ချစ်လိုက်ကြ မုန်းလိုက်ကြ ၊ ရယ်လိုက်ကြ ငိုလိုက်ကြ ၊ ဆော်လိုက်ကြ အော်လိုက်ကြ ၊ ပူလိုက်ကြ အူလိုက်ကြ ၊ဟောင်လိုက်ကြ ငေါင်လိုက်ကြ ။ ခုတမျိုး တော်ကြာတမျိုး ၊ တမျိုးပြီး တမျိုး မရိုးရအောင် ပြောင်းနေကြတဲ့ ဗလောင်းဗလဲ လူ့ စိတ်တွေ ၊အထွေထွေမို့  ပုထုဇနော မယ်ကိတကော လည်း ၊ ဟိုတွေးဒီတွေး ၊ ဟိုရေး ဒီရေး ၊ ဟိုခြစ် ဒီခြစ် လုပ်နေဖြစ်တာ မဆန်းဘူးလို့  ထင်ပါတယ် ။ရံဖန်ရံခါလည်း ပျော်စရာလေးတွေးပြီးခဏ တဖြုတ် ပျော်နေရတာလည်း ကောင်းပေသားပဲ ။ ဒါကြောင့်မို့  ကြားဖူးနားဝ ရယ်စရာ များကို မောစရာများ နဲ့  မရော စေပဲ ဖေါက်သည်ချလိုက်ပါရစေ ။ ဖတ်မိသူများလည်း ဟိုလို ဒီလို အတွေးလေးများ သန်ရာသန်ရာ တွေးယူနိုင်ကြပါတယ် ။
ဒီ ရယ်စရာ ကတော့ ခုတလော ကြက်ဋီကာ ချဲ့ နေတဲ့ ဘကျောက် ( ကြက်ပျံမကျ ) အား ရည်စူး၍ တင်ဆက်ပေးလိုက်တာပါ ။မူလ ရေးသူ မသိတဲ့ forward mail တခု ထဲက ပါပဲ ......
"ဒါကတော့ ရှင်တို့ယောကျာ်းတွေအမြင်နဲ့ပြောတာကိုး "
စိုက်ပျိုးရေးတက္ကသိုလ်တက်နေရာမှ ကျောင်းပိတ်ရက်တွင် အိမ်ပြန်လာရာအိမ်နီးချင်း အမျိုးသမီး တစ်ယောက်က ကျွန်တော့်အား လာတွေ့ပြီးမေးလေသည်။ ကြက်မွေးချင်သဖြင့် အကြံဥာဏ်လာတောင်းခြင်းဖြစ်သည်။
ကြက်မွေးမြူရေးမှာ ကျွန်တော်သင်ယူသည့် ဘာသာရပ်မဟုတ်ကြောင်း၊ သို့သော် တစ်နိုင်မွေးလိုလျှင် ကြက်ဖတစ်ကောင်နှင့် ကြက်မ ၂၅ကောင်လောက် ဆိုရင် လုံလောက်ကြောင်း ကျွန်တော်ကပြောလိုက်ပါသည် ။
နွေရာသီကျောင်းပိတ်ရက်၌ အိမ်ပြန်လာရာ ထိုအမျိုးသမီး၏ ကြက်မွေးမြူရေးကို သွားကြည့်သည့်အခါ ကျွန်တော် အံ့အားသင့်သွားပါသည် ။ ကြက်မ ၂၅ ကောင်နှင့် ကြက်ဖအတော်တော်များများကို တွေ့ရသဖြင့်ဖြစ်သည်။
ကျွန်တော်ကရှင်းပြသည်။
"တကယ်ဆိုရင် ကြက်ဖတစ်ကောင်နှစ်ကောင်ဆိုလျှင် ဒီကြက်မတွေအတွက် လုံလောက်ပါတယ် "
ကျွန်တော့်ကို ထိုအမျိုးသမီးက မကျေမနပ်နဲ့ကြည့်ပြီး ပြန်ပြောလိုက်သည်မှာ . . .
"ဒါကတော့ ရှင်တို့ယောကျာ်းတွေအမြင်နဲ့ပြောတာကိုး ". . . တဲ့ ။
( ကြက်မွေးမြူရေး လုပ်လိုသော မိတ်ဆွေကြီး ကို သုနြေ္ဒ တယောက် တော့ ဘယ်လို ဆုံး ဖြတ်မယ် မသိပါဘူး ... )။
.................................................................................................................
ဒါကတော့ ကြက်နဲ့ ပတ်သက်တဲ့ မယ်ကိ ကိုယ်တွေ့  ဇာတ်လမ်းလေးပါ ။ ရှက်ရှက် နဲ့ ပြန်ပြောမဲ့ ပြန်မပြောချင်တဲ့ ရွှေအရှက်တော်ကွဲ ဇာတ်လမ်း မို့  ရှေ့ မျက်နှာ အောက်ထားပြီး ရေးလိုက်ပါ အုံးမယ် ။
မယ်ကိ တယောက် အူကြောင်ကြောင် နဲ့ လူမျိုးခြား တိုင်းပြည် ကို ရောက်ပြီးသကာလ စကားမတတ် စာမတတ် နဲ့  ငိုစရာ ရော ရယ်စရာတွေပါ ဖြစ်ခဲ့ရတာ မကြာခဏပါပဲ ။ ခုတော့ ငိုစရာတွေ မေ့ ကာထား လို့  ရယ်စရာတွေလောက်ပဲ မှတ်မိနေပါတော့တယ် ။
မယ်ကိ တယောက် ကိုယ်ပိုင် ကလေး မရှိပေမဲ့ ကလေးချစ်တတ်တယ် ။ ( ကလေး မိဘ အလစ်မှာ ကလေးလေးပါးကို ဆွဲဆိတ် တာတို့  ။ ကလေး ငိုအောင်စတာ တို့လည်း တခါတလေ လုပ်တတ်ပါတယ် ) ။ ဒီလိုနဲ့  အားလပ်ရက် တရက် မှာ သူငယ်ချင်းတယောက်ရဲ့  ၂ နှစ်အရွယ် သမီးပေါက်စလေး ကို ချီပြီး တိရစ္ဆာန်ရုံ သွားဖြစ်တယ် ။ ဒီက တိရစ္ဆာန်ရုံ က မနဲ မနော ကျယ်လွန်းတော့ အဝင်ပေါက်ကနေ ဟိုးဘက် ထွက်ပေါက်ထိ ကို ခြေတိုမတတ် လမ်းလျှောက်ရတာပေါ့ ။ ဒီကတိရစ္ဆာန်ရုံမှာ ကြံကြံဖန်ဖန် လှောင်အိမ် ထဲ ထဲ့ မွေးထားတဲ့ ကြက် လေးတွေ ငှက်လေးတွေ လည်း ရှိလေရဲ့  ။( မယ်ကိ တို့ ဆီက ရွှေကျီးကန်း တို့ ကိုများ တခမ်းတနား နဲ့ ကို သံဇကာ ခြံလှောင်အိမ်မှာ မွေးပြထားလေရဲ့ ၊ ကြက်လေးတွေလည်း ရှိပါ့ ) ။ တခြား ကွာလာ ဝက်ဝံလေးတွေ ၊ ပင်ဂွင်းငှက်လေးတွေ၊ ပင်ဒါဝက်ဝံလေးတွေ ကတော့ ရှားပါး သတ္တဝါ တွေမို့  သိန်းပေါင်းများစွာ အကုန်ခံဆောက်ထားတဲ့ ဗီအိုင်ပီ အိမ်လေးတွေ နဲ့ သပ်သပ် ထားပေးတာပေါ့ လေ ။
ဒီလိုနဲ့ လမ်းလျှောက်ရတာ ညောင်းလာတော့ သမီးလေး က မယ်ကိကို ခဏ ခဏ ချီခိုင်းပါတော့တယ် ။ကလေး တွန်းလှည်းကလည်း မယူလာ မိတော့ ကိုယ့်အတတ် ကိုယ်စူး ၊ ကလေး မအေ လို ဗြုတ်စ ဗြင်းတောင်း ဆွဲပြီး ၊ကလေး တဖက် ၊ နို့ ဗူး ၊အနှီးထုတ် တထုတ် နဲ့ ၊ ကလေး တကောင် ခါးထစ်ခွင်ချီလို့  နေပူပူ မှာ လျှောက်ရင်း ၊ ငှက်အိမ် ကြက်အိမ် နားရောက်လာပါလေရော ။ ဒီ အချိန်မှာ အပူကြောက်တဲ့ ကလေးမှာတော့ ချွေးတရွှဲရွှဲ နဲ့  ဂျီတိုက်နေပြီမို့ 
ခြေညောင်း လက်ညောင်း နေတဲ့ မယ်ကိ ခမြာ ကလေး ဘေးချ ပြီး မြူရတာပေါ့လေ ။
“ ရှောင် ဖိန်ယို ၊ နီခန့်  နီခန့်  ရှောင်ကျီးကျီး၊ ရှောင်ရှောင်ညောင် ဖေးလိုင် ဖေးချွိ ။ ဟောင် ခန့်  ၊ဟောင်ခါအိုက် ရော ” ( 小朋友 . 你 看看 小 雞雞 跟 小小鳥 . 飛來 飛去. 好看 .好可愛 ) ..အိစံကွားလား.. ဘာ ညာ ..တတ်သမျှ လျှောက် မှုတ်ရတော့တာပေါ့ ။ ( ဘာသာ ပြန် .... ကလေးရေ . ကြည့်ပါ ..ကြည့်ပါ ။ ကြက်သေးသေးလေး ။ ငှက်သေးသေး လေး ။ ဟို ပျံ ဒီပျံ နဲ့  ။ကြည့်လို့ကောင်းတယ် ။ ချစ်စရာလေးတွေ ... စသဖြင့် ပေါ့လေ ..း)))
ဒီတော့ အနားက ဖြတ်သွားကြတဲ့ လူတွေ မှာ မယ်ကိ ကို ကြည့်ရင်း ပြုံးစိစိ နဲ့ ။ ခမြာ မတော့ ဘာမှန်းမသိ ပြန် ပြုံးပြ နေရတာကြာတော့ တခုခုတော့ လွဲနေပြီ လို့ ထင်မိသား ရယ် ။ ဟယ် တတ်နိုင်ပါဘူး ။ ဒါပဲ ပြောတတ်တာ လို့  စိတ်မှာ ထားပြီး ဒီစကားလုံးကိုပဲ ထပ်ခါ တလဲလဲ ရွတ်ပြီး ကလေးချော့တေး ဆိုသလို ဆိုလိုက် ၊ ပြုံး သွား တဲ့ သူ တွေ ကို ပြန်ပြုံးပြလိုက် နဲ့ ပဲ ကလေးလည်း မော ပြီးအိပ် ။ မယ်ကိလည်း ဟောဟဲဆိုက် နဲ့ အိမ်ပြန်လာခဲ့ကြတာပေါ့ ။
အိမ်ပြန်ရောက်ပြီး သူငယ်ချင်းနဲ့တွေ့ တော့မှ ဒီအကြောင်း ပြန်ပြောပြပြီး တဲ့နောက် အကြောင်းရင်းသိရတော့ မှ ပဲ ၊ အို့  ဟိုး ဒါ့ကြောင့်ကိုး လို့ ခွက်ခွက်လန် ရယ်လိုက်မိတော့တယ် ။
( ခက်ဆစ် အဓိပ္ပါယ် )...
小 雞雞 ၊ 小小鳥 .= ယောင်္ကျားလေးများ၏ ရွှေပြွန်က ရေသွန်သော ကရိယာ တန်ဆာပလာ အား ချစ်စဖွယ်ဆိုသော စကားစု ၊ ဖြစ်ပါကြောင်း...
ကြက်ကလေးတွေ၊ ငှက်ကလေးတွေ က သူ့ တို့ ဟာသူ တို့  နေကြတာ ကို လူတွေက ဘာလို့များ ဒီလို လာ လာ နှိုင်းကြမှန်းမသိပါဘူး ။
မြန်မာဘန်းစကား မှာတော့ ကြက် က အမ ပစ္စည်း ဖြစ်ရပြီး၊ တရုပ်မှာကျတော့ အထီးပစ္စည်း ဖြစ်ရပါသေးလားလို့ ။
အချက်မသိတော့ ဇရက်(ဆက်ရက်) ဂျိုးထင် ၊ မဟုတ်ပဲ အချက်မသိတော့ ကြက်နဲ့ ငှက် ကို “ဂျိုး” ထင် အောင် လွဲမှားရပါတော့တယ် လေ ။
ဒီတခါတော့ အဝါရောင် သန်းနေသော ရယ်စရာများ ဖြစ်နေတဲ့ အတွက် နားနဲ့  မနာ မျက်စိနဲ့သာ နာကြပါတော့ ။
25 comments:
ရယ်စရာလည်းရယ်သွားပါသည်၊ မှတ်စရာလည်းမှတ်သွားပါသည်။
ဟိဟိ..း))
ကိစ္စ မရှိဘူး မျက်မှန် နဲ့ ဖတ် နေတာ။
အမား က ဒီတိုင်း နေလဲ ရယ်နေရ တာပဲ။
ရယ်စရာ ရေး တော့  ခွက်ခွက် လန် ပေါ့ ။
အထီး နဲ့  အမ သမ မျှတအောင် မွေးတဲ့  ကြက်ခြံ ပိုင်ရှင်
ရဲ့  ထိုးထွင်းပြီး အမြင်ကျယ် စာနာ တတ်တဲ့  စိတ် ကို
နားလည် မိပါတယ်။ ဒါမှ လောက ကြီး တစ်ချမ်း မစောင်း မှာ။
အမြဲ တန်း လောက ကို ရယ်အောင်လုပ်နေလို့  အမော ဖောက်
မှာ စိုး မိ လို့  အကူ တစ်ယောက် လောက်ရှာပါအုံး။
ရယ်လိုက်ရတာ အစ်မရယ်
လွဲတတ်ပါ့နော်
ခုတော့ စကားကောင်းကောင်းတတ်နေပြီလားဟင်..
တတ်နေပြီဆိုရင်တော့ မလွဲလောက်တော့ပါဘူးနော်..
တစ်ခါတစ်လေတော့လဲလွဲလွဲလေးဘဲ ကောင်းနေမလားလို့လေ...း)
အဲလိုလား.ဖြစ်ရလေးD
.. ဒီတခါ သီချင်းဆိုရင် ပြောပါဦးနော်..။ အဓိပ္ပါယ်ထက် မကိ သီချင်းဆိုတာ နားထောင်ချင်လို့..။
ရီရတယ်ဗျာ ကလေးတယောက်နဲ့  ချာလည်ရိုက်နေမဲ့ မကိ ခလေးလဲချော့ ရ (ဂျိုးကလေး )ချစ်စရာကောင်းတယ်လဲပြောရ လူတွေကလဲပြုံးစေ့ စေ့ ကြည့် ကြနဲ့  ဟားဟားဟား ကြားတဲ့ သူတွေလဲတော်တော်ရီချင်ကြ မှာနော် စဉ်းစား ကြည့် လေရီချင်လေဘဲဗျာ ပို့ စ် ထဲမှာခွင့် ပြုချက်မရဘဲနာမည်ယူသုံးတဲ့ အတွက်ကျေးဇူး ဘော်ဘ်ာသုဒြေ္န
အယ်မှတ်သားစရာဖြစ်သွားပြီ။ ဖတ်နေတာ အမှန်လို့ပဲ ထင်နေတာ။ :)))
မကိ ရေ
ရတယ် အဝါရောင် မကဘူး အပြာရောင် လေးသန်းတဲ့ ဟာသလည်း ရတယ်...
ဝါသနာပေါ့နော်
ခင်တဲ့
ရွှေစင
ဟိဟိ... ခုရော သိရက်သားနဲ့ ဆက်ဆိုနေတေးလား.... မယ်ကိရေ.... ဟားဟား...
ဟီးဟီး..ရယ်ရတယ်..
မမပြောမှ မွန်သတိရမိတဲ့ သီချင်းတစ်ပုဒ်ရှိတယ်..
အဲဒီ သီချင်းနားထောင်တိုင်း ရယ်ချင်တယ် မမရာ..အဆိုတော်တော့မေ့နေပြီ..။
သီချင်းစာသားက( 你是一隻 小小 小小鳥) ဆိုတာလေ.ဘာမှတော့ ရယ်စရာမပါပေမယ့် ဒီစာသားနေရာ ရောက်ရင်တော့ .ကိုယ်ဘာသာ တွေးတွေးပြီး ရယ်ချင်နေတာပါ..။
ဖြစ်ရမယ် မကိရယ်.........
ဖြစ်တတ်ပါတယ်ကိရယ်.... ရီရတယ်နော်
မရီရဘူး ရီရအောင် ဒါဗြဲ
ဟားး..........ဟားးး................
ဟိဟိ ဟိဟိ ခွီးးးးးးး
ဂျစ်လို့စ တယ် ဆိတ်ချိုးနဲ့ ညော်
မမကိကိရေ...ရှေ့မျက်နှာ အောက်ထားပြီးတော့ကို ဖတ်သွား...ရီသွားပါတယ်...
ဒါနဲ့ မမရွှေစင်တို့များ မနိုင်ဘူးနော် သူ့ဝါသနာကို ဒီလာကြော်ငြာနေသေးတယ် :D :D
ဂျင်ဂျင်း
အဟားဟား ရယ်ရတယ် ...
ရယ်စရာအတော်ရေးနိုင်တဲ့ အစ်မပဲ ...
သူ့ဟာသူ..ရေသွန်ကရိယာကို သီချင်းလုပ်ဆိုနေပြီး
ဒီအမှုထဲ ပိန်းနဲပင်ကိုလာဆွဲဆိုင်ရသလား..
ကြက်လေး သုံး ..လေးရာ လောက်နဲ့ ခနတဖြုတ်လောက်ပဲ ပတ်သက်ဖူးတဲ့ ရိုးရိုးသားသားတောသားလေးကို ကြက်ပျံမကျတဲ့...
ဟီးဟီး..ကိကိပဲဟာ..
မလွဲလို့ဘယ်ဖြစ်မလဲ.. ဟားဟား..
ရီရာတွေရှာနေတာနဲ့ အတော်ပဲ။ရီနေရတာ...ကျေးဇူး
မြတ်နိုး
ဒီကလေး အမေနှယ် ဆိုစရာ ရှားလို့ ...
ဘေးကကြားတဲ့သူတွေ အဲဒီလိုတွေးနေမှာပဲ
း))
သူများစာ စကား ဆိုတော့ ကျွန်တော်တို့လည်း လွဲဖူးတာပဲ။ မီးပလပ်ထိုး ပါရစေ ပြောတာ ခေါင်းဖြတ်ပါရစေ ဖြစ်သွားဖူးသေးတယ်။ ရောက်ခါစက အသံထွက် မပီပြင်တာလေ။
သူများတွေကတော့ ခွက်ထိုးခွက်လန် ရယ်ရလွန်းလို့ အူတက်နေမလားမသိ သမီးပျိုတစ်ယောက်ပဲ မရယ်တာ မရယ်ဆိုနားကိုမလည်ဘူး အောက်ဆုံးက စာပိုဒ်ကိုပြောတာလေ ရှင်းလေရှုပ်လေဆိုတာ ဒါများလား တကယ်ကိုမသိတာ တုံးတယ်ပြောလည်း ခံရရုံပဲရှိတော့တယ် တိုးတိုးတိတ်တိတ်ရှင်းပြလို့ရဘူးလား ဟင် သူများလည်း ရယ်ချင်လို့ပါ ဖွားကိရယ် တနားပါ
ဟဲဟဲ....အခုတော့ တိတွားးဘီမလား..
အော်..ဒို့ အမတော့ ဖြစ်၇လေဗျာ
မမကိရဲ့ ပုံပြင်လေးလဲရီရတယ်... ကြက်မွေးတဲ့ အမျိုးသမီးရဲ့  ပုံပြင်လေးလဲရီရတယ်...
"ဒါကတော့ ရှင်တို့ယောကျာ်းတွေအမြင်နဲ့ပြောတာကိုး ". . . တဲ့
ဟိ :D
ရယ်သွားပါတယ် မကိကိရေ
saundoo.blogspot.com
( 小朋友 . 你 看看 小 雞雞 跟 小小鳥 . 飛來 飛去. 好看 .好可愛 ) ..း))))
ဖွားကိတစ်ယောက် ဇရက်ကို ဂျိုးထင်၊ အဲ.. လဒ ထင် ဟင်.. ဟင် .ဟင်...း))))
အမ် နေမကောင်းပါဘူးဆို မျက်စိနာခိုင်းနေပြန်ပြီး) lol
:D :D :D
ရုံးမှာဖတ်မိလို့ မန်နေဂျာကိုဘေးမှာထားပြီး ပြုံးပြုံးကြီးနဲ့ တခွီးခွီးဖြစ်နေတယ်
ဒါကြောင့်စာရိုက်ပြီး အော်ရီပလိုက်မယ် ခွက်ခွက်လန်အောင်
ဟားဟားဟား
Post a Comment