ဘာလိုလို နဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ် တနှစ်ပြောင်းပြန်အုံးတော့မယ် ။ နှစ်တွေ ဘယ်လိုပြောင်းပြောင်း ခေတ်တွေ ဘယ်လိုပြောင်းပြောင်း လတန်ခူး မှာ ကြည်နူးရကြောင်း ကတော့ မြန်မာတို့ ရဲ့  နှစ်ကူး သင်္ကြန် ပွဲတော်ကြောင့် ဆိုရင် ပိုတယ် မထင်ကြစေလို ။ အညစ်အကြေးတွေ ဘယ်လိုပေပေ ၊ အတာရေ နဲ့ ဆေးပါ့မယ် ဆိုပြီးတော့ သင်္ကြန်ရေတွေ ပက်ကြလေသတဲ့ ။ရိုးရာ မပျက် ကောင်းမှု ကုသိုလ်တွေ ပြုကြလေသတဲ့ ။
သင်္ကြန်ကျရခြင်း ရာဇဝင်ကို မခင်းလိုတော့ပါ ။ ( မှတ်မှတ်မိမိ နဲ့ သိခဲ့ခြင်းတွေလည်း သိပ်မရှိတော့၍ မခင်းပြနိုင်ခြင်းပါဟု ရိုးသားချင်ယောင်ဆောင်ပြီး အမှတ်ယူလိုက်ခြင်းဖြစ်ပါသည် ) ။ မြန်မာဟာ မြန်မာ ပါပဲ ၊ မြန်မာလူမျိုးတွေ ဘယ်နေရာရောက်ရောက် တာသင်္ကြန်ပွဲကို တော့ အမှတ်ရနေကြမည်ဖြစ်ပါသည် ။ သို့ ဖြစ်၍ ဤနိင်ငံ ရောက် မြန်မာလူမျိုးများ နှင့် မြန်မာပြည်ဖွား တရုပ်နိုင်ငံသားများမှာလည်း သင်္ကြန်ပွဲကို ပြီးခဲ့သော နှစ်အနည်းငယ်အကြာမှ စတင်၍ နှစ်စဉ် အမှတ်တရ ကျင်းပကြလေသည် ။
ဤနိုင်ငံ အစိုးရမှလည်း ပင်လယ်ရပ်ခြား နိုင်ငံသားများအတွက် ပံ့ပိုးပေးသည် ။ မီးသတ် ၊ ရဲ ၊ ကျန်းမာရေးဝန်ထမ်းများ မြို့ နယ် ၊ ရပ်ကွက် မှ တာဝန်ရှိသူများ မှ အကူအညီ လည်းပေးသည် ။ဒီတော့ မြန်မာပြည်ဖွား တရုပ်အများစု နေထိုင်ရာ ထိုင်ပေ ၊ ကျုံးဟော် မြို့ မှာ ယနေ့  (၁၁ ရက် ဧပြီလ ၂၀၁၀ ) မနက်ပိုင်းမှ စပြီး ညနေ ၄ နာရီအချိန်ထိ မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို ကျင်းပကြသည်။ လူကြီး လူငယ် မရွေး ၊ ကလေး ရော ခွေးပါ ပျော်ရွှင်စွာ ရေကစားကြသည် ။ ဗုဒ္ဓဘုန်းတော်ကြီးများမှငါးပါးသီလပေး၍ ဗုဒ္ဓဘုရားဆင်းတုတော်အား ရေသပ္ပါယ်ကြပြီး၊ အဆို အက ၊ မုန့်ဈေးတန်း ၊ မဲနှိုက်ပွဲ ။စသဖြင့် ပါဝင်သော သင်္ကြန်ပွဲ အကြောင်း မှတ်တမ်းတင် ဖေါ်ပြလိုက်ပါသည် ။
ဒါကတော့ မြန်မာအက နဲ့ နွေမ ။ သီဆိုပေးသူကတော့ ခုတလော Super Idol သီချင်းဆိုပြိုင်ပွဲမှာ နာမယ်ကြီးနေတဲ့ မြန်မာပြန်လူငယ် ကျောက်ထိုက်ရှန်ပါ ။
နှစ်သစ်မှာ မြန်မာ နိုင်ငံသားအားလုံး လွတ်လပ်စွာ ချမ်းမြေ့ ပျော်ရွှင်ပြီး မြန်မာပြည်ကြီး အေးချမ်းသာယာ တိုးတက်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါသည် ။
21 comments:
မကိရေ...
စာလာဖတ်ရင်း ရေလောင်းသွားတယ်နော်...
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေရှင်...
အို အမားရယ်
သင်္ကြန်တောင်ရောက်လာပါပေါ့
ဒါနဲ့ နင် ဘယ်တော့ တိုနှံနှံလေးတွေရိုက်ပြီး တင်မှာတုန်း
စောင့်မျှော်နေတယ်ဝေးးးးးးးးးး ဟေးးးးးးးဟေးးးးးးးးး
တရုတ်ပြည်သင်္ကြန်လဲ စည်တယ်နော်။ ကျမကတော့ ဘယ်မှမသွားနိုင်လို့ သူများပျော်တာလေးတွေပဲ ထိုင်ကြည့်နေရတယ် မကိရေ။
ဒါနဲ့ သီချင်းဆိုတဲ့ ကျောက်ထိုက်ရှန်က မြန်မာပြည်ဖွား တရုတ်ကလေးလား။ သူဆိုတာ ကောင်းသားပဲနော်။
မကိရဲ့ ဆုတောင်းအတိုင်း ဖြစ်ပါစေလို့ ထပ်ဆင့် ဆုတောင်းသွားပါတယ်။
ကိကိ ရေ .. မင်္ဂလာ ရှိသော သင်္ကြန် ဖြစ်ပါစေ ...
အဆိုတော် အသံကောင်းတယ် .. ဒါပေမယ့် မျက်မှန်ကြီးနဲ့မို့ ချောမချော မသိရဘူး ... က တဲ့ သူလည်း အက ကောင်းတယ် ... ချစ်စရာ လေး နော် ...
ကိကိဘလော့ ကို စ ပြီး သိတာ မနှစ်က ဒီလိုအချိန်
သင်္ကြန်ပုံ တွေ တင် တာ လာကြည့် ပြီး မှ သိရ တာမို့
တနှစ်ရှိသွားပြီ ... နိုင်ငံတကာ က သင်္ကြန်ပုံတွေ ကြည့်ရတာ ကြိုက်တယ် ... ကျေးဇူးပါနော် ...
mie nge
ဟုတ်တယ် ၊စည်ပါတယ်နော်။
သူတို့ ဦးဆောင်ပြီးလုပ်မှ ပိုစည်လာတော့ တယ်။
ဒါပေမဲ့  ပိတောက်က မြန်မာပြည်မှာပဲ ပွင့်  နေတာ ။
ကိရေ..လာရောက်ခံစားသွားပါတယ်..
ကိုယ်ကတော့ သင်္ကြန်ဆိုရင် ရိပ်သာပဲလွမ်းတယ်.
ဒါပေမဲ့ ရိပ်သာကထွက်ရင်တော့ ကလေးတွေယိမ်းအကတို့ ဘွားဘွားတို့ကတဲ့ယိမ်းကို သိပ်လွမ်းတာ..
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေ။
ဘွားမြတ်နိုး
Thank you for sharing. Happy Myanmar New year!
သူများတွေပျော်နေတာမြင်တော့ ကိုယ်ပါ ရောပျော်လာပြီ..။ တရုတ်သင်္ကြန်ပျော်စရာကြီးနော်..
သင်္ကြန်မှာ ကိကိကိုပဲ ရေလောင်းချင်တာ..။ ရေလောင်းမယ် ရေလောင်းတယ် ပွမ်း ဗွမ်း.. :D
့ပုံတွေကြည့်ပြီး ပျော်ရွှင်ကြည်နူးရပါတယ်
ရွှင်လန်းချမ်းမြေ့ပါစေ
မကွိစ်ရေ......
သူတို့တွေမြင်ပြီး.......သီချင်းသံကြားရတာ.ကိုယ်တောင်လိုက်က ချင်လာရော........ဟိဟိ။။။။
ပျော်စရာကြီးနော်........။
ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးတယ်ဗျ......။
ရေလည်းလောင်းသွားသေးတယ်.........။ ဗွမ်းးးးးး.......... ဗွမ်းးးးးးးးးးးးးးးး.............း))
ခင်မင်တဲ့
ဏီလင်းညို
ပျော်စရာကြီးနော်... ရေကတော့ လူချင်းတွေ့မှလောင်းချင်တာ
ဗျိုးမကိမပြေးနဲ့  လိုက်လိုက် ဖမ်းထား အိုးမဲသုတ် ခွက်စောင်းခုတ် ရေဘူဖေါင်းနဲ့ ပစ် ဖလားကြီးနဲ့ လောင်း စည်ပိုင်းထဲနှစ် မီးသက်ပိုက်နဲ့ ပတ် ရေကန်ထဲတွန်းချ မုန့် လုံးရေပေါ်အတင်းခွန့်  ချုပ်ထားကွာ ဘီယာနဲ့ လောင်း မှို့ နဲ့ ပွတ် ဘာကျန်သေးလဲဟင်မကိ မောထာ မကိဆုတောင်း သလိုဆုတောင်းလိုက်ပါတယ် မြန်မာပြည်ကြီး အေးချမ်းသာယာ တိုးတက်ကောင်းမွန်ပါစေကြောင်းဆုမွန်တောင်းလိုက်ပါတယ် ဘော်ဘော် သုဒြေ္န
ကျေးဇူးပါ မကိ။ မလာနိုင်လို့ ပုံလေးတွေကြည့်ရတာနဲ့တင် ပျော်တယ်။
winnie pooh
ပုံကြည့်သွားပါတယ်...
ပျော်စရာကြီး..
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ…
သူ တစ်ယောက်ထဲ သွားကဲ နေတာကိုးးး။
ပျော်ရွှင်စရာတွေ လုပ်ထားပေမယ့် ကိုယ့်မြေ ကိုယ့်ရေ မဟုတ်လို့ ခဏ ရပ်ကြည့်ပြီး ပြန်လာခဲ့တော့တယ်။
မကီလည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေ။
အော် ဖွားကိပါသွားကဲနေတာကိုးးး
ဟိဟိ မိပြီး)))
သင်္ကြန်ရေလည်းစိုပြီးသွားပြီပေါ့ ။
တရုတ်ပြည်သင်္ကြန်က ပျော်စရာပဲ..
ကိုယ့်မြန်မာ အဆိုအကလေးကို သူများတွေ စိတ်ဝင်တစားကြည့်နေကြတာ ကြည်နူးစရာပဲ..
ကျောက်ထိုက်ရှန် သီချင်းဆိုတာတွေ ဘယ်မှာ ကြည့်လို့ ရနိုင်မလဲ..
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...
ကိုရင်နော်
မမကိကိရေ...ကြည့်ရင်းနဲ့ မြန်မာပြည်မှာ လျှောက်လည်တာတွေ သတိရသွားပီ :(((
ဂျင်ဂျင်း
ကိုရင်နော် --- ကျောက်ထိုက်ရှန်က မြန်မာပြည် မှာ လည်း သီချင်းခွေ ထုတ်ဖူးတယ် ပြောသံကြားပါတယ် ။ ခုလောလောဆယ်တော့ ဒီက Super Idol သီချင်းဆို ပြိုင်ပွဲ မှာ နာမယ်ကြီး နေတဲ့  မြန်မာပြည်ဘွား တရုပ်လူငယ်လေးပါ ။ သူ့ သီချင်းပြိုင်ပွဲ ဝင် ထားတာ တွေ ကို ဒီလင့် နဲ့ အပါအဝင် တွေမှာ ကြည့်ရှု အားပေးနိုင်ပါတယ် ။
http://www.youtube.com/watch?v=b3BIUNSMYR8&feature=related
လည်လည်လာကြသူ မောင်နှမ မိတ်ဆွေများ အားလုံး နှစ်သစ် မင်္ဂလာ ပါ ...
ပျော်စရာကြီးဗျာ..စည်လိုက်တာ၊
နောက်ပြီး သီချင်းဆိုတော့ရော က တာရော ကောင်းတယ်၊ ငယ်ငယ်ကဆို စင်ရှေ့မှာကပြီးသားဘဲ..၊
Post a Comment