ရေးလိုက်တိုင်း အောက်ပြည် အောက်ရွာ အကြောင်းတွေကနေကို မတက်နိုင်တော့ဘူးလား လို့  ပြောရင်လည်း ခံရပါအုံးမယ် ။ ဝါသနာသက်သက် ကြောင့်တော့လည်း မဟုတ်ပါဘူးလေ။သူလည်းလေ လောကီသားပေမို့  ပြောချင်ရှာပေလိမ့်မယ် လို့ သာ သဘောထားပြီး ရှူစားတော်မူကြပါ ။“ ဝမ်းတလုံးကောင်း ခေါင်းမခဲ ဘူး ”လို့  ရှေးလူကြီးများက ဆိုခဲ့ကြတယ် ။ တကယ့် ဆိုလိုရင်း အဓိပ္ပါယ်ကို အားလုံး သိကြပြီး ဖြစ်မှာပါ ။ ဝမ်းဗိုက်လေးက မှန်မှန်ကန်ကန် နဲ့ ဆိုရင် ဦးခေါင်းကြည်လင်စွာ နဲ့  နေလို့  ထိုင်လို့ကောင်းမှာပေါ့လေ ။ ဒါပေမဲ့  ဒီခေါင်းလေး တလုံးကြောင့် နေရထိုင်ရခက် တဲ့ အပြင် ထိုင်မရ ထမရ၊ လျှောက်မရ ပြုမရ ကွတတ အဖြစ်နဲ့  ကြုံဘူးကြသူတွေ အတွက် ကတော့.. ခေါင်းဆိုတဲ့  ခေါင်းကလေး က ကျွန်ုပ်တို့ ရဲ့  ဦးခေါင်း ကို ဆိုလိုတာ မဟုတ်ဖူးလို့  ပဲ ပြောကြလေမလား ။
ခေါင်းကလေးရယ် ခက်လှတယ်.....ဝမ်းတစ်လုံးမကောင်းရှာတော့ ဒီခေါင်းလေးတွေ ခဲရရှာပါတယ် ။
ပြောရမယ်ဆို ဘာခေါင်းလည်း .. လိပ်ခေါင်းပါ ။ ဘိုလို ဆိုရင် Piles ၊ ဒါမှမဟုတ် Hemorrhoids လို့ ခေါ်ကြတယ် ။
ဘာလို့  လိပ်ခေါင်းလို့ ခေါ်ကြတာလည်း ။။ လိပ်ခေါင်းလို ပြူတစ် ပြူတစ် နဲ့ မို့ လို့ ။
ပုံသဏ္ဍန်ကလည်း နဲနဲ တော့ ဆင်သားပဲလေ ။ လုံးလုံး တင်းတင်းလေး ကိုး။
တိရစ္ဆာန်လိပ်ကတော့ ဘယ်နှစ်မျိုးရှိသလည်း မသိပါဘူး ..ကမ္ဘာလိပ်တို့  စူဠလိပ် တို့ တော့ ကြားဖူးနားဝ ရှိပါတယ်။လိပ်ခမျာ သူ့ ဟာသူနေတာ တောင် လူတွေအပြောက မလွတ်ရှာပါဘူး ။ ကိုယ့်ဖက်ကိုယ်ယက်တဲ့  လိပ် လို့ပြောကြတယ် ၊ ဘယ်သတ္တဝါတွေကများ သူများဖက်ယက်တတ်ကြ လို့လည်း ။လူ တွေ က ပိုဆိုးသေး ။ ထားလိုက်ပါတော့ ...ခုပြောမဲ့ လိပ်ကတော့ အဓိက ၂ မျိုး ရှိတယ်ပေါ့ ။ဒီပုံလေးမှာကြည့်နိုင်ပါတယ် ။
လိပ်ခေါင်း ဘယ်နှစ်မျိုးရှိသလည်း ။
(၁)= အတွင်းလိပ် ( Imternal hemorrhoids )
သူ့ မှာ ရောဂါအတိမ်အနက်ခွဲခြားထားတာ အဆင့် ၄ ဆင့် ရှိတယ် ။
I- သူ့ ဟာသူ အတွင်းမှာ ပုန်းနေတယ်
II -ဝမ်းသွားချိန်မှာ အပြင်ကို ခဏတဖြုတ်ချောင်းကြည့်တယ် ၊ ပြီးရင် သူ့ ဟာသူ အထဲ ပြန်ဝင်သွားတယ် ။
III--ဝမ်းသွားချိန်မှာ အပြင်ကို ခဏတဖြုတ်ချောင်းကြည့်တယ် ၊ ပြီးရင် သူ့ ဟာသူ့ ပြန်မဝင် လို့  လက်နဲ့  ထိုးသွင်းပေးရတယ် ။
IV - ဘယ်လို သွင်းသွင်း ပြန်မဝင်နိုင်တော့ဘူး ၊ Prolapse ဖြစ်နေပြီပေါ့ ။
(၂) =အပြင်လိပ် ( External hemorrhoids )
ပုံမှာ ပြထား သလိုမျိုးပါ ။
(၃) =အရောအနှောလိပ် ( Mixed hemorrhoids ) ဆိုတာက အတွင်းနဲ့ အပြင်ရောနေတာကို ခေါ်တာမျိုးလည်းရှိပါသေးတယ်။
လိပ်ခေါင်းဆိုတာ ဘာလည်း ။ ဘာကြောင့်ဖြစ်တာလည်း ။ ?
လိပ်ကလေးတွေ ဘယ်လိုဖြစ် ။ လိပ်အမေကြီးမွေးလို့ ဖြစ် ။
လိပ်ခေါင်းလေးတွေကျတော့ လိပ်ခေါင်းအမေကြီး မွေးလို့  ဖြစ်တာ မဟုတ်ပါ ။ စအို ဝ ( Anus) အတွင်းဖက် ၊ Rectum ခေါ် မစင်မစွန့် မှီ ခေတ္တသိုမှီးထားတဲ့ နေရာ မှာ ရှိနေတဲ့  သွေးပြန်ကြောများ ထုံးပြီးဖေါင်းပွလာ လို့ ဖြစ်တဲ့ အဖုလုံး Varicose vein ကိုပဲ လိပ်ခေါင်းလို့  အမည်တပ်လိုက်ကြတာပါ ။
1 . ( straining during bowel movements ) - အူတွေဟာ အတွင်းမှာရှိတဲ့ ခြေဖျက်ပြီးသား အစာအဟာရတွေကို ခန္ဓာကိုယ်မှာ အသုံးပြုဖို့  စုပ်ယူကြရပြီး အသုံးမလိုတဲ့ အရာတွေကို မစင်အဖြစ်စွန့် ထုတ်ဖို့  အစာလမ်းကြောင်းတလျှောက် အောက်ဖက်ကို ဖြေးဖြေးချင်း လှုပ်ရှား ပို့ ဆောင်ပေးရတယ် ။အဲ့သလို bowel movements တွေ ရှိနေစဉ်မှာ ဝမ်းဗိုက်ကို အတင်းညှစ်လေ့ ညှစ်ထရှိရင် လိပ်ခေါင်း ဖြစ်တတ်တယ်
2. ( Sitting for long periods of time on the toilet ) - အိမ်သာတက်တဲ့ အချိန် အလွန်အမင်းကြာမြင့်ရင် ။ တချို့ ဆို သတင်းစာလေး ဝတ္ထု စာအုပ်လေး ဖတ်ရင်း၊ ဆေးလိပ်လေးသောက်ရင်း ဇိမ်ယူပြီး အိမ်သာတက်လေ့ရှိတာ ဆိုတော့ သတိထားပေါ့ ။
3.( Chronic diarrhea or constipation) -အမြဲတစေ ဝမ်းလျှောလေ့၊ ဒါမှ မဟုတ် ဝမ်းပိတ်၊ဝမ်းမာ လေ့ရှိသူများ မှာ လိပ်ခေါင်းဖြစ်လွယ်တယ် ၊
4. ( Obesity ) - အဝလွန်သူများ ၊ ဝ သူ တိုင်းတော့ လိပ်ခေါင်းရှိတာ မဟုတ်ပါဘူး ။ အဝလွန်သူများမှာ ကိုယ်လက် လှုပ်ရှားမှု နည်းပြီး ၊ high fibre diet ခေါ်တဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ စားသုံးမှု နည်းပါး မယ်၊ ရေ သောက်သုံးမှု နည်းပါးမယ် ဆိုရင် ပိုဖြစ်တတ်တာပါ ။
5. ( Pregnancy ) - ကိုယ်ဝန်သည်များမှာ လည်း လိပ်ခေါင်း ဖြစ်တာ များပါတယ်။ သန္ဓေသား ကြီးထွားလာလေ ၊ ခြေအောက်ပိုင်းမှ သွေးပြန်ကြောတွေကို ပိုဖိတတ်လေ ဆိုတော့ ခြေထောက်က သွေးကြောတွေရော ၊ စအို ကသွေးကြောတွေပါ ထုံးတတ်ယောင်တတ်ပါတယ် ။
6. ( Anal intercourse ) - ဒါကတော့ စအိုနဲ့ လိင်ဆက်ဆံ ခြင်း ပြူသူများ မှာ ပွတ်တိုက်ဒါဏ်ရာ ရပြီးစအိုနံရံ သွေးကြော တွေ ယောင်ယမ်း တတ်လို့  ဖြစ်တာပါ။
ဘယ်လိုခံစားရမလည်း ။
-များသောအားဖြင့်တော့ အပြင်လိပ် က နာတတ်တယ် ။ ယားယံတတ်တယ်။ အပြင်လိပ်ရဲ့  သွေးကြောထဲမှာ သွေးခဲ သွားမယ်ဆိုရင် တော့ thrombosed hemorrhoid လို့ ခေါ်ပြီး မခံမရပ်နိုင်အောင် နာကျင်လာတတ်တယ် ။ ဒီလိုအခြေအနေ ဆိုရင်တော့ သွေးခဲကို ခွဲ ဖေါက်ထုတ်ရမှာ ဖြစ်တယ် ။
-အတွင်းလိပ်ကတော့ သိပ်နာလေ့ မရှိပါဘူး ။ ဒါပေမဲ့ အတွင်းလိပ် ကြီးလာရင် ၊ အရေအတွက်များလာရင် အောက်ဖက် ဆင်းလာတတ်ပြီး နယ်ကျွံလာနိုင်ပါတယ် Prolapse လို့ ခေါ်တယ် ။အဲ့လိုအခါကျတော့ တစ်ဆို့ ဆို့ နဲ့ နေရတာ မအီမလည် ဖြစ်နေတတ်တယ် ။ အရော အနှော လိပ်လည်း ဖြစ်လာတတ်တယ် ။
-နောက်တချက်က ဝမ်းသွားနေစဉ် နဲ့  ဝမ်းသွား အပြီးမှာ သွေးထွက်တတ်တယ် ။ သွေးက လတ်လတ်ဆတ်ဆတ် ထွက်တာမျိုးဆိုတော့ fresh blood အရောင် အနီရဲရဲပေါ့ ။ ( အစာလမ်းကြောင်း အပေါ်ပိုင်း ၊ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှ ထွက်တဲ့ သွေးဆိုရင်တော့ ဝမ်းထဲမှာ အမဲရောင် စေးကပ်ကပ် အနေနဲ့  တွေ့ ရမှာ ဖြစ်တယ် ။tarry stool လို့  ခေါ်ပါတယ် )
ဘယ်လို ရှာ ။
လိပ်ခေါင်းမှန်းသိဖို့ လွယ်ပါတယ် ။
အပြင်လိပ်ဆိုတာ စအိုဝမှာ မြင်ရလွယ်ပါတယ်။ ဒီလိုပါ ။ တခါတလေကျရင်တော့ hematoma ခေါ် သွေးစု နဲ့ မှားတတ်ပါတယ် ။
-အတွင်းလိပ်အတွက် စအိုထဲ လက်ချောင်းနဲ့ ထိုးပြီး စမ်းလို့ရတယ်(Digital Examination ) ။
-ဒါ့အပြင် Anoscope, Proctoscope or Sigmoidoscope စသဖြင့် စအိုဝမှ ပြွန်သွင်းပြီး တီဗွီကြည့် စစ်ဆေးလို့ရတယ် ။
ဘယ်လိုကု ။
လိပ်ကလေး ရဲ့ အခြေအနေပေါ်တည်ပြီး ကုနည်း အမျိုးမျိုးရှိပါတယ် ။
(၁) ဆေး နဲ့ ကု ၊ မခွဲဘူး ။ ဒါးကြောက်လို့  မခွဲချင်သူများလည်းရှိတယ်။ အတွင်းလိပ် အဆင့် I,II နဲ့  အလုံးသေးရင်လည်း ခွဲစရာ မလိုလှသေးပါဘူး။ဒီတော့ ဆေးလိမ်းမယ် ။ ဆေးသောက်မယ်ပေါ့ ။ လိမ်းဆေး သို့ မဟုတ်၊ စအိုထဲ ထည့်တဲ့ ဆေးတောင့် မှာ Preparation H တို့ ၊ Proctosedyl တို့  ဆိုတာ တွေရှိတယ် ။ သူတို့ က သွေးကြောထုံး အလုံး ကို အယောင်ကျပြီးသေးစေတယ်။ hydrocortisone ပါတဲ့ လိမ်းဆေး သုံးပေးရင်တော့ ယောင်ရမ်းတာ နဲ့  ယားယံတာ သက်သာစေနိုင်တယ် ။ Xylocaine အစရှိတဲ့ .. နောက်ဖက်မှာ “-caine" ပါတဲ့ ဆေးတွေကတော့ နာကျင်တာကို သက်သာစေနိုင်ပါတယ်။
နောက် လိပ်ကလေး နာကျင်ကိုက်ခဲ နေရင်တော့ အနာအကျင်ပျောက်ဆေး နဲ့  တွဲ သောက် ပေါ့ ။ တချို့ ကျတော့ လိပ်ကလေး စဖြစ်ခါစ နုနု လေးဆို Hydrotherapy ခေါ်တဲ့ ရေနွေးနွေးလေးထဲ စိမ်တာ ။ Cold compress ခေါ်တဲ့ အအေး အုပ်ပေးတာ ။ အပြင် လိပ်ကလေး ကို moisturizer.ဒါမှမဟုတ် witch hazel ပါတဲ့ Topical astringent ဖန်ရည် ဆေးတာတွေ နဲ့ သက်သာအောင် လုပ်ပေး နိုင်ပါတယ် ။ ဆေးခန်း ဆေးရုံမှာ သွားကုစရာမလိုသေးလို့  Home Treatment လို့ ခေါ်ကြတယ် ။
(၂) ဒါးနဲ့ ကု ။ ခွဲမယ်စိတ်မယ် (Hemorrhoidectomy )
-အတွင်းလိပ်ရဲ့  အဆင့် ၃ နဲ့  အထက်ဆို ခွဲစိတ်ဖို့  လိုနေပါပြီ ။ ( ခွဲပုံ ခွဲနည်းတွေတော့ မပြောတော့ပါ )
(၃) သားရေကွင်းပစ်မယ် ။ Rubber band ligation ပေါ့ ။ ဒီပုံလေးအတိုင်းပါပဲ။
သူကတော့ သေနတ်ပုံ သဏ္ဍန် ရှိတဲ့ ကရိယာလေးထိပ်မှာ သူ့ အတွက် သုံးရမဲ့ သားရေကွင်းသေးသေးလေး စွပ်ပြီးတော့ အတွင်းလိပ် ရဲ့  လည်ပင်းလို နေရာ လေးပေါ်မှာပစ်စွပ်ပေးလိုက်တာပါ။ ဒီတော့ လိပ်ခေါင်းဖုရဲ့  အရင်းမှာ သားရေကွင်းလေးက တင်းကြပ်စွာ ပတ်ထားသလိုမျိုး ဖြစ်သွားပြီး သွေးမလျှောက်တော့ပဲ လိပ်ခေါင်းလေးမှာ ညှိုး ခြောက်ကာ ပြုတ်ကျလာတတ်ပါတယ်။
(၄) အပေါ်က နည်းတွေ အပြင် ၊ တချို့ ကျတော့ ဒါးနဲ့  မခွဲစိပ်ပဲ လျှပ်စစ်ဓါတ်နဲ့တို့ ခြင်း ( Hemorrhoidolysis )၊ လိပ်ခေါင်းထဲ ကို ဆေးထိုးပြီး မာခဲ သွားအောင်လုပ်ပြီး လိပ်ခေါင်း ကြွေကျစေခြင်း ( Sclerotherapy ) ၊ အအေးဓါတ်နဲ့  တို့ခြင်း( Cryosurgery ) စတဲ့ နည်းတွေ နဲ့လည်း ကုသကြပါသေးတယ် ။
ဘယ်လို ကာကွယ် နေထိုင်မယ် ။
ဝမ်းမှန်အောင် နေထိုင်မယ် ။
-ရေများများသောက်ပါ ။
-အမျှင်ဓါတ်များတဲ့  အစာ High fibre diet အသီးအရွက် တွေ များများစားပါ ။ ဝမ်းမချုပ်စေ နဲ့  လို့  ဆိုလိုပါတယ်။ဝမ်းမချုပ်အောင် တနေ့ လိုအပ်တဲ့ dietary fibre ပမာဏမှာ ၂၀ မှ ၂၅ ဂရမ်မျှ ဖြစ်ပါတယ် ။
-အိမ်သာတက်ချိန်မှာ အကြာကြီး ဇိမ်ဆွဲ မထိုင်ရ (ဆေးလိပ်ကလေး ဖွာရင်း ။ သီချင်းလေး နားထောင်ရင်း ၊ဝတ္ထု စာအုပ်တအုပ်လုံး၊ သတင်းစာ တစောင်လုံးဖတ်ရင်း အိမ်သာတက်တတ်သူများ သတိချပ်ရန် ၊)
-အရက်၊ ကဖင်း နဲ့ အပူအစပ် အစာတွေ က လိပ်ခေါင်းကို ပိုဆိုးစေတတ်လို့  လိပ်ခေါင်းသမားများ အစားအသောက် ဆင်ခြင်ဖို့ လည်း လိုပါတယ် ။
- သင့်တင့်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဏ်းများ လုပ်ပေးပါ ။
နောက်ဆက်တွဲ ပြသနာတွေ...
(၁)-သွေးအားနည်းမယ် ။ နေ့ စဉ်နေ့ တိုင်း ၊ဝမ်းသွားတိုင်း စအိုမှ သွေးယိုဆင်းတာကြာလာတော့လည်း သွေးအားနည်းလာတာပေါ့ ။ (Chronic Anemia , Iron deficiency Anemia )
(၂)- Strangulated hemorrhoid လို့ ခေါ်တဲ့ ၊ သွေးကြောထုံးလေးတွေရှိတဲ့ သွေးပြန် ကြော တွေ ခေါက်လိန်သွား တဲ့ အခါ သွေးကောင်းကောင်း မလှည့်ပတ် နိုင်တော့ပဲ လိပ်ခေါင်း ပတ်ဝန်းကျင်က အသားစတွေ ပျက်စီး စေတယ် ၊ ဒါကို gangrene လို့ ခေါ် ပြီး အဲ့ ဒီအချိန် မှာအရမ်းနာတတ်တယ်။
ဆင်တူရိုးမှား ရောဂါများ ။
လိပ်ခေါင်းနဲ့ ခပ်ဆင်ဆင် ပဲ စအိုဝ နားမှာ ဖြစ်လေ့ ဖြစ်ထ ရှိတာတွေ ကတော့ ...
စအိုကင်ဆာ( rectal cancer) ၊ စအို ကွဲအက် (anal fissure ), စအို ပြည်တည်နာ (anal abscess ) ၊ စအို ဝ အပြင် နဲ့ အတွင်းမှာ ဂလှိုင်လို လမ်းကြောင်းဖြစ်နေတဲ့ (anal fistula) ဂရင်ဂျီနာ လို့ခေါ်မယ်ထင်တယ် ၊ ,သွေးစုနာ( perianal hematoma ) စသဖြင့် အမျိုးမျိုးရှိတတ်တဲ့ အတွက် စအိုတဝိုက်မှာ တခုခု နေမထိ ထိုင်မသာ ဖြစ်နေရင် ဆေးမီးတိုနဲ့  ကြိတ်မကုပဲ ကျွမ်းကျင်တဲ့ ဆေးဘက်ဝန်ထမ်းတွေနဲ့ ပြသ ပြီး ကုသမှု ခံယူကြရင် အကောင်းဆုံး ပါပဲ ။
ဒီနေရာ ၁ ။ ၂ တွေ မှ အချက်အလက်များ ရယူ ရေးသားပါတယ် ။
ကောင်းသင့်တဲ့ ခေါင်းလေးကောင်းမွန်စွာ မှန်ကန်စွာ စဉ်းစား တွေးခေါ် လုပ်ဆောင်နိုင်ကြပါစေ ။
မကောင်းတဲ့  ခေါင်းကလေးများ ရန်မှလည်း ကင်းကွာပြီး အနာမဲ့စွာ အသက်ရှည် နိုင်ကြပါစေ ။
29 comments:
ဖတ်လို့ အရမ်းကောင်းတယ်။ ဟို.. သားရေကွင်းပစ်ပြီးကုနည်းတဲ့ အစမ်းပါလားနော်း)
ဒါနဲ့ မကိရေ..
ရေသောက်တာနဲ့ ကော်ဖီသောက်တာနဲ့ သက်ရောက်ပုံချင်းတူလားဟင်။ ဥပမာ..ရေ ၅ခွက်သောက်ရမှာကို ကော်ဖီ ၅ ခွက်သောက်ရင် ရေဓါတ်ရတာချင်း တူလားလို့
ပြောပြပါဦးနော်။
ှမသိသေးတာတွေ သိခွင့်ရလို့ ကျေးဇူးပါနော်..
ဒို့က ၀တော့ ပိန်ဆေးတွေ စားပြီး အိမ်သာကို တနေ့ ၅ခါ၆ခါလောက်တော့ ပျမ်းမျှတက်ဖြစ်တယ်...
တက်တာကြာလာတော့ လိပ်ခေါင်းပဲဖြစ်မယ်ထင်တယ် အဖုလေးတခု စအိုဝမှာ ထွက်ထွက်လာတတ်တယ်။ ရေမသုံးခင် အိမ်သာသုံးစက္ကူနဲ့ အရင်သုံးတဲ့ အခါ သိပ်နာတယ်။ ဒါ့ကြောင့် စက္ကူကို ရေဆွတ်ပြီး သုံးရတယ်။ ပြီးမှ ရေထပ်သုံးတာပေါ့။ ဒို့ကတော့ အဲ့ဒီအဖုလေး ထွက်လာတိုင်း ရေခပ်နွေးနွေးလေးနဲ့ မကြာမကြာ ဆေးဆေးပေးလိုက်ရင် ပြန်ပျောက်သွားတတ်တယ်... အလွန်ဆုံး ၃၊၄ရက်ပဲ..
ရေနွေးနွေးလေးနဲ့ ဆေးပြီးတိုင်း အ၀တ်သန့်သန့်လေးနဲ့ သုတ်ပေးရသေးတယ်။
သူကထွက်လာလိုက် ကိုယ်က အဲ့လိုလုပ်လိုက်နဲ့ ကြာရင် ပြသနာတခုခုများဖြစ်စေနိုင်မလား သိပါရစေနော်..ကျေးဇူးတင်ပါတယ်..
ဖွားကိ အဟင့် မီးက ထမင်းစားနေပါတယ်ဆိုကာမှ မထူးပါဘူးလေ ဆိုပြီး အကုန်ဖတ်သွားတယ်နော် ဟွင့်
ဖိုရမ်မှာ ပြန်ရှဲချင်တယ် အဟင့် ဟင့် ခွင့်ပြု
ဘိုင် တာ့တာ
မမကိကိရေ...ဗဟုသုတ တကယ်ရစေပါတယ်...သူငယ်ချင်းတစ်ယောက်နဲ့ အစ်မတစ်ယောက်က လိပ်ခေါင်းဖြစ်နေကြတာလေ...သူတို့ကို ကြည့်ရတာ စိတ်ကို မချမ်းသာဘူး...ဒီပိုစ့်လေး သူတို့ကိုပေးဖတ်လိုက်ဦးမယ်...ကျေးဇူးပဲနော် မမ
ဂျင်ဂျင်း
လိပ်ဖိုးဖိုးလား လိပ်မြေးလေးလား
အဟားဟား ဖွားကိရေ အမင်းစားတုန်း စာလာဖတ်တဲ့သူကတော့ ဒွတ်ခပေါ့ အမရွှေစင်လို ဟင်းမကောင်းကျွေးမကောင်းလေးတွေပုံကြည့်စားရဆိုလည်းတော်သေး အခုတော့........
ဗဟုသုတတွေမျှဝေပေးတာ ကျေးဇူးအထူး
ခင်တဲ့
seesein
ငယ်ငယ်တုန်းကတော့ လိပ်ခေါင်းရောဂါဖြစ်တဲ့သူတွေကို သားရေကွင်းနဲ့ပစ်ပြီးကုတယ်ကြားတော့ ကလေးတွေကစားသလို လက်ချောင်းထိပ်ကလေးနဲ့ လှမ်းပစ်ပြီးကုတယ်ထင်တာ... အခုမှဘဲသိတော့တယ်... ကျေးဇူးနော်...
ဗဟုသုတတွေ တိုးလို့ အဖိုးတန်ပါတယ်။ ကူးယူဖေါ်ပြခွင့်ပေးနိုင်မလားလို့ သိချင်ပါတယ်ရှင်။
မကိရေ
လိပ် ဆိုရင် ကြောက်တယ်..
မျှဝေပေးတဲ့ အတွက်ကျေးဇူးပါ။
ခင်တဲ့
ကျနော် ရွှေစင်ဦး
ကိကိရေ ရေးထားတာ သိပ်ကောင်းတယ်။ ပုံတွေနဲ့ဖေါ်ပြပေးထားတာ ပိုပြီးရှင်းတယ်။ ကျွန်မလည်း Public Health in Myanmar မှာ သူများ မေးခွန်းမေးလို့ တခါရေးဖူးတယ်။ ဒီလောက်မကောင်းဘူး။ နောက်တခါ မေးခွန်းလာမေးရင် ကိကိပို့စ်ကိုပါ ညွန်းပေးလိုက်မယ်နော့်။
သိပ်ကောင်းပါတယ်။ ဗဟုသုတရစေပါတယ်။
ကျေးဇူးတင်ပါတယ်။
ဟေး... ကော်မန့် ပွတ်လို့ရပီ...
တော်သေးတယ် ကိုယ့်နားမှာ လိပ်ခေါင်း ထွက် တဲ့သူ မရှိသေးလို့ ရှိရင်... တကယ့်သားရေးကွင်းနဲ့ ပစ်ရင် ပစ်ပေးမိနေမှာ သေချာတယ်... ဟီး.... စောစောသိလိုက်မိလို့ကိရေ ကျေးဇူး...
အမယ်လေး အမားရယ်
နင့်လိပ်များ အရင် ငါ့တောင် ကုနည်းပေးလိုက်သေးတယ် ငရဲကိုလေ အဟိ
တူဆောင်ထားလို့  လိပ်ခေါင်းလေး ပြူတစ်ပြူတစ်ဆို ထုတာထုချလိုက်လို့ နောက်မထွက်လာရဲတော့ဘူးလို့ 
အင်း နင့်ရေးပြလိုက်မှ ငါ့လည်း ဆင်ခြင်ရမယ် အဟတ် မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့ သဘောပါဟာ
သားရေကွင်းနဲ့ပစ်တာကို..ငယ်ငယ်ကထင်တာက..
လေးဘက်ကုန်းခိုင်းပြီးRubber သားရေကွင်းနဲ့ ထုတယ်ထင်တာ..
အမလေး..တလွဲချည့်ပါလားနော်..
ဖွားကီ အောက်ပိုင်းလွတ်ပြီ ဆိုပြီး လာကြည့်ပါတယ် (တမျိုးမထင်ရ) အောက်ပိုင်းကိုမှ အောက်ဆုံးနားက ဖတ်ကြည့်သွားတယ် အဟေးး
ဗဟုသုတတွေ ဖြန့်ဖြူးပေးတာ ကျေးဇူးအထူးတင်ပါတယ် မှတ်သားသွားတယ် အိမ်သာတက်ရင် ကြာကြာမတက်ရ ရေများများသောက်ရမယ်း)
ဦးကျောက်လိုပဲ သရေကွင်းပစ်တာ ထွက်နေတဲ့ လိပ်ခေါင်းကို ငယ်တုန်းက ပစ်သလို ပစ်တယ်ထင်နေတာ လွဲရော အဟား
လေးစားလျက်
တောင်ပေါ်သား
သားရေကွင်းပစ်နည်း အခုမှပဲ ရှင်းရှင်း သိတော့တယ်။ အရင်ကတော့ ဆေးရုံမှာ သားရေကွင်း ပစ်တတ်တဲ့သူ ခန့်ထားတယ်၊ ဒါမှမဟုတ် ဆရာဝန်တွေထဲမှာ ပစ်တာ လက်မှန်တဲ့သူ ရှိတယ် ထင်ထားတာ။
ဟားဟား အခုမှ တွေးတွေးပြီး ရယ်ရတော့တယ်
ဆေးပညာဗဟုသုတလေးတွေ တကယ်ရ ပါတယ်အမရေ ။ ကျေးဇူးတင်ပါတယ်နော်...
ကျေးဇူး တင်လွန်း ပါတယ်လို့ ။
ကြာကြာ ထိုင်ရင် ဖြစ်တတ်တယ် ဆိုတဲ့  တစ်ချက်ပါလို့ 
အမ အချော တစ် ကြီး ( မှုးကြီး ) တို့  ဆို
ဖြစ်လောက်ပြီပေါ့ နော်။
ထိုင်နေတာ မထ တော့ ဘူးလေ။
ကြာကြာထိုင်ရင်ဖြစ်တယ်ဆိုလို့ အိပ်ပါတယ်အမြဲ..
ရေများများသောက်ပါတယ်
ကြောက်တယ်ကိရေ..ဘာမှမဖြစ်ချင်ဘူး။ ဖေဖေလေ.. လိပ်ခေါင်းဖြစ်လို့ သားရေပင်နဲ့သွားပစ်ဘူးတယ်။ ပျောက်သွားပါတယ်။
ေ၇ာဂါတွေများ ကြောက်စရာနော်..။
ရောဂါထဲမှာလေ
အဲဒီရောဂါကို အကြောက်ဆုံး
ကင်ဆာတောင် သူ့လောက်မကြောက်ဘူးပြောရမယ်ထင်တယ်
ဘာကြီးမှန်းကို မသိတဲ့ရောဂါ
ဒီရောဂါဖြစ်မှာကြောက်လို့ များများ မထိုင်တော့ဘူး
အမြဲအိပ်နေရင် ကောင်းမလား မသိနော်း)
လိပ်ခေါင်းကိုချိန်၊ သရေကွင်းနဲက သေချာချိန်ပြီးပစ်ရတယ်ထင်ခဲ့တာ... ။
လက်တည့်အောင်ကျင့်ထားတဲ့ ဆရာဝန်မှပစ်ခွင့်ရတယ်လို့တောင်ထင်မိသေး...
လိပ်ကလေးတွေဘယ်လိုဖြစ် လိပ်မကြီးမွေးလို့ ဖြစ် မကောင်းတဲ့ ခေါင်းလေးများရန်မှလည်းကင်းကွာပြီး အနာမဲ့ စွာ အသက်ရှည်နိုင်ကြပါစေ ပေးတဲ့ ဆုနဲ့ ပြည့် ပါစေ မျှဝေပေးတဲ့  မကိလည်း ကျမ္မာပျော်ရွှင်ပါစေ
Crystal <---- အားလုံး ဖတ်နိုင်အောင် မတောက်တခေါက် အသိလေးတွေကို တင်ပြပေးထားတာသာဖြစ်ပါတယ် ။ နောက်ထပ် ပိုပြီး အားလုံးသော အားလုံးတွေကို မျှဝေပေးချင်တယ် ဆိုရင်လည်း ရပါတယ် ။ကောင်းသော မျှဝေခြင်းမို့  ကျေးဇူးတင်ပါတယ်။ရေးသူအမည်လေးတော့ ဖေါ်ပြပေးစေချင်ပါတယ်။
စိတ်ဝင်စားစရာပဲ။ တမျိုးမထင်နဲ့ အရင်က မသိလို့ပြောတာပါ အဟီး
:) ဘွားရေ..လိပ်လာကြည့်တယ်။ ဗဟုသုတရတယ်။ နောက်ဆို စာအုပ်ဖတ်ပြီး :P
အိခ်ခ်...
အူတယားယားနဲ့ ပြီးအောင်ဖတ်သွားတယ်
ဒီတော့လည်း သိရတာပေါ့။
ိုူငြငိကမငကအငကအငသအနအအသငကနအငအနအကငအကနသအအသငနသြကအနသးကန ငကြိသငို်ငြသအကးသနငကအအသငနသြငကအကငအသသငကနအငကအနသငကအနသငကအနငကအန့အငကအသအငက်ြိုသြငမကအ့ါသငမနကအိုျေြူိုသငအိုကငအသကသငနအသငနတအးျြိ ည်ြိုညြါါသငမနကအအမင၉ိငနတြေျးူိ၉၀၁ဲုံ့ပြ့ါ်အပပမနနမန၆၅၄၆၅၄၆၅၄၄ြု့ူ့ငကပကးသငကုာ
မကိကိရေ......
ကျနော်ဖြစ်နေပြီ ဗျ Internal ကောင်ပေါ့
ဆရာဝန်က အညောင်းမိတာပြောတာပဲ
အဲ့တာကြောင့်ကျနော် အင်တာနက်မှာ လိုက်ရှာရင်း မကိကိ post လေးတွေ့တာ ကျေးဇူးပဲဗျာ ဗဟုသုတဖြစ်စေတယ်
blog နဲ့ အဆက်အသွယ် ပျက်နေတာ ကြာပြီဗျာ blogger သူငယ်ချင်းတွေကို သတိရတယ်
Good day!This was a really exceptional blog!
I come from itlay, I was fortunate to find your subject in digg
Also I learn much in your subject really thanks very much i will come every day
Thank you, I have recently been searching for information about this topic for ages and yours is the best I have discovered so far.
ကျွန်တော်မှာ ကျတော့ စအိုဘေးနခမ်းမှာ ပြောင်းစေ့လောက် အသားပို ထွက်နေတာ…ပုံမှာပြတဲ့လိပ်ခေါင်းနဲ့လဲ မတူဘူး …အဲဒါဘာဖြစ်နိင်မလဲမသိဘူး…ကျေးဇူးပြု၍ဖြေပေးပါနော်
Post a Comment