အောင်နက် နဲ့  ဂုတ်ကျားမ တို့ ရဲ့  ရှုမငြီး တဥတည်း တဦးတည်းသော သားတော်မောင် မိုက်ခဲလပြည့်( Micheal fullmoon- ရှင်းလင်းချက် = ရွှေပြည်ကြီးမှာ ခေတ်မှီသူတိုင်း ဘိုလိုမှုတ်ပြီး ဘိုနာမည်ပေးကြသဖြင့် ဖိုးလပြည့် တကောင်လည်း ဤ အမည် တွင်ပါသည် )တအီးအီးငိုပြီး အိမ်ပြန်လာသည်။ ဂုတ်ကြားမကြီး တကောင် အူနုကျွဲခတ်သလို ဆတ်ဆတ်လူး မျက်ကလည်းဆန်ပြာ နဲ့  ခွေးကတက်ပေါ်မှ ဝုန်းဒိုင်းကျဲပြီး ခုန်ပေါက်ပြီး ဆင်းလာသည် ။ ခွေးမသားလေးဆိုတော့ အကောင်လိုက်မွေးခဲ့ ရပေမဲ့ သားရွှေဥ ဆိုသလို ဥခဲ့ရတာ မို့  သူ့ သားတော်မောင်ကို ရင်နဲ့ အမျှ ချစ်ခဲ့ရတယ်ပေါ့ ။
“ ဘယ်သူကများ ငါ့သားလေးကို အနိုင်ကျင့်လွှတ်လိုက်တာပါလိမ့် ၊ပြောစမ်း ပြောစမ်း ၊မေမေ့ သားလေး မေမေတောင် မပြောရက် မထိရက်တာ ၊ ငါ့သားလေး ကို ဘယ်သူ ဘာလုပ်လိုက်သလည်း ၊ မေမေသွား ရှင်းမယ် ”
“ အို .. ။ ရှင် မ ကလည်းကွာ ။ မင့်သားကို သေသေချာချာမေးပါအုံး ။မင့်ဟာက ၊ ဘုမသိ ဘမသိ ဒေါကန်နေတာက အရင် ”
“ ရှင်က ဝမ်းနဲ့ လွယ် မမွေးခဲ့ ရတော့ ဒီလို ပြောရက်တယ်ပေါ့လေ ။ ဒါကြောင့် ရှင်တို့  ကိုပြောကြတာ ၊ မိဘ ဆိုတာမှာ အမိကို အရင်ခေါ်ကြတာ ။ ဘ တွေ က ဘေးထိုင်ဘုပြော ဖို့ လောက်ပဲ တတ်ကြတယ် ။ ဟွန်း ။ ခလုပ်ထိတော့ အမိ တ ကြတယ် . လန့် ပြီး .အော်ကြတာ ကို ကြည့်ပါလား ။ အမယ်လေး တော့ တို့  ။ အမလေး တို့ ၊ မွေးမေလေ့ တို့  ဆိုတာ တွေပဲ ရှိတယ် .ဘယ်သူမှ အဘလေး တို့  မွေးဖေလေး လို့ မတ ကြဘူး ရှင့် ”
“ဟ ။ ဘာဆိုင်သလည်းကွ ။ ခု မင့်သား ငိုတဲ့ ကိစ္စ ။ ငါ့ဖက်လှည့် လာပြန်ပြီ ။ ဟေ့ကောင် ၊ မင့်အမေ မေးနေတာ ဖြေလိုက်လေကွာ ။ အလကားနေ ၊ ငိုမနေနဲ့ တော့ ၊တိတ်စမ်း ။ခွေးမသား မဟုတ်တဲ့ အတိုင်းပဲ ”
အောင်နက်တကောင် ၊ သူ့ သားကိုပြောသလိုလို နဲ့  သူ့ ဖက်လှည့်လာတဲ့ မြှားဦးကို လွတ်အောင် အရင်ရှောင်လိုက်လေသည် ။နို့ မို့ ဆို လိုရင်းရောက်တော့မည်မဟုတ် ။ ဒီတော့မှ မိုက်ခဲတကောင် အငိုရပ်တော့သည် ။ အမေ့အပေါ် နွဲ့ ဆိုးပြီး ညာစား ညာတောင်းနေကျ ပေမဲ့ အဖေအောင်နက်ကြီးကိုတော့ သူကြောက်ပါသည် ။ အဖေက ခွေးဖြောင့်စိတ်တိုဆိုပေမဲ့ အကျိုးသင့် အကြောင်းသင့် တွေးတော တတ်သည် ။ မဟုတ်တာ မလုပ် ။မမှန်ရင် မဟောင် အဲ့လေ မမှန်ရင် မပြော သူ ဆိုတော့ ခုခေတ်ကြီး နဲ့  သဟဇာတ မရှိလှ ။
“ သားကို ဟို လေ.. သား ကို .... ”
မိုက်ခဲတကောင် စကား တန်းလန်း နဲ့ တွန့် ဆုတ်ဆုတ်ဖြစ်နေပြန်သည် ။ ဒီတော့ ဂုတ်ကျား မ အလျှင်စလို မေးလိုက်ပြန်သည် ။
“ ပြောလေ သားလေး ။ မေမေ့သားလေး ဘယ်သူ ဘာလုပ်လိုက်တာလည်း ”
“ သားသားကို ကျောင်းက ဆရာမ ရိုက်တယ် ၊ မေမေရ၊ ဒီနေရာကို ကြိမ်လုံးနဲ့ ရိုက်တယ် ။အီးးးဟီးးဟီးးး ” သူ့ တင်ပါး သူပွတ်ရင်း နဲ့  ကနွဲ့ ကရ ငိုနေပြန်တော့ ဂုတ်ကျားမ သားတော်မောင် တင်ပါး လှန်ကြည့် ရာ မဆိုစလောက် လေး နီနေသည့် အရာလေး တချက် ကိုတွေ့ လိုက်ရ၍ ရင်ဘတ်စည်တီး ဖြစ်ပါတော့သည် ။
“ အမလေး ငါ့သားကို ငါတောင် မထိရက် မဆူရက်။ ကြည့်စမ်းပါအုံး ၊ ဒီဆရာမ လုပ်တာ ကြိမ်ရာကြီးက ဒီလောက်တောင် ။ ဒင်းက ဘာမို့  ရိုက်ရတာတုန်း ။ ငါ့သားထိရင် ငါမခံဘူး ဟေ့ ။ လာစမ်း ။ ဂုတ်ကြားမ အကြောင်း သိစေရမယ် ။ဘယ်ဒင်းလည်း ။ ဘယ်ဆရာမလည်း ။သွားမယ် ။ ခုပဲ ကျောင်းမှာ စာရင်းသွားရှင်းမယ် ။ ဟင်းးးး ”
ဂုတ်ကျားမ တို့  ယမ်းပုံပေါ် မီးစကျသလို ဆက်တိုက် ပေါက်ကွဲ ပါတော့သည် ။ ဒီတော့ အောင်နက်လည်း ဘေးမှာထိုင် မကြည့်နေနိုင်တော့ ပဲ ဒီပွဲမှာ ဝင်ပါရတော့သည်။
“ အာကွာ မင်းကလည်း ၊ဘယ်မလည်း ကြိမ်ရာဆို တာ ၊ မနည်းပြူးပြဲ ကြည့်မှ ရေးရေးလေး နီနေတာ ကို ရေးကြီးခွင်ကျယ် လုပ်လို့  ကွာ ။ခွေးကြားလို့  မကောင်းပါဘူး ။ ဒီလောက်တောင် အော်မနေပါနဲ့  ”
“အောင်မလေး လေး.. ပြောရက်လိုက်တာနော် ၊ ရှင့်သွေးသား မဟုတ်တဲ့ အတိုင်းပဲ ”
“ ဒီလိုမဟုတ်သေးဘူးကွ ၊ခုကိစ္စမှာ မင့်သား ကို ဆရာ က ရိုက်တာ ၊အကြောင်းတော့ ရှိရမယ်။သူတခုခု အမှားအယွင်းလုပ်လို့ နေမှာပေါ့။”
“အို ဘာပဲဖြစ်ဖြစ်ပေါ့ ၊ ကလေးဆိုတာ ငယ်သေးတယ် ။ဒီလိုအရမ်းရိုက်ဖို့ မကောင်းပါဘူး”
“ အင်းလေ ။ ခေတ်ကြီးက ပြောင်းလဲ လာတော့ အယူအဆတွေလည်းပြောင်းလဲလာကြတာနေမယ် ။ ငါတို့  ငယ်ငယ်ကဆို မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးတွေ လိမ္မာရေးခြား ရှိစေချင်လို့ ဆရာဆီ ကိုယ်တိုင်ကိုယ်ကျ အပ် ၊ လိုရင် ရိုက်နှက်ဆုံးမ ပါလို့ ပြောကြတာလေ ။ ခုခေတ်တော့များကွာ ကျောင်းသားကို ဆရာက မထိလိုက်နဲ့ ၊ တခါတည်း မီးပွင့်သွားမဟေ့ လို့ ပြောရလောက်အောင်ပဲ မိဘတွေ ရှေ့ကနေ ကာဆီး ကာဆီးလုပ် ၊ ဒါကြောင့် ကျောင်းသားကလည်း ဆရာ ဆို မကြောက် ၊ မထီလေးစားနဲ့ ဖြစ်ကုန်ကြတာပဲ ။ အကောင်ကြီးကြီး အမြှီးရှည်ရှည် သားသမီးများ ဆို ပိုဆိုးသေးသဟေ့ ”
“အို .. ရှင် ဘယ်လိုပဲ ပြောပြော ကျုပ်ကတော့ ကျုပ်သား ကို ဒီလိုရိုက်နှက်ဆုံးမတာ လုံးဝမကြိုက်ဖူးတော့်”
“ အေး ၊ ဒါဆို ရိုက်ပုံ ရိုက်နည်း အမျိုးမျိုး အကြောင်း ငါပြော ပြမယ် ။ ရိုက် တယ်ဆိုတာ ပြုသူ နဲ့ ခံရသူအတွက် ခံစားရတာချင်း မတူဘူး ။ဥပမာ ကွာ ဆရာ နဲ့ တပည့် ၊ ဆရာ က တပည့် ကို ကြိမ်နဲ့ ရိုက်ပြီးဆုံးမတယ် ။ ဆရာ က တပည့်ကို မုန်းလို့ရိုက်တာ မဟုတ်ဘူး ။ကောင်းစေချင်တဲ့ စေတနာ နဲ့ ဆိုဆုံးမတာပဲ ။ ဒါကို တပည့်က နားလည် သဘောပေါက်ရင် ကြိုးစားမယ်။တိုးတက်မယ်ပေါ့ ။ ဒီလိုမှ မဟုတ် စေတနာကို နားမလည်ရင်တော့ အမုန်းပွားမယ်။ ပိုပြီးဆိုးသွားမယ် ။ ဒီတော့ နားလည်မှုက အရေးကြီးတယ် ။”
အောင်နက်တကောင် တခါတလေတော့လည်း ယထာဘူတ ကျကျ တွေးတတ်ပါသေးသလား လို့  ဂုတ်ကျားမကြီး တွေးနေမိပေမဲ့ စိတ်ထဲမတော့ သိပ်ပြီး ဘဝင်မကျချင်သေး။
“ကဲလေ ။ ထားပါတော့ ဆရာ က တပည့် ကို ရိုက်နှက်ဆုံးမ တာ ၊ တခြား ဘာရိုက်ပြီး ဆုံးမ တာရှိသေး သလည်း ။”
ဂုတ်ကျား မ အမေးကို အောင်နက်တကောင် နှုတ်မှ မဖြေလိုတော့ ၍ သူဖတ်လက်စ “လွတ်လပ်ရေး ” သတင်းစာ ကြီး ရဲ့  စာမျက်နှာ တနေရာ ကို ၊မေးငေါ့ ပြပြီး အကြည့်ခိုင်းလိုက်လေသည် ။ ဒီလို ရေးထားတယ်ပေါ့ ။
( အသေးစိတ်က ဒီနေရာမှာ ရှိပါတယ် ၊ )
ဒီသတင်းကို ဖတ်လို့ အပြီးမတော့ ဂုတ်ကျား မ တကောင် ၊ ရိုက်နှက်ဆုံးမ မှ ရမဲ့ သူများ ကို ရိုက်ပေးမှ ရမဲ့  သဘောတရားကို သဘောပေါက်သွားပါတော့သည် ။ သူ့ သား အရိုက်ခံ ရလို့  ထွက်နေတဲ့ ဒေါသအချောင်းများလည်း အစည်းပြေ သွား လေသည် ။ သို့ ပေမဲ့ ခွေးမတို့  သဘာဝ စပ်စုချင်စိတ်က ပေါ် လို့ လာတော့လည်း သူ့  အိမ်ဦးနတ်သခင်ကို မေးကြည့်မိလိုက်ပါသေးသည် ။
“ နေပါအုံး ဒါနဲ့  ရှင်ပြောတာ က ရိုက်နည်း အသွယ်သွယ် ဆိုတာ လေ ။ တခြား ဘာတွေ များ ရိုက်နေကြတာ ရှိသေးတာလည်း တော် ရဲ့  ”
“ဟင်း ဟင်း .. မင်းက သိချင်တော့ လည်း ငါကပြောပြရတော့မှာ ပေါ့လေ ။ဒီလိုလေ ကွ ။ ငါတို့  ငယ်ငယ်တုံးက ရိုက်တန်းကစားခဲ့ ကြတာ နည်းမျိုးစုံပဲ ။ ဖါးရိုက် ၊ ဂေါ်လီရိုက် ၊ ကြက်တောင်ရိုက် အစုံပါပဲ ။ ပျော်စရာတွေ ပေါ့ကွာ ။အဲ့ဒီတုံး ကတော့ ဖါးရိုက်တယ် ၊ ဖါးကလေးတွေ သေရတာ သနားရကောင်းမှန်းမသိ ပဲ ပျော်စရာထင်တယ် ။ ဖါးသား စားရတာကိုးကွ ၊ သူ သေချင်သေပစေ ။ ကိုယ်စားရဖို့  အရေးကြီးတယ်လို့ ပဲထင်မိတာ ။
ဟဲ ဟဲ .. အရွယ်လေး နဲ နဲ ရလာတော့ ခွေးတွင်ကျယ် လုပ်ချင်လာတယ်ပေါ့ကွာ ။ အာရိုက် ၊ ဂွင်ရိုက် ။ တပတ်ရိုက် ။အဲ့ဒီနည်းတွေ သုံးပြီး ခွေးမလေးတွေ လိုက် ဖန်တာလေ ။ ဒါလည်း မဆိုး ဘူး ကွ ။ ဂွင်ကျသွား တဲ့ အခါ အဆင်ပြေ ပြန်ရော ။ ဟဲ ဟဲ ဟဲ ၊
အောင်နက်တကောင် ငယ်ဘဝ ဂေါ်စွံပုံကို စမြုံ့ ပြန် ၊ ပြုံးတုံ့ တုံ့  နဲ့ ပြောနေလေတော့ ဂုတ်ကျားမ တကောင် ကြည့် မရတော့ ။
“တော်စမ်းပါ ။ ရှင်က အပိုးကို မကျိုးဘူး ။ ရိုက်လည်း ရိုက်နိုင်လွန်းတယ် ၊ ရှင်တင် ရိုက်တတ် တာ မဟုတ်ဖူးရှင့် ၊ ကျုပ်လည်း ခွေးပျို ဘော်ဝင်စ က ၊ ရိုက်ခဲ့တာ တွေ ရှိသတော့ ။ ခိခိ ”
ဂုတ်ကျားမ လည်း အားကျမခံ ပြန်ကြွားရတော့သည်ပေါ့ ။
“အံမယ် ၊ မင်းလို ပုံတုံးကြီးကများ ။ ဘာတွေ ဘယ်လို ရိုက်ခဲ့ တာတုံး ။ ပြောစမ်းပါအုံး ”
အောင်နက်က မယုံသလို မေးနေတော့ ဂုတ်ကျားမ က ပြုံစိစိ မျက်နှာပေး နှင့်
“ အဟင့် ရှင်ကသာ ကျုပ်ကို အထင်မကြီးတာ ။ ကျုပ် ငယ်ငယ်က ရွာ မှာ ကွမ်းတောင်ကိုင် ရှင့် ။ သူကြီးသား ကိုရွှေပွကြီး များဆို ကျုပ်ကို ကြိုက်လွန်း လို့  ။ အဟင်း ။ သူ့ အကူအညီ နဲ့ ကျုပ်လည်းရိုက်ခဲ့ပါတယ်တော် ..ရှင်တို့လို ဖါးရိုက်တာတော့ မဟုတ်ဖူး ။ဗွီဒီယို နဲ့ ကြော်ငြာတွေ ရိုက်တာရှင့် ။ အဟင်းဟင်း ... ”
“ အမလေးဗျာ ။ မင်းလို ပုလင်းဘော်ဒီ ကြီးနဲ့က ဗွီဒီယို နဲ့ ကြော်ငြာတွေ ရိုက်တယ်ဆိုတော့ ငါက ဟောလီဝုဒ်မင်းသား ကနေ တပြားမှ မလျှော့နိုင်ဘူးကွ ။ အဟက်။ ပြီးတော့ ရှိသေးတယ် ။ ဓါတ်ရိုက် ဓါတ်ဆင် တဲ့ ။ ဟို သဂျီး ကလူထွင်း ဆို ကွာ ။ အဲ့ဒါနဲ့တင် အမတ်တနေရာ ရသွားပါရောလားကွ ၊ ကြည့်စမ်းပါဦး ။ ဘယ်လောက်ကောင်းလိုက်တဲ့ ရိုက်နည်း စုံလင် ရိုက်လိုက်ချင် ဆိုတာ”
“ အို ဒါက ဘာဟုတ်သေးလို့ တုံး ။ ရိုက်ပုံ ရိုက်နည်း အစုံထဲမှာ အလန်းဆုံးရိုက်နည်းတခု ရှိသေးတယ် တော် သိရဲ့လား”
“ဟေ ..ဘာများတုံးကွ ဆိုစမ်းပါအုံး ။”
“ဒီမှာကြည့်လေ ။ ခုခေတ်ကြီးမှာ ပိုက်ဆံ တပြားမှ မကုန်ပဲ အရိုက်ခံရတာ ၊ဘယ်လောက်ကောင်းသလည်း ၊ ရှင်အရိုက်ခံချင် သွားလိုက်ပါလား ။ ဟင်းဟင်း ။ တချို့ မြို့ နယ်တွေမှာဆို အရိုက်မခံချင်လို့ လည်းမရဘုးတော်ရေ ။ ဝါသနာ ပါပါ မပါပါ သူတို့  ကတော့ ရိုက်မှာပဲ ။”
ကိုအောင်နက်တကောင် သူ့  မဟေသီပြတဲ့  သတင်းအတင်း စာနယ်ဇင်းမှာ ပါလာတဲ့ သတင်းလိုလို အတင်းလိုလို စာတပုဒ်ကို ဖတ်ကြည့် အပြီးမတော့ ထုံးစံအတိုင်း တဂိန်ဂိန်အော်ရင်း ငြီးတွားမိပြန်ပါတော့သည် ။
“ဂိန်.... ခွေးဖြစ်ရတဲ့ ဒုက္ခ ။ မရိုက်ချင်ပေမဲ့လည်း ရိုက်ရတယ် ။ အရိုက်ခံရအုံးမတဲ့ ။ ပိုက်ဆံ မကုန်ပေမဲ့ ခွေးသိက္ခာကုန်ပါတယ် ။ ဓါတ်ပုံလည်း အရိုက်မခံဘုးကွာ ။ ထဲ့ ခိုင်းတာလည်း မထဲ့ ဘူး ကွာ ။ဒီလိုဆို ဒင်းတို့  ဘာလုပ်မလည်း ။တောက် ။ ”
“အင်း ။ ဒီလို တက်ညီ လက်ညီ ဆိုရင်တော့ အကောင်းသားပဲ ကိုအောင်နက်ရေ ။ ခုတော့ မတန်မရာ ခေါင်းပေါင်းကြီး တကားကား နဲ့  မထေ့တထေ့ အပြုံးများနဲ့  အမြှီးနန့်သွားချင် နေကြတဲ့ ခွေးသစ္စာဖေါက်တွေကြောင့် ကျုပ်တို့ လို လေလွင့် ခွေးဝဲစားတွေ ပို ပြီး ဒုက္ခရောက်ကြရအုံးမယ်တော်ရေ ။”
ဘယ်လိုရိုက်နည်းဆိုတာ သိလိုရင်တော့ ဖတ်တော်မူ .....
ဒီနေရာကရတဲ့ အကြောင်းအရာပါ ။
မိတ်ဆွေတို့ ရော ဘယ်လို ရိုက်ပုံရိုက်နည်းများကို ကြိုက်နှစ်သက်ကြပါမည်လည်း...
29 comments:
ပထမ ဆုံး သတင်းကတော့  ကြားသားမိုးကြိုး
သတင်းပါပဲ။ မြင်ရခဲ တဲ့  ဘယ်တော့ မှလဲ နောင်
မဖြစ်နိုင်တော့ မဲ့  သတင်း၊ ဘုန်းဘုန်း တွေက သူတို့ 
အဘ တွေ မလုံနေတာကို လိုက်ဖုံး လိုက်ထိန်း နေတဲ့ 
လုံထိန်းတွေကို ဆုံးမတဲ့ သတင်း။
နောက်တစ်ပုဒ်ကတော့  နောင် ဗမာပြည်မှာ နိုင်ငံသားစိစစ်
ရေး ကဒ်အစား ကြံ့ ဖွံ့  စိစစ်ရေးကဒ် ပြောင်းလဲ
ကျင့် သုံး ရတော့ မဲ့ သတင်းများပဲ ဖြစ်ပါတယ်။
အမေ၇... ကျွန်တော်တို့ တော့  ရှုံးခဲ့ ပါပြီနော်
ပါတီကြီးနှစ်ခြမ်းကွဲပြီး လမ်းစ ပျောက်ဖို့ြ
ဖြစ်နေပြီ ။
လောက ပါလ တရား တွေမှာလေ...
အမှန်တရား က မကွယ်စကောင်းဘူး၊
တနေ့ တော့  ပေါ် လာမှာပဲ ဆိုပေမဲ့  ကျွန်တော်တို့ 
သက်တန်းတွေ ကုန်ခဲ့ ပြီး နောက်လာမဲ့ 
သက်တန်းတွေတောင် ရှေ့  က ဘာဖြစ်ခဲ့ လဲ
ဆိုတာ မသိ ကြတော့ ပါဘူးနော်..။
ဖတ်သွားတယ်ချစ်ကီရေ... တွေးစရာတွေနဲ့ပြန်သွားတယ်....
ရျိက်မယ်နော်နည်းမျိုးစုံနဲ့  ကျနော်တို့ ရွှေပြည်ကြီးမှာ ဂွင်ရိုက် တင်ရိုက် ရှော့ ရိုက် ရိုက်ချင်ရာရိုက် ကားသမားတွေ ကြိမ်နဲ့ ရိုက် ဟိုရိုက်'ဒီရိုက် အစဉ်ပြေသလိုရိုက်နေကြတဲ့ ခေတ်ကြီးပါ မကိရာ
ကိ..ရေ
ရိုက်ပုံရိုက်နည်း အသွယ်သွယ်ကတော့ တကယ့်ကို မှတ်သားလောက်ပါရဲ့.. စုံသွားတာပဲ။
နေဦး... ဖဲရိုက်တာနဲ့ ဓါတ်ပုံရိုက်တာ ကျန်သေးတယ်လေ :)) (နောက်တာပါ)
တကယ်ဖတ်ကောင်းတယ်။ ဇာတ်လိက်ကျော် အောင်နက်တို့ မိသားစုကတော့ အသည်းစွဲဖြစ်နေပြီ။
ဖတ်သွားပါတယ် ဒေါ်ကိရေ
ခွေးသားလေးနံမည်က မိုက်တယ်ဗျိုးးးးးးးးး
ဟီးးးးးး
တွေးစရာတွေ အပြည့်ပဲ။
တို့ဖွားကိကတော့ စုံတယ်ကွာ။။။
ဖွားကိရေ သတင်းတွေက စုံလို့ပါလားနော် ... ဒီခွေးတွေကို မွေးထားတဲ့ ခွေးပိုင်ရှင်ကိုတော့ ဘုန်းဘုန်းတွေက ဘယ်တော့များမှ ရိုက် ကြမလဲ မသိပါဘူးနော် .. ဖြစ်စေချင်လိုက်တာ နောက်ထပ် ... ဒုတိယ ရိုက်တာကိုတော့ သဘောမကျဘူးဗျ .. ကျနော်တို့ ပြည်သူအားတွေ ကုန်းဆုံးသွားနိုင်တယ်လေ ... ဒါပေမယ့်လည်း ၀ဋ်ရှိသရွေ့တော့ ခံကြရအုံးမှာပေါ့ဗျာ ..
ဂိန်..ဂိန်..
အဲ..ဟုတ်ပေါင်..မှားအော်မိတာ ရိုက်လိုက်လို့..
ကိကိရေးတာကြိုက်မှကြိုက်..
ရိုက်နည်းအတော် စုံအောင်လေ့လာထားတာပဲ။ ဒီရိုက်နည်းတွကို ကြားဖူးပေမဲ့ ကိကိပြောမှပဲ ပြန်သတိထားမိတယ်။ ကျောင်းက ကျောင်းသားတွေကိုတော့ ခေတ်မီတဲ့ ပညာရေးစနစ်မှာ ရိုက်လို့မရဘူး။ သားသားမှာတော့ ပထမတန်းမှာ ကလေးတယောက်ကို တွန်းလဲလို့ တခါ။ ဒုတိယတန်းမှာ အဆော့ကြမ်းလို့ Safety နဲ့ အညီလို့ဆိုညပီး တခါ မိဘကို စာရွက်လိမ္မော်ရောင် စာရွက် နှစ်ခါပို့လာခံရဖူးတယ် မြန်မာပြည်မှာ ဆိုရင်တော့ အရိုက်ခံရမှာပေါ့။ သားကို ဘာဖြစ်လို့ သူများကို သွားတွန်းလဲတာလဲ မေးတော့ ပုရွက်ဆိတ်တွေကို လိုက်သတ်နေတဲ့သူငယ်ချင် တယောက်ကို မသတ်ရဘူးလို့ ပြောတာ နားမထောင်လို့ တွန်းလဲလိုက်တယ်တဲ့။ ကျွန်မသားကို ရိုက်ရင်လည်း ဂုတ်ကျားမ ခံစားရသလို ခံစားရမှာပဲ ထင်တယ်။ အဲဒီအတွက်တော့ ဂုတ်ကျားမကိုထောက်ခံတယ် ကိကိရေ။
ငယ်ငယ်က ပြောင်လွန်း ဆော့လွန်းလို့ အရိုက်ခံရပေါင်းများလို့ တော်ရုံရိုက်တာလောက်တော့..ပျင်းတောင်ပျင်းသေး...
ဒါပေမဲ့အရိုက်ခံရလို့..စိတ်အနာတရလဲမဖြစ်ပေါင်..ကလေးကတော့ဘာမှမဖြစ်..ခုခေတ်မိဘတွေကအကဲပါနေတာ..အဲဒါကြောင့်လဲ..ဒီမှာ သားသမီးကမိဘကို ရဲခေါ်အချုပ်ထဲထည့်သတင်းတွေကြားနေရတာ..ခွေးဇတ်ခင်းတာပေါ့လေ..အင်း..မိဘကလဲ ဂုတ်ကြားမ အားကျနေတော့လဲ...........
ကျနော် ကတော့ အရိုက်မခံရဘူးတော့ ရိုက်ရင် စိတ်နာတယ်ဗျ...
အင်း ခေတ်ကလည်း မိဘ/ သားသမီး ဘယ်လိုတွေမှန်း မသိဘူး...
စိတ်ညစ်ပါ့ဗျာ
ခင်တဲ့
ရွှေစင်
ဖတ်ဋ္ဌကည့်သွားတယ်ဗျာ-မှတ်လည်းမှတ်သားသွားတယ်-
ရေးတတ်လိုက်တာ-အကွက်တွေကိုစိတ်နေတာဘဲ-
အဟောင်းတွေလည်းထပ်ဖတ်ပြီးကွန့် မန်တွေမန်သွားခဲ့
ပါသေးတယ်-ထပ်ပြီးလာခွင့်ပေးပါခင်ဗျာ-
ကျန်းမာပါစေ-
ကွိကွိစ်ရေ......
ရိုက်နည်းပေါင်းကို စုံလို့ဘာလားဗျိုးးးးးးးး
ဟိဟိ.............း))
ခင်မင်တဲ့
ဏီလင်းညို
သတင်းရော အတင်းရော ရီမောကာ ရင်မောကာနဲ့ ဖတ်သွားတယ် ကိ
အဟား...
သူမို့ ရေးတတ်ပါပေတယ်ဗျာ...
သတင်းအစုံအလင်ပါပဲ...
ခွေးစိတ်ပေါက်ပြီး ခွေးဇာတ်ခင်းချင်တဲ့ ခွေးမိဘတွေရှိတော့လည်း ခွေးသားသမီးတွေက ခွေးကျင့်ခွေးကြံ ကြံတာလည်း မဆန်းတော့ဘူးလေ အဲ့လိုခွေးမျိုးတွေက နားရွက်အကိုက်ခံရတော့မှ ငယ်သံပါအောင် အူကြမယ် ကမ္ဘာပျက်အောင် အဲ့တော့မှ ဘုန်းဘုန်းတွေ ကြိမ်နဲ့သမသလို အမြီးကြိုးနဲ့ ချီပြီး နောက် မဟောင်ရဲအောင် နုတ်သီးဖြတ်ရိုက်ပစ်ရမယ် သခင်ကို ပြန်မကိုက်ရဲအောင် သွားစွယ်ကို အစိမ်းလိုက်ချိုးရမယ် ရန်သူမြင်မြင် မိတ်ဆွေမြင်မြင် လူမြင်တိုင်း အမြီးမနှံ့ရဲအောင် အမြီးလှန်ချိုးရမယ် ခွေးဖြစ်ရတဲ့ဘ၀ ဘယ်လောက်ဆိုးတယ်ဆိုတာ သိအောင် ပြာပူပါ လူးခိုင်းလိုက်မယ် အေးရော
အောက်ကသတင်းမှာလေ တကယ်ဆိုရင် လူတွေကို မေးရမှာ ဓါတ်ပုံရိုက်ခံပြီး အသင်းထဲ ဝင်မလား ၊ အရိုက်မခံကြေး ပေးမလား ဆိုရင် သူတို့ ငွေတော်တော်ရမှာ။
အောင်နက်တို့ အကြောင်းလေး ဖတ်ချင်သေးတယ်။
မမကိကိရေ...တကယ့်ကို ရိုက်နည်းပေါင်း စုံစုံလင်လင်ပါပဲလား...စိတ်ထဲမှာလည်း အတွေးနယ်ချဲ့စရာတွေ အများကြီးဖြစ်သွားရတယ်...
ဂျင်ဂျင်း
kiki အိပ်နေတုန်း ခွေးနက်ကြီးက ဗျင်းသွားလို့ သူ့ခမျာ မသိလိုက်ရှာပဲ မနက်မိုးလင်းမှ ငါ့ဟာ ဘယ်သူဗျင်းသွားတာလဲဆိုပြီး စဉ်းစားကြည့်လိုက်တော့ ခွေးနက်ကြီးဖြစ်နေတယ်...မကြာခင် ဆေးစစ်ရတော့မယ်...ဆုမွန် ကတော့ ဗျင်းခံရတာ သိပေမယ့် လင်ကောင်ပေါ်အောင် အသဲသန် ယောင်္ကျား လိုက်ရှာနေတယ် ကြားတယ်...
ဟုတ်လား အဲ့လို ပေါ်တင် မလုပ်ရဲလို့ သူများကို အိပ်တော့မှ လိုက်ဗျင်းရဲတဲ့စိတ်ဓတ်ကိုက ခွေးကျင့်ခွေးကြံ ကြံတယ်ခေါ်တယ်လေ ခွေးမသားရဲ့ နင်တို့လို ခွေးကျင့်ခွေးကြံ နဲ့ ခွေးဇာတ်ခင်းတာမှာ ခွေးသားတွေက ကိုယ့်ခွေးအမေတောင် အလွတ်ပေးတာမဟုတ်ဘူးလေ ဟုတ်တယ်မဟုတ်လား ဟေ ခွေးသား ငါတို့လိုလူတွေလို သတ္တိမရှိမလို့ Anonymous နဲ့ လာဟောင်သွားတာ မဟုတ်လား ခွေးမသား ခွေးသားရဲ့
ဒီလိုပါပဲ ညီမဆုမွန်ရယ် ..
ကိုယ့်နာမယ်တောင် ကိုယ်မဖေါ်ရဲတဲ့ သူ တယောက်အနေနဲ့ ရေးသွားကြတဲ့ ၊သူတို့ အဆင့်အတန်း သူတို့ ဖေါ်ပြနေကြတဲ့ ရေးပုံရေးနည်းတွေကို လိုက်ပြီးတုန့် ပြန်နေရရင်တော့ ကိုယ့်အဖိုးတန်တဲ့ အချိန်တွေ အလဟဿ ကုန်ဆုံးသွားလိမ့်မယ် ....
ခွေးဂျပိုးတွေဟောင်တိုင်းသာ ထကြည့်နေရရင် အိပ်ရေးပျက်လိမ့်မယ် လေ ။
( အမည်မဖေါ်လိုသူ ရေးသွားတဲ့ ကော်မန့် ကို မဖျက်ပဲသေးပဲ ဒီအတိုင်းထားလိုက်ပါအုံးမယ် ။ ဒီလိုသူရဲ့  ရင့်သီးတဲ့ စကားလုံးများအတွက် စာဖတ်သူ မိတ်ဆွေတွေ များ ကို အားနာစွာတောင်းပန်ပါတယ် ။ ဖွားကိကတော့ ကိုယ့်အယူအဆမှန်တယ်ထင်တဲ့ စာတွေ ဆက်ရေးနေအုံးမှာ ပါပဲ ။ )
ဒီည ခွေးနက်ကြီးက ဆုမွန် နဲ့ kiki နှစ်ယောက်ကို ဆက်ဆွဲမယ်လို့ သတင်းရရှိပါတယ်....အသင့်ပြင်ထားကြ.....မကြာခင် ခွေးဇာတ်လမ်းခွေကို အင်တာနက်ပေါ်မှာ ဖြန့်ချီတော့မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်
မဟုတ်မှလွဲရော Live Traffic feed အရဆိုရင်တော့ ကိုယ်ချင်းကိုယ်ချင်းတွေပဲ လူလိုဟန်ဆောင်ပေါင်းပြီးမှ နောက်ကွယ်ကနေ ခွေးကျင့်ခွေးကြံကြံပြီး ခွေးဇတ်ခင်းဖို့ လုပ်နေတာဖြစ်မယ်:
ခွေးဆိုတော့ လူနံမည်မရှိလို့တော့လည်း အမည်မသိနဲ့ လာအူနေတာပဲ သနားစရာ အောင်နက်လား ဂုတ်ကြားလား ၀ဲထူလား လာအဟဟဟဟဟဟဟ ခွေးသား လူတွေကြားထဲ လာလာဟောင်နေတာ စောက်ရူး
ဖြစ်နိုင်တာ အမည်မသိက ခွေးမ လည်းဖြစ်နိုင်တာပဲ ခွေးသမီးလေး ကြည့်လုပ် ကိုယ့်အမြီးလည်း လူမမြင်အောင် ခွေထားဦးနော် တွေ့သွားရင် နှာနုကို ဖိနပ်နဲ့ ဖြတ်ကန်ခံရမှ ချီးခုနှစ်ရက်မဟတ်နိုင်ပဲဖြစ်သွားမယ်
ကြည့်ချင်လိုက်တာ ခွေးဇာတ်လမ်းခွေလေး အင်တာနက်မှာ လင့်လေး ချန်ထားဖို့မမေ့နဲ့ဦးနော် သိလား ခွေးမသား သို့မဟုတ် ခွေးသမီးလေး
အနောနီးမတ် လို့ ဆဲသွားတဲ့ တယောက်သို့.....>>> ကျမသူငယ်ချင်းဆရာဝန် မကိကိက ရှင်တို့ ဆဲရလောက်အောင် နိမ့်ကျတဲ့သူမဟုတ်ပါဘူး.... စိတ်ထားလဲဖြူစင်တယ်..... အပေါင်းသင်းတွေ အများကြီးနဲ့ ခင်မင်ပွင့်လင်းပြီး အမြဲ ရီမောနေတတ်တဲ့သူပါ..... သူ့ဘ၀လေးက အမေအိုကြီးကိုအရမ်းချစ်ပြီး ရိုးစင်းပါတယ်.... အပြင်မှာ တကယ်ခင်လို့သိတာပါ..... အဲဒီလို သူများသားသမီးကို မိန်းမကောင်း အပျိုလေးတယောက်ကို မပြောသင့်ဘူးထင်လို့ ကြားထဲက တောင်းပန်ပါတယ်....
အခုတော့ ခွေးနက်ကြီးက စိတ်ပြောင်းသွားပါပြီ.... ဆုမွန် တစ်ယောက်ကိုပဲ ဆွဲပါတော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်....ရုပ်စိုးစိုး ကုလားမ ဆံပင်လိပ်ထော်နေတဲ့ မှန်ကြောင် အရပ်ပုကွနေတဲ့ ဆုမွန်ကို ခွေးနက်ကြီးက ကြိုက်နှစ်သက်သွားပြီ....
ဟားဟား ကောင်းတာပေါ့ ဒီလိုလုပ်ပါလား မဆုမွန် လိပ်စာပေးလိုက်မယ်လေ အပြင်မှာ တစ်ပွေချင်း တွေ့ကြတာပေါ့ minsuumon@gmail.comကို လာခဲ့ အိုကေ..မမကိကိ ဝေါလ်မှာဆို မဆိုင်တဲ့သူတွေ မြင်နေဦးမယ် အခုပြောနေတာ ဘယ်သူဆိုတာ ပိုပိုသိလာသလိုပဲ ဟဲဟဲ အဲ့မေးလ်ကို လာခဲ့ အဲ့ကျမှ ထပ်ပြောကြတာပေါ့ အိုကေ လိုအပ်ရင် ဖုန်းနံပတ်ပါပေးမယ် ဟုတ်ပြီလား
ချစ်သူက ဒီလိုကြတော့လည်း ဘယ်ဆိုးလို့လဲ...ခွေးနက်ကြီးက တစ်ဘ၀လုံး ဆုမွန်နဲ့ ပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီ....
Post a Comment