ဖွားကိတယောက် စာမရေးတာကြာပြီမို့  စာမရေးတတ်တော့တာလား၊အသိဥာဏ်တွေ ချို့ ယွင်းကုန်လို့ မှားရေးကုန်ပြီလား၊ဘာလား ၊ ညာလား လို့ တွေးမယ်ဆိုလည်းတွေးစရာ ပါပဲ မိတ်ဆွေတို့ ။ စာရေးတယ်ဆိုတာ ရေးချင်စိတ်လည်းရှိမှ၊ ရေးစရာ အကြောင်းအရာလည်းရှိမှ၊ ရေးဖို့ ရာ အချိန်ကလည်း ပေးနိုင်မှ၊ ထိုင်ပြီိးရေးဖို့ ကီးဘုတ်ကြီး နှိပ်ဖို့  ညောင်းညာ ကိုက်ခဲခြင်း တွေလည်း ကင်းမှ ၊ အကြောင်းအရာ ညီညွတ်မှ ဖြစ်မှာ မို့ ဘာပို့ စ်မှ ဆက်မရေးဖြစ်တော့တာ ၊ ခုတော့ စိတ်ထဲ အသည်းထဲတယားယား ဖြစ်နေတာမို့  ထုံးစံအတိုင်း ရေးချင်ရာ ရေးလိုက်တယ် ။
အားလုံးသိတော်မူကြတဲ့ အတိုင်း၊ ၁၅ မိနစ်အမြန် ညာချ ခေါင်းပေါင်းဝတ်၊ ချိတ်ထမိန်ခြုံ ၊ ပုတ်သင်ညို လွှတ်တော်ကြီးမှ ဘယ်လို စံထားပြီး ရွေးလိုက်ကြမှန်းမသိတဲ့ အစိုးရသစ်ကြီး ခန့်ညားထယ်ဝါ စွာ ပေါ်ပေါက်လာပါပြီ ။ ရွှေ ခေတ် မှ စိန်ခေတ် သို့  တလူးလူးတလွန့် လွန့်  ငြိမ်းချမ်း သာယာစွာ ကူးပြောင်း လျှက်ရှိနေပါပြီ ။
ရွှေ ခေတ်တုံးက ရွှေအလျှောက် ရွှေ့ ပါတ်ဝန်းကျင် မှာ ရွှေရော စိန်ရော သီးခဲ့ကြသလို စိန်ခေတ်မှာလည်း စိန့့်ပါတ်ဝန်းကျင် မှာ စိန်ရော ရွှေရော သီးကြအုံးမှာ မလွဲပါဘူး ။ သူတို့ ခေတ်သို့ ရောက်ရမည်မှာ မလွဲပါပေါ့ ။
ဒီတော့သူတို့ ရဲ့ သမိုင်းပေးတာဝန် အရ၊ ဒီ စိန်ခေတ်ကြီးမှာ စိန်တွေ ပွားအောင် လုပ်ဖို့ အရေး အိမ်နီးချင်း အပေါင်းအသင်းများနဲ့ ဒိုးတူဘောင်ဖက် ပုလင်းတူ ဗူးစို့  ရှာကြဖွေကြရပေတော့မယ် ။ အဖြူရယ် ၊ အညိုရယ်၊ အမည်းရယ် ၊ အသားအရေမတူ၊ လူမျိုး၊ဘာသာ၊စကား ကွဲနေကြပေမဲ့ စိတ်ဝမ်းမကွဲ တဲ့ အနူ နူ ချင်း အတူတူ လှုပ်ရှား သွားလာ ရှာဖွေ စားသောက်ကြပေအုံးတော့မှာပဲပေါ့ ။
ဒါ့အတွက် ရွှေမျိုးပေါက်ဖေါ်၊ စိန်မျိုးပေါက်ဖေါ်၊ကြီးတယောက်လည်း များမကြာမှီအချိန်အတွင်းမှာ အေးချမ်းသာယာ ဘက်စုံ ဖွံ့ ဖြိုးတိုးတက် နေပြီ ဖြစ်တဲ့ အမိ အဘ နေပြည်တော် ရွှေပြည်တော်ကြီးသို့  လာရောက်လည်ပတ်ကြတော့မှာ ဖြစ်တယ် ။ နှစ်နိုင်ငံ ဖွံ့ ဖြိုး တိုးတက်ရေးလို့ တော့ ထုံးစံအတိုင်း လူကြားကောင်းအောင် အကြောင်းပြရတာပေါ့လေ ။
“ဆွေမျိုးပေါက်ဖေါ်” ဆိုတဲ့ အဆိုအရ တော့ အတူတူပေါက်ဖွား ကြီးပြင်းလာကြတဲ့ အဆွေအမျိုး..လို့ ဆိုရပေမလား၊ ဆိုးတူ ကောင်းဖက်၊ ဒိုးတူဘောင်ဘက် ရင်းနှီးချစ်ခင်ကြသူများလို့ဆိုရပေမလား၊ ဒီအခေါ်ဝေါ် ကို “ရွှေမျိုးပေါက်ဖေါ်၊ စိန်မျိုးပေါက်ဖေါ်”လို့ ပြောင်းခေါ်လိုက်တော့ ရော ..ဘယ်လိုများ အဓိပ္ပါယ်ဆောင်လေမလည်းလို့  တွေးကြည့်မိရင်း ၊ အကြောင်းတိုက်ဆိုင်လာလို့ ကြားဖူးနားဝ ဟာသလေးတခု ထဲက ၊ ရယ်စရာ လိုလို နဲ့  လူမျိုး တမျိုးအလိုက် ရှိနေတတ်တဲ့ အကျင့် မျိုးကို ဖေါ်ညွှန်းထားတဲ့ ဟာသလေး တခု ကို ပြန်ပြီး ဖေါက်သည်ချ ပါမယ် ။
------------------------------------------------------------
အပိုင်း (၁)
တစ်ခါတုံးက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးတို့ ဟာ သဲကန္တာရ တစ်ခုမှာ ခရီးအတူ သွားကြတယ် တဲ့  ။ တစ်နေရာရောက်တော့ ပုလင်းတစ်လုံးကို တွေ့ တယ်။ ပုလင်းအဖုံးကို ဖွင့်လိုက်တဲ့အခါမှာ အဲ့ဒီပုလင်းကို စောင့်တဲ့ နတ်သားတစ်ပါး ထွက်လာတယ်တဲ့ ။ (အာလာဒင်ပုံပြင် ဆန်ဆန်ပေါ့ ကွယ်)။
နတ်သားက အဲ့ဒီ ခရီးသည်တွေ တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို တောင်းဆိုစေပါသတဲ့။
ပထမဦးဆုံး အင်္ဂလိပ်လူမျိုးက "ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒကရော" -- " ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်"
"တတိယ ဆန္ဒကရော"--"ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ"
ဒီလိုနဲ့ အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရလေသတဲ့။
ဒုတိယဖြစ်တဲ့ ပြင်သစ်လူမျိုးက " ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒပြောပါ"--" မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်"
"တတိယ ဆန္ဒပြောပါ"--"ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ"
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရလေသတဲ့။
နောက်ဆုံး တရုတ်လူမျိုး အလှည့်ရောက်တော့ "ကျွန်တော်မျိုး ရေဆာတယ်၊ရေတစ်ပုလင်းအရင်ပေးပါ"
"ဒုတိယ ဆန္ဒပြောပါ"--"ရေနောက်ထပ် တစ်ပုလင်းပေးပါ"
"တတိယ ဆန္ဒပြောပါ"--"ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင်
လုပ်ပေးပါ"
အဲ့ဒီတော့ ဟို ၂ ယောက် တရုပ်ရှေ့ မှောက် ပြန်ရောက်လာရတာပေါ့ကွယ် ။
.................................................................
အပိုင်း (၂)
အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်နဲ့ပဲ တရုတ်လူမျိုးနဲ့ အတူ ခရီးဆက်ရပြန်တယ်။ တစ်နေရာ ရောက်တော့ ပုလင်းတစ်လုံးကို တွေ့ပြန်ရော။ ပုလင်းအဖုံးကို ဖွင့်လိုကတဲ့အခါ နတ်သားတစ်ပါး
ထွက်လာပြန်ရော။ နတ်သားကလည်း တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို တောင်းဆိုစေရောတဲ့ကွယ်။
အင်္ဂလိပ် နဲ့ ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမှာ စိုးတဲ့အတွက် ကိုတရုပ်ကြီးကို အရင် တောင်းဆို စေလေသတဲ့။
တရုတ်လူမျိုး " ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ"
နတ်သား " နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက ... "
" နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ"တဲ့ ။
ဒါကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင်မှာပဲ နတ်သားမှာ ပျောက်ကွယ်သွားပါလေရော။
...............................................................
အပိုင်း (၃)
အင်္ဂလိပ်နဲ့  ပြင်သစ်တို့ မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သတဲ့လေ ။တစ်နေရာတော့ ပုလင်းတစ်လုံးကို တွေ့ပြန်တယ် ။ နတ်သားတစ်ပါး ထွက်လာပြီးတစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၁)မျိုးကို တောင်းဆိုစေပြန်တယ် ။ဒီတော့ အင်္ဂလိပ်နှင့် ပြင်သစ် က အရင်ဦးအောင် တောင်းဆိုကြပြန်တယ် ။
အင်္ဂလိပ်လူမျိုး "ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး"
ပြင်သစ်လူမျိုး " ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး"
တရုတ်လူမျိုး "သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့"
ကဲ .. အကြံပိုင်တဲ့ ရွှေတရုပ် ပဲပေါ့။ သူ့ ရှေ့ က ဟို ၂ ယောက် တောင်းထားတဲ့ဆုတွေ မပြည့်စေအောင် လုပ်တတ်ပလေတယ် ။
......................................................................
အပိုင်း (၄)
ဒီလိုနဲ့ အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဟာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်တယ်တဲ့ ။ တစ်နေရာရောက်တော့ ပုလင်းတစ်လုံး တွေ့ပြန်တယ်။ နတ်သားတစ်ပါး ထွက်လာပြီးသူတို့(၃)ဦးကို လိုအင်ဆန္ဒ တစ်ခုပဲ တောင်းဆိုစေတော့တယ်။ ( အဲ့ဒီခေတ်အခါမှာလည်း ပုလင်းတွေ ရော ၊ဆုတွေ အလကားပေးတဲ့ နတ်သားတွေပါ အတော်ပေါကြပုံရပါတယ် )
အင်္ဂလိပ်နဲ့  ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို အရင် တောင်းဆိုစေပြီး နတ်သားကိုလည်း တရုပ်ရဲ့ ဆန္ဒ မပြည့်စေဖို့တိုးတိုးလေးပြောထားလိုက်သေးတယ် ။သူတို့ကိုယ် သူတို့ လည်လှပြီ အထင်နဲ့ပေါ့ ကွယ် ၊
တရုတ်လူမျိုးက "ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို နေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံ နေတာ မကြည့်ရက်လို့ပါ " တဲ့ကွယ် ။ အဲ့ဒီတော့ ဟို နှာခေါင်းရှည်ရှည် အသားနီစပ်စပ် ၂ ယောက်ခမျာ ဘယ်လိုလုပ်ပြီး နေရပ်ပြန်ရောက်ပါတော့မလည်းပေါ့ ။
ပုံပြင်လေးကတော့ ဒါပါပဲကွယ် ။....
-----------------------------------------------------------------
အင်း..ဒီတော့ ဘယ်လို ဆုတွေ ဘယ်လို ပုံစံ နဲ့ ပဲ တောင်းတောင်း .. ကို ရွှေတရုပ် ကိုတော့ ဘယ်လူမျိုး မှ ယှဉ်နိုင်မယ် မထင် ၊ လက်တလုံးခြား လှည့်ကာ ပါတ်ကာ နဲ့  သူ့ အတွက် ကျန်ပြီး သူများ ဒုက္ခရောက်အောင် လုပ်တတ်ပလေ တယ်။ ဒါ့ကြောင့် မဟုတ်တရုတ် ..လို့ များ တင်စားပြီးပြောကြလေတာပေလား ။ (အဲ..ဖွားကိ တယောက်လည်း တရုပ်ပြည်နေ၊ တရုပ်နားစားပြီး တရုပ်မကောင်းကြောင်းတွေ ပြောနေပြန်လို့  ဘယ်တော့များ ပြေးပေါက်မှားရအုံးမယ် မသိ ..။)
ဒါပေမဲ့ ဘယ်လူမျိုး မကောင်းဘူး၊ ဘယ်လူမျိုးကောင်းတယ် ဆိုတာ တသမတ်ထဲ သတ်မှတ်ထားလို့ တော့ မရပါဘူး ။ တရုပ်တိုင်းတော့ ဒီလိုမျိုးကျင့်ကြံကြမယ် လို့  မဆိုလိုပေမဲ့ ယေဘူယျအားဖြင့်တော့ ဒီလို ရှိကြတာ များပါလိမ့်မယ် ။( ဒါကတော့၊ပြေးပေါက်ရှာမတွေ့ မှာ စိုးလို့  ပြန်ပြီး ဖြေရေး ရေးပေးလိုက်တာပါ ၊း))
တခြားမကြည့်နဲ့ နီးနီးလေးက တို့များ ဘဘဂျီးတို့ရဲ့  မဝေးသေးတဲ့ သမိုင်း စဉ်လာ ကိုကြည့်၊ရင်းရင်းနှီးနှီး တခရီးတည်းသွားနေကြတာ ။အိမ်နီးချင်း ၊ ခြံချင်းနီး ဆွေမျိုးပေါက်ဖေါ်တို့ ၊ ဆွေမျိုးဂေါ်ရင်ဂျီ တို့ ၊ သူ့ အိမ် သွားလည်လိုက်၊ ကိုယ့်အိမ် လာလည် လိုက် နဲ့၊ တွေ့ လိုက်ရင်၊ အိမ်က မိန်းမတောင် အထင်လွဲရလောက်အောင် ဖက်လှဲတကင်းတွေပါပဲ ၊ ။နောက်တော့သာ ဘယ်သူ့ ဘယ်သူ နောက်ကျောဓါးနဲ့ထိုးကြ မယ် မသိ ၊တို့များရဲ့ ဘဘဂျီးတွေ ကလည်း မြေပေါ် မြေအောက် ရှိရှိသမျှ သူပိုင် ပစ္စည်း အမှတ်နဲ့ ရက်ရက် ရောရော ရှိပါပေတယ် ။ဧည့်ဝတ်ကျေလိုက်ပုံများ ၊ မြစ်တွေ ချောင်းတွေ တောတွေ တောင်တွေ လက်ညှိုးထိုးလို့  ရသမျှအားလုံး ကို ရွှေမျိုးပေါက်ဖေါ်၊ စိန်မျိုးပေါက်ဖေါ်၊တသိုက်နဲ့ ဝေစား မျှစားကြ ပေါ့လေ ။နောက်ဆုံးတော့ ဘယ်သူပြန်လမ်း မရှိ ဖြစ်မယ် မသိ ၊
သူတို့ တတွေ ဒီလိုလုပ်တာ အကြောင်းမဟုတ်၊ ကိုယ်တို့မြေက ..ဧရာဝတီလည်း ငိုစရာမျက်ရည်တွေတောင်ခမ်းခြောက် ၊ သောင်ထွန်း၊ ဥတုရာသီ တောကိုမှီစရာ မရှိတော့တဲ့ တောင်ကတုံး တို့ လည်း နွေပူပူမှာ ရေဆူဆူ တွေ ဖြစ်လိုဖြစ်၊ မဟာပထဝီမြေကြီး မှာရှိထားတဲ့ ပတ္တမြားငမောက်၊ ရတနာ စိန်ကျောက်တို့ လည်းပျောက်၊ ရေစောင့် မြေစောင့်နတ်နဂါး မြွေနဂါးကြီးတို့ လည်းဒေါသတကြီး လူးလွန့် လှုပ်ရှား ငလျှင်များဖြစ်လိုဖြစ်၊ ဘယ် အရာ နဲ့မှ မတူပေတဲ့ ဒို့ပြည်၊ ဒို့ ရွာ၊ဒို့ လူတွေရဲ့  အစိုးရသစ် နဲ့ ၂၀၁၁ ခုနှစ် လို့ သာ ပြောလိုက်ချင်တော့တာပါပဲ ။
13 comments:
အမား..................
ဒါဂဒေါ့  အဇဂဒဲဂ တိဘီးသားလေ။
မြန်မာရုပ်ရှင်တွေလို စာတန်းထိုးပြီးကတဲက
ဘယ်လို ဆုံးတော့ မယ်ဆိုတာ မှန်းလို့ ရသလိုပေါ့ ။
ကမ္ဘာကြီးကလည်း ပျက်လုပျက်ခင်ဆိုတော့ 
နောက်ကမ္ဘာ နောက်ဘဝ ကျမှ ပဲ အသဲကြားက
မဲ တစ်ပြားကို မျှော်လင့် ကြစို့ ရဲ့ ။
အဆုံးသိတော့ နှလုံးမချိပဲ အပြုံးမရှိ တော့ ဖြစ်မနေ
ပါနဲ့ တော့ ၊ ပြောချင်တာ ကြေညာထဲကလို
ဦးတက်ခါး မေတ္တာဝေ ပြည်သူတွေ ကျန်းမာ
ချမ်းသာ မီးလာ ရေလာ ကြပါစေ..လို့ ။
အော် ..မေ့ လို့ 
အောက်ဆုံးက အားကုန်လွှဲတီးနေတဲ့ 
မောင်းနေရာမှာ အမ ဦးသိန်းစိန်ကို လက်က အတင်း
ဆွဲ၊ ခြေကန်ဆွဲ သွားပြီး သူ့ ကို ရပ်နေခိုင်းလိုက်ပါလား
ဒါမှ သူ့ နားလည်း တစပ်စပ်ခါပြီး ပြည်သူတွေရဲ့ 
ရင်ထဲက ဆန္ဒတွေကို သိကြားလာမှာ..။
အကိ မိုက်တယ်... ဂွတ်ရှယ်ပဲ.... မဖတ်ရတာကြာပြီ အဲတာ မျိုးလေးတွေ... ဘိုင်ဒဝေး.... အောက်နက်တို့ နေကောင်းကြလား... :P
၁၅ မိနစ်အမြန် ညာချ ခေါင်းပေါင်းဝတ်၊ ချိတ်ထမိန်ခြုံ ၊ ပုတ်သင်ညို လွှတ်တော်ကြီး ဆိုတဲ့နေရာ အရောက် အော်ရီပေးလိုက်တယ်.... ဟားဟား... နင်ကတော့လေ....
မယ်ကိ...ချိတ်ထမိန်အငှားဆိုင်ဖွင့်ဖို့ တရုတ်ကြီးစဉ်းစားနေလောက်ပြီ
ဒို့ဘဘကြီးတွေကို ထိရင် မချိအောင် နာတယ်။ ဒို့ ပေါက်ဖော်ကြီးတွေကို ထိရင်လည်း အလွန်နာတယ်။ ဒို့ အရာကြီးတွေကို ထိရင်လည်း အလွန်နာတယ်။
ဘယ်သူ့မှ လာမထိနဲ့ဟေ့. . .ငါပဲ ထိမယ်။
အော် အလယ်ကောင်မှာ ခန့်ခန့်ကြီးနဲ့ မိန့်မိန့်ကြီးပါလားနော်
ပြည်သူတွေ အားတက်သရော မဲတွေခိုး အဲလေ မဲတွေပေးပြီး ရွေးချယ်လိုက်သူပေပဲ...
သူလည်း ဘာတွေ ထုတ်ရောင်းဦးမယ်မသိ
ရှေ့ကလူတွေ ထုတ်ရောင်းတာ ကုန်သလောက်ရှိပြီ။ သူ့အလှည့်ကျ ပြည်သူတွေကိုများ ထုတ်ရောင်းလေမည်လားး)
ရွှေမျိုးပေါက်ဖော်ကွနော်...
လာမထိနဲ့...
လောလောဆယ် တရုတ်ဆိုင်မှာ အလုပ်လုပ်နေတာ...
ခေါင်းတော့အပြုတ်မခံဘူးကွ..။
“ဖား”ပြီးပေါင်းမယ်..၊ ဒါပဲ..
လည်မှဖြစ်မှာ.. မလည်ရင် ခံသွားရမယ်..။
ဟိ...
:P
:D
အမားးးးးး ပုံပြင်လာဖတ်တယ်
ဗြဲ ဟဲဟဲ
အမွေပေးဖို့ပဲ ပြင်ထား ဘာမှမသိဘူး ဒါဖဲ ....
အခြေအနေ ကို ထင်ဟပ်ပါပေတယ်။
ဒါနဲ့ အစ်မကိ လဲ သတိတော့ထားဦး၊ မြေပဲကျွန်း ဘက်ကို ပြောင်းလှဲ့ ထားတယ် ကြားတယ်။
မကိလင့်ခ်ကို ချိတ်ထားတယ် အောင့်မေ့နေတာ၊
ပို့စ် အသစ် မတက်ပါလားလို့ ထင်နေတာ၊ အခုမှ ပြန်ချိတ်မိတယ် .... :P
ဖတ်လို့ကောင်းတယ်ကိရေ....
အမရေ ငယ်ငယ်က ဆလိန်ပြေးတန်းဆော့တုံးက အော်တာ သတိယတယ်
စိန် တလိမ်လိမ် ...
:P
Post a Comment