နာလို့ ကျင်လို့ပဲ မပြီးနိုင် သေးဘူးလား လို့ ထင်ချင်သူများလည်း ထင်နိုင်ကြပါတယ် ။ နာနေတဲ့သူတွေ အတွက် ရည်ရွယ်ပါတယ် ။ သက်ရှိသတ္တဝါ ရယ်လို့ဖြစ်လာကြရင် အို နာ သေ ခြင်း ဒုက္ခဘေးတွေမှ လွတ်ကင်းလို့မှ မရတာမို့  ခု မနာသေးသူများလည်း နောင်တနေ့  နာလာ ကျင်လာတဲ့ အခါကျ အသုံးဝင်မှာပါ။
လည်ပင်းဇက်ကျော အတွက် လေ့ကျင့်ခန်းများ
လုပ်ငန်းခွင်မှာ ကွန်ပြူတာ ကြာရှည်စွာ အသုံးပြုနေရသူများ၊ရုံးစားပွဲမှာ ကြာရှည်ထိုင်ပြီး( ဂိမ်းများဆော့ရင်း) ဇက်ကြောတင်းနေကြသူများ၊ အတွက်အထူးသဖြင့် ရည်ရွယ်ပါတယ်။ နာရီဝက်လျှင် တကြိမ်မျှ လုပ်ပေးပါ ။
(၁)Neck And Glide Extension-
ပုံမှာ ပြထားသလို ၁။ကိုယ်ခန္ဓာနဲ့ လည်ပင်းကို တည့်မတ်စွာ ထားပါ။၂။ မေးစေ့ကို ရှေ့ သို့တွန်းထုတ်ပေးပါ။ မေးထိုး မေးငေါ့တတ်သူများ အတွက် အထူးလေ့ကျင့်ရန်မလို။ လွယ်ကူပါတယ်။ ၅စက္ကန့်မျှ ငြိမ်နေပါ။ နဂို နေရာပြန်ရွှေ့ ပါ။ ၃။ နောက်ဖက် မော့ပါ ။၅စက္ကန့်မျှ ငြိမ်နေပါ။
(၂)Acupressure Point-
နောက်စေ့အောက် ဦးရေ အစပ် ရှိ အချိုင့်နေရာ မှာ ပုံ ပါအတိုင်း လက်ချောင်များဖြင့် ဖိနှိပ်ပေးပါ ။ စက္ကန့် အနည်းငယ်ကြာမျှ ဖိထားပေးနိုင်ပါတယ်။ ကြာရှည် အညောင်းမိပြီး လည်ပင်းနာနေသူများအတွက် သင့်တော်ပါတယ် ။
(၃)Neck Rotation-
ရှေ့ တည့်တည့် အနေအထားမှ ဦးခေါင်းကို ဘယ်ဘက် နဲ့ ညာဘက် တလှည့်စီ လှည့်ပေးပါ။
၁၀ စက္ကန့်မျှ ငြိမ်ပေးပါ။
(၄)Neck Side Extension-
ရှေ့ တည့်တည့် အနေအထားမှ ဦးခေါင်းကို ဘယ် ညာ တစောင်း တလှည့်စီ လှည့်ပေးပါ။
၅ စက္ကန့်မျှ ငြိမ်ပေးပါ။ ၁၀ ကြိမ်မျှ လုပ်ပါ။
(၅)Neck Stretch-
ပုံပါအတိုင်း ပုခုံး နှစ်ဖက်ကို အထက်သို့ မြှင့်တင်းပေးပါ။ ( ဇက်ကိုပုထားသလို အနေအထားဖြင့်) ၅စက္ကန့်မျှ ငြိမ်နေပါ။
(၆) Neck Forward Flexion-
လည်ပင်းကိုမတ်မတ်ထားရာမှ မေးစေ့နှင့် မိမိ၏ ရင်ဘတ်ထိသည်အထိ ငုံ့ ကြည့်ပေးပါ။ ၅ စက္ကန့်မျှ ငြိမ်ပေးပါ။ ၁၀ ကြိမ်မျှ လုပ်ပါ။
ဒီလေ့ကျင့်ခန်းများ လုပ်ရာမှာ လည်ပင်းကို အားသိပ်မစိုက်ပဲ ဖြေးညှင်းစွာလှုပ်ရှားပေးရမှာ ဖြစ်ပါတယ်။
...............................................................................................................
ခါးနာတတ်သူများ အတွက် ခါးလေ့ကျင့်ခန်းများ
(၁)Press Up: Sphinx Position-အီဂျစ်မှ Sphinx ခြင်္သေ့ကြီးများကဲ့သို့ ဝမ်းလျားမှောက် တံတောင်ဆစ်ထောက် ၊ တင်ပါးကို မကြွစေပဲ ခါးအထက်ပိုင်းကို ဖြေးဖြေးချင်းမြှင့်ပေးပါ ။ Yoga ကျင့်သလိုမျိုး လှုပ်ရှားမှုအားလုံးကို ဖြေးဖြေးချင်းစီလုပ်ပါ ။
(၂)Superman- ဆူပါမင်းကိုတော့ လူတိုင်းသိကြပါလိမ့်မယ်။ လွယ်ပါတယ် ။ ကြမ်းပေါ်မှာ ဗိုက်သားကပ်အောင် ဝမ်းလျားမှောက်ပြီး လက်နှစ်ဖက်ကို ရှေ့ သို့ ဆန့်တန်းထားရုံပါပဲ ၊ တခါမှာစက္ကန့်  ၃၀ မျှ ကို ၁၀ ကြိမ် လုပ်ပါ။
(၃)Standing Back Extension- မတ်မတ်ရပ် ၊ ခါးထောက် ၊ တင်းနိုင်သလောက် နောက်ပြန်လှန် ပြီး ၃ စက္ကန့်မျှ ငြိမ်နေပါ။ ၅ ကြိမ်မျှ လုပ်ပါ။
(၄)The "Dog"
ပေးစရာနာမယ်ရှားလို့ ခွေးနဲ့ နှိုင်းပြီးပေးရတယ်လို့တော့ မထင်စေချင်ပါ။ လူတွေအတွက် သစ္စာရှိသောမိတ်ဆွေဟု မှတ်ယူပါလေ ။ လေးဘက်ထောက် ၊ ကျောကို မြင့်လာအောင်ကုန်းပေးပြီး ၃၀ စက္ကန့် မျှုငြိမ်နေပါ။ အကြိမ် ၂၀ မျှ ပြုလုပ်ပါ။
(၅)Single Knee To Chest-ပက်လက်အနေအထားဖြင့် ညာခြေမြှောက် ဒူးကွေးပြီးဝမ်းဗိုက်ကိုကပ်တဲ့အထိ စက္ကန့် ၃၀ မျှ လက်နဲ့ဆွဲထားပါ ။ ထို့နောက် ဘယ်ဘက်ဒူး ကို အထက်ပါအတိုင်း တလှည့်စီ ဆွဲပါ။
(၆)Piriformis Stretch -ပက်လက်အနေအထားဖြင့် လက်နှစ်ဖက်ကို ဘေးဆန့်ထားပါ။ ညာဖက်ဒူးကိုကွေးပြီး ကိုယ်ခန္ဓာနဲ့ တင်ပါး အား ၄၅ ဒီဂရီခန့် စောင်းလိန်ပေးပါ။ စက္ကန့်  ၃၀ မျှ ငြိမ်နေပါ ။အတည့်ပြန်နေပါ။ ထို့နောက် ဘယ်ဖက်ဒူးကွေးပြီး အထက်ပါအတိုင်း တလှည့်စီပြုလုပ်ပါ။
(၇)Piriformis Standing-နံပါတ် ၆ နဲ့ နည်းတူတူပါပဲ။ မတ်တပ်ရပ် အနေအထားနဲ့ လုပ်လို့ရပါတယ် ။ ချော်မလဲစေရန်တော့ အထူးသတိပြုရပါမယ်။ ပေါင်ရင်းမှ နေပြီး အတွင်း ၊ အပြင် သို့ လှည့်ပေးရပါမယ် ။လှည့်ပြီးရင် တဖက်ကို ၁၀ စက္ကန့်မျှ ငြိမ်နေပေးပါ။ဘယ် ညာ ပြောင်းလုပ်ပါ။
(၈)Body Flexion-ပုံမှာပြထားသလို ပုဆစ်ဒူးတုပ်ထိုင်ပြီး လက်နှစ်ဖက်ကို ဝမ်းဗိုက်ပြင်ပေါ်ယှက်ထားပါ။ရှေ့ ဖက်သို့ ဖြေးဖြေးချင်းကွေးပါ။ခေါင်းနဲ့ ကြမ်းပြင်ထိသည် အထိကွေးရန်မလို။ စက္ကန့်  ၃၀ မျှုငြိမ်နေပါ။ ပြန်မတ်ပါ။ အကြိမ်ရသလောက် လုပ်ပါ။
(၉)Body Flexion And Stretch- နံပါတ် ၈ အတိုင်း အနေအထားမှ လက်နှစ်ဖက်ကို ရှေ့ သို့ ဆန့်တန်းထားပါ။
(၁၀)Bend Over - မတ်တပ်ရပ်အနေအထားဖြင့် လက်ပိုက်ပြီး ခါးကို ရှေ့ သို့ နိုင်သလောက် ညွှတ်ကွေးပါ။၁၀ စက္ကန့် မျှငြိမ်နေပါ။ ပြန်မတ်ပါ။ အကြိမ် ၂၀ ခန့် လုပ်ပေးပါ။
(၁၁)Stretch To Foot-ကြမ်းပြင်ပေါ်တွင်ခြေဆင်း ထိုင်ရက်အနေအထား မှ ခါးကို ဖြေးဖြေးချင်း အရှေ့ ဖက်သို့  ညွှတ်ကွေးပါ။ ၃၀စက္ကန့်မျှု ငြိမ်နေပါ။ ပြန်မတ်ပါ။ ၁၀ ကြိမ်မျှ လုပ်ပေးပါ။
(၁၂)Advanced Back Stretch-လုပ်ရတာ အနည်းသယ်မျှပိုပြီးခက်ခဲပါတယ်။ ပုံမှာပြထားသလို လေးဘက်ထောက်ထားပြီးနောက် ညာခြေနဲ့ဘယ်လက်ကို တဖြောင့်ထည်းဖြစ်အောင်မြှောက်ထားပါ ။ ၁၀ကြိမ်မျှု ပြုလုပ်ပါ။ နောက် ဘယ်ညာ ပြောင်းလုပ်ပါ။
(၁၃) The Plow -ပုံမှာပြထားသလို တပတ်လည်ဒေါင့်မျိုးဖြစ်ပြီး ၊ ဒီလေ့ကျင့်ခန်းထဲမှာ အခက်ဆုံးဖြစ်ပါတယ်။ သတိပြုရန် အချက်။ ။ခါးနာနေစဉ် အချိန်မှာ မပြုလုပ်ရပါ။
(၁၄)Press Up -အပေါ်ဆုံး Sphinx Position နဲ့ခပ်ဆင်ဆင်ပါပဲ။
အထက်ပါလေ့ကျင့်ခန်းများကို အားလုံးလိုက်မလုပ်နိုင်ပါကလည်း အရေးမကြီးလှပါ။ ကြိုက်ရာ ရွေးပြီး မိမိတတ်နိုင်သလောက် အဆင်ပြေစွာ ပြူလုပ်နိုင်ပါတယ် ။
ပုံများကို ဒီနေရာ ၁ ၊ ၂တို့မှ .ရှာဖွေရယူထားပါတယ်။
►Posted by
:kiki
:
at
7/04/2011 06:00:00 PM
Subscribe to:
Post Comments (Atom)
15 comments:
အခုခေတ် လူငယ်အတော်များများလည်း ဇက်ကြောတက်တတ်ကြတာတွေ့ရတယ်။ တန်ဖိုးရှိတဲ့ လေ့ကျင့်ခန်းလေးတွေ ဗဟုသုတအဖြစ် မှတ်သွားတယ်ကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခါးနာတယ်..ဟင့်...
အင်း...
ကျွန်တော်လည်းမျက်မှန်ကြောင့်လားမသိ။
အဲ့ လို ဇက်ကြောခဏခဏတက်နေလို့ 
ဇက်ကို ၃၆၀ဒီဂရီ လှည့်လှည့် နေရတယ်။
ကူးထားလိုက်ပြီ။
မမရေ မှတ်ထားလိုက်ပြီနော်...:):)
ကျေးဇူးပါလို့....
ကျေးဇူးတင်လိုက်တာသမီးလေးရယ်။
သာဓု၊သာဓု၊သာဓု
ကွန်ပျူတာရှေ့တစ်နေကုန်နီးပါးထိုင်နေတတ်တဲ့ ကျွန်မအတွက်တော့ အလွန်ကိုအသုံးတည့်ပါတယ် မကီရေ
ကျေးဇူးပါ
လေ့ကျင့်ခန်းလေးတွေ သေချာလိုက်လုပ်ကြည့်တယ်.
ပေါ့ပေါ့ပါးပါးနဲ့ လုပ်လို့ကောင်းတယ်
ကျေးဇူး
မကိရေ.. ကျေးဇူးတင်ပါတယ်။ ခါးနာပျောက်တဲ့ လေ့ကျင့်ခန်းလေးက လုပ်ရတာ ပိုပျော်စရာကောင်းမယ်နော်။ လှုပ်လှုပ်ရွရွ နေရတာပေါ့..း)))
မကိ ရေ
ကျန်းမာရေး ပညာပေး တွေ အတွက် ကျေးဇူးတင်ပါတယ်နော်
ရွှေစင်ဦး က ဇက်ကြောတွေ ဘာတွေ တော့ သိပ်မတက်တတ်ဘူး တခြား တော်တော်များများ နေရာတွေ တော့ တက်တတ်တယ် တောင်တို့ဘာတို့ ပြောတာပါ
ကျေးဇူး ကိရေ...
ဇက်ကြောအရမ်းတက် တတ်တာနဲ့ အတော်ဘဲ
အခုတစ်လော သာမီး ဇာတ်ကြော ခဏခဏတက်နေတယ် ဆြာမ..။
ဇက်ကြောတက်တဲ့အခါ လုပ်ကြည့်အုံးမယ် မကိရေ၊ ကျေးဇူး ...
ခဏခဏ အကြောတက်တာတွေ ဖြစ်တတ်လို့ အကျိုးရှိစေတဲ့ ပို့စ်လေးပါပဲ။
ကျေးဇူးတင်ပါတယ်ရှင်...
မကိရေ။
ကွန်ပျူတာပဲတစ်နေကုန်နီးပါးသုံးနေသူတွေအတွက် အကျိုးရှိလှပါတယ်။ အပျင်းထူပီး လေ.ကျင်.ခန်းတခါတလေမလုပ်မိတာ မကိဆီလာလည်တိုင်း သတိတရဖြစ်ပီး လေ.ကျင်.ခန်းပိုလုပ်ဖြစ်မယ်ထင်တယ်။ ကျေးဇူး။
မမကိကိေ၇...ဂျင်းကရုံးမှာအမြဲထိုင်
အလုပ်လုပ်နေရတဲ့သူဆိုတော့
ထိုင်တာပုံစံမကျလို့နဲ့တူတယ်။ ခါးနာနေတာကြာပြီ။ အခုအတော်ပဲ....
ဒီလေ့ကျင့်ခန်းတွေလုပ်ကြည့်လိုက်ဦးမယ်။ ကျေးဇူးပါမမကိကိရေ....
Post a Comment