ခုတလော နည်းနည်းလုပ်ပြီး များများပြောနေသူများ ကို တွေ့ နေ ၊ မြင်နေရ လို့  ကြားရတာ နားဝမှာ မသက်သာလှပါ ။
သို့ ဖြစ်ပါ၍ အောက်ပါ စာကြောင်း လေး နဲ့ ကာတွန်းလေး ကို သတိရမိသည်။
နည်းနည်းပြောပြီး များများနားထောင်ပါ ။ ။
ပညာရှိများ ဆိုထားခဲ့ကြတဲ့ စကား ။မှန်ပါသည်။ တကယ်လုပ်နေကြသူတွေ များများပြောဖို့  အချိန်မရှိကြပါ ။ မိမိလုပ်နေသော အကြောင်းအရာ ကိစ္စတခု ၊အလုပ်တခုကို စိတ်ရောကိုယ်ပါ စူးစိုက်လုပ်ဆောင်နေသူတဦး ၊အာရုံ မထွေပြားပဲ အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင်နေရပါလျှင် အခြား အသေးအဖွဲ မဆီမဆိုင် များကို တွေးတော ငေးမော တွေဝေ နေရန် အချိန်မရပါ ။ သူတပါးပြောစကားကို များများနားထောင်ဖို့ လိုသည် ဆိုပေမဲ့ မှန်၏ မမှန်၏ ၊ ယုံသင့် ၊ မယုံသင့် ကိုတော့ ကိုယ့်ဦးနှောက်ဖြင့် ချင့်ချိန်သုံးသပ်ရပေမည်။ ကိစ္စတခု အလုပ်တခုကို မပြုလုပ်မီ မှာတော့ ဤအလုပ်မှာ လုပ်သင့် မလုပ်ထိုက် ၊ မိမိအတွက်ရော အခြားသူများ အတွက်ပါ အကျိုး ရှိ မရှိ ။ အပြစ် ဖြစ်နိုင် မဖြစ်နိုင် စသည်တို့ ကိုတော့ အရင်ဦးဆုံး စဉ်းစား ရမည် ဖြစ်သည် ။ မှန်ကန်သောဦးတည်ချက်ဖြင့် ဆုံးဖြတ်ချက်တခု ချမှတ်ပြီး ဤအလုပ်ကို စ လုပ်ပြီဆိုပါက ၊ အခက်အခဲ များကို ရင်ဆိုင်ပြီး အောင်မြင်မှု ရသည်ထိ ကြိုးစားရပေတော့မည် ။
( ပုံ နဲ့ စာ များ သေချာ မမြင်ရရင် ထုံးစံအတိုင်း ကလစ်... ပေါ့ လေ .. သိပြီးသားတွေပဲ ထပ်ပြောနေတယ် .. )
များများပြောပြီး နည်းနည်း နားထောင် ...( အဆိုအမိန့် နဲ့ ဆန့်ကျင် တဲ့  မဆို မမိန့်  )
ဒါကတော့ ဘုဂလန့်  အော်ပီကျယ် ရဲ့  အယူအဆ ။ဘုဂလန့် ဆိုလို့  သူ့ အယူအဆများ မှားနေသည် လို့ တထစ်ချ ယူဆလို့ တော့မရနိုင် ။ ကိုယ့် အကြိုက် ကိုယ့် အတွေးတွေနှင့် တူညီနေတာ တိုက်ဆိုင်နေတာ တွေ အများကြီး ရှိလို့  သူ့ အတွေးတွေကို နှစ်သက် မိတယ် ။ ခုခေတ်ကြီးထဲမှာ လူတွေအများအားဖြင့် ဒီလိုဖြစ်နေကြလို့  ဒီလိုတွေးလိုက်ရတာမို့  အတွေးချင်းတူညီသူများ လက်ခံနိုင်ကြပါလိမ့်မယ် ။ သရော်စာ satire လို့  ယူဆရင်လည်း မမှားပေဘူး ပေါ့ ။
(၁)နားနှစ်ဘက်ပါရှိခြင်းသည် ဒီဘက်နားမှဝင်ပြီး ဟိုဘက်နားမှ ထွက်သွားစေနိုင်ရန်ဖြစ်သည်။
ဟုတ်ပေသားပဲ ။ သူတို့ ပြောသမျှ မိုးလုံးပြည့် မုသား အားလုံးကိုနားဝင်နေပါက ဦးနှောက်စားပြီး ပေါက်ကွဲသွားနိုင်လို့  တဘက်ကဝင်ပြီး နောက်တဘက်က ထုတ်ပစ်ခြင်းသည် သာ အကောင်းဆုံးပါ ။
(၂)သူများစကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့် ။
အကြောင်းအရာတခုကို မပြီးနိုင်အောင် လေရှည်နေသော ဆရာ့ ဆရာကြီးများနှင့်တွေ့ ပါက ဤနည်းသည် အလွန်အသုံးဝင်ပါသည် ။
(၃) အရည်မရ အဖတ်မရ စကားကို များများပြောပါ ။
“နွားကနေပြီး လျှပ်စစ်ဓါတ်ထုတ်ယူရမယ် ကွ” ဒါက ဦးနှောက် ကောင်းသူကြီး ရဲ့ အယူ အဆ ။
“ စက်မှု နိုင်ငံတော်ကြီးဖြစ်အောင် လက်မှုအလုပ်တွေ အားလုံးဖျက်ပစ်ပါ ” ဒါက သူတို့ တွေးသလို လိုက်တွေးမိတာ။
လူပေါ်လူဇော်လုပ်လိုသူများ အတွက် ... အာမွှေးကွမ်းယာ များများစားပေးပါ ။ထွေးပြီးသား ကွမ်းတံတွေး ပြန်မြိုမရနိုင်တဲ့ အကြောင်းကိုတော့ သတိပြုပါ ။ အထွေးမတော်ပါက ဒါဏ်ငွေရိုက်ခံရကိန်းရှိနိုင်သည်ကိုလည်း မမေ့ပါနှင့် ။
(၄) သူများစကားကို ဖြတ်ပြောပါ ။ လုပြောပါ ။
လူ့ ယဉ်ကျေးမှု များစွာထဲမှ သူများစကားပြောစဉ် ဖြတ်ပြောခြင်းသည် ရိုင်းသည် ဟု ယူဆ မှုများ ယနေ့  ခေတ်မှာ ပျောက်ကွယ်ကုန်ကြလေပြီ ။ မျက်မှောက်လောကကြီးမှာ အသံကျယ်ကျယ်ပြောသူ အနိုင်ရဘို့  လမ်းများပါသည် ။ထို့ အတူ သူများစကားကို လုပြော ဖြတ်ပြောခြင်းဖြင့် လူအများ၏ အာရုံစူးစိုက်မှုကို မိမိထံသို့  ဆွဲငင်ယူဆောင်နိုင်ပါသည်။
(၅) ဤနည်းများ ဖြင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းထောပနာပြုသံများသိပ်သည်းစွာ အများသူငါ အထက်တွင် အသင် ရပ်တည်နိုင်ပါလိမ့်မည် ။
(မယုံလျှင် စမ်းကြည့်ကြပါ ။ { ချွင်းချက် ။ ကိုယ်ဖြစ် ကိုယ်ခံ }။ ပြောင်းပြန်တွေ ဇောက်ထိုးတွေ များနေကြတဲ့ ဒီခေတ်ကြီး ထဲ မှာ ၊ မိုက်တယ် ဆိုတာ လွယ်ပါတယ် ။ စိတ်ပေါက်ပေါက် နဲ့  ရေးချင်ရာ ရေးလိုက်ပါတယ် ။ အရည် မရ ၊ အဖတ်မရ တွေပါပဲ ။ အမြင်မတူသူများ မမြင်ချင်ယောင် ဆောင်သွားကြပါ ။ တုံးအောက်က ဖါး .. ပြားတဲ့ ဖါးရော ဖေါင်းတဲ့ ဖါးရော .. အားလုံး တုံး အောက်မှာပဲ ရှိနေကြ ပါသေးတယ် ။ တုံးကြီးဖယ်ဖို့  ဘယ်ဖါးပြားပြားမှ မတတ်နိုင် ၊ဒါမှ မဟုတ် ဖါးဖေါင်းဖေါင်းတွေက တုံးအောက်မှာ နေရတာပဲ၊ စား ကောင်း သောက်ကောင်း နဲ့  ဇိမ်တွေ့ နေကြလို့  မဖယ်ချင်ကြတော့ တာလား ။ ကိုယ်တိုင်ကတော့ ဒီ ၂၀၁၀ မှာ “ဘူးသီး” ကို ဘယ်လိုဓါတ်ကျနေမှန်းမသိ ။ဘူးသီးကြော် ၊ ဘူးသီးပြုတ် တို့ စရာ ။ ဘူးသီးချဉ်ရေဟင်း ၊ဘူးသီး ဟင်းခါး ၊ တနေ့  တနေ့  မရိုးရလေအောင် စားနေရလေရဲ့  ၊ )
22 comments:
ပြောတဲ့စကား အလေးမထားလို့ဆိုပြီး လူကြားထဲမှာ ရိုက်ခံရအောင် လုပ်နေပြီ၊ ဘာဖြစ်ဖြစ် မကိတာဝန်နော် :P
ZaunG
ဘူးသီးကြော် ၊ ဘူးသီးပြုတ် တို့ စရာ ။ ဘူးသီးချဉ်ရေဟင်း ၊ဘူးသီး ဟင်းခါး ၊
eeeeeeee
i want to eat.
har har..ki ki..
now i planted ဘူးသီး pin.
So, u know how much I like ဘူး.
MN
နည်းနည်းပြောပြီး များများနားထောင်ပါ
အဲဒီ စကားလေးကို ကြိုက်တယ်..
အော်ပီကျယ်ရဲ့ ဟာသ လေးလည်း ကြိုက်တယ်.. :)
ဖွားကိ ....အယ်ပရယ်လ အနီးတ၀ိုက်တွက် ဘူး ထနေသည် ။ မေလတွင် ပြောင်းလဲနိုင်ဖွယ်ရှိပါသည်
သိ နေတယ်လေ
ရွဲ့  ပြော နေမှန်း၊
ရွဲ့  လွန်း အားကြီး တော့ လဲ
ရီ စရာတွေ ဖြစ်လာရပြန်တယ် လေ။
အဲ့ ဒီတော့  ...
ဖတ်ပြီး ရီ (ရယ် ) တယ်ဗျာ....။
အော်ပီကျယ်ရဲ့ အလိုအရ
များများပြောပြီး နည်းနည်းပဲနားထောင်..
တစ်ခါတစ်လေ လုံးဝနားမထောင်နဲ့...
အမြဲတမ်းလုပြော ဖြတ်ပြော ရိုက်ပီးပြောပါ...
သေချာမှတ်သွားတယ်ကိ...အဟိ
နှင်း
သူများစကားပြောနေလျှင်လုပြောပါ '0'မပြောပါနှင့်  သူများစကားပြောနေလျှင်စိတ်ဝင်စားဟန်မပြပါနှင့် သူများစကားပြောနေလျှင်အသံကျယ်ကျယ်နှင့်  ဖြတ်ပြောပါ သေချာပေါက်အရိုက်ခံရမည် များများနားထောင်၍နဲနဲပြောတာတော့ကောင်း၏လေကုန်သက်သာလို့ ပါ မကိပြောသလို စာဖတ်သူလိုက်မလုပ်ပါနှင့်  ကိုယ်ကျိုးနဲမည့် ကိန်းမြင်သည်
ဘူး တလုံးဆောင် အိုတောင်မဆင်းရဲ တဲ့။
အိမ်မှာ ဘူးပင်စိုက်မလားလို့း))))
ဖတ်ပြီး ပြုံးမိတယ်..
အားကျပြီး မနက်ဖန် ဘူးသီးကြော်စားရင်ကောင်းမလားလို့
ဘူးသီးက မရှိတော့ ခေါ်ရခါးသီးနဲ့စားရင်ကောင်းမယ်ထင်တယ်..
မလုပ်ပါနဲ့ အစ်မရယ် တော်ကြာမှ
၂၀၁၀မှာ တစ်နိုင်ငံလုံး ဘူးပင်တွေ ပြောင်းစိုက်ရမယ်ဆိုရင်
ရှိလက်စ ကြက်ဆူပင်တွေဘ၀ မတွေးဝံ့စရာ
များများဖတ်ပြီး နည်းနည်းရေးမယ် အဟတ်
နင်နဲ့ ဘုကလန့်လုပ်မယ် ဒါပဲ
စားဖားတွေလား ရိုက်စားလုပ်လိုက်ပေါ့
အဲ့စားဖားတွေ ကရိုက်မကုန်ပဲ
ခေတ်သစ် နာဇီ တွေ ဖက်ဆစ်ဂျပန် အမွေ ကောင်းကောင်း ဆက်ခံထားတာ
မယုံဘူး ဟုတ်လား အဲ့လိုလုပ်မယ်မထင်ဘူးပေါ့ ဟုတ်လား
ထောင်ထဲ ဝင်ကြည့်နေစရာကိုမလိုဘူး ယူဂျူ့ မှာ တင်ထားတာ အများကြီးပဲ ဟဟ
ငါ့တော့ နင့်လို ဘူးသီးမစားဘူး
အလိုက်သင့်လေးနဲ့  ဟုတ်ကဲ့ ဆရာ ၊ အကိုကြီးတို့ 
အဘ ဆိုတာလေး တို့ နားညားပြင်းကပ်နေတာ
ဒူးရင်းသီးပဲ စားမှာ အဟတ် နံလည်း နံတယ် မွှေးလည်း မွှေးတယ် သောက်ညှင်ကပ်တဲ့လူဆီပစ်ထုတ် ပေးလိုက် အေးရော ဟဟ
ဘာမှမသိဘူး နောက်ဆုံး ဘူးသီးကြော်ပဲ မြင်သွားတယ် စားချင်ထှာာာ ရှလွတ်
မကိရေ
၂၀၁၀ မှာ မကိ ဘူးဓါတ်စာ ကျနေတာ မပြောချင်ဘူး.. ကျနော် လည်း ထိုအတူ ဘဲ ဖြစ်နေတယ်..ဘူး..ဘူး..ဘူး
ခင်တဲ့
ရွှေစင်
ဟုတ်ပါ့ မမကိရေ ။မိုးလည်းဒီလိုပဲ ဟီးးဘူးသီးကြော် ၊ ဘူးသီးပြုတ် တို့ စရာ ။ ဘူးသီးချဉ်ရေဟင်း ၊ဘူးသီး ဟင်းခါး ၊ တနေ့  တနေ့  မရိုးရလေအောင် စားနေရလေရဲ့  မိုးကတော့ နည်းနည်းတိုးတက်တယ်ပြောရမယ် ကန်စွန်းရွက်ကြော် ကန်စွန်း၇ွက်ချဉ်ဟင်း ပါလည့်ပြောင်းစားနေပါကြောင်း
နှစ်သစ်မှာပျော်ရွှင်ပါစေနော်
မိုး
လေ့လာနာယူ မှတ်သားသွားပါဂျောင်း... :D
ကဲကဲ..
ငါ့အစ်မဆီကို ဘူးသီးတွေ လပျံ ၃စီးစာပို့ပေးလိုက်မယ်နော်... အရင်တစ်ခါလိုပဲ အသံသာ နားစွင့်နေပေရော့... :D
ဂျင်ဂျင်း
ကာတွန်းလေးကို သဘောကျတယ်... တကယ်တော့ ဒီလိုလုပ်နေတဲ့သူတွေ အပြင်မှာရှိနေလို့ ကာတွန်းဖြစ်လာတာပါ... ကိုယ်မပါအောင် သတိထားနေပါ့မယ်
မိုက်တယ်ဗျ...
ကွိကွိစ်ရေ.....
ကာတွန်းလေးရော... အရေးတွေကိုရော သဘောကျတယ်.....။
အော်ပီကျယ်လည်း...... အနော့်.ဖေးဖထိပ်ထဲက.....တစ်ယောက်ဘဲ............း))
ဘူးဒီးကျော်.... နည်းနည်းကျွေး......း((
ခင်မင်တဲ့
ဏီလင်းညို
ဘူးသီးပဲ ကောင်းတယ် ကိ
ပြောလည်း မပြောဘူး။ နားလည်း မထောင်တဲ့ ဘူးခါးသီးပါးP
ဘူးခါးသီး လသာည
(အလုပ်နည်းနည်းရှုပ်နေတာနဲ့ စာဖတ်နောက်ကျသွားတယ် အဟဲ ..ဘူးသီးပြုတ်ကျန်သေးရင် နည်းနည်းကျွေးပါးD
အဘထ နှာဘူးလေးပေးကြပါ ဖတ်ရင်းနဲ့ မူးလာလို့.... ဂေ့..
သိပ်မှန်တာပေါ့ ... ခေတ်ကြီးကိုက အဲသလိုဖြစ်နေတာ။ များများပြောနိုင်မှ များများစားရမယ်လေ။ ဟဲဟဲ
ဒေါ်ကိ ဘူးသီးလဲစား လေးသံလဲနားထောင်မယ် လစ်ရင်လစ်သလိုလဲ ကြက်ဆူပင်တွေနုတ်ပစ်မယ်.
Post a Comment