ခုတလော ဟော့ နေတယ် ။ ဖေါက်ပြန် နေတဲ့ ရာသီဥတုကြာင့် လူတွေ အတော်ဒုက္ခရောက် နေကြတယ်။မိုးမရွာတော့ မိုး ကို မျှော်ကြရတာပေါ့ ။ မိုးရွာမယ်ဆိုတော့လည်း မုန်တိုင်းများ လာလေအုံးမှာလား လို့ စိုးရိမ်ကြတာ ပေါ့ ၊ ဒီတော့ မိုးလေဝသဌာနများမှ မိုးလေဝသကြေငြာချက်နဲ့ ဟောကိန်းများ ကို နားထောင်ကြရတယ်။ ထုတ်ပေးတဲ့  ဟောကိန်းတွေ တချို့ မှန်တယ် ၊ တချို့ မှားတယ် ။ တချို့  က တဝက် မှန်တယ် ။ တချို့  က တစိတ် မှန်တယ်။ အမြဲတမ်း ရာနှုန်းပြည့်မှန်နေတဲ့ ဌာန နဲ့ နိုင်ငံ တွေတော့ ရှိမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ အမြဲတမ်းမှားနေတဲ့  နိုင်ငံ နဲ့ဌာန တွေ ရှိနေကြသမို့  ချင့်ချိန်ယုံ ။
ဒီတော့ ကိုယ့်ဟာကို တောင်စဉ်ရေမရောက် ၊(အဲ့လေ.. ရေမရပ် ...)အတွေးများနဲ့ ချာလပတ်လည်လိုက်ပြီး၊ ကိုယ်ထူ ကိုယ်ထ နိုင်ငံတော်ကြီး အတွက် D .I. Y ( Do It Yourself) မိုးလေဝသ တွက်ချက်ဖို့  အိပ် မက် မက် ဖြစ်တယ် ။ ချင့်ချိန်ယုံ ။ စိတ်ဝင်စား မှ ဆက်ဖတ် ပါ ။း)) ။
လိုအပ်သော ပစ္စည်း ကရိယာ များ ..
(၁) ဖါးဂုံညှင်း ဆယ်ကောင် ။( လူပျို/အပျို စစ်စစ် ဖါးဂုံညှင်း ၅ကောင်စီ ။ စားဖါးများ မပါစေရ )
(၂) ပလပ်စတစ် ဗုံး (ပုံး )တတောင်ခန့်  ။ ဗုံး လို့ သုံးရင် အန္တရာယ်ရှိ သည် ။
(၃) ရေထွက်သော ရေဘုံပိုင် ။( ရေ မရှိသော ဘုံပိုင် မဖြစ်စေရ )
(၄) ထိုးရန် ၊ ခြောက်ရန် တုတ်တစ်ချောင်း ။ သစ်ချောင်း တိုထွာဆိုလည်း ရ၏ ။(လက်ကိုင်တုတ် ဟု အထင်မမှတ်ကြစေလို ပါ )
(၅) ပိတ်စ မဲ တစ ၊ ( ပလပ်စတစ် ပုံး ကို ဖုံးလောက်ရုံ အစ )
(၆) ယပ်တောင် တချောင်း .. ( အဆင့် မြင့်မြင့်တွက်လိုပါက ပန်ကာ တခု သုံးနိုင် ပါသည် ။ မီးတော့လာမှ ဖြစ်မည် )
နည်းလမ်း...နှင့် အဓိပ္ပါယ် ဖေါ်ဆောင်ချက်များ ။
(၁)- ဖါး ၁၀ ကောင် ကို အစာ မဝတဝ ပဲ ကျွေးထားပါ ( အစာဝရင် ဌာနပြန်ချင် ဖြစ်နေမစိုး၍ ၊ ယောင်လို့  . .. အစာဝရင် ပျင်းရိပြီး သူ့  အလုပ် သူ မလုပ်ချင် မစိုး၍ ) ။ ၄င်းတို့ အား ပလပ်စတစ်ဗုံးထဲ မှာ ထဲ့ထားပါ ။ အပေါ်မှ ပိတ်စမဲ ဖြင့် အုပ်ထားပါ ။
(၂) -မိုးလေဝသ အခြေအနေသိလိုချိန်မှာ ၊ ပိတ်စမဲကို ဖယ်၍ ..ထို ဖါးများအား တုတ်နဲ့ထိုးပါ ။
အိပ်ချင်ယောင်ဆောင်နေသောဖါးများ နှိုးရခက်တတ်သည် ကို သတိပြုပါ ။
ဖါးများအားလုံး နိုးကြားနေပါက ၊ ရေလာသော ရေဘုံဘိုင်ခေါင်းကို ဖွင့်ပါ ။( ခုနေခါမှ ရေရှား၍ အဖိတ်အစင် နည်းအောင် ဂရုစိုက်ပါ )။
၎င်းဖါးများ၏ တုန့်ပြန်မှု ကို ကြည့်ပြီး သင် ကိုယ်တိုင် မိုးလေဝသ ကို သိနိုင်ပါပြီ။
ဖါး ၁၀ ကောင်စလုံး ပြိုင်တူ အုံးးးအွမ် ဟု ကျေနပ်စွာ အော်ကြပါက မိုးရွာရန် ရာနှုန်း ၁၀၀ ဖြစ်ပါသည်။
၁ ကောင် အော် ပါက ၁၀ ရာနှုန်း ဟု အချိုးကျ တွက်ပါလေ ။ ၅ကောင် အော်တော့ ၅၀ ရာနှုန်းပေါ့ ။ လွယ်ပါတယ်။
မကျေ မနပ် တွန့် ဆုတ်ဆုတ်အော်ကြပါက ..ရာနှုန်းပြည့် မှန်ရန် မသေချာပါ ။ တဝက် ပြန်နှုတ်ရမည် ဖြစ်ပါသည် ။
ဥပမာ ၁ ကောင် မကျေ မနပ် အော်ပါက ၅ ရာခိုင် နှုန်း ဟု တွက်ချက် ပါလေ ။
(၃) -မုန်တိုင်း ကျမည် ၊ မကျမည် ကို သိလိုပါက ထို ဖါးများအားတုတ်နဲ့ထိုးပြီး ယပ်ခပ်ပေးပါ ။ ( မီးလာလျှင် ပန်ကာရှိလျှင် ပန်ကာလေနဲ့ မှုတ်ပေးပါ ) ။ ထို အခါတွင် တွေ့ ရမည့် ဖါးများ၏ တုန့်ပြန်မှု ကို ဤသို့  အဓိပ္ပါယ် ဖေါ်ဆောင် နိုင်ပါသည် ။
ဖါး ၁၀ ကောင်စလုံး၊ စူးရှစွာ အုံးအွမ်အော်၍ ပါးများဖေါင်းပြီး တကိုယ်လုံး ဖေါင်းကား လာ ပါက ......၊ လေပြင်း မုန်တိုင်း ကြီး တိုက်ခတ် မှာ ဖြစ်ပါသည် ။ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နိုင်ပြီး ရေပြင်-မြေပြင် လေမှာ တစ်နာရီ မိုင် ၅၀၀ ခန့် ရှိနိုင်သည်။ မိုး ရွာရန် ရွာ နှုန်း၁၀၀ ရာခိုင်းနှုန်း ဖြစ်ပါသည်။
အကယ်၍ လူပျိုစစ်စစ် ဖါးများ အော်နှုန်းများပါက မြောက်လေ တိုက်မည် ဖြစ်ပြီး အပျိုစစ်စစ်ဖါးမများအော်နှုန်းမြင့်ပါက တောင်လေတိုက် မည်ဖြစ်ပါသည် ။
လူပျိုစစ်စစ် ဖါးများပို၍ခုန်ဆွခုန်ဆွ လုပ်ကြပါက လေနီကြမ်းများတိုက်ခတ်မည်ဖြစ်ပြီး ၊ အပျိုစစ်စစ် ဖါးများပို၍ခုန်ဆွခုန်ဆွ လုပ်ကြပါက လေဆင်နှာမောင်းများ တိုက်ခတ်မည်ဖြစ်ပါသည် ။ အားလုံးတူတူ ခုန်ဆွခုန်ဆွ လုပ်ကြပါက နာဂစ်ကဲ့သို့ ပြင်းထန်လှသောမုန်တိုင်းကြီး တိုက်ခတ်နိုင်ပါ သဖြင့် သတိထားကြပါလေ။
(၄) - ၄င်း ဖါးများ တကောင်မျှ မည်သို့ မျှ တုန့် ပြန်မှု မရှိပါက ၊ သူတို့  အပူလွန်ကာ သေဆုံးသွားပြီဆိုတာ သတိပြု ရမည် ဖြစ်ပါသည် ။
ဤတွင် မိုးလေဝသ ကိုယ်တိုင် တွက်ချက်မှု ( DIY မိုးလေဝသ) အစီအစဉ် ပြီးဆုံးပါ ပြီ ။
( မောစရာတွေ ကို ရယ်စရာ အဖြစ် အသွင် ပြောင်းပေးလိုစိတ် သက်သက် နဲ့  ရေးတာ ဖြစ်ပါတယ် ။ တော်ကြာနေ အရူးထောင် ထဲ ပို့ ခံ နေရ မစိုးလို့  ကြိုတင် ရှင်းလင်းချက် ထုတ်ထားခြင်းဖြစ်ပါတယ် ။ ဘဝ အမောတွေ ပြေကြပါစေ ။ အပူလွန်လို့  သေတာတွေ ဆက်ပြီး မရှိကြပါစေ နဲ့  ။ မိုးလေး မှန်မှန်ရွာပါစေ ၊ မုန်တိုင်းတွေ ကင်းဝေးပါစေ ။ ရေလေး မီးလေး မှန်မှန်နဲ့  လုံလုံလောက်လောက် ရနိုင် သုံးနိုင် ကြ ပါစေ )
ခု မြန်မာပြည်မှာ မိုးအနည်းငယ် စတင်ရွာသွန်းနေကြောင်းသတင်းကောင်းရရှိပါတယ် ။ ဖါးဘယ်နှစ်ကောင် အော်လိုက်ကြတာလည်း ဆိုတာတော့ ဘယ်သူမှ မသိကြသေးပါဘူး .....ဘာပဲ ဖြစ်ဖြစ် အပူဒါဏ်တော့ အနည်းငယ် သက်သာ သွားကြပါလိမ့်မယ် ။
22 comments:
ဟဟဟဟ...မကိ တို့ကတော့ လုပ်ပြီ..။
ဘာပဲ ပြောပြော အိုင်ဒီယာကိုတော့ ကြိုက်တယ်ဗျာ။
ဘာသာပြန်ပြီး မလေး သတင်းစာထဲ ထည့်ပေးရင် ကောင်းမလား။ တရုတ်ပြည်ကို ပို့လိုက်ရင် ကောင်းမလား။ Credit တော့ ပေးမှာပါ . .ဟိဟိ။
အစ်မကိကိရေ...ရယ်စရာလေးရေးပေးတာ ကျေးဇူးတင်ပါတယ်...ကာရံက တကယ်မှတ်လို့ ...အောက်ရောက်မှ သိတော့တယ်...
အမရေ..မောနေတဲ့အချိန်မှာ ရီလိုက်ရလို့ ကျေးဇူးပါ။
အဲဒါနော် ဖားအပျိုနဲ့ ဖာမအပျိုကိုခွဲခြားသိဘို့ရန်
ဖားလူပျိုများ ဖင်ကိုထုံးဖြင့်သုတ်ပြီး မှတ်ထားသင့်
တယ်လို့ အကြံပေးအပ်တယ် မုန်တိုင်းသတင်း
ကျတော့ ကွဲကွဲပြားပြား သိမှအိုကေမယ်မို့လား
အထီးနဲ့အမေ၇ာနေမှဖြင့် ဇလဗေဒကဘဘဦးထွန်း
လွင်ကြီးလိုဖြစ်နေပါ့မယ် ။။။။
ပျင်းပျင်းရိရိ ဖားက အော်သွားတယ်
အုံ(ဖွ).. အွန် (လိုင်း)
တဲ့. :D
ဟုတ်တယ် မကိရယ်.. သူတို့နွေပူတော့ ကိုယ်ပါအတွေးဆူရင်း အဝေးကနေ ဘာလုပ်ရမှန်း ဘာပြောရမှန်း မသိအောင်ပါပဲ..။ အခုလို အမောတွေကို ဟာသနဲ့ ပြောပြပေးတာ အများကြီးကျေးဇူး..။ နည်းနည်းတော့ အပူသက်သာသွားသလိုပဲလေ..
အော် ဖားအရှာထွက်ရတော့မလိုပဲ။ ဖားခုံညှင်း စစ်ဖို့လည်း လိုသေးတယ်။ ကိုယ့်ဖာသာကိုယ်ပဲ အော်လိုက်ချင်တယ်။ အုံး....အွမ်။ :)
အားလုံးတူတူ ခုန်ဆွခုန်ဆွ မဖြစ်ရင်ကောင်းမယ်
နာဂစ်ဆို အဲဒီ့ မြင်ကွင်းကြီးဆိုးရွားလွန်းလို့  မခံစားနိုင်ဖူးမရေးးးးးးးးးးးးးးးးးးးးးးးးးး
တလောကလုံး အေးချမ်းလို့ ရေရွှင်ရွှင်သုံးနိုင်ပါစေဆုတောင်းခဲ့ပါတယ် မမရေးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး
နီးနေပါပီ ဖွားကိ တယောက် အရူးထောင်နဲ့ ဟိဟိ ချစ်လို့ လာစသွားတယ်နော်
စာဖတ်ပီး ရယ်ရသေးတယ် ဟက်
သြော်...
မကိတို့ကတော့...လုပ်စရာမရှိ ဖားတောင် မနေရဘူး..တုတ်နဲ့ သွားထိုးပြီး အော်ခိုင်းလိုက်သေးတယ်...
“ဖားမိုးလေဝသ” ပေါ့နော်...
မကိရဲ့ post ကိုဖတ်နေရင်း အော်ပြီးရီမိလို့ သူငယ်ချင်းတွေတောင်စိတ်ဝင်စားလို့လာကြည့်ကြတယ်..။
မကိကိုကျေးဇူးတင်ပါတယ်...
အမရေ..
ကျွန်တော် တို့  တိုင်းပြည် ကြီးတော့  ကဒ် ဆိုးကြုံရ
ပြီ ထင်ပါတယ်။ မင်း ဆိုး တို့ ဒဏ် အပြင် အခု ရာသီ
ဥတု ဖောက်ပြန်တဲ့  ဒဏ် ကိုပါ ခံ ရပါပြီ။
လူထု က တော့ အမြဲတန်းပဲ ကိုယ့်  ဟာကိုယ် ကျောချင်း
ကပ်ပြီး ဖြေရှင်း နေကြ ပေမဲ့  အုပ်ချုပ်သူ လူတန်းစား
တစ်စု ကတော့  နာဂစ် တုံးကလိုပဲ တုတ်တုတ် မျှ မလှုပ် ။
နောက်ဆုံး တော့  ကျောမွဲ တွေပဲ ခံရ ပြန်ပြီလေ။
အစ်မရေ
အစ်မရဲ့ဟာသဥာဏ်ကို သိပ်သဘောကျတာဘဲ
အသံထွက်လို့ အော်ကြီးဟစ်ကျယ် ရယ်လိုက်မိပါတယ်..
ဘေးအိမ်က ဘာများဖြစ်လဲဆိုပြီးထွက်ကြည့်တယ်.. ဟိဟိ
တကယ်တကယ်ပါဘဲ.. တကယ်လို့များ ဖားအပျိုရှားနေတဲ့ချိန်မှာ ဖားတစ်ခုလပ်ကလေးနဲ့များ အစားထိုးလို့ ရမရ အကြောင်းပြန်ပေးပါဦးနော်
အစ်မပေးတဲ့နည်းကလေး လက်တွေ့ လုပ်ကြည့်ချင်လို့ပါ... အစ်မပြောတာမှန်ရင် ချက်ပေါ်မှာ လက်မှက်ကလေးထိုးပြီး အရေခွံခွာလို့ ချက်လက်မှတ်အဖြစ် ပို့ပေးလိုက်ပါ့မယ်..
း)း)
ခင်မင်စွာ
ညီမ ချော
ဘယ်ကနည်းလမ်းကောင်းရလာပါလိမ်လို့ တွေးနေမိသေး ...။
ပူပြင်းသောရာသီဥတုကြောင့် ဖားများ ရှာရ ခက်နေပါကြောင်း...။
တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ အရေးယူမခံရဘူးဆိုရင် စမ်းကြည့်ချင်တယ် ...း)
ဟင်း...အပျိုလူပျိုအတူထားလို့ကတော့...
တုတ်နဲ့လဲထိုးရော...ကလေးကိုယ်စီနဲ့ ထခုန်နေကြရင်ဘယ်လိုလုပ်မလဲ..
ဟားဟား...အတော်ပဲ စမ်းသပ်ကြည့်ရမယ်... :)))
ညီမလေးကို အရူးထောင်ထဲ ဆွဲပို့လို့ကတော့ မမကိကိ တာဝန်ယူရမယ်နော် :D
ဂျင်ဂျင်း
ဒေါ်ကိ
အခု မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ ၁၅ မိနစ်မှာ ဒီပို့စ်ကို ဖတ်ဖြစ်တယ် ဖတ်ရင်းမိုး တစ်ပြောက်နှစ်ပြောက် ကျနေတယ် ဖားထွက်ကောက်ရရင် ကောင်းမလား စဉ်းစားတုန်း မိုးကလည်းပျောက်ပြီ ဖားထီးနဲ့ဖားမ ခွဲတတ်ဘူးရယ် ဘယ်လိုခွဲရမှာလည်း အကြောင်းပြန်ပေးပါ။
ခင်တဲ့
seesein
ရေးတာကောင်းလွန်းလို့ ဘာကျောရမှန်း အတိဘူး.... ဖတ်ပီးတာ ကြာပေါ့... အဟစ်....
မကိ
ကိုကြီးကျောက် ပြောသလို ဖြစ်နေမယ်နော်
အခုတော့ မိုးလေး နဲနဲ ရွာလို့ မကိစာကို အေးချမ်းပျော်ရွှင် စွာဖတ်သွားပါတယ် နော်
မစီးစိမ် ကတော့ ဖားမ ဖားထီး ဘယ်လို ခွဲရမလည်း လို့ လာမေးနေတယ်.. လက်တွေ့ စမ်းတော့မယ် ထင်တယ်
မကိ ရေ သိပ်မြှောက်ပေး မနေနဲ့အုန်း
ခင်တဲ့
ရွှေစင်
မကိရေးတဲ့  မိုးလေသသ DIY ကို ဖုံ့းဆက်ပြီး အိမ်သူသက်ထားကို အကြောင်းစုံ ပြောပြလိုက်တယ် ကျနော်ကစုံစုံလင်လင် သေသေချာချာမှာနေတော သူကနားထောင်ပြီး ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့  မှတ်သားနေလေရဲ့  ပြောလို့ ပြီးခါနီး ဖုံးကဒ်ကုန်ခါနီး သူက အကိုရေတဲ့ ခဏနော်ဆိုပြီး ဖုံးကဒ်ကုန်လို့ လိုင်းကျသွားပါတယ် ဒါနဲ့ ကျနော်လဲကြိုးစားပြီး နောက်တကဒ်ထပ်ခေါ် ဖုံးပြန်ရလို့  မင်းကွာပြောလို့ တောင်ပြီးသေးဘူး ဘယ်ရောက်သွားတာလဲ မေးတော့ မှ အကိုရေကန်တော့ နော်တဲ့  အလန့် တကြားဘာလဲကွလို့ မေးမိပါတယ် ချစ်သူပြန်ဖြေပုံလေးက အကိုပြောတဲ့  မကိနည်းက နားထောင်ရင်းရီရလွန်းလို့ ရှုရှုး ထွက်သွားတယ်တော့ တဲ့ ဗျာ ကဲသူခမျာ ဘယ်လောက်ရီသွားရသလဲ ဆိုတာမကိဘဲ စဉ်းစား ကြည့် တော့ နော် ပေါက်ပါက်ရှာရှာရေးတတ်တွေးတတ်သော မကိသို့ ယခုကောမန့် လေးဖြင့် ဂုဏ်ပြုပါသည်
ဖါးလူပျိုအပျို တွေက မိုးလေ၀သကိုစိတ်မ၀င်စားတော့ရင် ဘယ်လိုလုပ်မလဲ.လူတွေကလဲဗျာ ရေရှားတာများ နေပြည်တော်ပြောင်းနေကြရောပေါ့.ဘဘကြီးတို့နေတဲ့
နေရာဆိုတော့ ရေ တော့ပေါမှာပေါ့..မိုးလေ၀သမျှော်စရာမလိုပါဘူးဗျာ
မကိ၇ဲ့  မိုးလေ၀သ အစီအစဉ်ကိုလာ ဖတ်ပြီး
ဖားရိုက်ထွက်သွားပါပြီ....မိုးလေ၀သအတွက်ဟုတ်ဘူး...ဈေးမှာသွားသွင်းမလို့ 
သြော်..ဒီကလူက မရူးရသေးဘူး၊ သူကအရင် ရူးတော့ မှာလား။း))
မိုးရွာလို့ နည်းနည်းနေလို့ကောင်းသွားပေမယ့် မြို့ရွာ အတော်များများမှာတော့ ရေကတော့ ရှားတုန်းပါတဲ့ ဖွားကိရေ..။
Post a Comment