သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

ကုရာနတ္တိ ဆေးမရှိပြီ (၁) ..

25 comments:

ahphyulay said... | Sunday, October 25, 2009 9:58:00 PM

တစ်ပစ်လိုက်ပြီ၊ကြားသားမိုးကြိုးဗျာ

ahphyulay said... | Sunday, October 25, 2009 10:07:00 PM

အင်း..ခက်တော့ ခက်နေပြီဗျ။ ဒီရောဂါဆိုးကြီးတွေမပြောပါနဲ့ 
ရိုးရိုးမေဂျာရောဂါလေးကုဖို့ တောင် ဆေးရုံကြီးမှာက ကုတင်
ပဲရှိတာပါ။ လူနာက ဆေးရုံရောက်တာနဲ့ စိတ်ကလျှော့ လိုက်ပြီး
သားဖြစ်နေပါပြီ။ အိမ်မှာသေရင်အလုပ်ရှုပ်မှာစိုးလို့ ဆေးရုံ
ကို သွားပစ်လိုက်ရတဲ့ သဘောပါဗျာ။ ဆေးရုံကြီးကိုတောင်
တင်လျှော လို့ ခေါ်နေကြပြီ။ ဗမာပြည်ကဆေးရုံတွေကင်္သချိုင်း
တွေလိုပါပဲလို့ ။ငွေကို ဆန်အိပ်နဲ့  ထုပ်သွားမှ အသေဖြောင့် 
ကြရတော့ မှာပါလို့ ။

ahphyulay said... | Sunday, October 25, 2009 10:10:00 PM

အဖွားတို့ ခေတ်တုံးကတော့  ရန်ကုန်ဆေးရုံကြီးမှာ ဆန်ပြုတ်တိုက်
တာကိုရေးတေးတေးမှတ်မိပါတယ်လေ။အခုရော...
ကျွန်တော် တက်ရရင် အင်းသောက်ရပါအုံးမလား.....

ဝက်ဝံလေး said... | Sunday, October 25, 2009 10:33:00 PM

ကောက်တယ် ကွေးတယ် ပြန်ကို မဆန့်တော့ဘူး ဒါဗြဲ မမန့်ဘူး တွားမယ် လိုက်ထော်နဲ့ ဒုန်းးးးးးးဒုန်းးးးးးးးးးး

ဝက်ဝံလေး said... | Sunday, October 25, 2009 10:48:00 PM

အယ် ကောက်နေတဲ့ စိတ်တောင် ဘယ်ရောက်သွားလဲ မသိဘူး ပို့စ် ဖတ်ပြီးတော့ မကိရယ် ပြောစရာ စကားတောင် မရှိ ရှားပါးသွားပြီ ဝက် တို့ ဒီလောက် စကားများခဲ့တာ အခု ဘာပြောလို့ ပြောရမှန်းမသိအောင် ကို ဖြစ်သွားတယ် ကဲ စဉ်းပြီးစားသာကြည့်တော့ (နွားလို့ မဆိုလိုပါ)

မပြောချင်ဘူး ပြောကို မပြောချင်ဘူး (ဒေါ်မြလေး လေသံ) တွားမယ် ဒီတခါ တကယ် သွားပြီ လိုက်ထော်နဲ့တော့ ဒုန်းးးးးးဒုန်းးးးးးးးးးးးးး

နှင်းနဲ့မာယာ said... | Sunday, October 25, 2009 11:15:00 PM

ကိရေ
စိတ်မသက်သာစရာ သတင်းလေးကို
ကြည့်သွားပါတယ်...
ကိပြောသလိုပဲ ဝေဘာဂီဆေးရုံမှာတော့ နောက်ဆုံးအချိန်ရောက်နေတဲ့သူတွေကို ကြပ်ကြပ်မတ်မတ် ကုပေးရှာပါတယ်... (ဆေးကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ရတာပေါ့)...
ဒါပေမယ့် အဲဒါကလဲ လွန်ခဲ့တဲ့ ၄နှစ်ကျော်ကလေ
ခုတော့ မသိတော့ဘူး...

နှင်း

Anonymous said... | Monday, October 26, 2009 12:40:00 AM

ကိရေ

အနာသိသောလည်း ဆေးရှိသောလည်း ကုရန် ပိုက်ဆံနတ္တိက ပြသာနာပါ။

ဆေးကုတယ် ဆိုတာ လူချမ်းသာတို့ အလုပ် တခုဖြစ်နေပါပြီ။

မအယ်

ခြေလှမ်းသစ် said... | Monday, October 26, 2009 12:48:00 AM

ဖွားကိရေ .. စစ်အစိုးရမှာ ဒီလိုပြည်သူတွေကို ကယ်တင်ဖို့ တာဝန်မရှိပါဘူး သူတို့မှာတာဝန်ရှိတာက ပြည်သူတွေကို သတ်ဖို့ပါပဲ .. ပြည်သူတွေများများသေ ရင် သူတို့ကို တော်လှန်မဲ့သူတွေ နည်းလေလေပေါ့ .. သူတို့ရှာလို့ဖွေလို့ရတဲ့ ပိုက်ဆံတွေက သေနတ်ဝယ်မယ် ပြည်သူကိုသတ်မယ် ကြံဖွတ်တွေကို မွေးမယ် ပြည်သူ အချင်းချင်းကို နှိမ်နှင်းမယ် .. ဒါကြောင့် ဒီအစိုးရကို တော်လှန်ပစ်ရမယ် .. စိတ်မကောင်းပါဘူးဗျာ .. ဒီရောဂါရှင် ပြည်သူတွေကြောင့် ကျနော်တို့မြို့ မှာ ဒီလူတွေအတွက် မနှစ်က ရံပုံငွေပွဲလုပ်ပီး ပိုက်ဆံတွေ ပို့ပေးဖြစ်သေးတယ် ...

သားကြီး said... | Monday, October 26, 2009 12:54:00 AM

အရှက်မရှိတဲ့အကောင်တွေကတော့
အရှက်မရှိအော်နေမှာပဲ
ကိုယ်တိုင်လည်းပြည်သူဘက်ကဘာမှ
ရပ်တည်မှုမရှိ တနေ့နေ့ကိုယ့်ဖို့ပဲယက်နေတဲ့လိပ်တွေ
မြန်မာပြည်မှာလူဖြစ်ရတာ
စ၊လယ်၊ဆုံး သုံးပါးစလုံးရှုံးတယ်

သားကြီး said... | Monday, October 26, 2009 12:57:00 AM

အနာလည်းသိတာတောင်
ဆေးလည်းရှိတာတောင် ပိုက်ပိုက်ကမရှိရင်တော့ သွားပြီ
မြန်မာပြည်မှာက စားဖို့တောင်အနိုင်နိုင်ဆိုတော့
ရောဂါဖြစ်တာနဲ့ သင်္ချိုင်းကိုတန်းပြီး ဘွတ်ကင်းလုပ်ဖို့ပဲရှိတော့တယ်
စိတ်နာဖို့သိပ်ကောင်းတယ်

thawzin said... | Monday, October 26, 2009 1:00:00 AM

အဲဒီရောဂါက တကယ်တမ်းသိပ်မဆိုးပါဘူ။ လိင်ဆက်ဆံလို့ရတယ်ဆိုတဲ့ သမိုင်းကြီး ရှိနေတော့ တခြားနည်းလမ်းနဲ့ ကူးပြီးသေရင်တောင် ရှက်ဖို့ကောင်းတယ်နော်။ လူတွေအမြင်မှာက ဒီလို လိင်ဆက်ဆံလို့ ရတယ်ဆိုတာကြီးစွဲနေတယ်ဗျ။ အဲဒီအစွဲကြီးက ရောဂါကူးစက်ခံရသူအတွက် ပထမအဆင့် ကိုယ်ခံအားတွေ ပိုကျစေတယ်နော်။ သေနတ်တချက်ထဲနဲ့ အသတ်ခံရတာ တော်သေးတယ်နော်။ အစ်မကြီးဘယ်လိုသေချင်သလဲဟင်။ သေဖို့အခုကတည်းက စဉ်းစားထားနော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆို သေဖို့ အနှစ်အစိပ်လောက်ပဲကျန်တော့တယ်။ ဘယ်လိုသေရမလဲ မစဉ်းစားရသေးဘူး။ အဲဒီရောဂါကြီးနဲ့တော့ သေချင်ပါဘူးဗျာ။

kaungkinpyar said... | Monday, October 26, 2009 1:01:00 AM

ဘာရောဂါမှ မဖြစ်ကြပါစေနဲ့ ဆုတောင်းတယ် ကိရယ်..

Ko Min Htet said... | Monday, October 26, 2009 3:13:00 AM

ကိရေ သားသား စာလာဖတ်တယ်နော်။ သားသားလဲ ကျောင်းသွားကျောင်းတက် ဘောလုံးပွဲအကြည့်မပျက် လုပ်နေရလို့ စာတောင် မရေးဖြစ်တော့ဘူး။ ကျောင်းတက်ရလို့ ရူးကြောင်ကြောင်ဖြစ်နေတဲ့စိတ်ကို ဘောလုံးပွဲကြည့်ပြီး ဖြေနေရတယ်။ “ပုထုဇ္ဇနော ဥမ္မတ္တကော” အရ ရူးနေပေမဲ့ ဘောလုံးပွဲကြည့်နေရလို့ ကုရာ “အတ္ထိ ဆေးရှိ၏” ပေါ့ ကိကိရယ်။

Anonymous said... | Monday, October 26, 2009 5:50:00 AM

အင်း.... ဟာသလေးစွက်ပြီး ပညာလေးပေးသွားတာ သဘောကျစရာပါပဲဗျာ။ လေးစားပါတယ်၊ အခုလို ပညာပေး၊ သတိပေးတာ ကျေးဇူးပါပဲဗျာ။

Anonymous said... | Monday, October 26, 2009 5:54:00 AM

အေးဗျာ.. ဗီဒီယိုဖိုင်လေး ကြည့်ပြီး စိတ်မကောင်းစရာပဲဗျာ... စိတ်ပျက်မိတယ်၊ စိတ်နာမိတယ်ဗျာ၊ ဝဠ်ကြွေးရှိလဲ ကြေကြပါစေဗျာ..။

မြစ်ကျိုးအင်း said... | Monday, October 26, 2009 5:59:00 AM

လူတွေကျန်းမာရေး အမြင်ကျယ်ဘို့လိုသလို

တာဝန်ရှိတဲ့သူတွေလည်း ပိုပြီး တာဝန်ယူပေးတတ်ဘို့ လိုတယ်

ရောဂါကူးစက်ခံရပြီဆို မကောင်းတဲ့ အမြင်နဲ့ပဲ အမြင်ခံ ရတော့ လူနာတွေကိုယ်တိုင်လဲ သိမ်ငယ်မှာပါပဲ...။

တကယ်တော့ ကူးစက်ပုံတွေ အများကြီးရှိပါတယ်လေ။

ဖေးမကူညီ ပေးနိင်တဲ့လူမှု အဖွဲ့အစည်းတွေ များများ ပေါ်ပေါက်သင့်သလို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခွင့်လည်း ရစေချင်ပါတယ်။

Nge Naing said... | Monday, October 26, 2009 6:39:00 AM

kiki ရေ တင်ပြပုံလေးရော အချက်အလက်ပါ သိပ်ကို ကောင်းပါတယ်။ ခေါင်းစဉ်ကို သဘောပေါက်ပေမဲ့ နိဒါန်းစပျိုးပုံကို ကြည့်ပြီး ဘာအကြောင်းများ ရေးမလဲလို့ ဇဝေဇ၀ါ ဖြစ်သွားသေးတယ်။ kiki ပို့စ်ကို ဖတ်ပြီး ဒီမှာ အထက်တန်း တန်းပြန်တက်တုန်းက အင်္ဂလိပ်ဘာသာမှာ မကြာခဏလုပ်ရတဲ့ စာကို ဖတ်ပြီး ဝေဖန်ဆန်းစစ်တဲ့ လေ့ကျင့်ခန်း တခုကို သတိရတယ်။ Purpose of this text ကို မေးရင် Educating and informing ပြောရလိမ့်မယ်။ literture အမျိုးအစားကတော့ Creative လည်းပါ composition လည်းပါတယ်ဆိုတော့ နှစ်မျိုးစပ်လို့ ပြောရလိမ့်မယ် ထင်တယ်။

ဖြူတုတ်လေး said... | Monday, October 26, 2009 9:12:00 AM

ဗဟုသုတအတွက် ကျေးဇူးပါ မမကိ။ တင်ပြပုံ အရမ်းကောင်းပါတယ်။

တောင်ပေါ်သား said... | Monday, October 26, 2009 9:24:00 AM

ဝေဒနာကို ခံစားနေရတဲ့လူတွေ သနားစရာပါပဲ။ အဆင့်မမီတဲ့ ဆေးတွေနဲ့ ရင်ဆိုင်နေရတာလဲ ဒုနဲ့ဒေးပါ အဆိုးဆုံးကတော့ ဘေးပတ်ဝန်းကျင်က ပစ်ပယ်မူတွေပါ ဒါတွေဟာ မှားယွင်းတဲ့ အယူအဆဖြစ်ပေမဲ့ ဘယ်သူမှ မပြင်နိုင်သေးတာပါ အတော့်ကို ၀မ်းနည်းမိပါတယ်


လေးစားလျက်
တောင်ပေါ်သား

ရွှေရတုမှတ်တမ်း said... | Monday, October 26, 2009 12:03:00 PM

မယ်ကိ ရေ...
ရောဂါ ရှိ ပြီး ပိုက်ဆံ မရှိရင် ဘာဆက်လုပ်သင့် သလဲဆိုတဲ့ post လေးရေးပါဦး....

Unknown said... | Monday, October 26, 2009 3:11:00 PM

ပါမောက္ခကြီး...

ဘလော့ ဂ်ဘေးကတန်းတွေ၊စီပုံးတွေပျောက်ကုန်
ပါလား...ဘယ်တွေရောက်ကုန်ပြီလဲ....

ဓါးထက်ထက် said... | Monday, October 26, 2009 4:51:00 PM

အင်းခက်တယ်ဗျာ တကယ်ကိုမလွယ်ဘူး တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ မှုတွေ တာဝန်မယူလစ်လျှုရှုထားတာတွေကြောင့်  ကျောမွဲတွေဘ၀ဟာ နာလံမထူနိုင်အောင် ဖြစ်နေကြရတဲ့ ဖြစ်ရပ်တွေပေါ့  တကယ်လို့ များ မြင့် မြတ်တဲ့  အတွေးခေါ်အယူဆတွေနဲ့  အုပ်ချုပ်သူတွေ ကတွန်းတွန်းတိုက်တိုက်လေး စောင့် ရှောက်ကူညီမှုတွေရှိခဲ့ ရင် အတိုင်းတာတခုထိတားဆီးနိုင်မယ်ပေါ့  ခုတော့  မဆိုင်သလို ပစ်ထားလိုက် စေတနာအရင်းခံနဲ့  ကူညီသူတွေကို ဖိနှိပ်လိုက်နဲ့  ပြည်သူတွေရဲ့ ကျမ္မာရေးစောင့် ရှောက်မှုတွေဟာ အလိုလို နေရင်း ဟိုရှေး ရှေးတုံးက ပုံပြင်တွေလို ဖြစ်ခဲ့ ရပြီပေါ့းးးးးတော်ပြီဗျာရေးရင်းနဲ့ ရေးချင်စိတ်ကုန်သွားပြီ ဓါးထက်ထက်

လသာည said... | Monday, October 26, 2009 7:58:00 PM

မကိက တကယ်ကိုစာရေးကောင်းတာပဲ။ စိတ်မကောင်းစရာအဖြစ်လေးကို ဖြေသာအောင် ဟာသလေးစွက်ပြီးတင်ပြထားပေးတယ်နော်။ ဟုတ်တယ်ကွာ.. ကုရာနတ္ထဆေးမရှိရတာ တကယ့်ကိုဘ၀ရှုံးနေသလိုပါပဲ..

မမသီရိ said... | Monday, October 26, 2009 8:12:00 PM

ကိုယ်တိုင်မလုပ်ပေးနိုင်တောင်မှ လုပ်ပေးနေသူတွေ ကို ကြည်ဖြူသင့်တာပေါ့ .. ခုတော့

ဒါနဲ့
ကိကီ ၀မ်းတွင်းရူးဆိုတာ ဖတ်ပြီး ပြုံးရသေးတယ်
လူတွေဟာ တမျိုး မဟုတ် တမျိုး မူးတဲ့ အကြောင်းလေး မမ လဲ ကဗျာ တပုဒ် ရေးဖူး ခဲ့သေးတယ်
(ရူးတာတော့ မဟုတ်.. မူးတာ.. အကြောင်းတိုက်ဆိုင် လို့ောက်ာငြာ ၀င်တာနော်.. :P))း))

http://mamathiri.blogspot.com/2009/02/blog-post_11.html#comments

း)

ဥာဏ်ပိုင်စိုး said... | Tuesday, October 27, 2009 7:01:00 PM

မှန်ပါတယ်။ အားလုံးမှန်တယ်။ သို့ပေမဲ့ အကြားမလပ် လိုက်လံဆောင်ရွက်ဖို့ကလဲ နိုင်ငံတော်မှာ စီမံကိန်းတစ်ခုတည်းမဟုတ်ပါ။ ကျန်းမာရေးအနေနဲ့တင် တိုက်ဖျက်မှုစီမံကိန်းများစွာပါဝင်နေတာကို ကျန်းမာရေးဝန်းထမ်းတွေ သိပါလိမ့်မယ်။ တချို့ကိစ္စတွေမှန်ပါတယ် လစ်ဟင်းမှုတွေအတွက်ပေါ့။ ဒါပေမဲ့ခုလက်ရှိလဲ ဒီရောဂါကြီးကိုပဲ ဦးစားပေးနံပါတ်တစ်နေရာထားပြီး တိုက်ဖျက်နေတာပါ ဒါလဲသိပြီးဖြစ်ပါလိမ့်မယ်။ လိုအပ်ချက်မှန်သမျှ နိုင်ငံအတွက်ဖြည့်ဆည်းပေးရမှာ အစိုးရတစ်ခုရဲ့တာဝန်ပါ။ တာဝန်မယူတာတော့မဟုတ်ပါဘူး သူ့အခြေနေအချိန်ခါနဲ့ ဘယ်နေရာကနိုင်ငံတော်ဘတ်ဂျက်ကိုပိုမိုသုံးစွဲရမယ်ဆိုတဲ့ တစ်နှစ်စာငွေစာရင်းကို သိရင် လုပ်မပေးနိုင်တာလည်း သူတို့အပြစ်မဟုတ်သေးပါဘူးလို့သိလာပါလိမ့်မယ်။ အားလုံးကတော့ဘယ်စိတ်ကောင်းပါ့မလဲဗျာ။ ဘယ်လောက်ပဲဆိုးတယ်ပြောပြော၊ ကောင်းတယ်ပြောပြော ကိုယ့်နိုင်ငံနှင့်လူမျိုးကိုလူတိုင်းချစ်ကြပါတယ်။ ဒါကြောင့်ဥပေက္ခာပြုထားတယ်တော့လဲ မဟုတ်ပါဘူးဗျာ။ လုပ်ပေးနိုင်တာတွေ လုပ်ပေးတာလည်းရှိနေပါတယ်။ နာလို့ဝင်ပြောတာမဟုတ်ဘူးနော်။ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံတော်ဘတ်ဂျက်ကိုမသိပဲရမ်းသမနေတာမကောင်းလို့ပါ၊ အခုအစိုးရမှမဟုတ်ပါဘူး နောက်အစိုးရသစ်တက်ရင်လဲ နိုင်ငံတောင်ဘတ်ဂျက်မမီသေးပါဘူး။ အနောက်နိုင်ငံတွေရဲ့ ပစ်ပယ်လျစ်လျူရှုမှုတွေကလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ အစိုးရအပြစ်ချည်းပဲပုံချနေရင် ကျန်တဲ့ဟာကွက်တွေကိုလဲသတိရစေလိုပါတယ်။ ဘယ်နေရမှာမဆို အကောင်းနဲ့အဆိုးဒွန်တွဲနေပါတယ်။ ကောင်းကွက်ကိုရွေးမြင်ရင် ကောင်းတယ်လို့မြင်ပြီး၊ မကောင်းကွက်ကိုရွေးမြင်ရင် အဆိုးမြင်ဝါဒဘက်ရောက်သွားပါမယ်။ လက်ရှိအခြေနေအတိုင်းထက် ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတာကို စဉ်းစားသုံးသပ်ပြီး လိုအပ်ချက်ကို အစိုးရ၊ ပြည်သူပူးပေါင်းဆောင်ရွက်ရမှာပါ။ စစ်အစိုးရမှာလဲ ကောင်းကွက်တွေရှိသလို၊ ဆိုးကွက်တွေရှိမှာပါ။ ဆိုးကွက်တွေကိုနားလည်မှုထားပြီး ကောင်းကွက်တွေနဲ့ညှိနှိုင်းဆောင်ရွက်ရင်လည်း ကောင်းမွန်တဲ့အဖြေထွက်လာမှာပါ။ တစ်ဘက်စောင်းနင်းအယူအဆတွေကိုမထားပဲ ဘယ်လိုနည်းနဲ့ အခြေနေကိုအကောင်းဆုံးဖြစ်အောင်ကိုင်ကွယ်မယ်ဆိုတာကို အဖြေရှာကြပါစို့။ သင်ကိုယ်တိုင်အုပ်တစ်ချပ်သဲတစ်ပွင့်မပါဘူးရင် အုပ်တစ်ချပ်သဲတစ်ပွင့်ရဲ့တန်ဖိုးကို အပြင်ကမမြင်ပါဘူး။ အုပ်တစ်ချပ်လစ်လပ်ရင်တောင် ပြည့်စုံတဲ့အဆောင်အဦးမဟုတ်ဘူးဆိုတာ သိပါစေ။ တကယ်စေတနာနဲ့ပြုစုကုသတဲ့သူတွေ အစိုးရဆေးရုံမှာလဲအများကြီးပါ။ စားရိတ်မျှပေးကျန်းမာရေးမာရေးမှ မလုပ်ရင်လဲ ဆရာဝန်တွေအိပ်စိုက်ဖို့ပဲရှိပါတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ နိုင်ငံတော်လစာကိုစားပြီး ရတဲ့လစာလေးတွေနဲ့ အလုပ်လုပ်ပေးနဲ့တဲ့အစိုးရဝန်ထမ်းတွေမရှိလို့မဖြစ်ပါဘူး။ သူတို့အပင်ပန်းခံပြီး တာဝန်ယူဆောင်ရွက်စေတနာထားတဲ့ကျန်းမာရေးဝန်ထမ်းတွေကိုလဲ ကြုံဖူးသူသိဖူးမှာပါ။ ကျွန်တော်ပြောပြီးတဲ့အတိုင်းပါပဲလေ နေရာတိုင်းမှာ အကောင်းအဆိုးဒွန်တွဲနေပါတယ်။ အကောင်းလေးတွေကိုချီးမွမ်းဖို့ နှုတ်စွံ့အသလောက်၊ အဆိုးတွေကိုဘာလို့များထုတ်ဖော်ချီးကျူးချင်နေရတာပါလိမ့်ဗျာ။ အကောင်းမြင်ဝါဒထားတတ်တဲ့မြင့်မြတ်တဲ့စိတ်ကိုဂုဏ်ယူတတ်ကြပါစေ။ ဒါဟာစေတနာပါ။ သင်ကောင်လျှင်ကျွန်ုပ်မဆိုးပါဆိုတာလိုဖြစ်မနေစေချင်ပါ။ သင်ကောင်းကောင်းမကောင်းကောင်း ကျွန်ုပ်ကောင်းအောင်နေမည်ဆိုတဲ့ စိတ်ဓာတ်ကမှ မြင့်မြတ်တာပါ။ ဘယ်သူ့ကိုမှမရည်ရွယ်ပါ။ အကယ်၍ မိမိမကျေနပ်သည်များကိုဆွေးနွေးချင်လျှင် nyanpaingsoe09@gmail.com ကိုအပ်လိုက်ပါ။ အချိန်တိုင်းမဟုတ်တောင် အချိန်တိုင်းနီးပါးရှိနေပါလိမ့်မယ်။။။ မည်သူ့ကိုမျှအဆိုးမြင်စွာမရည်ရွယ်ပါ။ အားလုံးအကောင်းမြင်တတ်ပြီး တကယ့်စေတနာစစ်စစ်နဲ့ ကာယဥာဏစိုက်ပြီး အကူညီပေးနိုင်ကြပါစေ။ (အုပ်တစ်ချပ်၊ သဲတစ်ပွင့်)

ဥာဏ်ပိုင်စိုး