သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

မြေခွေးတကောင်ရဲ့ ကောက်ကျစ်ခြင်း ....

10 comments:

Sein Lyan Tun said... | Monday, May 18, 2009 5:23:00 PM

တစ်ကောင်တည်းပါ ဒါပေမယ့် ခြင်္သေ့
ကဗျာလေးက
အားမာန်တွေရော
အားမရမှူတွေရော
မကျေနပ်မှူတွေရော
ပါတယ်
ကြိုက်တယ်
တရား နဲ့  ဓါး ဒီအကြားမှာ
မတရားတာ များလှစွာကြောင့်
တရားကို ပစ် ဓါးကိုသာ ချစ်လိုက်ချင်ရဲ့ 
ကိုယ့်စိတ်မှာ စွဲ ။

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

တောင်ပေါ်သား said... | Monday, May 18, 2009 5:36:00 PM

အမရေ ကဗျာလေး ဖတ်ပြီး အားမာန်အပြည့် ဖြစ်စေပါတယ်ဗျာ.. အမှန်တရားတော့ ပေါ်လာစမြဲပါ အမရေ.. အားလုံး အဆင်ပြေချော့မွေ့မယ်လို့ ယုံကြည်နေပါတယ်


လေးစားလျက်
တောင်ပေါ်သား

မြစ်ကျိုးအင်း said... | Monday, May 18, 2009 7:04:00 PM

မြေခွေးကို မောင်းထုတ်ကြရမယ်
တစ်တပ်တစ်အား ပါဝင်မှာပါ...
ငါတို့စိတ်တွေ အတူတူပါပဲ..။
လွတ်လပ်ရေးက ချမှရမယ်...။

ဂျူနို said... | Monday, May 18, 2009 7:16:00 PM

ကိကိရယ်
ကြက်သီးတောင်ထတယ်။
တစ်ကယ်ပါပဲ ခုနေမှာ စိတ်က တော်တော်ကို ပေါက်ကွဲနေပြီမို့  ဖြစ်နိုင်ရင် အသက်ချင်းတောင် လှဲချင်တယ်။

ဒီခွေးတွေ သက်ဆိုးရှည်တာ ကိုယ်တို့ တွေ အသုံးမကျလို့ ။
ဒါ့ကြောင့် အရှက်မရှိ ပလင်တက်ထိုင်တာပေါ့။
ဘာလုပ်လုပ် ဒီစိတ်ပဲ။ ရထားတောင်မှားစီးမိတယ်။

mikozan said... | Monday, May 18, 2009 10:07:00 PM

သစ္စာ အဓိဌာန် ... အကယ်၍ အကြမ်းဖက်သမား လက်နက်ကိုင် သောင်းကျန်းသူ နအဖ၏ ယုတ်မာ ကောက်ကျစ်သော နည်းလမ်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တစုံတရာ ထိခိုက် ဘေးရန်ကျရောက်ခဲ့သည်ရှိသော် .. အဆိုပါ အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူ နအဖခေါင်းဆောင်များနှင့် ၄င်းတို့၏ နောက်လိုက်များအား အခွင့်သာသော နေ့ရက်များတွင် ပြန်လည်၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနှင့် ဒုက္ခအမျိုးမျိုးရောက်အောင်(မည်သည့်နည်းနှင့်မဆို) ပြုလုပ်နိုင်သော သူ ဖြစ်စေရမည်ဟု အဓိဌာန်ပြုသည်။

အဆိုပါ သောင်းကျန်းသူ ခေါင်းဆောင်များနှင့် နောက်လိုက်များအား အခွင့်မသာ၍ ပထမ အဓိဌာန် လွဲခဲ့သည်ရှိသော် ကျွန်ုပ်အသက်ရှိနေစဉ်ကာလ အတွင်း ၄င်းတို့၏ သားသမီး၊ မြေးမြစ်များအထိ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနှင့် ဒုက္ခ အမျိုးမျိုးရောက်အောင် ပြုလုပ်နိုင်သူ ဖြစ်စေရမည်ဟု အဓိဌာန်ပြုသည်။

ကျွန်ုပ် အသက်ရှင်လျှက် မရှိတော့သော အချိန်တွင်လည်း ၄င်းတို့၏ သားစဉ်မြေးဆက်များအား ဆက်လက်၍ ဆွေးမျိုး အစဉ်အဆက် ဒုက္ခပေးနိုင်အောင် နောင်မျိုးဆက်သစ်များအားလည်း ပြုစုပျိုးထောင်သွားမည်ဟု သစ္စာ အဓိဌာန်ပြုပါသည်။

thondrae said... | Monday, May 18, 2009 11:49:00 PM

ဘာဘဲဖြစ်ဖြစ် အမေ့ ကိုချစ်သည် ဒါဟာသစ္စာသွေးနဲ့ေ၇းခဲ့ တဲ့ အမေ့ သားရဲ့ စာ thondrae

ကိုလူထွေး said... | Tuesday, May 19, 2009 1:47:00 AM

ကိကိကဗျာက အတော်တာသွားတာပဲ..

အပေါ်မှာကြည့်...
ကြမ်းကုန်ကြပြီ

ဆက်လုပ်ရဲဘော်...

အိုက်ခီလောက် said... | Tuesday, May 19, 2009 4:21:00 AM

အမား နာ့လည်းပါမယ်
ချဉ်မထားခဲ့ပါနဲ့ 
တုံးတိုက်တိုက်ကျားကိုက်ကိုက် ဝင်ဖဲ့ချင်တယ်
ဓါး ကိုဓါးခြင်း လှံကိုလှံခြင်း ပြိုင်ထိုးလိုက်ချင်တယ်
သောင်းကျန်းသူ ဆိုပေမယ့် သူ့ အမျိုးတော့သူ့ ချစ်တယ်နော်
ဘာလို့ လည်းဆိုတော့ရှမ်းအဖွဲ့ အစည်းက နာ့ပါနေလို့ လေ

ခီခန့် said... | Tuesday, May 19, 2009 8:25:00 AM

ဟဟ...
မကီတော့ လေးစားတယ်ဗျာ...
ကျတော်တို့တော့ ဂျီတော့ ကနစ်မှာ ပဲစာတွေတင်နိုင်တယ် ပါဝင်နိုင်တဲ့ဘက်တွေက ပါဝင်မယ်ဗျာ.. တောင်ကြီးမိသားစုထဲလဲ ၀င်အော်မယ်ဗျာ...။
တနေ့ဖြစ်လာမှာပေါ့.. အားမငယ်နဲ့ တောင့်ထား..
ပြီးရင် မင်းတို့တဆွေမျိုးလုံး ငါတို့ခံခဲ့ရတာထက် အဆတရာ ပြန်ခံရစေမယ်..ကမ္ဘာမကြေဘူးဟေ့.. မင်းတို့ဆွေစဉ်မျိုးဆက် ပြန်ခံစား၇မှာပါကွာ.. သေရင်တောင် ငရဲ ဂျိုးကပ်ပြီး ပြန်ပေါ်လာမှာမဟုတ်ပါဘူး..
ကံစီမံရာအတိုင်း ပြန်ခံရမှာပေါ့.. အမှားကို အချိန်မှီတုန်း ပြန်ပြင်လိုက်ပါ..တော့..။

မသက်ဇင် said... | Thursday, May 21, 2009 10:22:00 PM

ဆင်သေကို ဆိတ်ရေနဲ့ ဖုံးလဲမရပါဘဲ
စွဲချက်တွေ ဘယ်လိုတင်ကာထား ၊
တရား နဲ့  ဓါး ဒီအကြားမှာ
မတရားတာ များလှစွာကြောင့်
တရားကို ပစ် ဓါးကိုသာ ချစ်လိုက်ချင်ရဲ့ 
ကိုယ့်စိတ်မှာ စွဲ ။

ကောင်းလိုက်တဲ့ကဗျာ ကိကိရေ
တော်လိုက်တာ