သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

အရှေ့ တိုင်းသား နှင့် အနောက်တိုင်းသား...

37 comments:

ahphyulay said... | Saturday, May 29, 2010 8:35:00 PM

ဝူး.... မော လိုက်တာ။
ခုမှ ရောက်လို့ ။ ဖတ်လိုက်ဦးမယ်... အဟမ်း...။

ahphyulay said... | Saturday, May 29, 2010 8:46:00 PM

နောကဆုံး တော့ 
အနောက် နဲ့  ဆန့် ကျင် နေတဲ့ 
အကျင့် တွေ အား လုံးက အရှေ့  တိုင်းမှာ
ရှေ့ ဆောင် လမ်းပြ ကြီး ဖြစ်နေတဲ့  ကျွန်တော် တို့ 
ရွှေပြည်ကြီး မှာ သွားစု နေတော့ တာကိုး လို့  ။
အခု ဆို ပို လို့ တောင် ခေတ်မှီ လာ တော့ မယ် ။
ပု ဆိုး တန်းလန်းကြီး တွေ နဲ့  တို့ အစိုးရ စံပြ အစိုးရ
အာရှ ရဲ့  မီးရှုးတန်ဆောင် အစိုးရ ပေါ် တော့ မယ်လေ။
( အင်း.. ဆိုင်မဆိုင် တော့ မသိ )

SHWE ZIN U said... | Saturday, May 29, 2010 9:18:00 PM

အင်း မကိ ရေ ဖတ်ရတာ ကောင်းလိုက်တာ
ရွှေစင်ဦး ကတော့ ဟိုလိုလို ဒီလိုလို ပါဘဲ

ဒါဆို ကျေနပ်မယ်ထင်တယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said... | Saturday, May 29, 2010 9:22:00 PM

ဒီပုံလေးတွေတွေ့ဖူးတယ်..
တချို့ဟာတွေ အနောက်ကိုကြိုက်ပြီး
တချို့ဟာတွေအရှေ့ကိုကြိုက်တယ်...
အချိန်မမှန်တာတော့ အမေရိကန်လဲအတူတူပဲ..

နတ်ဆိုးလေး said... | Saturday, May 29, 2010 9:25:00 PM

မိုက်တယ်ဗျ compare လုပ်ပုံလေးတွေ သဘောကျတယ်.. ပုံလေးတွေ က ဘာကို ဆိုလိုတယ်ဆိုတာ မြင်သာတယ်..

Anonymous said... | Saturday, May 29, 2010 9:27:00 PM

အမကိရေ
အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်ရင်..
အဲဒီတော့ မျှော်လျှောက် လျှောက်မျှော် ရတာပေါ့ဗျာ အမရွှေစင်ညီမဆိုတော့ ယောင်တောင်ပေါင်တောင် ပေါ့နှော ရွှေပြည်သူဆိုတော့ အဲဂလိုတိကျတာ အားကျနေပြီမဟုတ်လား

ခင်တဲ့
seesein

လသာည said... | Saturday, May 29, 2010 9:47:00 PM

မကိရေ..
မကိရှင်းပြလိုက်တာ ကွင်းကွင်းကွက်ကွက်ပဲ..။ ဟုတ်ပ ဟုတ်ပ..။ ဖတ်ပြီး ပြုံးမိတယ်.. မှန်လိုက်တာနော်။

မတူတာတွေကို တူအောင်လည်း မညှိနိုင်တော့ အရှေ့တိုင်းသူပီပီ အရှေ့တိုင်းနည်းအတိုင်း ကျင့်သုံးဖြစ်နေတော့မယ် ထင်ပါတယ်..

Flower said... | Saturday, May 29, 2010 10:29:00 PM

စိတ်ဝင်စားစရာပါဘဲ အစ်မရေ
ညီမတော့ အနောက်တိုင်းရဲ့ အချို့အချက်တွေကိုသဘောကျပြီး
အရှေ့တိုင်းရဲ့ အချက်တော်တော်များများကတော့ ကိုယ်နဲ့အသားကျနေပြီးသားမို့
သဘောမကျလဲ ကျင့်သုံးနေမိပြီးသား ဖြစ်နေပါပြီ။
ပြီးတော့လဲ အရှေ့တိုင်းသားတွေကိုယ်တိုင်က နွေးနွေးထွေးထွေး နေတတ်ကြပြီး အနောက်တိုင်းသားတွေကျ ဘာသိဘာသာ နေတတ်ကြတယ်လေ..
ကိုယ့်မိသားစုတွေနဲ့ဆို ဒီလိုကြီးတော့ မနေချင်ပါဘူး..
စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင်ဘဲ
ကောင်းပါတယ်လေ.. နော့်.. ရွှေပြည်သူပီပီ.. ကိုယ်တိုင်လဲ အချိန်မမှန်ပါဘူး..း)

ကိုဇော် said... | Saturday, May 29, 2010 10:52:00 PM

အရင်က မေးလ်မှာ တွေ့ဖူးတယ်။
ဒါပေမဲ့ . .အခု မကိ ရှင်းပြတာ ပိုပြီး မြင်သာတယ်။ ( မှတ်ချက်တွေကြောင့် ထင်တယ် :P )
တကယ်တော့ အရာရာကို ဆွဲပြီး မတူညီနိုင်ဘူး ဆိုတာ ဒီနေ့တော့ တကယ်ကို စိတ်မကောင်းစွာ သဘောပေါက်လိုက်မိပြီဗျာ။

( ဒါနဲ့ ပို့စ်နဲ့ မဆိုင်ပဲ တစ်ခု မေးပါရစေ။ ဖျက်လိုက်တဲ့ Comment တွေပြန်ယူလို့ ရလားဟင်။ တကယ် မသိလို့ပါ။ )

သိင်္ဂါကျော် said... | Sunday, May 30, 2010 12:39:00 AM

မတူတဲ့ ဓလေ့လေးတွေ လေ့လာသွားပါတယ်..

Anonymous said... | Sunday, May 30, 2010 3:42:00 AM

ဒီမှာ ကိုယ်တွေ့ဖူးတဲ့ ဗမာ တချို့  ကတော့ နေတာထိုင်တာ လုပ်တာကိုင်တာ တချို့  ဘို ဆန်ပြီး အချိန် တိကျ ဖို့ ကျတော့ လိုက်အတု မခိုး ကြတာ တွေ့ နေရတယ် .... ရေးထားတဲ့ အချက်တွေထဲ နံပတ် ၇ နဲ့ ၁၅ ကိုတော့ သဘောမတူပါ .... သည်မှာ တွေ့ရ သလောက်တော့
ပြောင်းပြန်ဖြစ်နေလား လို့ ...

mie nge

အင်ကြင်းသန့် said... | Sunday, May 30, 2010 9:15:00 AM

မမကိကိရေ....အရင်က ဖော်ဝဒ်မေးလ်ရလို့ ဖတ်ဖူးတယ်။ မတူတာတွေကတော့ ဟိုးအရင်ကတည်းက မတူခဲ့သလို နောင်လည်း တူနိုင်ဖွယ် မမြင်ပါဘူး။ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာရော ကိုယ်သဘောကျတာ ရှိသလို သဘောမကျတဲ့ အမူအကျင့်တွေလည်း ရှိပါတယ်။ များသောအားဖြင့်တော့ ကိုယ်တွေနေထိုင်ရာအရပ်ဒေသနဲ့ သင့်တော်မယ့် လိုက်လျောညီထွေရှိမယ့် အမူအကျင့်မျိုးကိုပဲ ကျင့်သုံးမိနေတာပါပဲ။ တစ်ချို့အမူအကျင့်တွေကျတော့လည်း အရိုးစွဲနေပြီ ပြင်လို့က မရတော့ဘူးလေး)))

ဂျင်ဂျင်း

လင်းခေတ်ဒီနို said... | Sunday, May 30, 2010 10:42:00 AM

ဖွားကိ တကယ် အမြင်ရတယ် . . . မှန်လိုက်တာ ရေးထားတာတွေ ရှဲရှဲ ဖွားကိ

rose of sharon said... | Sunday, May 30, 2010 10:50:00 AM

တော်တယ်ခိခိ... သေသေချာချာကိုစားရင်းပြုစုထားတယ်... ဒို့ကတော့ အရှေ့ရောအနောက်ရော မကောင်းတာပယ် ကောင်းတာသယ်ပြီး ရောသမမွှေလိုက်တာဘဲ

မယ်ကေး said... | Sunday, May 30, 2010 12:57:00 PM

အဲဒါတော့မသိဘူး အနော်တို့ကျောင်းကရုရှင်ဆရာမဆို အတန်းအဝင်ကိုကျတော့ နောက်ကျတယ် အတန်းပြီးတာကျတော့ တိကျတယ်.. သူတော့ ဘယ်အုပ်စုထဲ ထည့်ရမည်မသိ.. :)

ခြင် said... | Sunday, May 30, 2010 1:23:00 PM

ကိရေ... ပုံအောက်က ပါလာတဲ့ အင်္ဂလိပ်စာတွေထက် ပုံလေးတွေရဲ့ အဓိပါယ် ကိုလိုသလို ဆွဲတွေးရလို့ ကြိုက်တယ်...

Anonymous said... | Sunday, May 30, 2010 2:41:00 PM

ကောင်းလေစွ၊ ကောင်းပေစွ...

ဝက်ဝံလေး said... | Sunday, May 30, 2010 6:13:00 PM

ဘယ်ဟာကို နှစ်သက်လဲလို့တော့ အဲလိုမေးလို့ရဘူးဗျ
တချို့ဟာတွေကျတော့ အရှေ့တိုင်းကို သဘောကျတယ် တချို့ဟာတွေကျတော့ အနောက်တိုင်းကို သဘောကျတယ် ဟက်ဟက်
သိဘူးကွယ်

Nge Naing said... | Sunday, May 30, 2010 7:12:00 PM

ကျွန်မကတော့ အရှေ့တိုင်းပဲဖြစ်ဖြစ် အနောက်တိုင်းပဲ ဖြစ်ဖြစ် ကောင်းတယ်ထင်တာ အကုန်ယူတယ်၊ မကောင်းဘူးထင်တာ အကုန်ပယ်တယ်။

မြတ်နိုး said... | Sunday, May 30, 2010 9:24:00 PM

ဖြေခွင့်ပေးပါ။
၁။ opinion အတိုပါ။ ဝေ့တာဝိုက်တာစိတ်မရှည်ဘူး။ဒဲ့ပဲကြိုက်တယ်
၂။way of life အာရှသားအတိုင်းပဲကျင့်တယ်။ တယောက်တည်းသီးခြားနေချင်ဘူး
၃။ Punctuality အချိန်တိကျတာကို ၉တန်းနှစ်ထဲက ဆရာ့ဆီကအကျင့်ကို ယူထားသလို အချိန်နောက်ကျသူကိုလဲ စိတ်မရှည်ဘူး။ မနှစ်သက်ဘူး။
၎။contacts က အနောက်တိုင်းသားအတိုင်းပဲလုပ်တယ်။ အဓိက ဖြေရှင်းနိုင်မဲ့သူဆီဒဲ့သွားတွေ့လိုက်တယ်။တွေ့ခွင့်မရရင် အပေါက်ကနေ မတွေ့မချင်းမပြန်ဘူး
၅။Anger အနောက်တိုင်းသားအတိုင်းပဲ။ ပေါ်တင်ပြတယ်။ မရီနိုင်ဘူး။ ဒါပေမဲ့ သိပ်ဒေါသထွက်ရင်တတ်နိုင်သမျှ ခဏရှောင်ဖို့ကြိုးစားတယ်။
၆။Queue when waiting စနစ်တကျတန်းစီရတာကြိုက်တယ်။
၇။ Sundays on the road အနောက်တိုင်းသားစတိုင် ပဲ အေးချမ်းတဲ့နေရာတွေလျှောက်လည်ချင်တယ်။ shopping ၀ါသနာမပါလို့
၈။Party အဲဒါတော့ ၂ခုလုံးစတိုင်လုပ်တယ်
၉။in restaurant အရှေ့တိုင်းသားစတိုင်ပဲ..ဟဲဟဲ
၁၀။Travelling ၂ခုလုံးလုပ်တယ်
၁၁။Handling အနောက်တိုင်းသားစတိုင်ပဲလုပ်တယ်။ တဆင့်ပီးတဆင့်ဖြေရှင်းသလို ထွက်ပေါက်တွေကိုလည်းကြိုစဉ်းစားတတ်တယ်
၁၂။three meals a day ဟဲဟဲ..မီးက အစားသမားပါ။
၁၃။Tran sportation ဟီး.. ကားမောင်းတတ်ထားချင်တယ်။ဒါပေမဲ့ဘေးကပဲလိုက်စီးချင်တယ်။ စက်ဘီးလည်းစီးပါတယ်။
၁၄။Elderly in day-to day lifeအရှေ့တိုင်းသားလိုပဲနေချင်ပါတယ်
၁၅။Moods and weather ဟင့်အင်း မြန်မာပြည်မှာထဲက ရာသီဥတုမှိုင်းချိန်မှာ ကိုယ်ဝတ်ထားမိတဲ့အရောင်ဟာမှိုင်းနေရင် စိတ်ကမကြည်ဘူး တခါတခါ ဒေါသတောင်ထွက်တယ်။ ပူရင်လဲ မနေနိုင်ဘူး။
၁၆။The boss အဲဒါတော့ မသိဘူး။
၁၇။What's trendyဟင့်အင်း အရှေ့တိုင်းစာပဲ ကြိုက်တယ်
၁၈။ The child ၂ခုလုံးအယူကိုမျှတစွာသုံးချင်တယ်။

သုခုမလေဒီ said... | Sunday, May 30, 2010 9:49:00 PM

1. Opinion အနောက်တိုင်းသားကိုနှစ်သက်ပါတယ်
2. Way of Life ကတော့ တ၀က်စီပေါ့ :D
3. Punctuality လည်း အနောက်တိုင်းသားပုံစံကောင်းပါတယ်
4. Contacts အနောက်တိုင်းသားပါပဲ
5. Anger အနောက်တိုင်းသားပုံစံပဲ (ပွင့်လင်းတာကောင်းတယ်ဆိုပေမယ့် အရမ်းပွင့်လင်းတော့လည်း..)
6. Queue when Waiting အနောက်တိုင်းသားလိုပဲ (စည်းကမ်းသည် လူ၏တန်ဖိုး)
7. Sundays on the Road အနောက်တိုင်းသားလို အေးအေးဆေးဆေး အပန်းဖြေတာပဲကောင်းပါတယ်
8. Party အနောက်တိုင်းသားလိုပဲ နေတာကောင်းမယ် ထင်တယ် (အပြင်ထွက်မရလို့ပြောတဲ့စကား)းP
9. In the restaurant အနောက်တိုင်းသား (တိတ်တိတ်ဆိတ်ဆိတ်ပဲ ကောင်းပါတယ်) နားဒုက္ခရောက်လို့
10. Travelling ဒါတော့ တ၀က်စီပေါ့ (မျက်စိနဲ့ကြည့်တတ်သလို ဓါတ်ပုံရိုက်တာလည်း ၀ါသနာကိုးး)
11. Handling of Problems အနောက်တိုင်းသားတွေလို အဆင့်အတိုင်းပဲကောင်းပါလိမ့်မယ် (တဆင့်ချင်းတက်မှ ချော်မကျတာလေ)
12. Three meals a day အစားကတော့.. အရှေ့တိုင်းနည်းနည်းဆန်သလားပဲး))
13. Tran sportation ဒါတော့ သိဘူး။ (စက်ဘီးရော ကားရော မမောင်းဘူး)
14. Elderly in day-to-day life အဖော်ကတော့ လူထက် ခွေးကပိုကောင်းမလား (ခွေးက
စကားမပြောတတ်ဘူး)
15. Moods and Weather (ကောင်းတဲ့ဖက်မှာ ရှိမယ်)းD
16. The Boss အနောက်တိုင်းသားလို တပြေးညီကြပါစေ
17. What's Trendy အင်း ဒါကတော့...အနောက်တိုင်းစာလည်း ကြိုက်သား
18. The Child အနောက်တိုင်းသားလိုနေတာ ပိုကောင်းပေါ့ (တသီးပုဂ္ဂလ)

Anonymous said... | Monday, May 31, 2010 5:27:00 AM

ဟုတ်ပါတယ်၊ No(15) ကမမှန်ပါဘူး။

အပေါ်က မယ်ကိုး ပြောတဲ့ ရုရှားက location Northern Asia မှာတော့သိတယ်။ culture ကတော့ အနောက်ဆန်မယ်ထင်တာ။ culture လဲ အရှေ့ဆန်တာကိုး..

နှင်းနဲ့မာယာ said... | Monday, May 31, 2010 11:11:00 AM

ကိက အရှေ့တိုင်းသားနဲ့ အနောက်တိုင်းသားအတွက်ပဲရေးထားတယ်...
အရှေ့မရောက် မနောက်မရောက် အရှေ့အလယ်ပိုင်းသားအတွက်လဲ အချိန်ရရင် ရေးပေးအုံးနော်းးး))))
အချိန်တိကျတာကတော့ ဒီက အရှေ့အလယ်ပိုင်းဆိုတဲ့ အတိုင်း
အရှေ့မရောက် အနောက်မရောက် မှန်ချင်မှန်တယ်... မမှန်ချင်ရင်မမှန်ဘူးကိရဲ့....
ဒီကထွက်တဲ့ လေယာဉ်တွေက Delay ဖြစ်တာနဲ့ နောက်ကျတာကလွဲလို့ အေးဆေးပါ...းး)))))

နှင်း

ခိုင်နုငယ် said... | Monday, May 31, 2010 12:12:00 PM

မကိအရင်ကတော့
ဖောင့်ဝပ်မေးနဲ့ ပုံလေးတွေရောက်လာတာတော့တွေ့ဖူးတယ်
ဒါပေမယ့်သေချာမကြည့်ဖြစ်ဖူး။
ခုလိုမကိအသေးစိတ်ပုံလေးတွေနှင့်
တကွသေချာရှင်းပြပြီးတင်လိုက်မှပဲ
မြင်သာတော့တယ်။
ကျေးဇူးပါပဲမကိရေ...

ဖြိုးအောင် said... | Monday, May 31, 2010 7:30:00 PM

နံပါတ် ၅ အချက်ကိုတော့ ကျနော့် အတွေ့အကြုံအရ ပြောင်းပြန် ဖြစ်နေသလိုပဲ။
သူတို့က မကျေနပ်ရင် အများနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာသာ ဒဲ့ဒိုးပြောတတ်တာ၊ တဦးချင်းကိစ္စဆို စိတ်ဆိုးမှန်း မသိရဘူး။ အပြုံးမပျက်ဆက်ဆံနေတာကို
ကြုံရတယ်။ နောင်မှ သူတို့ရဲ့ ပြောင်းသွားတဲ့ ပုံစံကို ကြည့်ပြီး စိတ်ဆိုးသွားတာ ဖြစ်မယ်လို့ တွေးယူရတယ်။

Anonymous said... | Monday, May 31, 2010 10:46:00 PM

တို့အနေနဲ့တော့ အများစုက အနောက်တိုင်းပုံစံနဲ့ အံဝင်တယ်..အထူးသဖြင့် နံပါတ်၃ အချိန် လုံးဝ တိကျမှကြိုက်တယ်...


စူးနွယ်

ရွှေနတ်သား said... | Tuesday, June 01, 2010 1:15:00 AM

ဟိုဟာပြေးကြိုက်လိုက်.. ဒီဟာပြေး ကြိုက်လိုက်ပဲဗျို့ .... ကိုယ့်ကိုယ်ကိုတောင်ဘာမှန်းမသိဖြစ်နေပြီ

An Asian Tour Operator said... | Tuesday, June 01, 2010 2:51:00 PM

အားလုံး တူဖို့တော့မဖြစ်နိုင်ဘူး..

Angel Shaper said... | Tuesday, June 01, 2010 6:45:00 PM

ဟုတ်တယ်နော်....
အရှေ့က အနောက်ကို သဘောကျတယ်။
အနောက်က အရှေ့ကို သဘောကျတယ်.. ခစ်ခစ်
အကုန်လုံးတော့ မတူဘူး။
အကုန်လည်း မကြိုက်ဘူး။
အခုလို ပုံနဲ့တကွ... တိတိကျကျ ရှင်းရှင်းလင်းလင်း ဖော်ပြပေးလို့ ကျေးစ်းးးး

Angel Shaper said... | Tuesday, June 01, 2010 6:46:00 PM
This comment has been removed by the author.
ဏီလင်းညို said... | Tuesday, June 01, 2010 9:20:00 PM

မကွိစ်ရေ......
ကောင်းတာတွေတော့ နိုင်သလောက်လေးသယ်သွားတယ်.....။
သုံးဖြစ်နိုင်အောင်ကြိုးစားကြည့်မယ်....။
မလိုတာတွေမယူဘူး.....။
သူ့အရပ်နဲ့သူ့ဇတ်ကိုးနော့်ဗျ....။
ဘာပဲဖြစ်ဖြစ် ဖတ်ရတာ.........ကျေးဇူးဗျာ......။
(မရောက်တာ.....အတော်ကြာလို့ အနော့်အစ်မကို သတိရတယ်....)

ခင်မင်တဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said... | Tuesday, June 01, 2010 11:17:00 PM

အနောက်ကို မျှော်တာ မဟုတ်ပေမယ့် တချို့ အချက်လေးတွေမှာ အနောက်တိုင်း အယူအဆ လေးတွေကို သဘောကျတယ်။
ဘယ်တော့မှ မပြင်ချင်တာက မိသားစုနဲ့ စုစုစည်းစည်း သေတပန် နေချင်တဲ့ ဘဝလေ။

ကိုချစ်ဖေ said... | Wednesday, June 02, 2010 11:11:00 AM

အနောက်ကိုလျှောက်ပါလို့ အရှေ့ကိုတဲ့မျှော်လိုက်ရင် ဆိုပြီး သီချင်းကိုပြန်ပြင်ဆိုရမလိုဖြစ်နေပြီဒေါ်ကိရေ.
အသက်ကြီးရင်တော့ အရှေ့ကိုပြန်နေချင်တယ်.အခုလဲနေချင်နေတာပဲ.ကိုယ်က အရှေ့ကလာတဲ့သူမို့ အနောက်ကလူဆိုလဲ ဒီလိုပဲနေမှာပါပဲ..

Anonymous said... | Wednesday, June 02, 2010 6:21:00 PM

B..Sh.ts or horse dung! It is stereotyping or that is what westerners think they are
but that is not true at all.

Working with westerners in the
Asian countries is different
from working with westerners
in Western country.

Anonymous said... | Thursday, June 03, 2010 12:13:00 AM

ဒါပထမဆုံးလာလည်တာပါ...
ဖတ်ပြီး တော်တော် ရင်စို့သွားတယ် အာရှသား ကျွန်တော်တို့ အတွက်...

Anonymous said... | Thursday, June 03, 2010 9:13:00 AM

a href purchase accutane

http://accutane.socialgo.com

thawzin said... | Thursday, June 03, 2010 5:17:00 PM

မှတ်သားစရာ အရမ်းကောင်းပါတယ်။ အစ်မဆီ အမြဲတမ်းမလာနိုင်တာ တောင်းပန်ပါတယ်။ ဒီလိုမျိုးမှတ်သားစရာတွေကို အမြဲတမ်းလာတိုင်း မှတ်သားရပေမယ့် အမြဲတမ်းမလာနိုင်ပါဘူးဖြစ်နေတယ်။ ဟုတ်တယ်နော် ခေတ်ရေစီးကြောင်းက အပြန်အလှန်လဲယူနေသလိုပဲနော်။ ဆရာတော်တစ်ပါးဟောတာ ကြားဖူးတယ်။ “ဒါယကာမလေးတစ်ယောက် မလုံမခြုံဝတ်လာမြင်တော့ ဘာလိုအဲလိုဝတ်သလဲတဲ့။ ခေတ်မှီအောင်လို့တဲ့။ ခေတ်ဆိုတာ မှီအောင်လိုက်နေရတာလားတဲ့။ တကယ်ဆို ကျောက်ခေတ်ကနေ အခုလိုလုံလုံခြုံခြုံ ခေတ်ကနေ ကျောက်ခေတ်ကို တပတ်လည်ချင်နေကြတာပါတဲ့။ တကယ်ဆို ငါတို့နိုင်ငံက ရှေ့အပြေးဆုံးနဲ့ ယဉ်ကျေးမှုအရှိဆုံးပါတဲ့။” ပြောင်းလဲကုန်ပြီးအစ်မရေ။ အခုကာလမှာတော့ မမညီမလေးတွေ အလန်းဇယားတွေဖြစ်လာတာတော့ အမှန်ပဲဗျ။ စိုင်းစိုင်းလိုပဲ “ဒီခေတ်ကြီးမှာ မိန်းကလေးတွေလှတာ” ကုန်ပြီးဆရာပဲ။ ကျေးဇူးတင်ပါတယ်