သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

Seafood ကြိုက်သူများသို့  ...

28 comments:

Anonymous said... | Friday, October 16, 2009 9:10:00 PM

တစ်ချို့ က ပုစွန်ကို သံပုရာသီး ညှစ်စားတယ်။ အဲဒါမျိုးကျတော့ကော ?

Winnie POOH Gallery

ရွှေရတုမှတ်တမ်း said... | Friday, October 16, 2009 11:33:00 PM

seafood ကြိုက်တဲ့သူမို့..စိတ်ဝင်စားစွာဖတ်သွားပါသည်..မယ်ကိရေ....
အခု..ကိုကြီးကျောက် လုပ်နေတဲ့ super market မှာ ကို..snow crab..စားလို့..customer တယောက်..နေမကောင်းဖြစ်တယ်..ဆိုပြီး..ပြဿနာလာလုပ်နေလေရဲ့....

သုခုမလေဒီ said... | Friday, October 16, 2009 11:52:00 PM

Sea food ကြိုက်လို့ နေရာလာဦးတာ နံပါတ်၃ ဖြစ်သွား တယ်။
မဖတ်ရသေးဘူးး))

နှင်းနဲ့မာယာ said... | Friday, October 16, 2009 11:54:00 PM

Seafood အသည်းစွဲ..
ပုဇွန်ဆို အသေရရ အရှင်ရရ
အဲ လိမ္မော်ရည် အချိုရည်လဲ ကြိုက်မှကြိုက်...
အခုတော့ သတိထားရတော့မယ်ထင်ပ.....

နှင်း

Yu Ya said... | Saturday, October 17, 2009 12:02:00 AM

Seafood သိပ်မကြိုက်တဲ့ ကျွန်တော်အတွက်တော့ ဖွားကိရည်ရွယ်ချက်အတိုင်း ဗဟုသုတ အဖြစ်ဖတ်သွားပါတယ်ဗျာ.. အဟီး။ ဆရာမကြီးလာလုပ်သွားလို့... Seafood မကြိုက်ဘူးလို့ လာညာပြောသွားတယ်.။

အမှန်က အရမ်းနဲ့ကြိုက်တာဗျ.။ ဖွားကိကို သွားမပြောနဲ့နော်။ တော်ကြာ ကျွန်တော်ကို ဆရာမကြီးလာလုပ်နေမှာဆိုးလို့..he..he.

yu ya

ဝက်ဝံလေး said... | Saturday, October 17, 2009 12:02:00 AM

အယ် သတိထားစရာပဲ မကိရေ sea food လဲကြိုက်တယ် ဟိဟိ လိမ္မော်ရည်လဲ ကြိုက် ဟားဟားးးးးးးးးးးး

သုခုမလေဒီ said... | Saturday, October 17, 2009 12:02:00 AM

အဲ နှင်းနဲ့ မာယာကလည်းမြန်လိုက်တာနော်။ ခြေသွက်လက်သွက်ပဲထင်တယ်း))
Sea food စားရင်း sunkist လည်းသောက်ခဲ့တယ်လေ။ အမနဲ့ ပဲဟာ။ ခုထိတော့ အဆင်းလည်းမနစ်သေးဘူး အတက်လည်းမနစ်သေးဘူးး))
ပြန်လာရင် နောက်တစ်ခေါက်သွားစားကြရအောင်လေ။

သုခုမလေဒီ said... | Saturday, October 17, 2009 12:04:00 AM

ဟမ် .. ဘယ်လိုလုပ် ယုယနဲ့ ဝက်တို့ က ရောက်လာပြန်တုန်း။ တယ်သွက်ကြတာကိုးးးး။ ခြေသွက် လက်သွက်တွေ ဘလော့မှာအတော်များပါလား

Anonymous said... | Saturday, October 17, 2009 1:39:00 AM

sea food ရော အချဉ်ဓါတ်ပါတာတွေပါ ကြိုက်တတ်လွန်းသူမို့ နောင်သတိထားရအောင် ဖတ်ရတဲ့အတွက် ကိကိ ကို ကျေးဇူးတင်ပါတယ်...

mie nge

thawzin said... | Saturday, October 17, 2009 2:34:00 AM

ဒီမှာတော့ မချက်တတ်တာနဲ့ကို seafood ဆိုတာတွေ မြင်ဖူးပြီး မစားနိုင်ပါကြောင်း၊ အအေးလေးနဲ့ ဆိုတော့ ဖြစ်ဖို့ပိုများတာပေါ့ဗျာ။ အနောက်နိုင်ငံတွေ အများစုက အအေးတို့ ဘီယာတို့ဆိုတာ ရေလိုသောက်နေကြတာ။ သြော် ဗီတာမင်စီက အသားအရည် တကယ်လှတယ်ပေါ့ မှတ်သား သွားပါတယ်။ ကျေးဇူးတင်ရှိပါကြောင်း

Unknown said... | Saturday, October 17, 2009 4:27:00 AM

မှတ်သားစရာလေးတွေ စုစည်းတင်ပြပေးလို့ ကျေးဇူးပါ...

တကယ်သိသင့်သိထိုက် ရှောင်ရန်ဆောင်ရန်လေးတွေပါ...

လေးစားပါတယ် မကိကိ...

မကိကိက ဇာတ်သမားလားမသိဘူး သူလာရင်မှတ်သားစရာလေးတွေ အမြဲပါတယ်...

သူပြန်ရင်တော့ ကျန်ခဲ့တာပေါ့... :P :P မှတ်သားစရာတွေနော်... :P :P

ကိုလူထွေး said... | Saturday, October 17, 2009 4:38:00 AM

အဲဒါတွေမသိဘူး... ပုစွန်လုံးနှိုက်ရင် လက်ကိုကိုက်လွှတ်တတ်တာတော့ သိတယ်...

းဝ)

မငုံ said... | Saturday, October 17, 2009 6:18:00 AM

အဲ..seafood စားရင်း အအေးသောက်တတ်တယ်။ :( ကြောက်သွားပြီ။ တွဲစားတော့ဘူး။

Anonymous said... | Saturday, October 17, 2009 6:46:00 AM

သြော် ဒွတ်ခတော့တွေ့ ပြီထင်ပါရဲ့
ဝလို့ ပိန်လာအောင် ပင်လယ်စာတွေပဲ စားတော့မယ်
စိတ်ကူးကာမှ သေစမ်း.....မနော်.....မ........

Angel Shaper said... | Saturday, October 17, 2009 8:04:00 AM

မယ်ကိရေ.....
မီးကြီး ဆီးဖရု အဲလေ..Sea Food ကြိုက်ဘူးရယ်။
လိမ္မော်ရည်တော့ သိပ်ကြိုက်။
ဘကြီးသုတ အဲလေ ဗဟုသုတ အဖြစ်သာ ဖတ်သွား မှတ်သွားပါတယ်။ ဟဲဟဲ
ဘာမှ မပြောဘူးနော်။

ပုံ့မေ said... | Saturday, October 17, 2009 8:26:00 AM

အီးးးး တေပြီ..... seafood ဆို အကုန်ကြိုက်တယ်..... ချဉ်ချဉ်ချိုချို အ၇ည်တွေလဲ ကြိုက်တယ်...

ဒွတ်ခေါပဲ.....းဝ(

မမသီရိ said... | Saturday, October 17, 2009 10:05:00 AM

စိတ်ဝင်းစားစရာ ဗဟုသုတဖြစ်ဖွယ်
မှတ်သားဖွယ်ပါ ကိကီ ရေ

ဒါနဲ့.. ဗိုက်တာမင် စီ အလွန်အကျွံ ဆိုတာ ဘယ်ပမဏကိုပြောတာပါလဲ
မမ မှတ်ထားဖူးတာက ဗိုက်တာမင်စီက ခန္ဒာကိုယ်ရဲ့ လိုအပ်ချက်ထက်ပို တယ်ဆိုရင် သူ့ အလိုလို ပျက်စီးသွားတယ် လို့ပဲ သိထားတာလေ (ကိကီရေးတဲ့ထဲလဲ ပါ ပါတယ်)
ပြီးတော့ ဆေး အတော်များများ က ဗိုက်တာမင် စီ 200 mg (or) 300 mg လောက်နဲ့ တွဲ သောက်ရင် ပိုအစွမ်းထက်တယ် လို့ လဲ မှတ်ဖူးတယ်
လူတယောက် အတွက် တနေ့တာ
ဖြည့်စွက်လိုအပ်ချက် က ဘယ်လောက်ဖြစ်မလဲ
500 mg (OR) ?????
အမြဲ မဟုတ်ပေမဲ့ မမ လဲ ဗိုက်တာမင် စီ သောက်သူ တယောက်မို့ ပါ

ခြေလှမ်းသစ် said... | Saturday, October 17, 2009 10:24:00 AM

အင်း သတိထားရမယ်ဗျို့  အမရေ ကျနော် စီးဖူးဒ်ဆို အင်မတန်ကြိုက်တာဗျ .. လေ့လာသွားတာပေါ့နော် ... မှတ်သားသွားပါသေးတယ် ...

rose of sharon said... | Saturday, October 17, 2009 11:16:00 AM

အောင်မယ်လေး...seafood စားရမှာလန့်တာ... သူရေးလိုက်ရင်ဒါမျိုးများတယ်.... ဟွန့်... ပြောချင်ဘူး... ဗဟုသုတရသလောက် ကြောက်အောင်လဲ လုပ်သေးတယ်...

Khyl said... | Saturday, October 17, 2009 11:20:00 AM

စီးဖုစာပြီး ရှောစစ်စတား ဖြစ်ဘူးတယ်..... တခါတုန်းက ငွေဆောင်မှာပေါ့အေ....

kiki said... | Saturday, October 17, 2009 12:26:00 PM

--> မမသီရိ ရေ .. လူတယောက်တွက် တနေ့ လိုအပ်ချက်နဲ့  အများဆုံး ခံနိုင်ရည်ရှိတဲ့ ပမာဏ သတ်မှတ်ချက်တွေ က တနိုင်ငံနဲ့ တနိုင်ငံ မတူကြလို့  စံအဖြစ်ထားတဲ့ United States vitamin C recommendations ကို ရှာရေးပေးလိုက်ပါတယ်...
Recommended Dietary Allowance (adult male) 90 mg per day ။
Recommended Dietary Allowance (adult female) 75 mg per day။
Tolerable Upper Intake Level (adult male) 2,000 mg per day။
Tolerable Upper Intake Level (adult female) 2,000 mg per day။ တဲ့

အဲ့ ဒါအပြင် . Vitamin C megadosage ဆိုတာလဲရှိသေးတယ် .. တကယ်vitamin C ဓါတ် ချို့ တဲ့နေတဲ့ ရောဂါသည်တွေ သောက်ဖို့ နဲ့  ထိုးဖို့  ဆိုတော့ အတော်များပါတယ် ။ နာရီပိုင်း အလိုက် . ကိုယ်အလေးချိန်အလိုက် သုံးရတာတွေလေ..

Anti-oxidant effect ရှိတယ်ဆိုလို့  အမျိုးသမီးတွေ က (လှချင်သူများ) သောက်လေ့ရှိကြတယ်း) ။
ပြီးတော့ .. flu(common cold) မှာ ၈% က ပိုမြန်မြန်ပျောက်လွယ်တယ်တဲ့။ gout အစရှိတဲ့ ရောဂါတွေမှာ လဲ .သူ နဲ့ တွဲသောက်ကြတယ် ။
ပိုပြီးစုံအောင်သိချင်ရင် ...
http://en.wikipedia.org/wiki/Vitamin_C#Daily_requirements ......
http://en.wikipedia.org/wiki/Vitamin_C_megadosage........
http://en.wikipedia.org/wiki/Vitamin_C_and_Common_Cold......
အဲ့ဒီ နေရာတွေ မှာ သွားဖတ်ကြည့်နော်..ရေးရတာ ညောင်းလို့  .. ဟိဟိ ။

စိမ်း... said... | Saturday, October 17, 2009 1:33:00 PM

အောင်မလေး ကံကောင်းလို့ မဂန့်တယ်... ပုစွန်နဲ့ Ice lemon Tea အင်း ... ဘုရား ဘုရား ဘုန်းကြီးကံကြီးပေလို့... :)

Anonymous said... | Saturday, October 17, 2009 3:54:00 PM

ဒါနဲ့ မသိလို့မေးဦးမယ် သံပရာသီးကရော ဘာလဲဟင်.. ဗီတာမင်စီလား... အဲဒါနဲ့တွဲမစားနဲ့ဆိုရင်တော့ ပင်လယ်စာက စားကောင်းမှာတောင် မဟုတ်တော့ဘူးဗျ။ ရေဘဝဲတို့ ကင်းမွန်တို့ ၊ပြည်ကြိးငါးတို့ ခရုတို့ အဲဒါတွေက သံပရာသီးလေး ရွှဲရွှဲညှစ်ပြီး ဝါးမှမိုက်တာဗျ

moemoestar said... | Saturday, October 17, 2009 8:11:00 PM

sea food ကြိုက်တယ်...ဒုက္ခပါဘဲ...

သားကြီး said... | Sunday, October 18, 2009 1:01:00 AM

အဲလိုဆင်ခြင်ဖွယ်ရာတွေဖေါ်ပြပေးလို့ကျေးဇူးပါ တန်ဆေးလွန်ဘေးပေါ့ဗျာ ဘယ်ဟာမှလွန်လွန်ကျွံကျွံမကောင်းဘူး
ကျနော်က ကျန်းမာအောင်အမြဲနေပါတယ်ဗျ
မူးသွားရင်တော့မသိဘူး တားတားအကုန်ချားတယ် ဟိဟိ

သားကြီး said... | Sunday, October 18, 2009 1:03:00 AM

မမကိရေးတဲ့ဆေးပညာရှုထောင့်ကပိုစ်တွေ၊
ဟိုအာဏာရူးကိုဆော်ပလော်တီးတဲ့ပိုစ်တွေကို
အရမ်းကြိုက်ပါတယ်
ဆက်လုပ်ရဲဘော်...
အားပေး၏
ကျနော်မောင်သားကြီးကတော့ ခုလောလောဆည် ဂွိ..ဂွိ...ဂွိ...:P

amk said... | Sunday, October 18, 2009 8:27:00 AM

ကျေဇူးပါအန်တီkiki ရေ. Seafoodsနဲ့  Vit C juic မတည့် လို့  beer(or) wine နဲ့  တွဲသောက်သုံးသင့် တယ်လို့  မှတ်ယူသွားပါတယ်

Anonymous said... | Thursday, October 29, 2009 11:16:00 PM

according to SNOPES.com .. a site to shows whether something is hoax or not... that this email is also one of those HOAX outside...

http://www.snopes.com/medical/toxins/shrimp.asp

This is a hoax. It's a brief message with no facts to back it up and refers only to an incident allegedly having happened in Taiwan. There is no record that TruthOrFiction.com could find of any concerns over combining vitamin-C and shrimp.

Peace~~~ Too many hoax out there