သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည် ၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။ [ဇော်ဂျီ ]

အစပ်ချင်းပြိုင် နိုင်ကြရာဝယ်..

10 comments:

rose of sharon said... | Saturday, April 30, 2011 1:28:00 PM

ငြုပ်သီးတွေကလဲ လှလိုက်တာ... ကိရေ...သေချာတယ်... အညစ်ပြိုင်ပွဲဆိုရင် သူတို့တွေ ပြိုင်ဘက်မရှိပထမရမှာ....

Anonymous said... | Saturday, April 30, 2011 4:13:00 PM

မကိရေ

ငြုတ်သီး ကတော့ ကြိုက်တယ် မပါရင် ထမင်းစားမဝင်ဘူး

ပြိုင်ပွဲထဲတော့ စာရင်းမသွင်းလိုက်နဲ့နော်

ခင်တဲ့
ရွှေစင်ဦး

စံပယ်ချို said... | Saturday, April 30, 2011 5:31:00 PM

ငြုတ်သီး ကတော့ ကြိုက်တယ်
ထမင်းပဲစားစားမုန့်ဟင်ခါးပဲစားစား
အသုတ်ပဲစားစားပါကိုပါမှ
ကျေးဇူးပါရှင်။

ကိုဇော် said... | Saturday, April 30, 2011 9:33:00 PM

ဆွဲချက်ကတော့ အားရစရာကြီး . . .
အရင်ကတော့ ငရုပ်သီးကို သိပ်မကြိုက်ဘူး။ ဒါကြောင့် ပိန်နေတာ ထင်တယ်။ အခုနောက်ပိုင်း ရအောင် စားရင်းနဲ့ ကြိုက်လာတယ်။ အခုတော့ စပ်စပ်လေး စားရတာ ခံတွင်းတွေ့ပါတယ်။ ဒါကြောင့်များ ဝလာတာလား မသိ။

ahphyulay said... | Saturday, April 30, 2011 9:33:00 PM

အင်းလေ..
ကျွန်တော်တို့ မျိုးက အစပ်မျိုးပဲ။
လူတိုင်းအစပ်ကြိုက်ကြတာ။လူကြီးတွေဆို
ပိုတောင်အစပ်ကြိုက်သေး။
ပေါက်ဖော်တွေနဲ့  စပ် နေတာလေ..။
အဲ.. ဘေးရောက်သွားလို့  ရပ်ပြီ...

ချော(အစိမ်းရောင်လွင်ပြင်) said... | Saturday, April 30, 2011 11:09:00 PM

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်မှာလည်း ငရုပ်သီးတစ်မျိုးရှိတယ် ရွှေလှံဘိုလို့ခေါ်ကြတယ်
ငရုပ်သီးတစ်တောင့်ကို လနဲ့ချီ စားလို့ရတယ်ဆိုဘဲ
သိပ်စပ်လွန်းတော့ ဟင်းအိုးထဲ ခပ်ရင်တောင် ငရုပ်သီးတောင့်လေးကို ကြိုးနဲ့ချည်ပြီး အိုးထဲခနထည့် ပြီးရင် ပြန်ဆယ် ယူလိုက်ပြီး မီးဖိုနံရံမှာ ပြန်ချိတ်ထား။ လိုတဲ့အချိန်တိုင်း ခုလို ဟင်းအိုးထဲ ထည့်ထည့်စား ဆိုဘဲ
မြင်တော့မြင်ဖူးတယ်။. စမ်းတော့ မစမ်းကြည့်ခဲ့ဖူးဘူး ပုပုသေးသေးလေးပါဘဲ
ဒီကတော့ ငရုပ်သီးသိပ်ကြိုက်
စားသမျှဟင်း ငရုပ်သီးပါတယ်း)

မိုးခါး said... | Sunday, May 01, 2011 12:22:00 AM

ကြည့်ရင်းတောင် ကြက်သီးထတယ် .. :D

Anonymous said... | Sunday, May 01, 2011 4:36:00 AM

ဒီမှာလည်းရတယ် အဲ့လို ငရုပ်သီးမျိုး
အရမ်းစပ်တယ် စားပြီးရင် ရင်ဝမှာလာပူပြီ
ဗိုက်အောင့်စေတယ် မစားတာအကောင်းဆုံးပဲ
ကျမက အရမ်းစားလို့ ခုချိန်မှာ လေနာဖြစ်နေတာ

An Asian Tour Operator said... | Monday, May 02, 2011 2:11:00 PM

ကျနော် တို့အညာမှာ လဲ ရွှေအပ် သီး ဆိုတာရှိတယ်။ ကိုင်းငရုတ် လိုပါပဲ။ စပ်တယ်တအား။

Nge Naing said... | Monday, May 02, 2011 8:02:00 PM

ကျေးဇူးပဲ Kiki ရေ ငြုပ်သီးက အကျိုးရှိမှန်းတော့သိတယ်။ ဒါပေမဲ့ ငြုပ်သီးမှာ ဒီလောက်အဟာရ ပြည့်စုံမှန်းတော့ အခုမှပဲသိရတယ်။ ငရုပ်သီးက ကင်ဆာကိုလည်း ကာကွယ်တယ်ဆိုတာ Public Health in Myanmar က ပို့စ်တခုမှာလည်း ဖတ်ဖူးတယ်။ ဖြစ်လည်းဖြစ်နိုင်တယ် ကင်ဆာဖြစ်တယ်ဆိုတဲ့လူ အတော်များများ တွေ့ဖူးသလောက်တော့ ငြုပ်သီးကြိုက်တဲ့သူတွေ မဟုတ်ဘူး။ ကျွန်မကတော့ ငြုပ်သီးမပါရင် ထမင်းစားလို့ မတင်းတိမ်တတ်တော့ အဲဒါကောင်းတဲ့ အလားအလာပဲ။