လူ့ မနော ပြော ရရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုပါပဲ ။ လူ့ စိတ်က အတော်ခက် ။ “ ရတာ မလို ၊ လိုတာ မရ ” ဆို ပြီးပြောကြတယ် ။ ပြီးတော့လည်း “ ရလေ လိုလေ၊ အိုတစ္ဆေ” ဆိုပြီး သူ့ ဟာသူ နေတဲ့ တစ္ဆေ ကိုပါ ဆွဲထဲ့ပြီး ပြောကြသေးတယ် ။ တစ္ဆေ က မတော် လောဘ ရှိနေတာမို့ လို့ လား ။ လူတွေကသာ လောဘ ဒေါသ မောဟ မီး တွေ မငြိမ်းသတ် နိုင်ကြသေးတာပါပဲလေ ။
သူများအကြောင်း ပြောရင် အတင်းဖြစ်နေမစိုးလို့  ကိုယ့်အကြောင်း အရင်ပြောရပါအုံးမယ် ။ လောဘစိတ် နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန် စမ်းစစ်ကြည့်မိတဲ့ အကြောင်းလေးပါ ။
ခုတလော မယ်ကိ ဘုံပျောက်နေတာ ။ တကဲ့ကို နေစရာ အိမ်မရှိတော့ တာ ပါပဲ ။ မျောက်သစ်ကိုင်းလွတ် ဆိုတာ ခုမှ ယုံမိတယ် ။ အကြောင်း ကြောင်း ကြောင့် ခုလောလောဆယ် နေ့ ရော ညပါ တရက်မှာ ၂၄ နာရီ ၊ တပါတ်မှာ ၇ ရက် လုံးလုံး အလုပ်ထဲမှာ ပဲ နေ နေရ၊ အိပ်ရ ပါတယ် ။ စနေ နေ့ ညနေ အလုပ်ဆင်း ပြီးရင် အားနေပြီ ။တနင်္ဂနွေလည်း အလုပ်နားတော့ ဘယ်သွားရမှန်းမသိ ။ တနေ့ က စနေနေ့ ည ၊ ညနေစာ စားပြီး ယောင်လည်လည်မို့  အီလက်ထရောနစ် ပစ္စည်းရောင်းတဲ့ဆိုင် သွားပတ်မိတယ် ။ အကြောင်းရင်းကတော့ Sale ချလို့  ၊ ဆိုင်က ကောင်မလေး တယောက်က ဖုံးဆက် အသိပေးတာ နဲ့ အညောင်းပြေလမ်းလျှောက်ရင်း အဲ့ဒီဆိုင် ရောက်သွားတယ်ပေါ့ ။ ထုံးစံအတိုင်း သူတို့ ဆိုင်မှာ မင်ဘာကဒ်လုပ်ထားတဲ့သူ မှန်သမျှ Sale ချတဲ့ အချိန်ဆိုင်ထဲလာရင် လက်ဆောင် တခုခု ပေးပါတယ်။( ဒါကြောင့်လည်း တမင် ရောက်သွားတာ ပဲ လို့ စိတ်ထဲ ထင်လိုက်ပါတယ်။ အလကား ရမှာကိုး၊ ကိုယ့်မှာလည်း ရှိနေပြီးသား ၊ ဘာမှ လည်း အသုံး မလိုပေမဲ့လည်း ၊ အလကားရ လို့  လာယူကြသူတွေ ချည်းပါပဲ ၊ )။
ဒီလိုနဲ့ ဟိုကြည့် ဒီကြည့် ။ ဘာဝယ်ရင်ကောင်းမလည်းပေါ့ ၊လျှော့ဈေး ဆိုတော့လည်း ဈေးကသက်သာနေတော့ ထုံးစံအတိုင်း လက်ယား စိတ်ယားပေါ့ ။ ( လိုချင်တပ်မက်စိတ် တမျိုးပါပဲ ) ။ကိုယ့်အကြိုက် Musical Instrument တွေ ရောင်းတဲ့ နေရာလေးမှာ သီချင်းနားထောင်ရင်း ဟိုစမ်း ဒီစမ်း( သီချင်း အစမ်း နားထောင်တာ ပါ ) နဲ့ sound box တစုံတွေ့ တယ် ။ ကိုယ့်မှာ ရှိပြီးသား ၃ ၊ ၄ မျိုး ရှိနေပေမဲ့ ဒီဇိုင်းသစ်လေး တွေ့ တော့ လိုချင်မိပြန်ရော ။ ဒီင်္လို နဲ့ ear phone တွေ ရောင်းတဲ့ နေရာမှာ သားအဖ နှစ်ယောက် အပြန်အလှန်ပြောနေတဲ့ စကား ကို ကြားမိလိုက်တယ်။ သားက ၁၂ နှစ် အရွယ်လောက် ရှိမယ် ။
“အဖေ ။ ကျွန်တော့်ကို ဒီ ear phone တခု ဝယ်ပေးပါ ”
“ မင်း ကို ဟိုတလောက ပဲတခု ဝယ်ထားပေးပြီးသားလေ ။ ဘာလည်း ပျက်သွား ပြီလား ”
“ မပျက်ပါဘူး အဖေရ ။ အဲ့ဒါ က MP3 နားထောင် တာလေ ။ ဟို အရင် တခု က ဖုံး မှာ တပ်ထားတာ ။ ခု ကျွန်တော့ ကွန်ပြူတာမှာ တပ်ပြီး နားထောင်ချင်လို့ ပါ ”
“ ဟကောင်ရ ငါ့လချီးမှ ပဲ ။ မင်းမှာ နား က ဘယ်နှစ်ခုတောင် ရှိလို့  ဒီလောက် နားကြပ်တွေ အများကြီး လိုနေရတာ လည်းကွ ၊ ပြောစမ်းပါအုံး ” တဲ့ ။
အဖေကြီး ပြောတဲ့စကား က ရုတ်တရက် ကြားလိုက်ရတာ နဲနဲ ရိုင်းသလို ဖြစ်နေတော့ သူ့ ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိတယ် ။ သူကတော့ ခပ်တည်တည်ပါပဲ ။ သူ့ သားကို အော်ကြီးဟစ်ကျယ် မြည်တွန်တောက်တီးရင်း ဆိုင်အပြင် ထွက်သွား ပါလေရော ၊
ဒီတော့ မှ လိုချင်တပ်မက်တဲ့ လောဘကြောင့် ။ ဆိုတဲ့ အသိတရား ဝင်လာ မိလို့ ၊ အဲ့ဒီနေ့ က ပိုက်ဆံတပြားမှ မထွက်ပဲ တပ်ခေါက် လာမိ ပါတော့တယ် ။ သူပြောတာလည်း ဟုတ်နေတာပဲလေ ။ ဒီရုပ်ဝတ္ထု ပစ္စည်း ဆိုတာ မရှိမဖြစ် လိုအပ်လှတဲ့ အရာ တခု မှမဟုတ်တာ ၊ ရောင့်ရဲ စိတ်ကလေး ထားတတ်ရင် မလိုလားစရာ အပူမီးတွေ လောင်ကြွမ်းနိုင် မယ် မထင်ပါ ။
အရင်ကဆို တွေ့ သမျှ အဆန်းတွေ အသစ်တွေ တွေ့ တာ နဲ့ လိုချင်စိတ် ပေါက်မိတယ် ။ အရမ်းကြိုက်တဲ့ ပစ္စည်းဆို ဘာမှ သိပ် မစဉ်းစား ပဲ ဝယ်ဖြစ်တယ် ။ ကြာလာတော့လည်း ရိုးသွား အီသွားတဲ့ သဘောပဲ နဲ့ တူပါတယ် ။ ဒီလောက်ကြီး ခရေးဇီး မဖြစ်မိတော့ဘူး ၊ အသစ်တွေ က နေ့စဉ် နဲ့ အမျှ ပေါ်ထွက်နေကြတဲ့ ရုပ်ဝထ္ထု ကြီးစိုး တဲ့ ခေတ်ကြီးမှာ ထွက်သမျှ အသစ်ပေါ်သမျှသာ လိုက်ဝယ်နေရရင် ဘယ်တော့မှ အဆုံးသပ်နိုင်မယ်မထင် ။ကိုယ့်အိုး ကိုယ့်ဆန် တန်သလောက် သာ ဝယ်ခြမ်းသုံးစွဲ မှသာ အကြွေးမတင် နောက်ကြောင်းရှင်းရှင်းနဲ့ စိတ်အေးချမ်းသာ ရနေနိုင်မှာပါ ။
အကြွေးဝယ်ယူခွင့် ရတဲ့ ခရက်ဒစ် ကဒ် တွေ ဆိုတာ လည်း ရွှေပြည်ကြီးက လွဲရင် ကမ္ဘာ အ နှံ့  နေရာတိုင်း နိုင်ငံတိုင်းမှာ အလွယ်တကူ သုံးစွဲ လို့ ရနေတော့ ကောင်းကျိုးတွေ ရှိသလို မကောင်းကျိုးတွေပါ ဖြစ်တတ်ကြတယ် ။ခရက်ဒစ်ကဒ်ကို ရွှစ်ကနဲ ဆွဲပြီး ပစ္စည်းတခုကို လွယ်လွယ်ကူကူ ရလိုက်ချိန်မှာ လောလောဆယ် ကိုယ့်အိတ်ထဲက ငွေစက္ကူလေးတွေ မထွက်သွားတော့ ပျော်စရာကြီးလိုလို ပဲ ။အလကားရတာ ကျနေတာပဲလေ ပျော်လို့  ပြုံးလို့ ပေါ့ ။ နောက်တစ်လ နေလို့  ငွေတောင်းတဲ့ ဘီလ် စာရွက် လာတော့ မှသာ မျက်လုံး ရော မျက်ဆန်ပါ ပြူးကြတယ် ။ ဟိုက် ...ငါ ဘယ်တုံးကများ ဒီလောက် အများကြီး သုံးမိပါလိမ့် ၊ ဘာတွေများ ဝယ်မိပါလိမ့် လို့ စဉ်းစားရင်း ၊ ဟဲ့ ငါ့ကဒ်ကို ဘယ် သူများ သုံးသွားပါလိမ့် လို့ ဇဝေဇဝါ ယုံထင်ကြောင်ထင် ဖြစ်တတ်ပါသေးရဲ့  ။ တချို့ များဆို လူတယောက်ထဲ နဲ့ အကြွေးဝယ်ခွင့် ကဒ်တွေ အခု လေးငါးဆယ် လုပ်ထားပြီး ဂုဏ်ယူဝံ့ကြွားစွာ ဝယ်ဟယ် သုံးဟယ် နဲ့  ကြွေးစာရင်း လာတော့ မှ အချိန်မီ မဆပ်နိုင် ၊ အတိုးတွေ တက် ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ တဲ့ ထိတောင် အခြေအနေ ဆိုးဝါးသွားကြတာတွေလည်း တွေ့ ရ ကြားရတာ မကြာခဏပါပဲ ။ ဒါက ရလေ လိုလေ ။ မချိန်ဆပဲ ဖြုံးမိလို့  ဖြစ်ကြရတဲ့ အဖြစ် တွေပါ ။ အသုံး နဲ့  အဖြုံးကို ခွဲခြား နားလည် ဖို့  အရေးကြီးတာပေါ့ ။
တချို့ များဆို ရလေ လိုလေ က ပိုဆိုးသေး ။ ကိုယ်တိုင်ဘာမှ အားစိုက် မလုပ်ရပဲ မလုပ်ချင်ပဲ အလကား ရနေတာကို တောင် မတင်းတိမ်နိုင်သေး ။ ရပြီးရင်း ရချင်နေတော့တာလေ ။ ရှာရတဲ့သူက မောမောပန်းပန်း ရှာပြီး ပေးရ တာကို သဘောမပေါက် ၊ ဝါဇီ ငွေလုပ်စက် ကြီးတခု အပိုင်ရထားသလား မှတ်တယ် ၊တခုခုဆို ရီမုတ်ကွန်ထရိုး စက်ခလုပ်နှိပ်လိုက်ရုံနဲ့ လိုတာ ရတယ် ထင်နေတော့ နှိပ်ပြီးရင်းနှိပ် ပေါ့။ ပေးသူ ယူသူ လွန်ကြည်ဖြူ နေကြတဲ့ အခိုက် အတန့် လေး မှာ လောကကြီး သာယာလိုက်တာလေ ၊ အဆင်မပြေကြတဲ့ အခါများ မတော့ ခက်ကုန်ကြပြီ ။ တောင်းသလောက် မပေးရ ကောင်းလားဆိုပြီး ရန်သူသဖွယ် သဘောထားတာတွေ ဖြစ်လာတယ် ။ ဒီမှာ မကြာခဏ ကြားရတဲ့ သတင်းတွေကတော့ အရက်သမား ။ ဘိန်းစား ။ လောင်းကစား သမား သား သမီး ၊ တွေက မိအို ဖအိုကြီးတွေ ဆီ လက်ဖြန့် တောင်းတာ မရ တဲ့ အခါ ရိုက်လား ၊ သတ်လား ဖြစ်ကုန်ကြတယ် ။ လင်မယား တွေလည်း ထိုနည်း ၄င်း ပေါ့ ။ ထားလိုက်ပါတော့ ။ ကိုယ့်အပူ မဟုတ် ပူနေမိသေးတယ် ။
ဒီတော့ ကိုယ့်စိတ်ပဲ ကိုယ်နိုင်အောင် အရင် ထိန်းဖို့  လိုနေသမို့  အသုံး နဲ့  အဖြုံး ကို သေချာ ခွဲခြား စမ်းစစ်မိတယ် ။ လောဘစိတ်ကို ထိန်းနိုင်ရင် နောက်ဆက်တွဲ ဖြစ်လာမဲ့ ဒေါသ တွေ မောဟတွေလည်း နည်းပါးသွားမှာပါ ။ဒီလောက်လေး တွေးမိပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်မိပြန်တယ် ။ ဒီတော့ ထုံးစံ အတိုင်း ဆ.. ဆရာကြီး လုပ်ချင်မိပြန်ရော ။ တခြားသူတွေ ကို ပြော မရမဲ့ အတူတူ ကိုယ် နိုင် တဲ့ သူ ကိုပဲ ပြောရမယ် လို့  ပစ်မှတ် ရှာ ကြည့် နေတုံး တွေ့  လိုက် တော့ အတော်ပဲ လို့ဝမ်းသာ အားရ နဲ့ ..
“ ငလုံးရေ ၊ အိမ်သားတွေ နေကောင်းကြလား၊ စာကြိုးစား နော် ။ အပိုတွေ မဖြုံး နဲ့  ”လို့ ဂျီတော့မှာ ခဏတွေ့ လိုက်ရတဲ့ တူတော်မောင်ကို ဆရာလုပ်ပြီး ပြောလိုက် မိပါတယ် ။မီးစိမ်းလေးက ဖြတ်ကနဲ ပျောက်သွား ပါလေရောလား၊ အင်းလေ ။ ရွှေပြည်ကြီးက လိုင်းတွေဆိုတာ လူတွေလိုပဲ ဂဏှာ မှ မငြိမ်တာ ၊ တက်လိုက် ကျလိုက် ဖြစ်တာ နေမှာ ပဲ လို့  စိတ်ထဲ ထင်မိသေး ၊ ဒီတော့လည်း မေ့မေ့လျောလျော့ ပဲ နေလိုက် တာပေါ့ ။ နောက်နေ့  ကိုယ့် ဂျီတော့ ပြန် အဖွင့်မှာ မြင်လိုက်ရတာ က ....
“ ဒေါ်ကိ ရေ ..သား Wii က ရီမုတ်ကွန်ထရိုး အကောက်တံလေး တချောင်း ထပ်လို နေသေးတယ် ၊ ၂ စုံ ပြည့်မှ သူငယ်ချင်း တွေ နဲ့  ကစားလို့ ကောင်းမှာ ဗျ ” လို့  ဂျီတော့မက်ဆေ့ ခ်ျလေး တခု ချန်ထားခဲ့တာ တွေ့ လိုက်ရတော့ .... ဪ ... ငါ့နှယ် ၊ မပြောမိ အကောင်းသား ရယ်၊ အင်းလေ ၊ဟုတ်ပါရဲ့  ငါ့ကိုယ်က လိုပါတယ်၊ အစတည်းက တစုံ နဲ့  တချောင်းပဲ ဝယ်ပေးလိုက်မိတာကိုး .. လို့  သူ့ ဖက်ကို ဖေါ့တွေးတွေးပြီး တယောက်ထဲ ငြီးတွား နေရပါတော့တယ် ။
ကိုယ့် တူ၊ တူမလေး တွေတောင် ပြောမရတော့ ၊ အင်း လေ ။ ဘယ်သူ့ မှ လည်း မပြောချင်တော့ ပါဘူး ။ ဟို“ ရလေ . ၊လိုလေ ” ကြီးတွေ ဆို ပိုခက် အုံး မှာ ... ခုတောင် ဘောင်းဘီစိမ်းကြီးတွေ ချွတ် ပြီး “ ပုဆိုး နဲ့ တိုက် ပုံ ဝတ်လာ ပါ ” လို့  ဒေါ် နွဲ့ ယဉ်ဝင်း ဆိုခဲ့ဖူးတဲ့ သီချင်း လေးကို သဘောကျ လို့  သရုပ်ဖေါ် ကြ ဦး မတဲ့  ။သီချင်း ထဲကထက် ပိုသာတာက “ ဘောင်းတော်စ ” ပါ တဆင်စာ ပါသေးသတဲ့လေ ။
အဲ... နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်ပြန်တာပါပဲလား ။
22 comments:
တနိုင်ငံလုံးအတိုင်းအတာနဲ့ ရလေလိုလေ ဖြစ်နေကြတော့လည်း နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်မှာပေါ့။ မြန်မာပြည်မှာ သူမပါရင် ဘာမှမပြီးဘူးလေ။
အင်း...အလိုလောဘ အလိုလောဘ ဆင်ခြင်ဦးမှ :)))
ဂျင်ဂျင်း
တွေ့ရင်တော့ လိုချင်နေတာပဲ
ဒီတော့ မတွေ့အောင်နေလိုက်တယ် . :P
ရလေ လိုလေ . . မကိ တစ္ဆေ. . ဟိဟိ . .
မျှဝေလို့ ကျေးဇူး..
သိသာသိပြီး မဆင်ခြင်နိင်သေးတာ လောဘ
ခုဆို လက်တော့ အသစ်လေးလည်း ထပ်လိုချင်သေးဗျ
ဟုတ်ပါ့နော် ဟိုဟာလေးလိုချင် ဒါလေးလိုချင်
နဲ့ လစာလေးကိုလောက်ကိုမလောက်နိုင်တော့ဘူး
တချို့ များဆို ရလေ လိုလေ က ပိုဆိုးသေး ။ ကိုယ်တိုင်ဘာမှ အားစိုက် မလုပ်ရပဲ မလုပ်ချင်ပဲ အလကား ရနေတာကို တောင် မတင်းတိမ်နိုင်သေး ။ ရပြီးရင်း ရချင်နေတော့တာလေ ။ ရှာရတဲ့သူက မောမောပန်းပန်း ရှာပြီး ပေးရ တာကို သဘောမပေါက် ၊ ဝါဇီ ငွေလုပ်စက် ကြီးတခု အပိုင်ရထားသလား မှတ်တယ် ၊တခုခုဆို ရီမုတ်ကွန်ထရိုး စက်ခလုပ်နှိပ်လိုက်ရုံနဲ့ လိုတာ ရတယ် ထင်နေတော့ နှိပ်ပြီးရင်းနှိပ် ပေါ့။
ဒီစာလေးက ညီမကိုစောင်းပြီး ပြောနေတာနဲ့တူတယ်..
တည့်တည့်ပြောလဲရပါတယ်နော်.. ရီမုတ်ကွန်ထရိုးနှိပ်လို့ရမယ်ဆို နှိပ်ကြည့်ချင်လိုက်တာနော်..
ဝယ်ချင်တာတွေက အများကြီးဘဲ..
သူများတွေလို လက်ညိုးလေး ထိုးလိုက်ရုံနဲ့ ရရင် သိပ်ကောင်းမှာဘဲ.. ခိခိ..
အင်း လောဘ လောဘ
ကိုယ်တိုင်ကလဲ လောဘနွံထဲ နစ်နေတုန်းအစ်မရေ..
ဒီဘူတာဆိုက်ပြီးဆက်သွားမယ့်ခရီးက ပြန်လမ်းမရှိနော်...
းဝ)
ကျနော်ကြိုက်တဲ့သီချင်းလေး အမနဲ့တွေ့မှ ဆင်ဆာမလွတ်ဖြစ်တော့တယ်။
စိတ် ~~~~ စိတ် ပါ ကွယ် ~~~~
ဒီဘူတာပဲဆိုက်ရတာပေါ့မကိရေ..
ဒီဘူတာကလူမိုက်ကြီးတွေကလည်းလောဘကိုအတော
မသတ်နိုင်ကြတာကိုးးးးးး။
ခင်တဲ့
သဒ္ဓါ
လောဘစိတ် သေခါမှပျောက် .....P
ဟုတ်ပ..
ရလေ လိုလေပါပဲ မကိရာ..
ရလေလိုလေ လိုသလောက်ရအောင်ရှာပေးနိုင်ရင် အရာရာအစဉ်ပြေမယ်ပြသနာမရှိဘူးပေါ့  ခုဟာက ရသလောက်ပေးနေတာကိုမကျေနပ်နိင် ဖြစ်နေကြတော့ ခက်ရချည့်ရဲ့  ပြည်သူကျောမွဲတွေက နေပူပူမှာ သောက်စရာ ရေတောင်မရှိဖြစ်နေတာ ရေမီတာတလုံးတသိန်းခွဲ ပေးထားပြီးတော့  ရတဲ့ မီတာက ပြတိုက်ပို့ ရမဲ့  အခြေနေရောက်နေပြီ သောက်စရာရေမရှိလို့  ဒုက္ခပင်လယ်ဝေနေတာ ရလေလိုလေတွေက လက်ပိုက်ကြည့် နေကြတယ်မယ်ကိရေ
မီးမီးလည်း ဟိုဟာလေးလိုချင်ဒယ် . ကျံလာရင်ဝယ်ပေးးးးးးနော်. နော်လို့း)))
ဒီ ဘူ တာကလဲ ဆိုက် ဆိုက်နိုင်လွန်းတယ်နော် ဟက်
မကိလဲ နီးနေပြီနော် ဟိဟိ
ဘာလဲတော့ အသိဘူးရယ် ဟဲဟဲ
မကိရှေ့မှာ ဘူတာတွေရှိသေးတယ်.တဲ့..အဘဦးဝင်းတင်လို အပြာနုနုဝမ်းဆက်လေးဝတ်သာထား..အဲ့ဒါလှတယ်..
အစ်မကိကိရေ...ရလေလိုလေပေမဲ့ ရသမျှ အသာချထားပြီး ဘာမှ ယူဆောင်မသွားနိုင်တဲ့လမ်းကို မမြင်သေးသရွေ့ တော့ မိုက်ပြီးရင်း မိုက်နေမှာ...အပေါ်ယံ အလွှာတွေ ဘယ်လိုပြောင်းပြောင်း အဓိက စိတ်မပြောင်းရင်လဲ အလကားပါပဲနော်...တရားကျတယ်... :P
ကိရေ..
မြန်မာပြည်အတွက် အပူဒဏ်ကာကွယ်ဖို့ ဆောင်ရန်ရှောင်ရန်များ ရေးမပေးချင်ဘူးလားဟင်။
မြတ်နိုး
မကိ
ဆိုက်စရာ က ဒီဘူတာ ဘဲ ရှိတာကိုးဗျ လုပ်စမ်း ပါအုန်း ဘူတာသစ်ကလေး ဘာလေး
ပြောရတဲ့ သူလည်း မောတာဘဲ အဖတ်တင်တော့တယ်နော်
ကိ ကတော့ တကိထဲ ဒါပေမဲ့ ကိ ဘဲ
ခင်တဲ့
ရွှေစင်
မကိ
မြတ်နိုး ပြောသလို ရေးပေးပါအုန်း ကျနော်လည်း မကိရေးပေးရင် မိတ္တူကူးပြီး ဖြန့်ပေးမယ်နော်
အခု မန်းလေး မှာ မနေ့က တရက်ထဲ အပူလွန်လို့ ဆေးရုံ ရောက်တာ ရာကျော်တယ်လို့ပြောတယ်
လူတွေလည်း အများကြီးသေတယ်
ခင်တဲ့
ရွှေစင်
ဒီဘူတာပဲဆိုက်မှာပေါ့အစ်မရဲ့ ဒီဘူတာက သာစည်လိုဖြစ်နေတာကို။ ဘ၀ဆိုတာ ခဏလေးပါဗျာ။ ခဏလေးမှာကို လိုချင်တာတွေက တစ်ဘ၀စာမကဘူးလေ။ လိုချင်ခြင်းလောဘကို ကုစားနိုင်တာ ပေးကမ်းခြင်းအလောဘလေးပေါ့။ မိမိက အသစ်အဆန်းလေးတစ်ခုလိုချင်တယ်ဆိုရင် အဟောင်းလေးမကောင်းမကမ်းလေးတော့ လက်လှမ်းပြီးပေးသင့်တာပေါ့နော့်။ ဒါမှလဲ လိုချင်မှုနည်းသော စွန့်ပစ်မှုလေး ပါဝင်နိုင်မှာပေါ့။ အစ်မရေ.. မင်္ဂလာပါနော်။
''၇လေ လိုလေ အိုတစေ'' လို.စာလုံးပေါင်း၇တယ်ထင်တယ်..တစေဆိုတာ''အမြဲ''နဲ.တူတူပဲ...
Post a Comment