စနေ တနင်္ဂနွေ ပိတ်ရက် အားလပ်ရက် မှာ ပေါ့ပေါ့ပါးပါး လေးပေါ့ ။ အမြဲတမ်း မပေါ့မပါးကြီး ဖြစ်နေရတာ လူလည်းပင်ပန်း စိတ်လည်းပင်ပန်း တယ်မဟုတ်လား ။ တကယ်ဆိုရရင်တော့ ဘလော့ ထဲ မှာ စာရေးခြင်း ကို ပျင်းရိ ငြီးငွေ့  နေတဲ့ အတွက် ပို့ စ်တွေ ဆက်မရေးဖြစ်တော့တာ ။ ဘလော့လည်ခြင်းကိုလည်း သိပ်မလုပ်ဖြစ်တော့တာ ပါ ။ ဒီထက်ပိုမှန်ကန်စွာ ဆိုရမယ်ဆိုရင်တော့ ဖဘ လို့  ဆိုနေကြတဲ့ မျက်နှာစာအုပ် ပေါ်မှာပဲ အချိန်တွေ ကုန်နေမိလို့ ပါ ။ အရင်ကတော့ ဂိမ်းတွေ သည်းသည်းမဲမဲ ကစားတယ် ပေါ့ ။ ခုတော့ နဲနဲ အမြင်မှန်ရလာလို့  ဂိမ်းတွေနဲ့ အချိန်သိပ်မဖြုံးတော့ပါဘူး ။ လူမှုရေးကွန်ယက် ဆိုတဲ့အတိုင်း အဲဒီကွန်ယက်ကြီးထဲက တဆင့် ကမ္ဘာ့သတင်း မြန်မာ့သတင်း ပေါင်းစုံကို ဟိုဝင် ဒီထွက် ဖတ်မိ ခြင်း ၊ မိတ်ဆွေ အပေါင်း အသင်းများ နဲ့ လတ်တလောအကြောင်းအရာ အမြင်များ ဖလှယ်ခြင်း ၊ နောက်ပြောင်ခြင်း၊ အစရှိတာတွေနဲ့ အချိန် ကုန်တာ များပါတယ် ။ ကဲ..စကားကြော ရှည်နေတာနဲ့ လိုရင်း မရောက်တော့ဘူး ။ ပေါ့ပေါ့ပါးပါး ဖြစ်အောင်ပဲ ဆက်လက်ရှုစားကြတာပေါ့ ။
မျက်လုံးချင်းဆုံရင်ခုန်ရမဲ့ အရွယ် မှာတော့ တယောက်မျက်နှာ တယောက်ကြည့်ကာ နဲ့ ဒိန်းတပ်တပ် ဖြစ်လေ့ရှိကြတယ်။ အဲဒီအရွယ်ကနေ လွန်မြောက်လာကြတော့ မျက်ဝန်းထဲမှာ အဖြေရှာတတ်လာကြတယ် ။ တဦးနဲ့ တဦး စပြီး တွေ့ စုံ သိကြွမ်း ကြသူများ ဘယ်နေရာကို စပြီး ကြည့်လေ့ရှိကြသလည်း ။ လူတိုင်းတော့ အလေ့အကျင့်ခြင်း တူကြမယ် မဟုတ် ။ တချို့ က ခြေထောက် ကို စပြီးကြည့်တတ်ကြတယ်။ တချို့ ကျတော့ ခန္ဓာကိုယ် အချိုးအဆက် ကိုယ်လုံးကိုယ်ပေါက် ၊ တချို့ ကျ မျက်နှာပေါက်၊ တချို့ ကျ အဝတ်အစား အပြင်အဆင် စသဖြင့် ကြည့်တတ်ကြတယ် ။ တချို့ ကျ အထက်စီးကနေ မတူသလို မတန်သလို မျက်နှာပေးမျိုးနဲ့ တဖက်သားကို ကြည့်တတ်ကြတယ်။သန်ရာ သန်ရာ အကျင့် တမျိုးစီ ရှိတတ်ကြတာပေါ့ ။
ဘယ်နေရာကိုပဲကြည့်ပြီး အဓိပ္ပါယ် ဖေါ်ဖေါ် မျက်ဝန်းထဲက အရိပ် ကို တော့ လိမ်ညာ ဟန်ဆောင် ဖုံးကွယ်ထားလို့ မရစကောင်းပါဘူး ။ မျက်ဝန်း ဆိုတာ စိတ်ရဲ့ သဏ္ဍန် ကို ဖေါ်ဆောင်ပြလေ့ရှိကြတယ် ။ မျက်လုံးများမှတဆင့် ထိုသူ မှာ -စိတ်တည်ငြိမ် ရင့်ကျက်သူ၊ ဖြောင့်မတ်သူ ၊ စိတ်ထား ကောက်ကျစ်သူ ၊ စိတ် ဂဏာမငြိမ်သူ စသဖြင့် ခွဲခြား ကြည့်မြင်လို့ ရနိုင်ပါတယ်။
တချို့များ လူကဲခပ် သိပ်တော်ကြတယ် ။ လူတယောက်ကို ကြည့်လိုက်တာနဲ့ သူ့ ဝမ်းထဲမှာ အူ ဘယ်နှစ်ခွေ ရှိသလည်းဆိုတာကိုတောင် အတပ်သိ တယ်ဆို ပဲ ။ အဲသလောက်ကြီးကတော့ လွန်တာပေါ့ လို့ ပဲ ပြောရမလို။
အဲဒီတော့ မလွန် ရလေအောင် ကိုယ့်မျက်ဝန်းရိပ်ပဲ ကိုယ်ပြန်ကြည့်ကြတာပေါ့ ။ကဲ.. စကြည့်ကြမယ် ။
တကယ်လို့ သင်ဟာ ကုမ္ပဏီကြီး တခုနဲ့ ပတ်သက်နေတဲ့သူတယောက် ဆိုကြပါတော့ ။ သင် ဟာ အဲဒီ ကုမ္ပဏီကြီး မှာ ဘယ် အဆင့်အတန်း ဖြစ်ပါသလည်း ဆိုတာ ခန့် မှန်းကြ ရအောင်.။အပေါ်မှာ ပြထားတဲ့ ပုံတွေ ထဲကနေ သင့်မျက်ဝန်းရိပ်နဲ့ ထပ်တူညီမယ် ထင်ရတဲ့ ပုံတပုံကို ရွေးလိုက်ပါ ။ နံပါတ် (၁) မှ နံပါတ်(၆) ထိ တခု ပဲ ရွေးပါ ။( ခွေးနဲ့ နှိုင်းရက်လေခြင်းလို့ တော့ မထင်ကြစေလိုပါ ။ )
----------------------------------------------------------------------------
သေချာ ရွေးပြီးပြီ ဆိုရင်တော့ အောက်တပုံ ကို ဆက်ကြည့်လိုက်ကြတာပေါ့ နော် .။ နဂိုက တရုပ်စာသားတွေနဲ့ ရေးထားတာမို့  အဆင်ပြေအောင် ဘာသာပြန်ပေးထားပါတယ် ။ မှန်တာရှိ ဝန္ဒာမိ ပါ ။း))
-(၁)သူဌေးကြီး - မင်းတို့ ဘာတွေလုပ်နေသလည်းဆိုတာ ငါအကုန်သိနေတယ် ၊ အလုပ်ကောင်းကောင်း လုပ်ကြ ဟေ့ ဆိုတဲ့ စူးရှရှ မျက်နှာပေး အကြည့်။
-(၂)အထွေထွေ မန်နေဂျာ - ငါ မျက်နှာရအောင် သူဌေးကိုဖါးအုံးမှ ပဲ ဟူသော အကြည့်မျက်ဝန်း။
-(၃)မန်နေဂျာ -အောက်ကကောင်တွေကို မျက်လုံးဒေါက်ထောက်ပြီး ကြည့်ထားမှ ၊ အပေါ်က မန်နေဂျာကြီး ကိုလည်း အလိုက်သိအုံးမှ ဟဟဟ ... အကြည့်။
-(၄)Secretary ဘောစိရဲ့ စက်ကပ်ကျေး-သူဌေး စိတ်မကွက်ရအောင် ပြာယာခပ်ပြီး စီစဉ်ပေးနေရတဲ့ ရှပ်ပြာပြာ မျက်ဝန်းရိပ် ။
-(၅)ရိုးရိုး ဝန်ထမ်း အလုပ်သမား- ခိုင်းတာလုပ် ၊ ကြုံရင် ရေသာခို ၊အချိန်တန် လခ ယူရုံပဲ ။ အချိန်ရှိခိုက် လုံ့ လစိုက်စွာ ငိုက်မြည်းနေတဲ့ မျက်ဝန်းလေး။
-(၆)အလုပ်သင် - ဘုမသိ ဘမသိ ဟိုဟို ဒီဒီ ရဲ့ အဟောက်ခံ မျက်ဝန်းလေး ။
ကဲ ..သင့် ရဲ့ အလုပ်ခွင် မှာ သင် ဘယ်အဆင့်ရှိနေလည်း ။ မှန် / မမှန် တော့ သင်ကိုယ်တိုင်ပဲ သိပါလိမ့်မယ် ။
မိတ်ဆွေ အားလုံး နံပါတ် (၁) ဖြစ်ကြပါစေ ။ ဤ ဒီစာရေးသူ ခမျာမတော့ တန်ရာတန်ရာ နံပါတ် (၅) မျှသာ ဖြစ်ပါကြောင်း အသိပေး ဝန်ခံအပ်ပါတယ် ။ တကယ်ပါ ။ ခုတလော ဖဘကြီးထဲ အချိန်ကုန် အိပ်ရေးပျက်တာများလာတော့ နံပါတ် (၅) အဆင့်သာ ရှိပါတော့တယ် ။
တရုပ်တွေရဲ့ အကြည့် မျက်ဝန်းရိပ်ကို ပုံဖေါ်ထားတဲ့ တရုပ်အတွေး ပုံလေးတခုကို ပြန်လည် မျှဝေလိုက်တာပါ ။
ချစ်မိတ်ဆွေ များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ..။
7 comments:
သာဌေးမျက်လုံးပိုင်ရှင်
ဖြစ်ချင်ပါသည်။း)
အစ်မပြောသလို..ကိုယ့်မျက်လုံးကို
မှန်ထဲသေချာကြည့်တာ..တစ်ပုံနဲ့မှမတူသလိုပဲ
အမျိုးမတူလို့ထင်တယ်နော်အစ်မး)
ပျော်ရွှင်ကျန်းမာပါစေရှင်
ခင်မင်စွာဖြင့်
မိစံ
မကိရယ်
တို့ဖွကိလေး အမြဲတမ်းပေါ့ပါးနေတာကနေ့ မပေါ့မပါးဆိုတော့ ငိုက်မြည်းနေတဲ့ ညက်ချိလေးကို ပြူးရော....
အင်းမကိပြောသလို ကိုယ့်မျက်လုံးကို မကြည့်မိတာ အတော်ကြာပြီ အိပ်ယာက နိုးတာနဲ့ မှန်မကြည့်ဘဲ ကွန်ပျူတာကိုသာ တွင်တွင်ကြည့်နေတော့ ခက်တယ် အခုတော့ ကိုယ့်မျက်လုံးပြန်ကြည့်အုံးမှ
ခင်တဲ့
စစ
ငါ့မျက်လုံးကလည်း နင့်လို ဟာမျိုးပဲလေ... ခိခိ ကြည့်နေကြတာ ချစ်ချာကြီးတွေ...
နံပါတ်၅ မျက်လုံးလေးက ကိုယ်နဲ့တူသလိုလို ထင်လိုက်မိတယ်.. ဟိဟိ
သာမီးကနံပါတ် ၆ :((
ကွန်စားတန့်တွေရဲ့ မျက်လုံးလေးလည်း လုပ်ပါအုံး မကိ :P
မျက်လုံးနံပတ် (၆)ကိုရွေးလိုက်ထှာပေါ့...။ ဘာရမလဲ..။ :)
Post a Comment