အလှထူးတဲ့ လတန်ခူးသို့  ရောက်ခဲ့ရပြန်ပြီ ။ ပူလောင်လှတဲ့ နွေရာသီမှာ နေရထိုင်ရတာ မသက်မသာ ရှိပေမဲ့ သူ့ အလှနဲ့သူ ရှိနေတာမို့  အလွမ်းဓါတ်ခံ ရှိသူများ နှစ်သက်ကြပါလိမ့်မယ်၊ နွေဥသြတွန်ကျူးတာတို့  ၊ လေအဝှေ့ မှာ နွေရွက်ကြွေတာ တို့ ၊ပိတောက် နဲ့ ငုရွှေဝါတို့  အဖူးအစုံ ပွင့်တာတို့ ကို ကဗျာဆန်စွာ ခံစားတတ်သူများလည်း စာဖွဲ့  ကဗျာစပ်ကြလေတယ်ပေါ့ ၊ ဒီနွေမှာ ပဲ အတာရေဖြန်းပြီး နှစ်သစ်ကြို ပွဲ လည်း ရှိနေသေးတော့ နှစ်သက်စရာ ကာလလေးတခုလို့  ဆိုရင်လည်း လွန်မယ် မထင် ၊ ငယ်စဉ်အခါတုံးက ပျော်ရွှင်ခဲ့ရတဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတွေကို ပြန်သတိရ အောင်းမေ့ စွာ နဲ့ ပဲ ဒီနှစ်မှာ ကြိုတင်ကျင်းပခဲ့တဲ့ အဝေးရောက် မြန်မာပြည်သားတွေ ရဲ့ ( တနည်းပြောရရင် ) တရုပ်ပြည် က မြန်မာတန်း မှာ ဧပြီလ ၁၀ ရက် ၊ ဒီနေ့ မှာ ကျင်းပခဲ့တဲ့ နှစ်ကူးသင်္ကြန်ဆင်နွှဲကြပုံများကို ပြန်လည် မျှဝေပေးလိုက်ပါတယ် ။ သူ့ ဒေသ ၊ သူ့  ကာလ မှာ ၊ ကိုယ့်ဓလေ့ ကိုယ့်ရိုးရာ လည်း မပျက် ၊ ပျော်စရာ လွမ်းစရာ ပုံရိပ်များ အမှတ်တရ အဖြစ် နဲ့ ရှုစားကြပါ ။
မြန်မာပြည်ဖွား တရုပ်အများ နေထိုင်ကြတဲ့ ကျုံးဟို ရပ်ကွက် ဝှာရှင်း လမ်းမ အဝင်မှာ ဦးစွာ တွေ့မြင်ရတဲ့ ဗုဒ္ဓဘုရားရှင် ရုပ်ထု ၊ ပူဇော်ထားကြတဲ့ မဏ္ဍပ်ပါ ။ တချို့ က ပြောတာ ...လမ်းအဝင်ဝမှာ ဘုရားကို အစောင့်ချထားသလိုမျိုးဖြစ်နေပါတယ်တဲ့။ သူတို့ ကတော့ အန္တရာယ်ကင်းသဘောမျိုး နဲ့  ပူဇော်ပသထားတဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်...
ဒါကတော့ ဇာတ်စင်ပေါ်မှာ မြန်မာအကနဲ့ ဖျော်ဖြေနေကြတဲ့ မြန်မာပြည်ဖွား တရုပ်များပါ ။
ပန်းကုံးစွပ်ထားတဲ့ သူကတော့ ထိုင်ပေမြို့ သစ်က မြို့တော်ဝန် ပေါ့ ။သမ္မတကြီးက အစ၊ ဘယ်လောက်ရာထူးကြီးကြီး ၊ လူတွေကြားထဲထွက်ဖို့ ၊ ဆင်းဖို့  ဝန်မလေးကြပါဘူး ။ သူလို ကိုယ်လို တွေပါပဲ ။( ရွှေပြည်ကြီးက မြို့ တော်ဝန်ကြီး နဲ့  ယှဉ်ပြီးတော့ မပြောလိုတော့ပါဘူး...း))))
ဓါတ်ပုံတွေကို တစုတဝေးထဲ ကြည့်ချင်သူများအတွက်ပါ ။သိပ်မလုပ်တတ်လို့ ပုံတွေ ဝါးတားတားဖြစ်နေတာ သည်းခံတော်မူ......
ခုခေတ်သင်္ကြန်ပွဲတော် ဆိုတာ ကတော့ ဟေးလားဝါးလား သဘောလောက်သာ ရှိနေပါတော့တယ်။မြန်မာပြည်မှာလည်း ရှေးမူမပျက် ရိုးရာယဉ်ကျေးမှု မပျက် ဆက်လက်ထိန်းသိမ်း ထားကြတဲ့ သင်္ကြန်ပွဲကျင်းပတဲ့နေရာများလည်း မရှိသလောက် ရှားပါးနေကြပါပြီ။ သီချင်းကျယ်ကျယ်ဖွင့် စင်မြင့်ပေါ်ကလူတွေရော၊ စင်အောက်ကလူတွေပါ မပေါ်တပေါ်ဝတ်၊ ယိမ်းထိုးလှုပ်ရှားကကြ၊ အရက်မူး၊ရန်ဖြစ်ကြ ၊ အဲ့ဒါ မြန်မာ့သင်္ကြန် နှစ်ကူးပွဲ လို့ သတ်မှတ်ထားကြသလိုပါပဲ ။မနှစ်ကနဲ့ မတူ ..တိုးတက်လာ တဲ့ တချက် ကတော့ မဏ္ဍပ်တိုင်းမှာ CCTV ရုပ်သံဖမ်းစက်နဲ့ ဗုံးရှာ ကရိယာ တွေ ပြည့်စုံပါမှ သင်္ကြန်မဏ္ဍပ်လို့ သတ်မှတ်လာကြတာပါပဲ ။ ဪ... ဟေးလားဝါးလား ပျော်ဖို့ အတွက် ဟေးလားဝါးလား သတ်မှတ်ချက်တွေ ...။
သူ့ ခေတ်အခါအလျှောက် ဟေးလားဝါးလားကြိုက်သူများအတွက် လိုက်ဖက်ညီတဲ့ သီချင်းလေးကတော့ ဒီမှာရှိပါတယ် .. နားဆင်လိုရင် “ကလစ်” တော် မူလိုက်ပါ၊
15 comments:
တိုင်ပေသင်္ကြန်လာလည်သွားပါတယ်။
ကျမငယ်ငယ်ကကြုံခဲ့တဲ့ ခွက်စုတ်နဲ့ ရေပြွတ်နဲ့ ပက်တဲ့ သင်္ကြန်တောင်လွမ်းသွားပါတယ်။
ရောက်ကြောင်းသတင်းပို့ပါဧ။်
စူးနွယ်လေး
မကိ..
ဟေလား ဝါးလားဟေ့...
လာငေးသွားတယ်...
သင်္ကြန်ကို သတိရတယ်...
ဒါပေမယ့် မပျော်တတ်တော့ပါဘူး...း(
အဟဲ မမကိ တူတူပဲ မွန်လည်းတင်ထားတယ်..ပုံတွေ မမကိကသီချင်းလေးနဲ့ ဂွတ်တယ်။
ဟေးလားဝါးလား သင်္ကြန်ကို လာလည်သွားပါတယ်။ သီချင်းပဲ ကြားတယ်၊ ဟေးလားဝါးလား လုပ်နေတာ သိပ်မတွေ့ပါဘူး။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။
နှစ်သစ်မှာ ပျော်ရွှင်ပါစေခင်ဗျ။ တိုင်ပေ သင်္ကြန်ကို လာလည်သွားတယ်။
ကိ...စလုံးကိုလာခဲ့ မြန်မာသင်္ကြန်ကို ခံစားချင်ရင်....၊ ဒီမှာတော့ ဗုံးမရှိဘူးပေါ့အေရယ်....ဗွမ်းကနဲတော့ အပက်ခံရနိုင်တယ်။
တို့တော့ ရေကြောက်လို့ အိမ်မှာပဲ နေတယ် ဟိဟိ :)
good , try your best .
အင်းလေ..
ဘာပဲဖြစ်ဖြစ် ပြီးခဲ့ ပြန်ပြီပေါ့ ၊ ပြီးတော့ လည်း
ပြီးသွားတာပဲ ဆိုပေမဲ့  ဘုရားဆင်းတုကြီး
မုတ်ဦးမှာ ထားတာတော့  တစ်မျိုးပါနော်..။
ထိုင်ဝမ်မှာလဲ မြန်မာသင်္ကြံန်ပွဲရှိတာပဲနော်။ ပျော်စာကြီး။ စလုံးမှာလဲ ၃ နေရာတောင် လုပ်တာ အရမ်းစည်တယ်ပြောတယ်။
အစ်မကိ..
ကျနော်မသွားဖြစ်ဖူး.။
အစ်မက ဒီကို ပြန်ရောက်နေတာလား..။
ပေါက်
အိမ်ကတီဗီမှာပဲ ထိုင်ကြည့်နေလိုက်တော့တယ်။
သင်္ကြန်က ကြာလေ ကိုယ်နဲ့ဝေးလေပဲနဲ့ တူပါရဲ့။
လွမ်းသလိုလိုဖြစ်လာတယ်ဗျာ.. ဘယ်လိုလုပ်မလဲ
သင်္ကြန်တောင် ရောက်ပြန်ပြီလား အင်း မေ့ချင်ယောင် ဆောင်ရင်း လွမ်းနေမိတာ ၈ နှစ်ရှိပြီ.. :(
မကိရေ
မင်္ဂလာနှစ်ကူးပါ
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
နောက်ဘလောဂ့် မပျောက်စေနဲ့နော်
Post a Comment