ဒီကနေ့ ဖတ်လိုက်ရတဲ့ သတင်းတပုဒ် ၊ မထူးပေ မဲ့ နဲနဲ ဆန်းနေတဲ့ သတင်း တပုဒ် အကြောင်း ဖေါက်သည်ချပါအုံးမယ် ။ ဒီလို အမှုကိစ္စများ ဟာ ယောကျာင်္း နဲ့  မိန်းမ တွေ ရှိတတ်တဲ့ နေရာတိုင်းမှာ ဖြစ်လေ့ ဖြစ်ထ ရှိတာ မို့  မထူးပေမဲ့ ၊ အပြစ်ပေး အရေးယူတာ ကို မကျေနပ်လို့  စောဒကတက်ခွင့် ရတဲ့ “ လူ့ အခွင့် အရေးတွေ ” ဆိတ်သုဉ်းနေတဲ့ ကိုယ်တိုင်းပြည် နဲ့ ယှဉ်ပြီး ဆန်း နေသမို့  ၊ ပြန်ပြောပြချင်တာပါ ။
နိုင်ငံတိုင်း မှာ အစိုးရ ရှိ ပြီး၊ အစိုးရ အဖွဲ့  လက်အောက်တိုင်းမှာ“ ပြည်သူ့ ရဲ တပ်ဖွဲ့ ” နဲ့ “ ပြည်သူ့  ရဲ” များ ရှိကြပါတယ် ။“ ပြည်သူ့  ရဲ ” ဆိုတာ ပြည်သူလူထု ရဲ့  အသက် အိုးအိမ် စည်းစိမ် တွေကို အကာအကွယ်ပေးဖို့ ၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့  ၊ တရားဥပဒေ စိုးမိုးရေး နဲ့ အေးချမ်းရေး အတွက် ဆောင်ရွက်ဖို့ ၊ နိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ဖို့  တာဝန်ရှိကြပါတယ်။ ဒါပေမဲ့ ဒီလို မြင့်မြတ်တဲ့ တာဝန်တွေ ထမ်းဆောင်နေကြတဲ့ ရဲ တွေ ထဲမှာ လည်း ယုတ်မာ ရိုင်းစိုင်း မသမာ တဲ့ ရဲ တွေ အများကြီး ရှိနေကြပါတယ် ။
ဒီလို မသမာ ခြစားနေတဲ့ ရဲတွေ ဟိုးထိပ်ပိုင်း အမြင့်ဆုံး မှ အောက်ပိုင်း အနိမ့်ဆုံးအထိ နေရာတိုင်း နိုင်ငံတိုင်းမှာ ရှိနေကြတဲ့ အထဲ မှာ မှ ၊ ဒီလို ရဲ မျိုးကို တရားစွဲ ပြစ်ဒါဏ် ချ မှတ် ခဲ့ တာကို ၊ နစ်နာသူမိသားစုမှ မကျေနပ်လို့  ထပ်ဆင့်တရားစွဲ တဲ့ သတင်းတပုဒ် ဒီနေ့  သတင်းစာ မှာ ဖတ်လိုက်ရတယ်
သတင်းအကျဉ်းချုပ် အရ .၊ 桃園( Taoi Ywan District) , Yang Mei city မှာ ရှိတဲ့ Yaung Ang ပြည်သူ့  ရဲ စခန်း မှ( ( 楊梅分局 . 永安派出所) ၊ အသက် ၄၁ နှစ်ရှိ တဲ့  派出所所長 ( စခန်းမှူး 姜 ) ဟာ လွန်ခဲ့ တဲ့ ၂ နှစ်ခန့် က ( ၂၀၀၈ ခု ဇူလိုင်လ တစ်လ အတွင်းမှာ ၂ကြိမ် ) အသက် ၁၆ နှစ် နဲ့ အသက် ၁၄ နှစ် အရွယ် မိန်းကလေး ငယ် ၂ ဦးကို၊ ရဲ ဒလန် တယောက် ရဲ့  အကူအညီနဲ့ မိုတယ် တခုစီသို့  သွေးဆောင် ဖျားယောင်း ခေါ်ဆောင်သွားပြီး အဓ္ဓမ ကျင့် ခဲ့ ပါတယ် ။ ဒီ အချိန်မှာ သူ့ ရဲ့  လက်အောက် ရဲသား တယောက်ကို အခန်းအပြင်မှာစောင့်ခိုင်းထားပြီး ၊ အချိန်ကိုက် ဝင်လာစေကာ ဓါတ်ပုံ ရိုက်ပြီး နောက် သူ့ ရဲ့  ရဲအထောက်အထား မှတ်ပုံတင် ကဒ်ပြား ပြ ကာ ၊ ဒီ မိန်းကလေး တွေကို ပြည့်တန်ဆာမှု နဲ့ ဖမ်းဆီးခဲ့ပါတယ် ။
ဒီလိုနဲ့  အမှု ဖြစ်ပွားတော့ မတရားခံရတဲ့  မိန်းကလေး ၂ ယောက်က အဖြစ်မှန်ကို ဖွင့်ပြောပြီး ၊ အစိုးရ ရှေ့ နေ အကူအညီ နဲ့ ပဲ ဒီယုတ်မာတဲ့  စခန်းမှူး ရဲ ကို ပြန်ပြီး တရားစွဲ ခဲ့ တယ် ။ ဒါကြောင့် လွန်ခဲ့တဲ့ တလ က ဒီ စခန်းမှူး ရဲ ကို ၊ အလုပ်မှ ရပ်စဲပြီး ၊ ထောင်ဒါဏ် ၂ နှစ်ချမှတ်ခဲ့တယ် ။ ချုပ်ရက် လျှော့ လိုက်တဲ့ အခါ ထောင်ဒါဏ် ၁နှစ်နဲ့  ၁၀ လ ကျခံရမယ် ဖြစ်ပါတယ် ။
ဒီလို ပြစ်ဒါဏ်ချတာကို သူကျူးလွန်ခဲ့ တဲ့ ပြစ်မှု နဲ့ စာရင် ပေါ့လျှော့လွန်းတယ် လို့  လူ အများက ယူဆကြပါတယ် ။ ဘာဖြစ်လို့လည်းဆို တော့ တရားခံ ကိုယ်တိုင်က ပြည်သူလူထု ရဲ့  အသက် အိုးအိမ် စည်းစိမ် တွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိနေတဲ့ ရဲ တယောက် ၊ ဒါထက်မက စခန်းမှူးဆိုတဲ့ ရာထူးအဆင့်ရှိနေတဲ့ ရဲတယောက် ဖြစ်နေပြီး ၊ သူစော်ကားခဲ့တဲ့ မိန်းကလေး ၂ ဦးစလုံးဟာ အသက် ၁၈ နှစ်အောက် ၊ အရွယ် မရောက်သေးတဲ့ သူများ ဖြစ်ကြလို့ ၊ ဒါ့ အပြင် ၊ ရဲ အရှိန်အဝါ ကို အလွဲသုံးစားပြုပြီး ပြည်သူတွေကို ချိမ်းခြောက် အနိုင်ကျင့်ခဲ့လို့  ၊ စတဲ့ အချက်များ ကြောင့် ဒီ တရားခံ ကို ပိုမို ကြီးလေးတဲ့  ပြစ်ဒါဏ် ချ မှတ်သင့်ကြောင်း အမျိုးမျိုး ပြောဆို ကန့် ကွက်ကြတဲ့ အတွက် ခု ဆို ရင်၊ နစ်နာသူတွေဖက်မှ ထပ်မံတရားစွဲ ဖို့ ပြင်ဆင်နေကြပါတယ် ။
ဒီလို သတင်းမျိုး ကြားလိုက် သိလိုက်ရတော့ ကိုယ့်တိုင်းပြည် က ဒီနေ့  ဖြစ်ပျက်နေတဲ့ အခြေအနေတွေ နဲ့ နှိုင်းယှဉ်ကြည့်မိပါတယ် ။ သူတို့ဆီက အကျင့်ပျက်ရဲ တွေ ကို ဒီလို လွတ်လွတ်လပ်လပ် ဖေါ်ထုတ်ပေးရဲတဲ့ ဥပဒေ ဘက်တော်သားတွေ၊ ဖေါ်ထုတ်ဖို့  အခွင့် အရေးရှိနေတဲ့ အလားတူ ပြည်သူတွေ၊ နဲ့  အဖိနှိပ်ခံ ပြည်သူ တွေ ဖက်က ရပ်တည်ပေးမဲ့ ၊ မှန်ကန် မျှတတဲ့ တရားဥပဒေမျိုး တွေ ဘယ်တော့ များမှ ပေါ်ပေါက်လာနိုင်ပါ့မလည်း လို့ ၊ မျှော်လေတိုင်းဝေးနေတဲ့ မျှော်လင့်ချက်ကလေးတခု ကို မျှော်လင့်ချင်နေမိပါသေးတယ် ။
တရားဥပဒေအပေါ်မှာ မည်သူမျှ မရှိနေစေရ ဆိုတာ “ အိမ်မက်လေလား ၊ တကယ်လား ” လို့  ....
(ဪ.. အရေးထဲ မှာ မှ .. သီချင်းခွေ ကြော်ငြာ ဝင်လာသေးတယ် ..း))) )
အိပ်မက်လေးတွေ အမှန်တကယ် နဲ့  မနှေးအမြန် အကောင်အထည်ပေါ်နိုင်ပါစေ ။
18 comments:
အင်း... ရဲသားကြီးက ကိုလှရွှေ လူဆိုဖမ်းဖို့ တာဝန်ကျေ..
ငယ်ငယ်တုန်းက သင်ရတာလေ. မေ့နေပြီလား ဖွားကိရဲ့ ...အဟဲ..
yu ya
တို့လုံမေ မခင်မြ ယဉ်ထိန်းရာတွင် ကျွမ်းကျင်လှ..
အော်...ခက်နေပါပြီကော... ဖွားကိရယ်..
yu ya
ဒါကတော့ ဒါပေါ့မကီရယ် အဲ.. ဟိုဟာကတော့ ဟိုလိုပေါ့ ။
အိမ်မက်လား တကယ်လားတော့ လူတိုင်း တွေးနေကြတာပါပဲ။
တရားဥပေဒထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတာ မှန်တယ်လေ။ တရားဥပဒေ အထက်မှာ လူတွေ ရှိနေတာမှ မဟုတ်တာ။ လူမဟုတ်လို့ ဘာလဲတော့ မမေးရဘူးနော်။
အဲဒါ ရှော့ရှိတယ်။
အော်...ရဲများ...အလကားစားချင်တာ အကျင့်ကိုပါလို့..
တရားဥပဒေအထက်မှာ..ပိုက်ဆံထုပ်ရှိကြောင်း..သိစေအပ်ပါသည်..
အင်း . . .
ဒါမျိုးကြီးလည်း ဖြစ်သင့်ပါတယ်။
ဒီမှာတော့ . . ရှင်တို့က ရဲတွေကိုး. .ဆိုတာမျိုးပေါ့လေ။
အန်တီကိ သားသားတို့ မြန်မာမှာဆို ဒီလိုသတင်းမျိုးသတင်းစာမှာမပါဘူးလေ..
အမှန်တွေရေးတဲ့ ဒီသတင်းကို ဆင်ဆာဖြတ်တယ်...
းဝ)
နိုင်ငံတော်ရဲ့ စေတနာနဲ့ သဘောထားအမှန်ကို အထင်အမြင်လွဲမှားစေနိုင်တဲ့ စာပေမျိုးရေးတဲ့ ဖွားကိကို အီလစ်ထရွန်းနစ် ပုဒ်မနဲ့ ၁၀၀ စွဲမယ်...
းဝ)
တစ်နေ့နေ့ပေါ့ မယ်မယ်ကိ့ရယ်.........
လာမယ်..ကြာမယ် ပေါ့...........:)
ဖွားကိနော် ဖွားကိ သူများနိုင်ငံအကြောင်းနဲ့  သူများဥပဒေအကြောင်း ရေးချင်ရေးလို့ ရတယ် ရွှေပြည်တော်ကအခြေနေကိုနှိင်းယှဉ်မရေးနဲ့နော်သိတယ်ဟုတ် အပေါ်ကမိတ်ဆွေတွေရေးကြသလို ရှော့ လဲရှိတယ် အီလက်ထရောနစ် ပုဒ်မ (၁၀၀)နဲ့ လဲတွေ့ နေဦးမယ် အဲဒါဘာကြောင့် လဲဆို တရား ဥပဒေ ရဲ့ အထက်မှာသူတို့ ရှိနေလို့ ဘဲပေါ့  ဓါးထက်ထက်
အင်းးးး
ဘာပြောရမလဲဟင်
ဘာပြောစေချင်လဲဟင်
ဟိ
တနေ့တော့ ....... အိမ်ကျယ်နဲ့ ခရေတွန်ဆိုတဲ့ သီချင်းကို သတိရလို့ပါအေ
ဟိဟိ
ကိကိရယ်၊ ပူပါနဲ့ဗျာ၊ အဲလို ပြည်သူ့ဘက်က ရပ်တည်မဲ့ဥပဒေတွေကို မူးကြီးသန်းရွှေက ချမှတ်နေပါပီဂျာ့။
ခက်လိုက်တဲ့..ကိကိ..
ဥပဒေဆိုတာ ဟိုလူ့အတွက်တမျိုး ဒီလူ့အတွက်တမျိုး
ဘယ်နိုင်ငံမှာမှမရှိတာ..ဂုဏ်ယူစမ်းပါ။
မြတ်နိုး
တရားဥပဒေအတိုင်း စီရင်ရင် မူခင်းတွေနည်းပါးပြီး ပြည်သူတွေဘ၀ လုံခြုံတာပေါ့လေ..။
ကောင်းတဲ့ရဲတွေ သက်တော်ရာကျော်ရှည်ပါစေ..
မကောင်းတဲ့ရဲတွေ အမြင်မှန်ရကြပါစေ..
ဟူးးးးးးးး
kiki ရေ လာဖတ်သွားတယ်။ နောက်ပိုင်း ဒီလိုပို့စ်တွေ ပိုများလာတယ်။ ဒေါ်လာစားပြီး ဆူပူအောင် သွေးထိုးလှုံဆော်တဲ့ ဘလော့ဂ်စာရင်းထဲ ပါသွားဦးမယ်နော့်။ မြန်မာပြည်မှာလဲ ဒါမျိုးတွေ နေရာအနံ့အပြားရှိမှာပဲ။ ဒါပေမဲ့ မြန်မာပြည်မှာ ရဲကိုဒီလို ပြန်တရားစွဲနိုင်ဖို့ကတော့ အိပ်မက်ပဲ ဖြစ်နေမှာ ဖြစ်ပြီး ဒီလို အမှုမျိုးလည်း ဖေါ်ထုတ်ရဲပါ့မလား။ ကိုယ့်ကံပဲ ဆိုပြီး ကြိတ်မှိတ်ခံနေရတာ ဘယ်လောက်ရှိပြီလဲ မသိဘူး။
လူတိုင်းဟာ ကိုယ့်ဥပဒေကို
ကိုယ်ပြန်လေးစားသင့်ပါတယ်နော်...
ခုတော့ ရှေ့ဆုံးက ချိုးဖောက်နေကြတယ်..
ရဲစခန်းမှူးကိုပြောတာပါ.. တစ်ခြားသူတွေကို မပြောရဲပါဘူး...း)
မမကိကိရေ မကြာမီ လာမည် မျှော်...... :)))
ဂျင်ဂျင်း
ချစ်ကိ ကလည်း
ဒါလေးများ..ရိုးစစစစစစစစစစစစ
ရွှေစင်
Post a Comment