ဒီနေ့ တီဗီနဲ့ သတင်းစာ မှာ တွေ့ လိုက်ရတဲ့ သတင်း ။ သတင်းလို့ ဆိုတော့ လုပ်ကြံ ရေးထားတာလည်း မဟုတ်တန်ရာ ။ မီဒီယာတွေ ဖွတယ် လို့လည်း ယူဆလို့ မရ ၊ သူတို့ ကိုကြည့်ပြီး ရင်မောမိသလို ၊ ဘယ်အချိန်ခါမှာ ကြေကွဲဘွယ်ရာ နောက်ဆက်တွဲ သတင်းများ ကြားရပါလိမ့်မလည်း လို့ လည်း စိုးရိမ်စိတ် ဝင်လာမိတယ်။
အသိဥာဏ်ပညာ ရှိမှု မရှိမှု နဲ့ သက်ဆိုင်သလား ၊ သူများပြောစကား လွယ်လွယ် ယုံတတ်သူများ လို့ ယူ ဆလို့ ရမလား၊ တကယ့်ကို ရောဂါ ကြီးမားပြီး လူ့ လောကကြီးထဲ မနေချင်လောက်အောင်ကို စိတ်ညစ်နေကြသူတွေလား ။ သိပ္ပံပညာ တွေ အံ့မခန်းထွန်းကားနေပြီဖြစ်တဲ့ ယနေ့ခေတ်ကြီး ထဲမှာ ၊ ခေတ်နောက်ပြန်ဆွဲ အယူလွဲနေကြသူတွေ ပဲလား ၊ တခုခုတော့ မှားနေကြပြီ လို့  ယူဆလို့  ရတဲ့ အကြောင်းအရာ နဲ့ ဆက်စပ်လို့ ရတဲ့ အဖြစ် တခု၊ သတင်းတခု ဖတ်လိုက်ရ မြင်လိုက်ရ လို့  စိတ်ထဲမှာ အံ့သြခြင်းကြီးစွာ ဖြစ်သွားမိတယ်။ အကြောင်းစုံလင် သိချင်ရင် ဖြင့်တော့ ရှေ့  ဆက် ကလစ်ပြီး ကြည့်ကြပါကုန်...
အင်ဒိုနီးရှားနိုင်ငံမှ ပေါ်ထွက်လာတဲ့ သတင်းတခုပါ။
အတိုချုပ်ပြောရရင် တော့ အဆိုပါနိုင်ငံမှ လူတချို့ ဟာ မီးရထားသံလမ်းတွေပေါ်မှာ ပုံ ပြ ပါအတိုင်း ကန့်လန့်ဖြတ် လှဲလျှောင်း ပြီး လျှပ်စစ်ဓါတ်ကုထုံး လို့  ခေါ်တဲ့ ကုသနည်း တမျိုး ကို ပြုလုပ်နေကြ ပါတယ်။ဒီပုံကတော့ အင်ဒိုနီးရှားနိုင်ငံ Rawa Buaya,မြို့ အနီးရှိ ရထားသံလမ်းပေါ်မှာ လှဲလျှောင်းနေကြသူများပါ။
ဖြစ်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်မှာ တရုပ်လူမျိုး လူတယောက် လေသင်တုန်းဖြတ် ရောဂါ ဖြစ်နေပြီး ကုသလို့  မပျောက်ပဲစိတ် အညစ်ကြီး ညစ်နေရာက သူ့ ကိုယ်သူ အဆုံးစီရင် ဖို့  စိတ်ကူး ဝင်လာပါတယ်တဲ့ ၊ ဒါကြောင့် ရထားသံလမ်းပေါ် မှာ လှဲပြီး ရထားကြိတ်ခံ ဖို့  စောင့်နေရာမှာ ရထားမကြိတ်မိပဲ ၊ သူ့ ရောဂါပျောက်သွားတယ် ဆိုတဲ့ ကောလဟာလ သတင်းတခု ထွက်လာခဲ့ပါတယ်။ ဒီလို နဲ့ တဆင့်စကား တဆင့်ပွားရင်း ရောဂါပျောက်ချင်သူတွေ ရထားသံလမ်းပေါ် လာပြီး လှဲလျှောင်းကုသမှု ခံယူလာကြ တယ်။ တနေ့  တနေ့  ဒါဇင်များစွာ သောသူတွေ ၊ ဆေးကုသဖို့  စရိတ် မတတ်နိုင်သူတွေ ၊ ရောဂါပျောက်ချင်ဇောနဲ့ အန္တရာယ်လက်တကမ်းမှာ အသက်ကို လောင်းကြေးထပ် ပြီး ရောဂါကုသနေကြပါတယ်။
သူတို့ လှဲနေကြတဲ့ မီးရထား သံလမ်း နောက်တခုမှာ ရထားကြီးက အရှိန်နဲ့ ဖြတ်သွားတာကို မကြောက်မရွံ့ ပဲ လှဲလျှောင်းနေကြခြင်းဖြင့် ရထားသံလမ်းပေါ်မှာ ဖြစ်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်စက်ကွင်း electromagnetic fields (EMFs) က၊ သွေးတိုး၊ ဆီးချို၊ အိပ်မပျော်တဲ့ ရောဂါ အစရှိတာတွေကို ပျောက်ကင်းစေနိုင်တယ် လို့  အယူလွဲစွာ ထင်မြင်နေကြပါတယ် ။ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများက ဒီအခြေအမြစ်မရှိတဲ့ ကုသနည်း ဟာ ရောဂါ ပျောက်ကင်းနိုင်ပါတယ် လို့ စမ်းသပ်တွေ့ ရှိမှု မရှိကြောင်း ပြောကြားထားပါတယ်။ ဆီးချိုရောဂါ နဲ့ ပတ်သက်တာတွေကို ပိုပြီး ဆိုးဝါးစေနိုင်တယ် လို့  လည်း ဆိုထားပါတယ်။
Electrical fields may actually worsen diabetes
While there is no consensus in the medical community, there are indications that exposure to electromagnetic fields (EMFs) may actually promote diabetes and related illnesses. The Dirty Electricity Blog notes that a patient’s hypoglycemic awareness (feeling that blood sugar is dropping) is dulled by the presence of intense EMFs/dirty electricity.
ဒါပေမဲ့လည်း ဆီးချိုရောဂါ ခံစားနေရတာ ၁၃နှစ် ရှိနေပြီဖြစ်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီး Sri Mulyati ဆိုသူဟာလည်း ဒီလျှပ်စစ်သံလိုက် စီးကြောင်းတွေကြောင့် ဒီ ၆ လ အတွင်း သူရောဂါ သက်သာလာတယ်လို့  ယုံကြည်နေပါသေးတယ်။
ဒီ ဗီဒီယိုအပိုင်းလေးကို ကြည့်နိုင်ပါတယ်။
ဒါ့အပြင် သူတို့  အစိုးရကိုယ်တိုင်က ဒီလို ရထားလမ်းပေါ် နေသူတွေကို ထောင်ဒါဏ် ၃ လ ( သို့ မဟုတ်) အမေရိကန် ဒေါ်လာ ၁၈၀၀ နဲ့ တူညီတဲ့ ဒါဏ်ငွေ ချမှတ်မယ် လို့ အမိန့်ထုတ် တားဆီး ထားပါတယ်။ ဒါပေမဲ့လည်း ခုချိန်ထိတော့ ဘယ်တဦးတယောက်ကိုမျှ ထောင်ဒါဏ် ငွေဒါဏ် ချမှတ်ခဲ့ခြင်း မရှိသေးသလို ၊ ခုလို ပဲ ဆက်လက် လှဲလျှောင်းကုသခံနေကြသူများ ရှိနေဆဲပါပဲ။ ရောဂါပျောက်လိုသူတချို့ ကလည်း မပျောက်မချင်း ဆက်လက်လာနေဦးမယ် လို့  ပြောကြားပါတယ် ။ ရောဂါမပျောက်ပဲ အသက်ပျောက်ရမဲ့ အဖြစ်ကို ကြိုတင် မတွေးကြတာ သူတို့ စဉ်းစားဥာဏ် နည်းပါး နေကြလို့လား ၊ အယူလွဲနေကြဆဲလား တော့ မပြောတတ်ပါ ။
အမိမြန်မာပြည်ကြီးမှာလည်း အလားတူ အယုံမှားနေကြသူများ ၊ ရောဂါပျောက်နိုးနဲ့ ကင်ဆာ အကြိတ် အဖုကို မိုးကြိုးသွားဖြင့် ထိပွတ်ကုသသူများ၊ မကောင်းဆိုးဝါးကပ် ၊သူတပါး ပြုစားခံရတယ် ဆိုပြီး ဆေးကြိမ်လုံးဖြင့်ရိုက်နှက်ကုသသူများ၊ ဗေဒင် ယတြာ ဆေး အင်း မန်း တွေ သုံးပြီး အနာတခြား ဆေးတခြား ကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးနေကြရသူများ ရှိနေပါတယ် ။ ကျန်းမာရေးအသိ ပညာပေးမှု ချို့တဲ့မှုများကြောင့် ၊ ကျန်းမာရေးအသိ နည်းပါးမှု များကြောင့် ၊ ဆေးကုသ စရိတ် ငွေကြေးချို့တဲ့မှုကြောင့် ဆေးရုံ ပြချင်သော်လည်း မပြနိုင် မကုနိုင် ဖြစ်ရပြီး ဗိန်းန္ဓောဆရာ လက်ချက်နဲ့ အသက်ဆုံးရှုံးရသူများလည်း ရှိနေကြပါတယ် ။ဒီအဖြစ်ဆိုးတွေကို ပပျောက်အောင် လုပ်သင့်ပါတယ်။
ဒီသတင်းနဲ့ ဆက်စပ်ပြီးတွေးမိတာ တခုရှိပါသေးတယ်။ အရှေ့  အနောက် တောင်နဲ့ မြောက် တလံတလျား ရှိနေတဲ့ အမိမြန်မာပြည်ကြီးရဲ့ အဓိက လမ်းပန်းဆက်သွယ်ရေး အဖြစ် အသုံး ပြုနေရတဲ့ ရထား သံလမ်း တွေပေါ်မှာလည်း နွားကျောင်းသား ကျွဲကျောင်းသား နဲ့ လူ တချို့ ရထားသံလမ်းပေါ်မှာ ( ကတ္တရာ ကားလမ်းမပေါ်မှာရော) အနားယူရင်း အိပ်ပျော်သွားလို့  ရထားကြိတ်၊ကားကြိတ် မိပြီး အသက်ဆုံးရှုံးရတဲ့ သတင်းတွေ မကြာခဏ ကြားခဲ့ဖူးပါတယ်။ ခုလိုများ ရောဂါပျောက်တယ် ၊ ဘာညာ ဆိုတဲ့ ကောလဟာလ သတင်းတွေသာ ပြန့် နှံ့ သွားခဲ့ရင်တော့ ရောဂါကြီးမား ပြီး ၊ ငွေကြေးချို့ တဲ့၊ အတွေးအခေါ်ချို့ တဲ့ ၊ အယုံလွယ်သူများ ဟာလည်း ခုလိုပဲ ရထားသံလမ်းပေါ်မှ လျှပ်စစ်ဓါတ်ဖြင့် ရောဂါကုသထုံးကို လိုက်ပြီးလုပ်နေကြမလား ...။ ဒါမှ မဟုတ် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းခံရတော့မယ် လို့ သတင်းထွက်နေတဲ့ မီးရထား ဆက်သွယ်ရေး ပိုင်ရှင်ကြီး မှ သံလမ်းလျှပ်စစ် ကုထုံးသစ်ဖြင့်၊ အခကြေးငွေယူကာ၊ ရောဂါကု ဖို့ များ စီမံလာလေ မလား.... ။ မြစ်ကြီး ဧရာဝတီ အတွက် စိုးရိမ် မျက်ရည်ကျ နေကြရတဲ့ ပြည်သူ များ အပြင် ၊ ရထားသံလမ်း ကြောင့် မျက်ရည်ကျရသူများ ပါဝင်လာလေမလား ...။
လွတ်လပ်တယ် ဆိုပြီး ကားလမ်းမပေါ် ဆေးရိုးတက်လှန်းနေကြတာ ၊ကားကြိတ်ခံရလို့ ဆေးရိုးက ဘာမှ မဖြစ်နိုင်ပေမဲ့၊ ခုလို ရထားလမ်းပေါ် မိမိကိုယ်ကို တက်လှန်း နေကြရင်ဖြင့် ကံမကောင်းတဲ့အချိန်နဲ့တိုက်ဆိုင်တဲ့အခါ ရောဂါ မပျောက် ပဲ အသက်ပျောက်ရမှာ သေချာပါတယ်။
မိမိအသက်ကို လောင်းကြေးထပ်ပြီး အန္တရာယ် လက်တကမ်းမှာ သေမင်းနဲ့ ကစားနေကြသူ ဒီလူများကိုကြည့်ပြီး အတုမယူကြစေလိုပါ ။ အရာရာကို ကိုယ်ပိုင် အသိဥာဏ်နဲ့ ယှဉ်ပြီး အကောင်း အဆိုး၊အကြောင်းအကျိုး ၊ အမှားအမှန်ကို ခွဲခြား သိမြင် နိုင်ကြပါစေ ။
ရည်ညွှန်းချက် ။ ။
http://www.newsytype.com/9657-indonesian-train-track-therapy/
http://www.cbc.ca/news/health/story/2011/08/02/train-track-therapy-indonesia.html
11 comments:
မကိ ရေ
ဒီနိုင်ငံ က နောက်ဆုံးပေါ်နည်း နဲ့ နိုင်ငံခြားသွားသွား ဆေးကုနေတဲ့ ကောက်ရိုး တွေ အဲဒီသံလမ်းပေါ် တန်းစီချ ထားလိုက်ရင် ဘယ်လိုသဘောရလည်း
ခင်မင်တဲ့
အင်း..
အစ်မ,အစ်မ..
ဒါတော့  မစိုးရိမ်နဲ့ ..
မြန်မာပြည်မှာ ခုချိန်ထိ လျှပ်စစ်ရထား
မရှိသေးသလို၊ ရထားလမ်းတစ်လျှောက်မှာ
လည်း ခွေးချီး၊လူချီး လွတ်တဲ့ နေရာ မရှိ
သလောက်ပါပဲ။ တကယ်လို့  ရှိခဲ့ ရင်လည်း
မီးက မမှန်နိုင်တော့  စိုးရိမ်စဖွယ် မရှိပါလို့ ။
ခင်တဲ့ 
အဖြေးလူ
shwe zin u သဘောတူ ပါတယ် ရှဥ့်
သြော်..လူတွေ...မိုက်မဲလိုက်ကြတာနော်။
မဖြစ်နိုင်တာကြီးကိုနော်...
ကိကိရေ ခေတ်ဟောင်းက အယူအဆ အတွေးအခေါ်တွေကို သံမှိုလိုစွဲနေတာမို့ မပြောင်းမလဲ လက်ခံနေဆဲသူတွေ ဒုနဲ့ဒေးပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
အင်း ကြိတ်သွားရင်တော့ ဒုက္ခ ဒုက္ခ...။ အသည်းတွေလည်းယားပါဘိ။ တိုးတိုးကြိတ်ကြိတ် လက်တို့ရင် ပိုပြီး အောင်မြင်တယ်ဆိုတာ ဒါမျိုးပါ ပါမယ်ထင်ပါတယ်။
ခင်တဲ့
စိတ်ချ လုံးဝအတုယူဘူး။ ရထားသံလမ်းလို့ ဆိုလိုက်တိုင်း သံလမ်းဘေးကနေ ရေဗူးခွံပေးပါ ရေဗူးခွံပေးပါလို့ တကြော်ကြော်အော်တောင်းနေတဲ့ ကလေးတွေ ရထားသံလမ်းပေါ် ခြေချော်မရောက်ပါစေနဲ့ ဆိုပြီး အမြဲ စိုးရိမ်နေရတာတွေးမိပြီး ရင်မော....
ဆင်းရဲကျပ်တည်းပြီး မဖွံ့ဖြိုးသေးတဲ့ နိင်ငံတွေမှာ ဒီလို ငွေမကုန်တဲ့ အတတ်ဆန်းကုနည်းတွေရှိနေအုံးမှာပါပဲ။
အီး ကြောက်တယ် မကီရေ
ကိုယ်အိပ်နေတုန်း ရထားများဖြတ်သွားရင် မတွေးရဲပါဘူး
ပြီးတော့ မြန်မာပြည်က ရထားသံလမ်းတွေက အီးပုံတွေက ခပ်များများရယ်
အနံလေး တသင်းသင်းနဲ့ အိပ်နေရမဲ့ အခြေအနေ
တော်ပြီ အားမကျဘူးး)
ဟိ..
မချောပြောသလိုပဲ..
Post a Comment