နိစ္စ ဓူဝ ကိစ္စ များမြောင် လူတို့ဘောင်ဝယ် ၊ တခါတရံ မှာတော့လည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရယ်စရာ အကြောင်းလေးတွေ ကြံဖန် ပြောကြရင်း၊နားထောင်ကြရင်း နဲ့  ဘဝ အမောတွေ ဖြေကြရတယ် ။ဒီတော့ လည်း အမောပြေ ရယ်စရာလေး များ ပြန်ပြောပြချင်တယ် ၊
တစ်နေ့မှာပေါ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး အစည်းအဝေးက ပြန်လာတဲ့ လေယာဉ်တစ်စင်းပေါ်မှာ ကျောင်းသားငယ်လေး တစ်ယောက်၊ ဘုန်းကြီးတစ်ပါးနဲ့ အမေရိကန်သမ္မတကြီး ရယ် ၊ တရုတ်နိုင်ငံ ခေါင်းဆောင်ကြီးရယ် ၊ရွှေနိုင်ငံက အကြီးအကဲဆိုသူ ရယ် အတူတူ စီးလာကြတယ်။
တစ်နေရာ အရောက်မှာ လေယာဉ် စက်ချို့ယွင်းပါလေရော ။ အဲဒီမှာ လေယာဉ်မှုးက ပြောတယ်
" လေထီးက ၅ ခုပဲပါတယ်ခင်ဗျား ၊ ကျနော့်မှာ အိမ်က ကလေးတွေနဲ့ မိန်းမကို စိတ်မချလို့ " ဆိုပြီး လေယာဉ်ပေါ်က ဦးဆုံး ခုန်ချသွားတယ် ။
အဲဒီမှာ အမေရိကန် သမ္မတကြီးက " ကျနော်က ကမ္ဘာ္ဘ္ဘကြီးငြိမ်းချမ်းရေးအတွက် လုပ်နေရတာ၊၊ ကျုပ်မရှိလို့ မဖြစ်ဘူး " ဆိုပြီး လေထီး ၁ ခု ယူပြီး ဆင်းသွားပြန်ရော ။
ဒီတခါကျတော့ တရုတ်ခေါင်းဆောင်ကြီး က ပြောတယ် " ကျုပ်မရှိတော့ရင် အရှေ့ တောင် အာရှရဲ့၊တိုးတက်မှုတွေ ရပ်တန့်သွားလိမ့်မယ် " ပြောပြီး လေထီးတခုနဲ့  ဆင်းသွားတယ် ။
တစ်ခါ ရွှေနိုင်ငံရဲ့  ရွှေ့အကြီးအကဲဆိုသူက လည်း၊ ကျုပ်က အရေးကြီးပုဂ္ဂိုလ် ဆိုတော့ ၊ ကျုပ်တိုင်းပြည်ကြီးမှာ ကျုပ်မရှိလို့ မဖြစ်ဘူးဆိုပြီး လေထီးအိတ်ဆွဲပြီး ဆင်းသွားတယ် ။
လေယာဉ်ပေါ်မှာ ဘုန်းကြီးနဲ့ ကလေးပဲ ကျန်ခဲ့တယ် ။ လေထီးက တစ်အိတ်ပဲ ကျန်တယ် ။အဲဒီမှာ ဘုန်းကြီးက ကျောင်းသားလေးကို “တကာလေး ၊ ကျန်တဲ့ဒီ လေထီး ကို ယူပြီးဆင်းပါ။ ဘုန်းကြီး အသေခံ မယ် ” လို့ ပြောတယ် ။
ဒီတော့ ကျောင်းသားလေးက ပြန်ပြောတယ်။
" ဟာ ....ဦဇင်းကလည်း ဦးဇင်းက ဘာလို့ အသေခံရမှာလဲ ၊ စောစောက သားတို့ ရွှေ အကြီးအကဲ ယူသွားတာ လေထီးမှ မဟုတ်တာ ။ အဲဒါ သား ကျောပိုးအိတ်ကြီး " .....တဲ့..။
forward mail ထဲမှ အခြေခံ ဖြည့်စွက်ထားခြင်းပါ ၊ မူလရေးသူအမည်ပါမလာတဲ့အတွက် ပြန်လည် ဖေါ်ပြပေးနိုင်ခြင်း မရှိတာကို နားလည်ပေးကြစေလိုပါတယ်။
ဒါနဲ့ ကိုယ့်ဟာကိုယ်လည်း တွေးကြည့်မိပါတယ် ။တွေးမိတွေးရာတွေပေါ့။
-ဟုတ်ပေလိမ့်မယ် ။ ရွှေအကြီးအကဲ က အသက်လည်းကြီးပြီပဲ ၊ အမြင်တွေ ဝေဝါးနေလောက်ရောပေါ့ ။
-ဒါမှ မဟုတ် လေထီးအိတ်နဲ့ ကျောပိုးအိတ် ကိုတောင် ခွဲခြားမသိသေးတာလား။ခက်လှချည်သေး ။ ဒါပေမဲ့ ခြေသွက် လက်သွက်တော့ ရှိနေပါသေးကလား ။ အရင်ရအောင်ခုန်နိုင်ပါပေ့ ။
-နောင်ဆို “ ကျောင်းသားများ၊ ကျောပိုးအိတ် မသုံးရ ” ဆိုတဲ့ ဥပဒေ တရပ်အသစ်ထွက်လာနိုင်တယ် ။ .....
-မောင်းသူမဲ့  နေတဲ့ ဒီ လေယာဉ်ကြီး ဘယ်လိုများ ရှေ့ ခရီးဆက်မှာ ပါလိမ့် ။ ဘုန်းကြီး နဲ့  ကျောင်းသား လေး တို့ လိုရာခရီး ချောချောမောမော ရောက်ပါ့မလား ။
-နောက်ဆုံးရတဲ့ အတွေး နဲ့  အသိတရားကတော့ “ စေတနာ အကျိုးပေး ” ဆိုတာ ဒီလိုပါလား လို့  ။
( စိတ်အပန်းပြေ ၊ ရယ်စရာ ပြုံးစရာ ..မျှသာ.... )
ပုံတွေကို photobucket မှ ရယူထားပါတယ်။
16 comments:
ထိတယ်ဗျ...
ဒက်ထိပဲ ၊ အရေးကြုံ နေရင်တောင်မှ ဘုန်းကြီး မှန်းမသိ
ခလေး မှန်းမသိ၊ အမြဲတန်း အိပ်ထဲ ထည့် ဘို့  လောက်
ပဲ သိနေတာလေ၊ အိပ်ကို မှားဆွဲတာ မဆန်းပါဘူး လို့  ။
သူ ကွယ်လွန်ရင်တောင် အဲ့ ဒီ အိပ်နဲ့  ချ ရ မှာပါ။
ကောင်းတယ် ၊ အဲ့ လို ကို ရွဲ့  ပြောပေး ခဏခဏ ။
ရယ်ရတယ် မကိ။
ရွှေနိုင်ငံက ရွှေဘဘတို့က တွေ့ရာအထုတ်ဆွဲပြီး အားလုံးထက် အရင်ဆင်းချင် ဆင်းနေမှာ။ ဒါမှမဟုတ်လဲ ငါ မဆင်းဘူး မဆင်းဘူး တက်မှာလို့ ဇွတ်ကြီး အော်ချင်အော်နေအုံးမှာ။ သူတို့က ဆင်းရမှာ ကြောက်တဲ့လူစားမျိုး မဟုတ်လား။ :P
ဖတ်လို့ကောင်း၏။ မမန့်တတ်လို့။ ကိုယ်မန့်လိုက်မှ အရသာပျက်သွားမှားစိုးလို့ပါ...
ခင်မင်စွာဖြင့်
ပူးတေ
မကိအဲလိုကျောပိုးအိပ်မှားဆွဲပြီး ဆင်းသွားတော့ ပုံမှန်အတိုင်းတွက်ရင် ခုလောက်ဆိုရောက်နေပြီပေါ့ နော် (အ၀ီစိ)ကို ပြောတတ်ပါဘူးသူတို့ ကကောင်းမှုလုပ်တာတွေ များနေတာ့  နေ့ တိုင်းရောက်ချင်ရောက်နေမှာ(အိပ်မက်ထဲမှာ ) အဲအဲပြောရင်းနဲ့ လွန်တော့ မယ် ဒီမှာဘဲဆင်းမယ်နော် ဓါးထက်ထက်
စေတနာတွေပေါ့
ကိုယ့်စေတနာကိုယ်အကျိုးပေးမှာပါပဲ။
အချိန်လည်း သိပ်မကျန်လောက်ပါဘူးလေ။
ဟာသကို ဟာသအတိုင်းဖတ်သွားပါတယ်၊
အောက်မှာ တွေးမိတွေးရာရေးထားတာကိုပြောရမယ်ဆိုရင်တော့ အဲဒီလို
ဘဲတွေးမိတွေးရာတိုင်းတာ လျှောက်ပြီးရေးရရင်ရေးလို့မကုန်နိုင်ဘူးဗျို့၊
ကောင်းတာလုပ်ပြီး မကောင်းတာဖြစ်နေတဲ့လူတွေရှိသလို၊မကောင်းတာလုပ်ပြီး
ကောင်းကျိုးတွေခံစားနေရတာလဲ တစ်ပုံကြီး၊အကုန်တာ တွေးမိတိုင်းလိုက်ပြောရမယ်
ဆိုရင် တစ်သက်လုံးပြော ဘယ်တော့မှ ကုန်မှာမဟုတ်ဘူး..
ဘာရယ်မဟုတ်ပါဘူး..တွေးမိတွေးရာ တွေးမိသွားလို့ပါ.
အိုး... ဟိုး.. ဒါကြောင့်ကိုးးးးးး)
တရားရလောက်ပါတယ်... ကိုယ်ကျိုးမက်လွန်းရင် ကိုယ်ဘဲအခက်ကြုံတတ်တယ်လို့လေ....
အထုပ်လေးပိုက်လို့ ဘယ်ဆီဘယ်ဆိုက်လိုက်မယ်အကို..အထုပ်မှားတာတော့လဲ ဘဘရဲ့ကံပေါ့ .....
ဖတ်ပြီး ပြုံးမိပါတယ် အစ်မရေ..
တစ်ချို့ဟာသတွေက တကယ်ကို ထိထိမိမိရှိပါပေတယ်..
ဘာကိုပြောချင်တယ်ဆိုတာလဲ
ကွက်ကွက်ကွင်းကွင်း
ရှင်းရှင်းလင်းလင်း ရှိပါပေရဲ့..
နှစ်သစ်မှာ ပျော်ပါစေ အစ်မရေ
သင်္ကြန်ပိတ်ရက် အိမ်ခနပြန်မှာမို့ နှစ်သစ်ပြီးမှ ပြန်ဆုံကြမယ်နော်.. တာ့တာ
ဟွီး............ဟွီး..............း))
ဘယ်ကနေရခဲ့သတုန်း....... မကွိစ်ရယ်..........း))
ဟား.............ဟား.......
ခင်မင်တဲ့
ဏီလင်းညို
မကိရေ
အေးတာဘဲ.. အထုတ်မှားဆွဲတာ.. မြန်မြန်ရောက်တာပေါ့..
ခင်တဲ့
ရွှေစင်
ဟားဟား.. မထင်ထားတဲ့ဇာတ်သိမ်းပိုင်းကို အရမ်းသဘောကျတယ်ဗျ။
တွေးပုံတွေးနည်း ရေးပုံရေးနည်းကတော့ တကယ့်ကို ကွက်တိ ဒက်ထိပါပဲလား...ရေးတဲ့သူ တော်ပါပေသည်...
ဂျင်ဂျင်း
ထိတယ်ဗျာ...။
မကိ ပိုစ့်လေးတွေဖတ်၇တာ..စိတ်ကိုလန်းသွားပါတယ်ဗျာ....ကျေးဇူးတင်ပါတယ်ခင်မျာ..
လာလည်တဲ့ အတွက်ေ၇ာ...မြို့ လေးကိုလည်းအချိန်၇၇င်ေ၇ာက်ဖြစ်အောင်လာပါဗျာ
Post a Comment