စားဝတ်နေရေးအတွက် ၊ အသက်ရှင်နေထိုင်ဖို့  အတွက် ၊ အရွယ်ရောက်သူတိုင်း အလုပ်လုပ်ကြရတယ် ။( နိုင်ငံတချို့မှာ အရွယ်မရောက် ၊လူလားမမြောက်သေးတဲ့ အရွယ်တွေမှာ အခြေအနေအရ ရရာ အလုပ်လုပ်ပြီး အသက်ဆက်နေရသူများ၊ မတရား စေခိုင်းတာ ခံနေရသူများလည်း အများကြီး ရှိနေပါတယ် ) ။ အလုပ်မလုပ်ပဲ သူများမျက်ခုန်းပေါ်စင်္ကြန်လျှောက်နေကြသူ လူ့ ဗာလံ များလည်း တပုံကြီးပေါ့ ။သူတပါး မျက်ရည်ကျစေပြီး ကိုယ့်အကျိုးကိုသာကြည့်သူများ ကို တော့ စာရင်းထဲ ထည့် မပြောလိုတော့ပါ ။ ဒီအရပ်ဒေသမှာ ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ကိုယ့်ဘဝ ကိုယ်ဖန်တီးနေကြသူ သာမန် လူတွေ နဲ့  သာမန်မိသားစုတွေရဲ့  အားလပ်ရက် နဲ့ အားလပ်ချိန်တွေ ၊ ဘယ်လို အသုံးချကြသလည်း ဆိုတာ မြင်မိ တွေ့ မိ သလောက် အမှတ်တရ အနေနဲ့ မှတ်တမ်းတင် ထားခြင်လို့  ဒီစာစု ကို ရေးပါတယ်။
ဒီဘက်နှစ် အနည်းငယ်မှာ ဒီနိုင်ငံမှာလည်း စီးပွားရေးကျဆင်းတာကြောင့် အရင်လို ဝယ်နိုင် သုံးနိုင် ခရီးထွက် လည်ပတ်နိုင်မှု တွေ အနည်းငယ်တော့ ကျဆင်းသွားပါတယ် ။ ဒါပေမဲ့ ဆင် ပိန် ကျွဲ ဆိုသလို ဒီမှာ ကျွဲတွေ တော်တော် များများ ရှိနေကြပါသေးတယ် ။ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပညာရေး ပံ့ပိုးပေးမှု တွေကတော့ လျှော့ဈေးမရှိ အရင်လိုပဲ ဆက်လက်တည်ရှိနေပါတယ် ။ ကျန်းမာရေး အာမခံကြေးတွေ တိုးပြီးကောက်ခံပြီး ဝန်ဆောင်မှု ကျဆင်းသွားတာမျိုးတော့ မရှိတဲ့ အတွက် နေသာပါသေးတယ် ။
ပြီးခဲ့တဲ့ တပါတ် နဲ့  ဒီနေ့  တနင်္ဂနွေ အားလပ်ရက်တွေ မှာ ရောက်ခဲ့ တဲ့ နေရာ နဲ့  အကြောင်းအရာ လေးတွေ ...စိတ်ဝင်စား တယ်ဆိုရင်တော့ ဆက်လက်ကြည့်တော်မူကြပါ ။
ရေပူထွက်တဲ့ နေရာ ။ Yang Maing တောင် ပေါ် သွားတဲ့ လမ်းခရီးမှာ ရှိတယ် ။ အဲ့ ဒီ နေ့ က မိုးအုံ့  နေတော့ ခရီးသွားရတာ ကောင်းပါတယ် ။ အန္တရာယ်ရှိမှာစိုး လို့  အနီးထိတော့ ဆင်းလို့ မရပါ ။ ဒီနိုင်ငံ က တောင်တွေ ထူထပ်ပြီး မီးတောင် နဲ့ ငလျင်ကြောတွေ ရှိတဲ့ အတွက် သဘာဝ ဘေးအန္တရာယ်တွေ မကြာခဏ ရှိတတ်ပါတယ် ။ ဒါပေမဲ့ မင်းဆိုး မင်းညစ် အန္တရာယ်မရှိတဲ့ အတွက်တော့ ခံသာပါသေးတယ် ။
ကြားဖြတ်သတင်းလေးတပုဒ် တင်ပြချင်ပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေ ( ၂၇.၄.၂၀၁၀) နေ့ လည် ၂ နာရီ အချိန် ဒီနိုင်ငံရဲ့  မြောက်ဖက်ပိုင်း ဟိုင်းဝေး လမ်းမကြီး တခု ၊ တောင်ကို ဖြတ်ဖေါက်ထားတဲ့ လှိုင်ခေါင်း ထဲမှာ တောင်ပြိုကျသွားတဲ့ အတွက် ကား၃ စီးပိတ်မိပြီး ၊ လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။ ရုတ်တရက်မို့  စစချင်းတော့ ကားနဲ့ လူဘယ်လောက် မြေပြို ပိနေမှန်း မသိရပေမဲ့ လမ်းမကြီးပေါ်မှာတပ်ထားတဲ့ ဗီဒီယိုကင်မရာတွေ အရ အထဲမှာ ပိတ်မိနေတဲ့ ကားအစီးအရေအတွက်ကို နာရီပိုင်းအတွင်းတွက်ချက်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ တွေ နဲ့ နေ့ ရောညပါ အပူတပြင်း တူးဖေါ်ရှာဖွေခဲ့ကြပါတယ် ။ သမ္မတ မာယင်းကျို (Mah Ying Jio) နဲ့ ကုန်းလမ်းပို့ ဆောင်ဆက်သွယ်ရေး ဝန်ကြီးတို့  လည်း အချင်းဖြစ်တဲ့ နေရာကို ရောက်လာပြီး အခြေအနေ ကို ကြည့်တယ် ။ သူ့  အပိုင်း နဲ့ သူ သက်ဆိုင်ရာ အဖွဲ့ တွေ ချက်ချင်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ကြတယ် ။ ပိတ်နေတဲ့ ကျောက်တောင်ကို ဖေါက်ပြီး ခေတ်မီကရိယာတွေ အကူ အညီနဲ့ ပိတ်မိနေတဲ့ ကား နဲ့ လူတွေကို ရှာဖွေကြတယ် ။ နောက်တရက်မှာ ရစ်ခ်ျတာစကေး ၆.၂ ရှိတဲ့ ငလျင်လှုပ်ပေမဲ့ ကယ်ဆယ်ရေး သမားတွေ မနားပဲ မိုးရေထဲမှာဆက်လက်ရှာကြတယ်။ စစ်သားတွေရော ဆောက်လုပ်ရေး လုပ်သားတွေရော မနားတမ်း တူးဖေါ်ရှာဖွေခဲ့ တာတောင် ၄ ရက် မြောက်မှ ကား ၃ စီး နဲ့ လူ ၄ ယောက် ကို ဖေါ်နိုင်ခဲ့ပါတယ် ။ အဲ့ဒီ အတွက် နိုင်ငံတော်က သေဆုံး သူ များကို လျော်ကြေး သန်းပေါင်းများစွာ ပေးရမယ် ဖြစ်ပါတယ် ။လောလောဆယ်တော့ နာရေးအတွက် သေသူတဦးဆီကို ထိုင်ဝမ်ဒေါ်လာ ၁ သန်း( အစိမ်း ၃သောင်းကျော်) စီပေးပါတယ် ။ ( အကျွန်ုပ်တို့ နိုင်ငံကြီးမှာ ဒီလို လမ်းမကြီးတွေ မရှိတာပဲ တော်ပါသေးတယ် ၊ လို့ ဖြေတွေးလေး တွေးမိပါတယ် )
ပင်လယ်ထဲက ကျွန်းတကျွန်း ဖြစ်တဲ့ အတွက် ကျွန်းတပတ် ပတ်လိုက်ရင် ဘယ်ဘက်ကနေ သွားသွား ပင်လယ်ကို ရောက်ပါတယ် ။ ငါးမျှားသူတွေ လည်း နေရာ အနှံ့ပါပဲ ။ မုန်တိုင်းကျတဲ့ အချိန်မျိုးမှာတောင် ငါးထွက်များသူများ ၊ရေလွှာလျှောစီး ကြသူများ ရှိကြလို့  လှိုင်းပုတ်ပြီး ပင်လယ်ထဲ မျောပါသွားသူများ အသက်ဆုံးရသူများလည်း မနည်းပါဘူး ။
ဒီအတွက် အန္တရာယ် ရှိတတ်တဲ့ အချိန် နဲ့ နေရာတွေ မှာ ငါးမမျှားရ ။ရေ မကူးရ သတ်မှတ်ချက်တွေ ထားပြီး စည်းကမ်း ဖေါက်သူတွေကို အရေးယူပါတယ် ဒါဏ်ငွေရိုက်ပါတယ် ။ ဘာလို့ဆိုတော့ ဒီစည်းကမ်းဖေါက်ပြီး အသက်အန္တရာယ်ကျရောက်လာရင် ပင်လယ်ထဲ ကျသွား မျောသွားရင် လိုက်လံ ကယ်ဆယ်ပေးရတဲ့ စရိတ်က အင်မတန်များတဲ့ အတွက် လူတွေ စည်းကမ်းလိုက်နာအောင် တင်းကြပ်ထားရပါတယ် ။
ပင်လယ်ကမ်းစပ် လမ်းဘေးကော်ဖီဆိုင်တွေ မှာ အေးဆေးစွာ အနားယူနေကြသူများလည်းရှိပါတယ် ။ ကော်ဖီသောက်ခြင်း အလေ့အထက ခု ဒီဘက်ဆယ်စုနှစ်လောက်မှာ မှ ပိုများလာကြတာပါ ။ အရင်တုံးကတော့ မနက်စာကို ဆန်ပြုတ် ခေါက်ဆွဲပြုတ်တွေလောက်သာ စားသုံးကြသူ ဒီနိုင်ငံသားအများစုဟာ ခုဆိုရင် အနောက်တိုင်း အလေ့အကျင့်တွေ နဲ့ စားသောက်ကြတာလည်း များလာပါပြီ ။ ဒီလိုသာ မပြောင်းလဲလာဘူးဆိုရင် ဆန်ပြုတ်မုန်းသူ အကျွန်ုပ် လည်း ဒီနိုင်ငံမှာ သက်ဆိုးရှည်နေနိုင်မယ် မထင်မိပါဘူး ။
ပင်လယ်က အပြန် ကမ်းစပ်လမ်းတလျှောက်မှာ ရှိတဲ့ ပိတောက်ကြီး တဲ့ ။ ပိတောက် ရွှေဝါ နဲ့ အရောင် တော့ ကွာတယ် ။ ပြီးတော့ ဘယ်သူကမှ လည်း တခုတ်တရ ပန်ဆင်တာ မရှိကြဘူး ။ လမ်းဘေးသစ်ပင် အနေနဲ့ပဲ အပွင့်တွေ ကြွေကြရတယ် ။ ဘယ်လိုပဲ ပြောပြော ကိုယ့်ပြည် ကိုယ့်ရွာက ပိတောက် ရွှေဝါ က ပိုလှ သလိုပဲ ။
အားနေတဲ့ အချိန်မှာ ကစားတာကို အားကစားလို့  ခေါ်ရမလားပဲ ။ ဒီကလေး လေးတွေ ဒီလိုအရွယ်လေးကတည်းက တခုခုကို အားကစားလုပ်ဖို့  ပျိုးထောင်ပေးကြတာ အတုယူစရာကောင်းပါတယ် ။ ရှပ်နီ နဲ့ အတန်းကြီးတဲ့ အကိုကြီး တွေက ရှပ်ဝါ အတန်းငယ်လေးတွေ ကို ပြန်ပြီး သင်ကြားလေ့ကျင့်ပေးကြတယ် ။ သူ့ အဖွဲ့ လေးတွေ နဲ့ သူ ၊ လေ့ကျင့်ရင်း ကစားနေကြတာ ပျော်စရာ ပါပဲ ။ မိဘတွေက လိုက်ပို့ပေးပြီး ထိုင်စောင့်ပေါ့ ။
မကြီးမငယ် ဒီလူကြီးကတော့ အလေ့အကျင့်မရှိသေးတော့ ချော်လဲ တာပါပဲ ။ လူကြီးရှက်တော့ ရယ်တယ် ဆိုတာ တကယ်ပါ ။ ဒီတော့ ပညာတခုဟာ အလေ့အကျင့် နဲ့သာဆိုင်ပါတယ် ။ ကြီးတာငယ်တာ နဲ့ မဆိုင်ဘူးပေါ့ ။
အားကစား လိုက်စားတဲ့ ကျောင်းသား အများအပြားလည်း ညဖက် ထိ အားကစားကွင်းထဲမှာ ဘတ်စကက်ဘော ကစားခြင်း၊ ပြေးခြင်း စတဲ့ လေ့ကျင့်ခန်းများ လုပ်ကြပါတယ် ။ ရိုးရိုးသာမန် နေ့ရက်တိုင်းမှာ ရှိပြီး၊ အောင်ဆန်းကွင်းမှာ ဘောလုံးပြိုင်ပွဲတွေ ရှိမှ ထွန်းလေ့ရှိတဲ့ ဆလိုက်မီးကြီးတွေကို ညတိုင်းထွန်းထားပေးပါတယ် ။ ကျွန်းနိုင်ငံလေးမို့  ရေအားလျှပ်စစ် ထုတ်ပေးနိုင်လောက်တဲ့ ရေတံခွန်ကြီးတွေ မရှိပေမဲ့ ၊ အနုမြူ ဓါတ်ပေါင်းဖိုကြီးတွေ ရှိနေလို့ ၊ တကျွန်းလုံးကို ၂၄ နာရီ မီးထိန်ထိန်ညီးအောင် လျှပ်စစ်မီးတွေ ပေးထားနိုင်ပါတယ် ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ၉၂၁ နေ့ ရက်မှာ ရစ်ခ်ျတာ စကေး ၈.၂ ရှိတဲ့ ငလျှင်ကြီး အကြီးအကျယ် လှုပ်သွားလို့ ဓါတ်တိုင်ကြီး တွေ ပြိုလဲသွားတဲ့  အချိန် တနိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်သွား ခဲ့ ရတာ ကလွဲလို့  ၊ မီးမပျက် တတ်ပါဘူး ။
ဘာအခါကြီးရက်ကြီးမှ မဟုတ်ပါဘူး ။ညတိုင်း ဒီလိုပဲ မီးတွေထိန်လင်းနေတယ် ။ဒီဇင်ဘာ ၃၁ ရက်နေ့ ည၊ နှစ်ကူး လို အခါမျိုးဆို ပိုစည်တယ် ။ ဒီညတော့ ၊ည ၁၂ နာရီထိုးခါနီး လူတွေတော့ နဲနဲရှင်းနေပြီ ။ အဲ့လိုအချိန်မှ အေးအေးဆေးဆေး လမ်းလျှောက် ။ ဘာမှ စိုးရိမ်စရာ မရှိပါ ။(လွန်ခဲ့တဲ့နှစ်ထိ ကမ္ဘာ့  အမြင့်ဆုံးလို့  စံချိန်တင်ထားနိုင်ခဲ့ တဲ့ ၁၀၁ ထပ်တိုက် အဆောက်အဦး နားမှာ ပါ )
ကိုယ့်ပြည် ကိုယ့်ရွာမှာ လည်း အိမ်တိုင်း၊ အရပ်တိုင်း၊ မြို့ တိုင်း၊ ရွာတိုင်းမှာ မီးမှန် ရေမှန်စေချင်ပါတယ်။ ခုဆို နွေရာသီ ခေါင်ခေါင် ပူလောင်အိုက်စပ်နေတာ မို့  ရွှေပြည်ကြီးမှာ အညာ( မုံရွာ) အဲကွန်း လေးများ နဲ့ ကြံဖန်ပြီး အပူသက်သာအောင် နေရတယ် ဆိုတဲ့ အကြောင်း သိလိုက်ရလို့  ဝမ်းနည်းမိတယ် ။ အပူရှပ်လို့ အသက်ဘေး ဖြစ်ကြသူများ လည်း ရှိနေတယ်ဆိုလို့  စိတ်မကောင်းဖြစ်မိတယ် ။
ဒွေးဒေါ်လွမ်းတာ မဟုတ်ပေမဲ့ ၊ ဘာအကြောင်းတွေပဲ ရေးရေး၊ ရေးမိရေးရာ နဲ့  နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်တာပဲ ။
22 comments:
ကိရေ.. ငါအရင် ပြန်ရပြီ မနာလို မဖြစ်နဲ့..... နင့်မေမေရော ငါ့မေမေပါ နေကောင်းပါစေ.... လို့ ဆုတောင်းခဲ့ပါတယ်....
ဘယ်ဘူတာမှာ ခရီးဆုံးမလဲဟေ့ ထူးမခြားနား ဘူတာမှာ ခရီးဆုံးမယ်ဟေ့။
ရှု့ခင်းလေး လှလိုက်တာ။
မအယ်
နံပါတ် ၁ ဖွားကိ ဘာများ လုပ်ထားပါသလဲ ကြော်ငြာဝင်ဝင်နေတယ်၂ ခါရှိပြီ ပိတ်လိုက်ရတာ
နံပါတ် ၂ သူများတွေငလျင်လှုပ်တာ သိပ်တော့ စိတ်မပူပါနဲ့ သူတို့အစိုးရ ကြည့်ပါလိမ့်မယ် ဟဲဟဲ (ဝင်လျှာရှည်ခြင်း)
နံပါတ် ၃ ဘာပဲရေး ရေး ဒီဘူတာပဲ ဆိုက်တာကျတော့ ဒါက ဒီလိုပဲပေါ့ကွယ် (ဒါတော့မဖြေရှင်းတတ်)
ဘိုင် တာ့တာ
စိတ်ပိန်ပြီးလူဝနေရင် သမိးလိုလုပ် ညနေစာမစားနဲ့ ထမင်းပြောပါတယ် ဒီတော့ သမီးက အာလူးကြော်လေး စားလိုက် စားလိုက်ပေါ့ ဟိဟိ
ပင်လယ်ကမ်းစပ်က ကော်ဖီဆိုင် နေရာ မရောက်ဖူးသေးဘူး ဓါတ်ပုံထဲမှာတောင် ထိုင်ချင်စရာပဲ..။
ကြိုက်တဲ့အကြောင်းအရာကိုပြော.. နောက်ဆုံး ဒီဘူတာပဲ ဆိုက်အောင် လုပ်ထားနိင်တာလည်း အရည်အချင်းနဲ့တူတယ်။
တလွဲဆံပင်ကောင်းပုံများ ပြောပါတယ်။
ကိကိတင်တဲ့ အပမ်းဖြေခရီး အခုမှ တခါတွေ့ရတယ်။ ဓါတ်ပုံလေးတွေ မိုက်တယ်။
ပင်လယ်ကမ်းစပ် ကော်ဖီဆိုင်လေး သဘောကျလိုက်တာ ပိတောက် ကဒီလိုအရောင်ရှိတာခုမှမြင်ဖူးတာပါ။ဓါတ်ပုံမှာမြင်ဖူးခွင့် ရလို့ ကျေးဇူးနော် မမကိ
သာယာချမ်းမြေ့ပါစေနော်
မိုး
ကျနော်လည်း ပင်လယ်ကမ်းစပ်က ကော်ဖီဆိုင်လေး ကြိုက်တယ်
မကိ ကလည်းဗျာ အတွဲလေး ဘာလေး နဲ့ ထိုင်တာ မဟုတ်ဘူး ပိုစားနိုင်တာပေါ့
လမ်းလျှောက်ရင်လည်း အတွဲလေး လက်ဆွဲ ပြီး လျှောက်တော့ ခြေညောင်း သက်သာတာပေါ့
ကဲ.. ကဲ ဒီတခါတော့ အနာတွေ မဟုတ်ဘဲ ကြည်နူးစရာ တွေ ဖြစ်နေတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော် စတာပါဗျာ အားလုံးဟာ သိသင့် တာတွေကြီးပါဘဲ
ခင်တဲ့
ရွှေစင်
ဆံပြုတ် ကောင်းကောင်းလေး သောက်ချင်တယ် .. :D
ဆင်ပိန်ရင်ကျွဲလောက်ကျန်တဲ့ထဲမှာ ကီကီတစ်ယောက်ပါနေတာ ဝမ်းသာစရာဘဲ
့အမ ကလဲ.. နဂို ထဲကမှ မတူပါဘူး လို့ ဆိုနေ.........။
မတူတာကို ပြ မှာတော့ ...
တူ အောင် ဆိုရင် ခု ကတဲက ဆု တောင်းထား...။
နောက်ဘဝ ကျ ရင် .. လို့  ။
သူများနိုင်ငံ၊သူများတွေရဲ့မြို့ရွာတွေ လှပနေတာ
သာယာနေတာတွေ့လေတိုင်း ရွှေပြည်ကြီးကိုလဲ
ဖြစ်စေချင်တယ်
ဘာကြောင့် မဖြစ်တာလဲလို့ မချင့်မရဲဖြစ်မိတယ်..
ဘာဆိုဘာမှ မထွက်တဲ့ နိုင်ငံတွေများ တိုးတက်နေလိုက်တာ
ချမ်းသာနေလိုက်တာ
အဆင့်အတန်းမြှင့်လိုက်တာ
ဒီလောက် စုံစေ့နေအောင် သယံဇာတ၊
သဘာဝဓာတ်ငွေ့တွေပါထွက်နေတဲ့
ကိုယ်တွေရဲ့ ရွှေပြည်ကြီးက အဆင်းရဲဆုံးတဲ့...
ဘယ်သူ့ကို အပြစ်တင်ရပါ့
တင်စရာမရှိတော့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ပြီး
ပြန်ပြီ အစ်မရေ.....
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ဒါပေမယ့် တလလုံး အားလုံးသော blogger တွေအတွက် အမြဲတမ်း မေတ္တာပို့ပေးခဲ့ပါတယ်
ဘေးရန်ကင်းကြပါစေ စိတ်ဆင်းရဲကင်းကြပါစေ ကိုယ်ဆင်းရဲကင်းကြပါစေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့် မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ တနေ့ သုံးခါဗျာ ပြည့်ပြီပေါ့နော်
နောက်ဆုံး ဒီဘူတာဘဲဆိုက်တာတဲ့လား
ဘာမှမရတဲ့ ဘူတာ ဆိုရင် မနားတာဘဲ ကောင်းပါတယ် အမရယ် အခုတော့ ကော်ဖီရတဲ့ ကမ်းစပ်လေးမှာဘဲ နားတော့မယ်
ခင်မင်ရင်နှီးစွာဖြင့်
Seeseinshin
ဘူနဲ့တွားတာရဲ........ အဲဒီနေရာကို .
ဓါတ်ပုံရိုက်ချက်တွေ အရမ်းကောင်းတယ်။
မယ်ကိတို့ အလည်အပတ်ထွက်တဲ့ပုံ( မှတ်ချက် ။ ။ အဓိပ္ပါယ်လွဲမှားစွာမတွေးပါရန်) ကြည့်သွားပါသည်။
ကာဖီဆိုင်ထိုင်လျင်လေတိုက်ခံရမည်စိုး ၍ ပြန်သွားပါသည်။
မကိနဲ့ ကိုကြီးနဲ့ ၂ယောက်ထဲသွားတာလား?
ဘူနဲ့ တွားတာလဲဆိုတာ အနမ်းကသိချင်နေပုံရတယ် မဟုတ်မှလွဲရောအနမ်းနဲ့ သွားတာလားဟင်မကိ ဘယ်နေရာမှာဘာစကားဘဲပြောပြော နောက်ဆုံးတော့  ဒီဘူတာဘဲဆိုက်တာဘဲဆိုရင် နောက်နောင်ကိုဒီဘူတာမဆိုက်ရအောင်စကားဆင်ခြင်ပြော နော်မကိ တကယ်လို့ များရွှေပြည်ကြီးမှာ တနေ့  ဒီလိုတိုးတက်တဲ့ ပြောင်းလဲမှုတွေရှိလာရင်တအား ပျော်မှာဘဲ လို့ တွေးတွေးပြီးနေတော့ မယ်
ဒါမှစိတ်သက်သာရာရမှာ ပြောရင်းနဲ့ ဒီဘူတာနားရောက်တော့မယ် ဆင်ခြင်နေဦးမှ
ဗဟုသုတလည်းရ...ပုံတွေလည်းကြည့်ရလို့ 
ကျေးဇူးတင်ပါတယ်မကိရေ...
ဆန်ပြုတ်ကတော့ ကျွန်တော်လည်းမကြိုက်ပါ
ဆန်ပြုတ် ဆုတ်ပြန်..
အဲဒါ မကြိုက်ဘူး.. ကော်ကော်ပဲ ကြိုက်တယ်။
ဟုတ်ပ.. မကိ ဘယ်သူနဲ့ သွားတာလဲ..
အဲဒါ လူတိုင်းသိချင်နေတဲ့ မေးခွန်းမို့လို့ သတင်းစာရှင်းလင်းပွဲ အမြန်လုပ်ပါ အဲလေ ကွန်မန့်ရှင်းလင်းချက်လေး လုပ်ပါဦးးD
ဘာပဲရေးရေး သူများတွေကောင်းတာကိုရေးရင် ဘဘဦးသန်းရွှေတို့ကို မကောင်းပြောသလိုဖြစ်နေပါမယ်ဒေါ်ကိရယ်.
(ကောင်းလဲမကောင်းပါဘူး..ဟိ)
ဟုတ်တယ်မမကိကိရေ...ညီမလေးလည်း ကိုယ့်တိုင်းပြည်မှာ အဲဒီလို မီးတွေ မြန်မြန်ထိန်လင်းနေစေချင်လှပါပြီ...
ဂျင်ဂျင်း
Great information that is much appreciated. Thank you for providing such interesting content in my quest to lose the flab.
-
Post a Comment