- ရောက်တဲ့အရပ်မှာ ပျော်အောင်နေ၊ - မပျော် ရှိရိုးလား ။ရောက်တဲ့နေရာမှာ ပျော်စရာတွေ လိုက်ရှာပြီး နေလိုက်တာပေါ့ ။း)
- တွေ့ တဲ့ သူနဲ့  တည့် အောင်ပေါင်း ၊ -လမ်းထိပ်က ကုလားမကြီး အကြော်ဆိုင် မှာ တည့်အောင် ပေါင်းစားတတ်နေပြီ ။( ချွင်းချက် ။ ။ အကောင်စိမ်းစိမ်း အမြီးရှည်ရှည် များ ၊ ပုတ်သင်ညို လို ခေါင်းငြိမ့်ပြီး ရေမြေ အလိုက် အရောင် ပြောင်းတတ်သူများ နှင့်တော့ တည့်အောင် မပေါင်းတတ်သော ပေါင်းသင်းဆက်ဆံ ရေး ညံ့ဖျင်း လှသူ အကျွန်ုပ်မှာ အဆိုပါ ကုလားမကြီးကို အပေါင်းအသင်း ဖွဲ့ ရာတွင်တော့ အခက်အခဲ မရှိလှပါ ။ )
- ရှိတာလေးနဲ့ လှအောင်ဝတ် ၊- မရှိတာကြီးကို မဝတ်နိုင်တော့လည်း၊ ဝတ်ထားတာလေးပဲ လှတယ် တွေး ပြီး နေလိုက်ပါတယ် ၊ I-Max နဲ Step အထည် ကြော်ငြာ ထဲက ဝတ်မှုန်ရွှေရည် တောင် ကိုယ့်လောက် မလှသလိုပဲ ။ ဟဲ ဟဲ။.
- ရတာလေးနဲ့  ဝအောင်စား ၊- ဩော် .. တနေ့ ၊တစ်သိန်းလောက် ရရင် တော့ ဝမယ် ထင်ရတာပဲ ။ တော်ပါပြီလေ ၊ သိပ်ဝ အောင် စား နေတော့လည်း အဆီပိတ်ပြီး ဒယ်အိုး ထဲရောက် ၊ www.အဝီဇိ .com မှာ လင့်ခ် ချိတ် နေရမှာ စိုးလို့  ၊ မဝ တဝ လေးပဲ စားပါတော့မယ် ။
- နိုင်လိုသူ ကို ၊ အရှုံးပေး နှလုံး အေးတဲ့ ဆေး ။ - ဪ... အနိုင်လို နေတဲ့သူကို အရှုံးတွေပေးလိုက်ရင် သူ့ ခမျာ အရှုံးတွေ ချည်း ပုံနေတော့မှာ ပဲ လေ ။ ဘယ်လို လုပ်ရပါ့ ။ အနိုင် လို သူကို အနိုင်ပေး ။ ရွှေလိုသူကို ရွှေပေး ၊ ငွေလိုသူကို ငွေပေး၊ မအေ လို သူကို .... အဲ.. အဲ .. ခက်ကုန်ပြီ ။ ( ဘုရားဟော တရား ၊ ဆုံးမ စာ များကို ကပျက်ကချော် လုပ်ခြင်း မဟုတ်ပါ ။ ဂျစ်ကန်ကန် အတွေးများကို ယနေ့ ထိ တွေးနေမိပါသေးသဖြင့် .... တွေးမိသလို ရေး မိ ပါ သည် )
ဒါကြောင့် လောလောဆယ်မှာ ဒီလို နေ နေ ပါတယ် ။
26 comments:
အဟီးဟီးဟီးခွီးခွီးခွီး.... အဟွတ်ဟွတ်... ဘွတ်
သမာဓိခိုင်နိုင်ပါ့မလားကွယ်။
ဟိဟိဟိ....
လေထဲတောင်မှ ပျံနိုင်နေပါရောလား မကိ။
ဒါဆိုရင်တော့ လေခွန်ပါ ဆောင်ရပါလိမ့်မယ်။
အဲဒီ့ ရောဂါ အဲလေ ရောဂ ကျင့်စဉ်လေး အကြောင်း ရေးပါဦးဗျ။
လာလည်ပြီး ဖတ်သွားတယ် ကိကိ....:)
ခစ်ခစ်ခစ် ကာတွန်းက မိုက်တယ်ကွာ ဖွားကိနဲ့ မလိုက်ဘူး။
မအယ်
ကိကိလည်း ဖလားချစ်တယ်နဲ့ တူတယ် .. ကာတွန်းထဲတောင် ဖလားလေး နဲ့ ...
နေတတ်ရင် ကျေနပ်စရာချည်းပါ ကိကိရဲ့  ....
mie nge
ကိမှုန်ရွှေရည်တို့ တရုပ်အားထားနေသလား..
ဟားဟားးးးးးးးးးးးးးးးဟား
မြတ်နိုး
ဖွားကိ .....ခန္တီစ တရားတွေ တအား တအားကို တိုးတက်လာပြီဆိုပါတော့ ကျင့်ထားပါလေ ကိုယ့်ကျင့်တော့ ကိုယ်ရတာပေါ့ စည်းစိမ်တို့ကတော့ ရှာကြံပြီး ကျေးဇူးတင်တယ် မီးမလာလည်း မီတာခ ကုန်သက်သာတယ် ရေမလာလည်း ရေခွန်ဆောင်ရသသက်သာတယ် ...... ဒီလိုဘဲ တွေးပါတယ် ၀ါဆိုလပြည့် (ဂျူတီကျတော့လည်း စူပါ ကော်ဖီသောက်ရတယ်ပေါ့ဗျာ စူပါတော့ ကြိုက်တယ် ဆူပါ ဆူပါ ဆူတာတွေ မခံနိုင်လို့ စူပါ မသောက်တာ အတော်ကြာပြီဆိုတဲ့ စကားလေးကို ဘာရယ်မဟုတ်ဘူး သတိရတယ်)
ပျော်ရွှင်ပါစေ
ခင်တဲ့
seesein
မကိရေ..
တအားကို ရယ်မိတယ်.. မပြောင်းမလဲ ရွှတ်နောက်နောက် နေတုန်း...။
ကာတွန်းပုံကတော့ ရှယ်ပဲ..။ စိတ်မဆိုးဘူးဆိုပြီး တရားမှတ်လိုက်တာ လေနဲ့ ဈာဉ်ရပြီး အမြင့်တောင် ရောက်နေပြီ..။
နိုင်လိုသူ ကို ၊ အရှုံးပေး နှလုံး အေးတဲ့ ဆေး အဓိပ္ပါယ်ဖွင့်တာများ မိုက်ထားတာ။း))) အနိုင် လို သူကို အနိုင်ပေး ။ အောင်သူလိုသူကို အောင်သူပေး..
အဟား.. ကာတွန်းကတော့ လန်ထွက်နေတာပဲ.. စံပဲ.. ဒီလောက်ကွန်မကောင်းတဲ့ကြားက အကုန်လုပ်နိုင်တယ်...း)))
ခင်မင်တဲ့
နေ၀သန်
မမကိ ရီရတယ်..... ဟိဟိ
:)
စိတ်မဆိုးဘူး စိတ်မဆိုးဘူး ဆိုပြီးတော့ ခန္တီစတရားတွေကျင့်နေရင်းနဲ့ www.နတ်ပြည်.com ကို လင့်ချိတ်ပြီးသွားရင်တော့ ဘလော့ဂါတွေကို မမေ့နဲ့နော်.... ကွန်မကောင်းတဲ့ ရွှေပြည်ကြီးက ဘလော့ဂါတွေကို ကွန်ကောင်းအောင် နိုင်ငံခြားရောက်နေတဲ့ ဘလော့ဂါတွေ ရွှေပြည်ပြန်ချင်ရင် ရွှေပြည်လေဆိပ်မှာ အရစ်မခံရအောင် နတ်သမီး ဖွားကိက နတ်သားတဖက်လေးငါးရာနဲ့ လာစောင်မကြည့်ရှုရမယ်နော်... မမကိ
တော်တော် တောင်ပေါက်ရောက်နေပြီပဲ။
နိဟောင် ကျဲကျဲ ရေ...
သိပ်လည်းတရုတ်အားထားမနေနဲ့ ဦး...
လေပေါ်မှာပျံဝဲနေဦးမယ်...
ပြုံးမိပါသည်။
ဟာဗျာ ဖွားကိရာ
ရုံးမှာခိုးဖတ်တာ ကြိတ်ရယ်ရတယ်။
အိမ်ရောက်မှ ပြန်လာဖတ်ပြီး ဝက်ဝက်ကွဲ ရယ်ဦးမယ်။
တရားရ သွားပြီပေါ့ မမကိ..
အစ်မကြီးကတော ဒါမှ အနေမှန် အမြင်ရသွားတာကို
ကောင်းပါပေ့ဗျာ။
မကိရေ ရေးတတ်လိုက်တာ တစ်နေ့လုံးစိတ်ညည်းညူသမျှ မကိရေးတာ ဖတ်ပြီးသဘောတကျပြုံးရီသွားတယ် ကျေးဇူး
မကိ ရေ
တော်တော် အဆင့်တွေ တက်နေပြီပေါ့နော်
ဒီလောက်တင် ရပ်လို့ရပြီ ခဏနေ လေထဲတင်ပျောက်သွားအုန်းမယ်နော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဟားဟားဟား
ဘွားတော် ကိ ဖစ်နေပြီပေါ့လေ .. :D
စိတ်မဆိုးဘူး စိတ်မဆိုးဘူး စိတ်ဆိုးဘူး ... ဟင်းဟင်းဟင်း ထမင်းထမင်းထမင်း :P
ဘွားကိ... တောင့်ထားနော်။ မတော်တဆ အောက်ပြုတ်ကျရင် မလွယ်လောက်ဘူး။ တော်တော်အီသွားလောက်တယ်။း)၀၀)))
ဖွားကိ ဈာန်ကြွနေတာတွေ့တော့ ရွာကကောင်လေး ပြေးသတိရမိသေးတော့ဗျား။ သူ့ခမျာ ကျောင်းခေါင်မိုးပေါ်ကပြုတ်ကျပြီး ပြကျုတ်ဖြစ်---ပလုပ်တုတ်---။
တစ်ရက်တစ်သိန်းရတဲ့ အလုပ်တွေ့ရင် ကျနော့်ကိုလည်း ခေါ်နော်..
ပြန်လာခဲ့မယ်..း)
အဆင်ပြေပါစေ အမရေ....
ဟားဟား...
မကိတို့ကတော့ သာသာလေးနဲ့ တုတ်ချလိုက်ပြန်ပြီ..
အဲဒါမျိုးလေးတွေကြိုက်တာ..
မကိရဲ့အရေးအသားတွေလေ...။
အဲလိုလေး ရေးတတ်ချင်တယ်..။
ဟိဟိဟိ...ခွိခွိ...အော်...မမကိကိက ဒီလိုအဆင့်အထိတောင် ရောက်နေမှကိုးးးးးးးးးး။
Post a Comment