မြန်မာ ရာဇဝင်မှာ မရှိဘူးခဲ့တဲ့  သွေးစွန်းခဲ့ရတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲ ၊
ပျော်တဲ့သူတွေ ပျော်နိုင်ကြသူတွေ လည်း ဒုနဲ့ဒေး ။ ပျော်ခဲ့ ကြတယ် ။နေ့ဘို့ ညစာ စားစရာ မရှိသူတွေ ၊မပျော်နိုင်သူတွေ လည်း ဒုနဲ့ဒေး၊ သင်္ကြန်ဆိုတာ သူတို့ နဲ့ လားလားမျှ မဆိုင်သလို ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေကြခဲ့ရတယ် ၊ရုန်းကန် နေကြဆဲပဲ ။ ကံမကောင်း တဲ့သူတချို့ လည်း နာခဲ့ကြ သေခဲ့ကြတယ် ။
ဖြစ်ခဲ့ကြတဲ့ အဖြစ် နဲ့ အပျက်တွေ ထဲ သူ့ ကြောင့် ကိုယ့်ကြောင့် ဆိုပြီး တရားခံရှာကြ စွပ်စွဲနေကြတာတွေဟာလည်း နိယာမ တရား တခုလို ဖြစ်နေကြတာ မို့  အထွေအထူးမပြောလိုတော့ပါ ။ မိမိဘာသာ မိမိဥာဏ် နဲ့ စဉ်းစား တွေးခေါ်ဆုံးဖြတ် နိုင်ကြပါတယ် ။
၊
ဘယ်လိုပဲ ပြောပြော ဖြစ်ဖြစ်ပါ ။ မိမိကိုယ်သာ ကိုးကွယ်ရာ မို့  ၊ ကိုယ့်အားကိုယ်ကိုး ပြီး ကိုယ့်ရဲ့  လက်ရှိဘဝ နဲ့ နောင်ဘဝ တွေ အတွက် အားထုတ်ကြိုးပမ်းကြဖို့  အရေးကြီးပါတယ်။
ကောင်းမှု ကုသိုလ်များ ပြုလုပ် အားထုတ်နိုင်ကြပါစေလို့  မြန်မာ နှစ်ဆန်းတစ်ရက် နေ့  မှာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ။
ဤ မေတ္တာသုတ် အသံဖိုင်အား ဤနေရာမှ ရယူပြီး ကူးယူ မျှဝေပါတယ်
20 comments:
အတူတူ ဆုတောင်းပေးသွားပါတယ် ကိကိရေ။ နှစ်သစ်မှာ ကျန်းမာရွှင်လန်း ချမ်မြေ့ပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝပါစေ။
ဘာကြောင့်၊ ဘယ်လိုဆိုတာ သေချာတိကျ မသိကြရပေမဲ့ ဘ၀တပါး ကို ကူေးပြာင်းသွားကြသူတွေ ကောင်းရာသုကတိ ရောက်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေမိပါတယ် ကိရေ
ကိကိ အတွက် အေးချမ်းတဲ့ ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ
မကိနဲ့အတူ ဆုတောင်းပေးသွားပါတယ်..။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေရှင်....
နှစ်သစ်ကူးတဲ့ မြန်မာ့ရိုးရာသင်္ကြန်မှာ သွေးစွန်းသွားတာ တော့ မကောင်းဘူး။
နှစ်သစ်မှာတော့ လူသားအချင်းချင်း သတ္တ၀ါအချင်းချင်း သနားညှာတာကာ မေတ္တာထားနိုင်ကြပါစေလို့ တောင်းဆု ပြုပါတယ်။
မယ်ကိ့လိုပဲဆုတောင်းပေးလိုက်ပါတယ်။
နှစ်သစ်မင်ဂလာပါဗျာ မြန်မာတပြည်လုံးက ပြည်သူပြည်သားအပေါင်းနဲ့  ပြည်ပနိုင်ငံ အသီးသီးရောက်နေကြတဲ့  မြန်မာပြည်ဖွားအားလုံး ကိုယ်ရောစိတ်ပါ ကျမ္မာချမ်းသာ၍ ဘေးဘယာ ဝေးကွာလို့  လိုအင်ဆန္ဒအလုံးစုံပြည့် စုံကြပါစေ ယခုဘလော့ ပိုင်ရှင် မကိလဲ လိုအင်ဆန္ဒတွေပြည့် ဝ ပါဆေလို့ ဆုတောင်းပေးပါတယ် ဘော်ဘော် သုဒြေ္န
အင်း လူအခြင်းခြင်း နှိုတ်စက်ခြင်းကြောင့် ဘဝတွေ ဆုံးရှုံးသွားခဲ့ကြတယ်
ရက်စက်ပါပေတယ်
ရွှေစင်
သေချာနားထောင်သွားပါတယ်..ကိကိရေ..
း((
မြတ်နိုး
ဖွားကိ နှစ်သစ်မှာ ပေါ်ပါစေ။ အဲလေ ပျော်ပါစေ။
ကျွန်တော် တောင်းချင် တဲ့ ဆု ကတော့ 
ကျွန်တော် တို့  ပြည်သား အားလုံး “ တည်ကြက် ”
ဖြစ် နေ ရတဲ့  ဘဝ က အမြန်ဆုံး လွတ်ကင်း ပါစေ
တော့ ရယ်.... လို့  ။
ကိလေးရေ... နှစ်သစ်မှာ အမုန်းတရားကင်းမဲ့စွာပျော်ရွှင်နိုင်ပါစေ
ပျော်ရွှင်ကြပါစေ...
တရား အသံဖိုင်လေးအတွက် ကျေးဇူးပါ..
မမကိကိရေ....
မမကိကိနဲ့ ထပ်တူထပ်မျှ ဆုတောင်းပေးသွားပါတယ်...
ဂျင်ဂျင်း
အဲဒီသတင်းကြားရတာ့ တကယ်ပဲ ရှော့ခ်ဖြစ်သွားတယ်.. စိတ်မကောင်းလည်း အရမ်းပဲ ဖြစ်ရတယ်..။
ဒါမျိုးတွေ ထပ်မဖြစ်ပါစေနဲ့တော့လို့ အခါခါ ဆုတောင်းဖြစ်တယ်။
အခု မကိနဲ့အတူ ထပ်ပြီး ဆုတောင်းသွားတယ်..
သာ.....ဓု၊.သာ...........ဓု၊သာဓုပါခင်ဗျာ
ပျော်စရာ အတိနဲ့ ငြိမ်းအေးပါစေ...ကိကိရေ..
မမကိရေ...
မေတ္တာသုတ်ကို နာယူ နားထောင်သွားပါတယ်ရှင်...
မျှဝေပေးတာ ကျေးဇူးပါရှင်...
မကိရေ နှစ်သစ်မှာပျော်ရွှင်အေးချမ်းပါစေရှင်။
ဖွားကိ နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်
ဆုတောင်းနောက်ကျတာ ခွင့်လွှတ်ပါ
ဘိုင် တာ့တာ
ဒေါ်ကိရေ နှစ်သစ်မှာ မင်္ဂလာအဖြာဖြာနဲ့ပြည့်စုံပါစေဗျာ
နှစ်သစ်ဆုတောင်းကို ခုမှပဲလာတောင်းရတော့တယ်ဗျာ..
ခွေးသာလွှတ်လိုက်ပါတော့..
Post a Comment