ဖွားကိတယောက် နုနယ် လှပ လတ်ဆတ် သန်မြန်စဉ် အခါကပေါ့ ။ ဆူပါအိုင်ဒေါ မဖြစ်တော့လည်း ဆူပါမော်ဒယ်လေးများ ဖြစ်လိမ့် နိုးနိုး နဲ့  မျှော်လင့်နေမိသေးတယ် ။ ဒီတော့ ကြောင်လမ်းလျှောက်ခြင်း အကြောင်း တွေးမိ ငေးမိ ကြည့်မိ တာတွေလည်း ရှိသပေါ့လေ ။ ဪ ...ဘာလို့ များ လူဖြစ်ပြီး ကြောင်လို လမ်းလျှောက်ချင်နေကြပါလိမ့်ပေါ့ နော် ။ ဒီလူတွေများ တယ် ခက်သကိုး ။ ဥူးသုမင်္ဂလ တရား တပုဒ်ထဲမှာ ကြားယူမိတာ ကတော့ လူတွေက သူတို့ ကို ဒါရိုက်ကြီး ဟဲ့  ခွေးမ ၊ ဟဲ့ ဝက်မ စသဖြင့် တိရစ္ဆာန် တကောင်ကောင် နဲ့  နှိုင်းပြောလိုက်ရင် အင်မတန်မှ စိတ်ဆိုး ဒေါသထွက်တတ်ကြပါသတဲ့ ။ ဒါပေမဲ့  အို မိန်းကလေး ရယ် ၊မင်းရဲ့ “ ဇင်ယော်တောင် မျက်ခုန်းမွှေးလေး” ကသိပ်လှပါလား လို့  ဆိုတဲ့ အခါများကျ သဘောခွေ့  မနောခွေ့  ဖြစ်တတ်ပါသတဲ့ ။“ ပုတုန်းရောင်ကေသာ ”တို့  ။“ သမင် မျက်လုံး” “လမ်းလျှောက်ပုံက ဆင်မ ယဉ်သာ ဟန်ကလေး ” စသဖြင့် တင်စားပြီး ပြောတဲ့အခါ ဒီ တိရစ္ဆာန်တွေ နဲ့  နှိုင်းတယ်လို့ မထင်မိပဲ ကျေနပ်နေကြပါသတဲ့ ။ လူ့ မနောများ မှန်းရတယ်ခက်တာပဲ ။
ခုလည်းကြည့် လေ ။ ကြောင်လမ်းလျှောက်ခြင်း နည်း တဲ့ ။ ဘာလို့များ ကြောင်လို လမ်းလျှောက်ကြတာပါလိမ့် ။ လူဖြစ်ပြီး လူလို မလျှောက်ချင်ကြတာ ။ ဒီနည်း လေး နဲ့ အဆင်ပြေပြေ လျှောက်တတ်ရင် ။ အရပ်ကလေး မြင့်ရင် ။ ကြည့်ပျော်ရှုပျော် ရုပ်ရည်ရှိရင် ၊ နာမည် သာ ကြီးသွားကြည့် ။ စားမကုန် သောက်မကုန် ၊ သောက်သောက်လဲ ဝင်လိုက်မဲ့  ငွေတွေ မနည်း မနော မို့  လူတွေက ကြောင်လိုလမ်းလျှောက်တတ်ချင် ကြပါတယ် ။ အဟက်.. တလွဲ မထင်ပါနဲ့  ၊ မြန်မာစာ မြန်မာစကား ရေးချင် လွန်းလို့  မြန်မာလိုပဲ ရေးချလိုက်တာ ။ ဖတ်ရတာ ခိုးလို့ ခုလုကြီးဆိုရင်တော့ ဘိုလိုက ဒီလို ရေးထားပါတယ် ။
CAT WALK တဲ့ ။“ Catwalk floor is a narrow, usually elevated platform used by models to demonstrate clothing and accessories during a fashion show ”. လို့  ဆိုထားတော့ ...ဖက်ရှင် ပြပွဲမှာ မော်ဒယ်လေးများ ၊ လှပဆန်းသစ် ဝတ်စားဆင်ယဉ်ပြီး လမ်းတက်လျှောက်ပြရတဲ့ စင်မြင့် ကျဉ်းကျဉ်းလေး ပေါ့ ။
ကြောင်လို အဆင်ပြေပြေ လျှောက်ဖို့ လည်း တယ် မလွယ်လှပေဘူး ။ လေ့ကျင့်ရတာတွေ အတော်ပင်ပန်းတယ် ဆိုပဲ ။ ပြီးတော့လည်း အဆင် မသင့် တဲ့  အခါ ဒီလိုလေးတွေ ဖြစ်တတ်သေးလို့  ၊ ခါးချိနေတဲ့ ဖွားကိ တယောက် ကြောင်လမ်းလျှောက်နည်း မသင်လို တော့ပါ ။ ကြောင်လို မလျှောက်လိုတော့ပါ ဟု ဆုံးဖြတ် လိုက်ပါတော့တယ်။
နောက်ဆုံးတကွက်ကြောင့် ၊ ပို လန် သွား အဲ့ ... ပို လန့် သွားခြင်းဖြစ်ပါကြောင်း ။
ခွေး အောင်နက်ကြီး နဲ့ ဂုတ်ကျားမ တို့  ကိုလည်း တပါတီ ထောင်ပေးပြီး ၊ ကြောင်လို လမ်းလျှောက်သင် ခိုင်းရ ကောင်း မလား လို့ စဉ်းစား နေပါတယ် ။း))
နှစ်သစ်မှာ အထိတ်တလန့် သတင်းတွေ ချည်း ကြားနေရလို့  ပေါ့ပေါ့ပါးပါး ဖြစ်ကြစေ ဖို့  တင်ပြပေးလိုက်ခြင်းပါ ။
29 comments:
သားသား ၁။
ရီလိုက်တာ အသံကိုအကျယ်ကြီးနဲ့ မျိုးစုံထွက်လာဒယ်.... :DDDD
ဘယ်ရမလဲ.. သူတို့ လိုလိုက်လျှောက်လိုက်တယ်။
အမှန်က..........
မမကီ တက်လျှောက် ပြ ရင် ပို ကောင်းမယ် လို့  ။
လျှောက် ပြ မယ် မှုတ် လား .. ဟင် ............။
ရီလိုက်ရတာကြည့်ပြီးတော့... ကီကီတို့ကတော့ ရှာရှာဖွေဖွေ တကယ်ဘဲ... အဲလိုလူတွေရှေ့မှာ အလှလျှောက်ရင်း ချော်လဲကြသူတွေ တော်တော်ရှက်သွားကြမှာဘဲနော်...
မကိရေးတာကို ဖတ်ပြီး ၂နှစ်ဆက်တိုက် Miss Universe ပြိုင်ပွဲမှာ မယ်အမေရိကတွေ ချော်လဲခဲ့တာကို တွေးပြီး ပြုံးမိသွားတယ်..
မကိဆီ အရင်သင်တန်းတက်ခိုင်းဖို့ မေ့သွားခဲ့ပုံရတယ်..း)
ပေါ့ပေါ့ပါးပါးလေးတွေနဲ့ စာဖတ်သူကို ပြုံးရယ်အောင် ရေးတတ်တာလေးတွေ သဘောကျမိတယ်..
နှစ်သစ်မှာ အစစ အဆင်ပြေပါစေ အစ်မရေ..
ခင်တဲ့
ချော
ဟားဟား..တအားရယ်ရတာပဲ။။ မကိကတော့လေ.. ရှာရှာဖွေဖွေ တင်ပြတတ်တာလွန်ရော..။
ကြောင်လမ်းလျှောက် ကျင့်လိုက်ဦးမယ်..:)
ကျနော်လည်း ညာဘက် ဆို တခုခုထစားရင် မီးဖိုခန်းထဲ အသံပေးပြီး ကြောင်လျှောက် လျှောက် ရသေးတယ်
ကြွက်နဲ့ တိုးမှာ စိုးလို့။
ဟာသပဲ ရယ်ရတယ်။
ဖွားကိရယ် ဟားဟားးးးးး လို့ပဲ ရယ်သွားတယ် သိလား ဟိဟိ
:D ရုံးမှာ သွားကြည့်မိတယ် .. ဒုက္ခတွေတော့ များကုန်တော့မှာပဲ .. :D
အစ်မကိကိရေ..ပျော်ရွှင်စရာလေးတွေ တင်ပေးတာ ကျေးဇူးပါ...မကိကိ လျှောက်တဲ့ အလှည့်လဲ ကြည့်ချင်ပါတယ်..
မယ်ကိ..ကိုယ်တိုင်လန်ပျံနေပုံလဲတင်ဦးလေ..
ဟားဟားဟား...ရီလိုက်ရတာ မမကိကိရယ်...အံမယ်...မမကိကိ လျှောက်ထားတဲ့ပုံလည်းရှိတယ်မို့လား...ဟင်းဟင်း သိနေတယ်နော်...
ဂျင်ဂျင်း
မမကိရေ...
ခုမှပဲ ကြည့်ဖြစ်တော့တယ်.. စာကတော့ မနေ့ညကတဲက ဖတ်ပြီးပါပီ..ရုပ်ရှင်ပါကြည့်မှ ပိုရီရသွားတယ်...
ချစ်သူ ဆုမြတ်မွန် ကို အလိုရှိသည်
ရောက်ရာ အရပ်က ပြန်လာပါ
မျက်မှန်တပ်ဆင်ထားသူ ဆံပင်ကောက်သူ အသားညိုသူကို ချစ်တဲ့
ပလောင်းပလဲ မင်းယောင်္ကျား
တအားကို ရီသွားတယ်ရှင်။
thanks U. I burst into laugh. LOL>
ဟုတ်တယ် တကယ်ဘဲ ခုတလောမှာ ရွှေပြည်တော် ကသတင်းတွေဖတ်လိုက်ရင် စိတ်ကို တအားညစ်နေတာ မကိရေးတဲ့  ကြောင်လို လျှောက်ကြမယ် ဖတ်တော့ မှ စိတ်သက်သာရာရတော့ တယ်ဗျာ သတိရတိုင်းရီရမဲ့  ကြောင်လိုလျှောက်နည်းလေးတွေ ရှာရှာဖွေဖွေစုစည်းတင်ပြတတ်တဲ့ မကိ ကျေးဇူး နော် ရီရလွန်းလို့ ပါ အားပေးတယ်ဗျိုးဒါမျိုးလေးတွေ ဘော်ဘော် သုဒြေ္န
မကိရေ...ရယ်သွားတယ် သိလား..ခိခိ :)
မမရေရုံးမှာကြည့်တော့  အသံထွက်ရယ်မိမှာစိုးလို့ မနည်းကိုထိန်းရပါတယ်ရှင်းးးး
သာယာချမ်းမြေ့ပါစနော်
မိုး
ကြောင်လိုလမ်းလျှောက်တာကို လာကြည့်သွားပါတယ်။ မလွယ်ပါလား။
းးးးး)))))))))))))
မကိတို့မွှေချက်ကတော့ လွှတ်ကောင်းရှင်....
ကြောင်လိုမလျှောက်တော့ပါဘူးလို့ ကတိပေးပါတယ်ချင့်...အဟတ်းး))
ကြောင်လိုတော့ မလျှောက်တတ်သေးဘူး ဒါပေမဲ့ ချစ်ချစ်ကြီး ကတော့ ပြောတယ် တနေ့တခြား ၀က်ကြီးလိုဘဲ အိပက်အိပက် နဲ့တဲ့
ခင်တဲ့
ရွှေစင်
မကိ..ေ၇းတတ်တယ်ဗျာ..စာလုပ်နေ၇လို့ ညစ်နေတာ.ဒါလေးဖတ်ပြီးတော့မှ လန်းသွားတယ်
ကျေးဇူးတင်ပါတယ်ဗျာ...စာပြန်လုပ်လိုက်ဦးမယ်
ဒေါ်ကိကော ခု ဘယ်လိုလျှောက်ပါလိမ့်..
မကွိစ်ရေ.......
နတ်သာမီးတော့..လန့်လို့ထင်တယ်.....။
ဂတိဒွေဘာဒွေ ပေးသွားတယ်ကြည့်....ဟိဟိ.....း))
နှစ်ခေါက်တောင်ပြန်ကြည့်သွားတယ်.......။
ရီရလို့ ကျေးဇူး........။
ခင်မင်တဲ့
ဏီလင်းညို
[url=http://community.gazzetta.gr/profiles/blogs/consolidate-credit-cards ]consolidate student loan credit cards [/url]consolidate credit cards and personal loans consolidate all my credit cards consolidate credit cards loan
[url=http://www.officialflo.com/profiles/blogs/consolidate-credit-cards ]consolidate loans and credit cards [/url]consolidate credit cards loans law consolidate credit cards consolidate credit cards us
[url=http://community.bonniehunt.com/profiles/blogs/consolidate-credit-cards ]government help to consolidate credit cards [/url]unsecured loan to consolidate credit cards uk consolidate credit cards credit cards to consolidate other debt
Hi
[url=http://chihuahualovers.ning.com/profiles/blogs/shipping-low-cost-allegra]cheap Allegra for sale with no prescription required[/url]
[url=http://connect.independentamericans.com/profiles/blogs/shipped-cod-dilantin]purchase Dilantin with no prescription[/url]
[url=http://omfgg.com/profiles/blogs/uk-nizoral-generic]buy Nizoral in Greece[/url]
[url=http://www.coloradokidssports.com/profiles/blogs/find-buy-biaxin-online-without]buy brand Biaxin online pharmacy[/url]
[url=http://www.day26online.com/profiles/blogs/alcohol-cod-naprosyn]buy Naprosyn in Finland[/url]
[url=http://www.dcsixshooter.com/profiles/blogs/clomid-purchase-online]buy Clomid cash on delivery[/url]
[url=http://www.factorxsite.com/profiles/blogs/buy-abilify-in-texas]order Abilify without a prescription[/url]
[url=http://www.filmsbyus.com/profiles/blogs/order-indinavir-in-mauricie]fedex Indinavir without priscription[/url]
[url=http://www.omfgg.com/profiles/blogs/order-calan-in-oakland-2]cheap Calan cod next day[/url]
[url=http://www.sadiesoul.com/profiles/blogs/purchase-valtrex-in-lincoln]generico cheap Valtrex[/url]
[url=http://www.successbychoiceonline.com/profiles/blogs/buy-generic-diclofenac-with]buy Diclofenac in Kansas City[/url]
[url=http://www.wfmtintroductions.com/profiles/blogs/online-prescription-dostinex]order Dostinex tablets[/url]
[url=http://www.worldkidneyday.org/profiles/blogs/mevacor-no-prescription-next]buy Mevacor where[/url]
Post a Comment