အာရုဏ်ဦး မိုးဦးသောက်လို့  အလင်းရောက်ပြီ ဆိုတော့ အိပ်စက်အနားယူခြင်းမှ နိုးထလာရတော့သည်ပေါ့ ။ ရွာပြန်ရောက်ကာစ နေသားမကျတာတွေ ရှိပေမဲ့ စိတ်ပမ်းကို သည်လိုဖြေဖို့ ...( ကဗျာမဆန် စာမဆန်တွေ ရေးဖို့ ) မနည်းမနော အားထုတ်မိသည် ။ မြင်မြင်သမျှ ကြားကြားသမျှ ဘဝင်မကျတာတွေသာ ရေးချရမည် ဆိုပါလျှင် လက် ဆယ်ချောင်းကျိုးရုံသာမက ရှိရှိသမျှ ၃၂ ချောင်းသော သွားများပါ့ ( အံကြိတ်ရဖန်များလွန်း၍ ) အမှုန့်ဖြစ်ရပေတော့မည် မို့  သဘောလောက်သာ ရေးရပါတော့မည် ။ မျက်စိ စပါးမွှေးစူးသူများ နားကလောသူများ ကျော်ခွ၍ သွားကြပါလေကုန် ။....
အလုပ်မရှိ ၁၀၉-၁၁၀ သို့ တည်းမဟုတ် အငြိမ်းစားဘဝ သို့  နေ့ ချင်း ညချင်း ကူးပြောင်းသွားရရှာ လေသော အကျွန်ုပ် မှာ ယခုကျမှ ငယ်စဉ်အခါ သင်ခဲ့ရဖူးသော သင်ပုန်းကြီးဖတ်စာ ပါ ၊ စောစောထ၊ အိပ်ယာသိမ်း ၊သွားတိုက် ၊ မျက်နှာသစ၊် အစာစား ၊ အဝတ်လဲ ၊ ကျောင်းသွား အစရှိသည် များ ထဲမှ ကျောင်းသွားခြင်းအမှုကိစ္စ ကို လုပ်စရာ မလိုတော့သည်မို့ ၊ ဘုရားကျောင်းကန်လည်းနေ့ စဉ် မသွားနိုင်သေးသည်မို့  ကျန် အချက်များ မှ အံဝင်ဂွင်ကျ ဖြစ်သည် များကို အံမကျစွာ လိုက်လုပ်ရင်း နိစ္စဓူဝ ဖြစ်စဉ်များကို ဖြတ်သန်းလျှက်ရှိနေပါသည် ။
နံနက် ၆ နာရီ မတိုင်မီ ကန်ဘောင်ပေါ်ရောက် ၊ လုပ်စရာ ရှိတာလုပ် ... အမောဆို့  ပြီး ခြေထောက်ညောင်းတဲ့ အချိန် အိမ်ပြန်လာ ပြီး သူများလုပ်စာကို ထိုင်စားပါတော့သည် ။ပါးစပ်က စား နေဝါးနေတုံး၊ မျက်စိက အားနေမစိုးလို့  ၊ ဟိုစာ ဒီစာ ဖတ်လေ့ရှိသော အကျွန်ုပ်၊ ဒီတခေါက် ကိုယ့်အိမ်ကိုယ်ပြန်ရောက် တော့ အိမ်မှာ ထူးခြား နေတာ တခု သတိပြုမိသည် ။ နှစ်ပေါင်းများစွာ မမြင်ရ မဖတ်ရတဲ့ သတင်းစာ ..... ဘာသတင်းထူးမှ မပါလို့ ၊ အိမ်မှာ မယူတာကြာလို့ မေ့တောင် မေ့နေတဲ့ သတင်းစာ .. အံမယ် .. ဒီသတင်းစာတွေ အိမ်မှာ ပြန်ယူနေပါရော့လား ။ ဘယ်လို အတွေး အမြင်သစ်တွေ ပြောင်းသွားရတာပါလိမ့် ။ ဒါ နဲ့ ပဲ အနားမှာ ရှိနေတဲ့ ညီမ ဖြစ်သူကို မေးကြည့် မိသည် ။ သတင်းစာ ယူရခြင်း အကြောင်းရင်းမှာ သတင်းဖတ်ရန်မဟုတ် ၊ အတင်းတွေရေးထားတာလည်း ဖတ်ချင် သိချင်၍ မဟုတ် ။ နာရေး ကြော်ငြာ ကြည့်ရန် မျှသာ ဖြစ်ပါကြောင်း ....
မိတ်ရင်း ဆွေရင်းများ ၏ နာရေး ကိုမျှ မသိလိုက်ပါ၍ သတင်းမမေးမိလိုက်ရခြင်းများ အသုဘရှု မသွားဖြစ် လိုက်ခြင်းများ အခါခါ ဖြစ်ခဲ့ရသည်မို လူမှုရေး ဝတ္တရားများ ပျက်ခဲ့ရသည်မှာ လည်း အခါခါ ၊ ဒီတော့ နာရေးကိစ္စ အတွက် အနည်းဆုံး ဖုံးကလေးဆက်ပြီး သတင်းမေးနိုင်ရလေအောင် သတင်းစာကို ပြန်ယူနေရပါသည် ။ ခုခေတ်ကြီးမှာ ယခင် ကြံတော သုသာန် လို နီးနီးနားနား အဆင်ပြေပြေ အသုဘပို့ ဆောင်ရန်လည်း မလွယ်ကူတော့ ၊ သွားရ လာရ ခရီးဝေး ၊ ကရိယထ လည်းများ၊ ခရီးစရိတ်လည်းများ တော့ အသုဘ ပို့ ဆောင်သူများလည်း တော်ရုံ ခင်မင်မှု ဖြင့် မလာရောက်နှိုင် ကြသည်ကို အားလုံး သဘောပေါက် နားလည်ပြီးသား ၊ အထာကျ ပြီးသား ဖြစ်နေကြလေပြီ ။ မျက်နှာကြီး၊ နာမည်ကြီး ပုဂ္ဂိုလ်များ အသိုင်းအဝိုင်း အသုဘ များ မှ လွဲ၍ ရေဝေး ၊ ထိန်ပင် ၊သုသာန် တို့ မှ အသုဘများမှာ ခြောက်ကပ်မြန်ဆန်စွာဖြင့် ပြီးဆုံးသွားလေ့ရှိသည်မှာ လည်း ထုံးစံ တခု လို ဖြစ်နေပေပြီ ။ တချို့ မှာ အသုဘ အိမ် သို့ သာ သွားရောက် သတင်းမေးခြင်းမျှသာ ပြု နိုင်ကြတော့သည် ၊ ဒါမှ မဟုတ် လမ်းတဝက် ၊ လမ်းအစ လောက်အထိသာ အသုဘ ယာဉ်တန်း နှင့် အတူ လိုက်ပါခြင်း ၊ အချို့ မှာ သုသာန် မှ စောင့်ကြို ပြီး အသုဘ ရှုခြင်း ၊ စသဖြင့် အဆင်ပြေ သလို ပြုကြ ပို့ ကြ ရလေသည် ။ ဒါကို မော်ဒန် အသုဘ ပို့ ဆောင်ခြင်းဓလေ့ ဟု မှတ်ယူမိပါသည် ။
ထားပါတော့ အသုဘ အကြောင်း ၊ လောလောဆယ် အတွက် မော်ဒန် သတင်းစာ ဖတ်နည်း အကြောင်း ပြောချင်မိသည် ။ အကျွန်ုပ် အပါအဝင် ပုံမှန်လူများ ၏ ယနေ့ ခေတ်ပေါ် သတင်းစာ ဖတ်နည်း တခု ဟုလည်း ဆိုနိုင်ပါသည် ။ တံငါနားနီးတံငါ ၊ မုဆိုးနားနီး မုဆိုး၊ ဆိုသလို တရုပ်နားနီးတော့ တရုပ်နည်းပေါ့ ၊ ကမ္ဘာပေါ်တွင် ရှိ ရှိသမျှ လူမျိုး အများစု မှာ စာအုပ်ဖြင့် တရွက်ချင်းလှန်ပြီးဖတ်ရသော စာအုပ် စာရွက်ဟူသမျှ ကို ရှေ့ ဆုံး စာမျက်နှာ မှ နောက်တရွက် သို့  ဘယ်ဘက်မှ ညာ ဘက်သို့  အစဉ်အလိုက် လှန်ကြ ဖတ်ကြ ပါသည် ။ သို့ သော်ငြားလည်း တရုပ် လူမျိုး တရုပ်စာပေ များ ၊ အများစု မှာ စာကို ညာ ဘက်မှစ၍ ဘယ်ဘက် သို့  ရေးသကဲ့သို့  အထက်မှ အောက် ဒေါင်လိုက် လည်းရေးလေ့ ရှိကြပြီး စာရွက် စာအုပ် စာမျက်နှာများ ကိုလည်း ညာဘက်မှ ဘယ်ဘက် သို့  ( တနည်းဆိုရလျှင် အနောက်မှ အရှေ့ သို့  ) လှန်ဖတ်လေ့ရှိကြသည် ။ အာရေဗျ စာပေ တချို့ လည်း ဤသို့ ရှိကြောင်း ကြားဖူးသည် ။ ဟုတ် မဟုတ် တော့ မသိပါ ။
င်္ဒီတော့ ခုခေတ် မော်ဒန် သတင်းစာ ဖတ်နည်း မှာလည်း တရုပ်နည်း ဟု ဆိုချင်ပါသည် ။ နောက်ဆုံးတရွက် စာ မျက်နှာ ၂၀ ..( မဖတ်ဖြစ် တာ များသည် ၊ အောက်မှာ ကြည့်လျှင် သိနိုင်ပါသည် ၊း))
နောက်ဆုံးမှ စ၍ တမျက်နှာ လှန်ပြီး ဖတ်လျှင် စာမျက်နှာ ၁၉ - နာရေးသတင်း ၊ အသုဘ ကြော်ငြာများ ။ ဝမ်းနည်း ကြေကွဲ ကြသူများ ကို တွေ့ ရပါလိမ့်မည် ။ မိမိ ဆွေမျိုး မိတ်ဆွေ များ နာမည် ဆင်တူသူများကို တက်သုတ်ရိုက် ရှာ ကြည့် ပါ ။ မတွေ့ လျှင် သက်ပြင်းတချက်ချ နိုင်ပါပြီ ။ ပြီးလျှင် နာမည် ထူးဆန်းများ ၊ ဆွေမျိုး ထူးဆန်းများ ၊ ဂုဏ်ဒြပ် များစွာ ဖေါ်ပြထားသော သာရေး သတင်းကြော်ငြာ၊ စေ့စပ်ကြောင်းလမ်း ၊ မင်္ဂလာဆောင်၊ မွေးနေ့ ဆုတောင်းကြော်ငြာ များ ဆီသို့ မျက်စိ တချက် ဝေ့ကြည့်လိုက်ပါ ။ စိတ်ဝင်စားပါက အစ မှ အဆုံး သေချာ ဖတ်ပါ ၊ မှတ်ပါ ၊ ထို့ အပြင် ကွာရှင်း ပြတ်စဲ ၊ စွန့် လွှတ် ခြင်း ၊ ကန့်ကွက်ရန် ကြော်ငြာများ ၊ စီးပွားရေး ကြော်ငြာ များ ၊ ရုပ်ရှင် ဗီဒီယို ကြော်ငြာများ၊ ပစ္စည်းမျိုးစုံ ၊ စားသောက်ကုန်၊ သင်တန်းပေါင်းစုံ ၊ ဆိုင်ပေါင်းစုံ ၊ လုပ်ငန်းပေါင်းစုံ ကြော်ငြာ အစရှိသဖြင့် ... မုးမေ့သွားမတတ် .. ဖတ်ရှု နိုင်ပါသည် ။ ၆ မျက် နှာ အပြည့် ၊ ဆိုဒ် အစုံ ၊ ကြော်ငြာ စုံ ကို ကြည့်ရတာ အားမရ နိုင်သူ များ အတွက် ၊ ရောင်စုံ ကြော်ငြာ အချပ်ပို ဆိုတာလည်း ရှိပါသေးသည် ။ ဒီတော့ ဖတ်စရာ သတင်း စာ မျက်နှာ ဘယ် လောက် မျှ မကျန်တော့ ။ ကောင်းပေစွ ။ ကောင်းပေစွ ။ ကောင်းပေစွ ။ မိုးလေဝသ သတင်း ၊နှင့် မြန်မာ့ ရုပ်မြင်သံကြား အစီအစဉ် ဆိုတာ တွေလည်း အသုံးတည့်မည့် အချိန်မှာ ဖတ်ပါ မှတ်ပါ ။
(
နေပါအုံး ၊ သတင်းစာ ဖတ်နေမကျ တော့ တခုခု လိုနေသေးသည် ဟု ထင်လိုက်မိ လို့  မရမက လိုက်ရှာ မိပါသည် ။ နိုင်ငံခြား သတင်းးးးးး ။ “ဟိုက်” .. စာရွက် များ ကျော်သွားလေ သလား ၊ ပြုတ်ကျန် ခဲ့လေသလား ။ ဘယ်လိုမှ ရှာ မတွေ့  ၊ နောက်မှ ရှေ့ သို့ ၊ ရှေ့ မှ နောက်သို့  အပြန်ပြန် အလှန်လှန်ရှာကြည့် မိသည် ၊ စာမျက်နှာတွေက အစီအစဉ်အတိုင်း စီထားတာ မဟုတ် ၊ ဟိုရောက် ဒီရောက် ဆိုတော့ လူလည်း မူးနောက် လာပါတော့သည် ၊ ဒီအချိန်မှာပဲ ၊ တွေ့ ပါပြီ ၊ တွေ့ ပါပြီ ၊ စာမျက်နှာ ၄ မှ ။ “နိုင်ငံတကာ သတင်းများ ”အင်း အကျွန်ုပ်ပဲ မျက်စိ မှုန် နေလေရော့သလား ။ ကမ္ဘာကြီးပဲ အမှောင်ကျ သွားလေသလား ၊ ကမ္ဘာကြီးအပေါ်မှာပဲ ဒီထက် ဘာမှ ထူးခြားတဲ့ သတင်းတွေ မရှိတော့တာ လား ။ထိုစာမျက်နှာ တွင် ငပွကြီးတို့  တိုင်းပြည်မှ အနိဌာရုံများ ၊ သတင်းဆိုးများ ကို ဖတ်ရှုနိုင်ပါသည် ။ မုဒိတာပွားပြီး အကုသိုလ် မဖြစ်အောင် လည်း လေ့ကျင့်ယူနိုင်ပါသေးသည် ။ တွေးတတ်လျှင် အမြတ်ပဲပေါ့ ။ခုတလော မှာတော့ ကမ္ဘာ့ ဖလား ဘောပွဲသတင်းလေးများ ရှိနေသေး သဖြင့် အချိန်အနည်းငယ် ဆွဲပြီး ဖတ်ရှုနိုင်ပါသေးသည် ။
ဤသတင်းစာ ထိုသတင်းစာ အနှီသတင်းစာများတွင် တခါတရံ နေကြပ်တာ လကြပ်တာ တွေ ၊ ကြိုကြား လေးတွေ တော့ ပါလာတန် ကောင်းပါရဲ့  ၊ ကားတွေကြပ်တာ လူတွေကြပ်နေကြတာ တွေတော့ မသိချင် မမြင်ချင်တော့ ပါလေ ။ ဒါကြောင့် သတင်းတွေပါတဲ့ သတင်းစာမှ သတင်းတွေ ရွေးဖတ်ရန် မျက်မှန်အသစ်တလက် လုပ်ရပါအုံးမည် ။း))
ဪ .. တချက် ကျန်နေသေးသည် ။ သတင်းစာ ပြန်ယူလို့ အလဟဿတော့ မဖြစ်ပါ ။ Recycle တွေ ခေတ်စားနေသော ခေတ်ကြီးမှာ သတင်းစာ အဟောင်းများ မှာလည်း အသုံးဝင် ဆဲ ရှိနေပါသေးသည် ။ အိမ်ရှေ့  ခပ်ဝေးဝေးမှ အော်သံ ရှည်ရှည် ကြားလိုက်မိ၍ နှစ်တွေ ၊ခေတ်တွေ စနစ်တွေ ဘယ်လိုပြောင်းပြောင်း သူတို့ ကတော့ မပြောင်း ဆက်လက်ရှင်သန်လျှက် ရှိနေပါသေးလား ဟုလည်း တွေးမိလိုက်ပါသည် ။
“သတင်းစာ အဟောင်းတွေ ဝယ်တယ် ။ နို့ ဆီခွက်တွေ ပုလင်းတွေ ဝယ်တယ် ၊သံတိုသံစ တွေ ဝယ်တယ်၊ ဒန်အိုး ဒန်ခွက်တွေ ဝယ်တယ် ..@$!*&)#%( ...”
နား ...နား ပြီး ပြောပါမည့် အတွက် ဒီတပါတ် အတွက် တော်အုံးမည် ။
20 comments:
မြန်မာ့သတင်းစာလဲ တစ်နေရာရာတော့ အသုံးဝင်သား။ ဒါပေမဲ့ ကြာကြာတော့ လက်ထဲကိုင်မထားနဲ့နော်၊ လက်တွေမှင်စွန်းလွန်းလို့။းဝ)
နားနားပြီးပြောပါလေ....
ဟဲဟဲ...
မောနေဦးမယ်...
သတင်းစာဖတ်ပြီး ဓါတ်ရော မလိုက်ဘူးလားဗျို့ ...
ဓါတ်အားပေးစက်ရုံကြီးတွေဆောက်လိုက်တာ...
ဖွင့် သာဖွင့် တယ် မီးကတော့ ပျက်လျှက်ပဲ...
ဗမာပြည်တွင် သတင်းစာရှိကြောင်း မှတ်သားသွားပါသည်
မြန်မာ့သတင်းစားအထင်မသေးနဲ့အစ်မ
မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းနိုင်တာ သူတစ်ခုဘဲရှိတော့တယ်..
ဘာလို့ဆို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကလဲ ဒီလိုမှင်နဲ့ ဒီလိုစာရွက်နဲ့
ခုကွန်ပျူတာအင်တာနက်ခေတ်မှာလဲ
ဒီလိုစာရွက်ဒီလိုမှင်မျိုးနဲ့
ဒီလိုဟိုးရှေးခေတ်ကအတိုင်း ဘာမှ မပြောင်းလဲဘဲ ရှိနိုင်တာဆိုလို့ ခုခေတ်မှာ ဘာမှ မရှိတော့ဘူး
သတင်းစာဘဲရှိတော့တယ် မှတ်တယ်..
ဂုဏ်ယူသင့်လှပါတယ်အစ်မရယ်..
ဂုဏ်ယူ စမ်းပါအမရာ၊ မချော ပြောသလို မြန်မာ ဆန် စမ်းပါ။
မြန်မာ ဆန် တဲ့ သတင်းစာ လေးပါ၊ ကမ္ဘာ ပေါ်ရှိ ဘယ်တိုင်း
ပြည်မှာမှ မရှိတော့ တဲ့ သတင်းစာ လေးပါ၊ ဂျာနယ် တွေ
ထက်တောင် စောင်ရေ နဲ နေတဲ့ သတင်းစာ လေးပါ၊
ကျွန်တော် တို့ မှ အား မပေးရင် သူ လဲ ပျောက် သွား
တော့ မှာပါ၊ အမ လဲ ရောက်တုံး အကျိုးပြု လေး ရေးပေးပါလား
အဲ့ ဒီ ကျက်သရေ သတင်းစာ မှာလေ...
သတင်းစာတွေဝယ်တယ် သတင်းစာတွေဝယ်တယ် အဲ အဲ ယောင်ကုန်ပြီ ဟီး
မမကိကီ အတင်းစာ တွေဖတ်နေတာပေါ့လေ
သူတို့ပြောပြောနေတဲ့ တိုးတက်နေတယ် ဆိုတာတွေရဲ့ သက်သေ တွေဘဲလေ ....
တရုတ်နည်းနဲ့ သတင်းစာ ဖတ်နည်းယူသွား၏။
:P :) ပြုံးနေမိတယ် မြန်မာပြည်သူကြီးရယ်။ မြန်မာပြည်ရောက်တော့ မြန်မာသတင်းလေး အတင်းလေး ဖတ်ရတာပေါ့ဗျာ။ မြန်မာပြည်ကရာသီဥတုနဲ့ အထောက်အကူ သဟဇာတဖြစ်မယ် ကျန်းမာရေး အသိပညာလေးလဲ ရေးပါအုံး တောင်းဆိုပါတယ်။
ရောက်တဲ့ရပ်မှာပျော်နိုင်ပါစေ အစ်မရေ။
ဖတ်ရင်းပြုံး.. ပြုံးရင်းဖတ်သွား၏။
ခင်မင်တဲ့
နေ၀သန်
စနစ်တကျ သတင်းစာဖတ်နည်းကို လေ့လာပြီး ရယ်သွားတယ်..။ မကိက ဟိုနေရာ ရှာဖို့ မျက်မှန်လုပ်တော့မယ်ပေါ့..း))။
သတင်းစားကို တလလောက် ဆက်တိုက် ဖတ်လိုက်ရင်တော့ အသားကျသွားမှာပါ
သတင်းစာထဲပါတဲ့အကြောင်းအရာ တွေ တန်ဖိုးမဲ့ရုံတင်မက
ကတော့ပါရဲ့ အီးအီးကုန်းရင်တောင် ဖင်မဲတယ်
ဘယ် ကလာ အီးကုန်ရဲ ရမလဲ... သူ့ရို့ မျက်နှာတွေ အီးစာမိမစိုးလို့ ဘုရားပုံတွေ နေရာအနှံ့ ပြန်ထည့်တော့ ဘလိုလုပ်ကြမတုန်း..
သတင်းစာ ဖတ်နည်း လေ့လာသွား ပါတယ်။
နား....နားပြီး ပြောမယ်ဆိုလို့ နား....နားပြီးစောင့်ဖတ်ပါ့မယ်။း))
Poimajotflili
[url=http://www.ekccc.org]does adipex work[/url]
Nadafuele
[url=http://noweatthis.net]ambien abuse[/url]
Fizalefeera
[url=http://www.thegibsoncompany.com]dog dose lorazepam[/url]
expemybrootte
ပြည်သူလုထုကြီးအတွက် သတင်းစာက အသုံးတော့ တည့်သေးသား..
The repοrt has establіshed useful tо me.
It’s quite infoгmative and уοu're certainly very well-informed of this type. You possess exposed our eye to various opinion of this subject along with interesting and reliable written content.
Also see my page :: Xanax
Post a Comment