အိုး မိုင်ဂေါက် မှာ လူလည်းဂေါက်တောက်တောက်ဖြစ်သွားခဲ့တယ် ။ စကားလုံးဆင်းရဲတဲ့ ဖွားကိ တယောက် မြန်မာဖြစ်ပြီး မြန်မာလို မခေါ်တတ်တဲ့ ရောဂါ အများ အပြား ရှိနေသေးတာကို သိလိုက်မိလို့  ၊ ကိုယ့်လိုပဲ မသိသူများကို ရုပ်တည်ကြီး နဲ့  ရွှီးရင်ကောင်းမလား လို့  စဉ်းစား နေမိသေးတယ် ။ သေချာတာ ကတော့ ဂေါက် နဲ့ လေးဘက်နာ မတူဘူး ဆိုတာပါပဲ ။ ခြေလက် လေးချောင်းသာ ရှိတဲ့ လူတွေမို့  လေးဘက်နာ လို့ ခေါ်ကြတဲ့ rheumatic fever ကို
ခြေထောက် အများကြီးရှိတဲ့ ကင်းခြေများမှာ သာဆိုရင် ဘယ်နှစ်ဘက်နာ လို့ များ ခေါ်ကြအုံးမယ် မသိပါဘူး ။ ထားပါတော့ လူတွေမှာ ဖြစ်တဲ့ လေးဘက်နာ အကြောင်းပဲ ပြောကြရအောင် ။
လေးဘက်နာ ၊ဘာလည်း။ ဘာကြောင့်ဖြစ် ။
ဆေးစကားအရ Rheumatic Fever လို့ ခေါ်တဲ့ လေးဘက်နာ ဟာ Group A Beta Hemolytic Streptococci (GABHS) လို့ ခေါ်တဲ့ ဘက်တီးရီးယား ပိုးတမျိုးကြောင့် ဖြစ် တာပါ ။ { ဂေါက် ကတော့ ယူရစ်အက်ဆစ် တက်လို့  ဖြစ်တာပါ } ။
ဘယ်သူတွေမှာဖြစ် ။
အသက်အရွယ် အလိုက်ပြောရရင် များသော အားဖြင့် အသက် ၄ နှစ်မှ ၁၈ နှစ်အတွင်း အဖြစ်များပါတယ် ။ ကျားမ မရွေး ဖြစ်နိုင်ပါတယ် ။ ( ဒီလိုဆိုတော့ ၄ နှစ်အောက် နဲ့ ၁၈ နှစ်အထက် မှာ မဖြစ်ဖူး လို့  မဆိုလိုပါ) ။
ဖွံ့ ဖြိုး ဆဲ နိုင်ငံ တွေမှာ အဖြစ်များတယ် ။ အဟာရချို့ တဲ့သူများ မှာ အဖြစ်များတယ် ။
ပုံ အရ မြန်မာ နဲ့ အိန္ဒိယ တို့ မှာ လေးဘက်နာနှလုံးရောဂါ ( Rheumatic heart disease ) ဖြစ်နှုန်း ဟာ လူ တစ်သိန်း မှာ ၂၀၀ မှ ၃၃၀ ထိရှိတဲ့ အတွက် ဒုတိယ အဖြစ်အများဆုံး ပါပဲ ။
ဘယ်လိုဖြစ် ။ ဘယ်လိုနာ ။
ဒီ Group A Beta Hemolytic Streptococci (GABHS) လို့ ခေါ်တဲ့ ဘက်တီးရီးယား ပိုးတမျိုးကြောင့် ဖြစ် တဲ့ ရောဂါတွေထဲမှာ
-အရိုးဆစ်များ ယောင်ယမ်းကိုက်ခဲခြင်း ( Polyarthritis ) - ၉၂ % ခန့် ရှိ
- နှလုံးအတွင်းအမြှေးယောင်ရမ်းခြင်း ( Bacterial endocarditis )- ၃၃ % ခန့်  ရှိ
- ကျောက်ကပ်ယောင်ရမ်းခြင်း (Glomerulonephritis)
- လေးဘက်နာ အဖျားရှိခြင်း ( Rheumatic fever )
- စကားလက် အဖျား ( Scarlet fever )
- လည်ချောင်းနာခြင်း၊အာသီးယောင်ခြင်း ( Sore throat /Strep throat ) စ သဖြင့် ရှိကြပါတယ် ။
နာတဲ့  အဆစ်တွေ ကတော့ ..ဒူး ။ ခြေကျင်းဝတ် ။ တံတောင်ဆစ် ၊ လက်ကောက်ဝတ်၊ စတဲ့  အဆစ်ကြီးတွေ မှာ များသော အားဖြင့် ယောင်ရမ်း နာကျင်စေတတ်တယ် ။ ပုခုံး ၊တင်ပဆုံ ၊ ကျောရိုးဆစ် ၊ လက်ချောင်းအဆစ်ငယ် တွေမှာလည်း တခါတရံ နာကျင်တတ်တယ် ။ အဆစ်ယောင်တဲ့ ထုံးစံအတိုင်း နာ ၊ နီကျင် ၊ယောင်ရမ်း ၊ အပူချိန်မြင့် တဲ့ လက္ခဏာ တွေ တွေ့ ရမှာ ဖြစ်တယ် ။
တချို့ မှာ ဒီဘက်တီးရီးယားပိုးဝင်လာပြီး ဘာလက္ခဏာမှ မပြပဲ လေးဘက်နာ ဖြစ်သွားတတ်တာမျိုးလည်း ရှိပါတယ်။
ဘယ်လိုရှာ ။
လေးဘက်နာ လို့  သတ်မှတ်နိုင်ဖို့  အောက်ပါ အချက်များ လိုပါတယ် ။ ဂျုံးစ်ရဲ့  မှတ်ကျောက်တင် သတ်မှတ်ချက် (Jones criteria ) ထဲမှ သတ်မှတ်ချက် အကြီး ၂ ချက် ( သို့ မဟုတ် ) သတ်မှတ်ချက် အကြီး ၁ ချက် နဲ့  အငယ် ၂ချက် ပြည့်စုံမှ လေးဘက်နာ လို့  ခေါ်နိုင်ပါတယ် ။ 2 major criteria (or ) 1 major + 2 minor criteria
Major criteria ( ၅ ချက် ထဲမှ ၂ ချက် ရှိရင် လေးဘက်နာ လို့ သတ်မှတ်နိုင်ပါတယ် )
(1) Migratory polyarthritis: ( ဒူး ။ ခြေကျင်းဝတ် ။ တံတောင်ဆစ် ၊ လက်ကောက်ဝတ်၊ စတဲ့  အဆစ်ကြီးတွေ လှည့်ပတ်ပြီး ယောင်ရမ်း နာကျင်တတ် ခြင်း)
(2) Carditis: ( နှလုံး ကြွက်သား နဲ့ အမြှေးပါးများ ယောင်ရမ်း ခြင်း)
(3) Subcutaneous nodules ( အရေပြားအောက်မှာ နာကျင်မှု မရှိသော အဖုများ ထွက်လာခြင်း ။ များသောအားဖြင့် လက်ကောက်ဝတ် တံတောင်ဆစ် ၊ ဒူးဆစ် အပြင်ဘက် အရေပြားပေါ်တွင် ထွက်လာတတ်သည်)
(4) Erythema marginatum: ( ခန္ဓာ ကိုယ် နှင့် ခြေလက် အတွင်းသား အရေပြားပေါ်တွင် ပန်းနုရောင် အကွက်များ ရှိခြင်း)
(5) Sydenham's chorea ( မျက်နှာနှင့်ခြေလက်ရှိကြွက်သားများ အထိန်းအချုပ်မဲ့ တွန့် လိမ် လှုပ်ရှားခြင်း)
Minor criteria ( ဒီ အောက်က အချက် ၂ ချက် နဲ့ အထက် က ၁ ချက် ရှိရင်လည်း လေးဘက်နာ လို့ ဆိုနိုင်ပါတယ် )
(1) - Fever (ကိုယ်ပူချိန်တက်ခြင်း ၊အဖျားရှိခြင်း)
(2)- Arthralgia: Joint pain without swelling ( ကြီးမားမှု မရှိပဲ အဆစ် နာခြင်း )
(3)- Raised Erythrocyte sedimentation rate or C reactive protein ( ESR သို့ မဟုတ် CRP တက်နေခြင်း)
(4)- Leukocytosis ( သွေးဖြူဥ အရေအတွက် များနေခြင်း)
(5)- ECG showing features of heart block, such as a prolonged PR interval. ( အီးစီဂျီ ပုံ မမှန်ခြင်း ..အသေးစိတ် မဖေါ်ပြတော့ပါ )
(6)- Supporting evidence of Streptococcal infection: elevated or rising Antistreptolysin O titre ( ASO တက်နေခြင်း )
(7) -Previous episode of rheumatic fever or inactive heart disease ( ယခင်က လေးဘက်နာဖြစ်ဖူးခြင်း /နှလုံးရောဂါ မထင်မရှား ရှိခြင်း )
တချို့ မှာ ရင်ဘတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း ။နှလုံးခုန်မြန်ခြင်း၊အသက်ရှု ခက်ခြင်း၊ မောပန်းခြင်း၊ နှာခေါင်းသွေးယိုခြင်း စသဖြင့်လည်း ခံစားရတတ်ပါတယ် ။
အများကြားဘူး နေကြ (ASO) ဆိုတာကို စစ်ကြည့်ရင် လေးဘက်နာ ရှိ ၊မရှိ သိနိုင်ပါတယ် ။ ASO ဆိုတာ ကိုယ်ခံဓါတ် (Antibody) တမျိုးပါပဲ ။ ဒီလေးဘက်နာ ကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုး Group A Beta Hemolytic Streptococci ဟာ လူ့  ခန္ဓာကိုယ်ထဲ ဝင်လာပြီး streptolysin ဆိုတဲ့ အင်ဇိုင်းဓါတ်အဆိပ် ကို ထုတ်ပါတယ်။ အဲ့ဒီ အဆိပ်ဓါတ်ကို ခန္ဓာကိုယ်မှ ကိုယ်ခံဓါတ် antistreptolysin O (ASO) နဲ့ ပြန် တိုက်ခိုက် ထုတ်ပါတယ် ။ဒါကြောင့် တိုက်ခိုက်တဲ့ နေရာတွေ ဖြစ်တဲ့ လည်ချောင်း အာသီး ယောင်တတ်တယ် ။ အဆစ်တွေ ယောင်တတ်တယ် ။ ASO မြင့် နေတတ်တယ် ။ ဒီပိုးကြောင့် ASO တက်တာ ၇၅ မှ ၈၀ % မျှ ရှိပါတယ်။
ပုံမှန်ဆိုရင် ASO - ၁၆၀ ယူနစ်/မီလီ လီတာ ( 160 Todd units per milliliter ) အောက်မှာပဲ ရှိရတယ် ။ဒါကလည်း ဓါတ်ခွဲခန်းအလိုက် သတ်မှတ်ထားတဲ့ ကိန်းဂဏန်းဖြစ်ပြီး အနည်းငယ် ကွဲပြားမှု ရှိတတ်ပါတယ် ။ တချို့ ကလည်း ပုံမှန်ကို လူကြီးအတွက် ၂၀၀ အောက် ၊ ကလေး အတွက် ၃၀၀ အောက် ဆိုပြီး သတ်မှတ်ထားကြပါတယ် ။
ပိုးဝင်ပြီး ၁ ပါတ်မှ ၃ ပါတ် အတွင်း (ASO) စ တက် တတ်ပြီး ၃ပါတ်မှ ၅ ပါတ် အတွင်း အမြင့်ဆုံး ရှိနေတတ်တယ် ။ နောက် ၆လ အတွင်း မှာ ပုံမှန် နီးပါး ပြန်ကျ သွားလေ့ရှိပါတယ် ။
ဘယ်လိုကု ။ ဘယ်လောက်ကြာအောင်ကု ။
-အဆစ်တွေ ယောင်ယမ်းကိုက်ခဲတဲ့အတွက် high doses aspirin( 100 mg/kg/day ) နဲ့ corticosteroids အစရှိတဲ့ အကိုက်အခဲ ပျောက်ဆေး ၊ အယောင်ကျဆေး တွေ ပေးရပါတယ် ။
steroids ဆေးတွေကတော့ နှလုံးကြွက်သား အဆို့ ရှင်တွေမှာ ဒါဏ်ရာဖြစ်စေမှု နည်းပါးစေတယ် လို့  ယူဆထားကြပါတယ် ။
-လည်ချောင်းနာ တဲ့ အခါ ပိုမွေးကြည့်ပြီး ပဋိဇီဝ ပိုးသတ်ဆေး ( antibiotics ) များပေးရပါတယ် ။
ASO တက်နေသူတွေ အတွက် အများအားဖြင့် မြန်မာပြည်မှာ ပင်နီစလင်( benzyl penicillin ) ဆေးကို ပေးလေ့ရှိကြတယ် ။ တလတကြိမ် အသားဆေး ထိုးရပါတယ် ။ ရောဂါ ပြန် ဖြစ် နေတဲ့ အခြေအနေအလိုက် ၅ နှစ်ခန့် ထိုးရပြီး နှလုံး ကြွက်သားယောင် ခဲ့သူများ အတွက်ဆို နှစ် ၄၀ ထိအောင် ထိုးကြရပါတယ် ။ ထိုးဆေး ဆိုတော့ အသားနာ တာ ပိုမယ် ။ ဆေး မတည့် တာ ဖြစ်ရင်လည်း ရှော့ ရတတ်တဲ့ အထိ အန္တရာယ် များနိုင်ပါတယ်။
ဒါမှ မဟုတ် သောက်ဆေး အနေနဲ့ Pen-V ၂၅၀ မီလီဂရမ် ကို တနေ့  ၂ ကြိမ် နှုန်း နဲ့  နှစ်ရှည်လများ သောက်ဖို့ လိုအပ်ပါတယ် ။ တချို့ မှာ မကြာခဏ ဖျားပြီး၊ လည်ချောင်းနာ ။အဆစ်ယောင်၊ အကွက်ထွက် နေမယ်ဆိုရင် နှစ်ပေါင်းများစွာ ထိ ဆက်သောက်ဖို့ လိုအပ်တာမျိုးလည်း ဖြစ်တတ်ပါတယ် ။ တချို့နိုင်ငံတွေမှာတော့ sulfadiazine, or erythromycin စတဲ့ဆေးတွေ နဲ့ ရောဂါ ပြန်မဖြစ်အောင် ထိန်းထားကြပါတယ် ။
ဒီပုံကတော့ လေးဘက်နာကြောင့် နှလုံးထိခိုက်တာကိုပြတဲ့ ပုံပါ ။ နှလုံး ဘယ်ဘက်ခြမ်း သွေးပြန်ခန်းနဲ့ သွေးလွှတ်ခန်း ကြားရှိ အခင်၂ခုပါအဆို့ ရှင် ( Mitral Valve) ထူပြီး အပေါက်ဖွင့်ပိတ် မလုံခြင်း ( Mitral Regurgitation ) နဲ့ ၊ ဘယ်ဘက်ခြမ်းသွေးလွှတ်ခန်းရဲ့ ကြွက်သားတွေ ထူလာပါတယ် ။ တချို့ မှာတော့ ထို အဆို့ရှင် ကျဉ်းခြင်း (Mitral Stenosis ) ဖြစ်တတ်ပါတယ်။
နောက်တချက်ကတော့ ကလေးတွေမှာ နောက်ဆက်တွဲ ဖြစ်လာတတ်တဲ့ ပင်ဒါ ပါ ။ ပင်ဒါ ၊ အကောင်လေးတွေ ချစ်စရာကောင်းပေမဲ့ ဒီ - Pediatric Autoimmune Neuropsychiatric Disorder Associated with Streptococcal infections (PANDAS)- ပင်ဒါ ကတော့ ဖြစ်လာရင် မကောင်းပါဘူး။ ဒါက ဒီပိုးဝင်ဖူးတဲ့ ကလေးတွေမှာ အလိုအလျောက် ကိုယ်ခံစွမ်းအား အာရုံကြော၊ စိတ် ၊ နဲ့ပတ်သက်တဲ့ ရောဂါမျိုး မဖြစ်လာရအောင် ပင်နီစလင်ဆေးဖြင့် ကာကွယ်ပေးရပါတယ် ။
Pen-V က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တည်းက ပေါ်ပေါက်ခဲ့တဲ့ ဆေးဖြစ်ပေမဲ့ စရိတ်သက်သာ တဲ့ အတွက် မြန်မာနိုင်ငံမှာ ခုချိန်တိုင် အသုံးများနေဆဲပါပဲ ။ နိုင်ငံကြီးတွေ မှာတော့ ပင်နီဆလင် မျိုးကွဲ မျိုးဆက်သစ်များစွာ ထုတ်လုပ်သုံးစွဲနေကြပါပြီင်္။
ဘာတွေရှောင် ။ ဘာတွေဆောင် ။
ဒီဘက်တီးရီးယားပိုးဟာ လူခန္ဓာကိုယ်ထဲ ကို အသက်ရှူ လမ်းကြောင်း၊ အရေပြား၊ အစာလမ်းကြောင်း စသဖြင့် မှ ဝင်ရောက်တတ် တဲ့ အတွက် တကိုယ်ရည် သန့် ရှင်းရေး ဟာ အရေးကြီးပါတယ် ။ အစာ မစားမီ လက်ကို စင်ကြယ်အောင်ဆေးဖို့ ၊ လူအများထူထပ်ရာ ၊ လေကောင်းလေသန့်  နည်းပါးရာ အရပ်ဒေသတွေကို ရှောင်ကြဖို့ ၊ မသွားမဖြစ် သွားရရင်လည်း နှာခေါင်းစည်း တပ်ကြဖို့  ။ အဲ့တာ လေးတွေကတော့ ဘယ်ကူးစက်ရောဂါကို မဆို ကာကွယ်ဖို့  အခြေခံ ကျပါတယ် ။
လေးဘက်နာ ၊ ရောဂါ များမှ လည်း ကင်းဝေးနိုင်ကြပါစေ ။
ကိုးကားစာရင်း ။ ။ဒီနေရာများမှ ရယူ ဖေါ်ပြပါတယ် ။ (၁) (၂) (၃)
24 comments:
ဟွင့် သွပ်ပြားပြောသားပဲ ဂေါက်နဲ့ လေးဘက်နာတူပါဘူးလို့ အဟီးးးး သေချာရှင်းပြပေးတဲ့ ဖွားကိ ကျေးဇူးနော် အာဘွားးး
ဖွားကိ စာတွေ တင်ချင်တဲ့နေရာမှာ တင်မယ်နော် လင့်ခ် တော့ သေချာညွှန်းပေးမယ်သိလား
ဘိုင် တာ့တာ
အမြဲတမ်း ဝါထိန်တောက်နေတာ ဘာတွေ ပွေလီနေလဲ မှန်းးးး ဟွန်းးးး သိပ်မသင်ကာဘူး ဟင်းးး ဟင်းးး
ဟလို ကိကိ...
လေးဘက်နာအကြောင်းဖတ်သွားသည်..။
သုတတွေ ၇သွားသည်..။
ရှောင်ရန်ကို ပိုသတိရမည်ထင်သည်..။ ရောဂါအတော်များများအတွက် လိုအပ်သည့် ရှောင်ရန် အခြေခံအဆင့်ဖြစ်မည်ဟု ယူဆပါသည်..။
မဗေဒါ
ကိကိရေ...
S L E ဆိုတာရော လေးဖက်နာပဲလား ?
လေးဘက်နာဆိုတာ အဲလိုကိုး..
ဓါတ်ပုံကို ကြည့်ပြီးကြောက်သွားတယ်..။
အင်း ဆင်ခြင်မှဆင်ခြင်မှ..။ တရာကျသွားတယ်းD
ကြောက် ကြောက် ဘွားကိ ရေ
လေးဘက်နာ လည်းရှိဘူး ဂေါက်လည်း ဂေါက်ဘူးနော်
သူများ အားလုံးကောင်းတယ်
ကျေးဇူးပါ
ခင်တဲ့
ရွှေစင်
မမရေးးးးးးးး
လေးဘက်နာကြောင်းလေး လာဖတ်သွားပါတယ်။
မိုးကတော့ လက်ချောင်းလေးတွေကိုက်တတ်တယ်လေ။
ဖြစ်မဖြစ်တော့ မသိတာထက် မသိချင်ဖူးဒါကြောင့် မစစ်ချင်ဖူး ဆေးထိုးဆေးသောက်ကြောက်တတ်သူပေါ့ ။
လေ့လာမှတ်သားသွားပါတယ်မရေးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး
လေးဘက်နာရောဂါသည် စစ်စစ်ပါရှင်။ နှလုံးနဲ့ ပတ်သက်တဲ့လေးဘက်နာပါ။ မျိုးရိုးလိုက်တဲ့ ရောဂါပါရှင်။ ဘိုးဘွားအမွေမို့ တန်ဖိုးထားပါတယ်။ အဟိ၊ စာတွေ အတွက်ကျေးဇူးနော်။
crystal (ဘဝရဲ့စာမျက်နှာများ)
အစ်မကိရေ...ထိုးဆေးကို တစ်နှစ်တိတိ ထိုးခဲ့တုန်းက အရမ်းကို နာကျင်ပြီး ကျောင်းတောင် မတက်နိုင်ခဲ့ပါဘူး...ဆေးထိုးတဲ့နေရာမှာ အသီးကြီးထ ၊ ပေါင်တန်းပြီး အိပ်ယာထဲကို တစ်ပတ်လောက် လဲခဲ့ရလို့ တစ်နှစ်နဲ့ ရပ်လိုက်ပါတယ်...သောက်ဆေး ပြောင်းတော့ Pen-Vကို ငါးနှစ် သောက်ခိုင်းပါတယ်..အရမ်းနံလို့ နှစ်နှစ်နဲ့ ရပ်ပစ်ပြီး အခုတော့ သွေးလဲ မစစ်တော့ပါဘူး...လက်ရှိ ခံစားရတာကတော့ အာသီး ခဏခဏ ယောင်ပြီး ဖျားတယ်..ကိုယ်လက်တွေ တစ်ခါခါ အရမ်းကို ကိုက်တယ်...(ငယ်ငယ်က ကိုက်လွန်းလို့ ခြေထောက်တွေကို သနပ်ခါးတုံးနဲ့ တောင် ထုပစ်တဲ့ထိပါပဲ)...ခုတော့ အာသီးယောင်လို့ ဖျားရင် ဆေးခန်းသွားလိုက်တာပါပဲ...ရေခဲကို လုံးဝ စားလို့ မရတော့ပါဘူး..
တော်သေးတယ် ကင်းခြေမြားလို ခြေလက်မများလို့း))))
ညီမရဲ့အလုပ်ထဲက သူငယ်ချင်းတယောက်မှာ နှလုံးရောဂါရှိတယ်...
ညနေအလုပ်ဆင်းတဲ့အချိန်ဆိုရင် ကိုယ်ပူပူနေတတ်တယ်...။
လက်ချောင်းလေးတွေတင် နာတာမဟုတ်ပဲ လက်အရိုးတလျှောက်နဲ့လက်ကောက်ဝတ်တွေပါ နာတာတဲ့။
တခါတလေ နှာခေါင်းသွေးလည်းယိုတတ်တယ်၊ လွန်ခဲ့တဲ့ တပတ်လောက်က အသက်ရှုလို့မရတော့လောက်အောင် ရင်ထဲက လှပ်လှပ်-လှပ်လှပ်ဖြစ်လာလို့ သွေးသွားချိန်တာ သွေးတိုးနေတယ်တဲ့.။
မကိရေးထားတာတွေနဲ့တိုက်ဆိုင်နေတယ်...သူ့ကိုပြောရြအုံးမယ်...
မျှဝေပေးတာ ကျေးဇူးပါ မကိရေ...
ကိကိ ဂေါက်တာက ဘာကြောင့်လဲ။
ယ္ခု အချိန်ထိ မဖြစ်သေး တာ ကံကောင်း နေ သလိုပဲ။
ဒါပေမဲ့  တစ်ခုခု ဖြစ်လာ တော့ မဲ့  အချိန် နီး လာ
နေသလို ပါပဲ လေ ။
ကြောက်စရာကြီးနော် မမကိကိ...အင်း... အခု အချိန် အထိတော့ ဘာမှ မဖြစ်သေးဘူး
တကူးတကလာရောက်အဋ္ဌေကာင်းးပေးတာကျေးဇူးအထူး
တင်နေမိပါတယ်ခင်ဗျာ-ဒီအတိုင်းသာဆိုကျနော်ညီမလေး
မှာဖြစ်နေတဲ့ရောဂါကလေးဘက်နာသေခြာသွားပြီဗျ-
အခုတလောမောလာတာပိုစိတ်တယ်ပြောတယ်-
အင်းသေသေခြာခြာတော့မမြင်ရဘူးလေ-
ဖုန်းဆက်ပြောသလောက်ဘဲသိရတာပါ။
ကျေးဇူးပါခင်ဗျာ-အခုချက်ခြင်းဖုန်းဆက်လိုက်ပါအုံးမယ်-
လေးဘက်နာအကြောင်း အခုမှပဲ ပြည့်ပြည့်စုံစုံ သိရတော့တယ်။ ကျေးဇူးပဲ ကိကိရေ။
အော်..ရူပေန ရုပ်သည် ရောဂံ ရောဂါမည်လေ၏ လို့ ဘုရားဟောလာစာရှိ ကြားသိရသည့် သကာလ (အဟမ်း.ခပ်တည်တည်ပြောတာဗျာ.မှားကုန်ပြီလားဘာလားမသိ) ကြားဖူးနားဝနနဲ့ပေါ့ သိတော့လဲရှောင်ကြဉ်ရတာပေါ့ဒေါ်ကိရယ် သိပ်သိတော့လဲ ကြောက်ရတာပ..မသိတော့လဲ အင်း..ခက်ပါ့.
ညီမလေးတစ်ယောက်က လေးဘက်နာ ဖြစ်ချင်နေတာ
ဒါကြောင့် လက္ခဏာလေးတွေ ဆောင်ရန်ရှောင်ရန်တွေ
သိရအောင် သေချာဖတ်သွားတယ် အစ်မရေ..
ကိုယ်တွေမှာ မဖြစ်တာ ကျေးဇူးတင်ရပါတယ်..
ဒါပေမဲ့ ဘယ်ချိန်ဖြစ်မလဲတော့ ဘယ်ပြောနိုင်မလဲနော်..
ရောဂါ မဖြစ်ခင်ကတော့ အမှုမဲ့ နေလိုက်ကြတာ ပါပဲ။ ဖြစ်လည်းဖြစ်ရော နှစ်ရှည်လများ ဆေးထိုး ဆေးသောက်ရမှာဆိုတော့ ကြိုတင် ရှောင်ဖို့ သတိပေးပို့စ်လေး ရေးတဲ့ မကီကိုတော့ ကျေးဇူးတင်ရမှာ အမှန်ပဲ။
တစ်ကိုယ်ရေ သန့်ရှင်းမှုကို ပိုပြီး ဂရုစိုက် ပါ့မယ်
သို့ 
လွန်ခဲ့တဲ့ ၈လက ASO စစ်တာ ၄၀၀ ကျော်ရှိပါတယ်။ECG ရိုက်တော့ ပုံမှန်လို့ ပြောပါတယ်။ ငယ်ငယ်ကတော့ အာသီးရောင်တယ် ။ရင်ဘတ် တစ်ခါတစ်လေအောင့်တယ်။ (အရမ်းပန်ပမ်းတဲ့  အခါမျိုးပါ။ )
စစ်ပြီးတော့ PV ကို ၂ လသောက်ပြီး စင်ကာပူထွက်လာတော့ မသောက်ဖြစ်တော့ဘူး။
ခုတော့ ဘာဝေဒနာမှ မခံစားရပါဘူး။ ဒါပေမဲ့ လေးဖက်နာ ရောဂါရှိလား မရှိလားလဲ မသိလို့  ဘယ်လို လုပ်ရမလဲ မသိပါဘူး။နှလုံးဖြစ်မှာစိုးပြီး နာတာရှည်ရောဂါဖြစ်မှာ စိုးလို့ ပါ။ လေ့ကျင့်ခန်းလုပ်ရင် ပျောက်တတ်ပါလား။ ကျွှန်မက လေ့ကျင့်ခန်း လဲလုပ်ပါတယ်။
လေးဘက်နာ ရောဂါကို ဘယ်လိုနည်းနဲ့ ပျောက်အောင်ကုရမလဲ ဆိုတာ ပြောပြပါဦး....
I am doing research for my university thesis, thanks for your useful points, now I am acting on a sudden impulse.
- Kris
I had been arguing with my close friend on this issue for quite a while, base on your ideas prove that I am right, let me show him your webpage then I am sure it must make him buy me a drink, lol, thanks.
- Kris
ကျေးဇူးပါ
သမီးရဲ့aso result က400ဖြစ်နေတယ် သမီးအခုထိဆရာဝန်လဲမပြရသေးဘူးသမီးကအဆစ်တွေနာတယ်လကုန်ခါနီးဆိုအမြဲတမ်းလိုလိုလကုန်ခါနီးဆိုအဆစ်တွေကိုက်လာပြီသမီးကဒီလိုပဲဖြစ်နေကြဆိုတော့သတိမထားဘဲဒီအတိုင်းနေနေတာဟိုနေ့ကအာသီးနာလို့သွားပြတော့aso စစ်လိုက်မိတာ။သမီးအခုဆေးလဲမထိုးဘူးဆေးလဲမသောက် ရသေးဘူးသမီးဘာကိုစပြီးလု
ပ်သင့်လဲပြောပြပေးပါ
Post a Comment