ဒီမနက် ဖတ်လိုက်ရတဲ့ သတင်း တပုဒ်ကြောင့် အတွေးတွေ ပွားဖြစ်လို့  ပြန်ပြီးဖေါက်သည်ချချင်မိ ပါတယ်။ သူတစ်ပါးအသက်သတ်သူ (သူသတ်သမား) ၊ တစ်ပါးလူ အသက်သတ်သူ အား ( လူသတ်သမား) လို့ ခေါ်ကြရင် ၊ ဒီလူကိုတော့ ကြောင်သတ်သမား လို့  ခေါ်ရမယ်ထင်တယ် ။ ဒါများ အဆန်းလုပ်လို့  ဆိုချင်ဆိုကြပါလိမ့်မယ်။ လူတွေက တိရစ္ဆာန် တကောင်ကောင်ကိုသတ်တာ မပြောနဲ့ လူ လူချင်းသတ်နေ ဖြတ်နေကြတဲ့ သတင်းတွေ အများကြီးမို့  ဒီကြောင်သတ်သတင်းက ဘာမှ မထူးဆန်းလှပါဘူး ။ဒါပေမဲ့ သူ့ နောက်ဆက်တွဲ သတင်းက ထူးဆန်းနေလို့ ပါ...
ဒီလိုပါ ။ ဒီသတင်းလေးကို ဦးဆုံးပြောပြချင်တယ် ။ ထိုင်ဝမ်နိုင်ငံမှာ လူကြိုက်အများဆုံး တက္ကသိုလ် Taiwan University 台大 ဆိုတဲ့ ကျောင်းတော်ကြီးမှာ ပညာသင်ကြသူတွေ အင်မတန်မှ မျက်နှာပွင့်ကြပါတယ် ။ ဒီအထဲမှာ မှ ဘွဲ့ လွန် ပညာသင် သူတွေဆို ပိုပြီး လူအထင်ကြီးကြတယ်ပေါ့ ။ ( ဒါပေမဲ့ ခုခေတ် ခုအခါမတော့ ဘွဲ့ လွန်တက်သူတွေ လည်း အင်မတန်ပေါများ လာနေကြပြီဖြစ်လို့  သူသူငါငါ လိုပါပဲ ၊ ဘွဲ့ ရ အလုပ်လက်မဲ့  ဖြစ်တဲ့ သူတွေ တနေ့ တခြား ကမ္ဘာနဲ့  အဝှမ်း တိုးပွားနေကြပြီပေါ့ ) ။ ဒီဇာတ်လမ်းထဲက ကြောင်သတ်သမားကလည်း ဒီတက္ကသိုလ်ကြီးရဲ့  ဘွဲ့ လွန်အင်ဂျင်နီယာတန်းက ကျောင်းသားတယောက်ပါ ၊ ပြီးခဲ့တဲ့ နှစ်ဦးပိုင်းမှာ သူနေတဲ့ ကျောင်းပတ်ဝန်းကျင် နဲ့ ညဈေးတဝိုက်မှာ ရုပ်ပျက်ဆင်းပျက် သေနေတဲ့ ကြောင်များကို တွေ့ ခဲ့ကြရတယ် ။ ဒါကြောင့် ကြောင်ချစ်သူတွေ က တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ ကို အကြောင်းကြားခဲ့ကြပြီး ရဲအကူအညီနဲ့ တရားခံ ကြောင်သတ်သမား ကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ် ။( ရဲတွေက လူသတ်သမား ရာဇဝတ်သားတွေကို ဖေါ်ထုတ်ဖို့ ရန် တာဝန်ကျေရုံမျှမက ကြောင်သတ်သမားကို ပါ ဖေါ်ထုတ်ပေးတဲ့  တာဝန်ကျေပါတယ် ။ဒါပေမဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ လူသတ်မှု အချို့  ကို ခုချိန်ထိ မဖေါ်ထုတ်နိုင်သေးတဲ့ သာဓက တချို့  ရှိနေပါသေးတယ် )
Mr.Lee ( 李念龍 ) ဟာ အသက် ၃၄ နှစ် ရှိပြီး ကြောင်ချစ်သူများ ဆက်သွယ်ကြတဲ့ အင်တာနက်လိုင်းတခုမှ တဆင့် ကြောင်တွေကို မွေးချင်လို့ ဆိုပြီး လိမ်ညာ ယူခဲ့ပါတယ် ။ သူ့ ရဲ့ ချစ်သူ ကိုယ်တိုင်လည်း ကြောင်ချစ်သူ မို့ ကြောင်ကလေး တစ်ကောင် မွေးထားရာမှာ ပြီးခဲ့တဲ့  နှစ်ဦးပိုင်းမှာ ရည်းစားဖြစ်သူ ဒီကျောင်းသားထံ သူမ ရဲ့ ကြောင်ကို ခဏပေးမွေးထားပါတယ် ။ ဒီလိုနဲ့ တနေ့ကျ သူ မရဲ့ ရှေ့ မှောက်မှာပဲ ကြောင်ကလေးကို သတ်ပြပါတယ် ။အဝတ်လျှော် အခြောက်လှမ်းတဲ့ စက်ကြီးထဲ ကြောင်လေးကို ထဲ့မွှေပြီး ချားရဟတ်စီးခိုင်းတာ ဖြစ်တဲ့အကြောင်း သူ့ ရည်းစား မိန်းကလေးကိုပြောသေးတယ် ဆိုပဲ ။ ပြီးတော့ မူးဝေ မလှုပ်ရှားနိုင်တဲ့ကြောင်လေးဗိုက်ကို လက်နဲ့ ဖိညှစ်သတ်လိုက်တယ်တဲ့ ။ဒီတော့ ရည်းစားကောင်မလေး က ဒီလို မလုပ်သင့်ကြောင်းပြောရာမှ ကတောက်ကဆဖြစ်တော့ ၊တိရစ္ဆာန် သတ်တာဘာမှ အပြစ်မရှိကြောင်း၊ ဖြစ်ရင်လည်း အလွန်ဆုံး ဒါဏ်ငွေ ဆောင်တဲ့ အဆင့်လောက်သာ ရှိကြောင်း ပြောခဲ့သေးတယ်တဲ့ ။ နောက်ဆုံးတော့ ရည်းစားကောင်မလေး က သူနဲ့ လမ်းခွဲခဲ့ပါတယ် ။ သူဟာ ကြောင် အကောင်များစွာကို နည်းမျိုးစုံနဲ့  ရက်စက်စွာ သတ်ခဲ့ပါတယ် ၊ခု လက်ရှိအချိန်ထိ နောက်ထပ် ကြောင် ၁၀ ကောင်ကျော် အသတ်ခံထားရတဲ့  အကြောင်းအရာ နဲ့ ပတ်သက်ပြီး သူ့ ကို ဆက်လက်စစ်ဆေးနေဆဲ ရှိပါသေးတယ် ။
ဒီနေရာက ရတဲ့ သတင်းပါ ။
ပညာတတ်ကြောင်သတ်သမား
ခုတော့ တိရစ္ဆာန် ညှင်းဆဲ နှိပ်စက် သတ်ဖြတ်မှု နဲ့  ဒီကြောင်သတ်သမားကို ထောင်ဒါဏ် တစ်နှစ်ခွဲ ချမှတ်လိုက်ပါပြီ ။
ဒါဟာ ထိုင်ဝမ်နိုင်ငံရဲ့  တရားရုံးမှ - တိရစ္ဆာန် ညှင်းဆဲ နှိပ်စက် သတ်ဖြတ်မှု နဲ့ လူကို ထောင်ဒါဏ် ပေးလိုက်တဲ့ ပထမဦးဆုံး တရားစီရင်မှု ပါပဲ ။ ဒါ့အပြင် ဒါဏ်ငွေ သုံးသောင်းလည်း ချထားပါသေးတယ် ။
ငါးပါးသီလ လုံခြုံကြဖို့ ဘုရားရှင် ဟောကြားခဲ့တဲ့ အထဲ “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ”ဟူ၍ သူတစ်ပါးအသက်သတ်ခြင်းမှ ရှောင်ကျဉ်ပါမည် ဆိုတဲ့ အချက် ကို ဗုဒ္ဓဘာသာဝင်တိုင်း နားလည် သဘောပေါက် ကြပါလိမ့်မယ် ။ ဒီိလိုမှ မဟုတ် သူတစ်ပါးအသက်ကို သတ်မိရင် အပြစ်ရှိပါတယ်။ အပြစ်တစ်ခု ကျူးလွန်မိရင် ကိုယ်ပြုခဲ့တဲ့ ပြစ်မှူဒါဏ်ကို ကိုယ်တိုင်ပြန်ခံရမှာပါ။ ဒါ့အပြင် သူ့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ တရားဥပဒေနဲ့ အညီ စီရင်တဲ့ ပြစ်ဒါဏ်ကိုလည်း ခံရမယ် ။ ရာဇဝတ်ကြွေးကို ပြန်ပေးဆပ်ရမယ် ။
ဥပဒေ ထက်မှာ ဘာမှ မရှိစေရတဲ့  ဥပဒေကို လိုက်နာကြတဲ့ နိုင်ငံတွေမှာ ၊ လူ့ အခွင့် အရေးကို ထိန်းသိမ်း လိုက်နာကြတဲ့ နိုင်ငံတွေမှာ ။ ခုဆိုရင် လူတွေ အတွက်တင်မဟုတ်ပဲ တိရစ္ဆာန်တွေရဲ့  အခွင့်အရေးတွေကိုပါ ကာကွယ်ပေးနေကြပါပြီ ။ ခုလို တိရစ္ဆာန်တွေကို မတရား ညှင်းဆဲ သတ်ဖြတ်တာကို အထောက်အထား ပြည့်စုံရင် ငွေ ဒါဏ် ၊ ထောင်ဒါဏ်တွေ ချလို့ ရနေပါပြီ ။ ဒီလိုဆိုတော့ လူတချို့ ကလည်း အထွန့် တက်ပြောကြသေးတယ် ။ ပရွက်ဆိတ် သတ်ရင်ရော ထောင်ကျမလားပေါ့ ။ ခွေးသားရောင်းတဲ့ ဆိုင်တွေ၊ ခွေးသတ်ရောင်းသူတွေကျတော့ရော ဘယ်လို ဘယ်ဝါပေါ့ ။( လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတွေက ကမ္ဘာလှည့် ခရီးသည်တွေ အများဆုံး သွားရောက်လေ့ရှိကြတဲ့  ညဈေး တခုမှာ သတ်လေ့ သတ်ထ ရှိတဲ့  မြွေ ၊ မျောက် ၊ လိပ် ။ အစရှိတဲ့ သတ္တဝါ များကို ခုဆိုရင် အများသူငါရှေ့ မှာ စီးပွားဖြစ် သတ်ဖြတ်ရောင်းချမှုကို ပိတ်ပင်ထားတာတောင် နှစ်အနည်းငယ်ကြာခဲ့ ပါပြီ )။
ကြောင်သတ်ရင်တောင်ထောင်ကျတယ် ဆိုတဲ့  ဒီသတင်းကို ဖတ်ပြီး အတွေးပွားမိတာကတော့ ...တိရစ္ဆာန်တွေမှာတောင် .တိရစ္ဆာန် အခွင့်အရေး အပြည့်ရနေကြတဲ့ နိုင်ငံတွေရဲ့  တရားဥပဒေ စိုးမိုးမှု မျိုးတွေ နဲ့ ၊ လူ့ အခွင့် အရေး ဆိတ်သုဉ်းနေတဲ့  နိုင်ငံ တချို့ ရဲ့  တရားဥပဒေ စိုးမိုးမှု တွေ ကို နှိုင်းယှဉ်ကြည့်လိုက်တော့ ၊ မိုး နဲ့  မြေ ဆိုတဲ့ စကားတစ်လုံးတည်းသာ ......
20 comments:
သူ့ ရည်းစားကကြောင်ကိုသူ့ ထက်ပိုပြီးဦးစားပေးလို့ 
ကောင်လေးက ကြောင်တွေကိုမုန်းတီးတဲ့ စိတ်ရှိပုံရတယ်..
အင်္ဂလိပ်လိုပြောရယင်...
မပြောတော့ ပါဘူးဗျာ...
တကယ်တော့ ကြောင်လို့သာပြောတာပါ ဒေါ်ကိရယ် ကိုယ်သားသမီးလို ကိုယ့်မိသားစုလို သ
ဘောထားပြီး ခွေးလေးတွေ ကြောင်လေးတွေကို မွေးတဲ့သူတွေအဖို့တော့ ခုလို ကြောင်လေး
တွေအသတ်ခံရတာနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်ကြေကွဲရမှာပါ။ ဥပဒေနဲ့ရော ယဉ်ကျေးတဲ့ လူ
အဖွဲ့စည်းအနေနဲ့ရော ထိုပြစ်မှုမျိုးကို ခွင့်မလွှတ်သင့်ပါဘူး တိရိစ္ဆာန်လေးတွေမပြောနဲ့ လူသား
စင်စစ် လူ့အဖြစ်ကို တန်ဘိုးထားတတ်တဲ့သူတွေတောင်မှ လူအခွင့်ရေးမရတဲ့ ဒေသတွေမှာ
တော့ ဒီသတင်းက အရေးမပါ အဲ့ဒီလိုသတင်းမျိုး ဘယ်လောက်တောင် ပျောက်ကွယ်နေမှာလဲ
စဉ်းစားနေမိတယ်ဗျာ။
သတင်းထူးလေးလည်း ဖြစ်တယ်။ ထောက်ပြတဲ့ အချက်လေးလည်း ကောင်းလို့ ကျေးဇူးတင်ပါတယ်။ ကိကိရေ - ကျောင်းသွား၊ အလုပ်သွား ပြန်ရင်လည်း မကြာခင် Due မယ့် Assignment တွေနဲ့ အလုပ်များနေလို့ ဘလော့ဂ်တွေကို သိပ်မရောက်ဖြစ်ဘူး။ အသစ်တင်ထားတာကို တွေ့ပြီး စိတ်ဝင်စားလို့ ရောက်ဖြစ်ရင်လည်း ကတန်းကမန်း ဖတ်ပြီး ပြန်ထွက်လာရတာပဲ များပါတယ်။
အမရေ.....
ပြောချင်တာက ဒီမှာက လူတစ်ယောက်ခြင်းစီမှာ
တန်ဘိုးတွေရှိနေပြီး ဥပဒေ ကလဲ အထက်ဆုံး၊ ထိပ်ဆုံး
မှာရှိနေတော့ တာမို့  သမတ တောင်မှ ပြည်သူရဲ့ 
ဝန်ထမ်း တစ်ယောက်ပဲမို့  တန်အောင်လုပ်နေရတော့ တာပါ။
တိရဆ္စန် ချင်းတောင် တူလို့ လား ၊ဒီမှာ ခွေးတွေတောင်
မီးပွိုင့် ကနေကူးတတ်ပြီး ဆိုင်ကယ် ကိုတောင် လှလှ ပပ
လိုက်စီးတတ်နေတာပါ။ ကျွန်တော်တို့  ဆီမှာတော့ 
တဗျစ်ဗျစ် နဲ့  ကားအနင်းခံနေရတာလေ။
အင်း... လူတွေလဲ...
မတူ တာတော့  မတူ တာပဲ အမရေ.....
အမယ်မင်း..အဖြစ်ဆိုးလှချည့်လား..ကြောင်လေးရယ်...အဟင့်.ရွှတ်..(ကိုယ့်ဆီမှာ လူသေတာတောင်မငိုဝံ့ကြဘူး)..
ဟယ်.. အ၀တ်လျှော်စက်ထဲကို ထည့်တယ်?
..ဘယ်လောက် ခံစားနေရမလဲဆိုတာ တွေးကြည့်ရုံနဲ့ ကြောက်တယ်။
တခါတည်း သေနတ်နဲ့ ပစ်သက်လိုက်တာကမှ ဝေဒနာ ခံစားရတာ သက်သာဦးမယ်။
တိရစ္ဆာန်ကို နှိပ်စက်တတ်သူဟာ လူကိုလည်း နှိပ်စက်တတ်ဖို့ ရာခိုင်နှုန်းများတယ်။ သူက တစ်စုံတစ်ခု စိတ်ရောဂါကြောင့် စိတ္တဇရောဂါကြောင့်(ရူးတာတော့ မဟုတ်ဘူးလေ) အခုလို လုပ်နေတာများလားနော်။
သတင်းဖတ်ရတာ စိတ်မချမ်းသာဘူးး'(
အော် အ၀တ်အခြောက်ခံစက်ထဲကို ထည့်တာကိုး..။ ဘယ်လိုပဲဖြစ်ဖြစ် ခံစားရတာတော့ သက်သာမယ် ထင်ပါဘူး.. နော် ကိ ;'(
အော် အမားရယ် ညည်းကသာပြောနေတာ မောလှပြီ
ဟိုက မသိသလိုနေတာ ကြာလှပေါ့ ဟိုဖက်နားဝင် ဒီဖက်နားထွက်နဲ့ 
အခွင့်အရေး၇ဖို့ ဆိုတာကတော့ လဒရူးကြီးမာလကီးယားမှ ရမယ်ထင်တယ် ဒါတောင် နောက်လိုက်ခွေးတစ်သိုက်က ဟောင်ဖွာဟောင်ဖွာနဲ့ ရှိနေသေးတာ ငါ့တော့မထင် နင့်တစ်သက်တော့ ရဖို့ ဆိုတာ
တော်တော်ရက်စက်တာပဲ
တိရိစ္ဆာန်ထက်မိုက်တဲ့လူ။
စံပြအဖြစ်ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်တာ ကောင်းတယ်။
ခင်မင်စွာ
AATO
ကြောင်လေးတွေ ကို ဒီလို ညှင်းဆဲသတ်ဖြတ်လို့ ထောင်ဒဏ်တွေ ငွေဒဏ်တွေကျတာ ဝမ်းသာတာဗျာ
လူတွေကိုညှင်းဆဲသတ်ဖြတ်တဲ့ လူတွေ ဘဝဆက်တိုင်း လွတ်ရက်မရှိ ကျပါစေ
ရွှေစင်
အဟင့် ငိုချင်တယ်... သူများနိုင်ငံသားတွေများ တိရိစ္ဆာန်တောင် သူ့တန်ဘိုးနဲ့သူ...
Psychopath ဖြစ်မယ်ထင်တယ်။ သူ့ပုံစံကြည့်ရတာ အဲလိုမျိုးပဲ။
ကြောင်နဲ့သူနဲ့ အရင်ဘ၀က ရန်သူတွေလားမှမသိတာ။း))
ဒီလောက်ရက်ရက်စက်စက် သတ်ရဲသူဟာ
စိတ်ဝေဒနာ တစ်ခုခု ရှိသူသာ ဖြစ်မယ်ထင်ပါရဲ့
တော်ရုံနဲ့တော့ အပြစ်မဲ့တဲ့ ကြောင်ကလေးတွေကို
ရက်ရက်စက်စက် သတ်ရက်မယ်မထင်မိဘူး
တစ်ချို့ စိတ်ဝေဒနာရှင်အကြီးစားတွေလဲဒီလိုပါဘဲလေ
ကိုယ်လိုချင်တာရဖို့၊ ကိုယ့်စိတ်ကျေနပ်ဖို့ ဘယ်လောက်များတဲ့လူတွေကိုဖြစ်ဖြစ်
သတ်ဖို့ ၀န်မလေးကြတာ တွေ့ဖူးကြားဖူးပါရဲ့....
လူတွေများ ကြောက်ဖို့ကောင်းလိုက်တာအစ်မရယ်...
တိရိစ္ဆာန်တွေတောင်အခွင့် ရေးရကြတယ်နော် ကျနော်တို့ ရွှေပြည်ကြီးက လူတွေ ဘယ်တော့ လောက်မှများ လူ့ အခွင့် ရေး ရကြမလဲ မသိတော့ ဘူးဗျာ
နိင်ငံကို အုပ်ချုပ်တဲ့ အစိုးရက စာနာ သနား တတ်သလို ဥပဒေ အတိုင်း တိတိကျကျ လုပ်တာကိုးးး.....။
စိတ်မောလို့မနှိုင်းယှဉ်ချင်တော့ပါဘူးး
ဟင့် ... ကြောင်လေးတွေ သနားပါတယ် မမကိကိရယ်... တော်တော်ရက်စက်တဲ့လူ... ကောင်းတယ် ထောင်ကျတာနည်းတောင်နည်းသေးတယ်...
ဂျင်ဂျင်း
တကယ်ဆို အဲဒီချားရဟတ် သူ့ကိုပြန်ပေးစီးရမှာနော် :))
ရုပ်ကိုက ကျက်သားရေမရှိဘူး
အတော်ကြင်နာစိတ်ကင်းမဲ့သူ
အဲဒီလူနဲ့တူတဲ့သူဒီမှာလဲ၇ှိတယ်..တစက်မှမျက်နှာကြောမတည့်ဘူး။ ခုတော့သိပီ.. ဒင်းတို့လို မျက်နှာပေါက်က ဒီလိုစိတ်ထားဆိုတာ သေချာသွားပီ။
ဝေးဝေးရှောင်တာပဲကောင်းတယ်။
အတော်စာနာစိတ်ကင်းမဲ့သူပဲနော်..
မိုးမင်းကြီး
တိရစ္ဆာန်လေးတွေ(ကြောင်လေး)ကိုရက်ရက် စက်စက်သတ်တဲ့ လူကို ဒီလိုအပြစ်ပေးသင့်ပါတယ်။ ထူးဆန်းတဲ့သတင်းလေးကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါအစ်မ။
စိတ်ဝေဒနာရှင်ဖြစ်မယ်နဲ့တူပါတယ်...
သူ့ ၇ည်းစားတောင်လမ်းခွဲတာမြန်လို့ ပေါ့ နော်
တော်ကြာ အ၀တ်လျှော်စက်ထဲထည့်မွှေပြစ်နေမှ သေပြီ
Post a Comment