ညည ဆို မအိပ် နဲ့ ကြာရင် ဂေါက်သွားမယ် တဲ့ ..ခုခေတ်သီချင်းတွေထဲမှာ ကြားမိတော့ ၊နားမလည်ဘူး၊ ဂေါက်တယ် ဆိုတာ ဘာလည်း ပေါ့ ။ ဒါ နဲ့  သူငယ်ချင်းတယောက်ကို မေးကြည့်ရတယ် ။ ဟာ.. နင်ကလည်း တုံး လိုက်တာတဲ့ ။ဒါလေးတောင် မသိဘူးလား ။ ဂေါက်တယ် ဆိုတာ ငါတို့ ခေတ်က လျှောဘရားသား ဆိုတဲ့ သဘောပဲ တဲ့လေ ။ဪ .. ခေတ်တွေလည်း မတူကြတော့ ဘန်းစကားတွေ လည်း ဘယ်တူကြတော့ မလည်းလေ ။ အရင် က သိခဲ့သမျှ ဂေါက်ဆိုတာ ပြန်စဉ်းစား မိလိုက်တယ် ။ ဂေါက်သီး ၊ ဂေါက်ရိုက် ၊ ကားလှည့်တဲ့  ဂေါက်တံ ၊ ရေနွေးကြို တဲ့ ဂေါက်တံ ။ ဒီလောက်ပဲ သိတော့တယ်။
ကားလှည့်တဲ့  ဂေါက်တံ ဆိုတာ ဒီခေတ် ကလေးတွေ သိတော့မယ် မထင်ဘူး ။ ဂျစ်ကားတွေ မှာ ကားစက်နှိုးလို့ မရရင် ရှေ့  ဘန်ပါ အပေါက် ထဲ ကဆင့် လက်နဲ့  ဆွဲ လှည့်ပေးရတဲ့ သံချောင်း တဆစ်ချိုး ကောက်ကောက်ကြီး ။တော်ရုံအား နဲ့  လှည့်နှိုး လို့မရဘူး ။ ထားပါတော့ ဒီဂေါက်တံ က ။ခုမှ သိပ်မသုံးကြတော့တာ ။ ဒီတော့ အသုံးတည့်မဲ့ ဂေါက် အကြောင်းပဲ ပြောတော့မယ် .
ဗမာလို လည်း ဂေါက် လို့ လိုက်ပြော လူသိများ နေတဲ့ ရောဂါတခု .. မြန်မာမှု ပြုထားတဲ့  အခေါ်အဝေါ်တော့ သေချာ မသိလို့  သိသူများရှိရင် ပြောသွားပေးကြပါ ။ ဒီဂေါက်ရောဂါ က အဆစ်တွေ ယောင်ရမ်းကိုက်ခဲ တဲ့  ရောဂါ တခု ။ ဆေးစကား အရ ( Gouty Arthritis ) လို့ ခေါ်ပါတယ် ။ အလွယ်တကူကတော့ ဂေါက် ( Gout ) ပေါ့ ။
ဂေါက် ဘာလည်း ။ ဘယ်မှာလည်း ။
-ဂေါက်ဆိုတာ ရုတ်တရက် ပြင်းထန်စွာ ယောင်ရမ်းနာကျင် စေသော အဆစ်ယောင် ရောဂါ ။
- ဖြစ်လေ့ရှိတဲ့ အဆစ်များမှာတော့ - ခြေမရဲ့  အရင်း အဆစ်(1st MP joint) မှာ အများဆုံးယောင်တတ်တယ် ။ ဒါ့အပြင် ခြေကျင်းဝတ် ။ ဒူးဆစ် ။ လက်ချောင်းများ ။ လက်ကောက်ဝတ် ၊ တံတောင်ဆစ် စတဲ့  အဆစ်တွေမှာ ယောင်ရမ်းတတ်တယ်။ ဒီအဆစ်ယောင်လိုက် ၊ ဟိုအဆစ်ယောင်လိုက်နဲ့ လှည့်ပတ်ပြီး ယောင်တတ်ပါတယ် ။
ဂေါက်တာကြာရင် အဆစ်တွေမှာ ယူရိတ်ပုံဆောင်ခဲတွေစုပုံ အနည်ထိုင်ပြီး ဖုလုံးပုံသဏ္ဍန် ဖြစ်လာတတ်တယ် ။ Tophi လို့ ခေါ်တယ် ။ ဆိုးရွားတဲ့ အခြေအနေဆို ဒီဘုလုံးကပေါက်ထွက်ပြီး အနာဖြစ်တတ်တယ် ၊ဒီိအနာမှာ မြေဖြုခဲစေးပျစ်ပျစ်နဲ့ တူတဲ့ အနှစ်တွေရှိတယ် ။
ဓါတ်မှန်ရိုက်ရင် ဒီလိုပုံမျိုး ၊ အရိုးအဆစ်တွေ ပျက်စီးနေတတ်တယ်။
ဘာကြောင့်ဖြစ် ။
သွေးထဲမှ Uric Acid များဟာ ၊ အဆစ်တွေထံမှာ ယူရိတ် ပုံဆောင်ခဲ{ Monosodium Urate (MSU)Crystal } များအနေနဲ့  အနည်ထိုင် များပြားလာလို့  အဆစ်ယောင် နာကျင်တာ ကို ဖြစ်စေတယ်။ ဒီ Uric Acid ဆိုတာကတော့ စားလိုက်တဲ့ အသားဓါတ်( Meat protein ) ဝမ်းတွင်းကလီစာ . . အူ ၊အသည်း၊ နှလုံး ၊ အဆုပ်၊ ကျောက်ကပ် (Internal organ )၊ မှို၊ ကညွတ် ။ ပဲ အမျိုးမျိုး အစရှိတာတွေကို အဆင့်ဆင့် ခြေဖျက်ရင်း ဓါတ်ပြုပစ္စည်းအဖြစ် ထွက်လာတဲ့  Purine ဓါတ်တွေပါပဲ ။ဒီဓါတ်တွေကို ပုံမှန်အတိုင်းဆိုရင် သူ့ ပမာဏ ရဲ့  ၃ပုံ၂ပုံကို ကျောက်ကပ်မှ တဆင့် ဆီးထဲကနေ ပြင်ပသို့  စွန့် ထုတ်ပစ်လိုက်ပါတယ် ။ကျန်တဲ့  ၃ပုံ၁ပုံ ကိုတော့ အသည်းမှ တဆင့် ချေဖျက် စွန့်ပစ်ပါတယ် ။
ဒါကြောင့်ဒီအစားအစာ တွေအလွန်အမင်းစားသုံးသူများမှာ၊ စွန့် ပစ်တာက မနိုင်တော့တဲ့အခါ ၊ ဂေါက် တတ်ပါတယ်။ ဂေါက်ရဲ့ အကြောင်းထဲမှာ ဒီအစားအစာကြောင့် ဖြစ်တာ ၁၂ % မျှ ရှိပါတယ်
ဘယ်သူတွေမှာ ဖြစ် ။
-ယောကျာင်္း တွေ မှာ မိန်းမ တွေထက် အဖြစ်များတယ် ။မိန်းမတွေ မဖြစ်ဖူးလို့ မဆိုလိုပါ ။
-မိန်းမ တွေ ထဲ မှာ လည်း ဓမ္မတာ သွေးဆုံးပြီးသူ ( Menopause ) အရွယ်နဲ့  အထက်တွေမှာ ပိုဖြစ် တတ်တယ် ။
-အရက်သောက်သူ တွေမှာ ပိုအဖြစ်များတယ် ။ ဘီယာ လည်း အကျုံးဝင်ပါတယ်။( တချို့ သောသူတွေက ဘီယာဆိုတာ ဆီးရွှင်စေလို့  မဂေါက်နိုင်ဘူးလို့ ထင်မြင်ယူဆနေတတ်ကြတယ်။ မှားပါတယ် ။ ဂေါက်မှာ ဘီယာလည်း မသောက်ရပါဘူး )
-တခြား ရောဂါ ရှိသူများ ဥပမာ - သွေးတိုး၊ ဆီးချို ၊ သွေးအဆီဓါတ်များသူများ ။မှာ ဂေါက်ဖြစ်ဖို့  လွယ်ပါတယ် ။
-မျိုးရိုးလိုက်ပြီးတော့လည်း ဖြစ်တတ်ပါတယ် ။
-တချို့ ဆေးဝါးတွေ သောက်သုံးမှုကြောင့်လည်း ယူရစ်အက်ဆစ် ( Uric Acid level )တက်တတ်ပါတယ် ။ ဥပမာ - နှလုံးသွေးကြောပိတ်ခြင်းမှ ကာကွယ်ရန် အတွက် ဆိုပြီး Aspirin ဆေးကို အနည်းငယ်မျှ (Low Dose- 60 မှ 100 mg မျှ ) သောက်သုံးသူတွေမှာ၊ Thiazide ဆီးဆေး သောက်သုံးနေရသူတွေမှာ Uric Acid level တက်တတ်ပါတယ် ။ ဒါကြောင့် ဂေါက်ဖြစ်တတ်တယ်လို့ လည်း ယူဆပါတယ်။
ဘယ်လို စစ် ။
အဆစ်တွေ ရုတ်တရက် အပြင်းအထန် နာကျင် ယောင်ရမ်းလာပြီဆိုရင် ၊ သူ့ ရဲ့ ဖြစ်ပုံဖြစ်နည်း ၊ လောလောဆယ် အစားအသောက် ၊အရက်သောက် /မသောက် စတဲ့ ရာဇဝင်လေးတွေ မေးလိုက်ခြင်းအားဖြင့် ဂေါက်/ မဂေါက် သိသာပါတယ်။
တိကျ တဲ့ အဖြေလိုချင်ရင်တော့-
- သွေးဖေါက်စစ်လို့ရပါတယ် ။ ပုံမှန် အနေနဲ့  Uric Acid level မှာ 120 to 420 μmol/L (2 to 7.0 mg/dL) ရှိရပါတယ်။ ဒါထက်များနေရင် hyperuricemia လို့ ခေါ်ပါတယ် ။ဂေါက်သမားတွေမှာ ယူရစ်အက်ဆစ်တက်တတ်သလို တခြားအခြေအနေတွေ ( ဥပမာ - ကင်ဆာရောဂါအတွက် ဆေးသွင်းကုသမှုယူနေရသူများ ၊ ဓါတ်ကင်နေရသူများမှာ)လည်း အဆမတန် တက်နေတတ်ပါတယ် ။
ဒါ့အပြင် ဒီ ပမာဏက ဂေါက်ယောင်နေတုံးအချိန်မှာ တက်ချင်မှ တက်နေမှာပါ ။ ဘာလို့ လဲဆိုတော့ ဒီလူနာမှာ Uric Acid ချ တဲ့ ဆေးတွေ သောက်ထားမယ်ဆိုရင် ဒီသွေးကိုစစ်ကြည့်ပေမဲ့ တက်မနေတတ်ပါဘူး ။
- အဆစ် ထဲ က Synovial fluid အရည်ကို အပ်နဲ့ စုတ်ထုတ်ပြီး မိုက်ခရိုစကုပ်အောက်မှာ ယူရိတ်ပုံဆောင်ခဲတွေ ရှိ/မရှိ စစ်လို့ရပါတယ် ။ ဒါကတော့ နာနေတဲ့ အဆစ်ကို အပ်နဲ့ ထိုးရဦးမယ်ဆိုတော့ သိပ်တော့ မကောင်းလှပါဘူး။
ဘယ်လိုကု ။
(၁) နာကျင် ယောင်ရမ်းနေတဲ့ အဆစ် နေရာတဝိုက်ကို ရေခဲ အုပ်ပေးပါ ။ ခြေထောက်ပိုင်းမှာ ဖြစ်နေရင်လည်း ထိုင်နေစဉ် ၊သို့ မဟုတ် အိပ်နေစဉ်မှာ ဒီနာနေတဲ့ အဆစ်ကို မြှင့်ထားပေးပါ ၊
(၂) ဆေးသောက်ရပါမယ် ။
ဆေးတွေက အမျိုးမျိုးပေါ့ ။
- စတီးရွိုက် မပါဝင်တဲ့  အကိုက် အယောင်ပျောက်ဆေးများ ( NSAID - Volteran , Ponstan , Ibuprofen , Motrin , Indocin စသဖြင့် )
- ကိုချီဆင် - (ကိုချစ်စိန် မဟုတ်ပါ ) - Colchicine - သူကတော့ ရုတ်တရက် ဖြစ်လာတဲ့ ဂေါက် Acute Attack မှာ အသုံးများပါတယ် ။ နာကျင်တာ ဆိုးရင်တော့ ဒီဆေး နဲ့ တခြား ဆေးတမျိုးမျိုးကို တွဲသုံးကြပါတယ်။
- ယူရစ်အက်ဆစ် ထုတ်လုပ်မှုကို တားဆီးပေးတဲ့ ဆေးများ ( Allopurinol - Zyloprim, Aloprim) နဲ့ ( febuxostat - Uloric) စသည်များ
-သွေးထဲရှိ ယူရစ်အက်ဆစ် ကို စွန့်ထုတ်ပေး တဲ့ ဆေးများ ( Probenecid - Probalan)
-စတီးရွိုက်ပါတဲ့ဆေးများ ( Corticosteroid - သူ့ ကိုတော့ ပမာဏ အနည်းငယ် နဲ့ အချိန် တို တို သာ သုံးရပါတယ် )
ဘာတွေ ရှောင် ။
ဂေါက်နဲ့ မတည့်တာတွေ အတော်များပါတယ် ။ပြူရင်းဓါတ် ( Purine )များတဲ့ အစားအစာ- အဓိက ကတော့ ဝမ်းတွင်း ကလီစာ များ ဖြစ်တဲ့ အူ ၊အသည်း၊ နှလုံး ၊ အဆုပ်၊ ကျောက်ကပ် အစရှိသည်များ ၊ အသား နဲ့ ပဲ အမျိုးမျိုး ၊ မှို ၊ ကညွတ် ။ မျှစ် ။ အသားပြုတ်ရည် ။ chicken broth အစရှိတာတွေ ရှောင်ရပါမယ် ။ လူတယောက် အတွက် တနေ့ စာ အသားဓါတ်က ၄ မှ ၆ အောင်စ (၁၁၄ မှ ၁၇၀ ဂရမ်) လောက်ဆို လုံလောက်ပါပြီ ။
ခုခေတ်လူတွေ အင်မတန်စားလေ့ ရှိကြတဲ့ ဟော့ပေါ့ ( Hot pot ) ဆိုရင် အသားစုံ၊ ကလီစာစုံ ၊ပဲစုံ ၊ မှိုစုံ နဲ့ ဆိုတော့ ၊ စားရင်းနဲ့ အသောက်ကလေးပါ တွဲဘက်လိုက်တဲ့ အခါ ဂေါက်သမားများ နောက်တရက် ကျ အလွန်ဂေါက်မြန်ပါတယ် ။
ဘာတွေဆောင် ။
- ရေများများသောက်ရပါမယ် ။ တနေ့ ကို ၂ လီတာမှ ၄ လီတာ ထိ သောက်ဖို့  လိုအပ်ပါတယ်။
- အသီး အရွက် တွေ များများစားပေးရပါမယ် ။
- မတည့်စာတွေ ရှောင်ရပါမယ် ။ အရက် ၊ ဘီယာ အပါအဝင် မတည့်စာများ အထက်မှာ ဖေါ်ပြပြီးဖြစ်ပါတယ် ။
- တနေ့ မှာ ကော်ဖီ ၄ ခွက်မှ ၆ ခွက်လောက်သောက်ပေးရင်လည်း အမျိုးသားတွေဂေါက်တာကို အကျိုးရှိစေတယ် လို့  ယူဆချက် များလည်း ရှိနေပါတယ် ။( ကဖင်းဓါတ် အလွန်အကျွံဆိုရင်တော့ နှလုံးအတွက် မသင့်တော်တာကို သတိပြုကြစေလိုပါတယ် ၊
- အဆီနှုတ်ထားတဲ့  နို့  နဲ့  ဒိန်ချဉ် တို့ သောက်ရင်လည်း ဂေါက် နဲပါးစေတယ် လို့ ယူဆကြပါတယ် ။ဒါ့အပြင် ဗီတာမင်စီဓါတ် ပါသောဆေးများ ၊သစ်သီးများ လုံလောက်စွာ စားသုံးပေးရင် ဂေါက်ဖြစ်ဖို့ အခွင့်အရေး နဲပါတယ် ။ တနေ့မှာ ဗီတာမင်စီ 1,500 mg စားသုံးပေးသူ က ၊ တနေ့မှာ 250 mg သာ စားသုံးသူထက် ဂေါက်ဖြစ်ဖို့  ၄၅ % နည်းပါးတယ်လို့  သိရပါတယ် ။
- အချိုဓါတ် လျှော့စားပြီး ၊ သင့်တော်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ပြီး အဝမလွန်စေအောင် ထိန်းထားရပါမယ် ။
ကိုယ်အလေးချိန် ချ ရာမှာလည်း တဖြေးဖြေးချင်းသာ ချပေးရမယ် ။ အချိန်တို အတွင်း ဝိတ်လျှော့ရင် ယူရစ်အက်ဆစ်များ တက်လာတတ်လို့  ဂေါက်ပိုဖြစ်စေတတ်တယ် ။
ဆင်တူရိုးမှား ယောင်ပုံများ။
septic arthritis ၊ chondrocalcinosis ( Pseudogout )အစရှိတဲ့ အဆစ်ယောင်ရောဂါများနဲ့ ဆင်တူရိုးမှားရှိတတ်တဲ့ အတွက် ကျွမ်းကျင်သူဆရာဝန်များနဲ့  ပြသ စစ်ဆေး မှု ခံယူသင့်ပါတယ် ။
အချက်အလက်တွေကို ဒီနေရာများ ၁ ၊ ၂ မှ ရယူပါတယ်
ဆလိုက်ရှိုးပုံများ ကြည့်လိုရင် ဒီမှာ ရှိပါတယ် ။
ဂေါက်တောက်တောက် ဖြစ်ခြင်းမှ ကင်းဝေးနေနိုင်ကြပါစေ ။
29 comments:
ကျေးဇူးတင်ပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ 
နားလည်လွယ်အောင်ရေးထားပေးတာ အလွန်ကောင်းပါတယ်။
ညီမ ကိ
မြန်မာလို့တော့ လေးဘက်နာ ရောဂါ လို့ ပြောကြတယ် ထင်တာဘဲ....
မဂေါက်ချင် ပါဘူးညီမရယ်.............
ကြောက်လွန်းလို့
နဂိုကမှ တကယ် ဂေါက် ရောဂါ မရှိပေမဲ့ လူက ခပ်ဂေါက်ဂေါက် ရယ်
ခင်တဲ့
ရွှေစင်
ပုံတွေကို သေချာတောင် မကြည့်ရဲဘူး မကိရယ်
ကြည့်မိရင် စိတ်ထဲမှာ တစ်မျိုးကြီး
ဒါကြောင့် ပုံတွေကိုကျော်ပြီး စာတွေတော့ သေချာဖတ်သွားတယ်
စာဖတ်ပြီး အားတက်မိသွားတာတစ်ခုက
ကိုယ်တိုင်က ကော်ဖီ ကြိုက်တဲ့သူဆိုတော့
ဂေါက်ရောဂါနဲ့များ နည်းနည်း ဝေးနိုင်မလားလို့လေ
လိုရာဆွဲတွေးသွားတယ်.. စိတ်ချမ်းသာအောင်လို့..း)း)
ရှင်းရှင်းလင်းလင်း တင်ပြသွားတဲ့ မကီကို ကျေးဇူးတင်၏ :)
=----------------------------------------------------------=
အခုခေတ် မှာက ဂေါက်တာ ကို အမျိုးအမျိုးပြောကြတယ်၊ တစ်ချို့က မင်းဂေါက်နေပြီလားတဲ့၊ ဘာလည်းဆိုတော့ ရူးနေပြီလားလို့မေးတာတဲ့၊ ဂေါက် စကားလုံးတွေကိုပြောပါတယ်။ ;)
ZaunG
emmm မကိ ဂေါက်နဲ့ လေးဘက်နာနဲ့ တူတူပဲလား အသိလို့ မေးတွားတယ်နော် အဟဲ
သမီးက ASO များနေတာဂျ ဟီးးး တခါတလေ အရမ်းအေးရင် အဆစ်ကိုက်တယ် တခါတလေ အသားထဲက ထိုးပြီးကိုက်တာ
ဟိုက် အရက်သမားလည်းမလွတ်ပါဘူး
အမားရာ နင့်ရောဂါ အကြောင်းတစ်ခုခုဆို အ၇က်နဲ့ ကို မလွတ်ဘူး
အင်း သိတော့လည်း လျော့သောက်ရတာပေါ့ နော့် အမား ရ
ဖွားကိလုပ်လိုက်မှဖြင့် သားသားအတွက် စားစရာမကျန်တော့သလို သောက်စရာလည်းကုန်ဘီ၊ ကြည့်အုန်း- အရက် ဘီယာ သောက်ရဘူးတဲ့။ အဟီး ငိုချင်လာဘီ။ ဒါပေမဲ့ သားသားလည်း မျိုးနဲ့ရိုးနဲ့ ဂေါက်တောက်တောက်ဆိုတော့ အဲဒါတွေ လျော့ရတော့မှာပေါ့။ ဖွားကိကို အရမ်းကျေးဇူးတင်ပါတယ်။ ဂေါက်အကြောင်း သိကောင်းစရာ ဖေါ်ပြပေးလို့။ သားသားက ဆေးအကြောင်းဆို သိပ်ဝင်စားတာ။ အကြောင်းကတော့ ချစ်မမအနမ်းလို ရောဂါများတဲ့ လူမို့။ ကိကိ ကျမ်းမာပါစေ။
တော်သေးတာပေါ့ ..
ကျွန်တော် ဂေါက်က် နေတာက က အဲ့ ဒီလို
ဂေါက်နေတာ မဟုတ်လို့ ။
ဘာပဲဖြစ်ဖြစ် နောက်တစ်မျိုး ထပ် မဂေါက် အောင်တော့ 
ဂရုစိုက်ရတော့ မယ်။
အမ ကို ကျေးဇူး......
တော်သေး အိုးမိုင်ဂေါက်
မမကိကိ..
ညီမကိကိ
ဘွားကိ..
ဂေါက်အကြောင်းဖတ်မှတ်လေ့လာသွားပါတယ်။
ရောဂါတွေအားလုံးကြောက်စရာကြီးနော်..တော်ပါသေးရဲ့ ဆရာဝန်မဖြစ်တော့ အဲဒါတွေအကုန်မသိရဘူး။
ကိက သတ္တိရှိတယ်..။ ကိုယ်တော့ကြောက်တယ်။
ဘာပဲဖြစ်ဖြစ် ကိရေးထားတဲ့ ဆောင်ရန်ရှောင်၇န်များဖတ်သွားတယ်။
တခုလုပ်ပေးပါလား ကျန်းမာဖို့ စားရမဲ့အစားအစာတွေ သတ်သတ်ပို့စ်လေးနဲ့ရေးပေးရင်တော့ သိပ်ကောင်းမှာပါပဲ
မြတ်နိုး ခေါ် မိုးမင်းကြီး ခေါ် လျှပ်ပရာ
အိုး.. မိုင်ဂေါက်
အဲလို မဂေါက်ချင်ဘူး။ ပဲနဲ့ မှိုတော့ အရမ်းကြိုက်တာ.. လျှော့စားမှပါ.။ တော်သေးတယ် ကော်ဖီကို သောက်ခွင့်ပေးထားလို့..:D
ကိ.. ပိုစ်တွေကို ဖိုင်လုပ်ပြီး အပြီးသိမ်းထားချင်တာ။ စာစုဖြစ်ဖြစ်(ကိုလူထွေးလိုမျိုး) အားတဲ့အခါ လုပ်ပါဦးနော်။
ပဲမများဝံ့တော့ပါလားကွယ်...
ဗဟုသုတရတဲ့အပြင် အနေအထိုင် အစားအသောက် ဆင်ခြင်ဘို့ အသိတရားတိုးသွားတယ်... ကျေးဇူးကီကီ... လူကြည့်တော့ပြောင်စပ်စပ်နဲ့ တော်လိုက်တာ....
မမကိရဲ့ပို့စ်ကိုဖတ်ပြီး.. ဖေဖေကိုအရမ်းသတိရသွားတယ်.. ဖေဖေကဂေါက်ရောဂါကို ၁၅နှစ်လောက်ခံစားသွားခဲ့ရတာလေ.. Allopurinol alergic ဆိုတော့ ဆေးကုမရဘူးလို့ပြောရင်ရတာပေါ့.. နောက်ဆေးတစ်မျိုးရှိသေးတယ်.. Benzbromarone တဲ့.. Allopurinol လောက်တော့ အသုံးမများဘူး.. ဖေဖေဆုံးတာ.. တစ်နှစ်ခွဲရှိပြီ..
ညီမ ရွှေစင် နှင့် ဝက်ကလေး <----- လေးဘက်နာက ASO တက်တဲ့ရောဂါ ( Rheumatic Arthritis ) ဖြစ်ပါတယ် ။ beta hemolytic streptococci ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါ ။နှလုံး အဆို့ ကို ထိခိုက်တတ်ပါတယ်။
ဂေါက်က ( Gouty Arthritis ) ပါ .။ ဒါကြောင့် မတူပါဘူး ။
လေးဘက်နာ အကြောင်း အချိန်ရရင် ရေးပါမယ်။
လသာည <------“ အီး ဘုတ်” က များ မလုပ်တတ်ဖူးကွဲ့  .. ဒါကြောင့်  လူက“ ဘုတ်အီး” ဖြစ်နေပြီ ။း)) .။ ကလူထွင်းဆီ ပညာ ယူရမယ် ..
မရှလွတ်< ---- ဟမ် .. လူကြည့်တော့ ပြောင်စပ်စပ် နဲ့ ဆိုတာ ဘယ်လို သိတာဒုံန်းးးး ဒီလောက် ရုပ်တည်ကြီးနဲ့ နေတာကိုများ။ ဟင့် ။။
မျက်နှာပေါ်မှာ ကျောက်ကျောပက်ပြီး ရေညှိတက်နေတာလေးပဲ ရှိတာပါ ..
မြတ်နိုးဖြူစင် မိုးမင်းဂျီး လျှပ်ပရာ ( အောင်မြတ်လေး.. မောထှာ) ..<---- ကျန်းမာဖို့ အစားအစာ အကြောင်းတွေ ရေးဖို့ ရာ လွယ်မလိုနဲ့  ခက်လှတယ် ။။ diet & nutritious food တို့ ထဲမှာ ရှာဖတ် လိုက်နော် .. ဖတ်ရင်း ပျင်းသွားလိမ့်မယ် ..း))
မရှင်လေး ။မချော၊ ကိုဇောင်း ၊ ခီလောက် ၊ အဖြူလေး ။ သားသားမင်းထက် ၊ ကိုချစ်ဖေ --- စာလာဖတ်တာ ကျေးဇူးပါ ။ကိုယ့်အတွက် တခုခု ကျန်သွားမယ်ဆိုရင် ရေးရကြိုးနပ်ပါတယ် ။
ပေါတောတော စာတွေ အနေနဲ့ ရေးထားပေမဲ့  တခုခုတော့ ကျန်စေချင်မိပါတယ် ။
ညီမ ပွင့်မြူးဇင် - ဖေဖေအတွက် စိတ်မကောင်းဖြစ်မိပါတယ် ။ သူ့ မှာ ဂေါက်ရောဂါအပြင် တခြားဆက်နွယ်နေတဲ့ ရောဂါလည်း ရှိမယ်ထင်တယ်။ဥပမာ ကျောက်ကပ်ရောဂါ ၊ဆီးချို ၊သွေးတိုး စသဖြင့်ပေါ့ ။
Benzbromarone ကလည်း Probenecid တို့ လို uricosuric agent တမျိုးပါပဲ ။ဆီးထဲက တဆင့် ယူးရစ် အက်ဆစ်တွေကို စွန့် ထုတ်ပေးတာပါ ။ ဒီဆေးနဲ့ပတ်သက်တာတွေ အလားတူ ဆေးတွေ သိချင်ရင် အောက်ကလင့် မှာ ဖတ်ကြည့်ပါ နော် ။
http://chemicalland21.com/lifescience/phar/BENZBROMARONE.htm
မကိရေ..
ဂေါက်အကြောင်းတော်တော်လေးသိသွားပြီ။ ပုံကြည့်ပြီးတော့လည်း ကြောက်လိုက်တာ။ အဲလိုရောဂါဖြစ်နေတဲ့သူတွေကိုတွေးကြည့်ပြီးသနားလိုက်
တာ။
ခင်တဲ့
သဒ္ဓါ
အမ.. ဂေါက် က လျှောဘရားသားမဟုတ်ဖူး။ မလျှောပဲ ဘရားသားမှား))
အမလည်း ဘီယာသိပ်မသောက်နဲ့ ဂေါက်သွားမယ် ။းP
မီးမီးလည်း ဂေါက်တောက်တောက်ပဲ ။း))))
ခုလို ဆေးပညာဗဟုသုတရတဲ့ ပိုစ့်တွေများများရေးနိုင်ပါ စေလို့ ...။
အရေးထဲ မောင်မင်းထက်တို့ကတော့ သူများနာမည်ပါ ထည့်ရေးသွားသေးတယ်။ ဟင်းးးးးးးး
ကိရေ.. သူငယ်ချင်း တယောက် အူမကြီးကင်ဆာ ဖြစ်နေလို့ အဲဒီအကြောင်းလေး ရေးပေးပါဦးနော်...... သနားလို့ပါ....
မကိတော်လိုက်တာ ရေးတာတွေကတအားကောင်း စာဖတ်သူတွေအတွက်တခုခုကျန်ခဲ့ စေမဲ့  တခုခုရသွားစေမဲ့ အရေးသားမျိုးတွေပါလား ဒါနဲ့ စကားမစပ် (R o s) ကိုပြောရဦးမယ် လူကြည့် တော့ ပြောင်စပ်စပ်နဲ့ တဲ့ တော်လိုက်တာတဲ့  (R 0 S) မကိကိုမြင်ဘူးလား တော်တော်ပြောင်လို့ လား မြင်ဘူးချင်လိုက်တာ ခင်မင်မှုများစွာဖြင့် 
မမကိကိရေ...ဂေါက်ရောဂါ ခံစားနေရတဲ့ ညီမလေးရဲ့ ဦးလေးတစ်ယောက်ကို သွားသတိရတယ်...ဗဟုသုတတွေကို မျှဝေပေးလို့ ကျေးဇူးပါ မမ...
ဂျင်ဂျင်း
ကျေးဇူးကြီးမားလိုက်တာဗျာ-
သာဓု သာဓု သာဓု
ဒီလိုအကျိုးရှိတဲ့စာမျိုးတွေများများရေးနိုင်ဖို့ အတွက်
ကျန်းမာပါစေ
ချမ်းသာပါစေ ခင်ဗျာ
လေးဘက်နာအဋ္ဌေကာင်းရေးပြီလားလို့ လာခဲ့ တာပါခင်ဗျာ
ကျနော်ညီမလေးမှာလေးဘက်နာရောဂါရှိတယ်လို့ 
မြန်မာပြည်မှဆရာဝန်တွေကပြောပါတယ်-
သူအဲဒီရောဂါဖြစ်ကတည်းကကျနော်နဲ့ မတွေ့ သေးပါဘူး-
ဘယ်လိုအခြေအနေလည်းဆိုတာသိပ့်ပြီးစိတ်ဝင်စားမိပါ
ပါတယ်-ဖြစ်နိုင်ခဲ့ ရင်အမြန်ရေးပေးစေလိုပါတယ်ခင်ဗျာ-
လေးစားစွာဖြင့်-
ဂျစ်တူး(မုံရွာ)
ဂေါက် ကြောင်းရှင်းရှင်းလင်းလင်းသိသွားတာ ပေါ့ မရယ်
ကျေးဇူးအထူးပါနော် မမကိ
ဘယ်လို ဂေါက်ဂေါက် မကောင်းဖူးနော်
အသီးဖြစ်ရင်တောင် ဂေါက်သီးမဖြစ်ချင်ဖူးးp
သာယာချမ်းမြေ့ပါစနော်
မိုး
ဂေါက်တာ ကြောက်စရာပါလား...
နှင်း
ဖွားကီရေ ဂေါက်တာ မသိလိုက်ဘူးးးးးးး အဟီး
အလုပ်တွေ များနေတော့ လူလဲ ဂေါက်ချင်နေတာနဲ့း) ကျေးဇူးပါ ဗဟုနဲ့ သုတ ရတယ်း)
လေးစားလျက်
တောင်ပေါ်သား
ကွိကွိစ်ရေ......
(အနော့်ထက် များကြီးကြီးမယ်ထင်တယ်.....။ နောက်တစ်ခါဆို မကွိစ် လို့ ထှော်မယ်နော်........း))
ဒီပို့စ်လေးကိုသေချာဖတ်သွားတယ်....။
သူများတွေပြောနေတာတော့ကြားဖူးတာ ကြာလှပြီ...။ အခုမှပဲသေချာရေရာသိရတော့တယ်ဗျာ.......။
မိသားစုထဲမှာ ဒီရောဂါကို ခံစားရသူမရှိသေးပေမယ့်လည်း.... အခြားလူတွေအတွက် အကြံပေးနိုင်အောင် သိထားရလို့ ကျေးဇူးဗျာ........း))
ခင်မင်တဲ့
ဏီလင်းညို
ခက်တာက ဂေါက်စာလေးတွေမှကြိုက်တတ်တဲ့ 
ကျွန်တော့်အတွက်တော့ ခုထိမေ၇ှာင်နိုင်သေးပါဘူးခင်မျာ.....
တို့ အမျိုးသား မှာ ပြီးခဲ့တဲ့ လေးလ လောက် က မှ ဂေါက် ရောဂါ စ ပြီး ပေါ်လာတယ် ကိကိ ရေ .. တခါမှ မဖြစ်ဖူး ဘူး ဘဲ အဲ တခါ စ ဖြစ်တာ ချက်ချင်းဘဲ ခြေမျက်စိနား မှာ အထိ မခံနိုင်ဘဲ ယောင်ကိုင်း လာ လို့ ဂျိုင်းထောက် တောင် သွား ၀ယ် ပြီး ဆေးခန်း ပြေးရတယ် ...မျိုးရိုးလိုက်တာ ထင် တယ် ... တို့ မှာတော့ ဘာ ရောဂါ မှ မရှိ ဘူး ရယ် ... ဒါပေမယ့် သူ နဲ့ မတဲ့ တဲ့ အစာတွေက များ နေ တော့ ကိုယ် ပါ မစားဖြစ် ဘူး...း( ဒါပေမယ့် တခါတလေ လည်း မနေနိုင် လို့ ချက် စားဖြစ်ပါတယ် ... ကိကိ ရဲ့  ပို့စ် အတွက် ကျေးဇူးပါ နော် ....
mie nge
Post a Comment