သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

အနိစ္စသဘော...

26 comments:

ခြင် said... | Monday, May 24, 2010 7:10:00 PM

ဟွန်း... အရိုးတွေပဲ တင်ထားတာမှတ်လို့... သက်သာသွားတယ် မှတ်ပါ.... တောက်တောက်ယို သွားသည်..... အဟင့်

မြတ်မွန် said... | Monday, May 24, 2010 7:19:00 PM

မမရေ..ဘယ်အချိန်က သွားစားလိုက်တာလဲ..ရှလွတ်..(ငက်ကြီးကြပုံများ) ဘယ်ဆိုင်ကလည်းဆိုတာ သိပါ၏..ဟိဟိ..

SHWE ZIN U said... | Monday, May 24, 2010 7:28:00 PM

မကိ ရေ

ဘာဟင်းတွေလည်း ဆိုတာ သေချာကြည့်နေတာနဲ့ ကြာသွားတယ်..

အဟဲ နံကင် လည်း ပါတယ်.. ဟိုတခွက် က ဝက်ပဲငါးပိလား မသိ စားချင်နေတာ ပြောရတာလေ..

အစားမွှန်သွားတော့ ဘာရေးထားမှန်း ကို သေချာ မသိလိုက်ဘူး ..

မှန်တာ တခုတော့ တွေ့လိုက်သလိုဘဲ

၂၀၁၀ ပြီး တော့ ၂၀၁၁ ရောက် မှာ ပေါ့ ။

ဟား..ဟား ကျေပြီနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လသာည said... | Monday, May 24, 2010 7:32:00 PM

ဟုတ်တယ် တကယ့်အနိစ္စ သဘောပါပဲ.. တရားကျမိတယ်။

မင်္ဂလာဈေးကြီးလည်း အနိစ္စသဘောထဲပါသွားလေရဲ့..
အခုလို ပြာဖြစ်သွားမယ်လို့ ဘယ်သူထင်မလဲနော်။

ahphyulay said... | Monday, May 24, 2010 7:50:00 PM

အေးဗျာ.... ငတ်ကြီးကျ ပုံများ..
ငါးဘဝ ရောက်ရ တာတောင် အကျော် ခံ ရပြီးမှ
သူ့ အလှ ကို ဝ အောင်တောင် မပြရဘူး..။
တစ်ခါထဲ အရိုး ပြိုင်းပြိုင်း ဖြစ်ရ ရှာတယ်လေ။
။ီလိုပါပဲ... လက်ရှိ ဝါးနေတဲ့  သူတွေလဲ
သွားမကောင်း တော့ တာတောင် သွားဖုံးနဲ့ 
လှိမ့်  ဝါး နေတုံး ၊ မိုးနတ်မင်း ကိုပဲ ဆုတောင်း
ရတော့ မယ်။ ကွက်ကျားပြီး သူတို့  ငယ်ထိပ်
တည့် တည့်  ပဲ ပစ် ချ လိုက်အောင် လို့ ။
အင်း.. သိပ် မပြော ပါဘူးနော်..နဲနဲ လေး ။

ရွှေရတုမှတ်တမ်း said... | Monday, May 24, 2010 8:33:00 PM

အရိုးအရင်းလောက်တော့ ချန်ပေးထားပါတယ်...
အားမငယ်ပါနဲ့...

Anonymous said... | Monday, May 24, 2010 8:57:00 PM

စားမှာဘဲ.....၀ါးမှာဘဲ....
ငါ့ကိုလာမတားနဲ့... မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါဘဲ........(သီချင်းဆိုပြတာနော်)


စူဇကာစိန်စိန်
seesein

rose of sharon said... | Monday, May 24, 2010 9:16:00 PM

ပန်းကန်တွေပြောင်နေကတည်းက သိပ်စားလို့ကောင်းတယ်ထင်ရဲ့လို့တွေးပြီးသား... နောက်တစ်ပုံမြင်တော့ တကယ်ကိုသွားရည်တွေတကယ် ကျသွားတယ်

မိုးခါး said... | Monday, May 24, 2010 10:20:00 PM

အင်း
အနိစ္စ
ဒုက္ခ
အနတ္တ
ဖြစ်ပြီးပျက်
ပျက်ပြီးဖြစ်
မေတ္တာထား
မုဒိတာပွားးးးး
အင်းးးးးး
တရာ ရသွားဘီ
:D

ကိုဇော် said... | Monday, May 24, 2010 11:29:00 PM

သြော်. . .ဖြစ် .. . ပျက်. .
စားချက် ၊ ဝါးချက် . .

ဒါထက် ဒါတွေ အားလုံးကို တစ်ယောက်တည်း မိနစ် ၄၀ ထဲနဲ့ ကုန်အောင် စားပစ်တယ် ဟုတ်လား။ ဘဘကြီးတို့က နှစ်ပေါင်း ၄၀ လောက် တမြုံ့မြုံ့ဝါးနေတာပါတဲ့။

သုဒြေ္န said... | Tuesday, May 25, 2010 12:06:00 AM

မကိက စားလို့ ကောင်းပုံရတယ် စားပြီးတာတော်တော်ကြာပေါ့  သတိရနေတုံးလား ခုမှတင်ဖြစ်တယ် အဲဒီတုံးကစားလိုက်ကြတာများ စာဖတ်သူများမြင်စေချင်တယ် ဝေသာလီပြည် ဘီလူးကျပုံနဲ့ တင်စားလို့ ရတယ် ရွှတ်ကနဲဆို တပန်းကန်ကုန်ရောဘဲ မြန်လိုက်တဲ့ လက်တွေဆိုတာလဲပြောမနေနဲ့  ဂျက်လီတို့  ဂျက်ကီချန်းတို့  ဘရုစ်လီ တို့  တွေ့ သွားရင်ထိုင်ငိုလောက်တယ် ထမင်းဝိုင်းမှာ ကွန်ဖူးသိုင်းကစားနေသလိုပါဘဲ အော်ဒါနဲ့ စကားမစပ် အဲဒီဝိုင်းကဘယ်လောက် ကုန်သွားလဲဟင် မကိ

thawzin said... | Tuesday, May 25, 2010 12:12:00 AM

အစ်မကြီးတို့ကတော့ တင်တတ်ပါတော်။ အယ်...နော်။ ဟုတ်တော့လဲဟုတ်တာပေါ့။ သိသာသိစေမမြင်စေနဲ့ဆိုတာထက်ကို လွန်နေပြီးနော်။ သားသားနိုင်ငံကြီးပျက်စီးတော့မှာပါ။ မပူပါနဲ့။သားတို့နိုင်ငံပျက်ပြီးရင် ကမ္ဘာကြီးလဲ ပျက်တော့မှာပါ။ ဆရာတော်ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်) ဟောတဲ့ တရားလေးတစ်ပုဒ်က မှတ်သားတာလေး သတိရသွားတယ်။ လူမျိုးတစ်မျိုးမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားတဲ့။ ကိုယ့်ကျင့်တရားပျက်ရင် လူမျိုးပျက်မှာတဲ့။ လူမျိုးပျက်ရင်တော့ နိုင်ငံလဲပျက်ပြီးပေါ့။
တစ်နိုင်ငံလုံးနီးပါ ကိုယ်ကျင့်တရားပျက်ကုန်ပြီး။ စားသမျှ မစင်ဖြစ်မယ်မှန်း မသိကြဘူးဗျာ။ ဘယ်လောက် ချမ်းသာချမ်းသာ စားရတော့လဲ တစ်နပ်တည်း။ ဘယ်လောက်ဥစ္စာပေါပေါ ၀တ်ရတော့ တစ်ကိုယ်စာတည်းပါ။ ဘယ်လောက်ပိုင်ဆိုင်ပိုင်ဆိုင် နေရတော့လဲ ကျောတခင်းစာတည်းပါတဲ့။ ဒါပေမယ့် ရသလောက် ပြန်မျှဝေ ကူညီမပေးနိုင်တာ လူလောဘဆိုတော့လဲ မသိမသာ သက်ပြင်းလေးချထားယုံမှတစ်ပါး အခြားမဲ့ပါပြီး။ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူတွေ ထိပ်ဆုံးရောက်နိုင်ပါစေလို့ ဆုတောင်းရမှာပေါ့။ ၂၀၁၀ပြီးရင် ၂၀၁၁မှာ အေးချမ်းဖွံ့ဖြိုးတိုးတတ်တဲ့ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပါစေ။ ဒါမှသားသားတို့ပြန်ရင် မတိုက်ခိုက်ရတော့မှာ။ သားလဲ စစ်တိုက်ချင်ဘူး။ :D

Flower said... | Tuesday, May 25, 2010 1:13:00 AM

ငါးပေါင်းလား မသိဘူးနော်
စားချင်စရာ လက်ယပ်ပြီးခေါ်နေသလိုပါဘဲလား
ဘယ်သူ့မှ မခေါ်ဘဲ
တကယ်တစ်ယောက်တည်းများ သွားစားတာလား အစ်မရယ်
ဒီလိုဆိုရင်တော့ အိမ်လာလည်ရင် ထမင်းကျွေးဖို့ စဉ်းစားရတော့မယ်
ဒီလောက်ကြီးတော့ ကျွေးနိုင်ဘူးရှင့်..
ဆန်ပြုတ်လောက်တော့ တိုက်နိုင်ပါတယ်..
လာလည်နော်း)

Zay Tar Yar said... | Tuesday, May 25, 2010 2:02:00 AM

တောက် တောက် တောက် (သွားရေကျသံ) သူတို့ကြီး
ဘဲဝါးနေကျတယ် ဟိုဝတ်စုံနဲ့တမျိုး ၊ ခေါင်းပေါင်းလေး
နဲ့တဖုံ ၊ တောင်ရှည်ကလေးနဲ့ ကတသွယ် ၊ ၀ါးပုံမျိုပုံ
အလုံးစုံသည် ဒို့အတွက်တခုမှမပါ အော် ကိကိစုတောင်း
တဲ့နေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် မင်္ဂလာဈေးမီးလောင်
တယ်ဆိုလားဘာလား အလုံးစုံပျက်သုဉ်းရေးမုန်းတယ်
မုန်းတယ်နဲ့ သူတို့ဘဲသရုပ်ဖော်နေကြပြီးတော့ သူများ
အကြောင်းမပြောတတ်ပါဘူး ဆက်မိလို့ပြောတာပါ ..
အားလုံးမီးသတိပြုကြနော် ခေတ်ကကောင်းတာမဟုတ်
ဘူး မီးကခဏခဏလောင်တယ် လောင်ရင်လဲ အထူးထုတ်
မီးသက်ပိုက်နဲ့ (ပိုက်ခေါင်းက လက်သန်းလောက်)ဘဲ
ရှိတယ် အဲဒါလေးနဲ့ပတ်တာ ပစ္စည်းတွေကုန်မှာ မီး
သေတာ အခုမကုန်သေးလို့မသေသေးဘူး .....။

Anonymous said... | Tuesday, May 25, 2010 5:09:00 AM

စားထားတာတွေက သပ်သပ်ရပ်ရပ်မရှိလိုက်တာ...စည်းကမ်းစနစ်အားနည်းနေသေးတယ်ဆိုတာ ပြသတာပဲ ဒါဟာ အခြေခံတစ်ခုပဲ...လူလိုစားတတ်အောင် အများကြီး လေ့ကျင့်ထားဖို့ လိုအုံးမည်......

Anonymous said... | Tuesday, May 25, 2010 5:09:00 AM

စားထားတာတွေက သပ်သပ်ရပ်ရပ်မရှိလိုက်တာ...စည်းကမ်းစနစ်အားနည်းနေသေးတယ်ဆိုတာ ပြသတာပဲ ဒါဟာ အခြေခံတစ်ခုပဲ...လူလိုစားတတ်အောင် အများကြီး လေ့ကျင့်ထားဖို့ လိုအုံးမည်......


ငပိကောင်

Nge Naing said... | Tuesday, May 25, 2010 8:21:00 AM

ကိကိရေ ငါးပေါင်းလေးကိုတွေ့တော့ တကယ်ကို သွားရည်ယိုသွားတယ်။ ဗိုက်လည်းဆာနေတာနဲ့ ဘလော့ဂ်ဖတ်တာ ခဏရပ်ပြီး မီးဖိုချောင်ထဲ ၀င်မှဖြစ်တော့မယ်။ ပေးချင်တဲ့ Message ကို ရသွားပါတယ်။

ကာရံဆူး said... | Tuesday, May 25, 2010 9:46:00 AM

အစ်မကိရေ...စားမယ့် ၀ါးမယ့်သူတို့ သွားတွေက တယ်ခိုင်သကိုးဗျ...တော်ရုံအရိုးလောက်တော့ မဖြုံ...သားစဉ်မြေးဆက် ၀ါးမျိုးဝါးနွယ်တွေပဲဟာ...၂၀၁၀ ပြီး ၂၀၁၁ ..ဘာဖြစ်...ဆက်ဝါးပြီးရင်း ၀ါး..ဟား ဟား (ရေခဲ့မုန့် ဟုတ်ဘူးနော်..)

အင်ကြင်းသန့် said... | Tuesday, May 25, 2010 10:37:00 AM

အင်း...အနိစ္စသဘော...အနိစ္စသဘော...တစ်ချို့သူတွေ မြင်အောင် ကြည့်တတ်ကြရင် ကောင်းမယ်...

noblemoe said... | Tuesday, May 25, 2010 12:07:00 PM

အနိစ္စသဘော ပိုစ့်လေးကို သဘောကျတယ်မရေးးးးးးးး
တရာ ပေးတာယူသွားဘီနော်
သာယာချမ်းမြေ့ပါစေနော်
မိုး

Anonymous said... | Tuesday, May 25, 2010 4:01:00 PM

ဘယ်သူတွေဘာပဲပြောပြော...
တို့ ကတော့ စားမယ်၊ ၀ါးမယ်...
ဒီတစ်ပွဲစားပြီးလည်းနောက်တစ်ပွဲထပ်စားဖို့ အတွက်
အ၀တ်စားတွေပြောင်းဝတ်ပြီး ဆက်လက် စားသောက်
ဦးမှာပါ....
ဒါမှ အလှူရှင်တွေမျက်စေ့ လည်သွားမှာ...

ရွှေနတ်သား said... | Tuesday, May 25, 2010 6:08:00 PM

သွားတွေမကောင်းလို့  မ၀ါးနိင်ဘူးဖြစ်နေတယ်ဗျာ..သွားလေးများကောင်းလို့ ကတော့လား...အရိုးတောင်မကျန်စေရပါဘူးဗျာ

sonata-cantata said... | Tuesday, May 25, 2010 9:21:00 PM

ကိကိရေ,

အတိတ်ကို လှန်သော်...ကတော့ ဟုတ်ပါပြီ

အနာဂတ်မှာ... ဆိုပြီး
???ဘာပုံများ တင်မလဲလို့
ဆက်တွေးမိသွားတယ်

း)

အိအိချောကလျာ said... | Tuesday, May 25, 2010 11:24:00 PM

အနိစ္စတရားကို လာရောက်ရှုဖတ်သွားပါတယ်ရှင် ...

Anonymous said... | Wednesday, May 26, 2010 9:30:00 PM

ပြီးခဲ့တဲ့ စနေနေ့က ထိုင်ဝမ်က ဗမာ ဧည့်သည် လာလည်လို့ ဒီက ဗမာဆိုင် ခေါ်သွားကျွေးတော့ သူကပြောတယ်လေ .. ကိကိ တို့ ဆီက ဗမာဆိုင်က ဟင်းချက် ပိုကောင်းတယ် ဆို လား ဘဲ ... ထိုင်ဝမ် လာလည်ဖြစ်တော့ မှ ကိကိ ပြထားတဲ့ ဟင်းတွေ မှာ စားဦးမယ် ... ပြော သာ ပြော ရတယ် ကိ ရယ် .. ကိုယ်တွေမှာ ဒီက နေ အစား ကောင်းတွေ စားချင်သလို
စားနေပေမယ့် ဗမာ ပြည် က လူ တွေ ကို စားတိုင်း
သတိရ နေမိတာ အမှန် ဘဲ ... သတိရတဲ့ ထဲ တော့
ကျက်သရေ တုန်း တွေ မပါ တာ အသေချာ ဘဲ ... ဒင်းတို့ တော့ သေခါနီး တောင် တရား ရ မှာ မဟုတ်ဘူး ... ဒယ်အိုးဆရာတော် ဟောထားတဲ့အတိုင်းသာ ဆိုရင်တော့ ............


mie nge



mie nge

မြစ်ကျိုးအင်း said... | Wednesday, May 26, 2010 11:55:00 PM

တက်ညီလက်ညီ ဖြိုထားပုံပဲ မကီရေ...။
ပြာသလင်းခေါင် ပြီး ပြောင်သလင်းခါ နေတာပဲ
ပြန်တောင်သတိရမိသေး ရှလွတ်း)