အာဇာနည်နေ့  တို့ မမေ့ပေမဲ့ ၊
သူတို့ တတွေ စည်းစိမ်ယစ်ကာ
အာဏာတရူး ၊ ဥစ္စာရူး များ၊
ခိုးဆိုးတိုက်ခိုက် ဒီလူမိုက်တို့ ၊
ဒီမိုး ဒီလေ ဒီလူတွေ နဲ့
ဒီမင်း ဒီဆိုး ဒီသူခိုးတွေ ၊
သက်ဆိုးရှည်လို့  ၊
တို့ ပြည်သူ ဘဝများ မလှပစွာ
အဖက်ဖက်က အောက်ကျ ဆင်းရဲ
မွဲတေ ငတ်ပြတ် လူဖြစ်ကျိုးမနပ်ရပြီပေါ့။
ဒီနေ့  ဒီရက် ဒီ နံနက် အချိန် ၁၀နာရီ ၃၇ တိုင်း
အားလုံး ငြိမ်သက် ဦးညွှတ်လျှက်
ဥသြတွေဆွဲ အလေးလည်းပြုကြ ၊
ရှေးက အစဉ်အလာ ၊ ခုမှာတော့ အဖျက်ခံရ ရှာပေါ့ ၊
သို့ ပေငြားလည်း ၊ငါတို့ အားလုံး
ဇူလိုင် ၁၉ ဒီနေ့  ဆိုး မှာ
မျက်ရည်ဖြိုင်မိုး
ဘဝင်ညှိုး လို့ ၊
ှဗိုလ်ချုပ်မှာ စကား ရင်ဝယ်ကြားလို့  ၊
မှတ်သားနာယူ
တို့ ပြည်သူတွေ
ညီညာစေချင် ၊
ကမ္ဘာမကြေ မြန်မာပြည်ရဲ့ 
အာဇာနည် အပေါင်း နဲ့ ဒီခွပ်ဒေါင်း အား
ကမ္ဘာတည်သ၍ မမေ့ကြစေကြောင်း၊
ငါဆုတောင်း၏ ။
ကိကိ ( ၂၀၁၀ ၊ ဇူလိုင်လ ၁၉ ရက် )
သခင်အောင်ဆန်း (သို့ ) သားတယောက်ရဲ့  အား
အမိမြေနဲ့  လူသားများအတွက်
မှန်တဲ့ဘက်က အောင်ရမယ်လို့ 
ခိုင်ကြည်တဲ့ စိတ်နဲ့  လမ်းပြခဲ့
အာဇာနည်....စိတ်များက
စိတ်တခုကို ကိုးကွယ်ဖို့ 
အသက်ကို စွန့် ပြီး
သူ့ စိတ်ကို ကမ္ဘာမြေအနှံ့ မွှေးမြစေခဲ့။
ခေတ်အဆက်ဆက် ရင်ချင်းဆက်ပြီး
ရုပ်က လက်နက်ချခဲ့ရပေမဲ့
စိတ်က လက်နက်မချဘူး ဟေ့.....
စောဝေ
၁၉ ဇူလိုင် ၂၀၀၀ ။
( လွန်ခဲ့တဲ့ ၁၀ နှစ်က ကိုစောဝေ ဖွဲ့ ဆို ခဲ့ တဲ့ ကဗျာ အား အမှတ်တရပြန်လည် ဖေါ်ပြ လိုက်ပါတယ် )
16 comments:
ဖတ်သွားပါကြောင်း............
မဖတ်ဖူးဘူးဗျာာာာာာာာာာာာာ
သူတို့ ဘယ်လိုပဲ ဖျောက်ဖျက် ဖျောက်ဖျက် အပြင်ပိုင်းက သာ ရလိမ့်မယ် ရင်ထဲမှာ ရှိနေတဲ့ အာဇာနည် တွေကို တော့ ဘယ်နည်းနဲ့မှ ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး
မမှန်တဲ့ သူတွေ ကြီးစိုးနေတဲ့  ခေတ်ကြီးမှာ
မှန်တဲ့ သူတွေ ကို မနာလိုဖြစ်၊နေရာမပေးပဲ
မှေးမှိန်ပျောက်ကွယ်အောင် လုပ်နေချိန်မှာ
ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ပြန်လည်
ဖော်ထုပ်နေကြဘို့လိုပါတယ်၊
ဥသြသံ အောက်မိုးဖြိုင်ဖြိုင်အောက်မှာ တူညီ
သတိ စွဲ ပြီး အလေးပြု ခဲ့ ကြရတဲ့ 
ပျောက်ကွယ်သွားတဲ့  အ၇သာကို သတိရမိပါတယ်။
အာဇာနည်ခေါင်းဆောင်များကို မနက်စောစော လာရောက်အလေးပြုပါတယ်..
၁၉ ဇူလိုင်ကတော့ တကယ် မမေ့နိုင်တဲ့ နေ့ပါ မကိရယ်..။
ကဗျာလေး ပြန်လည် တင်ပြပေးတာ ကျေးဇူးနော်။
အာဇာနည်အားလုံးကို တမ်းတပြီး လွမ်းနေမိပါသည်။
ကိကိရေ ဒီကဗျာကို မဖတ်ဖူးဘူး။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ အာဏာရူးကြီး မူးကြီးသန်းရွှေ ဆိုတဲ့ အချစ်ကဗျာကို စပ်ခဲ့တဲ့ ကိုစောဝေဆိုတော့ ကဗျာရှင်ကိုလည်း ပိုပြီး အသိအမှတ်ပြု လေးစားသွားပါတယ်။
မမကိ ကိုစောဝေကဗျာ ခုမှ ဖတ်ဖူးတယ်...
မမကိ ကဗျာလေးကိုလဲ ခံစားသွားပါတယ်...
ဒီအာဇာနည်နေ့ကတော့ တမျိုးသားလုံးရင်ထဲမှာ ကမ္ဘာတည်သ၍ မေ့မှာ မဟုတ်ပါဘူး....
ကိုစောဝေ ကဗျာလေးမျှဝေပေးတဲ့အတွက်ရော
မမကိ ကဗျာလေးအတွက်ပါ ကျေးဇူးပါနော်မမ...
၁၉ဇူလိုင်မနေ့နိုင်...
ကဗျာတွေ..ဖတ်...မှတ်သွားပါတယ်...မကိရေ
ပင်ကိုယ် ရေး ကဗျာလေး က ထိ တယ်..။
ကဗျာလေး က တော်တော်ထိတယ်ဗျာ.. အပေါ်ပိုင်းက အာဏာရူးတွေကို ပိုပြီး ထိစေပါတယ်... မနေ့က ဖတ်လိုက်ရတယ် မိုးမခမှာ.. ဘာတဲ့.. စတုတ္ထ နိုင်ငံ ကိုတည်ထောင်တာ က သူတဲ့..ဗျာ.. ပြီးတော့ ပြောသေးတယ် ဟိုငတိဆိုရင်(ဗိုလ်ချုပ်အောင်ဆန်း) သူလိုမလုပ်နိုင်ဘူးတဲ့ဗျာ..လုပ်သေးတယ်..
အာဏာ မရူးတာဆိုလို ကျေးလက်နေ ပြည်သူတွေပဲ ရှိတယ်။ မြိုကြီးနေတဲ့သူတွေရော နိုင်ငံခြားရောက်နေသူတွေရော အကုန်လုံး အာဏာရူး၊ မုသားရူးတွေပါဗျာ။ အာဇာနည်နေ့တော့ မြန်မာတိုင်း မမေ့ပါဘူးဗျာ။
နှစ်လတာရှည်... ခါရာသီရွေ့ပေမယ့်.....
အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ...း(
မကိရဲ့ အာဇာနည်ကဗျာကိုခံစားဖတ်ရှုသွားပါတယ်.။
ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီး
များကိုဦးညွှတ်အလေးပြုဂုဏ်ပြုလိုက်ပါတယ်.။
ခင်မင်စွာ
သဒ္ဓါ
တိုင်းပြည်အပေါ်မတရားတက်အုပ်ချုပ်နေတဲ့ အာဏာရှင်တွေဆိုတော့ တိုင်းပြည်ကချစ်တဲ့လေးစားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ကြောက်တာပေါ့ဗျာ ဒါကြောင့် အဲ့ဒီအာဇာနည်နေ့ကို သေးသိမ်ပျောက်ကွယ်သွားအောင်လုပ်နေကြတာ.လူထုချစ်တဲ့သူတွေကိုကြောက်နေကြတာ..
မမေ့ပါ...
ဘယ်တော့မှလည်း မေ့မှာမဟုတ်ပါ....
......................
တုနှိုင်းလို့မရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွတ်အလေးပြုလျှက်...
Post a Comment