ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အား အဖက်ဖက်မှ ခေတ်မီ တိုးတက် သာယာ ဝပြောသော စက်မှုအခြေခံ လူ့ဘောင်သစ် ကြီးဆီသို့  ဆက်လက်ချီတက်နိုင်ရေးအတွက် လမ်းညွန်မြေပုံကြီး အား ခေတ်အဆက်ဆက် တလက်ပြီးတလက် လွှဲပြောင်း ရေးဆွဲနေပါသည် ။
ရဟန်းရှင်လူ ပြည်သူအပေါင်းတို့  ဆန္ဒတွေ မစောကြစေလိုပါ ။ တနေ့ နေ့ တော့ ရောက်ရမည်မှာ မလွဲပါ ။
ကျောက်မီးသွေးကနေ မီးအားလျှပ်စစ်ထုတ်ပြီး ရန်ကုန် မြို့ တော်ကြီး မီးတွေ ထိန်ထိန်လင်းတော့ မတဲ့ ။ အနှစ်နှစ်အလလက ပျက်စီးနေတဲ့ လမ်းတွေကို ခါတော်မီ အဖွဲ့ ကြီးမှ ဦးဆောင်ပြီး အခမဲ့( အလှူခံ ) ဆိုင်းဘုတ်ကြီးတွေထောင်ကာ အမြန် ပြင်ဆင်ပြီးလို့ ၊ တို့ ရွှေရွာသားများ ညက်ညော နေတဲ့ လမ်းမကြီးတွေအပေါ်မှာ၊ ဈေးနှုန်းချိုသာ မော်ဒယ်မြင့် ကားသစ်ကြီးတွေ စီးရတော့မတဲ့ ။ ဟန်းဖုန်းကိုယ်စီ နဲ့ ဗုံးဘောလအော စကားတွေ လှိုင်လှိုင်ပြောကြရအောင် ဆင်းကပ် နဲ့ ဆဲဖုံးတွေ ရောင်းချပေးလို့  အဆင့် မြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ရကြတော့မတဲ့ ။ အမျိုးသမီး လေယာဉ်မှူးအလှပဂေး လေးတွေ မောင်းနှင်ပေးတဲ့  လေယာဉ်ကြီးတွေနဲ့  ဝေဟင်ခရီးမှာ မသေခင်စီးကြရတော့မတဲ့ ။
( ခုတလော မြင်မက်မိသော ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက်များ ဖြစ်ပါကြောင်း.... )
20 comments:
ဟေးးးးးးးးးးးးးးးးးးးးးးး တစ် ကွ နံပါတ် တစ်........ဘာမှမဖတ်ရသေးခင် နေရာ အပြေးလာယူတာ ခုမှ သွားဖတ်လိုက်ဦးမယ် ..:)
ဟိဟိ....
.. အနောက်ကိုတဲ့ မျှော်လိုက်ရင် ...................................................
ဟမ်.. ဘယ်က အိ့တုံးးးးးးးးးးးးးးးး
သူများ ၁ ယူမလို့ဟာ ။။။။။။။။။။။
စာမဖတ်ဘဲ လူလည်ကျ၏။
အဟဲ ခုမှပဲဖတ်ပြီးတော့ တယ် ...ဆောင်းတွင်းအိမ်မက် ကယောက်ကယက် နွေရောက်ရင် ဘယ်လိုတစ်မျိုးပြောင်း ပါမလိမ့် တွေးမိလိုက်ရဲ့..........:O
့ ဝေဟင်ခရီးမှာ မသေခင်စီးဘူး စီးဘူး (အမယ်လေး အိမ်မက်ယောင်တာ လန့် ထှာနော် .. )
ကိကိတယောက်တော့ လုပ်ပြီ ဘယ်မှာ ရှင်လောင်းလှည့်တဲ့အကြောင်းကို တင်ထားလဲမသိဘူးလို့ စဉ်းစားနေတာ ထင်ထားတာနဲ့ ဘာမှမဆိုင် ဖြစ်နေတယ်။
အမရေ..
ရေးချင်သလို ရေး၊ ဘယ်လိုပဲ ရေးရေး ဗမာပြည် အကြောင်း
ဆိုရင်တော့  အမြဲတန်း ပြောင်မြောက်တဲ့  အကြောင်းအရာတွေပဲ
ဖြစ်နေမှာပါ။ တစ်နေ့ တော့ ဖြစ်လာမှာပါ..အာ..ဟာ.....
( လှိုင်သံနဲ့  ဆိုပါ၊ ကိုစိုးပိုင် ဆိုသလိုလေ )
ဖွားကိ တို့ကတော့ လုပ်ချလိုက်ပြန်ပြီ
အိမ်မက်ဆိုတာ တကယ်လားဟင်...ဟင်..
မိုးမင်းကြီး
စိတ္တဇ ညများ...
အိပ်၍မပျော်သော ညများ ကုန်ဆုန်လွန်မြောက်ပါစေကွယ်....
အိပ်မက်လှလှလေးမက်ပါစေ မမ ကိ
း)))
ဖွားကိရေ အရှေ့ကို လျှောက်နေတာက ငွေနဲ့ ဈေးနှုံးဗျ အနောက်ကို လျှောက်နေတာက မြန်မာအစိုးရတွေဗျ ... သူတို့က လူတွေနဲ့ ပြောင်းပြန် လုပ်နေတဲ့ လူမဟုတ် သူတွေပေါ့ ...
ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဆိုတော့ကာ.. :)
တော်တော်ရေးတတ်တယ်နော်
ရှေ့ကိုလျှောက်ရင် အနောက်ကိုမမျှော်နဲ့နော်။
အရှေ့ပဲသေချာကြည့်လျှောက်း))
သိနေဒယ် သိနေဒယ် ..
အရှေ့ကိုလျှောက် လျှောက်ပါစေ မကိ ကလဲ ဟိ
ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား
(စင်းကဒ်နဲ့ ဖုန်းတွေ တကြော်ကြော် ခေါ်သော်လဲ မရကြောင်း ကြားပါသေးတယ်ဒေါ်ကိ...ဟိဟိ)
ဆန့်ကျင်ကြ ဆန့်ကျင်ကြ......
ဒေါ်ကိက..ဘယ်ပြည်ပ အားကိုးနေတုန်း...
ဘဘကြီးတို့က အရှေ့ကိုလျှောက်သလိုနဲ့ နောက်ပြန်လျှောက် လျှောက်နေတာကို ..
ဟို..လူကြီး မိုက်ကယ်
လမ်းလျှောက်သလိုလေ..ဗျာ..လေယဉ်မှုးအလှပဂေးတွေ မောင်းတဲ့လေယဉ်မှပဲ စီးတဲ့သူက စီးချင်တော့မှာပေါ့..မကိတို့ကလဲ..
အမျိုးသမီးအလုပ်အကိုင်အခွင့်အလန်းတွေဖွင့်ပေးနေတဲ့
ဟာကို..(ရန်ကုန်တမြို့လုံး..အနှိပ်ခန်း..၃၀၀၀ ကျော်ဆိုပဲ..)ဟဲ..အမျိုးသားတွေခမျာ..အနှိပ်သည်ဖြစ်ခွင့် မရရှာတော့ဘူး..နော်..
ဟေး.......ဟေး...ပျော်စရာကြီးကွ...
သြော်...အိပ်မက်ကိုး (ဒါ့ကြောင့် တစ်ခုခုတော့ လွဲနေပါတယ်လို့.... :D
ချစ်ညလေး
အိမ်မက် အိမ်မက် အိမ်မက် လို့ ပဲ သဘောထားလိုက်
ပါတော့ မယ်လေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒီအိမ်မက်ကလည်း အတည့် ကောက်ရမလား ပြောင်းပြန်ကောက်ရမလား :P
သာယာချမ်းမြေ့ပါစေနော်
မိုး
အင်း လူပြန်တော်မောင်စိုးတို့ က အခုမှဘ၀သစ်စရမှာမို့ အခုပဲကွန်ပြူတာအသစ်လေးတစ်လုံးနဲ့ အလုပ်မရှိခင်ပြေးကြူံးဖတ်မိတယ် အမလေးဗျာ ရှင်ပြုနဲ့ ပြန်တိုးတော့မလို့ တော်သေးရဲ့  မျှောက်နှစ်ကောင်ကယ်လိုက်လို့  ကဲ မျှောက်နှစ်ကောင်း ကျေးဇူးတင်တယ် ဒါပေမဲ့ သစ်ပင်ပေါ်ကမြန်မြန်ဆင်း --ငါအမြင်ကပ်နေတာကြာပြီ
အိပ်မက်ထဲမှာတော့ နိုင်ငံတော်ရဲ့ သဘောထားအမှန်တွေကို သဘောပေါက်တယ်ပေါ့...
းဝ)
Post a Comment