နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်၊ တန်ခူးအတာ သင်္ကြန်ချိန်လွန်မြောက်လို့  တနှစ်ကူးခဲ့ပြန်ပါပြီ၊ ၁၃၇၃ ခုနှစ် မြန်မာသက္ကရာဇ် နေ့ သစ် ၊ နှစ်သစ် မှ စ၍ ၊ မြန်မာနိုင်ငံသူ နိုင်ငံသား ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း အပေါင်းတို့ ၊ ဘေးဘယာ ဝေးကွာ ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စွာဖြင့် မိမိတို့ ခန္ဓာဝန်ကို ထမ်းဆောင်နိုင်ကြပါစေ လို့  ဦးစွာ ဆုတောင်း မေတ္တာ ပို့အပ်ပါတယ် ။
နှစ်သစ် မှာ ၊ ကိုယ့် အဖြစ် တောင် ကိုယ်မသိ ဖြစ်ခဲ့မိလို့  ကိုယ့်ဘလော့ အိမ်ပျောက်နေမှန်း မသိ လို့  ခုလို နောက်ကျ သွားရတဲ့ ဆုတောင်း လေးအတွက် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရပါတော့မယ်။
နှစ်ဆန်းတရက်နေ့က မရွှေစင်ဦး မေးလာမှ သိရတဲ့ အဖြစ်ပါ ။ နဂို ရှိနေတဲ့ ဘလော့လိပ်စာ www.kiki-idiotlove.com ရဲ့ ဒိုမိန်းက ဒီ ဧပြီလ ကုန်မှာ သက်တန်း ပြည့်ပါမယ်၊ ဒါကို ဆက်မထားလိုတော့လို့ ( အမှန်ဆုံး ပြောရရင်တော့ ဘလော့မှန်မှန်ဆက်ရေးဖို့  သိပ်မသေချာတော့တာမို့ ပိုက်ဆံ ထပ်မပေးလို၍- )အလကားသုံးရတဲ့ www.kiki-idiotlove.blogspot.com ကိုပဲ သုံးဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ဒိုမိန်း ဝယ်တဲ့နေရာက ရေးထားချက်တခုက အကယ်၍ ဆက်မသုံးပါက သတ်မှတ်ရက်လွန်သွားရင် နဂို ရှိရင်းစွဲ ဘလော့ ပျက်သွားနိုင်တယ် လို့  ဆိုထားတာကြောင့် ဘလော့စပေါ့ သို့  အရင် ပြောင်းနှိပ်မိလိုက်ပါတယ်။ ( ကိုယ့်ဘလော့လေး သံယောဇဉ်က ရှိနေသေးတာကိုး... ) ဒါကြောင့် နဂို ဒေါ့ ကွန်း မှ နေပြီးတော့ ဘလော့စပေါ့ ဖြစ်သွားတာ ကိုယ့်ဟာကိုယ်လည်း သတိမထားလိုက်မိပါဘူး ။
သင်္ကြန်တွင်း မှာ လည်း ဖဘ(facebook ) မှာပဲ ပျော်ရွှင်စွာ သင်္ကြန်ကျနေမိတာကြောင့် ဘလော့ အိမ်များနဲ့ အဆက်ပြတ်နေခဲ့ပါတယ်။
နှစ်ဆန်းတရက်နေ့ ။ ။ မရွှေစင်ဦး မေးလာတော့ မှ အလန့်တကြား နဲ့ ကိုယ့်ဘလော့ ကိုယ်ဘယ်အပေါက်ကဝင်ရမှန်းမသိ ။နောက်ဆုံးတော့ မှ ဟိုနှိပ် ဒီနှိပ် နဲ့ ဘလော့စပေါ့ ပြောင်းနေမှန်း သိလိုက်ရတယ်။ ဒါနဲ့ ကိုဇော် ဆီ အပူကပ်ပြီး ဘလော့လိပ်စာလေး ပြန်ပြောင်းတင်ပေးပါ လို့ လှမ်းအော်မိပါသေးတယ်။
သူလည်း ပြောင်းတင်ပေးပါတယ်။ အဲ့ဒီနေ့ က ချက်ချင်းပြောင်းတင် မရလို့  နောက်နေ့မှ တင်ပေးမယ် ဆိုတော့ အိုကေ ပေါ့လေ.. ကျုပ်ကျက်လိ လိုက်ပါ ပေါ့ ။
ဒီနေ့ တော့ ကိုဇော်ဆီက မက်ဆေ့ခ်ျ တွေ့လိုက်တယ်။ ဘလော့စပေါ့နဲ့ လင့်ပြန်ချိတ်လို့ လဲ မရ ဘူး တဲ့။
ဒီတော့ ဘယ်လိုလုပ်ရမှန်းမသိ။။
ဒါ နဲ့ ပဲ လောလောဆယ်မှာ ဒေါ့ကွန်း နဲ့ ပဲ ဆက်သုံးနေပါတယ်...
မကြာမီ ရက် ပိုင်း အတွင်းမှာ တော့ ဒီ “ဒေါ့ကွန်းကြီး ”ပျောက်ကောင်း ပျောက်သွားပါလိမ့်မယ် ။
ပျောက်သွားခဲ့ရင်တော့ .. www.kiki-idiotlove.blogspot.com အဖြစ်နဲ့  အော်တိုဝင်၊ မဝင်တော့ မပြောတတ်သေးပါ။
တကယ်လို့  အော်တို မဝင်ခဲ့ပါက ချစ်မိတ်ဆွေများရဲ့ အိမ်မှာ ချိတ်ထားပေးတဲ့ အကျွန်ုပ် ရဲ့ ဘလော့စပေါ့ လိပ်စာလေးကို ပြောင်းပြီး ချိတ်ထားပေးကြပါလို့ မေတ္တာရပ်ခံ လိုပါတယ်။ မိတ်ဆွေများ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရင် လည်း အနူးအညွတ်တောင်းပန်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ် ။
5 comments:
အော်တို မ၀င်ရင် ပြောင်းချိတ်ပါ့မယ်။ စာကိုသာ ဆက်ရေးပါ။ အားလဲ ပေးနေပါ့မယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အေးဆေးပေါ့ မကိရဲ့။ အဆင်ပြေမယ် ထင်တာပဲ။ အခုတော့ Blogspot နဲ့ မပြေသေးဘူး. . .ဟီး။
မကိ ရေ
ဘလော့ဂ် ပျောက်သွားလို့ ချစ်သူ နောက်များလိုက်သွား လားလို့ ပူလိုက်ရတာ အဟဲ..
လူဆိုရင် ဘယ်လိုနေမလည်း မသိ
ချစ်တဲ့
အမရွှေစင်
မှတ်ထားပါ့မယ်။ ဆက်သာရေးပါ။ အမ မရေးတော့ရင် နှမြောစရာဘဲ။
ကျွန်မဆီမှာတော့ ၀င်တယ်။ နှစ်သစ်ဆုတောင်းကိုတော့ နှစ်မကူးခင်က ကြိုပြီး ဆုတောင်းလိုက်ပါတယ်။ နှစ်သစ်ရောက်လည်း မသစ်လာတာတွေ ရှိတာတော့ တူတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
Post a Comment