သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

မြန်မာစကားသည် ဒို့ စကား...

26 comments:

သုဒြေ္န said... | Monday, October 12, 2009 12:31:00 AM

ပထမရပြီထင်တယ်ဗျိုး

ဝက်ဝံလေး said... | Monday, October 12, 2009 12:34:00 AM

ဖွားကိ ဘာလို့လဲ မသိဘူး ဖတ်ပြီးမျက်ရည်ဝဲမိတယ် ဝက်မျက်ရည် မြေမကျကောင်းဘူးဆိုလို့ ပြန် ဝင်ခိုင်းလိုက်တယ် သိလား

ဟေ့ မြန်မာကို ကမ္ဘာက သိစေရမယ် ကွ
ဝက်ကြွေးကြော်သံ ကြားလိုက်လား မကိရေ............

ရွှေရတုမှတ်တမ်း said... | Monday, October 12, 2009 12:41:00 AM

အလွမ်းရော...အသောရော..
၂ ခုလုံး..ပိုင်လှချည့်လား..မယ်ကိ..ရယ်..
ကိုကြီးကျောက် က..အပေါ ပဲအားသန်တာ..
by the way..
မယ်ကိ..သိသလားလို့ မေးချင်လို့...
ကိုကြီးကျောက်ခဲသူငယ်ချင်းတယောက် Taiwan မှာရှိတယ်၊ သူရောက်နေတာ..အနှစ် ၃၀ လောက်ရှိပြီ..သူ့နာမည်က J L Chieu တဲ့ ဗမာနာမည်က..ဝင်းမော်တဲ့..ကျောက်မဲ ဇာတိ..Taiwan မှာဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်နေတာကြာပြီ..
ဗမာပြည်မှာတော့ ကိုကြီးကျောက်ခဲနဲ့ မန်းတက္ကသိုလ်မှာ
သူငယ်ချင်း..သူက Physics နဲ့ ကျောင်းတက်ခဲ့တာ..
ဆရာဝန်ချင်းဆိုတော့..မယ်ကိများသိမလားလို့..
ကျောက်ခဲ..ဆိုရင်သူသိတယ်..
ကဲ.ကဲ..အခု..အလုပ်သွားလိုက်ဦးမယ်..နောက်မှစပ်စုတော့မယ်

စိမ်း... said... | Monday, October 12, 2009 12:46:00 AM

စိတ်မကောင်းစရာပဲ... ကြည့်ရတာ ဆရာမလေးက သူ့ကို အပူကပ်မှာကြောက်နေပုံရတယ်...

သုဒြေ္န said... | Monday, October 12, 2009 12:47:00 AM

လူအမျိုးမျိုးပါမကိရေ ကူညီချင်တဲ့ စိတ် နဲ့ ကိုယ်ချင်းစာ တရားလေး၇ှိရင်တော့  အကောင်းဆုံးဘဲဗျာ ခုတော့  သူဘယ်လိုလူစားမျိုးလဲဟင်လို့ သာမေးချင်မိပါတယ် သူ့ ကိုနားလည်ပေးလို့ မရတာထက် သူ့ ကိုခွင့် လွှတ် ဘို့ ခက်သွားပြီ ကျနော့ လို ဒီပို့ စ် လေးဖတ်မိတဲ့  တခြားစာဖတ်သူတွေလဲ ခံစားရမှာပါ တကယ်စိတ်မကောင်းစရာနော် ဒါကြောင့် ဒီနေရာကနေပြီး ဒီလိုလေးရေးချင်တယ် ကိုယ့် အတွက် တာဝန်မကြီးဘူးဆိုရင် ကိုယ်ချင်းစာ တတ်တဲ့ စိတ်လေးနဲ့  ကူညီနိုင်ပါစေလို့  ခင်တဲ့  သုဒြေ္န တကယ်ဘဲစိတ်မကောင်းဖြစ်မိတယ်

ခြေလှမ်းသစ် said... | Monday, October 12, 2009 1:00:00 AM

ဒီလိုမျိုး တခြားဘာသာစကားကိုမှ အထင်ကြီး ကိုယ့်ကိုကိုယ် အထင်ကြီးကာ နိုင်ငံခြားမှာ ပညာတွေလာသင် စီးပွါးတွေ လာရှာနေတဲ့ မြန်မာတွေ အများကြီးပါပဲ ... တမင်တကာ သာ မသိချင်ဟန်ဆောင် တဲ့ လူတွေဟာ အမျိုးမစစ်တွေသာ ဖြစ်ပါကြောင်း ... သူများစိန်နားကပ်နဲ့ ပါးပြောင်သူများသာ ဖြစ်ပါကြောင်း ၀မ်းနည်းစရာ ပိုစ့်လေးကို ဖတ်ရင်း ရင်ဖွင့်သွားခဲ့တယ် ဖွားကိရေ ....

Anonymous said... | Monday, October 12, 2009 1:15:00 AM

မြန်မာလို့ ဝန်ခံရမှာရှက်တတ်တဲ့လူတွေကို
အများကြီးတွေ့ ဖူးတယ် စိတ်မကောင်းစရာပဲ

Khyl said... | Monday, October 12, 2009 1:50:00 AM

ကိရေ.. စိတ်မကောင်းစရာကြီးနော်.... ဒီမှာလဲ ဒီလိုပဲ... မြန်မာ အခြင်းခြင်း မသိချင်ယောင်ပဲဆောင်နေကြတယ်.....
ဘာကြောင့်မှန်း မသိပေမယ့်..... နားလည်ပေးလိုက်ပါတယ်...
တို့ကတော့ မြန်မာဖြစ်ဖြစ် ဗမာဖြစ်ဖြစ်ချစ်တယ်.... ကိုယ့်လူမျိုးပဲ ကိုယ်မြတ်နိုးတယ်....

thawzin said... | Monday, October 12, 2009 2:04:00 AM

အဲလိုလူမျိုးတွေလဲ ရှိသေးသားပဲနော်။ မြန်မာက မြန်မာပါပဲဗျာ။ သူဘာသာ ဘာလူမျိုးခံထားခံထား မြန်မာရုပ်ကတော့ ပြောင်းလဲဖို့ မလွယ်ပါဘူးနော်။ ဒီမှာတော့ ဗိယက်နမ်နဲ့ မှားမှားပြီး မေးကြတယ်, ဗိယက်နမ်လားတဲ့။ ဟုတ်ဘူး။ မြန်မာလို့ ..... မသိဘူးတဲ့။ တရုတ်နိုင်ငံရဲ့ ဘေးနားမှာပါလို့ ။ သူတို့က မြန်မာဆိုရင် မသိဘူး။ ဘိ့ဓမ္မာ ဆိုမှ သိကြတာ။

Khyl said... | Monday, October 12, 2009 2:23:00 AM

တို့တော့ စီတီဇင် လျှောကိခွင့်ရနေပြီ... ဒါပေမယ့် မလျှောက်ဘို့ပဲ ဆုံးဖြတ်ထားတယ်.... ဘာအကျိုး အမြတ်ကြောင့်မှ မဟုတ်ပါဘူး... မြန်မာကလွဲလို့ ဘာလူမျိုးမှ မဖြစ်ချင်နေလို့ပါ.....

မောင် said... | Monday, October 12, 2009 3:28:00 AM

ဆ၇ာဝန်တွေ စိတ်ကောင်းဖို့နဲ့ စာနာစိတ်များများ၇ှိဖို့ လိုပါတယ်.

Anonymous said... | Monday, October 12, 2009 4:36:00 AM

တကယ်တော့ဗျာ.... နိုင်ငံတိုင်း လူမျိုးတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့သူ၊ သူ့စရိုက်နဲ့သူ၊ သူ့ဘဝနေထိုင်မှုနဲ့သူ မတူကြပါဘူး။ ကျနော်တော့ မြန်မာ ဖြစ်ရတာ ဘယ်တုန်းကမှ မသိမ်ငယ်ခဲ့ဘူး၊ စိတ်အားလဲ မငယ်သလို ဘယ်တုန်းကမှလဲ ငါမြန်မာဆိုပြီး လက်မလဲ မထောင်ခဲ့ဘူး။ တကယ်တော့ ဘယ်သူမဆို ကိုယ့်နိုင်ငံ ကုယ်လူမျိုးအတွက် လက်မထောင်ချင်တာ မဆန်းပါဘူး။
ကျနော်တို့တွေ ဘာကြောင့် လက်မမထောင်နိုင်သလဲ ဆိုတာ တွေးကြည့်ရင် သိမှာပါဗျာ..။ ကျန်တာတွေတော့ မပြောတော့ဘူးဗျာ..။ စိတ်ပျက်စရာတွေပဲ ရေးမိမှာစိုးလို့ပါ။

Angel Shaper said... | Monday, October 12, 2009 6:25:00 AM

အင်းးးးးးးးးးး
မြန်မာလူမျိုးတွေဟာ ဘယ်လိုလူမျိုးဆိုတာ မြန်မာပီသသူတိုင်း ဘယ်နေရာ ဘယ်အခြေနေမျိုးရောက်ရောက် မမေ့မလျော့ တန်ဖိုးထား ဖော်ပြသင့်ပါတယ်လေ။
အများကြီးးးးးး အများကြီးးးးးးးးးးး ကြုံဖူးလို့ စိတ်လဲ အကြိမ်ကြိမ် ထိခိုက်ခဲ့ဖူးပါတယ်။

amk said... | Monday, October 12, 2009 8:22:00 AM

ဖတ်ရတာစိတ်မကောင်းလိုက်တာ. အဲဒီဆရာဝန်မ ဒီပို့ ကို တိုက်ဆိုင်စွာဖတ်ရပြီး ညတိုင်းအိပ်မက်ဆိုးတွေမက်ပါစေဗျာ

မြတ်နိုး said... | Monday, October 12, 2009 8:59:00 AM

အဲ့ဆရာဝန်မမှာ တကယ်ပဲ လူနာတွေကို သူ့ပညာနဲ့ ကယ်တင်ချင်တဲ့ စိတ်ရှိခဲ့တယ်ဆိုရင်တော့ သူ ရဲ့ လုပ်ရပ်ကို သူသိသွားတဲ့တနေ့ သူ့ရဲ့အောင်မြင်မှုတွေ ကျဆုံးသွားမှာပါ။

ကြောက်ဖို့ကောင်းတဲ့ အဲလို ဗမာတွေနဲ့ မတွေ့ပါစေနဲ့ လို ဆုတောင်းပါတယ်။

တောင်ပေါ်သား said... | Monday, October 12, 2009 11:34:00 AM

စိတ်လျှော့ သူတို့လဲ ဘ၀ပေးအခြေအနေရပါ ဖွားကိရ
မြန်မာတွေ တလွှဲ ဆံပင်ကောက်နေကြတယ်။ စိတ်ညစ်တယ် ဖွားကီ စိတ်ကို မချမ်းသာပါ့လားနော့်


လေးစားလျက်
တောင်ပေါ်သား

kay said... | Monday, October 12, 2009 11:43:00 AM

ကိကိ ဇာတ်လမ်းလေးက..၀တ္တုလေး တပုဒ်လို..ရင်နင့်စရာ..ပြီးတော့..စဉ်းစား ဆင်ခြင်စရာ..

rose of sharon said... | Monday, October 12, 2009 11:56:00 AM

စိတ်မကောင်းဖြစ်မိတယ်.... ဘာပြောရမှန်းတောင် မသိတော့ဘူး.... ဒီမှာလဲ မြန်မာချင်း မတွေ့ချင်သူတွေရှိတယ်...

maylay said... | Monday, October 12, 2009 4:44:00 PM

ဒိမှာတော့ မြန်မာ များလွန်းတယ်။ အစိုးရဌာနနဲ့ ထိုင်းလိုရေးထားတဲ့ ဆိုင်းဘုတ်တွေသာ မရှိရင် မြန်မာမြေလေးလိုပါပဲ။ မေလေးကျ မြန်မာစကားကို မြန်မာလိုအနေအထိုင်ကို ချစ်လွန်းလို့ မြန်မာစကားတတ်တဲ့ ထိုင်းနဲ့ စကားပြောရရင်တောင် မြန်မာလိုပဲပြောတယ်။ နင့် ဘာလို့ ထိုင်းလိုမပြောတာလဲ မေးခံရရင် ပြုံးပြလိုက်တယ်။ တလွဲဆံပင် ကောင်းနေကြတာတော့ နေရာတိုင်းရှိနေတယ်ထင်တာပါပဲ မမကိရယ်။ အဲဒီဆရာဝန်မ မမဟာ ကျောသား ရင်သား ရန်သူ မိတ်ဆွေ မခွဲခြားဘဲ လူနာကို ပြုစုကုသပေးရပါမယ်ဆိုတဲ့ ဆရာဝန်စည်းကို တလွဲဆံပင်ကောင်းပြီး ဖျက်ပစ်လိုက်တာပါပဲ။ မြန်မာအချင်းချင်းရိုင်းပင်းနိုင်ကြပါစေ

မမသီရိ said... | Monday, October 12, 2009 7:16:00 PM

မမ အထင်တော့ မြန်မာလို့ ပြောရမှာရှက်တယ် ဆိုတာထက်.. သူ့နှလုံးသားက မာကျောတာနေမှာပါ
လူသားဆန်တဲ့စိတ်နည်းတယ် ပြောရမှာပေါ့...

ကိုယ့် ခံယူချက်လေး ထည့်ပြောရရင်တော့
လူမျိုးအတော်များများ နဲ့ အလုပ်လုပ်ခဲ့ရတဲ့ အတွေ့ အကြုံတွေရပြီးတဲ့ နောက်မှာ..
မြန်မာဖြစ်လို့ သိမ်ငယ်စရာ လိုတယ်လို့ မခံစားမိတဲ့အပြင်
မြန်မာလို့ ပြောလိုက်လို့လဲ အထင်သေးခံရဖို့ မကြောက်တော့ဘူး.. (ဘယ်တုန်းကမှလဲ မကြောက်ခဲ့ဖူးပါဘူး)
မြန်မာပဲဖြစ်ဖြစ် မဖြစ်ဖြစ် လူ တွေက လူပါပဲ
ဘယ်ဘာသာစကားပဲပြောပြော
လူသား ဟာ လူသားပါပဲ

ီစကြာဝဠာ အစွန်းတနေရာကို စိတ်ကူးနဲ့ခဏလေးထွက်ကြည့်လိုက်ပါလား
မမတို့ ကမ္ဘာ ကြီးက လုံးလုံးလေး နဲ့ သီးခြားဖြစ်နေတာ လေ..အဲဒီ ကမ္ဘာလုံးလုံးလေးထဲမှာ သန်းခြောက်ထောင်သော လူတွေထဲကအများစုဟာ
မနက်ဖြန်တိုင်းက ကိုယ့်အတွက်..
ကိုယ့်ကိုယ်ကိုယ် မသေတော့ဘူး..
စတဲ့ အတွေးတွေနဲ့ ရင်နာစရာတွေ လုပ်မိနေတတ်ကြတယ်..

လူတိုင်း အပူတွေနဲ့ဝေးပါစေ

ဂျူနို said... | Monday, October 12, 2009 7:46:00 PM

တိုက်တိုက်ဆိုင်ဆိုင်ပဲ။ မအယ်လည်း ဘာသာစကားအကြောင်း စဉ်းစားနေတာ။

ဗမာပြည်မှာတုန်းက ကြုံဖူးတယ်။ ဗမာလိုမပြောတဲ့လူနာနဲ့ တိုင်းရင်းသားစကားနားမလည်တဲ့ အိုဂျီလေ။ တော်တော်ဆိုးပါတယ်။

ကိကိဆရာဝန်ကတော့ ဗမာလိုမပြောချင်လည်း စကားပြန်လေး ဘာလေးခေါ်ခိုင်းရင်ဖြစ်နိုင်တာပဲ။

ခုဟာက လူနာပြောတဲ့ စကား ကိုယ်မပြောတာနဲ့ ပြီးပြီးရော လုပ်လိုက်တာမျိုးပါလား။

သူလုပ်တာက တာဝန်မဲ့လွန်းတဲ့ပြင် လူစိတ်လည်းမဲ့လွန်းပါတယ်။

အတန်းပညာတတ်တိုင်း ညဏ်ရှိတာ မဟုတ်ဘူးဆိုတာဒါပါပဲလေ။

မအယ်

မြစ်ကျိုးအင်း said... | Monday, October 12, 2009 8:50:00 PM

လူတွေလည်းပြင်ဘို့လိုတယ် ။

မြန်မာဆိုရင် နှာခေါင်းရှုံ့ ချင်အောင် လုပ်နေတဲ့ သူတွေလည်း နေရာဖယ်ဘို့လိုတယ်။

အားလုံးကို စိတ်ဓါတ်ပျက်ပြားအောင် လုပ်ထား မှတော့ နေရာတိုင်းမှာ နာမည်ပျက်တွေပဲ ထွက်ထွက်လာတော့ တချို့လည်း မြန်မာ နာမည်ခံရမှာ ရှက်တယ်နဲ့ တူပါရဲ့။

အဲလို လူတွေထဲ ကျွန်တော်တို့တွေ မပါသွား အောင် ကိုယ့်ကိုကိုယ်တာဝန်ယူစေချင်တယ်။

ကြယ်ပြာ said... | Monday, October 12, 2009 10:13:00 PM

မကိ ... ဒီစာလေးဖတ်ပြီး ရင်ထဲမကောင်းဖြစ်မိတယ် .... မြန်မာဖြစ်လို့ ... မြန်မာပတ်စ်စပို့ ကိုင်လို့.... မြန်မာတွေမို့ ဆိုတဲ့ စကားတွေကိုယ်တိုင်လဲ ပြောဖူးတယ် ... ကြုံလဲကြုံဖူးတယ် ... ဒါပေမယ့် ကြယ်ပြာမြန်မာပြည်ကိုချစ်တယ် ... မြန်မာပြည်ကိုမချစ်လို့တခြားနိုင်ငံထွက်လာတာမဟုတ်တာသေချာလွန်းနေတော့ မြန်မာဖြစ်ရတာရှက်နေတဲ့ မြန်မာလို့သိမှာ ကြောက်နေတဲ့လူတွေမြင်ရင် ကြယ်ပြာ အမြင်ကပ်တယ် ... လူတိုင်းကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲ ... ဒါပေမယ့်အဓိကက လူမျိုးမဟုတ်ဘူး .. ဘယ်နိုင်ငံသားပဲဖြစ်နေနေ ယုတ်မာနေရင် လူယုတ်မာပဲ .. ကြယ်ပြာတို့နိုင်ငံမှာလဲ လူယုတ်မာတွေ လူ့အကျင့်ပျက်တွေအများကြီး ... ကြယ်ပြာကတော့ နာမည်တောင်ခေါ်ရလွယ်အောင်ဆိုပြီး အင်္ဂလိပ်နာမည်ပြောင်းမပေးဘူး ... မြန်မာဖြစ်ပြီး လူမျိုးခြားတွေကြားမှာအသိမှတ်ပြုခံနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားတယ် .... မကိရေ ... စိတ်ထဲမှာ စကားတွေအများကြီးထွက်လာလို့ ရေးပစ်လိုက်ပြီ ....

ahphyulay said... | Monday, October 12, 2009 10:30:00 PM

ဖတ်ပြီးရင်ထဲ မကောင်းလွန်းပါဗျာ။
ဘဝကိုမေ့ တော့  ဘဝင်မြင့် တတ်လာတယ်တဲ့ 
အခုဟာက တိုင်းပြည်နဲ့ လူမျိုးပါမေ့ ချင်လာ
တဲ့ သဘောပါ။ ဘယ်လိုပုံစံနဲ့ ထွက်ထွက်လာခဲ့ 
ရပေမဲ့  မမေ့ သင့် တာက အမျိုး၊လူမျိုးပါဗျာ။

Anonymous said... | Monday, October 12, 2009 11:11:00 PM

ဟုတ်တယ်။ ဖတ်ပြီး စိတ်မကောင်းဖြစ်တယ်။ ကိုယ့်အဖွားသာဖြစ်ခဲ့ရင်လို့ တွေးမိတော့ မျက်ရည်တောင် ၀ဲသွားတယ်..။

သုဒြေ္န said... | Monday, October 12, 2009 11:55:00 PM

ကျနော်တမျိုးတွေးမိပြန်တယ်မကိရာ အပေါ် ကကွန်မန့် တွေဖတ်ရင်းပေါ့ ဗျာ မြန်မာတွေ ကရှက်စရာကောင်းတဲ့  အပြုမူတွေ သိမ်ငယ် စရာတွေ လူအထင်သေးစရာတွေ ယုံကြည်မှု ကင်းမဲ့ အောင်နေတာတွေ ကတိမတည်တာ အစ လိမ်လည်တာ ကောက်ကျစ်တာ သေးသိမ်ညံ့ဖြင်းတာ ယုံကြည်ရလောက်တဲ့  တည်ကြည်မှုမရှိတာအဆုံး ဒီလိုမျိုးတွေ ရှိလာတဲ့ အခါ ကိုယ့် ကို ကိုယ် မြန်မာလို့  ပြည်ပ သားတွေ သိမှာကိုဝန်လေးလာကြသလိုဘဲနော် ကျနော်ပြောတဲ့  အပေါ်ကလူစားမျိုးတွေ က ဘယ်သူတွေဆိုတာ မကိနဲ့ အတူ စာဖတ်သူ အားလုံ့းသဘောပေါက်မှာပါ အကောင်းဆုံးကတော့  ကိုယ်ချင်းစာစိတ်နဲ့  ကူညီနိုင်ကြပါစေဗျာ ခင်တဲ့  သုဒြေ္န