရှုံး မပေးပါဘူး ။ နေ့လည် ဆိုလဲ နေ့လည် ပေါ့ ။ ဘာဖြစ် သလဲ ။ ဒါနဲ့  အဖေ့ အတွက် ရွှေတိဂုံ ဘုရားပေါ်တက် ၊ဘုရား ရှစ်ခိုး ။ အမျှဝေ ။အလှူငွေထည့်  ။ ပြီးတော့ ဇီဝိတ ဒါန ဆေးရုံသွား အလှူငွေ ထည့် ၊ အမျှဝေ နဲ့ စိတ်လေးဖြေ ခဲ့ လိုက် ရတာ ...
ပြောထားတဲ့ အချိန်ရောက်တော့ အဲဒီ ရုံးနီလေးဆီ နောက်တခေါက် ၃ ခါမြောက် ချီတက် ဖြစ်တယ်လေ ။ ဟဲ ဟဲ ။ ဒီတခါတော့ အိုကေ ပြီပေါ့ ။ ငါနိုင်ပြီပေါ့ ဆိုပြီး အမ ကို ပြောတော့ နင့်လက်ထဲ အဲဒီ စာရွက် မရောက် မချင်း နင် မနိုင် သေးပါဘူး တဲ့။
ရောက်ပါပြီ ။ စောင့်ပါတယ် နာရီဝက် ။ စောင့်ပါတယ် တနာရီ ။ အဲ ..၃ နာရီ ခွဲ သွားပါပြီ ၊။ ဆင်မလေးတွေ က အထဲမှာ လှုပ်လီ လှုပ်လဲ့  ။ အိုးလေး တွေ လှုပ်လို့ ကောင်းနေကြဆဲ ။ ကိုယ့်မှာတော့ နေပူ ပူ နဲ့  ရေဆူ မှတ် ကို တရိပ်ရိပ် တက်လာ ပါပြီ ။
အမ ကို လက်တို့ ပြီး သွားမေးကြည့် ပါအုံး ပေါ့ ။ အမ ကလည်း သိတယ် ။ ကိုယ် စိတ်တို စ ပြုနေပြီ ဆိုတာ ။ အပြင်က နေ လဖက်ရည် ဆိုင်သွားပြီး ပြန်လာတဲ့  ပုံစံ နဲ့  ပြုံးစိစိ မျက်နှာပေးနဲ့  ပြန်ဝင်လာတဲ့  မနက်က ဆင်မလေး ကို တွေ့ တော့ အမလေ ။ အပြေးလေးသွားပြီး လိုက်မေးရတာ ။
ဒီတော့မှ" ဪ. အမ တို့  ပြန်ရောက်နေကြပြီလား "တဲ့  ။ "ခဏလေးစောင့်ပါအုံး နော်" တဲ့  ။ မန်နေဂျာ အခန်းထဲ ဝင်သွားပြီး လျှောက်လွှာ စာရွက်ကို လိုက်ရှာ နေလေရဲ့  ။
ကိုယ့် မျက်စိ ကလည်း ဒီလို မဟုတ်တဲ့ နေရာမျိုး ဆို လျှင်သမှ ပြောမနေနဲ့တော့။
အဲဒီ ဆင်မလေး မနက်က ထိုင်တဲ့ စားပွဲ ရဲ့ အောက်ဆုံး မှာ ရောက်နေတဲ့ ကိုယ့်လျှောက်လွှာစာရွက်လေး ( ကလစ်ပင် အနီရောင်နဲ့ ထိုးပြီး နောက်စာရွက်တခု ကို ဘယ်ဘက် ဒေါင့်စွန်းအပေါ်မှာ ညှပ်ထားတာ ဆိုတော့ သိသိ သာသာ ပါဘဲ ) မြင်လိုက်ရတယ် ။
ရေဆူမှတ် ရောက်ဖို့  ၂ ပွိုင့် ဘဲ လိုပါတော့သည် ပေါ့ ။
ဒီဆင်မလေး မရောင်မလည် ပြန်ထွက်လာပြီး ဟိုရှာ ဒီရှာ နဲ့  ။ ဒါနဲ့  အချိန်ကုန် မခံချင်တော့တဲ့ ကိုယ် ။ သူ့ စားပွဲ ရှိတဲ့ နေရာ လျှောက်ဝင်ပြီး ကိုယ့်လျှောက်လွှာ ကိုယ်ပြန် ရှာပြရတယ် ။
"ဪ ..အမရယ် ။ အားနာ ပါတယ်၊ ဒီနေ့  အချိန် မရှိ တော့လို့ ၊မနက်ဖန် မနက်စောစော မှ တခေါက်ပြန်လာယူ ပါလား" တဲ့  ။
အဲ .. မနက်ဖန် ဆို သောကြာနေ့  ။ကြားမှာ ၂ရက်ဘဲ အချိန်ရှိတော့တာ ။
ရေဆူ မှတ် ၉၉ ရောက် နေပြီ ။ စိတ်ထိန်း ၊ စိတ်ထိန်း ။ ဒါဆိုလဲ မယူတော့ဘုး ၊ အပြင်မှာ ဝယ်မယ် ၊ ချက်ချင်းရတယ် လို့  တခွန်းဘဲပြော ပြီ ထွက်လာလိုက်တယ် ။
နောက်ဆုံး သူထပ်ပြောတဲ့ စကားတခွန်းကြောင့် မဆူ သင့်တဲ့ ရေဆူမှတ် ကို ဒိန်းကနဲ ရောက်ရုံ မက ဟိုဘက် ဘူတာတောင် ရောက်သွား ခဲ့ ပါတယ် ။
" နေ ပါ အုံး အမ ။ လျှောက်လွှာ မတင်တော့ဘူး ။ ငွေ ပြန် မထုတ်တော့ဘူး ဆိုရင် မထုတ် တော့တဲ့ အကြောင်း ကို လျှောက်လွှာ တခု ရေးတင် ခဲ့ ပါအုံး" တဲ့ လေ ။
ဒီတော့ ရေဆူမှတ် ကျော်နေပြီ ဖြစ်ချင်ရာ ဖြစ်တော့ ။ သူ့  စားပွဲ ဆီ ပြန်လှည့် သွားပြီး သူ့လက်ထဲ က ကိုယ့်လျှောက်လွှာ စာရွက် ကို အားရ ပါးရ ဆွဲ ဆုတ် ပြီး ထွက်လာ ခဲ့ ပါတယ် ။ အဲဒီ အချိန် ကစပြီး နောက် ဘယ်တော့ မှ ဒီလိုရုံးထဲ မလာတော့ ပါဘူး လို့ ဆုံးဖြတ်လိုက် မိတယ်။ ဆင်မလေး ကတော့ နောက်မှာ ပါးစပ် အဟောင်းသားနဲ့  ကျန်ခဲ့ လေ ရဲ့ .......
အဝင်လွယ်၍ အထွက်ခက်သော ဤဘဏ်မျိုး ၊ နောင် တသက် မဟုတ် ၊ ဆယ်သက်စာ ဒိုးဆလံ တင်းဆလံ ပါ ။
E ခေတ်ကြီးထဲ မှာ ဤသို့ သော E လျှောက်လွှာ မျိုး အမြန်ဆုံး ပျောက်ကင်းပါစေ ။
( လွန်ခဲ့ သော ဆယ်နှစ်ကျော် က တကဲ့ ကိုယ်တွေ့  အဖြစ် အပျက်လေး တခု ပါ ၊ စိတ် ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ ။နောက်တနေ့ မှာ အသင့် ရှိနေတဲ့  ကက်ရှ် လေး နဲ့ သွားဝယ်တော့ လက်မှတ် က ချက်ချင်းရပါတယ် ။ ဪ ၊ နေရင်း ထိုင်ရင်း အချိန်ကုန် ၊ လူပန်း၊ စိတ်ပန်း နဲ့ ၊ မှားပါတယ် ၊၊ ပေးကမ်းခြင်းသည် အောင်မြင်ရာ ဆိုတဲ့ ထုံး နှလုံး မမူဘဲ ခေါင်းမာ မိလို့  )
တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာကွယ် .. မင်္ဂလာဆောင်ပွဲလေးကျင်းပ နေတယ် ...အိုးး မှားပါတယ် ..ခုတလော သူများတွေ သီချင်းအကြောင်းတွေ ရေးနေကြတာ နဲ့ ရောယောင်လိုက်ဆိုမိတာ ။ မင်္ဂလာဆောင်ပွဲတော့ မဟုတ်ပါဘူး ။ ဒီနေ့ ဝါးကြော သွားနေတာ နဲ့ ဘာအကြောင်းရေးရမှန်းမသိ ။ ကိုယ်တိုင်လည်း မချက်တတ် ( ချက်တင် တော့ထိုင်တတ် သား ပဲ ..စားကောင်းသောက်ဖွယ် မချက်တတ် တာကိုပြောပါတယ် ) တော့ စားခဲ့  ဝါးခဲ့ တာလေးတွေကိုပဲ ရိုက်လာခဲ့ ပါတယ် ။ သွားရမဲ့ နေရာ ကို မသွားတတ်တော့ MRT စီးပြီး ထိုင်ပေထဲရောက်တော့ အူလည်လည်နဲ့  ဘယ်ဘက်လျှောက်ရမှန်းမသိ ၊၁၂ နာရီ အရောက်လာရမယ်ပြောထားတာ နာရီကြည့်လိုက်တော့ ၁၂း၃၀ တဲ့ ။ ပြသနာပဲ ။ စိတ်ရှူပ်လာလို့  ဝါဝါကားလေးပဲ တားစီးမိလိုက်တယ် ။ ဒီက Taxi တွေက အားလုံး အဝါရောင်တွေ ချည်းပါ ။ ဟဲဟဲ ၊ ကားဆရာ က ဟိုဝင်ဒီထွက် နဲ့ ပညာ ပြ လိုက်တာ ၁၂၅ ကျပ် ( ဒီက ၃၃ ကျပ်ဆို အစိမ်း ၁ ဒေါ်လာ ပေါ့ ) ကုန်သွားတော့ လိုရာအရပ်သို့  ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါတယ်လေ ။ နောက်မှ သိရတာ က MRT ဆင်းတဲ့နေရာကနေ နောက်ဖက်ပြန်လျှောက် ပြီးကွေ့ လိုက်ရင် ၁၀ မိနစ်လောက်ပဲ လျှောက်ရပါတယ်တဲ့  ။ မီတာ တခါချိုးစရာတောင် မလိုပါဘူးးတဲ့  ။ ခံလိုက်ရတာ ၊ ထားပါတော့ အလကား ဝါးရမဲ့ အရေးဆိုတော့ လည်း တန်ပါတယ် ။ ကော်တရာ သူဌေး က တကာခံမှာဆိုတော့ မသွား မဖြစ် ၊ မသဒ္ဒါရေစာ ကို ရအောင် သွားဝါးရတော့ တာပေါ့ ။ ဆိုင် က အန်ဒါဂရောင်းမှာ ၊ ဂျပန် စာတွေပါပဲ ။
ရောက်ကာစက မစားရဲတဲ့ ငါးအစိမ်း ၊နောက်စားရင်းနဲ့ ဂျပန်စာ စားတိုင်း အများဆုံးစားဖြစ်တဲ့ အစာတခု ၊ ဂျပန်လိုတော့ ဘယ်လိုခေါ်လဲ မသိပါ ။ တရုပ်လို အခေါ်ကို ဗမာလိုရေးလိုက်တော့ စဲန်းယွီဖြဲန့် တဲ့  ။ ဝါဆားမိ နဲ့ တို့ စား ။ ပူရှိန်းရှိန်းပူစပ်စပ်ကြီး ။ ဒါကို အရသာခံပြီးစားကြတယ်တဲ့  ။ ဒီလူတွေတော့ ရယ်စရာပဲ
လွယ်လွယ်ခေါ်ရရင် ကြက်ဥပေါင်းပါဘဲ ။ ငံကျိကျိ နဲ့ ။အထဲမှာ ကြက်သားတုံးသေးသေးလေးတွေနဲ့ abalone ပါတယ် ။ မဆိုးပါဘူး။
တန်ပူရာ ၊ တွေ့ တဲ့ အတိုင်း ..ပုစွန် ကို ဆန်အလုံးသေးသေးနဲ့ ကပ်ပြီးကြော်ထားတာ ။ ပြီးတော့ ခရမ်းသီး၊ ပိန်းဥ ၊မျောက်ဥ (ဟိ..ဘာလို့ အဲ့လိုခေါ်တာလဲမသိ ..မျောက် က ဥတတ်လို့ လားနော် ) ၊မှို ၊ ကညွှတ် တွေကို ကြော်ထားတာ ။တို့ စားရတဲ့ ဆားက လည်း အစိမ်းရောင်ကြီး ။ Green Tea salt တဲ့  ။ ဘာမှ မကွာပါဘူး ။ဆား ဆိုတာ အားလုံးငံတာချည်းပါဘဲ။
ရေညှိအလိပ် ။အထဲမှာ ငါးဥ ၊ အရွက်တွေ ။ ဂဏာန်းသား နဲနဲ ။ ဗိုက်ထဲသာဝင်သွားတယ် ။ ဘာရွက်တွေလဲ သိဘူး ။
ဂဏန်းလက်မအသား၊မှို ၊အာတာလွတ်ဥ ၊မုန်လာပွင့် ၊ ချိုငံကြီး ။ စားလို့ တော့ ကောင်းသား ။
ပဲပြားအပျော့ ၊ ဘယ်လိုကြော်ထားလဲ မသိ ။ အပြင်က အခွံကြွပ်ကြွပ်ရွရွ ။ အထဲကတော့ ပျော့စိစိ ။ ရေညှိခြောက် အချပ်ကို အမျှင်တွေဖြစ်အောင်ညှပ်ထားတာ ဆံပင်မွှေး လိုလိုပါပဲ ။
ကောက်ညှင်းပေါင်း နဲ့တူတာပဲ ။ငါးဥကြီးက နဲနဲ အငံဓါတ်နဲ့  အရည်လေးတွေပါတယ် ။ ဘာငါးဥလဲ မသိ ။ဈေးကြီးတယ် လို့ တော့ ပြောတာပဲ ။ ဟင်းရည်က မီဆော့ ထန်း .. ဂျပန်လိုတော့ မခေါ်တတ်ပါ ။ ပဲတမျိုး ပါ ။ပဲပြားလဲ ပါတာ ထုံးစံအတိုင်းပေါ့ ။ သိပ်မထူးခြားပါဘူး ။
ပွဲသိမ်းခါနီး အချိုတည်းစရာ ။ အသီးလေးကလဲ နဲနဲလေး ။ တတုံး ကို တလုပ်စာတောင် မရှိ ။ သစ်တော်သီး ၊ ပန်းသီး၊ Dragon fruit ဆိုတော့ နဂါးသီးခေါ်မလား ။ ရယ်စရာကြီး ။ သေချာကြည့်နော် ။ မဲမဲ တုံးလေး နှစ်တုံး က ဘာလဲ ။ မှန်းကြည့် ...... အစက တော့ မုန့်ကျွဲသဲ အောင်းမေ့နေတာ ။ ဟိဟိ
အနီးကပ်ရိုက်လိုက်သေးတယ် ။ မြင်ရလား မသိ ။ အပေါ်မှာ ဖြူးထားတဲ့  အမှုန့်လေးတွေ ။ သေချာကြည့်တာတောင် ဘာမှန်းမသိလို့  ဘေးက တယောက်ကို လှမ်းမေးရတယ် ။ တောကျတာလေ ။ နောက်တော့မှ သိတာ ။ ဟားဟား ရွှေမှုန့် လေးတွေ ဖြူးထားတာ တဲ့ ။ အောင်မလေး ။ အဆိပ်သင့်တော့ မလား သိဘူး ။ ကြံကြံဖန်ဖန် ရွှေ မှုန်စားတယ် ဆိုတာ ခုမှ မြင်ဖူးတာ ။ ခွီး ခွီး ...
နောက်ဆုံးပိတ် က ကော်ဖီပါ ။ တခွက်ချင်းစီ ကြိုနေတာ .... လူ အယောက် ၄၀ စာဆိုတော့ သူ့ ကိုသောက်ဖို့ အရေး နာရီဝက်ကျော် စောင့်လိုက်ရသေးတယ် ။ ဒီနေ့ အတွက် ကယ်လိုရီတွေ အတော်များသွားလို့  ညစာ မစားရဲတော့ပါ ။ နာရီဝက် တနာရီလောက်ပြေးရပါအုံးမယ်။
အလုပ်က ဘော်ဒါတွေ နဲ့ .. ကော်တရာ ဘော်ဇာက မေးစိပွတ်နေပြီ ။ ဘာတွေ အကြံထုတ်နေလဲ မသိ ။ မနက်ဖန် အလုပ်တက်ရင်တော့ အသားကုန်ခိုင်းတော့မယ် ထင်ပါရဲ့  ။
မစားရ ဝခမန်း မျက်စိနောက်စရာဖြစ်အောင် ပုံတွေ ပြထားပါတယ် ။ အာရုံနောက်သွားရင်တော့ တောင်းပန်ပါတယ် ။ နောက်ရက်တွေမှ ပဲ စာလေးပေလေး ရိုရိုသေသေ ရေးပါတော့မယ် ။ ခုတော့ ... ပေါ့ပေါ့ ပါးပါး ။ အချောင်ခိုလိုက်ဦးမယ် နော် ...
ပြီးခဲ့တဲ့ ရက်များမကြာမီက သတင်းအဟောင်းတွေ ပြန်လှန်ဖတ်ရင်း အံ့သြစရာလေး သွားတွေ့ လိုက်လို့စိတ်ဝင်စားမိတယ် ။ သတိထား သင့်တယ် ထင်လို့  ရှာဖွေ ဖတ်ထားတာလေးတွေ ကို နားလည်သလို ဘာသာပြန်ရေးပေးလိုက်ပါတယ် ။
ဒီထိုင်ဝမ်မှာ အမျိုးသမီး တဦး ဟာ အိမ်မှာနေတုံး မျက်စိ ၊ နား ။နှာခေါင်း ၊ပါးစပ် ရှိသမျှ အပေါက် တွေမှ သွေးများရုတ်တရက် ယိုထွကိ လာပြီး အသက်ဆုံး ရှုံးသွားတယ် ။ ဆေးရုံရောက်ပြီး အသက်ကယ်ပေမဲ့လည်း မရလိုက်ပါဘူး ။ ဒီတော့ police case ပေါ့လေ ။ ဆရာဝန်တွေက သက်ဆိုင်ရာ မှုခင်းဆရာဝန်တွေ ၊ ရဲတွေ အကြောင်းကြားပြီး ဒီ လူသေမှုကို စစ်ဆေးကြရတော့တာပေါ့ ။အဆိပ်သင့်တဲ့ လက္ခဏာတွေ ရှိတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံ တာလား ။ သူများက လုပ်ကြံတာလား ဆိုတာကို စစ်ဆေးကြရတယ်လေ ။
ဒ်ီအမျိုးသမီးရဲ့  မိသားစုဝင်တွေရဲ့ ပြောပြချက်အရ ..သူမ ဟာ အဲဒီနေ့ ညစာ ကို seafood ပုစွန်၊ ဂဏန်းတွေနဲ့ စားခဲ့တယိ။ သူ့ မိသားစုတွေလည်း ဒီဟင်းကိုပဲ အတူတူ စားခဲ့ ကြတာပါ ။ ဒါပေမဲ့ တခြားသူတွေကတော့ ဘာမှ နေမကောင်းခြင်း မဖြစ်ခဲ့ဘူး ။ ဒါဆို ဘာကြောင့် သူ့ တယောက်ထဲ ဖြစ်ရတာလဲ လို့ စဉ်းစားစရာပါဘဲ ။
သူ့ ရဲ့ နောက်ကြောင်းရာဇဝင်ကို ပြန်မေးကြည့်လိုက်တော့ သူဟာ မသေခင် အချိန်ကာလ ကြာရှည်စွာ ကတည်းက ဗီတာမင် စီ ဓါတ်ပါတဲ့  အားဆေးပြားတွေကို အလွန်အမင်းမှီဝဲနေကြဖြစ်တယ်တဲ့ ၊ ဒါနဲ့ဘဲ သေသူရဲ့  အစာအိမ်ထဲမှာ ကျန်ရှိနေတဲ့ သူ နောက်ဆုံးစားခဲ့တဲ့ အစာဟောင်းတွေကို မှူခင်းသိပ္ပံ ဆရာတွေက ဓါတ်ခွဲ စမ်းသပ်ကြည့် ကြပါတယိ ။ ထွက်လာတဲ့ အဖြေ ကတော့ အာဆင်းနစ် အဆိပ်သင့် ခြင်း ပါတဲ့ ။
ဘာကြောင့် ဒီလို အဆိပ်သင့်ရတာလဲ ၊
( အလွန်လှချင်သူများ ။ ဗီတာမင် စီ အများအပြားသောက်သူများ ။ seafood ကြိုက်သူများ မှတ်သားဖွယ်ရာ ပါ )
မိန်းကလေး များစွာ တို့ဟာ အဲဒီ ဗီတာမင်စီ အားဆေးတွေကို အသားအရေလှအောင် ၊ပိန်အောင်.စတဲ့ ရည်ရွယ်ချက်တွေ နဲ့ နေ့စဉ်သောက်သုံးတတ်ကြပါတယ် ။ seafood လည်း ဒီလိုပါဘဲ ။ အရသာရှိတဲ့အစားအစာ ဆိုတော့ အလာဂျီ ရှိတဲ့ သူတွေကလွဲရင် လူတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ် ။ အထူးသဖြင့်  တရုပ်လူမျိုးများပါ ။ ဘယ်လောက်ပဲ ဈေးကြီးပစေ ၊ စားကြတာပါဘဲ ။
ဗီတာမင် စီဆိုတာက ရေထဲ ပျော်ဝင်လွယ်တဲ့  water soluble တမျိုးပါ ။ဒါကြောင့် သူ့ကို ဘယ်လောက် များများ စားသုံးပေမဲ့ ကျောက်ကပ် ပုံမှန် ရှိနေတဲ့  လူကောင်းတဦးမှာ ပိုလျှံနေတဲ့  ဒီ ဗီတာမင်စီ ပမာဏကို ဆီးထဲမှ နေပြီး စွန့် ထုတ်ပေးလို့  လူအတွက် အန္တရာယ် မဖြစ်စေပါဘူး ။လတ်ဆပ်တဲ့  Seafood ပုစွန် ၊ ဂဏန်းတို့ ဟာလဲ သူ့ ချည်း သက်သက်ဆို ဘာမှ အန္တရာယ် မပေးပါဘူး ( အလာဂျီ ရှိသူများက လွဲရင်ပေါ့ )
ဒါပေမဲ့ ပြသနာ က ခုမှ စတာပါ ။ များသောအားဖြင့်  ဆိုင်တွေမှာ စားကြသောက်ကြရင် အအေးလေးနဲ့ ၊ အရက်လေးနဲ့တွဲ ပြီး စားကြတယ်လေ ။ စားရင်းပြောရင်းနဲ့ အာခြောက် ရင်းနဲ့  အအေးတွေလည်း အတော်လေး ဝင်သွား ကြလေ့ရှိတယ် ။ အဲဒီ အအေးမှာ sunkist , orange တို့ လို အချဉ်ဓါတ် ပါတဲ့  juice တွေက အအီပြေစေတာမို့  တွဲသောက်တတ်ကြတယ် ။ အဲဒီတော့ seafood တွေရယ် ၊ ဗီတာမင်စီလွန်ကဲတဲ့ အအေးတွေရယ် တွဲ မိ သွား ခဲ့ရင်တော့ အာဆင်းနစ် အဆိပ်သင့် တတ်ကြတယ်တဲ့ ။
အမေရိကန်နိုင်ငံ လ ချီကာဂို မြို့ တက္ကသိုလ် တခုမှ သုတေသနပညာရှင်များတွေ့ ရှိချက် အရ ..ပုစွန် ၊ ဂဏန်းတွေရဲ့  ပါးလွှာတဲ့  အခွံလေးတွေမှာ ပိုတက်စီယမ် အာဆင်း နစ်ဒြပ်ပေါင်းတွေ ပါရှိ သတဲ့။
As2 05 လို့  ခေါ်တဲ့ arsenic oxide ( Potassium arsenic anhydride ) ဟာ သူ့ ဟာသူ အခွံ ပါ်း လွှာလေးထဲ မှာ ရှိနေတာ လူကို ဘာမှ အဆိပ် မဖြစ်စေပါဘူး။ဒါပေမဲ့ သူက ဗီတာမင်စီဓါတ် အလွန်အကျွံနဲ့ တွေ့ ထိသွားတဲ့ အခါကျတော့ အဆိပ်အတောက် ဖြစ်စေတဲ့ (As2 O3) ခေါ် arsenic trioxide ADB arsenic anhydride , အပါအဝင် potassium toxic arsenic အဖြစ် ဓါတ်ပြောင်းလဲ သွားရတယ် တဲ့ ။
အဲဒီ အာဆင်းနစ် အဆိပ်သင့်ရင် ဘာတွေဖြစ်မလဲ ။
သူဟာ သွေးကြောအမျှင်ငယ်လေးတွေကို မလှုပ်ရှားအောင် ပျက်စီးစေတယ် ။ အသည်းရဲ့ လုပ်ငန်းတခု ဖြစ်တဲ့
သွေးခဲခြင်း လုပ်ငန်းကို ပျက်စီးစေတယ် ၊အသည်းထဲမှာ သိုလှောင်ထားတဲ့ အဆီ ဓါတ်ကိုပုတ်ပျက်စေတယ်။ ဒါကြောင့် အသည်း ၊ နှလုံး ၊ကျောက်ကပ် ၊ အစာအိမ် အူလမ်းကြောင်းမှာရှိတဲ့ အပေါ်ယံ အမှေးလွှာ တွေမှာရှိတဲ့ သွေးကြော ငယ်လေးတွေမှာ သွေးတွေ အိုင်ထွန်းစေပြီး ရှိသမျှ အပေါက် ၊ မျက်စိ ။နား ။ နှာခေါင်း ။ပါးစပ် ။ စအို စတဲ့ နေရာများမှ သွေးယိုစီး ပြီး အသက် ဆုံးရှုံးစေတတ် ခြင်း ဖြစ်ပါတယ် ။
အဲဒါကြောင့် အသက်ကို ဥာဏ်စောင့် ဆိုသလို ပုစွန် ဂဏန်းကြိုက်ကြသူများ အထူးဂရူပြုကြပါ ။ စားရင်းနဲ့ အအီပြေအောင် အအေးလေး သောက်တဲ့အခါ ဗီတာမင် စီဓါတ်တွေလွန်ကဲတဲ့ အအေးမျိုး ရှောင်ကြ ရှားကြ ပါ ရန် တင်ပြလိုက်ရပါတယ် ။
မှတ်ချက် ။arsenic trioxide (As2O3) ဟာ အဆိပ်လို့ဆိုပေမဲ့ ဆေးပညာ အရ သူဟာ အသုံးဝင်တဲ့နေရာတွေ ရှီနေပါသေးတယ် ။ တန်ရင်ဆေး လွန်ရင်ဘေး ဆိုသလို တတ်ကျွမ်းတဲ့ ပညာရှင် တွေ က သူ့ ကို ကင်ဆာရောဂါ ကုသရာမှာ အသုံးပြု ကြပါတယ် ။
သွေးကင်ဆာ ရောဂါ တချို့  lymphoma and myeloma ။ Acute Promyelotic Leukemia(APL) စတဲ့ရောဂါတွေကို ကုသလို့ ရပါတယ် ။
ကုသရေး အကြောင်းတွေ စိတ်ဝင်စားလို့ ဖတ်ချင်ရင်တော့ ဒီနေရာလေးမှာ ဆက်လက် လေ့လာနိုင်ပါတယ် ။
ဗဟုသုတ ရစေရန် ရည်ရွယ်ပါတယ် ။ အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ ။
ဟို အပေါ်က သတင်းလေးကိုတော့ ဒီနေရာမှာ ဖတ်လို့ ရပါတယ် ။
ရန်ကုန်မြို့  အောက်ကြည့်မြင်တိုင်လမ်း ရပ်ကွက်တခုအတွင်း ဆိုက်ကားဂိတ်နှင့် မလှမ်းမကမ်း ကတ္တရာ မရှိသော ကတ္တရာလမ်းဘေး မြေကွက်လပ်တနေရာတွင် ရပ်ကွက်အတွင်းမှ အရွယ်စုံ အရောင်စုံ ကလေးငယ်များ ဆော့ကစားလျှက် ရှိကြသည် ။ ၄ တန်းကျောင်းသား အရွယ် မှ စ၍ ခါးထစ်ခွင်ချီ နှပ်ချီးတွဲလောင်း ကလေးငယ် ထိ အရွယ်စုံသည် ။ ပုံသဏ္ဍာန်လည်း စုံသည်ပေါ့ ။ ပိန်ပိန်ရှည်ရှည် သံချောင်း ၊ ဗိုက်ပူနံကား ချက်စူ ၊ အဖေ အမေ မြန်မာအစစ်ပေမဲ့  မီးသွေးက အဘခေါ်ရလောက်အောင် မဲတူးချိတ်နေတဲ့ နက်တူ။ ပုကွကွ ဂင်တိုတို နဲ့  ဒွေး ကို အလွန်ကြိုက်တဲ့ ခွေးညို ၊နှုတ်ခမ်းထော်ပြီး မဲ့ကာရွဲ့ ကာ မျက်စပြစ် ၍ သွက်သွက်လက်လက်နဲ့  ထက်ထက်၊သူ့ ခါးထစ်ခွင်ချီထားတာကတော့ သူ့ ထက် ၄နှစ်လောက်ငယ်တဲ့ မောင်လေး စနေ သူလေးကတော့ စကားမပြောတတ်သေး ။နောက်တယောက်က အသားဖွေးဖွေး တရုပ်မလေး ပိုးအိစံ ။ ကလေးတို့ ဘာဝ ကျောင်းပိတ်ရက်တွေ တနေကုန် နဲ့ ကျောင်းဖွင့်ရက်တွေရဲ့ ညနေပိုင်းလေးတွေ မှာ ဆော့ကြကစားကြလေ့ ရှိကြတာ နိစ္စဓူဝ ထဲက အရေးကြီးသော ကိစ္စလေးများပေါ့ ။
ဒီနေ့ တော့ စနေနေ့  ကျောင်းပိတ်ရက် မနက်ပိုင်း မှာ တော့ သူတို့ လေးတွေ ကိုယ်စီ မအားကြရှာပါ ။ လက်လုပ်လက်စား မိဘတွေ ဈေးရောင်းတာ ။ အကြော်ဆိုင် မှာ ။ လဖက်ရည်ဆိုင် မှာ ကူညီ ပေးကြရသည် ။ ကံမကောင်းတဲ့ သံချောင်းမှာ အဖေမရှိရှာတော့ ၊မုဆိုးမ အမေက အကြော်ရောင်းပြီး ရှာကျွေးကာ သူတို့  မောင်နှမ သုံးယောက်ကို ကျောင်းထားပေးရသည် ။ ဗိုက်ပူပူ ချက်စူ မှာတော့ မိဘ စုံလင်ပေမဲ့  အဖေ အရက်သမား ၊အမြဲ မူး နေတာ ။ အမေက ဈေးရောင်းပြီး ဘဝကို ကျားကန် နေရသည် ။ ဒွေးကြိုက်လို့ ခွေးလိုက်တာခံရသော ခွေးညို ..အဖေဆိုက်ကားဆရာ ၊ အမေက ဟိုးတရပ်ကွက် အလွန်က အတော်အသင့် ပြေလည်သူတွေ အိမ်မှာ အဝတ်လိုက်လျှော်ပေးရင်း တက်ညီလက်ညီ အလုပ်ကိုယ်စီပေမဲ့  တရက်တရက် အလျှင်မမှီကြရပါ။ဒီတော့ ဒွေးညို အဲ.. ခွေးညိုက အားလပ်ရက်မှာ ရက်ကွက်ထဲရှိ လဖက်ရည်ဆိုင်မှာ အကူလက်တိုလက်တောင်း အနေနဲ့ လုပ်ပေးရသည် ။ လဖက်ရည်ဆိုင်ဆိုတော့ လူစုံ ၊သတင်းစုံသည်။ ဆိုင်ထဲမှာ ထားရှိသော မဂ္ဂဇင်း ၊စာစောင်များထဲမှ ဒွေးပုံ ကိုကြည့်ပြီး ဒွေးကေ ထားချင်လို့  အမေကို ပူဆာတော့ ခဝါသည် အမေက ဆတ္တာသည် အဖြစ် ချစ်သားလေးကို လက်စွမ်း ပြ လိုက်တာမှာ ဒွေးကေ မရ ပဲ ရှေ့ တလက်မ နောက်ပြောင် ဖြစ်သွားရှာသည် ။နက်တူ ဆိုတာကလည်း ပညက်သွားရာဓါတ်သက်ပါသည်ပေါ့ ။ သူ့ အဖေက ရပ်ကွက်ထဲမှာ မီးသွေးရောင်းသည် ၊ နွေရာသီဆိုလျှင် ရေလှည်းတွန်း၍ အိမ်တွေမှာ လိုက်ပို့ ပေးသည် ။ထက်ထက်ကတော့ ချက်ကနဲ ဆို နားခွက် မီးတောက် ၊ မျက်ကနဲ ဒက်ကနဲ နဲ့  လက်ရဲ ဇက်ရဲ လည်း ရှိလှသူမို့  ယောင်္ကျား လေးများတောင်သူနဲ့  ကစားလျှင် ရှောင်လင်သိုင်း နင်းကြရသည် ။ သူ့ မောင်လေးကို ခါးထစ်ခွင်ချီထားရင်းနဲ့ တောင်မှ ကုလားမစည်း ကစားရင် ၂ကွက် ၃ကွက်လောက်က အသာလေး ခုန်ပျံကျော်လွှား နိုင်သည် ။ပိုးအိစံ ....သူကတော့ မိဘ က အနဲငယ်ချောင်လည်သည် ။ ရပ်ကွက်ထဲမှာ အပေါင်ဆိုင်ဖွင့် ငွေတိုးချေးစားတဲ့  အလုပ်နဲ့  မိဘနှစ်ပါးက ပေါက်ဖွားလာသူဆိုတော့ သူများအပေါ် နဲနဲတော့ တင်စီးချင်သည်။ဒါကြောင့် သူနဲ့ ကစားဖို့  ကျန်တဲ့ သူငယ်ချင်းလေးတွေက အင်တင်တင် ဖြစ်လေ့ရှိသည် ။ဒါပေမဲ့ သူ့ မှာ စိတ်ရင်းကောင်းလေးတော့ ရှိသည် ။ သူ့ အိမ်မှ စားစရာများကို ဖွက်ယူလာပြီး သူငယ်ချင်းများကို ကျွေးတတ်သည် ။ဒီတော့လည်း ကျန်သူများက သူတို့  အပေါ် အနိုင်ယူမှု များကို မုန့် မျက်နှာဖြင့် ခွင့်လွှတ်ထားကြသည် ။ ကလေးဆိုတော့ ရန်ဖြစ်ကြပြီးရင်လည်း တခဏပါပဲလေ ။ ဒီလို နဲ့  ဒီရပ်ကွက်လေးမှာ ညနေတိုင်း ကစား ဝိုင်းလေးနဲ့  စိုပြေနေကြတတ်သည်ပေါ့ ။အော်ဟစ်သံ ။ ငြင်ခုံသံများနှင့် တခါတရံတော့လည်း မနိုင်သူတွေရဲ့  ငိုသံ ၊များနှင့်ပေါ့ ။
ဒီစနေ ည လည်း ထုံးစံအတိုင်း ဆော့ကစားရင်း ။ ငြင်းရင်း ၊ ငိုရင်း နဲ့  ထုံးစံ အတိုင်းပဲ မီးပျက်သွားသည် ။ သူတို့  သူငယ်ချင်းတသိုက်လည်း ဟေးးကနဲ ၊ ဝေးး ကနဲ ဝိုင်းအော်ကြရင်း မှောင်မဲမဲထဲ အသင့် ဆောင်ထားကြသော တုတ်များ၊ဒါးများဆွဲ ၍ တယောက်နှင့် တယောက် ရိုက်ကြ၊ ခုတ်ကြ ပါတော့သည် ။ အိမ်မှ ရရာဆွဲခဲ့ ကြပြီး လုပ်ထားကြတဲ့  လက်နက်ပုန်းများပါ ။ သံချောင်းက အမေ့ အကြော်ဆိုင်မှ ထင်းချောင်းအတိုအစ ၃ ချောင်း ယူလာပြီး အပေါ်က အဝတ်စုတ် ပတ်ထားကာ လက်ကိုင်တုတ် အဖြစ် အသွင်ပြောင်းထားသည် ။တချောင်းက သူ ကိုင်ပြီး နောက်၂ ချောင်းက ချက်စူနဲ့  နက်တူ တို့ ကို မဟာမိတ် လက်ဆောင် ပေးထားတာ ဖြစ်သည်လေ။သူတို့  ၃ယောက်က တဖက် ။ သူတို့  ရဲ့  ဂိုဏ်းနာ မယ်ကို လှလှလေး ရွေးထားလိုက်ကြသေးသည် ။ " စွမ်းအားရှင် " တဲ့လေ ၊ သူတို့ ဟာသူတို့ ထွင်ထားကြသော စွန်းဝူခုန်း နဲ့  မျောက်မူး သိုင်းကွက် လေ့ကျင့်ရင်း မှောင်ထဲမှာ ထိုးစစ်ဆင်ဖို့  အသင့် ရှိနေပြီ ဖြစ်သည် ။
တဖက်အသင်းကိုလည်းခွေးညို နှင့် မိန်းမသား ၂ယောက် ပါလို့  အထင်သေး ၍ မရ ။ ထက်ထက်က လက်သံပြောင်ပါဘိနဲ့ ၊ တဖွဲ့ တည်းသား ခွေးညိုကတောင် အရှုံးပေးရသည် ။သူ့ ကိုယ်သူလည်း အမျိုးသမီးစွမ်းဆောင်ရှင် တဲ့  ။ပိုးအိစံကတော့ ပေသီးခေါက်တာ ကျွမ်းကျင်တော့ သူတို့  ၃ ယောက်ပေါင်းလောင်းကျော်တဲ့  ကြံ့ ဖွတ် အသင်းရဲ့  အတွင်းရေးမှူးနေရာ က တပြားမှ မလျှော့ ။ သူတို့ အဖွဲ့ ရဲ့  လက်နက်တွေကတော့ ခွေးညို အဖေ ဆိုက်ကားဆရာ ဂွေလိမ်နေတဲ့  စက်ဘီး ဂွေကို ဒိုင်းလုပ် ပြီး၊ ထက်ထက်တို့  အိမ်စည်းရိုးက ဝါးခြမ်းပြားတွေကို ဒါးသဖွယ် လုပ်ထားလိုက်ကြသေးသည် ။ ခွေးညိုက တခါတလေ ဂျက်လီ ကွန်ဖူးသိုင်းနဲ့ ခုန်ပျံကျော်လွှားနေလိုက်သေးသည် ။
ဖုန်းးးး ဒိုင်း ။ .... ဒုတ် ... .. ခွပ် ..... ဖြန်း ...... တိန် ....
ဟေ့ကောင် ... မပြေးနဲ့  ... အသေသာဆော် ကွ .... တယောက်မှ မလွတ်စေနဲ့ .... ဆွဲ သာဆွဲ .. မှတ်ပလားကွ ငါတို့ ကို အာခံချင်တဲ့ ကောင် ... ကားပေါ်ဆွဲတင်ဟေ့ ။
အား .... အင့် ...... အမလေး ..... မွေးမေလေ့ .... ဟိုကောင် ငါ့ကို တကယ်ဆော်တယ်ဟ .... ဗြဲ .... အီးဟီးဟီး...
အမှောင်ထဲမှ တိုက်ပွဲက တစ တစ ပြင်းထန်လာသည် ။အော်သံ ချသံ ဆဲဆိုသံ များ နှင့် ...အတော်လေး အရှိန်ရနေစဉ် မှာ ....
အားးး ပိုးအိစံ ဆီမှ စူးစူးဝါးဝါး အော်ငိုသံကြားတော့မှ ၂ဖက်စလုံး အရိုက် အနှက် ရပ်သွားကြတော့သည် ။ ပိုးအိစံခေါင်းမှ သွေးများ တစိမ့်စိမ့် စီးဆင်းလာလို့  လက်နဲ့  အုပ်ပြီး လဲကျသွားတာ ကို လရောင်သဲ့သဲ့  အောက်မှာ ဝိုးတဝါးမြင်လိုက်ရပြီး အားလုံး ကြောက်လန့် သွားကြပြီလေ ။ ခွေးညိုတယောက် အူယားဖါးယားနဲ့ ပြေးပြီး လမ်းထိပ် ဆိုက်ကားဂိတ်မှ သူ့ အဖေကို သွားခေါ် ။ ပိုးအိစံကို ဆိုက်ကားပေါ်တင် ပြီး နောက်တရက်ကွက်က ဆေးခန်းလေးဆီသို့  ခေါ်သွားကြတော့မှ သူတို့ ကလေးတသိုက်ရဲ့  ဆော့ပွဲ ရိုက်ပွဲလေး အဆုံးသပ်သွားရသည်ပေါ့ ။ ဒီနေ့ အဖို့  မပျော်နိုင်ကြတော့ ။ အိမ်ပြန်ရောက်လျှင် ထပ်ပြီး အဆူခံရ အရိုက်ခံကြရ ဦးမည် မဟုတ်ပါလား ။
( ဆင်းရဲသား ပစ္စည်းမဲ့  လူတန်းစား တွေ ရဲ့  ရပ်ကွက်ထဲမှ ကလေးငယ်များရဲ့  မီးမလာတဲ့ ညများ မှာ ကလေးတို့ ဘာဝ အတုမြင် အတတ်သင်ပြီး ရှာကြံကာ ဆော့ကြရတဲ့  အကြောင်းလေး ကို စိတ်ကူးနဲ့  ပုံဖေါ်ကြည့်မိထားခြင်း သာ ဖြစ်ပါသည် ။ သူများ တကာတွေလို မီးရောင်ထိန်ထိန်အောက်မှာ ကွန်ပြူတာ ၊ အင်တာနက် အပြည့် အဝ နဲ့  ဂိမ်းဆော့ ခြင်း ။ အွန်လိုင်း စာပေ ပညာရှာဖွေ ရယူခြင်း ၊ ဆက်သွယ်ခြင်း စတဲ့  အခွင့်အရေးများကို ငယ်ရွယ်စဉ် အခါမှာကတည်းက ဆုံးရှုံးနေကြရတဲ့  ရွှေပြည်ကြီးမှ များလှစွာသော ကလေးသူငယ်များ အတွက် နုနယ်လှတဲ့ အတွေးများနဲ့  ရှာဖွေ ဆည်းပူးသင့်တဲ့ ပညာအသိများ မှန်မှန်ကန်ကန် ရရှိနိုင်ကြဖို့  တာဝန်ရှိကြသော ခေါင်းဆောင်ဟုမိမိကိုယ် မိမိ ဆိုနေကြ သောသူများ မှာ တော့ ဤအရာလေးများအား မမြင် မတွေ့  မကြား မသိဖြစ်နေခြင်း ၊ မြင်တွေ့ ကြားသိပေမဲ့ လည်း ကိုယ့်တဘို့ သာကြည့်ပြီး လျစ်လျှုပြုထားခြင်းများအတွက် ရည်ညွှန်းပါသည် ။ တမင်တကာ တိုက်ဆိုင်မှုများ ရှိခဲ့ လျှင်လည်း အဟောသိကံ ကောင်းလေစွ ဟု မှတ်ယူပါသည်။ )
စွမ်းအားရှင်များ တုတ်ရိုက် လေ့ကျင့်
မျိုးကြီး
တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 19 နာရီ 36 မိနစ်
ရွှေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်တွင် ယခုတလော ညပိုင်းတွင် လျှပ်စစ်မီး အမှောင်ချကာ လမ်းများပေါ်တွင် စွမ်းအားရှင်များ တုတ်ရိုက်နည်း လေ့ကျင့် နေကြောင်း သံဃာတပါးက မိန့်ဆိုသည်။
သတင်းအပြည့်အစုံသိချင်ရင် ဒီင်္မှာ ရှိပါတယ် ။
အောင်နက် နဲ့  ဂုတ်ကျား မ တို့  ရှာဖွေ စားသောက်နေရတဲ့  ပြည်လုံးချမ်းသာ ၆ ရပ်ကွက် အမှိုက်ပုံ ကြီး က မိုးတွင်း အခါဆိုတော့ စိုတလှည့် ခြောက်တလှည့် နဲ့  .... ဪ ... ပေးထားကြတဲ့  လမ်းတွေ နာမယ် အတိုင်းသာ ပညက်သွားရာ ဓါတ်သက်ပါ ဆိုရင် ဘယ်လောက်များ ကောင်းလိုက် ပေမလည်း လို့  အောင်နက်ကြီးက မဆီ မဆိုင်တွေးနေမိသေး ။ သူတို့ လို လမ်းဘေး ခွေးဝဲစား တွေ အဖို့  တနေ့  တနေ့  အလျှင်မီအောင် ရှာစား နေကြ ရသူတွေ အဖို့  ချဲပေါက်တာတောင် ဒိုင်ပြေးတဲ့  အဖြစ်မျိုးမို့  ဖွတ်သထက် မွဲ နေရတာ ပါလား ။သူ့  မဟေသီ မယ်ဂုတ်ကျား ကတော့ လက်တွေ့  ဘဝ ဆန်ဆန် ဘဲ ခွေးဘဝ ကို ခွေးလို ရင်ဆိုင်တတ်လို့  စိတ်ကူးယဉ်သမား လင်တော်မောင် အောင်နက် ကြီး ကို တခါတခါ မှာ ဘဝင် မကျ ။
စဉ်းစားကြည့်အုံးလေ ။ခြေလေးချောင်း ခွေးချင်းတူတာတောင် ခွေးဝဲစား နဲ့  အယ်ဇေးရှင်း အမျိုးအစားချင်း မတူကြ ။ အဆင့် အတန်းချင်းက မိုးနဲ့ မြေ ။ အမှိုက်ပုံ တိုးစား ရတဲ့  အောင်နက် ကြီးတို့  မိသားစု နဲ့  ရွှေခွက်ထဲ မှာ ရယ်ဒီမိတ်အစာ နဲ့  အမဲရိုး အလျှံပယ်ဝါးလို့ ရတဲ့ အယ်ဇေးရှင်း တို့ ဘဝ ၊ နေရ ၊ စား ရတာချင်း မတူရုံတင် မကပါဘူး ။ သင်ကြား ရတဲ့  ပညာချင်းလည်း မတူကြပေဘူး ။ လူတွေလည်း လူတွေ တတ်မြောက်ရမဲ့  ပညာ အရည်အချင်း ရှိသလို ခွေးတွေမှာလည်း ရှိပေတာပေါ့ ။ လူသူခိုး တွေ ရှိသလို ခွေးသူခိုးတွေလည်း ရှိကြတယ် ။
အောင်နက်ကြီး နဲ့  ဂုတ်ကျားမ တို့ ရဲ့  ရင်နှစ်သည်းချာ ခွေးပေါက်လေး နှစ်ကောင် အချိန်တန် အရွယ်ရောက် လာတော့ ခွေးတို့ တတ်အပ်တဲ့  ပညာအမွေပေးဖို့  တိုင်ပင်ကြတယ် ။
"မိန်းမရေ ။ ငါတို့  သား နဲ့  သမီး ၂ကောင် တော့ ဒီနှစ်က စပြီး ခွေးကျောင်းတက်ရတော့မယ်ကွ ။ ဘယ်ကျောင်းမှာ အပ်ရ ကောင်းမလဲ ။ အင်း ... သူတို့ လေးတွေ ကို ပေးဖို့ ကလည်း ပညာ အမွေ ကလွဲရင် တခြား ဘာမှ ငါတို့  မှာ ရှိတာ မဟုတ်တော့ လူတလုံး သူတလုံး ဖြစ်အောင် ..အဲလေ ခွေးတလုံး မွှေးတလုံးဖြစ်အောင် ပညာကောင်းကောင်းလေး သင်ပေးလို့ ရတဲ့ ကျောင်းမှာ အပ်ချင်တယ်ကွာ ။
"အို ... ကိုအောင်နက်ရယ် .. ရှင့်မလည်း လူနေခြုံကြား စိတ်နေဘုံဖျား ..ယောင်လို့ ခွေးဝဲစား နေလမ်းကြား စိတ်ကတော့ ခန်းနား ။ ကိုယ့် အိုး နဲ့ ကိုယ့်ဆန် တန်အောင် ပဲ စဉ်းစား စမ်းပါ တော် ။"
" မင်းကလည်းကွာ ၊ လှံထမ်းလာတာ မြင်ရတယ် ၊ ကံထမ်းလာတာ မမြင်ရ ဘူးလို့  လူတွေက ဆိုကြတာ မကြားဖူးဘူး လားကွ ။ ငါ ချဲထီ ထိုးထား တယ် ။ အောင်ဘာလေ ထီလည်း အမြဲထိုး နေတာပဲ ။ ဒီတကြိမ် မလွဲဘူးကွ ။ အဲလေ ။ လွဲရင်လည်း နောက်အကြိမ်တွေ ပေါက်မှာပေါ့ဟ ။အာ ဝု ... "
" ဂိန် ... ရှင်ကတော့ ဒီလို စိတ်ကူးယဉ်နေရုံ နဲ့ ပဲ ပြီးနေတာ ၊ ရှင်ရှာလို့ ရလာသမျှ လည်း ဘောပွဲလောင်းတာ ၊ ချဲကစား တာ နဲ့  ကုန်ပါလေရော ။ ကျုပ်ပဲ ဒီမိသားစုကို ရှာကျွေးနေရတယ်မဟုတ်လား ။ သူတို့ လေးတွေကို ကျောင်းကောင်းကောင်းလေးတော့ ကျုပ်လည်းထားပေးချင်တာပေါ့တော် ။
"အေးလကွာ ။ ဟို လေ ။ ငါကြားဖူးတာက အိမ်သာဘေးရှင်းတယ် ဆိုလား ၊ အဲ့ဒီကျောင်း က အတော်လေးကောင်းတယ် တဲ့ ၊ သင်ပေးတဲ့  ခွေးဆရာတွေ ဆိုတာကလည်း နိုင်ဂံဂျား ကနေ ပင့်ဖိတ်ထားကြတာ ဆိုပဲ ကွ ။ ဖဦးထုပ် နိုင်ဂံ က တဲ့ "
" ရှင်ကတော့ ပြောရော့မယ် ..ဘယ်ကလာ အိမ်သာဘေးရှင်းတာ တုန်း ။ အင်တာနေရှင်နယ်စကူးလ်(ရန်ကုန်) ပါ တော် ။အခု ဒီမှာ ဖွင့်ထားတာ အတိုကောက် ကို အိုင်အက်စ်ဝိုင် (ISY) ဆိုလား ခေါ်ကြတာ လေ။ "
" အဟေး ။ ဟုတ်ပ ၊ အဲ့ ဒီကျောင်းပဲ ဟ ၊ငါပြောချင်တာကလည်း ။ နေပါအုံး၊ မင်းက ဘယ်လိုလုပ် သိရပြန်တာတုန်း ။ အိမ်သာနက် လဲ တက်တတ်တာ မဟုတ်ပဲ နဲ့  ။ "
"အလိုတော် ။ကျုပ်ကိုများ အထင်စမော လို့  ။ ကျုပ် အမြဲတမ်း သွားငေး နေကြ လမ်းထိပ် လဖက်ရည်ဆိုင်က လူတွေ ပြောနေကြတာပဲ ဟာ ။ ပြီးတော့ ဟို တလမ်းကျော် လူကုံတန် တွေ နေတဲ့  လမ်းက ခွေးမ လေး လူစီလမ်းသလား တို့ လည်း သူ့  ခွေးသားသမီးတွေ ကို အဲဒီကျောင်းမှာ ပဲ ထားတာ တဲ့တော့ ။ သူ့ နဲ့  ရည်ငံနေတဲ့  ရှေ့ မျက်စောင်းထိုး အိမ်က ခွေး ငပွကြီး က ဟောင်ဖွာ ဟောင်ဖွာ လုပ်နေတာ ကြားခဲ့ တာ ။"
" ဆိုပါအုံး ။ ဒီကောင်က မစားရ ဝခမန်း ဘာတွေ ကြွားနေပြန်တာလည်း ။"
" သူတို့ ကျောင်းမှာ နိုင်ဂံဂျားသား ဆရာတွေ ကို တလ ၂၀၀၀ နဲ့  ငှားပြီး ဘိုလို ပျံနေအောင် သင်ပေးတာ တဲ့တော် ။ သူ့ သားကျောင်းလခ တင် တနှစ် ကို ၂ သောင်း လောက်ကျ တာ တဲ့  ။ ခုဆို သူ့ ခွေးသားလေးက ဝုတ် ဝုတ် လို့တောင် မဟောင်တော့ဘူးတဲ့။ "
" အလိုကွာ .. ငါတို့  ခွေးမျိုးတွေက တသက်လုံး ဝုတ် ဝုတ် ဝုတ်ဟောင် နေကြ ဟာ ..သူတို့  လက်ထက်ရောက်မှ ဘယ်လိုပြောင်းဟောင်နေကြ ပြီလည်း ကွ ။ ပြီးတော့ ဒီ ငွေလေး ၂ ထောင်လောက်များ ငါလည်း တတ်နိုင်ပါတယ်ကွာ ၊ ငါ့ ကလေးတွေ အတွက် ဒီလောက်တော့ ငါရှာနိုင်ပါသေးတယ် ဟ ။"
"ရှင်ကလည်း တယ်ခက်ပါလား ... ခု ခေတ်မှီတဲ့ အိမ်သာ နေရှင်နယ် စကူးထွက် ခွေး တွေက ဝုတ်ဝုတ် မဟောင်တော့ ဘူး တော့် ။။ ဝုဖ် ဝုဖ် .. wolf wolf လို့  သူတို့ ချင်းချင်း တွေ့ ရင် နှုတ်ဆက်ကြတာ ။။ပြီးတော့ ၂၀၀၀ ဆိုတာ ကလည်း ခြင်္သေ့  ၂ကောင် ဟုတ်ဖူးတော်ရေ ... ဆင်ဖြူလောက်လည်း စကားထဲ ထဲ့ မပြောဖူး ။အခု ဆရာ ငှားကြ တာ က တလကို အစိမ်း ၂၀၀၀ တော့ ... အစိမ်း ၂၀၀၀ ။ သိရဲ့ လား ...
"ဂိန် .. ဂစ် ..ဂစ် ..ဂစ် ..။"
"အမလေး ကိုအောင်နက် .. ကိုအောင်နက် .. ဘယ်လိုဖြစ်သွားတာတုံး .. ပါးစပ်မှာလည်း အမြှုပ်တစီစီ နဲ့  ။ သတိထား မှပေါ့ ရှင် ။"
( အောင်နက် တကောင် လန့် ဖြန့် ပြီး မျက်ဖြူ ဆိုက် ကာ တက်သွားလေသည် ။ ဒီတော့ မဟေသီ ဂုတ်ကျား မ ခမြာ မျက်လုံးပြူး မျက်ဆန်ပြာ ပြီး လင်တော်မောင်အား နှာနှပ်ပေးလိုက်ရလေသည် ။ အတန်ကြာ မှာ အောင်နက် သတိပြန်ရလာ ၏ ။ ပြီးတော့ မှ ... )
" ငါကတော့ မင်းပြောသမျှ ကြားတာ နဲ့ တင် .. မဝုတ် နိုင်တော့ ပါဘုးကွာ ...."
ဪ ...အောင်နက်တို့ လို ခွေး ဝဲစားတွေ မှာတော့ ဝုတ်တောင် မဝုတ်နိုင်ကြတော့ပါလား ။ဒါပေမဲ့  အဆင့်မြင့် ခွေးတွေက ဘိုလို တော်ကီ ပွားကြတော့မှာတဲ့ လေ ။ဒီအကြောင်း လေးနဲ့  ပတ်သက်ပြီး ဒီနေရာလေးမှာ သတင်းအပြည့် အစုံရှိပါတယ် ။အမြည်းလေးက ဒီလိုပါ ။
နအဖကိုယ်တိုင် မယုံကြည်တဲ့ နအဖရဲ့ပညာရေးစနစ်အကြောင်း။
ပြည်တွင်းမှာတော့ အဆင့်မမှီတဲ့ ပညာရေးစနစ်ကို သင်ကြားနေရတဲ့ တပ်တွင်းက ဆင်းရဲတွင်းကျနေကြတဲ့ သာမန် စစ်သားမိသားစုတွေရဲ့ ခလေးများဘဝဟာလည်း သာမန်ပြည်သူပြည်သား မိသားစုတွေရဲ့ ခလေးများ ဘဝလိုဘဲ ဘာမှ မတတ်တဲ့ မြန်မာ့ပညာရေးဘဝထဲ တဝဲလည်လည် ဖြစ်နေပါကြောင်း ရေးသားတင်ပြ လိုက်ပါတယ်။ကဲ ..... မယုံမရှိကြနဲ့ နော် ... ဒီအမြည်းလေးကတော့ ဘိုလို တော်ကီပွားတဲ့  တကဲ့  ခွေး လေး ပါ ...ကြည့် ချင် သပ ဆိုရင်တော့ နှိပ်သာ နှိပ်ပေရော့  ဗျိုးးးး၊
ပညာတွေ ကိုယ်စီ သင်ယူကြရာမှာ တောင် မညီမျှတဲ့  အခွင့် အရေး အကျိုးပေးမှုတွေကြောင့် သူတို့  ခေတ်သို့ ရောက်ရတော့မည်မှာ မလွဲပါ ။