ဟိုးတလောက ပြောမနာ ဆိုမနာ မိတ်ဆွေ အပေါင်းအသင်းများ နဲ့ အားလပ်ရက် တရက် ၊ ဆိုင်တဆိုင် မှာ စားရင်းသောက်ရင်း စကားစမြည်ပြောဆိုကြတော့ သောကြာသမီး မဟုတ်ပေမဲ့ စကားအလွန်များသော မယ်ကိ တယောက် အစသန် အနောက်သန် နဲ့ မို့  ထမင်းတူတူ စားနေတဲ့ ဘလော့ဂါ ညီမငယ်လေးတယောက် ကို စချင်စိတ်ပေါ်လာမိတယ် ။ ဘာလို့ ဆိုတော့ တဝိုင်းလုံး စကားဖေါင်ဖွဲ့ ပြောဆိုနေကြပေမဲ့ သူကတော့ ဘာမှ မဆိုင် သလို မြိန့်  မြိန့် ကြီး ထိုင်လို့  ၊ ပြုံးတယ် ဆိုရုံလေး ပြုံး နေလို့  ၊ သူ့ ကို နောက်ပြောင် ပြောဆို ချင်လာမိတယ် ပေါ့ ။ သူ့ နာမယ် ကို ပူး လို့ ပဲ အတိုကောက် ခေါ် ပါတယ် ။ ဒီတော့“ ပူးမှာ ပါးစပ်ပေါက် မပါဘူး ထင်တယ်” လို့  တယောက်က ပြောတဲ့ အခါမှာ မယ်ကိ ရဲ့  ပုံပြင်လေးတပုဒ် မထင်မှတ်ပဲ ပြောဖြစ်သွားတယ် ။ သူ့ ကို နစ်နာစေလို လို့  ပြောတာ မဟုတ်ပဲ စရုံ သက်သက် ပါ ။ ဒါပေမဲ့ အရောင်တွေ ပါတဲ့ ရယ်စရာ မို့ ၊အပျိုဖြန်းလေး သူ့ ခမျာ ရှက်သွားရှာလေ မလား လို့  ခုမှ တွေးမိတာ နဲ့ ဒီစာလေးတပုဒ် ရေးဖြစ်ပါတယ် ။သူ့ ကို အရှက်ရစေလား တော့မသိ ၊ မယ်ကိ အဖေတော့ ရှက်သွားဖူးတာ နဲ့ မို့ ပါ ။
( သတိ / အသက် ၁၈ နှစ်အောက် များ မျက်စိ တဖက်မှိတ်ပြီး ဖတ်ပါရန် )
ဒီပုံပြင်လေး အကြောင်း မပြောခင် အဖေ နဲ့  အမေ အကြောင်း အနဲငယ်မျှ ငယ်ကျိုးငယ်နာ ဖေါ်မှ ဖြစ်မယ် ။ ဘာလို့ ဆိုတော့ ဒီင်္ ပုံတိုပတ်စ ၊ အပြာရောင် ၊ အဝါရောင်တွေ ဆိုးထားတဲ့ ဟာသ များ ဟာ မယ်ကိတို့  ငယ်စဉ် ကတည်းက အဖေနဲ့ အမေတို့ ၊ တယောက်နဲ့ တယောက် စရင်းနောက်ရင်း ပြောနေကြ မို့  ကြားဖူးနားဝ ဖြစ်နေခဲ့တာပါ ။
ဒီလို ..ဒီလို .. ရှင်းလေ ရှုပ်လေ မို့  တည့်တည့် ပဲ ပြောပါတော့မယ် ။ အဖေက ငယ်ငယ်တည်းက စစ်သားပါ ( ခုခေတ် စစ်သား မဟုတ် ) ။ လူပျို ဘဝ တည်းက အားကြီး အလှအပကြိုက် ။ သူ တို့ ခေတ်က ကျော်ဆွေ တို့  ခင်ယုမေ တို့ ခေတ်ဆိုတော့၊ သူ့ ကိုယ်သူ မင်းသား ကျော်ဆွေများ မှတ်နေသလား မသိ ၊ဆီတွေ ပြန်နေအောင် လိမ်းပြီး ဆံပင်ကို အမောက်ထောင် တယ် ။ ကျော်ဆွေ စတိုင် လိုက်ဖမ်းတယ် ပေါ့ ။ အံမယ် ဒါနဲ့တင် မပြီးသေး ၊ကျော်ဆွေ ထက် ပိုတာက နှာခေါင်းမွှေးစစ ပါ ထားလိုက်သေးတယ် ဆိုပဲ ။ဒီလိုနဲ့ သူ ဘာဖြစ်တယ် မသိပါဘူး ။ ဆေးရုံ တက် ရတော့ သူနာပြု ဆရာမပေါက်စ အမေ နဲ့ တွေ့ ပြီး ။ အပြောကောင်း ၊အကျူ ကောင်းတာ နဲ့ သမီးရည်းစား ဖြစ်ကြရော တဲ့ ။ (ခုလို အီးခေတ်ကြီးထဲမှာဆို အဖေလည်း အွန်လိုင်း ချက်တင် မင်းသား ဖြစ်လောက်တယ် ) ။ အဖေ့ ကို တပ်ထဲမှာ“ နှုတ်ခမ်းမွှေး” လို့  ခေါ်ကြတယ် ။ အမေက နမ့်ခမ်း ဒေါက်တာ ဆီးဂရေ့ ဆေးရုံက သူနာပြုဆရာမ ပေါ့ ။ ( ဒေါက်တာ ဆီးဂရေ့ ဆိုတာ မြန်မာ ပြည်မှာ တာဝန်ထမ်းပြီး ဆေးရုံ ရယ်၊ လူနာတွေရယ် ။ ဆရာဝန် ဆရာမတွေရယ် ကို အလွန်သံယောဇဉ်ကြီး တဲ့ ၊ စည်းကမ်းကြီးတဲ့ အမေရိကန်သား ဆရာဝန်ကြီးပါ ) ။
အဲ့ဒီမှာ တွေ့  ပြီး ချစ်ကြိုက်ကြ ပြီးတဲ့ နောက် အိမ်ထောင်ပြုပြီးနောက် ။ ယောင်နောက် ဆံထုံးပါ ဆိုသလို အဖေ့နောက် အမေပါသွားရော ။ ဒီတော့ မြေပြန့် ရောက်လာပြီး သူနာပြု ဆက်လုပ်တယ် ။ အစိုးရဝန်ထမ်း ထုံးစံအတိုင်း ဟိုပြောင်း ဒီရွှေ့ နဲ့ မယ်တရွာ မောင်တမြို့ ပေမဲ့ လဲ ကလေးတွေ တပြွတ်ပြွတ် မွေးဖြစ်တယ်၊ စုရင်းဆောင်းရင်းနဲ့ ဒါဇင်ဝက် ရှိသွားတယ် ။ (ခုခေတ်မှာ ဒီလောက်မွေးရရင် ဒုက္ခပေါ့ ) ။ဒီလိုနဲ့ အဖေ့ နှုတ်ခမ်းမွှေးကလည်း ပို ရှည် ရှည်လာ တော့ တယ် ။့ ၊ တနေ့ မှာ အမေက ပြောတယ် “ ရှင့်အမွှေးတွေ လူမြင်မကောင်းတော့ဘူး ၊ ရိတ်ပါအုံး ” လို့  ပြောသတဲ့ ။ အဖေကလည်း ပေကပ်ကပ် နဲ့ မရိတ်ပဲ ဒီအတိုင်းထားသတဲ့ ။ အမေတို့ ဆရာမတွေ ဆိုတာကလည်း အလုပ်သဘောအရ မတော်တရော်တွေ မြင်ရ ၊ကိုင်တွယ်ရတာတွေ နဲ့ ၊ အလုပ်ထဲမှာ အပြာရောင် အဝါရောင် ဟာသတွေ အချင်းချင်းပြောနေကြတာ ရိုးနေပါပြီ ။
အဲ့ဒါ နဲ့ ပဲ အမေက အဖေ့ ကိုဆက်ပြောသတဲ့ ၊ ဒီမှာ ရှင် ရိတ် မလား ။ ကျွန်မ ပြော ရမလား ပေါ့ ။ ဒီလို နဲ့ပဲ အမေ့  ဟာသလေးတပုဒ် ပြောဖြစ်တာပါ ။
တနေ့ မှာ လင်မယား နှစ်ယောက် နဲ့ ကလေးများ ပါတဲ့ မိသားတစု ဟာ အိန္ဒိယ စားသောက်ဆိုင်တခု မှာ စားသောက်နေကြသတဲ့ ။ အိန္ဒိယအစားအစာ ဆိုတော့ ထုံးစံ အတိုင်း ပဲဟင်း က ရှောင်မလွတ်ဘူးပေါ့ ။ ပူရီဟင်း ။ ချပါတီ ။ နံပြား ။ တို ရှည် ။ ဘာပဲ စားစား ပဲနီလေးတို့ ၊ ကုလားပဲ ဟင်းရည်တို့  ကတော့ ပါကြ တာလေ ။ ပြီးတော့ ချပ်သနီတို့  မန်ကျီးအချဉ်ရည် တို့  ရောပြီး ၊ ဟင်းဖတ်တွေကို ငှက်ပျောရွက်မှာ ထဲ့ ၊ ပြီးတော့ လက်နဲ့ အားရပါးရ တွယ်ကြရတာ ကိုး ။ ဒါတင်မက လက် ၅ ချောင်းစလုံး တပြွတ်ပြွတ် စုပ် တတ်ကြသေးသတဲ့ ။(ခုတော့ ဒို့ မိတ်ဆွေ တို့  ၊သဲဝါရ် တို့  ၊ မြို့ တော် တို့  အပါအဝင် အိန္ဒိယ စားသောက်ဆိုင် တွေမှာ ပုံစံခွက်ဒန်ပုဂံပြးတို့၊ ကြွေပန်းကန်ပြားတို့ ၊ ဇွန်းခက်ရင်းတို့  နဲ့ ဖြစ်နေကြပါပြီ ၊ဒါပေမဲ့  လက်နဲ့စားသူများလည်း အများကြီး ရှိနေပါသေးတယ်၊ ဒီလိုစားမှ အရသာ ပိုရှိတယ် ဆိုပဲ ) ။ ဒီ မိသားစု အနားမှာ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးရှည်ကြီးနဲ့  ကုလားအဖိုးကြီး တယောက် လဲ စားသောက်နေသတဲ့ ။
ကလေးများက ထုံးစံ အတိုင်း စပ်စုတတ်ပေသမို့  သူတို့  အနားမှာရှိနေတဲ့ ကုလားအဖိုးကြီး ရှလူးရှလဲ အသံပေါင်းစုံ နဲ့  စားနေတာကို ငေးပြီးကြည့် နေကြသတဲ့ ။ ပြီးတော့ သူတို့ချင်းချင်း လက်တို့  ပြောရာက အငြင်းပွားလာကြသတဲ့ ။
အငယ်ကလေးက ပြောတယ် ။ ဟို အဖိုးကြီး က ပါးစပ်လဲ မပါပဲ ဘယ်လို စားသလည်း လို့  သူ့  အကို ကို မေးတာပေါ့ ။ဒါနဲ့ အကိုလတ်က အေး ၊ဟုတ်တယ် ။ ဘယ်လိုစားသလည်း မသိဘူး ။ ငါလည်းသိချင်တယ် ပေါ့ ။ ဒီတော့ အကိုကြီး က
သူ့ မှာ ပါးစပ်တော့ ပါမှာပေါ့ ။ ဒါပေမဲ့ ဘယ်နေရာမှာမှန်းမသိဘူး ။ လို့ဆိုတယ် တဲ့ ။ ဒီလို နဲ့  တယောက် တပေါက် မေးရင်း ပြု ရင်း ဘာမှန်းမသိတော့ ကလေး သုံးယောက်စလုံး အဖိုးကြီး ရှေ့ မှာ သွားထိုင် ပြီး တအံ့တသြ ကြည့်ကြသတဲ့ ၊ အဖိုးကြီး မုတ်ဆိတ်တခုလုံးလည်း ပဲဟင်းရည်တွေ နဲ့  ပေကျံ ရှုပ်ပွ နေလေတော့ ဘာနဲ့တူမှန်းမသိ ကြလို့  ။ မေမေရေ ၊ဒီအဖိုးကြီး မှာ ပါးစပ်လည်းမရှိဘူး ။ဒါပေမဲ့ လမ်းထိပ်က အရူးမကြီး အီးပန်းတုံးက လိုမျိုး တူတူ ပဲ ဆို ပြီး သူ တို့  အမေ ဖြစ်သူ ကို လှမ်းအော် ပြောသတဲ့ ။ ဒီတော့မှ အဖိုးကြီးလည်း ရိပ်မိသွားတော့ ဒေါသတကြီး ပြန်ပြောတာ က
“ ဟဲ့ ကလေးတွေ ၊ ဒီ မှာ ကြည့် ကြ ။ ဒါ ငါ့ပါးစပ် မဟုတ်လို့  နင်တို့  အမေ X X ကြီးလား ဟဲ့ ” လို့ ဆိုလေသတဲ့ ။
ဒီဟာသ လေး ကို အမေက အဖေ့ ကို ပြော ပြ ပြီး နောက်သကာလ မှာ အဖေလည်း သူ့  နှုတ်ခမ်းမွှေး ကိုစမ်းလိုက် မုတ်ဆိတ်မွှေးငုတ်စိလေးကို စမ်းလိုက် နဲ့ တဟဲ ဟဲ ရယ် ပြီး၊ နေ့ မကူး ပဲ သူ့ အမြတ်တနိုးနှုတ်ခမ်းမွှေးတွေကို ရှင်းလိုက် ပါလေရောတဲ့ ကွယ် ။
ဪ .. ပါးစပ်ပေါက် ။ ပါးစပ်ပေါက် ။ စားတတ်တဲ့ သူတိုင်း ပါးစပ်ပေါက် ပါမှ ဖြစ်တာပါလား ။ ပါးစပ်ပေါက် မတွေ့ တိုင်း မစားတတ် မဝါးတတ် ထင်ရင် မှားသွားပါလိမ့်မယ် ...
( အထက်ပါ ပုံလေးကို ဂူဂယ် မှ ရှာဖွေ ရယူ ထားပါတယ် ) မယ်ကိ အဖေ ဒီလောက် မချောကြောင်းပါး))
တမလွန်ဘဝမှ အဖေ အား အမှတ်တရ ငယ်ကျိုးငယ်နာ ဖေါ်မိတာ ခွင့်လွှတ်တော်မူ ပါ အဖေရေ ....
25 comments:
ဟားဟား..
အင်း.. ပြောရရင် ကိုမြတ်ခိုင် က သူ မွေး ထားတဲ့ 
ဘောလုံး တစ်သင်းစာ တိုက်စစ်မှုး များကို အာလုပ်သံကြီးနဲ့ 
“ ငါ.... ” ဆိုပြီး ပို့ သလို ပေါ့ ဗျာ။
ညစ်ပတ်ပေမဲ့  သန့် ရှင်းပြီး ချစ်စရာ ကောင်းပါတယ်ဗျ။
ကျွန်တော်က အဲ့ လို တွေးတယ်။
နဲနဲ ပြုံး ရရင်ပဲ ကျေနပ်ပြီ...။
:):):):)
အင်ထရိုလေးစိတ်ဝင်စားလို့ ဖတ်မိတယ် ငယ်ကျိုးငယ်နာဖေါ်တတ်တဲ့ အကျင့် လေးကို သတိထားမှဖြစ်တော့ မယ် မကိတို့ အဖေနဲ့ အမေ စုဆောင်းတတ်ပုံများအတုယူစရာကောင်းလိုက်တာ ရွှေ့ ရင်းပြောင်းရင်း မယ်တရွာမောင်တမြို့ နေရင်း ကလေးဒါဇင်ဝက်ရတယ်နော် အတူများနေကြရင် ဘောလုံးနှစ်သင်းစာရလောက်မယ်ထင်ရဲ့  ချစ်တတ်လိုက်ကြတာ ကျနော်က့ နှုပ်ခမ်းမွှေးမုတ်ဆိတ်မွှေးမထားတတ်တော့  ဒီပုံပြင်လေးထဲကမုတ်ဆိတ်မွှေးကြီးနဲ့လူကြီးလို ခလေးတွေဝိုင်းကြည့် မခံရတော့ ဘူးပေါ့ ဟူး....တော်ပါသေးရဲ့ 
ဗြဲ.ဗြဲ.ဗြဲ..
လာဖတ်သွားပီ။ နှုတ်ခမ်းမွှေးနဲ့ ပါးစပ်ပေါက်မရှိတဲ့ ကုလား အဖိုးကြီးအကြောင်းး))
အဟိ..ဖတ်သွားပါတယ်..
မမကိ..:P
ဟိဟိ
ဟဟ
ပြဲပြဲ
ဗြဲဗြဲ
အသက် ဆယ့်ရှစ်ကျော်ပြီ နှစ်လုံးဖွင့်ကြည့်ရတယ်ဟုတ် အမား
လာရယ်သွားတယ် ကိကိရေ... :P
စူးနွယ်
၇ယ်၇တယ်... ကျေးဇူး ဖွားကိ
ဟီးးး
ပြောလဲခံရမှာပဲ နော် ဟဟဟဟ
ကုလားကြီးပြောတဲ့ နင့်အမေ ... ကြီးလားဆိုတာနားလေး ရီရတယ် ဗျ
ဟားဟားးးးးးးးးးးးးးးးးး
ဟုတ်ပါ့တော် ကလေးတွေကလဲ တော်တော်စပ်စုတဲ့ဟာတွေပဲ ဟိ
:D
ရီနေရတယ်
ပါးစပ်ဖွင့်ပြီးတော့
ပြုံးပြုံးပြုံးပြုံး လုပ်တာ မဟုတ်ဘူနော် .. :D
ဟားဟား တအားရယ်ဖြစ်တယ်..
အိမ်နားက ဘာဘူကြီးတောင် သတိရသွားပြီ..။
မကိ.ကတော့လေ. ငယ်ကျိုးငယ်နာဖော်တာ..ဖေဖေနဲ့ မေမေတောင် မချန်ဘူး:D
:))))))))))))))))))))))
မုတ်ဆိတ်ထားတဲ့သူဘယ်လိုနေလဲတော့မသိပေမဲ့ မြင်ရတဲ့သူတော့မျက်စေ့နောက်တယ် မမရေ
သာယာချမ်းမြေ့ပါစနော်
မိုး
:)
ရီရတယ်...
ကုလားကြီးပါးစပ်ပေါက်က ဒေါင်လိုက်လား..ကန့်လန့်လား.....ဒေါင်လိုက်ဆိုရင်တော့ ကုလားကြီးမှန်ပါတယ်...
ဟဲဟဲဟဲ နဲ့စနေတယ်ဆိုတော့ ကျန်းမာရေးပညာပေးလည်း မဖြစ်နိုင်ဘူး၊ တခြား မြင်တွေ့နေရတဲံ့ ပတ်ဝန်းကျုင်ကို စိတ်ပျက်ပြီး ရေးတဲ့ ပို့စ်လည်း မဖြစ်နိုင်ဘူးဆိုတာ သိနေတယ်။ ထင်တဲ့အတိုင်းပဲ မိသားစုအကြောင်းလေး ဖြစ်နေတာ ခန့်မှန်းတာ မှန်နေတယ်။ ကိကိတို့က အိန္ဒိယ မျိုးစပ်တာလား။
နောက် စားသောက်ဆိုင်တွေမှာ နှုတ်ခမ်းမွှေး မုတ်ဆိပ်မွှေးတွေနဲ့ စားကြသောက်ကြတဲ့သူတွေတွေ့ရင်တော့..ဒေါ်ကိပြောတဲ့ ပုံပြင်ကို ပြေးမြင်မိတော့မှာပဲ..ဒုက္ခ
hee heeeeeeee
har har....
:))
:))
Myatnoe
ဒုတိယ အကြိမ်မြောက် ထပ်ရယ်လိုက်ရတယ်။။။
ကုလားကြီးက ပါးစပ်ပေါက်မပါဘူးတဲ့တော့...
ဟီးဟီး...
မကိဖားသားကြီးတော့ ဒေါခီးနေဦးမယ်နော်
ဟိဟိ...ကျွန်တော်ကတော့ တိတ်တိတ်လေးမရယ်တတ်လို့  အသံတွေပါထွက်ကုန်ပြီဗျ
အဲဒီနေ့ ကဘယ်လိုများနောက်လိုက်လို့ လည်းဗျာ...
မျက်စိတစ်ဖက်မှိတ်ပြီး ဖတ်သွားပါတယ် မမကိကိ
ဟိဟိဟိ...
ဂျင်ဂျင်း
သြ. . .
ကျနော် ကုလားကြီးလည်း မမြင်ဖူးဘူး. .
အရူးမကြီး ချေးပန်းတာလည်း မမြင်ဖူးဘူး. .
ဓါတ်ပုံနဲ့ တကွ တင်ပြပါရန်. . .:))
သြော်... နတ်ပြည်က အဖေတောင် အငြိမ်မနေရပါလား...
ဒီသမီးတယောက် အရွှမ်းဖောက်တာနဲ့ နတ်စည်းစိမ်တောင် ပျက်တယ်...
းဝ)
ကိ ရေ
ဖတ်ပြီး ရီလိုက်ရတာ အခုမှ ဖတ်ဖြစ်သွားတယ်...
မကိ မန့်တာလေးတွေ စာလေးတွေ ဖတ်ပြီးရင် တကယ် စိတ်ချမ်းသာတယ်
ကျေးဇူးပါ
ရွှေစင်
Post a Comment