တိတိကျကျ ဆုံးဖြတ်ချက်တခု ချမှတ်ရတော့မယ့်အချိန် တကယ်ရောက်လာတော့လည်း သူ တွေဝေနေမိပါပြီ ။တနေ့ နေ့ တချိန်ချိန်မှာတော့ မွေးရပ်မြေသို့  ပြန်ရပေမည် လို့  အစောကြီးကတည်းက နားလည်ထားပေမဲ့  ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ရောက်လာလိမ့်မည် ဟု မထင်ထားမိခဲ့ ။ ခုတော့ မမျှော်လင့်ပဲ မဖြစ်ချင်တာတွေ ဖြစ်လို့ လာရပေတော့မည် ။ သူ ဆုံးဖြတ်ချက်ချ မှ ဖြစ်တော့မည်လေ ။သိစိတ် နှင့် မသိစိတ် ၊ ညှာ လိုစိတ် နှင့် ညာ လိုစိတ် တို့  လွန်ဆွဲ လို့ နေကြပေပြီ ။ဘယ်ဘက်တိမ်းလို့  ယိမ်းရပါတော့မလည်း လို့  သူ့  ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိ နေသည်မှာလည်း အကြိမ်ပေါင်းတသိန်းမက တော့ ။ ဘယ်အရာမှ တိတိကျကျ မဆုံးဖြတ်တတ်၍ မိမိကိုယ် မိမိ ဆက်ပြီးညာ နေခဲ့သည်မှာ နှစ်ချို့ အညာ တခုဖြစ်နေရပြီပဲ ။
တွေဝေ လမ်းခွဲ အစ။ ။ …
သူ ဆိုတာ လူ့ ဘဝထဲ ရောက်မလာခင် အမေ့ဗိုက်ထဲ နေရစဉ်တည်းက တွေဝေနေခဲ့တတ်သူ ။ သူရောက်နေပြီဆိုတဲ့ အကြောင်း အမေမသိစေအောင် တိတ်တဆိတ် နဲ့ချောင်ကပ် နေခဲ့တာ ၊ အဖေတာဝန်အရ ရေခြားမြေခြားမှာ နှစ်ရှည်နေဖို့  အချိန် မသွားခင်လေးမှာ ၊ ဧည့်သည်သစ်လေး တယောက် အမေ့ဆီရောက်နေကြောင်း ပြောရကောင်းနိုး မပြောရကောင်းနိုး ၊ဇဝေဇဝါဖြစ်အောင် သူလုပ်ခဲ့တယ် ။ ခုခေတ်မှာလို အလွယ်တကူစစ်ဆေးဖို့  ကရိယာလည်း မရှိတော့ ၄လကျော်မှ တိတ်တခိုး ဧည့်သည်ရောက်နေကြောင်း အဖေ့ဆီ အကြောင်းကြားခဲ့ရတယ် တဲ့  ။အမေ့ကို ဒုက္ခပေးဖို့ များလားတော့မသိ ၊ အမေ့ဗိုက်ထဲမှာလဲ ကောင်းပြီ ကောင်းရဲ့ နဲ့ ကောင်းကောင်းမနေ ၊မမွေးခင် ပုံမှန်စစ်ဆေးနေတုံးကတော့ ပုံမှန် အနေအထား တဲ့ ၊ မွေးခါနီးကျမှ ဇောက်ထိုး မနေချင်လို့  ကန့်လန့် ပြောင်းနေသေးတယ် ။ ပြီးတော့ကျ ခြေထောက်နဲ့ ထွက်အုံးမတဲ့လေ ။အိုဂျီခမြာလည်း ဟိုလှည့် ဒီလှည့် ။ဘယ်လိုမှ လှည့်မရတဲ့ အဆုံး ရုန်းရင်းကန်ရင်း ခြေနဲ့ပဲ ဘွားခဲ့ရတယ် ။ မွေးကာစ ပေါင်မပြည့်လို့  ဖန်ပေါင်းချောင်ထဲ ယောင်တောင်ပေါင်တောင် နေခဲ့ရသေးသတဲ့ ။တော်သေးတာပေါ့လေ ။ သမားကောင်းနဲ့ တွေ့ ခဲ့ရလို့  အာရုံကြောတွေ မထိခိုက်ပဲ လူလားမြောက်ခဲ့ရတယ်။ သူများနဲ့ ယှဉ်လိုက်ရင် လူကောင်က ခပ်သေးသေး ပိစိကွေးပေါ့ ။
သူ့ ငယ်စဉ်ဘဝကို သာမာန်လိုပဲ ဖြတ်သန်းခဲ့ရတယ် ။ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ မနေတတ်ပေမဲ့  သိပ်တော့ အခက်အခဲ မရှိလှပါဘူး ။ ကျောင်းသားဘဝ ကျောင်းတက် စာကျက် ၊ နည်းပေမဲ့ သူ့ အပေါ်ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ကြီးပြင်း ၊ အချိန်တန်တော့ ဆယ်တန်းဆိုတဲ့ အတန်းကျောင်းကိုအောင်မြင်ခဲ့တယ် ။ဒီအချိန်မှာ တွေဝေစရာတခု ကြုံခဲ့ ရပြန်တယ် ။ အဲ့ဒီခေတ် က ဆယ်တန်းကို အမှတ်ကောင်းကောင်း နဲ့ အောင်မြင်သူတွေ ရွေးချယ်ကြတာက ဆေးကျောင်း တဲ့ ။ ဒါပေမဲ့ သူ ဝါသနာ မပါလှ ။ စက်ပစ္စည်း ကရိယာတွေကို ပိုပြီးစိတ်ဝင်စားတဲ့ သူတယောက် အမှန်တကယ် ရွေးချယ်သင့်တာ စက်မှုပညာ နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်သာ ဖြစ်သင့်တယ်ပေါ့ ။ ဒါပေမဲ့ ဘာ ဖြစ်ချင်တယ်ရယ်လို့ သေချာ တိကျတဲ့ ဦးတည်ချက်က မရှိသေး ။ တွေဝေလေ့ရှိတဲ့ သူတယောက် ပြတ်ပြတ်သားသား မဆုံးဖြတ်ဝံ့ ။တွေဝေလမ်းခွဲ မှာ ဘယ်လမ်းရွေးရမလည်း သူ မသိ ။ အရာရာမှာ မိဘအားကိုးတတ်သူတို့ ရဲ့ ထုံးစံအတိုင်း ကိုယ့်ဦးနှောက်နဲ့ ကိုယ်မစဉ်းစားချင်တော့ ။
ဒီလိုနဲ့ ပဲ ဘယ်အရာမဆို ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိသူတယောက် အနေနဲ့  သူ့ အမေရွေးချယ်ပေးခဲ့တဲ့ ဆေးကျောင်းဆိုတာကြီးကို ဦးတည်ချက်ကင်းမဲ့စွာ နဲ့ တက်ရောက်ခဲ့တယ် ၊ သူ့ တာဝန်တော့ သူကျေအောင် တနှစ် တတန်း မှန်မှန်အောင် ဖို့  ကလွဲရင် ရည်မှန်းချက် ကြီးကြီးမားမား မရှိခဲ့ ။ သူများယောင်လို့  ယောင်ရတယ် အမောင် တောင်မှန်း မြောက်မှန်းမသိတဲ့  ဝေလေလေ အချိန်တွေ ဖြတ်သန်းခဲ့ ရပြန်ပါတယ် ။ ဝါသနာ အရ မဟုတ်တော့ စိတ်ဝင်စားမှု အထိုက်အလျှောက် လျော့ပါးခဲ့လို့  ထူးထူးချွန်ချွန် ဖြစ်မလာပေမဲ့လည်း အချိန်တန်တော့ ဘွဲ့ တခု ရမယ် ဆိုတာလောက် ပဲခံယူခဲ့တယ် ။ အဲ့ဒီအချိန်မတိုင်မီမှာ တိုင်းပြည်ကြီးလည်း ကမောက်ကမ ဖြစ်ပြီးရင်း ဖြစ်နဲ့ဆိုတော့ ကိုယ့်ဘဝ ကိုယ်ရပ်တည်ဖို့  ကိုယ့်လမ်းကိုယ်လျှောက်ဖို့  လမ်းခွဲတွေ အများကြီး တွေ့ ကြုံလာရပြန်တယ် ။ ဒီတခါ တွေဝေလမ်းခွဲ ဘယ်လမ်းရွေးမလည်း ။သူ သတ္တိ နည်းခဲ့ ပြန်တယ် ။ သူငယ်ချင်းတချို့  ရဲရဲဝံ့ဝံ့ တိုးဝင်သွားခဲ့တဲ့ ခရီးလမ်းကြမ်းဆီ သူမလျှောက်ရဲ ခဲ့ဘူး ။အတ္တစိတ်တွေ ကြီးစိုးနေမိတဲ့အချိန် အများအတွက်ဆိုတာ ဘယ်လိုမှ မစဉ်းစား မိခဲ့ ။ကံစီမံရာလို့ ပဲ ၊ မမြင်ရတဲ့ ကံကြမ္မာဆိုတာကြီးကို အပြစ်ပုံချ ဖြေသိမ့်ဖြစ်ခဲ့တယ် ။
တွေဝေလမ်းခွဲ အလယ် ။ ။...
နောက်တော့ ဘွဲ့ လက်မှတ်ဆိုတာကြီး ရပြီး တန်ဘိုးရှိတဲ့ အချိန်တွေကို ကမောက်ကမဖြစ်စွာနဲ့ပဲ အများနည်းတူ အလဟသ ကုန်ဆုံးစေခဲ့ရတယ် ။ ပညာရှာတဲ့ ပထမအရွယ်ကုန်ဆုံးခဲ့ပြီ ဆိုတော့ ဥစ္စာရှာတဲ့  ဒုတိယ အရွယ် ရောက်ခဲ့ပြီပေါ့။ ဒီတော့ ရှေ့ မှုာ ရွေးချယ်စရာ လမ်းနှစ်သွယ် တွေ့ ရပြန်တယ် ။ အပြင် နဲ့  အတွင်း ဘယ်လမ်းလျှောက်မလည်း ဆိုတာ ရွေးချယ်ဖို့  နောက်ဆုံး အချိန် ထိ တွေဝေနေခဲ့ ပြန်ပါတယ် ။ဒီတခါတော့ အမေက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချဖို့ လောက်သာ ပြောဆိုတော့မှ သူ အမေ့ကို သတိပြုမိခဲ့တာ အမေအသက်ကြီးလာပြီ ဆိုတာကိုပါပဲ ။အလုပ်မှာ အားမာန်အပြည့် နဲ့ လုပ်နိုင်သေးပေမဲ့ စိတ်ဒါဏ်ရာ ဖိစီးမှုခံနေရတဲ့အသွင်အပြင်တွေ တနေ့ တခြား ပိုများလာနေပြီလို့ သိလိုက်ရတဲ့ အချိန်မှာ ဆုံးဖြတ်ချက်တခု သူချရတော့မယ် ။ စီးပွားရေး တိုက်ခိုက်မှုကြီး အောက်မှာ ရိုးရိုးကုပ်ကုပ်နေသူတွေရဲ့  ရလာဒ် ဖြစ်တဲ့ ယိုင်နဲ့ ကျဆင်းမှုတခု ဒီလောက် မြန်မြန်ဆန်ဆန်ကြီး သူတို့  မိသားစုဆီ ရောက်လာမယ်လို့ မထင်မိခဲ့။ အမေနှုတ်က ဖွင့်မပြောပေမဲ့  မှုံရီနေတဲ့ မျက်ဝန်းတစုံက အဓိပ္ပါယ်ကို သူနားလည်မိလိုက်တော့ ၊ ဆရာကြီး မင်းသုဝဏ်ရဲ့ “သာသည့်မြေသို ”့ဆိုတဲ့ ကဗျာလေး အခါခါကြားယောင်ရင်းနဲ့ ပဲ သူလျှောက်ဖို့  လမ်းတသွယ်ကို ပထမဦးဆုံးသော သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့  ရွေးချယ်လျှောက်ခဲ့တယ် ။ ဆွေမရှိ မျိုးမရှိ ၊ ရေခြား မြေခြား တိုင်းတပါးမှာ ကိုယ့်ဟာကိုယ် ထွင်ပြီး လျှောက်ကြရတဲ့  လမ်းတိုင်းဟာ မချောမွေ့ ပဲ အထစ်အငေါ့တွေများစွာ တွေ့ ရတတ်တဲ့ သဘာဝကို သူတဖြေးဖြေး နားလည် သဘောပေါက်တဲ့  အချိန် ၊ နောက်ပြန် ဆုတ်ဖို့ လည်း မဖြစ်နိုင်တော့ အံကြိတ်ပြီး ရှေ့ ဆက်လျှောက်ခဲ့ပါတယ် ။ ဘဝဆိုတာ အမြဲတမ်းလည်း မှောင်မိုက် မနေပါဘူး ။ လပြည့် လကွယ် ညများမှာ ပျော်လိုက် ရှိုက်လိုက် နဲ့ ရာသီစက်ဝန်းကြီးလည်း တပတ်ပြီးတပတ် လည်ရင်းနဲ့  ဒုတိယ အရွယ်မှာ သူရုန်းကန်နေရဆဲပါ ။
အနေကြာလာတဲ့  ဒီအပြင်လမ်းမှာ များပြားလှတဲ့ အပျော်တွေ တွေ့ ရှိခံစားနေရချိန်မတော့ အရာအားလုံးလိုလိုကို မေ့နေခဲ့သလို ၊ အချိန်တန်လို့  ငွေကြေးအသင့်အတင့် ပြန်ပြီးထောက်ပံ့နေလိုက်ရင် သူ့ တာဝန်ကျေပြီ ဆိုတဲ့ အတွေးတွေ ကြီးစိုးနေခဲ့တယ် ။အိမ်ကို အဆက်အသွယ် မလုပ်ပဲ လအနည်းငယ်နေမိတဲ့ အခါဆို အမေဟာ သူ မာကြောင်းသာကြောင်း အဆင်ပြေကြောင်း သတင်းတွေကို မရမက ခက်ခက် ခဲခဲ စုံစမ်းတတ်တယ် ။ လူကြုံ နဲ့တဆင့် သူကြိုက်တဲ့ အစားအသောက်လေးတွေ ပို့ ပေးလာတတ်တယ်။ အရင်က ညီညာလှပခဲ့တဲ့ အမေ့ရဲ့  လက်ရေးတွေကို တုန်ချိ တွန့် လိန်နေတဲ့ စာလုံးများ အဖြစ် အစားထိုး ပြီး ဖတ်လိုက်ရတဲ့ ဆုံးမ စာကြောင်းတွေ ကို အလေးထားပြီး မဖတ်ဖြစ်ခဲ့ ။ ဒါပေမဲ့ တခါတရံ အခက်အခဲတွေ မဖြေရှင်းတတ်အောင် ကြုံတွေ့ လာတဲ့ အချိန်မျိုးမှာတေှာ့ သူ အမေ့ကို တမ်းတမိတယ် ။ မိဘအရိပ် ဘယ်လောက် အေးချမ်းသလည်း ဆိုတာ နေပူထဲမှာ မလှုပ်ရှားနိုင်လောက်အောင်ချိနဲ့ စွာ ရပ်နေရခါမှ နားလည်မိတယ် ။ခလုပ်ထိမှ အမိတ မိတဲ့ ဒီလိုအချိန်မျိုးမှာ အမေသူ့ အနားမှာ အမြဲရှိနေသလို ခံစားရပြီး အားအင်တွေ ပြန်ပြည့်လာတတ်တယ် ။
“အမေ နေမကောင်းဘူး ။ အခြေအနေအတော်ဆိုးနေတယ် ။ နင့်ကို တွေ့ ချင်တယ် လို့  ပြောတယ် ” ဆိုတဲ့ လူကြုံနဲ့ ထဲ့ပေးလိုက်တဲ့ စာတိုလေး တကြောင်း သူ့  အစ်မဆီမှ ဖတ်လိုက်ရပြီးတဲ့ နေ့ ။မိသားစု ကို အဆက်ဖြတ်ထားတဲ့သူ ၊စိုးရိမ် ထိတ်လန့် စွာ နဲ့ ဖုံးမဆက်တာ ကြာတဲ့ အိမ်ကို ဆက်သွယ်ဖြစ်ခဲ့တယ် ။ ခါတိုင်း သူ့ ဆီက ဖုံးလာတိုင်း အပြေးအလွှား စကားလာပြောတတ်တဲ့ အမေ ၊ အားမာန်အပြည့် တက်ကြွတဲ့လေသံနဲ့  အမေ ၊ ဖုံးကိုင်ဖို့  တောင်အင်အားမရှိ ၊ ဘေးက အိမ်သား အကူအညီ နဲ့  မောပန်းတုန်ရီစွာ အားစိုက်စကားပြောသံ ကြားလိုက်ရတော့မှ ဝမ်းနည်း ဝမ်းသာ ဖြစ်မိတဲ့ သူတယောက် အသိတရား ဝင်လာမိတယ် ။ အမေက ပြောရှာတယ် အမေ ဘာမှ အကြီးအကျယ် မနာမကျန်း မဖြစ်တဲ့ အကြောင်း ၊ သာမာန် နှာစေးချောင်းဆိုးလောက်သာ ဖြစ်တဲ့ အကြောင်း ။ အလုပ်အပျက်ခံပြီး ပြန်လာ ရန် မလိုသေးကြောင်း ၊ ကျန်းမာရေး ဂရုစိုက်ဖို့ ၊ ဘုရားတရား မမေ့ဖို့  အကြောင်း စသဖြင့် ပေါ့ ။ အမေ့ အဆုံးအမတွေကို နာခံရင်း သူတွေဝေ နေမိပြန်တယ် ။
ပြီးမှ သူ့  အမ ကို အကျိုးအကြောင်း မေးမြန်းမိတဲ့  အခါမှ တရှောင်ရှောင်ဖြစ်နေတာ နှစ်ဝက်လောက်ရှိပြီ ဖြစ်မှန်းသိရပြီး အစ်မ နဲ့ အိမ်သားတွေကို မဆီမဆိုင် အပြစ်တင်မိသေးတယ် ။
“ အေးလေ ။နင်က နိုင်ငံခြားမှာ နေပြီး ပိုက်ဆံပို့ ပေးရုံနဲ့ မိဘကျေးဇူးဆပ်တယ် လို့  ထင်နေရင်တော့ မတတ်နိုင်ဘူး ။ ငါတို့ ကတော့ နင့်လို မပေးနိုင်ပေမဲ့ အတတ်နိုင်ဆုံး ကိုယ်ထိလက်ရောက် ပြုစုပေးနေတာ ၊ အလုပ်တောင် မသွားနိုင် ။ ပျက်ရက်တွေ များလို့  ရှိစုမဲ့စု အလုပ်လည်း ပြုတ်ပြီ ။ ဒါပေမဲ့ နောင်တ မရပါဘူး ။ နင် ပြန်လာမယ် ၊ မပြန်လာဘူးဆိုတာ လည်း ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပေါ့ ။ နောက်မှ နောင်တရနေလည်း အလကားပဲ” ၊
သူကိုယ်တိုင်က အနီးမှာ ရှိမနေပဲ အနီးကပ် ကိုယ်ထိလက်ရောက် ပြုစုနေတဲ့ သူတွေကို အပြစ်ရှာ နေမိတဲ့  သူ့ ကို အမဖြစ်သူ ပြန်ပြောလိုက်တဲ့ စကား တခွန်း ကြောင့် အတော်တုန်လှုပ်သွားမိတယ် ။
တွေဝေလမ်းခွဲ အဆုံး ။ ။...
တွေဝေ ပြီးရင်း တွေဝေနေတတ်တဲ့ သူတယောက် အချိန်မဆွဲပဲ ဆုံးဖြတ်ချက် တခုကို ချရတော့မည် ။ ပြန်မလား ၊ ဆက်နေမလား။ ဆိုတဲ့ လမ်းနှစ်ခွ မှာ ဘယ်လမ်းရွေးလျှောက်ရမလည်း ။ အခွင့်အရေးတခုဟာ ဘယ်တော့မှ နှစ်ခါပြန် မလာတတ်ဘူးရယ်လို့  သူ နားလည်ထားသည်ပဲပေါ့ ။ ဒီအရပ်ကိုရောက်ခါစ အချိန်က ရေခြား မြေခြား နေသားမကျ သေးတာမို့  အိမ်ပြန်ချင်တဲ့ စိတ်ကူးအလွမ်းတွေဖြင့်သာ အချိန်ကုန်စေခဲ့ရတယ် ။ စကားမပေါက် စာမပေါက်တာမို့  ထူးထူးခြားခြား ခင်မင်ရင်းနှီးရသော အဖေါ် သူငယ်ချင်းရယ်လို့  မရှိခဲ့ပဲ စာဖတ်ရင်း စာကျက်ရင်းဖြင့်သာ အားလပ်ချိန်များကို ကုန်လွန်စေခဲ့ ရတယ်လေ ။ ပြီးတော့ သမုဒ္ဒရာ ဝမ်းတထွာအတွက် ရရာအလုပ်လုပ်ပြီး ဘဝတက်လမ်းအတွက် ကြိုးပန်းခဲ့ ရတာတွေဟာ ၊ ခုလို သင့်တင့်တဲ့ အလုပ်အကိုင် အဆင့်အတန်း နဲ့ ဝင်ငွေ တို့ နဲ့  အဆင်ပြေ နေပြီဆိုတော့ လည်း ဒီတမြေခြားကို ရောက်ခါစအချိန်က ခါးစင်း ခံခဲ့ရသော ဒုက္ခများ မှာ ဘာမှ မည်မည်ရရ မဟုတ်တော့ လို့  ထင်ယောင်မိလာရတယ် ။ဆယ်စုနှစ်တခုဆိုတဲ့ အချိန်ကာကမှာ မျှော်ရစဉ်က ကြာလှချည်လားလို့  ဆိုနိုင်ပေမဲ့ ပြီးဆုံးခဲ့တဲ့ ဆယ်စုနှစ်မှာ တော့ ဒီလောက်ကြာခဲ့သည်ဟု မထင်လိုက်ရ ။ မနေ့ တနေ့ တုန်းကလို ဟုသာ စိတ်မှာ ထင်မှတ်မိလိုက်တာက လူ့ စိတ်သဘောပဲလို့ ယူဆရမလား ။
ဒီနေ့  ဆေးရုံမှာ အသည်းအသန်လူနာတယောက် ကြောင့် အလုပ် အတန်ငယ်ရှုပ်သွားခဲ့တယ် ။အလုပ်ရှုပ်ရတဲ့ အကြောင်းမပြောခင်မှာ သူ့ အလုပ် နဲ့ ပါတ်ဝန်းကျင် အကြောင်း အနည်းငယ် ပြောပြရပါအုံးမယ် ။ သူတာဝန်ကျနေတဲ့ လူနာဆောင်မှာ ကျောက်ကပ်ပျက်စီးနေတဲ့ လူနာ များကို ကျောက်ကပ်ဆေးခြင်း ( Hemodialysis ) ပြုလုပ်ပေးရတဲ့ အဆောင်ဖြစ်ပြီး ၊ လူနာများက တပါတ်မှာ ၃ကြိမ် ၊ တကြိမ်မှာ ၄ နာရီကြာ ကျောက်ကပ်ဆေးတာကို ခံယူကြရပါတယ် ။များသောအားဖြင့်တော့ ပြင်ပလူနာ အနေနဲ့ပဲ ကျောက်ကပ်ဆေးပြီး အိမ်ပြန်ကြရတယ် ။ တခြား အကြောင်းတွေကြောင့် ဆေးရုံတက်ဖို့  လို မှပဲ အတွင်းလူနာ အနေနဲ့  ကျောက်ကပ်ဆေးကြရတယ် ။ဒီတော့ တပါတ် ၃ ကြိမ် ပုံမှန်လာနေရ တဲ့ လူနာများနဲ့  ဆွေမျိုးရင်းခြာလို ရင်းနှီး နေပြီဖြစ်တယ် ။လူနာ အများစုဟာ သူတို့  မိသားစု ကိုယ်ရေးကိုယ်တာတွေ ကို ရင်ဖွင့် တိုင်ပင်ကြတဲ့အထိ ရင်းနှီးနေကြတယ်ပေါ့ ။ နောက်ဆုံးအဆင့်ထိရောက်နေတဲ့ ကျောက်ကပ်ရောဂါ ( End Stage Renal Disease ) မှာ လူနာ တွေဟာ ကျန်ရှိနေတဲ့ ဘဝတသက်တာမှာ ကျောက်ကပ်ကို အချိန်မှန်မှန်ဆေးခြင်းနဲ့ သာ အသက်ဆက်နေရတာဖြစ်တယ် ။ ဒီကြားထဲ ကံကောင်းထောက်မလို့  ကျောက်ကပ် အလှူရှင်နဲ့ တွေ့ ကြုံရပါမှ ကျောက်ကပ်အစားထိုး ခွဲစိပ်ကုသမှုရယူပြီး ကျောက်ကပ်ဆေးနေရတဲ့ ဒုက္ခမှ ကင်းဝေးနိုင်တော့မှာ ဖြစ်တယ် ။ ဒါပေမဲ့ ဒီလို အဆင်ပြေပြေ နဲ့  ကုသမှုခံယူနိုင်သူတဲ့ အရေအတွက်မှာ နည်းပါးလှပါတယ် ။ တချို့ လည်း အသက်အရွယ်ကြီးလို့ ၊ တခြားရောဂါ အမျိုးမျိုးဝင်လို့  ၊ အစားထိုးခွဲစိတ် ကုသမှု မယူနိုင်မှာတင်ပဲ လူ့ လောကကြီးမှ စွန့် ခွာ သွားခဲ့ရသူတွေလည်း အများကြီးပါပဲ ။
အဲ့ဒီလို ရင်းနှီးနေတဲ့လူနာတွေထဲမှာ အသက် ၇၀ ကျော် အမျိုးသမီးလူနာတယောက်ရဲ့  အဖြစ်ကိုကြည့်ပြီးမှ သူတွေဝေနေတဲ့ လမ်းကို ဘယ်လိုဆက်လျှောက်ရမလည်းလို့ ဆုံးဖြတ်လိုက်ခဲ့မိတယ် ။ အနှစ် ၂၀ နီးပါး ကျောက်ကပ်ဆေးနေရတဲ့ ဒီအဖွားလူနာမှာ သားတစ်ယောက၊် သမီးတစ်ယောက် ရှိတယ် ။သားကြီးက အိမ်ထောင်ကျပြီး တိုင်းတပါးမှာ အခြေချနေထိုင်တာ ၃ နှစ်ကျော် ။ သမီးငယ် ကတော့ အချိန်တန် အရွယ်ရောက်နေပေမဲ့ အိမ်ထောင်မပြုသေးပဲ မိခင်အိုကြီးကို ပြုစုစောင့်ရှောက်နေခဲ့တယ် ။ တရုပ်လူမျိုးများ ထုံးစံက သားကြီး သြရသမှ အချစ်ပိုကြလေသလား မပြောတတ် ။ သမီးဖြစ်သူ သူ့ အပေါ်ဘယ်လောက် ပြုစုနေပေမဲ့ အဝေးရောက်သားကြီးကိုပဲ တမ်းတ နေတတ်တယ် ။ဒီလိုနဲ့  လူနာအဖွားလည်း အသက်ကြီး ၊ကင်ဆာဖြစ်နေတဲ့ ကျောက်ကပ် နဲ့  သားအိမ် ထုတ်အပြီး ၂ နှစ်လောက်အကြာ အသည်းကင်ဆာပါ ဖြစ်လာတော့ အခြေအနေက တဖြေးဖြေး ဆိုးဝါးလာတော့တယ် ။နှလုံးရောဂါအခံကလည်းရှိနေတော့ အမောကလည်း မကြာခဏ ဖေါက်တတ်သေးတယ်လေ ။ သမီးဖြစ်သူက သူ့ အကို ကို ပြန်လာဖို့  ခေါ်တော့ အရေးကြီးတဲ့  အလုပ်မအားသေးလို့  နေ့ ရွှေ့  ညရွှေ့ နဲ့ ပေါ့ ။
ဒီကနေ့ မနက် လူနာအဖွား စိတ်လိုလက်ရ စကားတွေ ပြောလိုက် ပြုံးလိုက်နဲ့  မို့  လူနာဆောင်ထဲက ဆရာမများ နဲ့ သူပါ တအံ့တသြ ရှိနေရတယ် ။ သမီးဖြစ်သူကို မေးကြည့်တော့ မှ ဒီနေ့ လည်မှာ အကိုဖြစ်သူ ပြန်ရောက်မဲ့ အကြောင်း သိလိုက်ရတော့ အဖွားလူနာနဲ့အတူ သူတို့ တတွေ ပျော်လိုက်မိကြပါသေးတယ် ။ လူနာအဖွားရဲ့  စကားသံလေးတွေက ခါတိုင်းနဲ့မတူပဲ အားမာန်အပြည့် နဲ့ လေ ။ သူ့ သားကြီး တော်ကြောင်း လိမ္မာကြောင်းတွေ ကို အနားမှာရှိတဲ့ သူနဲ့  ဆရာမလေးတွေကို မမောမပန်း တတွတ်တွတ် ပြောပြနေလို့ သူလည်း ရောယောင်ပြီး အပျော်ဓါတ်လေးတွေ ကူးစက်ခံစားမိလိုက်ပါတယ် ။
ဒီလိုနဲ့  ကျောက်ကပ်ဆေးနေရင်း နှစ်နာရီကျော်လောက်အကြာမှာ လူနာအဖွား နှလုံးခုန်ရပ်သွားခဲ့တယ် ။ အရေးပေါ် အသက်ကယ်ပြုစုတာတွေ လုပ်ပေးရတယ် ။ တစ်နာရီ ကျော်တဲ့အထိ အဖွားရဲ့  အသက်ကို လုယူခဲ့ကြပေမဲ့ မရတော့ပါဘူး ။ နှလုံးခုန်ရပ် အသက်ရှုရပ်လို့  သေဆုံးခြင်းဆိုတဲ့ နောက်ဆုံးအချိန်ကို သတ်မှတ်ပေးလိုက်ရပါတော့တယ် ။ လူနာအဖွား ရဲ့ ပွင့်နေသေးတဲ့ မျက်ဝန်းတစ်စုံမှာ မျက်ရည်စလေးတွေ ယိုဆင်းနေတာ မခြောက်သေးတော့ သူ အဖွားကို နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ မျက်ရည်စတွေ သုတ်ပေးနေမိတဲ့ အချိန်မှာ ပဲ နောက်ဖက်က ငိုသံရှည်ကြီး ရုတ်တရက်ကြားလိုက်မိတော့မှ အသိပြန်ဝင်လာမိတော့တယ်။
“ အမေ ။ အမေရေ ။ ကျွန်တော်ပြန်လာပြီလေ အမေရဲ့ ။ အမေ့ရဲ့  သား ပြန်လာပြီလေ ။ သားကို ဘာလို့ မစောင့်နေတာလဲ အမေရယ် ။ ”
“ဪ ၊ အကိုပြန်ရောက်လာပြီကိုး ၊ အကို လိုချင်တဲ့ အဖြေက ဒါပဲမဟုတ်လား ။ အမေ ကတော့ အကို့ ကို မျှော်နေခဲ့ ပါသေးတယ် ။ ဒါပေမဲ့  သူ့ ဆန္ဒမပြည့်ဝ သွားခဲ့ ရဘူး ။ အကို့ ဆီက သူမျှော်လင့်နေတာက ငွေကြေးဥစ္စာတွေ မဟုတ်ဘူး ၊ အကို သူ့ ဘေးနားမှာ ရှိနေစေချင်တာလေးတခုတည်းပါ ၊ခုတော့ …..”
ညီမဖြစ်သူရဲ့  အဆုံးမသတ်ဖြစ်လိုက်တဲ့  စကားကို အကိုလုပ်သူ က ငိုယုံမှ လွဲပြီး တခြားဘာမျှပြန်မချေပ နိုင်တော့ ။
နောက်တော့ အဖွားလူနာအား နောက်ဆုံး ကန်တော့ခြင်း နဲ့ ရိုးရာအတိုင်းစီစဉ်တာတွေ ပြုလုပ်အပြီးမှာတော့ သက်ဆိုင်ရာ ရေခဲတိုက်ကို ခေါ်ဆောင်သွားကြပါတော့တယ် ။
ဒီမြင်ကွင်းက ဆေးရုံတရုံမှာ သေဆုံးသူလူနာတွေအတွက် လုပ်ရိုးလုပ်စဉ် တွေပဲမို့  ဘာမှထူးထူးခြားခြားတော့ မရှိလှပါဘူး ။ ဒါပေမဲ့  သူ အမေ့ကို မြင်ယောင်လာမိတယ် ။ တကယ်လို့  သူသာ ဒီလို အဖြစ်မျိုးနဲ့  တွေ့ ဆုံရမယ် ဆိုရင် ဖြေသိမ့်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ကို ထပ်ခါ တလည်းလည်း မေးနေမိတယ် ။ ဒီတခါတော့ တွေဝေမှုတွေ မရှိတော့ပါဘူး ။ အမေ့ဆီ အချိန်မှီပြန်ဖို့  အခွင့်အရေး ရှိနေသေးတယ် မဟုတ်လား ။ အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ခါပြန်မလာတတ်ပါဘူး ။ ဒီတော့ ကိုယ်ပိုင်တဲ့  ဆုံးဖြတ်ချက်တခု အချိန်မှီချလိုက်ပါပြီ ။သူ့ ဘဝရဲ့  အရေးအကြီးဆုံး အရာ အတွက် နောင်တတွေ တလှေကြီး သူမရချင် တော့ပါ ။
ပြန်လာတော့မယ် အမေ.. အမေ့ ဆီ သမီးမိုက် ပြန်လာပြီး အမေ့ရဲ့  နောက်ဆုံးအချိန်လေးတွေမှာ အမေအလိုချင်ဆုံး ဆန္ဒလေးတခု ဖြည့်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ ။ သိပ်မကြာတော့တဲ့  ရက်ကလေး အနည်းငယ်ကို သည်းခံပြီး စောင့်နေပေးပါ အမေ …. ။
ဒီနေ့  မတ်လ ၁၆ ရက်နေ့  မွေးနေ့  မှာ ကျွန်ုပ်အား မွေးဖွားပေးခဲ့တဲ့  ကျေးဇူးရှင် မိခင် အတွက် အမှတ်တရ ရေးသားပါတယ် ။
ပုံများကိုတော့ Fotosearch မှ ရယူပါသည်။
39 comments:
်first... hee hee
စာဖတ်လိုက်ဦးမယ်
အစ်မကြီး ကိကိ မွေးနေ့ မှာ ပျော်ရွှင်ပါစေခင်ဗျာ..
လိုအင်ဆန္ဒများလဲ ပြည့်ဝနိုင်ပါစေ..
မေးစရာတစ်ခုတော့ ရှိတယ်ဗျ..ကျွန်တော့သူငယ်ချင်းတစ်ယောက် ရန်ကုန်မှာ ကျောက်ကပ်ဆေးနေရတာ ၁၀ ခါလောက်ရှိပြီ အသက် ၂၅ ပဲရှိသေးတယ် အစားထိုးမကုရင် မပျောက်တော့ဘူးလားဗျ ..ကျေးဇူးပြု၍ဖြေထားပေးပါဦးနော် ..
အသက်ရာကျော် ရှည်ပါစေ ...။
အချစ်ဆုံးသူငယ်ချင်းကိကိရေ.... မေမေနဲ့ ပျော်ရွှင်စွာနေနိုင်မယ့် အချိန်တွေကို ဆွဲဆန့် နိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်... သူငယ်ချင်းလဲ ပျော်ရွှင်တဲ့ မွေးနေ့လေးဖြစ်ပြီး အချစ်များစွာကို ပိုင်ဆိုင်ရရှိနိုင်ပါစေနော်....
ချစ်သူငယ်ချင်း... ခြင်
ဟက်ပီဘာ့သ်ဒေးပါ မမကိကိ..
မမကိကိမေမေနဲ့ အမြန်ဆုံးပြန်တွေ့နိုင်ပါစေ...
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ မမချစ်တဲ့ မေမေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ...
နှင်း
မမကိကိမွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေနော်....
မေမေနဲ့ အမြန်ဆုံးပြန်ဆုံဆည်းခွင့်ရပါစေ...
နှင်း
ပျော်ရွှင်ဖွယ်မွေးနေ့ လေးဖြစ်ပါစေဗျာ...
မွေးနေ့မှသည် နှစ်ပေါင်း ၁၂၀ တိုင်အောင် ရှည်စေသော်ဝဝဝဝဝဝဝဝဝဝဝ် (အသက်ပြောပါတယ် ဟဲဟဲ)
နေဦး စာဖတ်အူးမယ် ဘယ်နှနှစ်ပြည့်လဲ ထည့်မပြောဘူး ဟွင်းးးးးးးးးး ဟိဟိ
ဒေါ်ကိရယ် စာဖတ်ပြီး ဘီလိုက နေ ဘီလိုဖစ်တယ် မသိပါဘူးကွယ် မက်ရည်တွေ ကျလာတယ် သာမီးလဲ အိမ်ကို ပြန်ချင်တယ်
မနေ့ကတောင် အိမ်ကိုဖုံးဆက်တာ မေမေတို့ က ပျော်လို့ သမီးလဲ အမြဲတမ်းဖုံးဆက်ချင်ပါရဲ့ မြန်မာနိုင်ငံဆက်ရတာ သိတဲ့အတိုင်း ဈေးသိပ်ကြီးထှာာ ဟင့် နိုချင်တယ် ဗြဲဗြဲ ရွှတ် ဖတ်
အဲဒါပဲ နှပ်တွေ မက်ရည်တွေ ထားခဲ့ပြီ ဘိုင် တာ့တာ
မမကိကီ
ပျော်ရွှင်သောမွေးနေ့ပေါင်းများစွာကို
ချစ်သောမေမေနဲ့ အများကြီးဆင်နွဲနိုင်ပါစေနော်..မမ
ချစ်တဲ့
ရုံလေး
happy birthday!
Momingyi
မမကိကိရေ...စာဖတ်ပြီး တကယ်မျက်ရည်ဝဲသွားရတယ်...ခါတိုင်းလို မနောက်နိုင်တော့ဘူး...မမကိကိရဲ့ ဆန္ဒတွေ အမြန်ဆုံးပြည့်ဝနိုင်ပါစေလို့နော်...မမခြင်လေးဆီမှာလည်း ဆုတွေတောင်းပေးခဲ့တယ်နော်...
ချစ်ညလေး
ကွိကွိစ်ရေ.......
မွေးနေ့မှာပျော်ပါစေလို့ အရင်ဆုတောင်းပေးတယ်ဗျာ....
ပြောရမယ်ဆိုရင် စာလေးဖတ်ပြီးစိတ်မကောင်းဘူးဖြစ်ရမိတယ်....။
ဖြစ်နိုင်မယ်ဆိုရင် ကွိကွိစ်မေမေ့နားကို မြန်မြန်သာပြန်ရောက်အောင်ကြိုးစားပါနော်ဗျ.....။ ဟုတ်တယ်.........
တစ်ကယ်တမ်းတွေးကြည့်တတ်ရင် အနော်လည်း တွေဝေနေတာတွေ များနေသလိုပဲ....။
မွေးနေ့အလွန်ရက်များမှာလည်း...ချစ်တဲ့မေမေနဲ့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွင်ဖြတ်သန်းနိုင်ပါစေနော်ဗျာ....။
တစ်ကယ်ဆုတောင်းပေးတယ်.......။
ခင်မင်တဲ့
ဏီလင်းညို
အလို...မယ်ကိတောင်အသက်တနှစ်ကြီးသွားပြန်ပြီ..
မကြာမှီ..ဖွားဖွားကိဖြစ်တော့မှာပါလား..
ဘာမှ မပြောတတ်တော့ ဘဲ စာဖတ်ပြီး ပြန်သွားပါတယ် အစ် မ မွေးနေ့ ဆုတောင်းလေးတွေထားခဲ့တယ်နော် ပျော်ရွှင်ပါစေ ရာသက်ပန်.....
မကိရေ..
စာတွေထဲမှာ အမြဲပျော်ရွှင်အောင် ကြိုးစားနေတတ်တဲ့ မကိ..၊ ပိုစ်တိုင်းကို ဟာသနွယ်ပြီး တင်ပြရင်း ပျော်အောင် ကြိုးစားနေခဲ့တယ်နော်။ မကိ..ရေ..ဖတ်ပြီး စိတ်မကောင်းဘူး....
ဘယ်လိုပဲဖြစ်ဖြစ်..
မကိမွေးနေ့မှာ ပျော်ရွှင်ပါစေ..
ဆုံးဖြတ်ချက်ကိုလည်း မှန်ကန်စွာ ချနိုင်ပါစေ..
မကိမေမေလည်း ကျန်းမာပါစေ..လို့
......မွေးနေဆုတောင်းကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ တောင်းသွားပေးပါတယ်။
ပျော်ရွှင်ချမ်းမြေ့  ဖွယ် မွေးနေ့ လေး ဖြစ်ပါစေ ...
mie nge
Happy Birthday.. kiki
ပျော်ရွှင်ဖွယ်ရာ၊ ဗဟုသုတ ဖြစ်ဖွယ် စာတွေ အများကြီး ဆကိရေးနိုင်ပါစေ
တကယ်တော့ ကိကိ က ရသဆန်တဲ့စာတွေလဲ ရေးနိုင်တယ် ဆိုတာ ဒီပို့်လေးနဲ့ သိရတယ်
ကျန်းမာပါစေ
လိုရဆန္ဒ ပြည့်ဝပါစေ
မမ ထက် ၁ ရက် ငယ်တယ်.. နှစ်တော့မသိဘူး ရှင့်.
ချစ်တဲ့ မမသီရိ
မွေးနေ့ မှာ ပျော်ရွှင်ပါစေ။ မေမေနဲ့ တူတူ မြန်မြန်နေနိုင်ပါစေ။
မအယ်
ကိကိရေ မွေးနေ့ တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။ ကိကိ အမေကျန်း ကျန်းမာရေး ပြန်ကောင်းလာပြီး မိခင်နဲ့ ပျော်ပျော်ပါးပါး ဆုံတွေ့ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဘယ်လိုပြောရမလဲ.. ဖတ်ပြီးစိတ်မကောင်းဘူးဗျာ၊
ပြီးတော့  ဝမ်းနဲ မိတယ်၊
ပြောချင်တာက လူတွေက ကိုယ်ဝိုင်းမိတဲ့ အဝိုင်း ကြီး
အတိုင်း ကိုယ့် ဖာကိုယ်ပဲ မောပန်းကြီးစွာ ပတ်ပြေးနေရတယ်တဲ့ ။
အဝိုင်းပမာန ကြီးရင် ကြီးသလောက် ပြေးနေရတော့ တာ တဲ့ ။
အစား ထိုးမရတော့ တဲ့  အရိပ်နားကို အမြန်ဆုံးပဲ
ရောက်ရှိပါစေတော့ ဗျာ...။
ဒီပို့ စ် လေးဖတ်မိတော့ ရင်ထဲမှာ ဟာသွားတယ် မကိရေးခဲ့ သမျှတွေထဲက အကောင်းဆုံးလို့  ပြောရင်ရတယ် ဘာလို့ ဒီလောက်တောင်ကောင်းနေတာလဲ ပြန်သုံးသပ်မိတဲ့ အခါ ဘ၀နဲ့ ရင်းပြီးရေးထးတဲ့ ဒီပို စ် ပြည့် စုံတဲ့  ဘ၀တခုကိုရောက်ဘို့  ခါးသီးခြင်းတွေရင်းနှီးခဲ့ ရတာအတုယူလေးစားစရာတွေက ပြည့် နှက်နေတာလေ
ဒီတခါမကိရွေးတဲ့ လမ်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လမ်း တွေဝေလမ်းခွဲမဟုတ်တော့ ဘူး အားပေးတယ်မကိရေ ရဲရဲသာလျှောက် အမေ့  အိမ်ကိုပြန်တဲ့ လမ်း အမေ့ ရင်ခွင်ဆီလျှောက်တဲ့ ခြေလှမ်း အဲဒါတကယ့် ဆုံးဖြတ်ချက်မှန်တဲ့ လမ်းအဲဒီလမ်းကမကိဘ၀တလျှောက်လုံး စိတ်ချမ်းသာမဲ့ လမ်း "သက်တော်ထင်ရှားရှိနေတဲ့ ဘုရားလို့ " တင်စားလို့ ရတဲ့ "အမေ့ " ဆီပြန်မှာ ဘယ်တော့ မှမမှားဘူး မကိရဲ့  ယနေ့ ကျရောက်သောမွေးနေ့ မှစ၍ မကိတို့ မိသားစု အားလုံး စိတ်ရောကိုယ်ပါ ကျမ္မာ ချမ်းသာစွာ ဖြင့် လိုအင်ဆန္ဒတွေပြည့် ဝပါစေ အမြဲဆုတောင်းပေးပါတယ် သုဒြေ္န
!!!!HaPpY B'Day!!!!
မွေးနေ့မှတည် မနက်ဖြန်များစွာတိုင်တိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ.. :)
ZaunG
ယခုမွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွင်စွာနဲ့ ဘဝကိုလျှောက်လှမ်းနိုင်ပါစေ မကိရေ ... အခုတလော စာလာမဖတ်ဖြစ်တာကြာသွားတယ် စာအရေးအသားတွေကတော့ ကောင်းနေစဲပဲဗျာ မကိရဲ့ မွေးမိခင်နဲ့လည်း အမြန်ဆုံး ပြန်လည်ဆုံစည်းပါစေလို့ ဆုတောင်းပေးနေပါတယ်ခင်ဗျာ
ဘွားရေ မွေးနေ့မှာ ပျော်ရွှင်ပါစေ. မွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အမေ့ချစ်သမီးအဖြစ် အမေ့ကို ပိုပို လုပ်ကိုင်ကျွေးနိုင်ပါစေနော့။ အမေနဲ့ အမြန်ဆုံဆည်းကြရအာင်လား
အစားထိုးမရတဲ့ အရာအတွက် မတွေဝေနဲ့ အမ သိပ်ချမ်းသာလည်း ၂ နှပ်ပဲ စားကြရတာပါပဲ။
နောင်တ ဆိုတာ ပြုသင့်သည်ကို မပြုမိ မပြုသင့်သည်ကို ပြုမိသည့်အတွက် အချိန်လွန်မှ ပူပန်ခြင်း လို့ ခက်ဆစ် မှာ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ ကျနော်တို့လို အဝေးရောက်နေတဲ့သူတွေ နောင်တ မရစေချင်ဘူး။
မွေးနေ့မှာ ပျော်ရွှင်သလို နေ့စဉ်နေ့တိုင်း ပျော်ရွှင်စရာတွေ များစွာနဲ့ ကြုံရပါစေ။
အမမေမေနဲ့လည်း ပျော်ရွှင်စွာ နှစ်ပေါင်း များစွာ အတူတူနေနိင်ပါစေနော်။
(မွေးနေ့ကတော့ ဒီလို တိုးတိုးတိတ်တိတ် ပြီးလို့ ဘယ်ရပါ့မလဲ။)
အစ်မရေ
Happy Birthday ပါနော်.. ညမှရောက်လာတော့
နောက်တောင်ကျသွားပြီထင်ပါတယ်..
ပျော်ရွှင်အဆင်ပြေ သာယာစွာနဲ့ မိဘရင်ခွင်ကို အမြန်ဆုံခိုလှုံနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
ယနေ့မှစ နောင်နှစ်ပေါင်း ၁၀၀ကျော်တိုင် ချစ်သူခင်သူများနဲ့ အတူတူ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်နော်
ခင်မင်စွာဖြင့်
ချော
ခုတော့ ဆုံးဖြတ်ပြီးလို့အထုတ်ပြင်နေပြီမဟုတ်လား။း))
မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချလိုက်တာ ကောင်းပါတယ်အမ။ အဆင်ပြေပျော်ရွှင်ပါစေ။
မကိရေ
အခုမှ ဖတ်ဖြစ်လိုက်တယ်.. မကိ ရဲ့ မေမေ နဲ့ အမြန်ဆုံး ဆုံတွေ့နိုင်ပါစေ.. မကိ ရဲ့ မေမေ ကျမ်းမာ ချမ်းသာဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.. တခါတလေ မှာ ငွေ ဟာ လိုအပ်ပေမဲ့ တခါတလေ မှာတော့ မေတ္တာဟာ လိုအပ်နေပြန်ရော..ဘယ်အရာ အတွက်မှ နောင်တ မရစေချင်ပါ..
ခင်တဲ့
ရွှေစင်ဦး
ကိကိလေး
belated happy birthday ပါနော်။
ကိချစ်တဲ့မေမေနဲ့ နေနိုင်ဖို့ ဆုတောင်းပေးပါတယ်နော်။
နွေးထွေးလှတဲ့အမေ့ရင်ခွင်ထဲမှာ အမြဲထာဝရ နေခွင့်ရပါစေနော်။
ထာဝရပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ချစ်ခင်စွာဖြင့်
လုလု
ဘ၀မှာ မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်ပါစေ... အစားထိုးမရသော မာတာမို့ အချိန်ရှိတုန်း ပြုစုလိုက်ပါ...ငွေရှိမှလဲ ဆေးကုနိုင်မှာလို့ မကိကိရဲ့ အစ်မကို ပြောလိုက်ပါ...မြန်မာမှာ ငွေမရှိရင် သေဖို့ ပဲ စောင့်နေရမှာလေ...မွေးနေ့ မှာ ထာဝရ အပျော်တွေ ပိုင်ဆိုင်နိုင်ပါစေ..
မမကိကိ
ဖတ်ပြီး ၀မ်းနည်းသွားတယ်
ကိုယ်သာဆိုရင်ဆိုပြီါ် စဉ်းစားမိတယ်
ရေခြားမြေခြားမှာ နေနေရတာ မိဘနဲ့ အဝေးမှာ
တစုံတခုသာ ကြုံရမယ်ဆိုရင် ... မတွေးရဲဘူး ..း((
အခြေအနေပေးလို့ ပြန်ခွင့်ရတိုင်း ပြန်ပေးပါ မမကိကိရယ်
မွေးနေ့မှာ ပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ်နော် ..း))
ဝမ်းနည်းသွားတယ်မကိရေ ကျနော်လည်း တွေဝေလမ်းခွဲရောက်နေပြီ။ ဒီပိုစ့်က အတွေးတွေအများကြီးပေးသွားတယ်။ မကြီးကိရော အမေရော ကျန်းမာပျော်ရွင်ကြပါစေလို့ ဆုတောင်းပေးပါတယ်
အင်းးးးးးးး တွေဝေလမ်းခွဲရောက်နေကြတာကြီးပဲလားဟင်။
စိတ်မကောင်းစရာတွေ။
မယ်ကီ့ရေ... အဆင်ပြေပျော်ရွှင်ပါစေ။
မေမေလည်း ကျန်းမာရွှင်လန်းပါစေနော်။
မွေးနေ့မှသည် အသက်ရာကျော် ကျမ်းကျမ်းမာမာ ချမ်းချမ်းသာသာနဲ့ စာတွေ ဆက်ရေးနိုင်ပါစေဗျာ..ဒီနေ့မှပဲ အားလို့ဖတ်ဖြစ်တော့တယ်.ဒေါ်ကိ..
ကျနော်ကတော့ အိမ်ပြန်ခွင့် မရ အမေ့ကိုလည်းမခေါ်ထားနိုင်..သြ..ဒေါ်ကိက စာအရဆို လူက သေးသေးပေါ့..
ဒေါ်မယ်ကိ
ကြီးပြန်ပလား တနှစ် ဒီလိုနဲ့
တွေဝေခဲ့ပေါင်းများလှပေါ့
အဖော်တွေတလှေကြီးရှိသေးတာဘဲ တွေဝေဖော် တွေဝေဖက် ( တေလေမဟုတ်ပါ )
အမေ့ဆီ အချိန်မှီပြန်ဖို့  အခွင့်အရေး ရှိနေသေးတယ် မဟုတ်လား။ အခွင့်ရှိရင် ပြန်ပေါ့လေ.... အမေဆီ သမီးမိုက်ပြန်လာပြီ (မမိုက်ပါဘူး)လိမ္မာလို့ဘဲ အိမ်ပြန်ဖို့ ဆုံးဖြတ်ချက် ချနိုင်တာပေါ့ ငွေဆိုတာ လူကဖန်တီးတာပါ အချိန်မရွေးပြန်ရှာလို့ရပါတယ် အမေကတော့ တစ်ယောက်ထဲရှိတာလေနော...
ခင်မင်ရင်းနှီးစွာဖြင့်
ကိကိ ...ဒီလိုစာတွေမဖတ်ချင်ဘူး
ဝမ်းနည်းတတ်လို့
ရယ်စရာလေးတွေပဲ ဖတ်ချင်တယ်
ဒီနှစ် မွေးနေ့ပိုစ့်မတွေ့ဘူးနော်၊ မွေးနေ့ကျော်သွားမှ ရောက်လာပေမယ့်
16-မတ်လ-2011 နေ့မှစ၍ သတ္တဝါတို့၏ ကျန်းမာရေးကို စောင့်ရှောက်ကူညီနေသော မြန်မာဆေးပညာရှင် အမျိုးသမီးကလေး ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပါစေရှင်။
Post a Comment