သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

မှားချက်ရယ် တစ်ချက်ကြောင့်၊ စေတနာတခုမှ ဝေဒနာများစွာသို့..

18 comments:

သဒ္ဓါလှိုင်း said... | Monday, August 29, 2011 5:19:00 PM

ဖတ်ပြီးရင်နင့်ရပါလားမကိရယ်။ ပေါ့ဆသူတွေက ပေါ့ဆခဲ့ပေမယ့် တကယ်လက်ခံလိုက်ရသူကတော့ တဘဝလုံးစာ စတေးခံလိုက်ရပြီပေါ့။
“စေတနာလည်းမပါ၊ သိလျှက်နဲ့ တမင်မှားနေကြတဲ့ သူများရဲ့ အမှားတွေကိုတော့ ခွင့်မလွှတ်စေချင်ပါ” အရမ်းမှန်ပါတယ်။
ခင်မင်လျက်
သဒ္ဓါ

ahphyulay said... | Monday, August 29, 2011 5:27:00 PM

အင်း..
အမရေ၊ ဒီလိုနိုင်ငံမျိုးမှာ လူတစ်ယောက်
ချင်းစီရဲ့  အခွင့် အရေးနဲ့  ကာကွယ်မှုတွေ
အပြည့် ရှိနေပြီး လိုအပ်တာထက်တောင်
ပိုနေတယ်လို့ ထင်ရတာပါဗျာ..၊ တစ်ချို့ 
ကိစ္စတွေမှာ အဲ့ လိုကာကွယ်မှုတွေကြောင့်
အစိုးရအနေနဲ့ လုပ်သင့် လုပ်ထိုက်တာတွေ
တောင်မလုပ်နိုင်ပဲ နှောင့် နှေးခဲ့ ရပါတယ်။
သိလျှက်နဲ့ တမင်မှားနေကြတဲ့ သူများရဲ့ အမှားတွေကိုတော့ ခွင့်မလွှတ်စေချင်ပါ ဆိုတဲ့ ကိစ္စကတော့ ရှိခဲလှပါတယ်။
ထိုင်ဝမ်လိုနိုင်ငံမျိုးမှာပါ၊ ဒါတောင် ကမ္ဘာ
မှာနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်ခွင့် မရ
သေးတဲ့  ကျွန်းအဖြစ်၊ မြို့ တော်အဖြစ်နေ နေ
ရတာလေ။
ကျွန်တော်တို့ ရွာနဲ့ တော့  ကွာလှပါတယ်။
မမှားသောရှေ့ နေ၊ မသေသော ဆေးသမား
ဆိုတာမျိုးလို့  မှတ်ပါတယ်နော်..။

seesein said... | Monday, August 29, 2011 5:41:00 PM

အင်းးးးးးးပေါ့စေလိုလို့ ကြောင်ရုပ်ထိုးပါမှ...

တမင်မှားနေကြတဲ့ သူများရဲ့အမှားတွေကို ခွင့်မလွတ်စေချင်ပါ ဆိုတော့ ဘယ်သူတွေက ခွင့်လွတ်နေတာလဲ မကိရ ပြောပါအုံး။

ခင်မင်တဲ့
seesein

Anonymous said... | Monday, August 29, 2011 6:01:00 PM

တမင်မှားနေကြတဲ့ သူများရဲ့အမှားတွေကို ခွင့်မလွတ်စေချင်ပါ
တို့ လေ တို့ ကခွင့်လွတ် ပီးသား :D
(မနိင်လို့ ပြောပါဒယ်)

ချော(အစိမ်းရောင်လွင်ပြင်) said... | Monday, August 29, 2011 6:39:00 PM

ပေါ့ဆမှုအမှားက လူတွေများစွာရဲ့ အသက်ကို လောင်းကြေးထပ်လိုက်သလိုပါလား။
ဒီလူတွေသာ HIV ဖြစ်သွားခဲ့ရင် ဘယ်လိုတိုင်းတာပြီး လျှော်ကြေးပေးမှာတဲ့လဲ။ ဒီပိုစ့်လေးက ဘယ်အရာမဆို ပေါ့ပေါ့ဆဆ မလုပ်ဖို့ သတိပေးလိုက်သလိုပါဘဲလား မကီရေ။
ကျေးဇူးပါနော်

rose of sharon said... | Monday, August 29, 2011 7:16:00 PM

အို...စိတ်မကောင်းလိုက်တာ... By the way သူငယ်ချင်းရေ... ပို့စ်လေးပြန်တက်တာဝမ်းသာတယ် :)

သူကြီးမင်း (တုံးဖလား) said... | Monday, August 29, 2011 7:20:00 PM

တော်တော်ဆိုးတဲ့ အမှားဘဲ။ အလှူရှင်မိသားစု၊ အလှူခံမိသားစု။ ကျန်းမာရေးဝန်ထမ်းများ။ အားလုံး အားလုံး စိတ်မကောင်းစရာပါဘဲ။

ခင်မင်လျှက်

SHWE ZIN U said... | Monday, August 29, 2011 7:37:00 PM

မကိ ရေ

ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ် သြ ဒုက္ခဒုက္ခ မသေချင် လို့ အစားထိုး မှ သေဖို့ ဖြစ်တယ်

ကုသိုလ် က နေ အကုသိုလ် ဖြစ်သွားတယ်

မဟာပဌာန်း တော်ကြီး ဟာ မှန်လေစွ မှန်လေစွ

lelewah said... | Monday, August 29, 2011 9:02:00 PM

အမှားဆိုးဆိုးပါပဲလား။ သိပ်ကြီးတဲ့အမှားပဲ။ ပေါ့ဆမှု၊ ဂရုမထားမှုက လူများစွာကို သေမိန့်စောစော ပေးလိုက်တာပါပဲ။ မကိရေ။ အမှားတွေကို ဂရုစိုက်နိုင်ဖို့ ဒီပိုစ့်လေးကို ဖတ်ပြီး သတိပိုရသွားပါတယ်။ မကိပိုစ့်တွေ မေလေးက ပိုစ့်တိုင်း ဖတ်ပါတယ်။ မမကိ ကျန်းမာပျော်ရွှင်ပါစေ

TZA said... | Monday, August 29, 2011 9:09:00 PM

ခုလေးတင်ဒီသတင်းကြားလိုက်တယ်၊ တကယ်ပေါ့ဆတာပဲဗျာ။

mstint said... | Monday, August 29, 2011 10:48:00 PM

ဖတ်ရတာ စိတ်မကောင်းစရာပဲ ကိကိရေ။ ပေါ့လျော့မှုအမျိုးမျိုးမှာ တစ်ပါးသူအတွက် အသက်ဆုံးရှုံးရမည့် ပေါ့လျော့မှုမျိုး၊ ဘဝတစ်သက်တာအတွက် စိုးရိမ်ကြောင့်ကျမှုမျိုး ဖြစ်နေစေမည့် ပေါ့လျော့မှုမျိုးတွေကို စေတနာအမှားလို့ ပြောသည့်တိုင် ဘဝရှင်သန်ခြင်းနဲ့သက်ဆိုင်တာမို့ ဝေဒနာဖြစ်သွားစေမှာတော့ မလွဲဧကန်ပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

T T Sweet said... | Tuesday, August 30, 2011 8:23:00 AM

ဒီလိုကိစ္စမျိုးမှာ ဒီလောက်ပေါ့ပေါ့ဆဆတော့ မလုပ်သင့်ဘူးထင်တာပဲ။ ကိုယ်တွေလို လူ့အသက်နဲ့ရင်းလုပ်ရတဲ့ အလုပ်မျိုးမဟုတ်တာတောင် "double check" ဆိုတာ တွင်တွင်ပြော လုပ်ခဲ့ကြတာ။ နင့်နာမှူတွေအတွက် တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။

ကိုဇော် said... | Tuesday, August 30, 2011 10:49:00 AM

ဖြစ်ရလေ . . .
လူတစ်ယောက် မသေချာခြင်းက လူပေါင်းများစွာ ဒုက္ခရောက်စေတာပါပဲ။ ထပ်ဆင့် စစ်ဆေးခြင်း ဆိုတာလည်း ရှိသင့်ပါတယ်။

မြတ်မွန် said... | Tuesday, August 30, 2011 11:06:00 AM

ဟုတ်ပါ့ မမကိရယ်..လုံးဝ မဖြစ်သင့်တာပါ။ ပြီးတော့ 台大醫院က ထိုင်ဝမ်မှာ ယုံကြည်ရဆုံး၊ နံပတ်၁ ဆေးရုံပါ။ ခုတော့..။
ပြီးတော့ သူတို့တွေက အင်္ဂလိပ်လို သိပ်တော်ရှာတယ်လေ..ဆေးစစ်ချက် အဖြေကို အင်္ဂလိပ်လို ပြောတယ်တဲ့ ။ nonဆိုတဲံ့အရှေ့က စကားလုံးကို မကြာဘူးတဲ့လေ။

Anonymous said... | Tuesday, August 30, 2011 3:12:00 PM

အို ..
စိတ်မကောင်းစရာ ကောင်းလိုက်တာ ..း(

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မြစ်ကျိုးအင်း said... | Tuesday, August 30, 2011 10:35:00 PM

အဲဒီသတင်းကတော့ ထိုင်ဝမ်တင် မဟုတ်ဘဲ။ တခြားနိင်ငံတွေအထိပါ ပျံ့နှံ့သွားနိင်လောက်တဲ့ သတင်းပဲ။
ပေါ့ဆလိုက်ကြတာ။ ခုတော့ ကြားထဲက လူနာတွေ ဘဝတုံးရပြီ။ ပြန်ပြင်လို့မရတဲ့ အမှားပါပဲ။
အဲဒီသတင်းလာတိုင်း ကြည့်ရင်း စိတ်မကောင်းဖြစ်ရတယ်။

သက်တန့်ချို said... | Wednesday, August 31, 2011 4:56:00 PM

ဟူးးးဖတ်ရတာစိတ်မကောင်းလိုက်တာ မမကိရယ် ဘာပြောရမှန်းတောင်မသိတော့ဘူးး((((

စစ်မင်းညို said... | Wednesday, September 07, 2011 7:26:00 PM

လူနာတွေ သူတို့နေ့ရက်တွေမှာ HIV ဆိုတဲ့စိတ်နဲ့ ရှင်သန်ရမှာကို စဉ်းစားမိတာနဲ့ ... ဖတ်ရတဲ့ ကိုယ်တောင် ကျောစိမ့်တရ် ... တကရ် မဖြစ်သင့်ပါဘူး ...