ဖြစ်ကြောင်းရယ်ကုန်စင်(၁)
ရွှေပြည်ကြီးမှာ ဖြစ်တတ်တဲ့ အကြောင်းအရာများထဲမှ တခု ၊ ဒီလို ဒီလိုရှိတယ် ဆိုတာ ဖေါက်သည်ချပါရစေ ဗျိုး....
ပြည်တော်ပြန်အခြေချ နေရတော့မဲ့ အချိန် မှာ အလုပ်အကိုင်မရှိ ၊ အဝင်မရှိ အထွက်သာ ရှိနေတော့မဲ့  အရေး မျှော်ကာတွေးလို့  မယ်ကိတယောက် သူ့ ကျွန်ခံပြီး ရှိစုမဲ့စု ချွေတာစုဆောင်းထားရှိခဲ့သမျှ အသပြာစလေးနဲ့ အိမ်ခန်းလေးတခု ဝယ်ဖြစ်ခဲ့တယ် ။လွန်ခဲ့တဲ့ ၂ နှစ်လောက်ဆီကပေါ့ ။ ကိုယ်ပြန်မနေခင် လွတ်နေတဲ့ ဒီအခန်းလေးမှာ ဝင်ငွေလေးရအောင် အိမ်ငှားတင်ထားဖို့  တိုက်တွန်းကြတော့ ၊ အလကားနေ အလကား ၊ လူမနေ အိမ်ပျက် ၊ မဲ့ အတူတူ ၊ အသုံးစရိတ် လေးလည်းရ ၊တချက်ခုတ် နှစ်ချက်ပြတ် ၊ အိမ်ငှားတင်ဖို့ စီစဉ်ခဲ့လိုက်ပါတယ် ။ ဒါနဲ့ ပဲ နိုင်ငံခြားသား အိမ်ငှားတယောက် ကို တင်ဖြစ်ခဲ့ပါတယ် ။ ( မြန်မာတွေ နေရင် အိမ်ညစ်ပတ်တယ် ၊ဘာညာ ပြောတဲ့ သူတွေလည်း ရှိပေသကိုး ၊ နိုင်ငံခြားသား ဆိုတော့ အချိန်တန် သူ့  အိမ်သူ ပြန် ။ သူ့ နိုင်ငံသူပြန် မှာမို့  မဆင်းမှာ မပူရတော့တာလည်း တကြောင်း မို့ ၊ နိုင်ငံခြားသား တယောက် ကို အိမ်ငှားတင် ဖြစ်ခဲ့တယ်ပေါ့ ။ အံမယ် ။ ခုခေတ် နိုင်ငံခြားသားတွေအားလုံးလိုလို ကလည်း လူရည်လည်ပြီးသားတွေ မို့  ဒေါ်လာ နဲ့  များ ရမယ် မထင်လိုက်ကြ ပါ နဲ့  ။ ကျပ်ငွေ နဲ့ ပဲ ပေးချေဖို့  သဘောတူ စာချုပ် ချုပ်ဖြစ်ကြတယ်။ မယ်ကိ ကလည်း အဝေးမှာ ဆိုတော့ ညီမ ဖြစ်သူအား ဒီကိစ္စ အဝဝ ကိုဆောင်ရွက်ပေးဖို့  တာဝန်ပေးထားခဲ့ပါတယ် ။
ဒီလို နဲ့ နိုင်ငံခြားသားက ဒီအိမ်မှာ တစ်နှစ်တာမျှ နေထိုင်သွားခဲ့ပြီး လွန်ခဲ့တဲ့ ၄ လလောက်က သူ့ ပြည် ပြန်သွား တော့ အခန်းလေးလည်း လွတ်ကျန်ခဲ့တာပေါ့လေ ၊ နောက် အိမ်ငှား မရခင်စပ်ကြား ဘယ်သူမှ မနေတဲ့ ဒီအခန်းလွတ်ကို သော့ပိတ် ထားခဲ့တယ် ။ ညီမ ဖြစ်သူကတော့ အားတဲ့ အချိန် မှာ ဒီအခန်းလွတ်ကို သန့် ရှင်းရေးသွား လုပ်ပေးပါတယ် ။ ဒီလို နဲ့ ပြီးခဲ့တဲ့ ၃လ က သူ့ ဆီ လျှပ်စစ်မီတာ ခ ဆောင်ဖို့  အကြောင်းကြားစာ ဘီလ် တစောင်ရောက်လာတယ် တဲ့ ၊ မီတာ ထိန်းသိမ်းခ .. မြန်မာဒေါ်လာ( FEC) ၁ ဒေါ်လာ ဆောင်ရ ပါမယ် တဲ့  ။ အရင် နိုင်ငံခြားသား နေခဲ့စဉ် အချိန်တုန်းက တော့ ဘယ်ပုံ ဘယ်နည်းဆောင်ခဲ့တာလည်းဆိုတာကတော့ ညီမဖြစ်သူကလည်း သေချာ မသိတာ မို့  ဇဝေဇဝါပေါ့လေ ။ အိမ်ငှားခ ရတာ က ကျပ် နဲ့ ပါပဲ ။ ဘာလို့များ ဒေါ်လာနဲ့ ဆောင်ရ မှန်း သူ လည်းမသိပါဘူး ။ ပတ်ဝန်းကျင် လေ့လာမှု နည်းတယ် လို့ ပဲ ဆိုရမှာပါ ။ ပြီးတော့ ဒီအိမ်မှာ နိုင်ငံခြားသားကို ငှားထားပါတယ် ဆိုတာ ကို အီးပီစီ (Electric Power Corporation ) က ဘယ်ပုံဘယ်နည်း နဲ့ သိရတာလည်း ဆိုတာလည်း သူ မသိခဲ့ပါဘူး ။ (နောက်မှ သိရတာ က အီးပီစီ ရုံး ဝန်ထမ်းများ ဟာ အခုဆိုရင် အလုပ်ကို အင်မတန်မှ ကြိုးစားကြပါသတဲ့ ၊ ၁ ပါတ် တခါ ၊၂ပါတ်တခါ လောက် မြို့ နယ်တိုင်း ရပ်ကွက်တိုင်း အိမ်တိုင်းစေ့သွားပြီး ဒီအိမ်မှာ နိုင်ငံခြားသား ဧည့်သည် ( အိမ်ငှား ) ရှိ မရှိ လှည့်ပါတ်စုံစမ်း နေကြပါသတဲ့ ) ။ ဒီရပ်ကွက် မီး မှန်မှန် ရ ၊မရ စုံစမ်းတာတော့ မဟုတ်ပါဘူး ။လူတွေ မီးရဖို့က သူတို့  နဲ့ မဆိုင် ၊ နိုင်ငံခြားငွေ နဲ့ မီတာ အခွန်ကောက်ဖို့သာ သူတို့ နဲ့ ဆိုင်နေတယ်ပေါ့လေ ။
သူ့ ပြည်မှာနေ တော့ သူ့  ဥပဒေပေါ့ ၊ ဒါကြောင့် FEC ၁ဒေါ်လာ ဆောင်ဖို့ အလုံမှာ ရှိတဲ့ အီးပီစီ ရုံး ကို သွားရတယ် ၊ ဟိုရောက်တော့ FEC သွင်းမယ်လုပ်တော့ ဒီအတိုင်းသွင်းလို့ မရပါဘူးတဲ့ ၊ နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ် ( Foreign Exchange Bank ) ၊ ယခုအခေါ် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်( Myanma Foreign Trade Bank ) မှာ သွင်းရပါမယ် တဲ့ ၊ အိမ်ခန်းက နေတဲ့ အိမ်ငှား မရှိတော့တဲ့ အကြောင်း အီးပီစီမှ ဝန်ထမ်း ကို ပြောပြတော့ ၊ ဒီအိမ်ငှား မနေထိုင်တော့ တဲ့ အထောက် အထား ။ သူ့ တိုင်းပြည် ပြန်သွားပါတယ်ဆိုတဲ အထောက်အထား ပြဖို့  လိုအပ်ပါသတဲ့ ။ ဘယ်လို အထောက် အထားလဲ လို့ ဆက်မေးတော့ သူ ပြန်သွားတဲ့  လေယာဉ်လက်မှတ် ၊ D form အစ ရှိတာတွေ ပြသရပါမတဲ့  ။ အလိုလေး ။ ကျွန်မတို့ က immigration လည်းမဟုတ် ၊ custom လည်းမဟုတ် ။ ဒီ အထောက် အထားတွေ ဘယ်လို သွားယူရမလည်း ။ ပြန်တဲ့ သူကလည်း သူ့နိုင်ငံသူ ပြန်သွားတာ ကြာလှပြီ ဖြစ်တဲ့ အကြောင်းကို ညီမဖြစ်သူက ပြန်ပြောတော့ ၊ ဒါဆို ( ရဝက ) နဲ့ မြို့ နယ် လူဝင်မှု ကြီးကြပ်ရေး ရုံး (လဝက ) ကို သွား ရ ပါမယ်တဲ့ ၊ ဒါကြောင့် သူတို့ ညွှန်ကြားတဲ့ ဒီရုံးတွေ ဆီ ပြေးရ ပြန်ရော ။ ရဝက ရုံးခန်းက ထုံးစံအတိုင်း ညမှ ဖွင့်တဲ့ အတွက် အဲ့ဒီနေ့ ၊ နေ့ခင်းပိုင်းမှာ ဘာမှ လုပ်မရ ၊ ညဦးပိုင်းကျမှ ဒီရပ်ကွက်မှာ နေထိုင်ကြောင်းထောက်ခံစာ ယူရတယ် ၊ နောက်နေ့  မနက် မြို့နယ် လဝက ရုံး ကို အချိန်မှီပြေး ၊ အကျိုးအကြောင်း ပြော ပြတော့ ရှိတဲ့ ဖိုင်တွဲတွေ လှန်ရှာ ပြီး ခင်ဗျားတို့  ဒီဧည့်သည် ကိုယ့် အခန်းမှာ ရှိနေတုံး ဧည့်စာရင်း မတိုင် ထားခဲ့တာမို့ ဘာထောက်ခံစာမှ မပေးနိုင်တဲ့ အကြောင်းပြောတဲ့ အပြင် ၊ ဧည့်စာရင်း မတိုင်တာတောင် အပြစ်ရှိတယ် လို့  ပြောပြန်ပါတယ် ။ ဪ .. ဒုက္ခပါလား ၊နေရင်း ထိုင်ရင်း အမှုပတ် မဲ့ ကိန်း မို့ ကဲ.. ထားလိုက်ပါတော့ နောင်ခါလာ နောင်ခါဈေး သူတို့ ဆောင်ခိုင်းတာ နဲ့ ဆောင်ရတော့မှာပေါ့လေ သဘော ထားပြီး တပ်ခေါက်ပြန်ခဲ့ရတယ် ။
ဒီလိုနဲ့ ၊ သတ်မှတ်ရက် မတိုင်မှီ မှာ မီတာ ခွန်ဆောင်ဖို့  ရန်ကုန်မြို့ လည် ဘားလမ်း FE bank သို့ ပြေးရပြန်ပါတယ် ။ ဟိုရောက်တော့ FEC 1 $ ဆောင်ဖို့ ရာ form တစောင်ကို ငွေကျပ် ၂၀၀ နဲ့ ဝယ်ယူရပါတယ် ။ စာရွက်စာတမ်း အချက်အလက်တွေ ဖြည့် ရေး ၊ လက်မှတ်ထိုး၊ ၁ ဒေါ်လာသွင်းအပြီး မှာတော့ နောက်နေ့ မှ ချလံ လာယူပါတဲ့ ၊ အင်း ။ ဒီနေ့ လည်း မပြီးပြတ်ပါကလား ။ အချိန်တွေ ပေါနေတဲ့ တိုင်းပြည်ဆိုတော့လည်း နောက်တနေ့ မှ ထပ်လာ ပေါ့လေ ။
နောက်တရက် FE bank ထပ်သွား ၊ အချိန်အတန်ကြာစောင့်ယူပြီး ရလာတဲ့ ချလံ စာ ရွက်လေး ကိုင် ၊ အလုံ မီတာကြေးသွင်းတဲ့ ရုံးကို ထပ်ပြေး ၊ ဒီတော့မှ မီတာခွန် ငွေသွင်းပြီးကြောင်း စာရွက်ကလေး လက်ထဲရောက်လာတော့ ညီမ ဖြစ်သူ ခမျာ နေတွေကလည်း ပူ ။ ဒေါသတွေကလည်း ဆူ ပေါ့ ။
ရွှေပြည်ကြီးမှာ ဖြစ်ကြောင်းရယ် ကုန်စင် ။ ၁ ဒေါ်လာ သွင်း ဖို့  အရေး .. သွားခဲ့ သမျှ ကားခ တွေ သူ ပြန်တွေး မိတော့ မှ ဒေါသဆူ ရခြင်း အကြောင်း တွေ သေချာ သိရတော့တာပေါ့ ။ ၁ ဒေါ်လာ ညီမျှခြင်း က အချိန် ၃ ရက် + စိတ်ပန်း +လူပန်း+ အငှားကားခ စုစုပေါင်း ငွေ ၉၀၀၀ ကျပ် ကျော် မျှ ကျပါသတဲ့ ။
ကဲ.....ဘယ့်နှယ်ရှိစ . ငှားချင် အုံးဟဲ့ နိုင်ငံခြားသား ...း))
24 comments:
ရုံလေကိုငှါလေ
း))))))
ငှားချင်အုံးဟဲ့ ... နိုင်ငံခြားသား .. ကံကောင်းပေလို့ ဧည့်စားရင်း မတိုင်တဲ့ အမှူနဲ့ တရားရုံးမတင်လိုက်ရတာ တော်ကြာနေ ပိုက်ပိုက်လဲကုန် လူလည်း အတွေ့ အကြုံ တွေ တပြုံတပန်းကြီး ရသွားအုံးမယ် ... ဒီလောက် တိုးတက်နေတဲ့ တိုင်းပြည်ကြီးမှာမှ အိမ်ငှားထားရတယ်လို့ ... ဖွားကိရေ ယူခဲ့ ယူခဲ့ ရသမျှ ယူခဲ့ ....
ဟဟ ဖစ်ရလေဒယ် ကိကိရယ်....
နှင်း
ဖတ်ပြီး စိတ်မကောင်းဖြစ်ရသလို ရယ်လဲရယ်ချင်မိပါတယ်...
သနားပါတယ်... ငါ့အစ်မရယ်..
ရွှေပြည်ကြီးအကြောင်းတော့ အစ်မရေးလိုက်တော့လဲ
သိသွားရတာပေါ့နော်..
အော် ဖြစ်မှဖြစ်ရလေ မကိရယ်..။ အင်း အဲဒါတွေလည်း မလွယ်ဘူးနော် ဟူး...
း))... ဒါများ ရ၀ကရုံးမှာ တခုခုနဲ့ပစ်ပေါက်ပြီး ယူလိုက်လေ.ထောက်ခံစာ... ၁၀စောင်တောင်းတောင်ရတယ်...း))
ခင်မင်တဲ့
နေ၀သန်
တော်သေးတာပေါ့ ဖွားကိရေ တော်ကြာ အမှု့တွဲနောက် တစ်ခုတိုးနေမှဖြင့် အချိန်ကုန်၊လူပန်း၊ငွေပန်း အင်းငွေပန်း ဆိုတဲ့နေရာမှာတော့ တော်တော်လေးကိုပန်းလိမ့်မယ်း)) တကယ်တော့ အစ်မ က အလိုက်မှ မသိတာကို ရွှေပြည်ကြီးက ဆယ်တန်းအောင် စရာမလိုဘူး အလိုက်သိရတယ် ဟီး မဟုတ်ရင် တစ်နာရီ နဲ့ပြီးမယ့် ကိစ္စ တစ်ရက်ဖြစ်သွားတတ်တယ် အော် ဒုက္ခ ဒုက္ခ
ကဲပါ မကိ ရယ်
ဖြစ်ရိုးဖြစ်စဉ် တွေ လို့သာ သဘောထားလိုက် ရွှေစင်ဦး တို့များရုံးဆို ကြောက်လွန်းလို့ မှတ်ပုံတင် ပျေက်တာတောင် မလုပ်ဘဲနဲ နှစ်၂၀လောက် ဒီတိုင်းနေတာ ကြောက်လွန်လွန်းလို့ပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကမ္ဘာပေါ်မှာ တခြားဘယ် နိုင်ငံမှာ မှမရှိတဲ့ အတွေ့အကြုံ မျိုးရနိုင်တာ နည်းတဲ့ အခွင့်အရေးလား :))
ဖတ်သွားပါတယ်မမ... စိတ်ညစ်ဖို့ကောင်းတယ်နော်... မြန်မာပြည်က ဝန်ထမ်းတွေက အလုပ်တော့ ကြိုးစားကြတယ်...တခါမှ မကြားဖူးဘူး.. နိုင်ငံခြားသားနေမနေ လိုက်စုံစမ်းနေကြတယ်တဲ့...ဒီဟာလိုက်စုံစမ်းမယ့်အစား ဘယ်နေရာက ဝါယာတွေ မကောင်းတော့ဘူးလဲ ဘယ်မှာအန္တရာယ်ရှိနိုင်လဲတို့ကျ မစုံစမ်းကြဘူး...
ငါ့ အစ်မတို့တော့ ဒီတခါ တော်တော် ထိသွားမှာပေါ့။ တလွဲဆံပင်ကောင်းတယ်ပြောရမယ်ထင်တယ်နော်။ လူဆိုတာကလဲ ရတာနဲ့ ပေးစရာ ဆိုရင် ရစရာကိုပဲ တွေးကြံနေတော့ ရပေါက်ပဲ လုပ်နေကြမှာပေါ့ဗျာ။
ခင်မင်စွာဖြင့်
အမရေ..
မြေလှန် ပစ်ရ မဲ့  အကျင့် တွေ ဓလေ့  တွေ ထဲမှာ
အဲ့ ဒါတွေ လဲ ပါ တယ်နော်၊ ဒါပေမဲ့  မြေလှန်လို့ 
မရ သေး တဲ့  အုပ်စု ကြီး ရှိ နေသေးသမျှ တော့ 
အင်း... မောတယ်အမရေ..။
သည်းခံ ခြင်းသည် အရာရာ ကို အောင်မြင်ခြင်း ..
ဆိုတော့ လဲ ပေါ့ ...။
မယ်ကိ
ငွေလေး ၉၀၀ ကုန်တာကို မှတ်တမ်းတင်နေရသလား
အိမ်ပိုင်ရှင်ကဘယ်သူလဲ
ဘာလို့နိုင်ငံခြားသား - အိမ်ပေါ်တင်ထားရတာလဲ (၁ မှု)
- ဘာလို့ တင်ကြို အကြောင်းမကြားရတာလဲ (၂ မှု)
- ဧည့်စာရင်းမတိုင်လို့ (၃ မှု)
- နိုင်ငံခြားသားနဲ့ တရားမ၀င်ဆက်သွယ်မှု (၄ မှု)
- နိုင်ငံခြားငွေနဲ့ အိမ်ငှားမှု (၅ မှု)
...
ကံကောင်းတယ်မှတ်ပါ
အပေါ်က ပုဒ်မတွေနဲ့ ငြိသွားမယ်..း)
အမလေးလေး
ဖတ်ရတာနဲ့ စိတ်တိုတယ်
အဲဒီရုံးတွေဟာလေ
ဟူးးးးးးးးး
မိုးခါး
အန်
ခုန က ကွန်မန့် ရေးခဲ့တာ
ဘယ်လိုဖြစ်တာလဲ ..း(
ဒီလိုဘဲလုပ်စားနေကြတာ ကြာပေါ့
မှတ်သားစရာလေးတွေပေါ့လေ....း)))
ဒီလောက်နဲ့ပြီးတာပဲ ကျေနပ်း)))
ရွှေပြည်ကြီးမှာ ဒါအကင်းပဲရှိသေး..
ဆက်ရန်တွေ..ဆက်ရန်တွေ...
ဟုတ်ပါ့ မမရာ
တစ်ခါကလေ..နိုင်ငံခြားဖုန်းခေါ်မိလို့ သွားဆောင်တာ..
ဒေါ်လာတစ်ရွက်စီရဲ့ နံပါတ်တွေကို အစဆုံးရေးချခိုင်းတယ်..မှားပါတယ်..ဒို့ပြည်ကြီးကတော့ ပြောမနေပါနဲ့တော့..
အဲဒီလို အလုပ်ကို တိတိကျကျလုပ်ကြတာ ဒို့ရွှေပြည်ကြီးဘဲရှိတယ်။ ဂုဏ်ယူလိုက်စမ်းပါဗျာ။းဝ)
စိတ်ညစ်လိုက်တာ.
It is our country ( Heeeeeee .. Heeeee .. Heeeeeee )
Post a Comment