အစစ်အမှန် နဲ့ အတုအယောင် ဆိုတာ မှာ များသောအားဖြင့် အစစ်အမှန်ကိုသာ ပိုပြီးတန်ဘိုးထား၊ အသုံးဝင် ၊လူကြိုက်များလေ့ရှိ ကြပါတယ် ။ ရှားပါးအဖိုးတန် လူကြိုက်များ တဲ့ အစစ်အမှန် ကို လူတိုင်း မသုံးစွဲနိုင်ကြလို့ ၊ ပေါပေါများများ အတု ဆိုတာက ရောယောင် ပေါက်ဖွားလာရခြင်း လည်း ဖြစ်နိုင်ပါတယ် ။အတုအယောင် မှာလည်း များသော အားဖြင့် အရည်အသွေးရော တန်ဘိုးချင်းရော နိမ့်ကျ နေတတ်တဲ့ အပြင် သုံးစွဲ သူကိုပါ အန္တရာယ် ဖြစ်စေတတ်တာမျိုး ရှိတတ်ပါတယ် ။ဝိသမ လောဘသားများ ဖြစ်ကြတဲ့ တရုပ်ပြည်က မယ်လမင်းနို့မှုန့် တို့ ၊ ဆေးဝါး အတု တို့၊ အသုံး အဆောင် အတုပေါင်းများစွာ တို့ ကြောင့် ဒုက္ခရောက်ကြရသူများ လည်း ဒုနဲ့ဒေးပါပဲ ။ သို့ပေသော်လည်း တချို့သော အတုများကြောင့် လူသား အသက် ကယ်နိုင်ခဲ့တာလေးများလည်းရှိနေတတ်ပါသေးတယ် ။ အလွယ်ကူဆုံး ဥပမာ ပြရရင်တော့ နှလုံးအတု တပ်ဆင်ပြီး အသက်ဆက်နေကြရသူများ၊ ခြေတုလက်တု တပ်ဆင်ပြီး ဘဝ ကို ဆက်လျှောက်လှမ်းနေကြရသူများ စသဖြင့် ပေါ့၊ အခု ပြောချင်တဲ့ အတု များ ကြောင့် ကြုံတွေ့ ရတဲ့ ကောင်းတာ တွေ ရော ၊ မကောင်းတာတွေရော ၊ ရောသမမွှေပြီး ဖေါက်သည်ချ ရ မယ် ဆိုရင် ဖြင့်...
ဣထ္ထိယ ခေါ် ( တချို့က အိပ်မှထိရလို့ ဆိုပြီး ဆိုကြတာ၊ အိပ်ထိရ တဲ့..) အမျိုးသမီးများရဲ့  ရင်သားအလှကို ပုရိဿအမျိုးသားများ အထူးဂရုထား ကြလေတော့ အနှီအမျိုးသမီးတို့မှာလည်း ဆွဲငင်အား ကောင်းသထက်ကောင်းအောင် နဂိုရှိပြီးသား မိဘအမွေ ထိုထို နှစ်လုံးအား လှသထက်လှအောင်၊ ( ကြီးသထက်ကြီးအောင် ) နည်းမျိုးစုံ နဲ့ ပြုပြင်ဖန်တီးယူလာကြပါတယ် ။အသားကပ်နေတဲ့ ပြားချပ်ချပ် နဲ့ မတင်းတိမ်နိုင်ကြသူများမှာ အခုအခံဖြင့် အတုကိုအမှန် လုပ်ယူလာကြပါတယ်။ Augmentation Mammoplasty လို့ ခေါ်နိုင်ပါတယ် ။ ခေတ်ကြီးကလည်း တိုးတက်ပြောင်းလဲနေကြပေသကိုး ။ သေးတဲ့သူတွေ ကြီးအောင် လုပ်နိုင်ကြသလို ၊ အလွန်အမင်း ကြီးထွားလွန်းသူများကလည်း၊နေရ ထိုင်ရ သွားလာ လှုပ်ရှားရာမှာ အဆင်ပြေစေရန်၊အကြီးမှ အငယ်ဖြစ်စေရန် ခွဲစိပ် ဖြတ်တောက်ထုတ်ရတတ်ပါသေးတယ် ။ အဲ့ဒါမျိုးကိုတော့ Reduction Mamoplasty လို့ ဆိုကြတယ်ပေါ့ ။
ဒါကတော့ ကြီးအောင် လုပ်ထားသူ အကြောင်း၊ မြေခွေးကိုကိုက်တဲ့ မြွေ..သေဆုံးသွားလေသတဲ့ ။ မြေခွေး ခေါ်ပေမဲ့ သူက ချောချောလှလှ လူမလေးပါ။ Orit Fox' လို့ အမည်တွင်တဲ့ အဇ္ဇရေး မော်ဒယ်ဂဲလ်လေး ၊တနေ့ မှာ သူတင်ဆက်တဲ့ တီဗီ အစီအစဉ်အရ မြွေကြီးတကောင်နဲ့  တွဲဘက်သရုပ်ဆောင်ရတယ်။(စပါးကြီးမြွေနဲ့ တူပါတယ်)။သူမဟာ မြွေကို အီစကလီ လုပ်ပြီး နမ်းလားပြုလားပေါ့ ။ နောက်တော့ မြွေကို သူ့ ရင်ဘတ်ထဲ ပေးဝင်စေတဲ့ အခါ သကောင့်သားခမျာ ကံကောင်းချင်တော့ မိန်းမချောလေးရဲ့ အနမ်း အမြှူ ခံရတဲ့ အပြင် အတွင်းပိုင်းတောင်ဝင်ရလေတော့ စိတ်မထိန်းနိုင်လေသလားပဲ ၊ မော်ဒယ်မြေခွေး မလေးရဲ့ ရင်သား ကို ဇတ်ကနဲ ကိုက်လိုက်ပါလေရော..မော်ဒယ်မလေးက အလန့်တကြားအော်ပေါ့။ဒါနဲ့ သူမကို အရေးပေါ် ဆေးရုံ ပို့  ၊ ပြုစု ကုသ ပေါ့နော်..၊ မေးခိုင်ကာကွယ်ဆေးလေးထိုး၊ ဒါဏ်ရာ ဆေးထဲ့ နဲ့ အခြေအနေ စောင့်ကြည့် နေကြတယ် ။ အဲ့ဒီအချိန်မှာ သကောင့်သား ကိုရွှေ မြွေ ခမျာ အဆိပ်တက်ပြီး မာလကီးယား ပြသွားလေသတဲ့ ။ အဲ့ဒါနဲ့ ဒီ မြွေကို စစ်ဆေးကြည့်ကြတဲ့ အခါ မော်ဒယ်မလေး ရဲ့  ခွဲစိပ်ပြုပြင်ထားတဲ့ ရင်သားအတု မှာပါတဲ့ ဆီလီကွန် ( Silocone)ကို စားသုံးမိတာ ကြောင့် အဆိပ်တက်ပြီး ကံဆိုးသူ မြွေခမျာ ဘဝတပါးသို့  ကူးပြောင်းရရှာခြင်းဖြစ်ပါသတဲ့။
လှတာမက်တော့ညစာခက်ရုံတင်မက၊ အသက်ပါ ထွက်ရရှာတဲ့ မြွေတကောင် အကြောင်းပါ ။ ဟိုးတနေ့ က သူ့ အကြောင်း တီဗီသတင်းမှာ ပြသွားပါတယ် ။အထူးအဆန်း သတင်းဟောင်းတွေ ပြန်ပြတဲ့ အစီအစဉ်မှာ The snake that died of silicone poisoning after biting a model's breasts ဆိုပြီးတော့ပြန်ပြပါတယ် ။အဲ့ဒီသတင်းနဲ့တွဲတင်ထားတဲ့ဗီဒီယိုကလစ်ဖိုင်က ဖွင့်မရတော့လို့  ၊ ထပ်ရှာလို့ တွေ့ တဲ့ဖိုင်ကို တင်ပေးလိုက်ပါတယ်။
-------------------------------------------------------------
ဒါ့အပြင် နောက်သတင်းတခု ၊ သူမကလည်း အခုအခံကောင်းလို့ အသက်မသေ ကျန်ရစ်ခဲ့ရသူပါ ။ ကံမကောင်းတော့ သေနတ်ကျည် သင့်တယ် ၊ ကံကောင်းချင်တော့ ခုခံထားတဲ့ ရင်နှစ်မွှာက သူ့ အသက်ကိုကယ်တင်လိုက်ပါသတဲ့ ။ Lydia Carranza လို့အမည်ရတဲ့ အမျိုးသမီးဟာ လော့အိန်ဂျလိစ် ပြည်နယ် သွားဘက်ဆိုင်ရာဌာနတခုမှ အလုပ်လုပ်နေသူပါ ။ သေနတ်သမား ပစ်လိုက်တဲ့ ကျည်ဆံဟာ သူမရဲ့  တကယ့်နှစ်လုံးသားစစ်စစ်ကို ရောက်ရှိဖို့ရာ မီလီမီတာ အနည်ငယ်ခန့် အကွာသာ လိုပါတယ်။ သူမ ပြုပြင်ခုခံထားတဲ့ရင်နှစ်မွှာသာ မရှိခဲ့ရင်တော့ကျည်ဆံဟာ နှလုံးထိ အောင်ဖေါက်ထွင်းပြီး ဝိဇိန်ချုပ်ရမှာပါ။ ဆေးမှတ်တမ်းအရတော့ ဒီလိုရင်သားအတုဟာ ကျည်ကာ (bulletproof) အတွက် မဟုတ်ပေမဲ့ ကံကောင်းသူအတွက်တော့ ဝင်လာတဲ့ ကျည်ဆံအရှိန်ကို လျော့သွားစေလို့ ဖြစ်နိုင်ကြောင်း ယူဆပါတယ် ။( ဒီကျည်ဆံကြောင့် ပျက်စီးသွားတဲ့ ရင်သားအတုကို ပလပ်စတစ်ဆာဂျင် ဆရာဝန်က ဈေးလျှော့ယူပြီး နောက်တကြိမ် ပြန်လည် မွမ်းမံပေးမယ်ဆိုတဲ့အကြောင်းလည်း သိရပါတယ်။)
ဒီနေရာမှာ သူ့ အကြောင်းရှိပါတယ် ။
---------------------------------------------------------------------
ဒီအတုကလည်း အသက်ကယ်ဖြစ်တဲ့ အကြောင်း ရှိပါသေးတယ်။ ဘူဂေးရီးယားမှ Elena Marinovaခေါ် အမျိုးသမီး တဦး၊ အသက် ၂၄ နှစ်ဟာ ကားကို အရှိန်ပြင်းစွာ မောင်းနှင်ရင်းနဲ့ ယာဉ်မတော်တဆ ဖြစ်ခဲ့ရာမှာ အရွယ်အစား 40DD ရှိအောင်ခွဲစိပ်ပြုပြင်ထားတဲ့ ရင်သားအတု မှ လေအိတ် (airbag) သဖွယ် ကာရံတားဆီးမှုကြောင့် အသက်သေလောက်တဲ့ ဒါဏ်ရာ မရရှိခဲ့ပါဘူး ။ ဒါပေမဲ့ သူ့ ရဲ့ အခုအခံ ၂မွှာ ခမျာမတော့ ပြားကျေ ပျက်စီးသွားရပါတယ် တဲ့။တဖက်က ကားမောင်းသူခမျာလည်း ဒါဏ်ရာ ပြင်းထန်စွာ ရရှိသွားပါသတဲ့ ။ ဒါလည်း အတုလေး ကယ်ပေလို့ ပေါ့ ။ဒါပေမဲ့ လူတိုင်းက သူမလို ကံကောင်းနိုင်လိမ့်မယ် မဟုတ်ပါဘူး ။
----------------------------------------------------------------
နောက်တတု ကတော့ အတုတင်မက အညာပါစွက်လို့  နှစ်ဦး နှစ်ဖက် အသရေဖျက်ကြပါလေရောတဲ့ ။ဖြစ်ပုံက ဒီလို ။ ဂျာမဏီပြည်မှာ အမျိုးသမီး တယောက်ဟာ 'Tanja' လို့ သူ့ ကိုယ်သူ အမည်တုနဲ့ မှတ်ပုံတင်စာရင်းပေးပြီး၊ ရင်သားအတု ခွဲစိပ်ကုသမှု ခံယူ အပြီး၊ ပေးရမဲ့ ကျသင့်ငွေ( ဆရာဝန် ဆေးဖိုးဝါးခ လက်ခ ) ပေါင်၅၄၀၀(ယူရို ၈၀၀၀)၊ £5,400 (€8,000) ကို မပေးပဲ တိမ်းရှောင်နေတဲ့ အတွက် ဆရာဝန်က အဲ့ဒီ လူနာ အမျိုးသမီးရဲ့ ပြုပြင်ပြီးသား အတွင်းပစ္စည်း ပါတဲ့ ပုံကို လူအများ မြင်သာအောင် ဖေါ်ပြ အရှက်ခွဲလိုက်တဲ့ အကြောင်းပါ ။( အမှန်တကယ်ဆိုရင် ဆရာဝန်ကျင့်ဝတ်အရ ခုလို မိမိလူနာနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို လူနာသဘောတူညီချက်မပါပဲ ဘယ်သူ့ ကိုမှ ပြောကြားခွင့်မရှိပါဘူး )။
နောက်တခု ၊ အတုကြောင့် ဒုက္ခများသွားရှာသူကတော့ အသက် ၄၅နှစ်အရွယ်ရုရှားအမျိုးသမီးတဦး ၊ အခုအခံ ခွက်ကို F အရွယ်ထိကြီးမားအောင်ပြုပြီး မော်စကိုမှ ကယ်လီဖိုးနီးယားထိ Aeroflot Boeing 767-300 လေယာဉ် ခရီးစဉ်ဖြင့် ပျံသန်းနေခိုက်မှာ လေဖိအား အပြောင်းအလဲကြောင့် သူမရဲ့ ဆီလီကွန် အတုလေးမှာ ပေါက်ကွဲပြီး ဒါဏ်ရာရရှိခဲ့ပါတယ်။ ဆရာဝန်တွေကတော့ နောက်ထပ် အတုထဲ့ ခွဲစိပ်ဖို့ရာ အန္တရာယ် ရှိတယ် လို့ တားမြစ်ထားခဲ့ပါတယ်။
အမျိုးသမီးတွေပဲ ရင်သားအတုကို နှစ်သက်နေခြင်းမဟုတ် ၊ ယောကျာင်္းရင့်မကြီးတွေလည်း အနှီရင်သားဖေါင်းဖေါင်းကို စိတ်ဝင်စားစွာနဲ့ လုပ်ယူသူတချို့ ရှိပါသေးတယ်။ ကနေဒါနိုင်ငံသား Lane Jensen ဆိုသူဟာ သူ့ရဲ့  ခြေသလုံး ရှေ့ မှာ ဆီလီကွန် အတုတခုခံပြီး ဆေးမှင်ကြောင်စုပ်ထိုးကာ ဤသို့ အရူးထခဲ့ပါတယ်။
အဲ့ဒီ အခုအခံအနေနဲ့ များသောအားဖြင့် ၊ အငန်ရည် (Salt water /Saline ) နဲ့ Silicone gel ကို အိတ်ပျော့ ထဲမှာ ထဲ့သွင်းအသုံးပြုကြပါတယ်။
ရင်သားတု ခွဲစိပ်ခြင်းနဲ့ ပတ်သက်ပြီး သိလိုပါက ဒီနေရာမှာဆက်လက်လေ့လာနိုင်ပါတယ်။
ခွဲစိပ်မှုတိုင်းမှာလည်း အဆိုး အကောင်း ဒွန်တွဲလေ့ရှိတဲ့ အတွက် နောက်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများကိုလည်း သတိပြုသင့်ပါတယ်။ ဥပမာ ၊ မေ့ဆေး နဲ့ ပတ်သက်တဲ့ အန္တရာယ်၊ ခွဲစိပ်ခြင်းနဲ့ ဆက်နွယ်နိုင်တဲ့ ပိုးမွှားကူးစက်တဲ့ အန္တရာယ်၊သွေးထွက်ခြင်း၊ အနာယဉ်းခြင်း စသဖြင့် ရှိနိုင်ပါတယ်။
အခုအခံက ထဲ့ပြီး လှပသွားရုံနဲ့တင်မပြီးသေးပါဘူး ။ အတုတွေ အခုအခံ လုပ်ပြီးနောက်ပိုင်း ထိခိုက်ဒါဏ်ရာရလို့ အိတ်ထဲက အရည် ၊စိမ့်ယိုပြီး၊ ပုံစံပျက်သွားကြသူများ၊ ရင်သားတုနေရာရွေ့ လျောပြီး ဝမ်းဘိုက်ပေါ် ရောက်သွားတာမျိုး၊ဂျိုင်းအောက်ကို ရွေ့ သွားတာမျိုး၊ အကြီးတလုံး ၊အသေးတလုံး နဲ့ မမျှမတဖြစ်သွားကြသူများ၊ စသဖြင့်လည်း အမျိုးစုံလောက်အောင် ပြသနာတွေ ရှိတတ်ကြပါသေးတယ်။
တချို့က ခွဲစိပ်ပြုပြင်ပြီး နောက်ပိုင်း ရင်သွေးငယ်ရရှိတဲ့ အခါ ၊မိမိရင်သွေးကို နို့ချိုတိုက်ကျွေးလိုပါက အထူးသတိပြုသင့်ပါတယ် ။ အငံရည် အိတ် နဲ့ ခုခံထားသူများအတွက် အဲ့ဒီ အရည် စိမ့်ယိုမှု အတွက်က သိပ်အရေးမကြီးလှပါဘူး ။ သူက ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်ရှူး တွေထဲ သဘာဝအလျှောက် ပျော်ဝင်ပြီး အန္တရာယ် မဖြစ်စေတတ်ပေမဲ့ ဆီလီကွန် အရည် စိမ့်ထွက်နေတာဆိုရင်တော့ နို့ရည်ထဲမှာ ပါဝင်သွားတတ်ပြီး ကလေးအတွက် အန္တရာယ်ဖြစ်စေတတ်ပါတယ် ။
ဒီလိုခုခံထားကြသူတွေ အတွက် အဆိုပါ အရည်များကြောင့် ရင်သားကင်ဆာဖြစ်စေနိုင်တယ် ဆိုတဲ့ အချက်ကိုတော့ မတွေ့ ရှိရသေးပါဘူး ။ ဒါပေမဲ့လည်း အရေးအကြောင်း နဲ့ လိုအပ်လာလို့ ပြုလုပ်ရမဲ့ နှလုံးစစ်ဆေးခြင်း ECG ၊ ultrasound ၊ MRI အစရှိတဲ့ ဆေးဓါတ်မှန်များရိုက်ကူးရောဂါရှာဖွေခြင်းတွေမှာ အနည်းငယ်တော့ အတားအဆီးသဖွယ် ဖြစ်စေနိုင်ပါတယ်။
နောက်တချက် စဉ်းစားမိတာကတော့ အရေးပေါ်အသက်ကယ်တဲ့ အခါ နှလုံးကိုရှော့ ရိုက်ခြင်း ( Cardiac defibrillation) လုပ်တဲ့အခါမှာ ဒီအရည်အိတ်ကြီးက ကြားမှာခံနေတဲ့အတွက် လျှပ်စီးဓါတ်မှာ နှလုံးသားဆီရောက်ဖို့ အတားအဆီး များ ဖြစ်နေမလား ဆို ပြီး ၊ စာအုပ်တွေထဲ ရှာကြည့်ပါသေးတယ်။ ရှာမတွေ့တဲ့ အဆုံး အရေးပေါ်ဌာန က ဆရာ တယောက်ကို မေးကြည့်မိတော့ သူက ရယ်ကျဲကျဲ နဲ့ ပြောတယ် ။ သူလည်း အနှစ် ၃၀ လောက် ဆရာဝန် သက်တမ်းမှာ အဲ့လို အတွေ့ အကြုံ တခါမှ မရှိဘူး သေးလို့ သေချာ မသိပါဘူး တဲ့ ။ သိသူများ ပြောကြားသွားနိုင်ပါတယ်။း))
အဲ့ဒါတွေကတော့ ရင်သား အတု ၏ ကောင်းကျိုး၊ ဆိုးကျိုး တွေထဲက လက်လှမ်းမှီသလောက် အချက်အလက်တွေ ကို ရှာဖွေ တင်ပြထားခြင်းများ ဖြစ်ပါတယ်။
အမျိုးသမီးထုကြီးအပေါင်းတို့.....မိမိတို့ရဲ့ ရင်သား အလှအပ နဲ့ပတ်သက်ပြီး ၊ မိမိရဲ့  ကံအရ၊ သဘာဝ အတိုင်း နဲ့ ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ..း))
Ref;
http://en.wikipedia.org/wiki/Breast_implant
http://www.oddee.com/item_97645.aspx
12 comments:
အရှိကို အရှိတိုင်းပဲကောင်းပါတယ်ဗျာ။။။။
Thanks for sharing.
(http://www.youtube.com/watch?v=Bnq8W3U9aAE&feature=related
original video ကြည့်ဖူးလို့ လိုက်ရှာတာ ရှာမတွေ့ဘူး။ ခု လင့်က quality သိပ်မကောင်းဘူး။)
မြွေလေးသနားပါလယ် ... အိ အိ
အစစ်လောက် ဘယ်အတုမှ ကောင်းဖူးး)
ဒို့ကတော့ အရှိကို အရှိအတိုင်းပါပဲ။
မယုံရင် လက်တွေ့ စမ်းကြည့်လို့ ရပါကြောင်း . . .
အမေပေးသလောက်ပေါ့...
ကြောက်စရာကြီး မမကီရာ။ ရင်တုန်စရာ။
ဘုရားပေးတဲ့ အတိုင်းပေါ့ မကိရေ ကြည့်ရတာမြွေထီးလေး ထင်တယ်
အင်း...
အော် ပဲ ကောင်းပါတယ်ဗျာ..။
မော်ဒီဖိုင်းရင် ဘော်ဒီဟိုင်းသွားမှာပါ။
မိန်းမတွေက ကိစ္စတွေတော့  အများသား...။
အော်... ဒွတ်ခ
မြွေက လျှာထုတ်တုန်းကတော့ မပေါက်ဘူး။ မြွေကို အဆာမကျွေးထားလို့ထင်တယ်။
ဆီလီကွန် အဘိဒါန်သိပရေစ
ပြွန်ငယ် ေသးေလးဆိုတာဟုတ်လား
Post a Comment