ဒီခေါင်းစဉ်တပ်ပြီး ရေးတဲ့ အကြောင်းက ရှင်ပြု အလှူဇာတ်လမ်းတခုတော့ မဟုတ်ပါဘူးလို့  ဦးဆုံး ပြောပါရစေ ။အရှေ့ကို လျှောက်နေကြသူများ အနောက်ကို မျှော်ကြည့် သင့်သလား ။ တချို့ က ပြောကြတယ် ။ ရှေ့ ဖက်တူရှုပြီး လျှောက်နေမှ ဘာလို့ နောက်ကို ပြန်လှည့်ကြည့် နေရ အုံးမလည်း တဲ့ ။ ရဲရဲသာဆက်လျှောက် ပါ တဲ့ ။တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်မှာပဲ တဲ့ ။ဗူးဆို ဖရုံ မသီးဘူး တဲ့ ။
ကိုယ့်အမြင်ကတော့ အတိတ် ၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံး ဟာ ဆက်စပ်နေသင့်တယ် ထင်ပါတယ် ။ ရှေ့ဆက်လျှောက်ရမဲ့ လမ်း အတွက် အနောက်မှ ပြီးခဲ့တဲ့ အဖြစ်အပျက် အရာအားလုံးကို ပြန်မျှော်တွေးပြီး ယူသင့်တဲ့ သင်ခန်းစာ တွေ ၊ မှန်ကန်တဲ့ အတွေးအခေါ် တွေ နဲ့ ချင့်ချိန်ပြီး ရှေ့ဆက်ရမဲ့ လမ်းမှန်ကို အောင်မြင်စွာ လျှောက်လှမ်းကြရမယ်လို့  ထင်ပါတယ် ။
“တောမီးလောင်တုန်း၊ တောကြောင်လက်ခမောင်း ခတ်”ခဲ့ကြတဲ့ သူတွေ ။ “ပွဲလန့်တုန်း ဖျာခင်းခဲ့ကြသူတွေ” ကြောင့် တို့ တတွေရဲ့  ခရီးလမ်းကြီး မကြမ်းသင့်ပဲ ကြမ်းခဲ့ ကြရတယ် ။မရှည်သင့်ပဲကြာရှည်ခဲ့ကြရတယ် ။မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ကြရတယ် ။ “ကြွက်သေတခု အရင်းပြု ”လို့ ရလာတဲ့ ရန်ပုံငွေ ဆိုတာတွေ နဲ့  စည်းစိမ်ယစ်နေကြသူများက လည်း တမှောင့် ။အတိတ်မှာ တို့ တိုင်းပြည်အတွက် ဘာတခုမှ မဆောင်ရွက်ခဲ့  ပဲ နဲ့ ၊ ခု ၂၀၁၀ ရောက်မှ ဘယ်ဝန်ကြီးချုပ်ရဲ့  သားမို့ လို့  ၊ သမီးမို့ လို့  နဲ့  ၊ခါတော်မှီ ပါတီတွေ ဖွဲ့  ။ကွဲလိုက်ကြ ပြဲလိုက်ကြ ၊ဘေးကကြည့်သူတွေ တောင် “ ယိုသူမရှက် မြင်သူရှက် ” ရတဲ့  အဖြစ်မျိုး တွေ့ နေကြရတာ စိတ်ပျက်စရာပေပဲပေါ့ ။ “ နွားကွဲတော့ ကျားကိုက်” သတဲ့ ။ နွားဇာတ်သွင်းခံထားခဲ့ရတဲ့ တို့ တတွေ ဘာလို့ များ မစည်းလုံးနိုင်ကြရတာလည်း ။ ဒီလိုပုံ နဲ့ ရှေ့ ဆက်လှမ်းရမဲ့  ခရီးလမ်းကြမ်းမှာ မလွဲမသွေ တွေ့ ရအုံးမဲ့ အခက်အခဲတွေကို ဘယ်လို ကျော်လွှားနိုင်ကြမှာလည်း လို့  တွေးနေမိတယ် ။ ရင်မောမိတယ် ။
"If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"
{Aung San Su Kyi }
တို့ အားလုံးရဲ့ သူရဲကောင်း ဒေါ်စု ပြောသလို ပါပဲ ။ မည်သူမျှ ဖိအားပေး တိုက်တွန်းခြင်းကြောင့်မဟုတ်ပဲ၊ မိမိကိုယ်တိုင် ရွေးချယ်ပြုလုပ်ခဲ့မှု တခုကို စတေးခြင်း၊ စွန့် လွှတ်ခြင်း လို့ မယူဆ သင့်ကြပါဘူး ။
အလုပ်တခုကို မလုပ်ခင် လုပ်သင့်မလုပ်သင့် မှန်ကန်စွာ စဉ်းစား ဆုံးဖြတ်နိုင်အောင် အတိတ်ကို ပြန်လေ့လာ သုံးသပ် ပြီး ၊ ရှေ့ သို့  ဆက်လှမ်း နိုင်ကြပါစေ ။
ဒီအောက်က မျောက်နှစ်ကောင်လို စသလို နောက်သလို နဲ့  ၊တို့ လိုက် ထိလိုက်နဲ့  အပျက်ပျက်နဲ့  နှာခေါင်းသွေးထွက်မှာကို တို့ တတွေ မမြင်ချင် မကြုံ ချင်တော့ပါဘူး ။ အရှေ့ ကို လျှောက်ပါလို့  အနောက်ကိုလည်း မျှော်ကြည့် လိုက်ကြစမ်းပါ အုံး. လို့ ပဲ ..
...........................................................................................
“ ဟေ့... ဟေ့... ဟေ့ကောင် .. ဟိုမှာကြည့် ”
“ ဟေ.. ဘာလည်း ။ဘယ်သူလည်း ။ဘယ်မှာလည်း ။”
“ဪ .. ဒီမှာလေ ။ ငါခေါ်နေတာ ကွ ။ ဟို ဘက်ကို ကြည့်လိုက်စမ်းပါအုံး လို့ ဆိုနေတာကို ”
“ ဟမ် ။။ ဘယ်သူလည်းကွ ။ နောက်ကနေ လာ လာ တို့ နေတဲ့ကောင် ။ ရှေ့ ကြည့် နေတာ မမြင်ရတဲ့ အထဲ မင်းက တမှောင့် ကွာ ”
(သြော် .. ကောင်းပေစွ ၊ ကောင်းပေစွ ။ ၂၀၁၀ ရောက်တော့ မျောက်တွေ တောင် အရှေ့ ကြည့် ရမလို ၊ အနောက်ကြည့်ရမလို နဲ့ ဖြစ်နေကြပြီ ။ မတော်.. ပြုတ်ကျလို့  ထိုင်နေတဲ့ သစ်ကိုင်းလေး လွတ်သွားမှ ဖြင့် ၊“မျောက်သစ်ကိုင်းလွတ်” လို့  ပြောခံရတော့မှာပဲ ။ )
17 comments:
့်အမြဲတနိး ပဲ လောကကြီးကို ရွဲ့ ပြီးတော့  ပျော်ပျော်
နေ နေတတ်တဲ့  ငါ့ အမ တစ်ယောက် ဒီ တစ်ခါရေးတာ တော်တော် မြင့် နေတယ်။ ထပ်ဖတ် လိုက်ဦးမယ်ဗျာ။
အင်း... မြင် တာလေးကို မြင်တဲ့ အတိုင်းလေးပဲ ပြောကြည့် 
ချင်ပါတယ်လို့ ။
သူတို့  ကတော့  အနောက်ကို လှည့် ကြည့်  ချင်မှာ
မဟုတ်သလို ကြည့် စရာ လဲ လိုမယ် မထင်ပါ ။ စ ကတဲက
မနာလိုစိတ်၊ဖယ်မပေးချင်စိတ်၊အသုံးချချင်တဲ့ စိတ် မရိုးသား
တဲ့ စိတ်တွေနဲ့  စခဲ့ လို့  မျိုးစေ့ မမှန် အပင်မသန် ဆိုသလို
မမှန်တဲ့ မျိုးစေ့ တွေ နဲ့  စ ခဲ့ ဆိုက်ခဲ့  လို့  အခု မ်ြမာ
ပြည်ကြီး ကိုကြည့် ပါလေ၊ ရွှေမြန်မာ လို့ တောင် ခေါ်ဘို့ 
တန်သေးရဲ့ လား.. ပုတ်ဆော် နံ နေတဲ့  အရှေ့ အာရှ မှာ
အပုတ် ဆုံး တိုင်းပြည် ဖြစ်နေပြီလေ။
အြပုတ်နံ့  သွေးညှီ နံ့ တွေက မြတ်ရွှေ တိဂုံ ကိုတောင်
ရိုက်ခတ် ဖုံးလွှမ်းချင်နေပြီ မဟုတ်လား..။
ဒါကြောင့်  သူတို့ ယိုတဲ့ ချီး သူတို့ ပြန်ကြည့် မှာ မဟုတ်
ပါဘူး။
အမှန်ကို တကယ်မြင်နေတဲ့  သူတွေသာ ရဲရဲ ရှေ့ ထွက်
လာခဲ့ ကြပြီး မှန်တဲ့ လမ်းကြောင်း ကို မြန်မြန် ပြန်လျှောက်
ကြရင်ဖြင့်  အပုတ်နံ့  ကင်းဝေးတဲ့  တကဲ့ ရွှေ ပြည်တော်
ကြီး ဖြစ်လာတော့ မှာပါ..လို့ ။
(ထင်တာလေး တော့  ပြောလို့ ရမယ် ထင်ပါတယ်နော်။)
ကီးဘုတ်က လူ လို ( ဗမာပြည်လို) ပျက်ပြီး ကြောင်နေလို့ 
စာလုံးထပ်၊ စာလုံးကျန်၊ စာလုံးမှား များကို ဖြည့် စွက် ခံစား
ဖတ်ရှု့  ပေးကြ ပါလို့ ...။
ဗမာပြည်ကပျက်တာ မဟုတ်ပါဘူး အဖြူလေး..
ြဲမန်မာပြည်က သူ့ဟာသူနေတာပါ။ နိုင်ငံပျက်တာမဟုတ်ပါ။ ကိုယ့်တိုင်းသူပြည်သားတွေကတောင် ကိုယ့်နီုင်ငံကို ပျက်တယ်လို့ ရေးတာကိုဖတ်မိတော့ စိတ်ထဲမှာ မကောင်းပါဘူး။ ခွဲခြားမြင်ပါ။ နားလည်ပါ။ မြန်မာပြည်ကပျက်တာမဟုတ်ဘူး။ အဖျက်ခံရတာ။ အဖျက်ခံရတာ ဘယ်သူတွေ မကောင်းလို့လဲ .. သေချာကွဲပြားစွာ နားလည်ပေးကြပါ။ ငါတို့မြန်မာပြည်ကြီးပျက်နေတာ မဟုတ်ဘူးဟ
ဟုတ်
ဟုတ်ပါတယ်ဘော်ဘော်ရေ..။ ကျွန်တော် ခွဲခြား မြင်
ပါတယ်လို့ ။ ရေးပုံလွဲ တာလေး ဖြစ်နိုင်ပါတယ်။
လောဘဇော တွေ နဲ့ တက်လုပ် နေတော့  မလုပ်တတ်ပဲ
စနစ်တကျ ဖျက်နေသလို၊ အမှဲ ချွေ နေသလို အဖျက်ခံ
နေရတာကိုပါ။ ခံစားချက်ခြင်း တူပါတယ်ဗျာ။
တောင်းရမဲ့  ဆု ထဲမှာလေ...
နောင်ဘဝ များရခဲ့ ရင် အရပ်သား အစိုးရနဲ့  စုံစည်းရ
ပါလို၏... လို့ ။
( လျှာ နဲနဲ ထပ်ရှည်ခဲ့ ပါတယ်နော်။)
ပုံလေးက မမြင်ရဘူး :(
စာတွေပဲ ကူးမှတ်သွားတယ်..
ဖွားကိရေ အားလုံးကို သဘောတူတယ် ထောက်ခံတယ်
ဒါပေမဲ့ ပုံလေး မတွေ့ရတော့ သိပ်အရသာ မတွေ့သွားဘူး ..
မယ်ကိရေ အရှေ့လည်း မလျှောက်ပါဘူး။ အနောက်ကိုတော့ လှည့်ကြည့်စရာ ထင်ကြပါဘူး။ ခုံပေါ်ကနေ ခြေထိုးခံနေတာပါ။
မအယ်
အဲ ဘယ်မှာလဲမျောက်၂ကောင် ။ အဲဒီမျောက်၂ကောင်ကို ကြည့်ချင်ပါတယ်ဆိုမှး))
ရှေ့ကိုပဲကြည့်လျှောက်တာ ကောင်းမယ်ထင်တယ်အမ။ နောက်ကိုပါမျှော်ရပြန်ရင် ဦးလူထွေးလို ရှေ့ကမြောင်းကို မမြင်ပဲ မြောင်းထဲပြုတ်ကျနေမှအခက်းဝ
ငလျင်ကြောင့်စိတ်ပူနေတာ..
တော်သေးတာပေါ့..
ဘေးကင်းကွာလို့..
မဟုတ်ရင် လူထက် ပိုစ်တွေကို ပိုလွမ်းနေရမှာ :P
အမှန်တွေကို ဆိုနေပါလား အန်တီကိ။
ဟိုက် ဒေါ်ကိ မြန်မာစကားပုံ သင်များ သင်တော့မလား လို့ ဟိ
နားလည်ဘူး နားလည်ဘူး မီးက ခပ်မြင့်မြင့်ရေးရင် နားလည်ဝူးးး အဟီးးး ခုံယူလိုက်ဦးမယ် မှီဖို့အတွက် ဘာလို့ လဲ ဆိုဒေါ့ မီးက ရှည်လို့ အယ် ပုလို့ ခိခိ (ကိကိ ရဲ့ ညီမ)
ဒီတခါတော့ ရှင်ပြုတာမဟုတ်ဘူးလို့ စစချင်းရေးထားလို့ သိသွားတယ်။ နို့မဟုတ်ရင် မြန်မာပြည် ပြန်လည်တုန်း ရှင်လောင်းလှည့်တဲ့ အခမ်းအနားက အကြောင်းတွေပဲ ထင်နေဦးမှာ။ အတိတ်က အရိပ်ဆိုးတွေကြောင့် ပစ္စုပ္ပန်က ပုံပေါ်နေပြီး အခု ပစ္စုပ္ပန်ကလည်း အနာဂတ်အတွက် အတိတ်ဖြစ်လာဦးမယ်ဆိုတော့ ပြည်ကြည့်သင့်တာပေါ့။
ငုတ်တုတ်ကြီးပါအေ... ခြေထောက်တောင်ပါရဲ့လား မသိ.... အဟွတ်.... အော်အဲလေ... ကလားထိုင် အာ.... ရှုပ်ကုန်ပါပေါ့.... ဟဲဟဲ
ကုလားထိုင်လှုပ်တယ်လို့ ပြောကြပါတယ်...
ကိကီတို့ ကြီးစိုးတဲ့ ခေတ်မှာမှ သစ်ကိုင်းလှုပ်တယ် ဖြစ်ရတော့တယ်...
အင်း ဒီမျောက်တွေက ဘောင်းဘီဝတ်တယ်.. ဟုတ်စ...
းဝ)
အမှန်တရားများမို့ ထောက်ခံပါသည်။ အဟုတ်စ်နော်။ အတည်။
Post a Comment