သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

ကြောင်သတ်သမား ထောင်ကျခြင်း ။

20 comments:

Anonymous said... | Thursday, April 01, 2010 2:43:00 AM

သူ့ ရည်းစားကကြောင်ကိုသူ့ ထက်ပိုပြီးဦးစားပေးလို့ 
ကောင်လေးက ကြောင်တွေကိုမုန်းတီးတဲ့ စိတ်ရှိပုံရတယ်..
အင်္ဂလိပ်လိုပြောရယင်...

မပြောတော့ ပါဘူးဗျာ...

ကိုချစ်ဖေ said... | Thursday, April 01, 2010 3:46:00 AM

တကယ်တော့ ကြောင်လို့သာပြောတာပါ ဒေါ်ကိရယ် ကိုယ်သားသမီးလို ကိုယ့်မိသားစုလို သ
ဘောထားပြီး ခွေးလေးတွေ ကြောင်လေးတွေကို မွေးတဲ့သူတွေအဖို့တော့ ခုလို ကြောင်လေး
တွေအသတ်ခံရတာနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်ကြေကွဲရမှာပါ။ ဥပဒေနဲ့ရော ယဉ်ကျေးတဲ့ လူ
အဖွဲ့စည်းအနေနဲ့ရော ထိုပြစ်မှုမျိုးကို ခွင့်မလွှတ်သင့်ပါဘူး တိရိစ္ဆာန်လေးတွေမပြောနဲ့ လူသား
စင်စစ် လူ့အဖြစ်ကို တန်ဘိုးထားတတ်တဲ့သူတွေတောင်မှ လူအခွင့်ရေးမရတဲ့ ဒေသတွေမှာ
တော့ ဒီသတင်းက အရေးမပါ အဲ့ဒီလိုသတင်းမျိုး ဘယ်လောက်တောင် ပျောက်ကွယ်နေမှာလဲ
စဉ်းစားနေမိတယ်ဗျာ။

Nge Naing said... | Thursday, April 01, 2010 6:15:00 AM

သတင်းထူးလေးလည်း ဖြစ်တယ်။ ထောက်ပြတဲ့ အချက်လေးလည်း ကောင်းလို့ ကျေးဇူးတင်ပါတယ်။ ကိကိရေ - ကျောင်းသွား၊ အလုပ်သွား ပြန်ရင်လည်း မကြာခင် Due မယ့် Assignment တွေနဲ့ အလုပ်များနေလို့ ဘလော့ဂ်တွေကို သိပ်မရောက်ဖြစ်ဘူး။ အသစ်တင်ထားတာကို တွေ့ပြီး စိတ်ဝင်စားလို့ ရောက်ဖြစ်ရင်လည်း ကတန်းကမန်း ဖတ်ပြီး ပြန်ထွက်လာရတာပဲ များပါတယ်။

ahphyulay said... | Thursday, April 01, 2010 6:53:00 AM

အမရေ.....
ပြောချင်တာက ဒီမှာက လူတစ်ယောက်ခြင်းစီမှာ
တန်ဘိုးတွေရှိနေပြီး ဥပဒေ ကလဲ အထက်ဆုံး၊ ထိပ်ဆုံး
မှာရှိနေတော့ တာမို့  သမတ တောင်မှ ပြည်သူရဲ့ 
ဝန်ထမ်း တစ်ယောက်ပဲမို့  တန်အောင်လုပ်နေရတော့ တာပါ။
တိရဆ္စန် ချင်းတောင် တူလို့ လား ၊ဒီမှာ ခွေးတွေတောင်
မီးပွိုင့် ကနေကူးတတ်ပြီး ဆိုင်ကယ် ကိုတောင် လှလှ ပပ
လိုက်စီးတတ်နေတာပါ။ ကျွန်တော်တို့  ဆီမှာတော့ 
တဗျစ်ဗျစ် နဲ့  ကားအနင်းခံနေရတာလေ။
အင်း... လူတွေလဲ...
မတူ တာတော့  မတူ တာပဲ အမရေ.....

ရွှေရတုမှတ်တမ်း said... | Thursday, April 01, 2010 11:21:00 AM

အမယ်မင်း..အဖြစ်ဆိုးလှချည့်လား..ကြောင်လေးရယ်...အဟင့်.ရွှတ်..(ကိုယ့်ဆီမှာ လူသေတာတောင်မငိုဝံ့ကြဘူး)..

လသာည said... | Thursday, April 01, 2010 11:40:00 AM

ဟယ်.. အ၀တ်လျှော်စက်ထဲကို ထည့်တယ်?
..ဘယ်လောက် ခံစားနေရမလဲဆိုတာ တွေးကြည့်ရုံနဲ့ ကြောက်တယ်။
တခါတည်း သေနတ်နဲ့ ပစ်သက်လိုက်တာကမှ ဝေဒနာ ခံစားရတာ သက်သာဦးမယ်။

တိရစ္ဆာန်ကို နှိပ်စက်တတ်သူဟာ လူကိုလည်း နှိပ်စက်တတ်ဖို့ ရာခိုင်နှုန်းများတယ်။ သူက တစ်စုံတစ်ခု စိတ်ရောဂါကြောင့် စိတ္တဇရောဂါကြောင့်(ရူးတာတော့ မဟုတ်ဘူးလေ) အခုလို လုပ်နေတာများလားနော်။

သတင်းဖတ်ရတာ စိတ်မချမ်းသာဘူးး'(

လသာည said... | Thursday, April 01, 2010 11:41:00 AM

အော် အ၀တ်အခြောက်ခံစက်ထဲကို ထည့်တာကိုး..။ ဘယ်လိုပဲဖြစ်ဖြစ် ခံစားရတာတော့ သက်သာမယ် ထင်ပါဘူး.. နော် ကိ ;'(

အိုက်ခီလောက် said... | Thursday, April 01, 2010 12:36:00 PM

အော် အမားရယ် ညည်းကသာပြောနေတာ မောလှပြီ
ဟိုက မသိသလိုနေတာ ကြာလှပေါ့ ဟိုဖက်နားဝင် ဒီဖက်နားထွက်နဲ့ 
အခွင့်အရေး၇ဖို့ ဆိုတာကတော့ လဒရူးကြီးမာလကီးယားမှ ရမယ်ထင်တယ် ဒါတောင် နောက်လိုက်ခွေးတစ်သိုက်က ဟောင်ဖွာဟောင်ဖွာနဲ့ ရှိနေသေးတာ ငါ့တော့မထင် နင့်တစ်သက်တော့ ရဖို့ ဆိုတာ

An Asian Tour Operator said... | Thursday, April 01, 2010 12:59:00 PM

တော်တော်ရက်စက်တာပဲ
တိရိစ္ဆာန်ထက်မိုက်တဲ့လူ။
စံပြအဖြစ်ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်တာ ကောင်းတယ်။

ခင်မင်စွာ
AATO

SHWE ZIN U said... | Thursday, April 01, 2010 1:03:00 PM

ကြောင်လေးတွေ ကို ဒီလို ညှင်းဆဲသတ်ဖြတ်လို့ ထောင်ဒဏ်တွေ ငွေဒဏ်တွေကျတာ ဝမ်းသာတာဗျာ

လူတွေကိုညှင်းဆဲသတ်ဖြတ်တဲ့ လူတွေ ဘဝဆက်တိုင်း လွတ်ရက်မရှိ ကျပါစေ

ရွှေစင်

rose of sharon said... | Thursday, April 01, 2010 2:26:00 PM

အဟင့် ငိုချင်တယ်... သူများနိုင်ငံသားတွေများ တိရိစ္ဆာန်တောင် သူ့တန်ဘိုးနဲ့သူ...

သုခုမလေဒီ said... | Thursday, April 01, 2010 3:09:00 PM

Psychopath ဖြစ်မယ်ထင်တယ်။ သူ့ပုံစံကြည့်ရတာ အဲလိုမျိုးပဲ။
ကြောင်နဲ့သူနဲ့ အရင်ဘ၀က ရန်သူတွေလားမှမသိတာ။း))

Flower said... | Thursday, April 01, 2010 5:39:00 PM

ဒီလောက်ရက်ရက်စက်စက် သတ်ရဲသူဟာ
စိတ်ဝေဒနာ တစ်ခုခု ရှိသူသာ ဖြစ်မယ်ထင်ပါရဲ့
တော်ရုံနဲ့တော့ အပြစ်မဲ့တဲ့ ကြောင်ကလေးတွေကို
ရက်ရက်စက်စက် သတ်ရက်မယ်မထင်မိဘူး
တစ်ချို့ စိတ်ဝေဒနာရှင်အကြီးစားတွေလဲဒီလိုပါဘဲလေ
ကိုယ်လိုချင်တာရဖို့၊ ကိုယ့်စိတ်ကျေနပ်ဖို့ ဘယ်လောက်များတဲ့လူတွေကိုဖြစ်ဖြစ်
သတ်ဖို့ ၀န်မလေးကြတာ တွေ့ဖူးကြားဖူးပါရဲ့....
လူတွေများ ကြောက်ဖို့ကောင်းလိုက်တာအစ်မရယ်...

ဓါးထက်ထက် said... | Thursday, April 01, 2010 11:45:00 PM

တိရိစ္ဆာန်တွေတောင်အခွင့် ရေးရကြတယ်နော် ကျနော်တို့ ရွှေပြည်ကြီးက လူတွေ ဘယ်တော့ လောက်မှများ လူ့ အခွင့် ရေး ရကြမလဲ မသိတော့ ဘူးဗျာ

မြစ်ကျိုးအင်း said... | Friday, April 02, 2010 2:39:00 AM

နိင်ငံကို အုပ်ချုပ်တဲ့ အစိုးရက စာနာ သနား တတ်သလို ဥပဒေ အတိုင်း တိတိကျကျ လုပ်တာကိုးးး.....။

စိတ်မောလို့မနှိုင်းယှဉ်ချင်တော့ပါဘူးး

အင်ကြင်းသန့် said... | Friday, April 02, 2010 7:56:00 AM

ဟင့် ... ကြောင်လေးတွေ သနားပါတယ် မမကိကိရယ်... တော်တော်ရက်စက်တဲ့လူ... ကောင်းတယ် ထောင်ကျတာနည်းတောင်နည်းသေးတယ်...

ဂျင်ဂျင်း

Angel Shaper said... | Friday, April 02, 2010 6:40:00 PM

တကယ်ဆို အဲဒီချားရဟတ် သူ့ကိုပြန်ပေးစီးရမှာနော် :))

Anonymous said... | Friday, April 02, 2010 10:02:00 PM

ရုပ်ကိုက ကျက်သားရေမရှိဘူး

အတော်ကြင်နာစိတ်ကင်းမဲ့သူ
အဲဒီလူနဲ့တူတဲ့သူဒီမှာလဲ၇ှိတယ်..တစက်မှမျက်နှာကြောမတည့်ဘူး။ ခုတော့သိပီ.. ဒင်းတို့လို မျက်နှာပေါက်က ဒီလိုစိတ်ထားဆိုတာ သေချာသွားပီ။

ဝေးဝေးရှောင်တာပဲကောင်းတယ်။
အတော်စာနာစိတ်ကင်းမဲ့သူပဲနော်..

မိုးမင်းကြီး

ကေသရီ said... | Saturday, April 17, 2010 7:31:00 PM

တိရစ္ဆာန်လေးတွေ(ကြောင်လေး)ကိုရက်ရက် စက်စက်သတ်တဲ့ လူကို ဒီလိုအပြစ်ပေးသင့်ပါတယ်။ ထူးဆန်းတဲ့သတင်းလေးကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါအစ်မ။

ရွှေနတ်သား said... | Monday, April 26, 2010 9:46:00 PM

စိတ်ဝေဒနာရှင်ဖြစ်မယ်နဲ့တူပါတယ်...
သူ့ ၇ည်းစားတောင်လမ်းခွဲတာမြန်လို့ ပေါ့ နော်
တော်ကြာ အ၀တ်လျှော်စက်ထဲထည့်မွှေပြစ်နေမှ သေပြီ