သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

ကြောက်ဖို့ မလိုတော့တဲ့ သည်းခြေကျောက်

25 comments:

မိုးစက်ပွင့် said... | Wednesday, September 08, 2010 5:09:00 PM

ကျေးဇူးပဲ ...ကိကိရေ။ တို့ ယောင်းမကတော့ မနှစ်က ခွဲလိုက်တာ အထဲမှာ ကျောက်သေးသေးလေးတွေ ၄၂ လုံးတောင် ရသတဲ့။ မခွဲရသေးသူများအတွက် ဆက်ဖြန့်လိုက်ဦးမယ်..

An Asian Tour Operator said... | Wednesday, September 08, 2010 5:42:00 PM

ကျောက် က ကြောက်စရာ ကြီးပါ့လား။

TYZ said... | Wednesday, September 08, 2010 6:20:00 PM

မမကိရေ ဒါလေးကူးပြီး အီးမေးလ်ကနေ ဖြန့်လိုက်တော့မယ်နော်။ မျှဝေးပေးတဲ့အတွက် ကျေးဇူးပါ။

ရွှေရတုမှတ်တမ်း said... | Wednesday, September 08, 2010 6:47:00 PM

မယ်ကိရေ..လူတိုင်းသိသင့်တယ်...forward mail တော့လျောက်ပို့မှ

rose of sharon said... | Thursday, September 09, 2010 11:26:00 AM

အဲဒီတစ်ယောက်က "ငယ်" မှဟုတ်ရဲ့လား ? သတိရနေတယ်ကိရေ

ချော(အစိမ်းရောင်လွင်ပြင်) said... | Thursday, September 09, 2010 12:28:00 PM

ပန်းသီးရမယ် ပန်းသီး
အဲလေ .. အရေးထဲ ကြော်ငြာက ၀င်နေပြန်ပြီ
ကျေးဇူးမကီရယ် ဒီပိုစ့်လေးက အတော်ကို အသုံးတည့်မှာ
ညီမတို့ အမျိုးတွေထဲမှာလည်း ကျောက်တည်တဲ့သူများတယ်

အမေနဲ့ ညီမလေးတောင် တစ်လခြားစီလောက် ခွဲစိတ်ပြီး ထုတ်လိုက်ရတယ်
ဒီနည်းသာ စောစာက သိရင်ပိုက်ဆံ များကြီး မကုန်တော့ဘူးနော်.. သူတို့ကို ပန်းသီးတွေချည်း ၀ယ်ကျွေးလိုက်ရင် ပြီးပြီ
မှတ်ထားရမယ်...

Anonymous said... | Thursday, September 09, 2010 1:01:00 PM

လူလည်းမနာကျင် ပိုက်ပိုက်လည်း မကုန်တဲ့နည်း
ရွှေပြည်ကလူတွေအတွက် အရမ်းအဖိုးထိုက်တန်ပါ့ဗျာ
တိုင်းရင်းဆေးနည်းတွေကလည်း အရမ်းအစွမ်းထက်ပါတယ်
မသိသူကျော်သွား သိသူဖော်စားတဲ့
အများသိအောင် လုပ်ဆောင်ရမယ် မကိလည်း ကျန်းမာချမ်းသာပါစေ
ခင်မင်စွာဖြင့်
seesein

ဆောင်း said... | Thursday, September 09, 2010 1:31:00 PM

သည်းခြေထုတ်လိုက်ရရင် ခုခံနိုင် စွမ်းအားကျတယ် မဟုတ်လား။ အသည်းရောဂါလည်း ဖြစ်ဖို့ လွယ်တယ်ဆို။ အစာလည်း မကြေလွယ်ဘဲ မစားချင် မသောက်ချင် ဖြစ်တယ်ဆို။ သည်းခြေအိတ်ထုတ်ထားပြီးလည်း ဒီလို အောင့်ရင် ဘယ်လို လုပ်ရမလဲဟင်

kiki said... | Thursday, September 09, 2010 4:06:00 PM

ဆောင်း<----သည်းခြေရည်က အစာခြေ၊အဆီဓါတ်တွေ ခြေဖျက်ပေးတာပါ ။ အဲ့ဒီသည်းခြေရည်ကို အသည်းက ထုတ်လုပ်ပြီး သည်းခြေအိတ်ထဲ မှာ သိုလှောင်ထားတာပါ ။ဂိုဒေါင်သဘော ပါပဲ ။ အဆီတွေ ပါတဲ့ အစာ စားရင် သူ့ ကို ခြေဖျက်ဖို့သည်းခြေဓါတ် ကို ပို လိုအပ်ပါတယ် ။သည်းခြေအိတ် ဖြတ်ထုတ်ပြီးပေမဲ့ အသည်းကနေ သည်းခြေရည် ဆက်ထွက် နေလို့ရပါတယ် ။ ဒါပေမဲ့ အဆီဓါတ်များများပါတဲ့ အစာ တွေ စား နေရင် အသည်းက လုံလောက်တဲ့ သည်းခြေရည် ပမာဏကို တချိန်ထဲ မထုတ်ပေးနိုင်တဲ့ အတွက် အစာ မကြေ ဖြစ်တတ်ပါတယ် ။ သည်းခြေထုတ်ထားပြီး အောင့် တယ် ဆိုတာ ဘေးပါတ်ဝန်းကျင်မှာ ကျန်ရှိနေတဲ့ အင်္ဂါ အစိတ်အပိုင်းတွေကြောင့် ( ဥပမာ. အစာအိမ် ၊အသည်း ။ သည်းခြေပြွန် ၊ မုန့်ချို အိတ် ) လည်း ဖြစ်နိုင်ပါတယ် ။ အသည်း ထဲက ပြွန်ငယ်လေးတွေ မှာ လဲ ကျောက်တုံး သေးသေးအမှုန်လေး. တွေ ရှိ နေနိုင်ပါတယ် ။ဒီတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေ နဲ့ ဆက်လက် ပြသပြီး ရောဂါရှာဖွေ ကုသ သင့်ပါတယ် ။

kiki said... | Thursday, September 09, 2010 4:16:00 PM

ဆောင်း.. <--- မေးထားတဲ့ ၊ ကျန်နေတဲ့ အချက်တွေ ပြောဖို့ မေ့သွားပါတယ် ။။ သည်းခြေ နဲ့ ကိုယ်ခန္ဒာ ခုခံစွမ်းအား က မသက်ဆိုင်ပါဘူး ။ ဒါကြောင့်သည်းခြေအိတ် ဖြတ်ထုတ်ပြီးရင် ခုခံအားကျတယ်ဆိုတာမဟုတ်ပါဘုး ။ အသည်းရောဂါ ဖြစ်ဖို့  လွယ်တယ် ဆိုတာ လည်း မဟုတ်ပါဘူး ။ နဂိုတည်းက အသည်းမကောင်းသူများ အနေနဲ့ နဂို အခံကြောင့်ပဲ အသည်း ရောဂါဆက်ဖြစ်တာပါ ။ အစားအသောက် ..ဥပမာ .အဆီဓါတ်များ နဲ့တော့ ဆက်စပ်နိုင်ပါတယ် ။ ကင်ဆာ ရောဂါသည်များမှာ လည်း သည်းခြေကျောက်တည်တာတွေ တွေ့ ရပါတယ် ။ ဒါပေမဲ့ သည်းခြေကျောက်ကနေ ကင်ဆာ ဖြစ်သွားတာ တော့ မဟုတ်ပါဘူး ။

အဖြူရောင်နတ်သမီး said... | Thursday, September 09, 2010 8:38:00 PM

မှတ်သားသွားပါတယ်...
ကူးယူခွင့်ပြုပါ...မကိရေ
သူငယ်ချင်းတွေကို ပို့ပေးချင်လို့..

မြစ်ကျိုးအင်း said... | Thursday, September 09, 2010 11:29:00 PM

ကျွန်တော်လဲ မှတ်ထားတယ် ကြုံတဲ့အခါကျောက်တည်တဲ့ သူတွေကို ပြန်မျှဝေလို့ရတာပေါ့။ အကျိုးများစေတဲ့ ဒီပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်ဗျာ

ခြင် said... | Friday, September 10, 2010 3:08:00 AM

ကိရေ ဖောဝက်လိုက်ပြီ သူငယ်ချင်း... အရမ်း ကျေးဇူးကြီးမားတဲ့ပို့လေးပါပဲ....

အိ့ဗြိ့ said... | Friday, September 10, 2010 3:42:00 AM

အစ်မပို့စ်မှပဲ ပန်းသီးအရွယ်အစားကိုသေချာတွေ့ရတော့တယ် အနမ်းတို့ပိုစ့်များ ပန်းသီးဆိုတော့ အမျိုးမျိုးရှိတာပဲ အသေးလား အကြီးလား အလတ်လား စဉ်းစားလိုက်ရတာ ဟူး ခုမှပဲ ရှင်းတော့တယ် ...ကျန်သူတွေကိုမျှဝေလိုက်ဦးမယ်နော်
အိ့

thawzin said... | Friday, September 10, 2010 4:31:00 PM

အရမ်းတန်ဖိုးရှိပါတယ်။ အဲလိုရောဂါဖြစ်သူတွေအတွက်တော့ တကယ်ကို တန်ဖိုးကြီးပါတယ်။ မှတ်သားထားပါ့မယ်။ မိမိပတ်ဝန်းကျင်မှာ ဖြစ်လာခဲ့ရင်လဲ လမ်းညွှန်နိုင်တာပေါ့။

Anonymous said... | Monday, September 20, 2010 2:52:00 AM

မကိကိရေ...မဖြစ်သေးတဲ့သူတွေရောကာကွယ်တဲ့အနေနဲ့ ဒီနည်းကိုသုံးလို့ ရလားအမ။ပြီးတော့ဆေးခါးဆိုတာကြီးကအလွယ်တကူဝယ်လို့ ရလားအမ Epsom salt ဆိုပြီးဆေးခန်းတွေမှာရောင်းလားအမ...ပြီးတော့နံလား..ခါးလား...ညီမကဆေးကြောက်လို့ ကြိုမေးတာနော်...စိတ်မဆိုးနဲ့ နော်

ချစ်ကြည်အေး said... | Wednesday, September 22, 2010 10:05:00 AM

အမက အသက် ၂၅ထဲက သည်းခြေကျောက် တည်တာ ကိရဲ့၊ သိမှ မသိပဲနော်၊ ပြီးခဲ့တဲ့ ၂နှစ်ကပဲ သည်းခြေထုတ်လိုက်ရပါရောလား၊ ကီးဟိုးလ်ဆာဂျရီ ဆိုလား ဒေါင့်ဖြတ် အပေါက်သေးသေး ၃ပေါက်ရယ်၊ ချက်မှာ တပေါက်ရယ် ဖောက်ပြီးထုတ်တာ။ ဆေးပညာတိုးတက်မှုကတော့ အံ့မခန်းပါပဲ ကိရယ်...

Anonymous said... | Tuesday, October 05, 2010 3:23:00 AM

မကိကိရေ..epsom salt ကိုရှာလိုလွယ်မယ်ထင်ပြီ ပန်းသီတွေစွတ်စားတာ..၅ရက်မြောက်နေ့ မှာသွားရှာတာမရဘူးဗျာ...ဆေးဆိုင်၅ဆိုင်တောင်ရှာလိုက်တာ..လက်လျော့လိုက်ပြီ...ပြည်တော်ပြန်မှပဲရှာပြီးကစ်တော့မယ်

kiki said... | Tuesday, October 05, 2010 7:29:00 PM

ဂျူလိုင်ဖြူ .... Epson salt ဆိုတာ ဆားခါး ပါ ပဲ လေ.. ဒီ မှာ တော့ ၀ယ်ရ လွယ်တယ်. ဈေး လဲ ပေါပါတယ် .. အထုတ်ကြီး တထုတ် မှ ၈၀၀ ကျပ် ပဲ ပေးရ တယ်.. ကယ်ဒီ ဂလူးကို့ စ် လို အထုတ် မျိုးလေ ..စက္ကူ ထုတ် ပဲ .. ဘီပီအိုင် ( ခုတော့ ဘာနာ မယ် လဲ မသိ) က ထုတ်တာလေ..

Anonymous said... | Thursday, October 28, 2010 10:25:00 AM

Hey, I can't view your site properly within Opera, I actually hope you look into fixing this.

Unknown said... | Tuesday, March 22, 2011 2:52:00 PM

သောက်မယ့် လူနာက အစာအိမ် ယောင် ယောင်နေတတ်ပါတယ်...အဲ့ဒါဆိုရင်ရော သောက်လို့ရပါသလား...
ကျေးဇူးပြုပီး ဖြေကြားပေးပါရှင်....

kiki said... | Wednesday, March 30, 2011 1:03:00 PM

wattkalay-- သို့( ခုမှ တွေ့ မိလို့  စာပြန်တာ နောက်ကျသွားတာ စိတ်မရှိပါနဲ့နော် ၊ )
သည်းခြေကျောက်ကြောင့် ဗိုက်အောင့် တာလား၊ အစာအိမ်ကြောင့်ဗိုက်အောင့်တာ လား ဆိုတာ အရင်ဆုံး ခွဲခြား သိဖို့  လိုပါ တယ်။
အစာအိမ်ယောင်တယ်၊ ဗိုက်အောင့်တာ အစာအိမ်ကြောင့်သေချာတယ်ဆိုရင်တော့ လောလောဆယ်မှာ ဒီနည်းနဲ့ကျောက်ချဖို့  မကြိုးစားပါနဲ့အုံး၊ ဘာလို့ လည်း ဆိုတော့ ပန်းသီးချည်းအစားများရင် အစာမကြေ ဖြစ်တတ်ပြီး နောက်ရက်တွေမှာ လည်း ဝမ်း နှုတ် ရ အုံးမယ် ဆိုတော့ ပိုဆိုးမှာ စိုးလို့ပါ ။

Anonymous said... | Monday, August 08, 2011 7:56:00 AM

ကျေးဇူးပါ။ ဆရာဝန်ကတော့ ultrasound screening လုပ်ခိုင်းထားတယ်။gallstones သေချာရင်တော့ ဒီနည်းပဲသုံးပါမယ်။

Anonymous said... | Monday, July 14, 2014 2:27:00 PM

အဲလို နည်းနဲ့  သည်းခြေကျောက်
ကြပြီးရင်
အပြီးပျောက်သလား
ပြန်ဖြစ်တက်ပါသလား

jittoo said... | Thursday, June 11, 2020 8:21:00 AM

မင်္ဂလာပါဆရာဝန်မကြီးရေ
ဒါဆို
ခွဲရမှာလား
မခွဲရဘူးလားပြောပြဦး